← Chapters

လမင်း ရှိသရွေ့ ဓားဂိုဏ်း မရွေ့။

Vol. 50 Ch. 697

လမင်း ရှိသရွေ့ ဓားဂိုဏ်း မရွေ့။

Vol. 50 Ch. 697

အရိုးခေါင်း ခွံက အလင်းရောင်များ တောက်ပ လာပြီး၊ ကျင့်ကြံသူ အားလုံး ထွက်ပြေးခြင်း မပြု နိုင်မီ၊ ပေါက်ကွဲ သွားသည်။

ကောင်းကင်၌ မှိုပွင့် ကဲ့သို့၊ တိမ်တိုက်ကြီး ဖြစ်ပေါ် လာ ပြီးနောက်၊ အလင်း လှိုင်းများ ပျံ့နှံ့ ကုန်ကာ၊ လူပေါင်း များစွာအား သတ်ပစ် လိုက် တော့သည်။

ကံကောင်း စွာဖြင့်၊ လွတ်မြောက် လာသူ အချို့မှာ၊ သွေးအလိမ်း လိမ်းနှင့် ဒဏ်ရာများ ပြည့်နှက် သွားသည်။

မြေခွေး မိစ္ဆာများ မှာမူ၊ ကြောက်လန့် တကြားနှင့်၊ နောက်ပြန် ဆုတ်သွား ကုန်ကြ သည်။

လင်းယွန် တစ်ယောက် သည်သာ၊ မျက်နှာ ပြောင်းလဲခြင်း မရှိဘဲ၊ ထိတ်လန့် မှုကို ဖုံးကွယ် နိုင် ခဲ့သည်။

သူ့အနား မပေါက်ကွဲ သည်မှာ၊ ကံကောင်း သည်ဟု၊ ခံစား မိ၏။ သို့မဟုတ် ပါက၊ သေဆုံး သွားမည် ဖြစ်သည်။

ဦးခေါင်း မပါသော အလောင်းမှာ၊ ရိရွဲစ ပြုလာကာ၊ ဓားကျိုးက ရင်ဘတ်ထဲ နက်ရှိုင်းစွာ တိုးဝင် သွား၏။

သည့်နောက် ကြောက်စရာ ကောင်းသော ဖိအားကို ထုတ်လွှတ် နေသည့် ရွှေရောင် အရိုးစု အဖြစ်၊ ပြောင်းလဲ သွားသည်။

မြေပြင် ပေါ်ရှိ အရိုးစု များမှာ၊ ဓားဂိုဏ်း၏ တပည့်များ ဖြစ်ပြီး၊ ရက်စက် ကြမ်းကြုတ်သော ဤအင်ပါရီယန်ကို ဓားကျိုးမှ သတ်ပစ် ခဲ့ခြင်း ဖြစ်ပေမည်။

သေဆုံး သွားပြီး ဖြစ်သော်လည်း၊ အင်ပါရီယန် အပေါ်၊ လင်းယွန်က သတိထား နေရဆဲ ဖြစ်သည်။

သူ့ အကြည့်က အလောင်း ကောင်၏ ခရမ်းရောင် နန်းတော်ထံ၊ ကျရောက် သွားသည်။

အနက်ရောင် ပုတီးစေ့ တစ်စေ့ နန်းတော် ထဲတွင် ပျံဝဲ နေ၏။ ၎င်းမှာ အင်ပါရီယန် ပုလဲ ဖြစ်သည်။

“ ဒီအတွက် တောင်းပန် ပါတယ်။ ”

ကြယ်ပုလဲကို လှမ်းယူရန် ရှေ့ လှမ်းတက် လိုက်သည်။ ဤအင်ပါယာနှင့် ပတ်သက်၍ ကောင်းမွန်သော အမြင် မရှိချေ။

ကြယ်ပုလဲ ဟူသည်၊ အဖိုးမဖြတ် နိုင်သော ရတနာ တစ်ပါး ဖြစ်သဖြင့်၊ လူတိုင်း ရင်၌ သတ်ဖြတ် လိုသော ဆန္ဒများ ပေါက်ပွား လာသည်။

သို့သော် အစောပိုင်း အဖြစ်အပျက် များအရ၊ ၎င်းတို့ အနက်မှ မည်သူမျှ လှုပ်ရှားမှုကို မလုပ်ဝံ့ ကြတော့ပေ။

ဦးစွာ တစ်ဖက် လူ၏ အင်အား အပေါ်၊ ကြောက်လန့် မိခြင်း ဖြစ်သည်။ သည့်အပြင် အင်ပါရီယန် ထံမှ ထောင်ချောက်များ ထပ်ရှိ နေမည်ကို၊ စိုးရိမ်နေ မိပေ၏။

သူတို့ စိုးရိမ် နေ သကဲ့သို့၊ ခေါင်း မပါသော ခန္ဓာကြီးက ငုတ်တုတ် ထ ထိုင်ကာ၊ လင်းယွန် လက်ကောက် ဝတ်ကို ဆုပ်ကိုင် လာသည်။

နဂါး စွမ်းအင်ဖြင့် ရုန်းထွက် လိုက်သော်လည်း၊ မြေပြင်တွင် အမြစ်တွယ် နေသော တောင်ကြီး တစ်လုံး သဖွယ်၊ တုပ်တုပ်မျှ မလှုပ် ခဲ့ချေ။

“ သေ စမ်း ... ။ ”

မည်သို့ပင် ကြိုးစား စေကာမူ၊ မလွတ်မြောက် နိုင်သည်ကို သိလိုက် ရသဖြင့်၊ ထိတ်လန့် သွားသည်။

“ ဟား ဟား ဟား ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးရဲ့၊ စက်ဆုပ်ဖွယ် ကောင်းတဲ့ မျိုးဆက် တစ်ယောက်က၊ ငါ့ရဲ့ ကြယ်ပုလဲကို လိုချင် နေတာလား၊ သေဖို့သာ ပြင်ထား။ ”

လင်းယွန် စိတ်ထဲ၌ ရယ်မော သံများ ထွက်ပေါ် လာသည်။ အင်ပါရီယန်မှာ ကွယ်လွန် ပြီးသည့်တိုင်၊ သတ်ဖြတ် လိုသော ဆန္ဒများ၊ ပြည့်နှက် နေချေသည်။

“ ထွက် သွား ... ။ ”

စိတ် ဝိညာဉ်ထဲ တိုးဝင် လာသော၊ ဆန္ဒကို အံတုရန် ဓားရည်ရွယ်ချက်အား စုဆောင်းလျက်၊ ဒေါသများ ထွက်လာ ခဲ့သည်။

“ မင်းလို ... သေပြီးသား လူက၊ ငါ့ အသက်ကို လိုချင် နေတာလား၊ အိမ်မက် မက် မနေနဲ့။ ”

သို့သော် အရိုးစု နောက်ကျော၌၊ ပန်းချီကား တစ်ချပ် ရုတ်တရက် ထွက်ပေါ် လာသည်။

၎င်းမှာ ဝိညာဉ် ရေးရာ ပန်းချီကား မဟုတ်ဘဲ၊ အင်ပါရီယန် များသာ ဖန်တီး နိုင်သော ‘ကြယ်တာရာ ကြယ်စင်စု’ ပန်ချီကား ဖြစ်၏။

ဓားဂိုဏ်း ဖျက်ဆီးခံ ရချိန်၏၊ ရက်စက် လွန်းသော တိုက်ပွဲများကို၊ စိတ်ကူး ကြည့်နိုင် သည်။ တိုက်ပွဲ အတွင်း အင်ပါရီယန် များပင် ကြွေလွင့် ရပေ၏။

ပန်းချီကား ထွက်ပေါ် လာချိန်၌၊ ပတ်ဝန်း ကျင်ရှိ အနက်ရောင် မြူများ တဟုန်ထိုး ပြေးဝင် ပေါင်းစပ် လာသည်။

ယင်းက ကျင့်ကြံသူ များနှင့်၊ မြေခွေး မိစ္ဆာများ အားလုံးကို၊ လွန်စွာ ထိတ်လန့်သွား စေခဲ့၏။

“ ဒါ ... ဘာလဲ။ ”

“ ဒါက ကြယ်ပုလဲ မဟုတ် ဖူးလား။ ”

“ အင်ပါရီယန် တွေက၊ သူတို့ရဲ့ သိုင်းဝိညာဉ်ကို စုတ်တံ အဖြစ် သုံးပြီး၊ ကြယ် စွမ်းအင်နဲ့ ပန်ချီကားတွေ ဖွဲ့စည်း နိုင်တယ်လို့ ငါ ကြားဖူးတယ်။ ”

“ ဒါက နည်းနည်းတော့ ကြောက်စရာ ကောင်းတယ် မဟုတ်လား၊ ဒီအင်ပါယာက နှစ်ပေါင်း များစွာ ကြာပြီး တာတောင်၊ ကြယ်တာရာ ကြယ်စင်စုကို ဘယ်လိုများ အသုံး ပြုနိုင် ရတာလဲ။ ”

“ သေဆုံး သွားတဲ့ အင်ပါရီယန်ရဲ့ နာကြည်းမှုက အရမ်း ကြောက်စရာ ကောင်းတယ်၊ ဒါပေမယ့် နှစ်တွေ ကြာပြီး တဲ့နောက်၊ သူ့ရဲ့ စွမ်းအားက သိပ်မကျန် တော့ပါဘူး။ ”

“ ဒါပေမယ့် လင်းယွန်တော့ သတ်နိုင် ပါသေးတယ်။ ”

ဤမြင်ကွင်းကို မြင်လိုက် ရသော အခါ၊ လူတိုင်း မျက်နှာများ ပြောင်းလဲ ကုန်သည်။ အင်ပါရီယန် အလောင်းကို အမှန် တကယ်ပင်၊ လျှော့တွက် မိ ကြ၏။

သို့သော် အစောပိုင်း ဖြစ်ပျက် ခဲ့သော အချင်းအရာ များကြောင့်၊ လင်းယွန် အပေါ် မည်သူမျှ မလှောင်ပြောင် ဝံ့ကြ တော့ပေ။

ပန်းချီကား ထဲရှိ ကြယ်တာရာ ကောက်ကြောင်းများ၊ စတင် ချိတ်ဆက် လာ သဖြင့်၊ လင်းယွန် တစ်ယောက် အသက်ရှင် နိုင်မည်၊ မဟုတ်ဟု ယူဆ မိသည်။

အချိန် သိပ်မကြာခင် မှာပင်၊ ဝေဟင်၌ သားရဲကြီး တစ်ကောင် ဝိုးတဝါး ထွက်ပေါ် လာ၏။

လက်ကောက် ဝတ်ကို အရိုးစုမှ ဖမ်းဆုပ် ထား သောကြောင့်၊ လင်းယွန် တစ်ယောက် မလှုပ် နိုင်သေးပေ။

ပန်းချီကား ထဲမှ ကြယ် စွမ်းအင်များ ဆက်လက် ထွက်ပေါ် လာပြီး၊ ကြီးမားသော ဖိအားကို ထုတ်လွှတ် ပေးသည်။

နီးကပ် လာသော သေခြင်း တရားကြောင့်၊ အနည်းငယ် နောင်တရ လာ၏။

မြောက်ပင်လယ်တွင် တွေ့ရှိ ခဲ့ရသော အင်ပါရီယန်မှာ နွေးထွေးလွန်း သဖြင့်၊ သတိ လစ်ဟင်း သွားခြင်း ဖြစ်သည်။

သူ့ကဲ့သို့ ပုရွက်ဆိတ် တစ်ကောင်အား သတ်ချင် နေသော၊ အင်ပါရီယန် ရှိလိမ့် မည်ဟု၊ မထင်ထား မိချေ။

သို့သော် အင်ပါရီယန်မှာ၊ ပန်းချီကားကို အပြည့်အ၀ မထုတ် နိုင်မှန်း သိလိုက်ရ သဖြင့်၊ နဂါး ရူရ် (၁၁) လုံးအား အသက်သွင်း လိုက်သည်။

လျှပ်စီးများ လက်လာပြီး၊ သူ့ဆံပင်များ လေထဲ ဝဲပျံ ကုန်ကာ၊ အရိုးစု ဆုပ်ကိုင် မှုမှ၊ လွတ်မြောက်ရန် ကြိုးစား မိ၏။

“ ဟိတ် ... ။ ”

သို့သော် မအောင်မြင် ခဲ့ချေ။ ကျယ်လောင်သော အော်မြည်သံ နှင့်အတူ မြေပြင် တစ်ခုလုံး တုန်ခါလျက်၊ အက်ကြောင်းများ ထွက်ပေါ် လာသည်။

အင်ပါရီယန် အရိုး စုမှာ၊ မြေပြင်မှ တစ်လက်မခန့် ကြွတက် လာသောကြောင့်၊ အနည်းငယ် စိတ်လှုပ်ရှား သွားသည်။

နောက်တ စက္ကန့် အတွင်း၊ အရိုးစုက ပြန်ကျ သွားပြီး၊ လင်းယွန် မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွားလျက်၊ သွေးများ စီးကျ ကုန်၏။

“ သူ မအောင်မြင်ဘူး။ ”

“ အိုး ရှစ်ထ် ... ၊ တစ်စက္ကန့် လောက်တော့ ‘မ’ထား နိုင်လိမ့် မယ်လို့၊ ငါထင်ထားတာ။ ”

“ သွားပြီ၊ ... အားလုံး သတိ ထားကြ။ ”

ကျေနပ် သွားဟန်ဖြင့်၊ သူတို့ အားလုံး ပြုံးရယ် လိုက်ကြသည်။ ပန်းချီကားမှာ ပြီးဆုံး တော့မည် ဖြစ်သောကြောင့်၊ လင်းယွန်တွင် လွတ်မြောက် စရာ၊ နည်းလမ်း မရှိ တော့ချေ။

“ မအောင်မြင် ဖူးလား။ ”

အစော ပိုင်းက ထုတ်ဖော်ခဲ့သော အင်အားမှာ၊ တောင် တစ်လုံး ကိုပင်၊ မချီနိုင် လောက်အောင် များပြား ပေသည်။ သို့သော် ဤအရိုးစုကို မချီ နိုင်ချေ။

“ ဟမ့် ... ၊ နားမလည် သေးဖူးလား၊ ငါသာ အသက်ရှင် နေသေးရင် မင်းကို တစ်ချက် တည်းနဲ့ သတ်ပစ် နိုင်တယ်၊ ... ”

“ ... မင်းလို ကောင်က၊ တကယ်ပဲ ငါ့ခေါင်းကို ကန်ပြီး၊ ငါ့ အလောင်းကို ထိဝံ့ သလား၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေရဲ့ စက်ဆုပ်ဖွယ် မျိုးဆက်၊ ... ”

“ ... သေခြင်း တရားကို လက်ခံပါ၊ ဒီအင်ပါရီယန်ကို ဘယ်သူမှ အရှက် မခွဲနိုင် ဖူးဆိုတာ မင်းကို ငါပြောပြမယ်။ ”

လှောင်ပြောင် သံများ ထပ်မံ ထွက်ပေါ် လာသဖြင့်၊ ဓားနှင့် ဖျက်ဆီး လိုက်သော်လည်း၊ ပဲ့တင်ထပ် နေသေးသည်။

“ ဟမ့် ... ၊ ဘယ်သူ ကမှ အင်ပါရီယန်ကို အရှက်ခွဲလို့ မရဖူး တဲ့လား။ ”

ရုတ်တရက် ဓားကျိုးကို ကြည့်ကာ၊ အတွေး တစ်ချက် လက်သွားသည်။ ဤသည်မှာ ခေါင်းပြတ် နေသော အလောင်း မျှသာ ဖြစ်ပြီး၊ အဓိက ပြဿနာသည် ဓားဖြစ်၏။

ပန်းချီကား လုံးလုံး လျားလျား ပေါင်းစပ် တော့မည့် အချိန်တွင်၊ မီးနဂါး တောင်ကုန်း၌ ဖြစ်ပျက် ခဲ့သော အဖြစ် အပျက် တစ်ခုအား၊ သတိရ လိုက်မိသည်။

မရဏ မိုးကြိုး မိစ္ဆာ နဂါး လင်းတမှ၊ လူသတ်ပွဲကြီး ကျင်းပ တော့မည့် အချိန်တွင်၊ နဂါးပျောက် တောင်စောင်းရှိ မျောနေသော ဓားအား၊ အကူညီ တောင်းခဲ့သည်။

“ တောင်ပိုင်း ရှေးဟောင်း နယ်မြေ၊ မဟာချင် အင်ပါယာ၊ ဓားနန်းတော် တပည့် လင်းယွန်က၊ စီနီယာ့ အကူအညီကို တောင်းခံ ပါတယ်။ ”

ဓားကျိုး ပေါ်သို့ သွေး အဆီ အနှစ် တစ်စက်ကို လက်ညှိုးဖြင့်၊ ချပေး လိုက်ပြီး၊ လောင်းကြေး ထပ်လိုက်၏။

“ သူ ဘာလုပ် နေတာလဲ။ ”

“ ရူး သွားပြီ နေမယ်။ ”

“ ဘယ်လို လူမိုက်လဲ၊ ဓား ဂိုဏ်းက ပျက်စီးသွားတာ ကြာနေပြီ၊ သူ့ကို ကယ်ဖို့ ဒီမှာ ဘယ်သူမှ မရှိဘူး။ ”

“ ဓားဂိုဏ်းက ဘယ်လောက်ပဲ တန်ခိုးကြီး ပါစေ၊ ဖျက်ဆီး ခံ ထားရတယ် ဆိုတဲ့ အချက်ကို မမေ့ သင့်ဘူး။ ”

“ ကြည့်ရတာ သရဲ တစ္ဆေ တွေနဲ့ အပေး အယူ လုပ်နေ ပုံပဲ၊ ... ဟား ဟား ဟား ။ ”

အချို့က လေးနက်သွား သော်လည်း၊ အများစုမှာ၊ လင်းယွန် လုပ်ရပ် အပေါ်၊ ရယ်မော ကြသည်။

လင်းယွန် သေဆုံး သွားသည်နှင့်၊ ကြယ်ပုလဲ အတွက်၊ သူတို့ တိုက်ပွဲဝင် ကြမည် ဖြစ်၏။

ထို့ကြောင့် သေဆုံးမည့် အချိန်ကို၊ စိတ်လှုပ်ရှားစွာ စောင့်မျှော် နေကြစဉ် မှာပင်၊ မထင်မှတ် ထားသော ဖြစ်ရပ်များ ထွက်ပေါ် လာတော့သည်။

“ ဖုန်း ... ။ ”

သွေးစက်မှာ ဓားကျိုး အတွင်း၊ ပျော်ဝင် သွားပြီး၊ ပေါက်ကွဲ သံများ နှင့်အတူ သံချေးများ ကွာကျ လာ၏။

ထို့နောက် ဓား ထံမှ တုနှိုင်း မရသော ရောင်ဝါများ ဖြာထွက် လာကာ၊ အိုမင်း နေသော အသံ တစ်သံ၊ ထွက်ပေါ် လာတော့သည်။

“ နှစ်ပေါင်း ရှစ်ထောင် တိုင်တိုင်၊ ငါတို့ရဲ့ ဘုန်းတန်ခိုး အာဏာကို၊ မိုင် ကိုးသောင်း အထိ၊ လွှမ်းခြုံ ထားနိုင် ခဲ့တယ်၊ လမင်း ရှိနေ သရွေ့၊ ဓားဂိုဏ်း ဘယ်တော့မှ မရွေ့ ... ။ ”

***

All Chapters