အထွတ် အထိပ် ယန် အဆင့်သို့ ရောက်ရှိခြင်း။
Vol. 50 Ch. 694
ရက်ရက် စက်စက် အသတ်ခံ လိုက်ရသော လုတောင်း၏ အလောင်းကြောင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး၊ တိတ်ဆိတ် သွားသည်။
ဤရလဒ်သည် ၎င်းတို့၏ မျက်နှာကို ပြင်းပြင်း ထန်ထန် ဖြတ်ရိုက်ခြင်း မည်၏။ လွန်ခဲ့သော ငါးမိနစ် ခန့်က လုတောင်း တစ်ယောက် လင်းယွန်ကို အနိုင်ယူ နိုင်လိမ့် မည်ဟု၊ လူတိုင်း မျှော်လင့် မိသည်။
သို့သော် ရလာဒ်မှာ၊ ရှောင်တျဲဟီ ထက်ပင် ဆိုးရွား နေပ၏။
ရှောင်တျဲဟီ အနေဖြင့် လှုပ်ရှားမှု များစွာ၊ ဖလှယ်ပြီး၊ လင်းယွန်အား အနည်းငယ် ဖိအား ပေးနိုင် ခဲ့သည်။
သို့သော် လုတောင်း မှာမူ ဓားတစ်ချက် တည်းနှင့်၊ အသတ်ခံ လိုက်ရကာ သူ့ကိုယ်သူ သေးဆုံး သွားမှန်းပင် သိလိုက်မည် မဟုတ်ချေ။
အဋ္ဌမမြောက် ပါရမီရှင် ဟူသော အတွေးမှာ လေထဲ လွင့်မျော သွားပြီ ဖြစ်သည်။ ဤအခိုက် အတန့်တွင် အဝေး တစ်နေရာ ဆီမှ အေးစက်သော အငွေ့ အသက် များကို လူတိုင်း ခံစား မိလာ၏။
တောင်တန်းကြီး တစ်နေရာ၌၊ တင့်တယ်သော အသရေကို ထုတ်လွှတ်လျက်၊ အမျိုးသမီး တစ်ဦး ရပ်နေသည်။
ထိုမျိုးသမီးမှာ သဘာဝ အတိုင်း ချင်ရို့ယူ ဖြစ်၏။ ဤနေရာသို့ လာရောက် လိမ့်မည်ဟု၊ မထင် ထား မိချေ။
သို့သော် တစ်စုံ တစ်ရာကို ရုတ်တရက် သတိ ထားမိပြီး နောက်တွင်၊ ကောင်းကင် တောင်ကုန်း မြို့၏ ကျင့်ကြံသူ များမှာ၊ မျက်နှာ ပျက်ကုန် သည်။
လင်းယွန် တစ်ယောက် လျှို့ဝှက် နယ်မြေသို့ လာရောက် မည်ကို၊ ချင်ရို့ယူမှ တွက်ဆ ထား နိုင်ပုံ ရသည်။
မကျေနပ် စိတ်ကြောင့်၊ အရှက်ခွဲ ခံရမည့် အချိန်ကို လာရောက် စောင့်ကြည့်ခြင်း ဖြစ်သည်။
သို့သော် ရှောင်တျဲဟီကို နင်းချေပြီး၊ လုတောင်းအား ထက်ခြမ်းခွဲ ပစ်သည့် မြင်ကွင်း ကိုသာ မြင်လိုက် ရသည်။
ထိုရလာဒ်က သူမ နှလုံးသားကို ပို၍ နာကျင်စေ သဖြင့်၊ အေးစက် နေသော ရောင်ဝါ ကို၊ ဆက်မထိန်း နိုင်တော့ခြင်း ဖြစ်သည်။
လူတိုင်းက သူမ အပေါ်၊ သတိ ထားမိ လာသည်ကို သိသည်နှင့်၊ ချက်ချင်း လှည့်ထွက် သွား တော့သည်။
သူမ ထွက်သွားမှ သာလျှင်၊ တူညီ ဝတ်ရုံ များဖြင့်၊ နောက်တွင် ရပ်နေသော လူငယ်များ စွာကို မြင်လိုက် ရ၏။
၎င်းတို့မှာ အလင်း အမှောင် လမင်း ကမ္ဘာမှ ထူးချွန် သူများ ဖြစ်ပြီး၊ စိတ်ပျက်စွာ ခေါင်းယမ်းလျက် ချင်ရို့ယူ နောက် လိုက်ပါသွား တော့သည်။
“ သွား ပြီ ... ။ ”
“ မရဏ သမီးတော် ရှေ့မှာ ငါတို့က ကိုယ့်ကိုယ်ကို အရှက်ခွဲ မိတာပဲ။ ”
“ အုပ်စိုးရှင် သုံးပါက၊ လဝက် နေရင်၊ လူသစ် စုဆောင်းဖို့ အတွက် ပွဲတစ်ခု ကျင်းပ လိမ့်မယ်၊ အဲ့ဒီ အတွက် သူတို့ ကြိုရောက် နေတာ ဖြစ်မယ်။ ”
“ ကောင်းကင် တောင်ကုန်း မြို့ အပေါ်၊ သူတို့ စိတ်ပျက် သွားပြီ၊ လင်းယွန်က ဒီအမှုရဲ့ တရားခံပဲ။ ”
“ သူကို ဖမ်းဖို့ လျှို့ဝှက် နယ်မြေထဲကို ကျွမ်းကျင် သူတွေ လွှတ်လိုက်ပါ။ ”
“ လျှို့ဝှက် နယ်မြေ ထဲမှာ လင်းယွန်းကို သတ်လိုက်။ ”
ရုတ်တရက် လင်းယွန်ကို ပစ်မှတ်ထား လာကြပြီး၊ အတူတကွ လိုက်လံ ဖမ်းဆီးရန် ပွက်ပွက်ဆူ လာတော့၏။
အနိုင် မယူနိုင် လျှင်ပင်၊ လင်းယွန် ဝင်ရောက် လာကြောင်းကို၊ လျှို့ဝှက် နယ်မြေ ထဲရှိ၊ ပါရမီရှင် ခုနစ်ပါးထံ အသိပေး ရပေမည်။
လွင်ပြင် အပြင်ဘက် တစ်နေ ရာတွင်၊ အမှောင် ကျင့်ကြံသူ များက၊ သိပ်သည်းသော အနက်ရောင် မြူ များကို ထုတ်ဖော်လျက်၊ ထိုမြင်ကွင်းအား ကြည့်နေ သည်။
သူတို့ အားလုံး မျက်နှာတွင်၊ လှောင်ပြောင် အထင် သေးသော အမူ အရာဖြင့် အေးစက်စွာ ပြုံးနေ ကြ၏။
ကျင့်ကြံ သူများ စုစည်း နေလျှင်ပင်၊ အမှိုက်မှာ အမှိုက် ဖြစ်နေဆဲ ပေပင်။ ထို့ပြင် လင်းယွန်က သူတို့အား၊ တကယ် ဆွဲဆောင် နိုင်ပေ၏။
သတ်နိုင်သော် ချမ်းသာ ပေမည်။ တွေးရုံဖြင့်ပင် မျက်ဝန်း များ၌၊ လောဘ အရိပ် အယောင်များ၊ တောက်ပ လာသည်။
သူတို့ အနေဖြင့် အကျိုး အမြတ် ကိုသာ ကြည့်မည် ဖြစ်ပြီး၊ လင်ယွန်းအား သတ်နိုင်လျှင် သေချာပေါက် ကြီးပွား နိုင်မည် ဖြစ်၏။
တစ်ချိန်တည်း မှာပင် လူအုပ် ကြီးမှ၊ မစောင့်ဆိုင်း နိုင်တော့ဘဲ၊ ကောင်းကင်ပေါ်၊ ပျံတက် လိုက်ကုန်သည်။
သို့သော် ဤတစ်ကြိမ်၌ လူအနည်းငယ် သည်သာ လွင့်စင် လာပြီး၊ အများစုမှာ လျှို့ဝှက် နယ်မြေ ထဲသို့၊ ဝင်ရောက် သွားနိုင် တော့၏။
လမ်းလွဲ ကျင့်ကြံသူ များမှာမူ၊ စိတ်ရှည် လက်ရှည်ဖြင့်၊ ဆက်လက် စောင့်ဆိုင်း နေပြီး၊ အက်ကြောင်း အပြည့်ဖွင့် လာချိန် မှသာ၊ ဝင်ရောက် ကြလေသည်။
လျှို့ဝှက် နယ်မြေ အတွင်း၌၊ သတ်ဖြတ် လိုသော ရောင်ဝါများ၊ နေရာ အနှံ့ ပြည့်လျှံ နေခဲ့ ၏။
တိတ်ဆိတ် နေသော နယ်မြေမှာ၊ ကျင့်ကြံသူ များဖြင့်၊ မကြာခင် လှုပ်ခတ် လာတော့မည် ဖြစ်သည်။
လင်းယွန်က လူသူ ကင်းရှင်း နေသော တောင်ကုန်း တစ်ခုပေါ် ဆင်းသက် လိုက်သည်။ လုတောင်းကို သတ်ပြီးနောက် ပိုမို ကျေနပ် သွား၏။
သူ့အား ဖုံးအုပ် နေသော၊ ခရမ်းရောင် အလင်း ဖျော့ဖျော့များ အတွင်း၊ လျှပ်စီးများ လင်းလက် လာသည် ။
တစ်ချိန်တည်း မှာပင်၊ ခရမ်းရောင် နန်းတော်ရှိ ခရမ်းရောင် ပန်းမှ၊ သွေးရောင် လွှမ်းလာ၏။
သူ့ခန္ဓာကိုယ် အတွင်း၊ သန့်စင်သော စွမ်းအင်များ တဟုန်ထိုး စီးဝင်လာ ချိန်၌၊ အိမ်မက် ဆန်သော အငွေ့ အသက်များ ထွက်ပေါ် လာလေသည်။
သံသယ ဝင်ချိန် မှာပင်၊ မူလ စွမ်းအင်များ အကန့် အသတ်မဲ့ ရုန်းကြွ လာပြီး၊ ခရမ်းရောင် နန်းတော်အား ဖုံးလွှမ်း သွား၏။
“ အဆင့်ချိုး ဖြတ်နေ တာလား။ ”
တီးတိုး ရေရွတ် လိုက်သည်။ အလယ် အလတ် ယန် အဆင့်တွင်၊ အချိန် အတော်ကြာ နေခဲ့ ရသောကြောင့်၊ အောင်မြင်မှု တစ်ခုကို ရရှိသင့် နေပြီ ဖြစ်သည်။
ကောင်းကင် တောင်ကုန်း မြို့၏၊ ပါရမီရှင် များဟု ခေါ်တွင်သော လူငယ် နှစ်ဦးကို ဆက်တိုက် သတ်လိုက် ခြင်းဖြင့်၊ ၎င်းအား ရယူ လာနိုင်၏။
ယင်းကို သိရှိသွား ပါက၊ ထို့မြို့ကြီး တစ်ခုလုံး ယိမ်းထိုး သွားသည် အထိ၊ ဒေါသများ တောက်လောင် လာမည် ဖြစ်သည်။
သက်ပြင်း တစ်ချက် ချလျက်၊ အဝေးကို ငေးကြည့် လိုက်မိသည်။ ဤလမ်းစဉ်မှာ ခက်ခဲ လွန်းပြီး၊ အဖော်မဲ့ ပေ၏။
အခန့် မသင့် ပါက အချိန် မရွေး ဒေါသကြောင့်၊ လောင်မြိုက်ခြင်း ခံရနိုင် ပေသည်။
ကြမ်းတမ်း လွန်းသော ခရီး ဖြစ်သဖြင့်၊ အရင်းနှီးဆုံး မိတ်ဆွေများ ကိုပင်၊ လက်လွှတ် ခဲ့ရသည်။
ယခု ဆိုလျှင် ယင်-ယန် အဆင့်သို့ တက်ရောက်ရန်၊ အခွင့် အရေး ရှာချင် နေပြီ ဖြစ်သည်။
အဆင် ပြေမည် ဆိုပါက၊ ဓားတာအိုအား နောက်တစ်ဆင့် သို့ ထပ်မံ ဆောင်ကျဉ်းချင် သေးသည်။ ထိုမျှ မဟုတ် ခဲ့သော်၊ ဝိညာဉ်ရေး ဓား၏ အစွန်းကို ထိတွေ့ ချင်သည်။
ဤသည်မှာ ဓားဂိုဏ်း၏ လျှို့ဝှက် နယ်မြေ ဖြစ်သောကြောင့်၊ ဓား နည်းစနစ်များ ကိုလည်း ရှိနိုင် ပေမည်။
ထို့ကြောင့် အနည်းငယ် ကံကောင်း ရုံဖြင့်၊ အထက်ပါ ဆန္ဒများ ပြည့်ဝ နိုင်မည်ဟု ယုံကြည် ချေ၏။
“ ဒီနေရာက နည်းနည်းတော့ တိတ်ဆိတ် သင့်တယ် မဟုတ်လား … ။ ”
ကျင့်ကြံသူ အချို့၊ ထပ်မံ ဆင်းသက် လာသည်ကို မြင်လိုက် ရသဖြင့်၊ ခေါင်းယမ်းကာ၊ ရေရွတ် လိုက်သည်။
ငြိမ်သက် နေသော ရေကန်သို့ ပစ်ချ ခံရသော ကျောက်စရစ် ခဲများ ကဲ့သို့ ပေပင်။
သို့သော် အဝေး တစ်နေရာရှိ၊ တောင်ကုန်း တစ်ခု၊ တုန်လှုပ် သွားပြီး၊ တွင်းပေါက်ကြီး ရုတ်တရက် ဖြစ်ပေါ် လာသည်။
ထိုတွင်းပေါက် ကြီးထဲမှ၊ မီတာ သုံးရာ ရှည်သော ကင်းခြေများ တစ်ကောင် တိုးထွက် လာကာ၊ ကျင့်ကြံသူ များကို ကိုက်စား ပစ်လိုက်၏။
စားသောက် ပြီးနောက် လင်းယွန်ထံ လှည့်ကြည့်သည်။ ခရမ်းရောင် အခိုး အငွေ့ ထဲတွင် ဝိုးတဝါး ထင်ဟပ် နေသော၊ ဤလူငယ် ထံမှ အန္တရာယ် ရှိသည့် ခံစားချက်များ ပေးစွမ်း နေသဖြင့်၊ သတိ ထားလျက် မြေတွင်းထဲ ပြန်လည် ဝင်ရောက် လိုက်၏။
“ ဒီကောင့်မှာ ... ထက်မြက်တဲ့ အာရုံ ရှိတယ်။ ”
လင်းယွန်က ပြုံလျက်၊ ဖုံးလွှမ်း နေသော ခရမ်းရောင် မြူမှုန် များကို ပြန်လည် စစ်ဆေး ကြည့် မိသည်။
ကြွားဝါ တက်သူ တစ်ဦး မဟုတ် သဖြင့်၊ ဤကိစ္စကို ကိုင်တွယ် ဖြေရှင်းရန်၊ နည်းလမ်း တစ်ခု လိုအပ် လာသည်။။
ချွေးပေါက်များ ထဲမှ နဂါး အငွေ့ အသက်များ ယိုစီး ကျလာသည် အထိ၊ သူ့အသက် ဓာတ်မှာ ပြည့်ဝ လွန်းနေ၏။
အသက် ဓာတ်မှာ အချိန်တိုင်း လောင်ကျွမ်း နေရသည် ဖြစ်ရာ၊ ဤမျှဖြင့် ကျေနပ်စရာ မရှိချေ။ နဂါး စွမ်းအင်နှင့် ယှဉ်ပါက များစွာ အားနည်း နေသေးသည်။
ထို့ကြောင့် နဂါး စွမ်းအင်၏ စွမ်းအားကို အပြည့် အဝ မထိန်းချုပ် နိုင်ဘဲ၊ ခရမ်းရောင် အခိုး အငွေ့များ ဖုံးလွှမ်း လာခြင်းလည်း ဖြစ်သည်။
“ ဒီမှာ ရှိတဲ့ နတ်ဆိုး သားရဲ တွေက သန်မာတယ် ဆိုတော့ သတိထား ရမယ်၊ ငါ့ရဲ့ ပြည့်ဝတဲ့ အသက် ဓာတ်က၊ လမ်းလျှောက် နေတဲ့ စွမ်းအင် တေွလို၊ စွဲဆောင် နိုင် လွန်းတယ်။ ”
လေထု ထဲတွင် သိပ်သည်းသော၊ ဝိညာဉ် စွမ်းအင် များကို ခံစားလိုက် ရသဖြင့် အသက် ပြင်းပြင်း ရှူလိုက်သည်။
ဤနေရာမှာ ကျယ်ပြန့် လွန်းပြီး၊ ပင်မ နယ်မြေသို့ ရောက်ရန်၊ လမ်းကြောင်း မှန်အား ရှာဖွေ ရပေမည်။
***