သတ်ဖြတ်ခြင်း ဟူသည်။
Vol. 50 Ch. 693
ခြေထောက် အတွင်းသို့ နဂါး စွမ်းအင်များ လောင်းထည့်ပြီး၊ ကောင်းကင်မှ တက်နင်း ချ လိုက်စဉ် ရှောင်တျဲဟီ တစ်ယောက် အသားပုံ အဖြစ်၊ ပြောင်းလဲ သွားသည်။
၎င်းကို သတ်ပြီး မှသာ၊ လင်းယွန်၏ အဆိုးမြင်သော ခံစားချက် များနှင့် အတွေးများ ပျောက်ကွယ် သွားခဲ့သည်။
အရေပြား ထံမှ အခိုး အငွေ့များ ပွင့်ထွက်လျက်၊ ခန္ဓာကိုယ် အနှံ ပူနွေးသော စီးကြောင်း တစ်ခု၊ ဖြတ်ပြေး သွား၏။
ယင်းမှာ နဂါး အမှတ် အသား ထံမှ လာသော စွမ်းအင် စီးကြောင်း ဖြစ်သည်။
စိတ်ကျေနပ်ခြင်း နှင့်အတူ၊ ခန္ဓာကိုယ် တစ်လျှောက် စီးဆင်း နေသော စီးကြောင်းမှာ၊ ယခင် ကထက် ပိုမို ချောမွေ့ နေ၏။
နဂါး ဟောက်သံ သဲ့သဲ့ ထွက်ပေါ် လာချိန်တွင်၊ ၎င်းနှင့် အပြိုင် ခရမ်းရောင် ပန်းမှ၊ ဓားဆန္ဒများ ထုတ်လွှတ် လာသည်။
ထိုမှသာ တစ်စုံ တစ်ရာအား နားလည် လိုက်မိ၏။ မိုးပြာ နဂါးနှင့် ဓားသုတ္တန်မှာ၊ ကြီးစိုး လွန်းပြီး၊ လွတ်လပ်သော နှလုံးသား အပေါ်၊ အလေးပေး ကြသည်။
၎င်းတို့ အနေဖြင့်၊ အရှက်ခွဲ အနိုင်ကျင့် ခြင်းကို သည်းမခံ တက်သော သဘော သဘာဝမျိုး ရှိပေ၏။
သတ်ဖြတ် ခြင်းနှင့် ဒေါသကို ပြသကာ၊ ဒူးထောက် ခြင်းထက် သေဆုံး ခြင်းအား၊ ပို၍ လိုလား ကြ၏။
ကောင်းကင် တောင်ကုန်းသို့၊ ရောက်ရှိ ချိန်မှ စ၍ ချင်ရို့ယူမှ ဓားကျွန် တစ်ဦး အဖြစ် နှိမ့်ချ ဆက်ဆံ ခဲ့သည်။
ထိုအခါ ပါရမီရှင်ဟု ခေါ်တွင်သော လူတစ်စုက၊ လှောင်ပြောင်ပြီး အကြိမ်ကြိမ် စော်ကား လာကြသည်။
ယင်းကြောင့် မိုးပြာ နဂါးနှင့် ခရမ်းရောင် ပန်းတွင်၊ နာကျည်းမှုများ ပြည့်နှက် လာကာ၊ ဆက်၍ သည်းခံ နေပါက၊ သူ့အား စိတ်ပျက် သွားမည် ဖြစ်သည်။
သည့်နောက် အုတ်မြစ်ကို ထိခိုက်ပြီး၊ ကျင့်ကြံမှု ခရီး အဆုံးသတ် သွားကာ၊ နဂါး အမှတ် အသား ပိတ်ဆို့ သွားမည် ဖြစ်သည်။
အဆုံး၌ ထိန်ချုပ် နိုင်စွမ်းများ မရှိတော့ဘဲ၊ သူ့အား စွန့်ခွာလျက်၊ သခင် အသစ် ရှာဖွေသည် အထိ၊ ဖြစ်လာနိုင် ပေ၏။
ရှောင်တျဲဟီကို သတ်ခြင်းဖြင့်၊ ၎င်းတို့အား တစ်ဆိတ် တပိုင်း ကျေနပ် သွားစေသည်။
ယင်းမှာ စကားလုံး များဖြင့်၊ ဖော်ပြ၍ ရနိုင်သော အရာ မဟုတ်ချေ။ အမုန်းတရားကို ပြတ်ပြတ် သားသား ဖြေရှင်းခြင်း သည်သာ၊ သူ့ လမ်းစဉ် ဖြစ်သည်။
သည်းမခံ နိုင်ပါက၊ မည်သူ့ကို မဆို၊ သတ်ပစ် ရပေမည်။ ဒူးထောက် ခြင်းနှင့် သေခြင်းကြား ဒုတိယ လမ်းကိုသာ ရွေးချယ်မည် ဖြစ်၏။
ဤအခိုက် အတန့်တွင်၊ ရှန်ရှင်းဓားနှင့် မိုးပြာ နဂါး မူလပုံစံ အပေါ်၊ နားလည်မှု အသစ်များ ရရှိ လာတော့သည်။
ထူးခြား အသွင်ဖြင့်၊ ရပ်နေသော လင်းယွန်ကို ကြည့်ပြီး၊ လူအုပ် ကြီးမှာ ငြိမ်သက် သွားသည်။
ရှောင်တျဲဟီ၏ ခွန်အားမှာ၊ ပြောစရာ မရှိပေ။ ပထမ တန်းစား ပါရမီခု နစ်ပါးနှင့် မယှဉ်နိုင် သော်လည်း၊ အတွင်း အဆင့် ပါရမီရှင် တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။
သူ၏ လှံ နည်းစနစ်ကြောင့်၊ မျိုးဆက်သစ် လူငယ်များ ကြားတွင်၊ သင့်လျော်သော နေရာ တစ်ခုအား၊ ရယူ ထား နိုင်၏။
သို့သော် လင်းယွန် ဆိုသော လူငယ်မှ၊ သူ့အပေါ် ခွေး တစ်ကောင် ကဲ့သို့ လွယ်လွယ် သတ်ပစ် လိုက်သည်။
“ မ ဟုတ် ဘူး ။ …”
“ မဖြစ် နိုင်တာ ... ။ ”
ထည်ဝါသော အရှိန် အဝါများ ခပ်ဖျော့ဖျော့ လင်းလက် နေသည့် လင်းယွန်ကို ကြည့်ပြီး၊ လူတိုင်း မှင်တက် ကုန်၏။
၎င်းထံမှ နဂါး တစ်ကောင် နှိုးထလာ သကဲ့သို့၊ အန္တရာယ် ရှိသော ခံစားချက်များ ပေးစွမ်း နေ ချေသည်။
ယခု အချိန်၌ သူ့အား မရှုပ်နှင့်၊ ရှုပ်လျှင် သတ်မည် ဟူ၍ သတိ ပေးနေ သယောင်ယောင် ပေပင်။
နောက်ဆုံးတွင်၊ အတွင်း အဆင့် ပါရမီရှင် တစ်ဦးအား လွယ်လင့် တကူ သတ်ပစ် နိုင်သော ခွန်အား မျိုးမှာ၊ လေစား စရာ ဖြစ်သည်။
ယန် အဆင့်ဖြင့်၊ အလယ် အလတ် ယင်-ယန် အဆင့် ပါရမီရှင် တစ်ဦးကို သတ်ဖြတ် နိုင်သည်ဟု၊ တစ်စုံ တစ်ယောက်မှ ဆိုလာ ပါက၊ ယုံကြမည် မဟုတ်ချေ။
ထိုသူမှာ တိမ်နဂါး အဆင့် ပါရမီရှင် တစ်ဦး မဟုတ် သကဲ့သို့၊ အုပ်စိုးရှင် တပည့် တစ်ဦး လည်း၊ မဟုတ် ခဲ့ချေ။
မဟာချင် အင်ပါယာမှ အမည် မရှိ၊ ဓားသမား တစ်ဦးသာ ဖြစ်သည်။ ပါရမီရှင် ခုနှစ်ဦးက၊ လင်းယွန်ကို သတ်ပစ် မည်ဟု ကြွေးကြော် ထားသော်လည်း၊ ၎င်း အမှုကို မပြု နိုင်မှီ၊ ချန်ရှောင် ပါးရိုက် ခံလိုက် ရသည်။
ရှောင်တျဲဟီကို အသားပြား အဖြစ် ပြောင်းလဲပြီး၊ လူအုပ်ထံ ဓားသမား အစွယ်အား ထုတ်ပြ လာသည်။
ထို့ကြောင့် ပထမ တန်းစား ပါရမီရှင် ခုနစ်ဦးမှ လွဲ၍၊ ဤလင်းယွန်အား သင်ခန်းစာ ပေးနိုင် မည့်သူ မရှိဟု၊ မှတ်ယူ လာမိသည်။
ချန်မိသားစု အကြီး အကဲ များမှာ၊ မျက်နှာများ မည်းမှောင်လျက်၊ နာကျည်းမှု များဖြင့်၊ အံကြိတ် လိုက်ကြ၏။
လင်းယွန်ကို သတ်ချင် သော်လည်း၊ ဂျူနီယာများ အပေါ်၊ လက်ရောက်ခြင်း ပြုရန်၊ လောက စည်းမျဉ်း တစ်ခု ရှိနေ ချေသည်။
၎င်းသာ မရှိသော်၊ ပါရမီရှင် လူငယ်များ အပေါ်၊ အမဲလိုက် နေသော လူအိုကြီး များဖြင့်၊ မငြိမ်မသက် ဖြစ်လာမည် ဖြစ်သည်။
သို့သော် ချင် အင်ပါယာမှ ဓားသမား တစ်ယောက် အတွက်မူ၊ နောက်ခံနှင့် ပတ်သတ် ပြီး၊ ယင်း ကဲ့သို့ စိုးရိမ် ပူပန်မှု မရှိချေ။
သူတို့ ထိန်းထိန်း သိမ်းသိမ်း နေရသည့် အကြောင်း ရင်းမှာ၊ တစ်ဖက် လူတွင် ဝှက်ဖဲများ ရှိနေပြီး၊ ချက်ချင်း သတ်ပစ် နိုင်လိမ့် မည်ဟု မယုံကြည် သောကြောင့်၊ ဖြစ်သည်။
ဂျူနီယာ တစ်ယောက် ကိုပင်၊ နှိမ်နှင်း နိုင်ခြင်း မရှိ ပါက၊ ထို့ထက် ပို၍ ရှက်စရာ ကောင်းလာ နိုင်ပေမည်။
ထို့အပြင်၊ လင်းယွန်ကို သတ်ရန် စည်းမျဉ်းများ ချိုးဖြတ် ရသည် အထိ၊ မလို သေးကြောင်း ဆိုလို ခြင်းလည်း ဖြစ်သည်။
ထိုအကြည့် များကို သတိပြုမိ လိုက်သော အခါတွင် လင်းယွန်က၊ ပို၍ ဂရုစိုက် ရမည်မှန်း၊ သူ့ကိုယ်သူ သတိပေး မိ၏။
သည်လူအိုကြီး များ၏ အတွေး များကို သူမှန်းဆ နိုင်ခြင်း မရှိ သည်မှာ အမှန် ပေပင်။ ဤခရီးစဉ် ငြိမ်းချမ်းမည် မဟုတ် မှန်းသာ သူ သိသည်။
သို့သော် ဤသည်မှာ ဓား ဂိုဏ်း၏ လျှို့ဝှက် နယ်မြေ ဖြစ်ပြီး၊ ဓားသမား တစ်ယောက် အနေဖြင့်၊ ဆက်ရန် မှတပါး အခြား မရှိချေ။
သူ၏ ကျင့်ကြံမှုမှာ ရုပ်ခန္ဓာနှင့် ယှဉ်ပါလျှင်၊ လွန်စွာ အားနည်း နေသောကြောင့် အောင်မြင်မှု တစ်ခု ရယူရန် အခွင့်အရေး လိုအပ် နေသည်။
၎င်းကို အောင်မြင် မှသာ ရုပ်ခန္ဓာ၊ ဓားဆန္ဒနှင့်၊ ကျင့်ကြံမှုတို့ ဟန်ချက် ညီသွားမည် ဖြစ်၏။
သို့မဟုတ်ပါက၊ ဓားသုတ္တန် မည်မျှပင် အစွမ်းထက် နေကာမူ၊ သွေးစွန်းသော ဧည့်ခံပွဲ အတွင်း၊ ထိုပါရမီရှင် များနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
ဤလျှို့ဝှက် နယ်မြေ အတွင်း၌၊ ယင်-ယန် အဆင့်ကို ထိုးဖောက် ဝင်ရောက် နိုင်သော အခွင့်အရေး တစ်ရပ် ရှိနေ သည်ဟု ခံစား မိ၏။
နဂါး ကိုးကောင်နှင့် ဓားရောင်ခြည်တို့ ပေါင်းစပ် ထားသော ခရမ်းရောင် အရှိန် အဝါကို ထုတ်လွှတ် လိုက်သော အခါတွင်၊ သူ့အား မည်သူမျှ တည့်တည့် မကြည့် ဝံ့တော့ချေ။
အံကြိတ်လျက် မျက်နှာ လွှဲ ကုန်ကြသည်။ သည်နေရာ၌ သူတို့ လုပ်နိုင် စွမ်းများ ကုန်ဆုံး သွားပြီ ဖြစ်၏။
အရှိန် အဝါကို စုဆောင်း နေသော လင်းယွန်ထံ ခိုးကြည့်ပြီး၊ မည်သူမျှ အသံ မထွက် ဝံ့တော့ပေ။
ထို့ကြောင့် လူအုပ်အား လျစ်လျူရှုလျက်၊ ဓားဂိုဏ်း၏ လျှို့ဝှက် နယ်မြေ ဆီသို့ ပျံသန်းရန် ပြင်လိုက် တော့သည်။
ယင်းကြောင့် ကောင်းကင် တောင်ကုန်း မြို့မှ၊ ကျင့်ကြံသူ များမှာ ကြေနပ် သွားသည်။ လျှို့ဝှက် နယ်မြေ အတွင်း၌၊ သူတို့၏ အသန်မာ ဆုံးသော ဂုဏ်ယူဖွယ် ပါရမီရှင် ခုနစ်ဦး ရှိ၏။
လင်းယွန်ဖြင့် ကြုံပါက၊ ၎င်းတို့မှ ကိုင်တွယ် မည်မှာ သေချာသည်။
“ ဓား ကျွန် ကောင်၊ ကောင်းကင် တောင်ကုန်း မြို့မှာ၊ မင်းကို ကိုင်တွယ် နိုင်တဲ့ လူ၊ ဘယ်သူမှ မရှိ ဖူးလို့ မင်းထင် နေတာလား ဟမ့်။ ”
ရုတ်တရက် လုတောင်း ထံမှ ဟောက်သံ တစ်သံ ထွက်ပေါ် လာသည်။ သူ့ အနေဖြင့် လင်းယွန်အား ကိုင်တွယ်ရန် ရှောင်တျဲဟီကို မျက်နှာသာ ပေးထားခြင်း ဖြစ်၏။
သို့သော် ရှောင်တျဲဟီ အသတ်ခံ ရပြီးနောက် လူတိုင်းက လင်းယွန် အပေါ် ကြောက်လန့် သွားသည်။
ထို့ကြောင့် သူ ရှေ့ထွက် လာချိန်၌၊ လူအုပ်ကြီးမှာ မျှော်လင့်ချက် အလင်းရောင်များ တောက်ပ လာတော့သည်။
“ ကောင်းကင် တိမ်လွှာ ဂိုဏ်း။ ”
“ ကောင်းကင် တိမ်လွှာ ဂိုဏ်း။ ”
“ နောက်ဆုံးတော့၊ ငါတို့က ကောင်းကင် တိမ်လွှာ ဂိုဏ်းကို မှီခို နေရတုန်း ပါပဲ၊ အူယန်ဟောင်၊ ချူးမူယန်နဲ့၊ လုတောင်း တို့လို ပါရမီရှင်မျိုး တွေကို ဂိုဏ်းတိုင်းက မပျိုးထောင် နိုင်တာ သေချာတယ်။ ”
“ သတ် ... ။ ”
“ အဲဒီ ဓားကျွန် ကောင်ကို သတ်ပြီး၊ ငါတို့ ကြုံတွေ့ နေရတဲ့ အရှက် တရား တွေကို ဆေးကြော ပစ်ပါ။ ”
အမှန်တရားကို မျက်ကွယ် ပြုကာ၊ လင်းယွန်အား ပြဿနာ တစ်ရပ် အဖြစ် လူတိုင်း ရှုမြင် လာကြသည်။
လေလံ ပွဲတွင် စည်းမျဉ်း များဖြင့်၊ မျှတစွာ ယှဉ်ပြိုင်ပြီး၊ ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံးအား ရယူ ခဲ့သည်။
ယင်းကြောင့် လူတိုင်း သူ့အပေါ် ပစ်မှတ် ထားလာကာ၊ ဤအခြေ အနေထိ ရောက်ရှိ လာခြင်း ဖြစ်သည်။
လုတောင်းက တင်းမာသော အမူ အရာဖြင့်၊ ဆိုလိုက် သော်ငြားလည်း၊ နှလုံး ခုန်သံများ မြန်လာသည်။ တစ်ဖက် လူမှာ သန်မာကြောင်း၊ သူ ဝန်ခံ ရပေမည်။
ပတ်ဝန်းကျင် အသံ များကို ကြားလိုက် ချိန်၌၊ သူ့အတွက် အကောင်းဆုံး အခွင့် အရေး ဖြစ်မှန်း သိကာ၊ သွေးများ ပွက်ပွက်ဆူ လာခြင်း ဖြစ်သည်။
လင်းယွန်ကို သတ်နိုင် ပါလျှင်၊ ပထမ တန်းစား၊ ပါရမီရှင် ခုနစ် ဦးမှသည်၊ ရှစ်ဦး အထိ တိုးလာ နိုင်ပေမည်။
ထို့အချိန်၌ အူယန်ဟောင်နှင့် ချူးမူဟန် တို့က သူ့အပေါ် လျစ်လျူရှု ဝံ့တော့မည် မဟုတ် ကြောင်း၊ သူ သိသည်။
အထက်ပါ အတွေး များကြောင့်၊ မျက်ဝန်းများ တောက်ပ လာပြီး၊ ဆုပ်ကိုင် ထားသော လှံဖျား၌၊ အရှိန် အဝါများ စုရုံး လာစေသည်။
၎င်းမှာ အချိန် အတော်ကြာ တံခါးပိတ် ကျင့်ကြံ ပြီးနောက်၊ သူ နားလည် နိုင်ခဲ့သော လှံ စွမ်းအား ပေပင်။
သို့သော် လုတောင်းကို ပြန်လှည့် ကြည့်လိုက်သော လင်းယွန်မှာ၊ စိတ်ကြည် လင်ခြင်း မရှိ တော့ချေ။
သည်အတိုင်း သာဆို ပါက၊ လျှို့ဝှက် နယ်မြေထဲ ဝင်ရာတွင် နှောက်နှေး ရပေမည်။ ထို့ပြင် လူတိုင်း လက်တည့်စမ်း စရာ၊ အရုပ် တစ်ရုပ် မဟုတ်ချေ။
လုတောင်း အပြင်၊ သူ့ အသက်ကို ယူလိုသော လူများစွာ ထံမှ ရည်ရွယ်ချက်အား၊ ခံစား နိုင်သည်။
မျက်ဝန်းများ မှေးစင်း သွားပြီး၊ နှလုံးသား အတွင်း၌ သတ်ဖြတ် လိုသော ဆန္ဒများ အဆုံး မရှိ ပေါက်ပွား လာသည်။
သည့်နောက် ဓားသေတ္တာ ပွင့်လာကာ၊ ပန်းသင်္ချိုင်းဓား ကောင်းကင်ပေါ် ပျံဝဲ သွား၏။
“ သစ်ပင်ကို ကိုင်လှုပ်ဖို့ ကြိုးစား နေတဲ့ ပုရွက်ဆိတ် တစ်သိုက်ပဲ။ ”
သခင့်ဓားကို ခင်းကျင်း လိုက်သည်နှင့်၊ လွှမ်းမိုး ကြီးစိုး နိုင်လွန်းသော ရောင်ဝါများ၊ ပေါက်ကွဲ ထွက်လာသည်။
ထို့နောက်တွင် နဂါး ရူရ် များနှင့် ရှန်ရှင်းဓား တို့အား ပေါင်းစပ်ကာ၊ ကောင်းကင်ပေါ် ခုန်တက်လျက် ပန်းသင်္ချိုင်းဓားကို ဖမ်းယူ လိုက်သည်။
ဓားရောင် တစ်ချက် လက်သွားပြီး၊ လုတောင်း တစ်ယောက် လေထဲ၌ နှစ်ခြမ်းကွဲ သွားသည်။ ခန္ဓာကိုယ် အတွင်းမှ၊ ဆူပွက် နေသော လှံ ရည်ရွယ်ချက်များ ကိုပင်၊ လှမ်းမြင် နိုင်သည်။
အလောင်း မြေပြင်ပေါ် ကျလာ ချိန်၌၊ လင်းယွန် တစ်ယောက် လျှို့ဝှက် နယ်မြေ အတွင်းသို့ ရောက်ရှိ သွားပြီ ဖြစ်၏။
တစ်ချိန်တည်း မှာပင် လင်းယွန်ကို သတ်ပစ်ရန် အော်ဟစ် နေသူများ အားလုံး၊ ပါးစပ်အား ပိတ်ရိုက် ခံလိုက်ရ သကဲ့သို့ တိတ်ဆိတ် သွားကုန်သည်။
***