ခရမ်းရောင် အလင်း၊ နဂါး စွမ်းအင်။
Vol. 50 Ch. 695
လျှို့ဝှက် နယ်မြေမှာ ကျယ်ပြန့် လွန်း သဖြင့်၊ နေရာ အနှံ့ ရှာဖွေရန်၊ အနည်းဆုံး လဝက်ခန့် အချိန်ယူ ရပေမည်။
ထို့ကြောင့် မျက်လုံးကို မှိတ်ထားပြီး၊ ရှန်ရှင်းဓားအား ဖြန့်ကျက် လိုက်၏။ ပြီးပြည့် စုံသော ကျွမ်းကျင် မှုသို့ ရောက်ရှိ နေပြီ ဖြစ်သဖြင့်၊ မျက်လုံး များထက် ပို၍ အသုံးဝင် သည်။
အနည်း ငယ်သော ကွဲပြားမှု များကိုပင်၊ ထောက်လှမ်း နိုင်ပြီး အန္တရာယ် အပေါ် ကြိုတင် သိမြင် နိုင်မည် ဖြစ်၏။
ထို့နောက် မျက်လုံးများ ပြန်ပွင့် လာပြီး၊ တောက်ပ သွားသည်။ ပြင်းထန်သော ဖိအား များကို၊ သူ့ ဓားဖြင့် ခံစား နိုင်၏။
အဝေးကို လှမ်းကြည့် လိုက်ချိန်၌၊ မိုးပြာ နဂါး အမှတ် အသား ပွင့်ပြီး၊ ကြွက်သားများ တင်းမာ လာသည်။
အဝေး တစ်နေရာမှ ကြောက်စရာ ကောင်းသော တည်ရှိမှု တစ်ခုကို၊ ဖျတ်ခနဲ ခံစား လိုက်ရခြင်း ဖြစ်သည်။
၎င်း ဖြစ်တည်မှု ရှိရာ အရပ်မှာ၊ လျှို့ဝှက် နယ်မြေ၏ ပင်မ ဒေသ ဖြစ်နိုင်၏။ ထို့ကြောင့် ရွှေရောင် အလင်း အသွင်၊ ပြောင်းလဲ ပြေးထွက် လိုက်မိသည်။
နှစ်နာရီကြာ ပျံသန်း ပြီးနောက်၊ နှလုံး သားအား လေးလံ စေသော၊ အငွေ့ အသက် များကို၊ လေထု အတွင်းမှ၊ ရရှိ လာသည်။
လမ်း တစ်လျှာက်တွင် လူ များစွာကို တွေ့ရှိခဲ့ ရသော်လည်း၊ အရှိန်အား လျော့ချရန်၊ စိတ်ကူး မရှိ ခဲ့ချေ။
သူ့အား မှတ်မိ သွားပါက၊ ဒုက္ခ ဖြစ်လာ နိုင်ပေမည်။ တစ်ဖက်တွင် ဤနယ်မြေရှိ နတ်ဆိုး သားရဲများ၊ အစွမ်း ထက်ကြောင်း သတိထား မိသည်။
ဝင်ရောက် လာသူ အများ စုမှာ၊ နတ်ဆိုး သားရဲ များ၏ အစာ ဖြစ်ကုန် ကြပြီး၊ လောဘ တကြီးဖြင့် သူ့အပေါ်၊ လိုက်ကြည့် နေသည် ကိုလည်း၊ တွေ့မြင် လာရသည်။
သို့သော် ၎င်းတို့မှာ အလွန် ထက်မြက် ကြ သဖြင့်၊ လင်းယွန် ထံမှ မိုးပြာ နဂါး ရောင်ဝါကို ခံစား နိုင်ပြီး၊ ချဉ်းကပ်ရန် မဝံ့ တော့ပေ။
အဆုံးတွင် လင်းယွန် နောက်ကျော ကိုသာ၊ ကြည့်လျက် ကျန်ရစ် ခဲ့ကြသည်။
ရှားပါး ဆေးပင်များ အတွက်၊ တိုက်ပွဲဝင် နေကြ သော်လည်း၊ လင်းယွန်က စိတ်မဝင်စား မိချေ။
ဝိညာဉ် ကျောက်စိမ်းတုံး၊ ရှေးဟောင်း နည်းစနစ်နှင့်၊ ဓားတာအို ပါရှိသော လက်နက် အပိုင်း အစများ ကိုသာ၊ ‘အာသီသ’ ရှိပေသည်။
ကောင်းကင်မှ အလင်းရောင် ကုန်ဆုံးသွား ချိန်တွင်၊ ရုတ်ရုတ် သဲသဲ ဖြစ်နေသော၊ လူအုပ် ကြီးအား တွေ့မြင် လိုက်ရသည်။
၎င်းတို့မှာ အန္တရာယ် ဇုန် ထဲသို့၊ ဝင်ရောက်လို သဖြင့်၊ အတင်း အကြပ် ပြန်လည် တွန်းထုတ်ခြင်း ခံနေ ရ၏။
ဒဏ်ရာရ သူများ၊ အလောင်းများ စသည်ဖြင့်၊ ပြည့်နှက် နေပြီး၊ “ပြေး၊ ” ဟု အော်ဟစ် သံများ ဆူညံ နေပေသည်။
“ ဒါက ကြောက်စရာ ကောင်းလွန်းတယ်၊ ဘယ်လို နယ်မြေ ကြီးလဲ။ ”
နောက်ပြန် ဆုတ်လာသူ အချို့က၊ ထိတ်လန့်စွာ ရေရွတ် လိုက်ကြသည်။ သို့သော် အသက် စွန့်၍၊ ထပ်မံ ကြိုးစား နေကြ ပြန်၏။
ကောင်းကင်၌ တိမ်ညိုများ ဖုံးလွှမ်း လာချိန်တွင်၊ အေးစက်သော အငွေ့ အသက်များ ပို၍ တိုးလာ သဖြင့်၊ လူအများ ပြေးလွှား ကုန်ကြ သည်ကို မြင်လိုက် ရသည်။
အချို့သော ကျင့်ကြံသူ များမှာ၊ ထွက်ပြေး သွားသည့် လူအုပ်စုနောက် မလိုက်ဘဲ၊ နီးစပ်ရာ ဝင်ပုန်း ကုန်၏။
တိမ်ညိုများ အောက်၌ အနက်ရောင် မုန်တိုင်းကြီး တစ်စင်း ဖြစ်တည် လာပြီး၊ လမ်းကြောင်း ပေါ်ရှိ ကျင့်ကြံ သူများပေါ်၊ ဖြတ်တိုက် သွားသည်။
မုန်တိုင်း အတွင်းရှိ၊ အနက်ရောင် မြူများက၊ ချွေးပေါက်များ မှတဆင့်၊ ခန္ဓာကိုယ်ထဲ စိမ့်ဝင် လာ၏။
ခန္ဓာကိုယ်ထဲ ရောက်သည်နှင့်၊ အနက်ရောင် အလင်းများ အဖြစ် ပြောင်းလဲ သွားကာ၊ ခံစားရ ခက်သော ဝေဒနာကို ပေးစွမ်း လေသည်။
လင်းယွန်က သူ့ကိုယ်သူ ဓားဖြင့် ဖုံးကွယ်လျက်၊ ကျောက်ဆောင် တစ်ခု နောက်သို့ ဝင်ပုန်း မိသည်။
အနက်ရောင် မြူ များ၏ တိုက်စားခြင်း ခံနေရသော လူများကို ကြည့်ကာ၊ အတွေးနက် သွား၏။
အနက်ရောင် မြူ များမှာ၊ ‘ယင်’ သဘာဝ လျှပ်စီး စွမ်းအင် ဖြစ်ပြီး၊ ရာပေါင်း များစွာသော ပိုးမွှားများ ရောယှက် ထားခြင်းနှင့် တူ၏။
သန်မာသော ကိုယ်လုံး ကိုယ်ပေါက် ရှိသည့် ကျွမ်းကျင်သူ အချို့ ပင်လျှင် ထိုမြူ များကြောင့် နာကျင် ရပေမည်။
လူ တစ်ဦးတွင် အစွမ်း ထက်သော ခွန်အားမျိုး မရှိ ပါက၊ အနက်ရောင် မြူ များဖြင့် ဖုံးအုပ်ပြီး နောက်တွင်၊ ကြောက်မက်ဖွယ် အနေ အထားဖြင့်၊ ကျန်ရစ် ခဲ့မည် ဖြစ်၏။
သို့သော် အကြောင်း ပြချက် မရှိဘဲ၊ ဤမျှ ဆန်းပြားသော မုန်တိုင်းကြီး၊ ထွက်ပေါ် လာသည်မှာ၊ အဓိပ္ပါယ် မရှိချေ။
မုန်တိုင်း အတွင်း၌၊ လျှပ်စီး စွမ်းအင်နှင့် ယင်စွမ်းအင်များ ရောနှောလျက်၊ အနက်ရောင် မြူများ အဖြစ်၊ ဖွဲ့တည် နေခြင်း ပေပင်။
အနက်ရောင် မြူ များကို၊ ခံနိုင်ရည် ရှိကြောင်း၊ သတိထား မိသဖြင့်၊ လင်းယွန်၏ မျက်လုံးများ လင်းလက် သွားသည်။
ဤမြူ ထဲ၌ စောင့်ကြို နေသော အခွင့် အလမ်း တစ်ခု၊ ရှိကောင်း ရှိနိုင် သည်ဟု၊ အများ နည်းတူ ခံစား မိလာ၏။
“ ရူး ပါ့ ... ၊ ငါက သူတို့လို ဘာအတွက် ပုန်းနေ ရတာလဲ။ ”
လင်းယွန်က ရုတ်တရက် ပြုံးကာ၊ ခေါင်းယမ်း လိုက်သည်။ လျှပ်စီး စွမ်းအင်မှာ အခြားသူ များကို အန္တရာယ် ဖြစ်စေ သော်လည်း၊ သူ့အပေါ် မသက်ရောက် နိုင်ချေ။
မသိ စိတ်မှ သတိကြီး စွာဖြင့်၊ ပုန်းကွယ်ရန် စေခိုင်း လာခြင်း ဖြစ်သည်။ ဓားရည်ရွယ် ချက်ကို ရုတ်သိမ်းလျက်၊ အနက်ရောင် မြူများ အတွင်း၊ လျှောက်လှမ်း သွားမိ သည်။
လေအေးများ မျက်နှာပေါ် ဖြတ်သန်း သွားချိန်၌ အရေပြားကို ဓားနှင့် လှီးချလိုက် သကဲ့သို့၊ နာကျင် သွား၏။
ထိုစွမ်းအင်က သူ့ခန္ဓာ ကိုယ်ထဲ စိမ့်ဝင်ရန်၊ ကြိုးစား လာသည့် အခါတွင်၊ နဂါး စွမ်းအင်က ဝမ်းသာ အားရ၊ ဝါးမြို ပစ်တော့သည်။
“ အရမ်း ကောင်းတယ် ... ။ ”
အနက်ရောင် လေက နာကျင်စေ သော်လည်း၊ နဂါး စွမ်းအင်ကို ပို၍ အားကောင်း လာအောင်၊ ပံ့ပိုး ပေးနိုင်သည်။
၎င်းကို သန့်စင် ခြင်းမှာ၊ လျှပ်စီး ငါးပါး သလင်းကျောက်ကို သန့်စင် ခြင်းနှင့် ညီမျှ၏။
လုံလောက်သော အချိန်သာ ရှိပါက၊ သလင်းကျောက် ဆယ်ခုကို သန့်စင်ခြင်း ကဲ့သို့၊ ထိရောက် လာမည် ဖြစ်သည်။
ထို့ပြင် မြူ ထဲ၌ ပါရှိသော စွမ်းအင်မှာ၊ သမုဒ္ဒရာ အလား ကုန်ဆုံး သွားခြင်း မရှိချေ။
“ ဒီကောင်က ရူးနေ တာလား။ ”
“ သူ့ သေလမ်းကို သူ ရွေးနေတာပဲ။ ”
“ ဘယ်လို လူမိုက် မျိုးလဲ ... ။ ”
မူလ စွမ်းအင်နှင့် ဓား ရည်ရွယ်ချက်အား ပေါင်းစပ် ကာကွယ်ပြီး၊ အနက်ရောင် မြူ ထဲသို့၊ တိုးဝင် နေသော လင်းယွန်ကို ကြည့်ကာ၊ ပုန်းအောင်း နေကြသူ များက၊ ရေရွတ် လိုက်ကြသည်။
လင်းယွန် တစ်ဝိုက်၌ ပါးလွှာသော ခရမ်းရောင် ‘မြူ’ များ သိုင်းဖွဲ့ နေပြီး၊ နတ်ဘုရား တစ်ပါး မြေပြင် ဆင်းသက်လာ သကဲ့သို့၊ တောက်ပ နေပေ၏။
“ ဘာ လဲ ဟ။ ”
“ ဒီဓားကျွန်မှာ ... ၊ ဝှက်ဖဲတွေ မကုန်နိုင် ဖူးလား။ ”
“ ကောင်းလိုက်တာ၊ ငါတို့က လေကြောင့်၊ သေခြင်းကို ရင်ဆိုင်နေ ရပေမယ့်၊ သူ ကတော့ ပိုပြီး သန်မာ လာတယ်။ ”
“ ဒါက အဓိပ္ပါယ် မရှိဘူး။ ”
“ မဟုတ်ဘူး ... ၊ ပါရမီရှင် ခုနစ်ယောက်က သူ့ကို မြန်မြန် ကိုင်တွယ် သင့်ပြီ။ ”
လင်းယွန်ကို လှောင်ပြောင်မိ သူများ အားလုံးက၊ ရုတ်တရက် သတိရ သွားကာ၊ မျက်နှာများ မည်းမှောင် သွားကြသည်။
အနက်ရောင် မြူများ အတွင်း၊ တရွေ့ရွေ့ လျှောက်လှမ်း လာသော လင်းယွန်က တောင်ကုန်း တစ်ခုကို မြင်သည်နှင့်၊ ထိုင်ချ လိုက်သည်။
ခရမ်းရောင် အဆင်း ရှိသော နဂါးကြီး တစ်ကောင် ကဲ့သို့၊ လျှပ်စီးများ လက်စပြု လာ တော့၏။
ပတ်ဝန်း ကျင်ရှိ အနက်ရောင် ‘မြူ’ များက ပိုမွှားများ အသွင်၊ သူ့ခန္ဓာကိုယ်ပေါ် ဝိုင်းအုံလာ သဖြင့်၊ နဂါး စွမ်းအင်မှ အဆက် မပြတ် စုပ်ယူ နေခဲ့သည်။
အနက်ရောင် မုန်တိုင်းမှာ၊ တဖြည်းဖြည်း လွင့်စင် လာပြီး၊ နံနက် အလင်း ရောက်ချိန်၌၊ လုံးဝ အားပျော့ ပျောက်ကွယ် သွားတော့သည်။
တွန့်ဆုတ် နေသော မျက်လုံး များဖြင့်၊ လင်းယွန် တစ်ယောက် ခရမ်းရောင် အရှိန် အဝါ အား၊ ပြန် ရုတ်သိမ်း လိုက်သည်။
သူ့နဖူး ပေါ်ရှိ၊ ခရမ်းရောင် အမှတ် အသား တောက်ပ လာပြီး၊ ပို၍ ဆန်းကျယ်သော ခံစား ချက်များ ပေးစွမ်း နေချေပြီ။
မျက်ဝန်းများ အတွင်း ဓားတစ်လက်၊ အော်မြည် ပြေးလွှား နေပြီး၊ စိတ်နေ စိတ်ထား သည်ပါ၊ ပြောင်းလဲ လာတော့၏။
သို့သော် လက်ရှိ အခြေ အချိန်၌၊ အားကောင်း လွန်းသည့် နဂါး စွမ်းအင်ကြောင့်၊၊ ထိန်းချုပ်ရ ခက်ခဲ လာသည်။
ရှန်ရှင်းဓားမှာ ၎င်းကို ဖိနှိပ်ရန်၊ လုံလောက်အောင် အစွမ်းထက် နေသဖြင့်၊ ပေါက်ကွဲ မသွားခြင်း ဖြစ်သည်။
တစ်ည တည်းဖြင့်၊ နဂါး ရူရ် (၃)လုံးကို၊ သန့်စင်နိုင် ခဲ့သည့် အပေါ်၊ ထိတ်လန့် ခြင်းငှာ၊ အဆုံး မရှိချေ။
နောက်ဆုံး၌ ရုပ်ခန္ဓာ အားကောင်း လွန်းသည်မှာ၊ သတင်းကောင်း တစ်ပုဒ် မဟုတ် ကြောင်း၊ သိရှိ လိုက်တော့သည်။
“ ဒါက အဖြေ မဟုတ် သေးဘူး။ ”
သူ၏ ကျင့်ကြံမှုမှာ၊ နောက်ကျ နေပြီဟု ခံစား မိသည်။ ဤအဆင့်ဖြင့် နဂါး စွမ်းအင်ကို မထိန်းချုပ် နိုင်တော့ချေ။
သည်အတိုင်းသာ ဆက်သွားမည် ဆိုပါက၊ ကျင့်ကြံ ခြင်း၌၊ ပြဿနာများ ကြုံတွေ့ လာမည် ဖြစ်သည်။
သို့သော် ဤမြူ များ အတွင်းရှိ၊ တစ်စုံ တစ်ရာသော လျှို့ဝှက်ချက်ကို မြင်လို နေသေး သည်ဖြစ်ရာ၊ ၎င်းအား ခဏ ဘေးဖယ်ထား လိုက် တော့သည်။
***