← Chapters

အတွင်း အဆင့် ပါရမီရှင်ကို သတ်ခြင်း။

Vol. 50 Ch. 692

အတွင်း အဆင့် ပါရမီရှင်ကို သတ်ခြင်း။

Vol. 50 Ch. 692

လင်းယွန်၏ စကား များက ရှောင်တျဲဟီ မျက်နှာကို ဖြတ်ရိုက်လိုက် သလို ပေပင်။ အထူး သဖြင့် အတွင်း အဆင့်၏၊ နောက်ဆုံး ပါရမီရှင် တစ်ဦး ဟူသော ရည်ညွှန်းချက် ဖြစ်၏။

ကောင်းကင် တောင်ကုန်း မြို့ရှိ လူတိုင်းက သူ့ကို မျက်နှာသာ ပေးကာ၊ အတွင်း အဆင့် ပါရမီ ရှင်ဟု ခေါ်ဆို ပေးကြသည်။

သို့သော် လူငယ် ပါရမီရှင် ခုနစ်ဦးက၊ သူ့အား ကျော်လွန် သွားခဲ့ သည်မှာ ကြာပြီ ဖြစ်၏။ ချူးမူယန်နှင့် ချန်စီယု တို့ကိုမူ၊ နောက်ကေျာပင် မမြင်နိုင် တော့ချေ။

ထို့ကြောင့် လင်းယွန် စကား များက သူ့နှလုံးသားထဲ ဝင်လာသော ဓားတစ်လက် ကဲ့သို့ စူးရှ လာ၏။

“ ဘယ်လောက်တောင် ရိုင်းလိုက်လဲ၊ အတွင်း အဆင့်ရဲ့ အောက်ခြေက ငါက မင်းကို အလွယ်တကူ သတ်နိုင်တယ် ဆိုတာ၊ ဒီနေ့ မင်း သိစေ ရမယ်၊ ငါတို့ ကြားက ကွာဟချက်ကို မင်း စိတ်ကူး ကြည့်လို့ မရဘူး။ ”

စကားဆုံး သည်နှင့်၊ ရှောင်တျဲဟီက လင်းယွန် ရင်ဘတ်ထံ လှံဖြင့် ထိုးချလိုက်သည်။ လှံအား အထင်အမြင် သေးသော အမူ အရာဖြင့်၊ လင်းယွန်မှ မျက်နှာချင်း ဆိုင်လာ၏။

နဂါး အမှတ် အသား ပွင့်လာကာ၊ ခရမ်းရောင် လျှပ်စီး ချပ်ဝတ် တစ်ထည် အဖြစ်၊ နဂါး ကိုးကောင်က ရောယှက် သွားသည်။

လှံက ထိုအလွှာဖြင့် တိုက်မိ သွားပြီး၊ စူးရှသော အလင်းတန်း များသာ ထွက်ပေါ် လာသည်။ လင်းယွန်ကို ခြေတစ်လှမ်း မျှပင် နောက်ပြန် ဆုတ်သွားအောင် စွမ်းဆောင် နိုင်ခြင်း မရှိ ခဲ့ပေ။

ထို့ကြောင့် လင်းယွန်က နှာခေါင်း ‘ရှုံ့’ လိုက်ပြီး၊ “မင်းမှာ ရှိတာ ဒါပဲလား” -ဟု ပြန်မေး လိုက်၏။

တစ်ဖက် လူမှာ သူ့ထက် စာလျှင် များစွာ အားနည်း နေချေသည်။ လွန်ခဲ့သော လဝက်ခန့် ကသာ ဆိုသော်၊ ဓားဆွဲရမည် ဖြစ်၏။ ယခုမူ ထိုသို့ မဟုတ် တော့ချေ။

“ တောင်တန်းနဲ့ မြစ်ကို ခွဲပစ်မယ်။ ”

လှောင်ပြောင် သံကို ကြားသော အခါ၊ ရှောင်တျဲဟီ တစ်ယောက် ဒေါသကို မထိန်းနိုင် တော့ဘဲ၊ အော်ဟစ် လိုက်သည်။

လှံကို ဖုံးလွှမ်း နေသော ရောင်ဝါ များက၊ ပို၍ ပြင်းထန် လာ၏။

“ အချိန် ကောင်းပဲ ... ။ ”

လင်းယွန် ထံ၌ နဂါး ဟောက်သံများ ဆူညံ လာပြီး၊ သတ်ဖြတ် လိုသော အငွေ့ အသက်များ၊ တရွေ့ရွေ့ တိုးလာသည်။

လက်သီးဖြင့် ပြန်လည် ထိုးနှက် လိုက်ပြီး၊ တိုက်စား လိုသော လှံချက် များကို ဟန့်တား ပစ်သည်။

“ တောင်နှင့် မြစ်ပြင် အသက်ဝင် လာခြင်း။ ”

ခန္ဓာကိုယ် ထဲမှ မီးလျှံများ သွန်းလောင်း လိုက် သကဲ့သို့၊ ရှောင်တျဲဟီ လက်ထဲရှိ လှံမှာ လင်းလက် သွား၏။

ထိုအချိန်တွင် လေထဲ၌ ထင်ဟပ် နေသော တောင်တန်းနှင့်၊ မြစ်ပြင်မှာ ရောထွေး လာသည်။ လှံကို တွန်းထုတ် လိုက်ချိန်၊ မြေပြင် တစ်ခုလုံး တုန်လှုပ် သွားတော့၏။

“ ကြောက်စရာ ကောင်းလိုက်တာ ။ ”

ရှောင်တျဲဟီ၏ ခွန်အားမှာ လူတိုင်းကို ထိတ်လန့် လာစေသည်။ ထိုကြောင့် နဂါး ရူရ် များဖြင့်၊ ခုခံလိုက် သော်လည်း၊ တွန်းထုတ်ခံ ခဲ့ရ၏။

“ လင်းယွန်တော့၊ သွားပြီ။ ”

ထိုမြင်ကွင်းကို မြင်လိုက်ရ ချိန်၌၊ အားလုံးက ဝမ်းသာ သွားသည်။ သို့သော် နောက်တစ်စက္ကန် အတွင်း၊ သူတို့ အထင် လွဲမှား နေကြောင်း သိလိုက် ရ၏။

လင်းယွန်မှာ ဒဏ်ရာ အနည်းငယ် မျှပင်၊ မရခဲ့ဘဲ၊ မြေပြင်ပေါ် ပြန်လည် ဆင်းလာပြီး၊ လက်သီးများ ထပ်မံ ပစ်လွှတ် လိုက်သည်။

“ ချိုး ... ။ ”

ဤတစ်ကြိမ်တွင် နဂါး ရူရ် ငါးလုံးကို အသက် သွင်းကာ၊ ရင်ဆိုင် လိုက်ခြင်းဖြစ် သဖြင့်၊ ရှောင်တျဲဟီ တစ်ယောက်၊ သွေးတစ်လုတ် ထွေးလိုက် ရသည်။

ပြင်းထန် လွန်းသော အရှိန်ကြောင့်၊ တောင်ကုန်း တစ်ခု ပေါ်သို့၊ ကျရောက် သွား သည်နှင့်၊ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာသည်။

“ ဟမ့် ... ။ ”

မိုးပြာ နဂါး တစ်ကောင် ကဲ့သို့၊ လင်းယွန် ခန္ဓာကိုယ်အား လေနှင့် လျှပ်စီး များက၊ သိုင်းခြုံ နေချေပြီ။

“ ဝှစ် ... ။ ”

မြေပြင်ကို တစ်ချက် စောင့်နင်းလျက်၊ မယုံနိုင် လောက်သော အဟုန်ဖြင့်၊ ရှောင်တျဲဟီ ဆီသို့၊ လျှပ်စီး တစ်စလို ပြေးဝင် သွားခဲ့သည်။

ဤလူသည် အမျိုးသမီး တစ်ဦး အတွက်၊ သူ့အပေါ် အကြိမ်ကြိမ် ပစ်မှတ် ထားချေ၏။ ထို့ကြောင့် သတ်ပစ်ချင် စိတ်များ အမှန် တကယ် ဖြစ်ပေါ်၊ လာ စေသည်။

သူ့အား သတ်ရန် လာသော ရန်သူအား၊ ဦးစွာ သတ်ပစ် ရမည်မှာ သဘာဝပင် ဖြစ်၏။

“ တောင်နဲ့၊ မြစ်ကို ဝါးမြို မယ်။ ”

ရှောင်တျဲဟီက ကောင်းကင်သို့ ခုန်တက်ကာ၊ လင်းယွန်ကို စီးကြို ရင်ဆိုင် လိုက်သည်။

သူ့လက် ထဲတွင် ရှိသော လှံက၊ တောင်နှင့် မြစ်ကို ဝါးမျို လိုသော စပါးအုံး မြွေနှင့်၊ အလား သဏ္ဍာန် တူလာ၏။

ဤလှံချက် အတွင်း အရာ အားလုံးကို နှစ်မြုပ် ထားချေပြီ။ ထို့ကြောင့် ရှောင်တျဲဟီ မျက်နှာမှာ၊ ကြောက်စရာ ကောင်းနေသည်။

“ မင်းက လှည်းရှေ့မှာ ရပ်မိတဲ့ သနားစရာ ဓားခုတ်ကောင် တစ်ကောင်ပဲ၊ သေမင်းက မင်း အတွက် လာနေပြီ။ ”

နဂါး ရူရ်များ အသက်ဝင် လာချိန်၌၊ လင်းယွန်၏ မျက်လုံးများ၊ တောက်ပ သွားပြီး၊ နှာခေါင်း ရှုံ့ကာ၊ ဆိုလိုက်သည်။

နဂါး ကိုးကောင် ထံမှ ပြင်းထန်သော ဖိအားများ နှင့်အတူ၊ လျှပ်စီးများ ထုတ်လွှတ် လာသည်။

ထို့နောက် လက်ကို ဝှေ့ယမ်း ရုံဖြင့်၊ တိုးဝင် လာသော ရှောင်တျဲဟီ၏ စပါးအုံး မြွေကြီးအား ပျက်စီးသွား စေတော့သည်။

“ မ ဟုတ် ဘူး။ ”

လျှပ်စီး နတ်ဘုရား တစ်ပါး ကဲ့သို့၊ ကြီးစိုးလွန်းသည့် အရှိန်အဝါများ ထွက်ပေါ် နေသော ပြိုင်ဘက်ကို ကြည့်ကာ၊ ရှောင်တျဲဟီ တစ်ယောက် ထိတ်လန့် သွားသည်။

“ ကောင်းကင် တောင်ကုန်း မြို့က ရှောင်တျဲဟီ၊ ငါတို့ နှစ်ယောက် ကြားမှာ ကြီးမားတဲ့ ကွာဟချက် တစ်ခု ရှိတယ်လို့ ...၊ မင်းပြော ခဲ့ဖူးတယ် မဟုတ်လား၊ ... ”

နဂါး အော်သံ အလား၊ ကျယ်လောင် လွန်းသော အသံဖြင့်၊ ကောင်းကင်၌ ရပ်လျက်၊ လင်းယွန်က ရှောင်တျဲဟီအား ပါးရိုက် ချလိုက်သည်။

“ ငါ ... လင်းယွန် ရှေ့မှာ၊ ဒီလို မောက်မာ ခွင့်မျိုး မင်းဘယ်က ရတာလဲ ... ဟမ့်၊ မင်းပြောတဲ့ ကွာဟချက် ဆိုတာ ဘာလဲ၊ ငါပြ ပါရစေ။ ”

“ ဖြောင်း ... ။ ”

လက်ဝါး တစ်ဖက်၊ ရှောင်တျဲဟီ ပါးပြင်ထံ ကျရောက် လာသဖြင့်၊ သွေးအန် သွားကာ၊ မြေပြင်ပေါ် ပြန်လည် ပြုတ်ကျ သွားသည်။

ယခု တစ်ကြိမ်တွင် ပြိုကျ လာသော ကျောက်ဆောင် အပိုင်း အစများ အတွင်း၊ နစ်မြုပ် သွားတော့၏။

“ မင်း ... သေမင်းကို ဖိတ်ခေါ် မိပြီ။ ”

ရှောင်တျဲဟီက ဒေါသတကြီး အော်ဟစ် လိုက်ပြီး၊ အပျက်အစီး ပုံ အတွင်းမှ ခုန်ထွက် လာခဲ့သည်။

လူမြင်ကွင်း၌ ဓားကျွန် တစ်ယောက်၏ ပါးရိုက်ခြင်း ခံလိုက်ရ ပြီးဖြစ်ရာ၊ အရှက် တရား အား၊ စကားလုံး များဖြင့်၊ ဖော်ပြ၍ မရ တော့ချေ။

“ အာ ဝူး ... ။ ”

ခန္ဓာကိုယ် အတွင်းမှ ဟောက်သံ တစ်သံ နှင့်အတူ၊ ကြောက်မက်ဖွယ် ကောင်းသော ဝံပုလွေကြီး တစ်ကောင် ထွက်ပေါ် လာသည်။

“ သိုင်း ဝိညာဉ် လား။ ”

“ အိုး ... ရှစ်ထ်၊ ရှောင်တျဲဟီက သိုင်းဝိညာဉ်တောင် ထုတ်ဖို့ ဖိအားပေး ခံနေ ရပြီ။ ”

အခြေ အနေမှာ၊ ဤမျှ အန္တရာယ်များ လာလိမ့် မည်ဟု၊ မမျှော်လင့် ထားတာကြောင့် လူတိုင်း မျက်နှာများ၊ ပြောင်းလဲ သွားသည်။

သတ္တမမြောက် နက်နဲ အဆင့် သိုင်းဝိညာဉ် ထွက်ပေါ် လာသည်နှင့် တပြိုင်နက်၊ ရှောင်တျဲဟီ အရှိန် အဝါများ တိုးလာ၏။

သည့်နောက် မျက်လုံးများ မှေးစင်းလျက်၊ လင်းယွန်ထံ လှမ်းကြည့်ပြီး၊ ဝံပုလွေ သားရဲအား စေလွှတ် လိုက်သည်။

ကောင်းကင်မှ ထိုးဆင်း လာသော ဝံပုလွေ ကြီးကို၊ လေးနက်သော ခြေလှမ်း ခုနစ်လှမ်းဖြင့် လျင်မြန်မှာ ရှောင်တိမ်း မိ၏။

ဝံပုလွေ ခြေသည်း အတွင်းမှ၊ ရှောင်တျဲဟီ တစ်ယောက် လှံကို ဆန့်တန်းလျက်၊ လင်းယွန် ရပ်နေသော မြေပြင်ထံ၊ ဆင်းသက် လာသည်။

သို့သော် လင်းယွန် အစား ပုံရိပ်ယောင် ကိုသာ၊ ချေမွှ နိုင်ခဲ့သည်။ လှံ စွမ်းအားကြောင့် မြေပြင်၌ ချိုင့်ဝှမ်းကြီး တစ်ခု ထွက်ပေါ် လာ၏။

ဝံပုလွေ သားရဲ ကြီးက ရေှာင်တျဲဟီကို ဖုံးကွယ် ပေးလျက်၊ ကောင်းကင်ပေါ် ပြန်လှည့် သွားသည်။

လင်းယွန် နေရာ၌၊ အခြားသူ တစ်ဦးသာ ဆိုပါက၊ ဤတိုက်ခိုက် မှုဖြင့်၊ ခြိမ်းခြောက် နိုင်ကောင်း ခြိမ်းခြောက် နိုင်ပေမည်။

ယခုမူ သွေးပူ ရုံသာ ရှိသေးသော၊ လင်းယွန်ထံ ပြေးလာ မိသည်မှာ၊ စိတ်မကောင်း စရာ ပေပင်။

နောက်ထပ် အနည်းငယ် တိုက်ခိုက် လိုက်ကြ ပြီးနောက်၊ သိုင်းဝိညာဉ် ထုတ်ဖော် သည်နှင့်၊ ရှောင်တျဲဟီ တစ်ယောက် ပို၍ သန်မာ လာသည်ကို၊ အသိ အမှတ် ပြုလိုက် ရသည်။

“ ငါ့ကို သိုင်းဝိဉာဉ် ဆင့်ခေါ် စေတဲ့ အထိ ဖိအားပေး နိုင်တဲ့ အတွက်၊ မင်းက ဂုဏ်ယူနိုင် ပါတယ်။ ”

ရှက်ရွံ့သော အမူ အရာဖြင့်၊ ရှောင်တျဲဟီက ဆိုသည်။ အလယ်အလတ် ယန် အဆင့်မှ တစ်စုံ တစ်ယောက်သည်၊ ဤမျှ ဖိအား ပေးနိုင် မည်ဟု မထင်ထား မိခေျ။

တိုက်ပွဲ ပြီးနောက် အနိုင်ရ ခဲ့လျှင်ပင်၊ လူ ‘ဟား’စရာ ဖြစ်လာ နိုင်ပေမည်။ ထို့ကြောင့် အမုန်းတရား များဖြင့်၊ လင်းယွန်ကို စိုက်ကြည့် လိုက်မိသည်။

“ သေခြင်း တရားနဲ့ ရင်ဆိုင် နေရတယ် ဆိုတာကို၊ မင်း နားမလည် သေးဖူးပဲ။ ”

လင်းယွန်က ပြုံးကာ တုန့်ပြန် သည်။ သူ့မျက်ဝန်း များ၌၊ ပျင်းရိခြင်းများ ထွက်ပေါ် လာပြီး၊

“ လွန်ခဲ့တဲ့ လဝက် တုန်းက၊ ငါ့မျက်လုံး ထဲမှာ မင်းက ဘာကောင်မှ မဟုတ် ပါဘူး၊ အခုဆို ပြောစရာကို မရှိ တော့တာ၊ ငါ မင်းကို အနိုင် ယူဖို့၊ လှုပ်ရှားမှု တစ်ခုပဲ လိုတယ်။ ”

စူးရှသော ဓား အလင်းများ နှင့်အတူ ရှန်ရှင်းဓား ရည်ရွယ်ချက်မှာ၊ ကောင်းကင်ပေါ် ပျံတက် သွားသည်။

ခန္ဓာကိုယ် ပေါ်ရှိ နဂါး ကိုးကောင်က ပျော်ရွှင် စွာဖြင့်၊ ဓား အလင်းထဲ ပေါင်းစပ် ကုန်၏။

လေထု အလယ်တွင် ရပ်နေသော လင်းယွန်ထံမှ၊ ငွေရောင် အလင်းများ ဖြာကျ လာပြီး၊ ပတ်ဝန်းကျင်ပေါ် ဖုံးလွှမ်း သွားလေ သည်။

ထိုအချိန် မှာပင် ကောင်းကင် တခွင်လုံး ငွေရောင် ပြောင်းလဲ သွားသဖြင့်၊ ပရိသတ်များ ပါးစပ် ဟောင်းလောင်း ပွင့်ကုန် ကြ၏။

၎င်းကို နောက်ခံ ပြုထားသော လင်းယွန်၏ အသွင်မှာ၊ ကောင်းကင်ဘုံ ကိုးလွှာအား အုပ်စိုးသူ တစ်ပါး ကဲ့သို့ပင်၊ ကြည်ညိုဖွယ် ကောင်းနေ ပေသည်။

ဓားအလင်း တစ်ချက် ကျလာပြီး၊ ရှောင်တျဲဟီကို ကာကွယ် ထားသော ဝံပုလွေ ကြီးအား၊ အပိုင်းပိုင်း ခွဲပစ် လိုက်၏။

ဆက်လက် တိုးဝင် လာသော ဓားရည်ရွယ် ချက်မှာ၊ ရှောင်တျဲဟီ တစ်ယောက် ခံနိုင်သော အရာ မဟုတ်ချေ။

သွေးအန်လျက် မြေပြင်ပေါ် ပြုတ်ကျ သွားချိန်၌၊ ချက်ချင်းပင် ကုန်းထ လိုက်သည်။

လေထု အလယ်၌ လင်းထိန်လျက်၊ ဆံပင်များ တဖျပ်ဖျပ် ခတ်နေသော လူငယ်ကို ကြည့်ပြီး၊ ကြောက်ရွံ့ သွားတော့သည်။

“ လင်းယွန် ... ၊ ကျေးဇူးပြုပြီး ငါ့ကို အခွင့်အရေး တစ်ကြိမ်လောက် ပေးပါ။ ”

“ မင်းကို အခွင့်အရေး ပေးရမယ် ဟုတ်လား။ ”

လင်းယွန် မျက်နှာမှာ၊ အေးစက် လာပြီး၊

“ မင်းကို ငါ အခွင့် အရေး ပေးခဲ့ ပေမယ့်၊ မင်းက ခွေးတစ်ကောင် ဖြစ်ဖို့ ရွေးချယ် ခဲ့တယ် မဟုတ်လား၊ ငါ့စိတ် ပြောင်းအောင် ခွေး တစ်ကောင်က၊ လုပ်နိုင်တဲ့ နည်းလမ်း မရှိဘူး။ ”

စကားဆုံး သည်နှင့်၊ လျှပ်စီး အသွင် ပြောင်းလဲ လိုက်ကာ၊ ရှောင်တျဲဟီ အထက် လေထု အလယ်၌ ပြန်လည် ထွက်ပေါ် လာပြီး၊ ခြေထောက်အား မြောက်လျက် နင်းချ လိုက်တော့သည်။

***

All Chapters