အနှောက် အယှက်။
Vol. 50 Ch. 698
လေထဲ၌ အဖိုးအို အသံများ၊ ပဲ့တင်ထပ် နေချိန်တွင်၊ လူအုပ် ကြီးမှာ နှလုံးသားများ တုန်ရီ လာသည်။
“ ဒါ ပဲ ... ။ ”
လင်းယွန်က ဖြူဖျော့သော မျက်နှာဖြင့်၊ ပြုံးရွှင်ကာ ရေရွတ် လိုက်သည်။ ကြယ်တာရာ ကြယ်စင်စု ပန်းချီကား၊ လုံးလုံး လျားလျား ပေါင်းစပ် တော့မည့် အချိန်တွင်၊ ဓားကျိုးမှ နေ၍ ဓားရောင်ခြည် တစ်စင်း ပြေးထွက် လာလေသည်။
ကြယ်တာရာ ကြယ်စင်စု ပန်းချီ ကားရှိ၊ သားရဲမှာ တုံ့ဆိုင်းစွာဖြင့် ဟောက်သံ ပြုလျက်၊ ကွဲကြေသွား ခဲ့ရသည်။
ထိုစက္ကန့်ပိုင်း အတွင်း၊ လင်းယွန်ပေါ် ကန့်သတ် ထားသော ဖိအား သည်လည်း၊ ပျောက်ကွယ် သွားတော့၏။
“ ဘယ်သူ ကမှ အင်ပါရီယန်ကို အရှက် ခွဲလို့ မရ ဖူးလို့၊ ဘယ်သူ ပြောလဲ၊ ... ”
လင်းယွန်က အေးစက်စွာ ပြုံးလိုက်ပြီး ၊
“ ဟမ့် ... သေပြီးသား လူက၊ သေကို သေရမယ် ... ။ ”
ရင်ဘတ် ပေါ်ရှိ နဂါး ရူရ် (၁၁)လုံး၊ လင်းလက် လာချိန်၌၊ အရိုးစုအား နောက်တစ်ကြိမ် ဆွဲမြှောက် လိုက်၏။
ဤတစ်ကြိမ်တွင် အင်ပါရီယန် အရိုးစုမှာ၊ ပေါ့ပေါ့ ပါးပါးဖြင့်၊ လွယ်လင့်တကူ မြောက်ပါ လာသည်။
“ မ လုပ် နဲ့ … ။ ”
သေဆုံး ပြီးသား အင်ပါရီယန်၏ အသံက၊ စိတ်ထဲ ထွက်ပေါ် လာပြန်သည်။ အသက်ရှင် ချိန်၌ အသတ်ခံ ရခြင်းထက်၊ ပို၍ ဆိုးရွားသော ခံစားချက်များ ရရှိလာ ခဲ့သည်။
သေဆုံး ပြီးနောက် လူငယ် တစ်ဦးမှ နှိမ့်ချ ရှုမြင် လာလိမ့် မည်ဟု၊ မထင်ထား သည်မှာ အမှန် ပေပင်။
“ ဟိတ် ... ။ ”
မြေပြင်မှ ကြွတက် လာချိန်တွင်၊ ကျယ်လောင်သော မာန်သွင်း သံနှင့် အတူ၊ နောက်တစ်ကြိမ် စောင့်ကန် ခံလိုက် ရပြန်၏။
လေ ထဲရှိ ရွှေရောင် အရိုးစု ကြီးကို ကြည့်ကာ၊ လူအုပ်မှာ ရုတ်ရုတ် သဲသဲ ဖြစ်သွား ကုန်လေသည်။။
“ ပြေး ... ။ ”
“ သေ စမ်း ... လာပြန်ပြီ။ ”
“ လင်းယွန် ... မင်းကို ငါသတ်မယ်။ ”
“ သူ့ကို မသတ်ခင် ... ၊ မင်း အရင်ပြေး အရူး ကောင်ရဲ့။ ”
လူတိုင်းက ရှင်သန်ရန် အတွက်၊ အလု အယက် ပြေးလွှား ကုန်၏။ အရိုးစု မြေပြင်ပေါ် ကျရောက်သွား သည်နှင့်၊ အလင်းများ ဖြာထွက် ပေါက်ကွဲ သွားသည်။
ပေါက်ကွဲမှု အတွင်းမှ လွတ်မြောက် ကျန်ခဲ့သော လူ အချို့မှာ၊ ပြင်းထန်သော ဒဏ်ရာ များဖြင့်၊ ညည်းညူ နေတော့၏။
“ အား ..... ။ ”
အလောင်း ပေါက်ကွဲရာ မြေပြင်၌ နက်ရှိုင်းသော မီးလောင် ချိုင့်ဝှမ်းကြီး၊ ဖြစ်ပေါ် သွားသည်။
ပေါက်ကွဲမှု စက်ကွင်း အတွင်း၊ အရာ အားလုံး ‘ပြာ’ အဖြစ် ပြောင်းလဲ သွားကာ၊ ကြယ်ပုလဲ သာလျှင်၊ လေထုထဲ ဝဲပျံ ကျန်ရစ် တော့၏။
စွမ်းအင် အတက် အကျလှိုင်း များက၊ လေပြင်း သဖွယ်၊ လင်းယွန်ထံ ပြေးဝင် လာသည်။ လက် ဝှေ့ယမ်းလျက်၊ ကြယ်ပုလဲကို ဆွဲယူ လိုက်သည်။
လက်ထဲ ရောက်သည်နှင့်၊ သိပ်သည်းသော စွမ်းအင်များ စီးဝင် လာပြီး၊ မူလ စွမ်းအင်များ တိုးပွား လာတော့သည်။
၎င်းမှာ မိုးပြာ နဂါး မူလ ပုံစံကြောင့်၊ အကန့်သတ်မဲ့ ကြီးထွား လာပြီး၊ အောင်မြင်မှု တစ်ခုကို လိုချင်ကြောင်း ပြသ လာ၏။
“ ဘယ်လိုတောင် သိပ်သည်း လိုက်တဲ့ စွမ်းအင် တွေလဲ။ ”
လင်းယွန် တစ်ယောက် စိတ်လှုပ်ရှား သွားသော်လည်း၊ ဤအချိန်မှာ သန့်စင် ရမည့်၊ အချိန် မဟုတ် သေးကြောင်း၊ သူ သိသည်။
ချောချော မွေ့မွေ့ ဖြတ်ကျော် နိုင်ရန်၊ လုံလောက်သော ရတနာများ စုဆောင်း ရပေ မည်။
ကြယ်ပုလဲကို သိမ်းဆည်း လိုက်ပြီး၊ လက်ဝှေ့ ယမ်းလျက် ဓားကျိုးအား၊ လှမ်းခေါ် မိပြန်၏။
သံချေးများ ကွာကျ ပြီးနောက်၊ ဓားကျိုးမှာ ထက်ရှသော အသွင်ကို ပြသ လာပေသည်။ ၎င်းတွင် ပျောက်ကွယ် လုနီးပါး ဓား ရည်ရွယ်ချက် ပါရှိ ၏။
စစ်ဆေး နေစဉ်တွင် များစွာသော အကြည့် များက သူ့ အပေါ် ကျရောက် နေသည်။
ကြယ်ပုလဲကို လုယူရန် ဆန္ဒရှိ ကြသော်လည်း၊ အစောပိုင်း ဖြစ်စဉ်များ အရ၊ ဤလူငယ် အပေါ်၊ ကြောက်ရွံ့ နေမိ ချေသည်။
ထို့ကြောင့် လှည့်ထွက် တော့မည့် အချိန်တွင်၊ ဓား ရည်ရွယ်ချက် များဖြင့် လွှမ်းခြုံ ထားသော၊ ပုံရိပ် (၁၀) ရိပ် ကောင်းကင်မှ ဆင်းသက် လာလေသည်။
ထိုအဖွဲ့ကို ဦးဆောင်လာ သူမှာ၊ သံသွေး တံခါး ဂိုဏ်း၏ ကျန်ရှိ နေသော ဒု-ဂိုဏ်းချုပ် ဖြစ်၏။
မီးနဂါး တောင်ကုန်း တိုက်ပွဲတွင်၊ အလယ်အလတ် ယင်-ယန် အဆင့်၌သာ ဖြစ်သော်လည်း၊ ယခုမူ အထွတ် အထိပ် ယင်-ယန် အဆင့်သို့၊ ရောက်ရှိ နေပြီ ဖြစ်သည်။
ထို့ကြောင့် သူ့နောက် လိုက်လာ ရဲသည်မှာ၊ အံ့သြစရာ မရှိချေ။
“ ကောင်လေး ... ၊ မင်း အဆင်ပြေ ရဲ့လား။ ”
အဘိုးအိုက လင်းယွန်ကို နှုတ်ဆက် လိုက်၏။ ဤတိရစ္ဆာန်သည် ထန်ယောင်အား သတ်ကာ၊ စီနီယာ အစ်ကို လက်မှ ထွက်ပြေး နိုင်ခဲ့သည်။
သံသွေး တံခါး ဂုဏ်သိက္ခာမှာ၊ လုံးလုံး သုံးမရ တော့ဘဲ၊ မီးနဂါး တောင်ကုန်း၌၊ ဩဇာ ကျဆင်း လာသည်။
လင်းယွန်၏ အကြည့် များက အေးစက် နေပြီး၊ သတ်ပစ် လိုသည့် အရိပ် အယောင်များ ထင်ဟပ် သွားသည်။
ရန်ငြိုးကြောင့် တစ်နေ့တွင် သံသွေး တံခါးကို ဖျက်ဆီး ပစ်မည်ဟု ကျိန်ဆိုခဲ့ သဖြင့်၊ ထိုကတိကို တည်ရ ပေမည်။
“ ကောင်လေး ... ၊ မင်း သေပြီ ဆိုတာ မင်း မသိသေး ဖူးလား၊ ... ဟား ဟား ဟား။ ”
အဘိုးအိုက ရယ်မော လိုက်သည်။
“ မင်း ထွက်သွားပြီး တဲ့နောက်၊ ချင်ရို့ယူ ရောက်လာတယ်၊ မင်းကိုသာ သတ်နိုင်ရင်၊ ငါ့ အတွက် ဘယ်လောက် အထိ အကျိုးရှိ မလဲ ဆိုတာ၊ မင်း ဘာလို့ မှန်းဆ မကြည့် ရတာလဲ။ ”
“ ဒီ မိန်း မ ... ။ ”
ဤမျှ အသိညာဏ် မဲ့သော အမျိုးသမီး တစ်ဦးနှင့်၊ တစ်ကြိမ် မျှပင် မတွေ့ခဲ့ ဖူးသဖြင့်၊ ဒေါသထွက် လာခဲ့သည်။
သေမင်း လေလံပွဲ အတွင်း၊ ပွင့်ပွင့် လင်းလင်း စိန်ခေါ် ခဲ့သော်လည်း၊ သူအား အထင်သေး စွာဖြင့်၊ ငြင်းပယ်၏။
ထို့နောက် ကောင်းကင် တောင်ကုန်း မြို့ရှိ ထူးချွန်သူ များနှင့် ရန်တိုက် ပေးကာ၊ နည်းလမ်း ပေါင်းစုံ သုံးကာ၊ ပစ်မှတ်ထား လာသည်။
အဘိုးအိုက ရှေ့တစ်လှမ်း တိုးပြီး၊ အရှိန် အဝါကို လွှတ်ထုတ်လျက်၊ လင်းယွန်အား ခြေလှမ်း အနည်းငယ် နောက်ဆုတ် စေခဲ့၏။
“ သူက သံသွေး တံခါးရဲ့၊ ဒု-ဂိုဏ်းချုပ် လီယန်ပဲ။ ”
“ အထွတ် အထိပ် ယင်-ယန် အဆင့်၊ ကြည့်ရတာ အောင်မြင် တစ်ခုကို မကြာသေးမီ ကမှ၊ ရယူထား နိုင်ပုံ ရတယ်။ ”
“ ဒီလင်းယွန်က ဒါကို မျှော်လင့် ထားပုံ မရဘူး၊ သူ့မှာ ရန်သူတွေ အရမ်းများ နေပြီ။ ”
“ သူက အရည် အချင်း ရှိပေမယ့်၊ ယန်အဆင့် မှာပဲ ရှိသေးတယ်၊ အထွတ် အထိပ် ယင်-ယန် အဆင့်က၊ လီယန်ကို ယှဉ်နိုင်စရာ အကြောင်း မရှိဘူး။ ”
ဤအကြောင်း အရာအား လင်းယွန် မည်သို့ ကိုင်တွယ် မည်ကို၊ လူတိုင်း ဆွေးနွေး လာမိကုန် ကြသည်။
အင်ပါရီယန်မှာ သန်မာ သော်လည်း၊ ကိုယ်ပိုင် စွမ်းအား မဟုတ်ချေ။ ထို့ကြောင့် လီယန် ကဲ့သို့၊ အရှိန် အဝါဖြင့် လင်းယွန်အား နောက်ဆုတ်အောင် မလုပ် နိုင်ခြင်း ဖြစ်သည်။
လင်းယွန် တစ်ယောက် ထိန်လန့် သွားသင့် သည်ဟု၊ မျှော်လင့်ထား သော်လည်း၊ ထိုသို့ဖြစ် မလာ သဖြင့်၊ စိတ်ပျက် သွားကုန်သည်။
“ ငါ့ကို စိတ်ပူ နေစရာ မလို ပါဘူး၊ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ ”
လင်းယွန်က မြေပြင်ကို ခြေဖြင့် စောင့်နင်းပြီး၊ ရွှေကျီးကန်း တစ်ကောင် ကဲ့သို့၊ ကောင်းကင်ပေါ် ပျံတက် သွားသည်။
နဂါး စွမ်းအင်ကို လက်သီးထဲ လောင်းထည့်ကာ၊ လဲ့ယန်ထံ ထိုးချ လိုက်သည်။
“ ဒီကောင်က မောက်မာ လွန်းတယ်။ ”
“ မကြောက် မလန့်နဲ့၊ သူကတောင် ဦးအောင် တိုက်ခိုက် ရဲတယ်။ ”
“ အထွတ် အထိပ် ယင်-ယန် အဆင့်၊ ကျွမ်းကျင်သူ ရှေ့မှာ၊ အရင် တိုက်ခိုက်ဖို့ သတ္တိရှိ ရုံနဲ့၊ အလုပ် ဖြစ်မယ်လို့ ငါမထင်ဘူး။ ”
“ ဟမ့် ... ၊ ရှုံးနိမ့်ခြင်းက လွဲပြီး၊ ဘာမှ ထူး မလာမှာ၊ သေချာတယ်။ ”
ကောင်းကင်မှ တဟုန်ထိုး ဆင်းသက် လာသော ရွှေရောင် အရိပ်ကို ကြည့်လျက်၊ မလိုလား သူများက၊ နှာခေါင်းရှုံ့ လိုက်ကြသည်။
“ ကောင်းကင် တောင်ကုန်း မြို့က၊ လူငယ် နှစ်ယောက်ကို သတ်နိုင်တာ နဲ့ပဲ၊ ငါ့ကို အနိုင်ယူ နိုင်မယ်လို့ ထင်နေလား ... ဟမ့်။ ”
ဦးစွာ တိုက်ခိုက် လာသော လင်းယွန် ကြောင့်၊ လီယန် တစ်ယောက် အနည်းငယ် အံ့အားသင့် သွားသော်လည်း၊ ချက်ချင်းပင် လှောင်ပြောင် လိုက်၏။
ဤတစ်ကြိမ် လင်းယွန် မလွတ်မြောက် စေရန် မည်သို့ ပိတ်ဆို့ရ မည်ကို၊ တွေးတော ကြံစည် နေမိသည်။
ကြက်သွေးရောင် မူလ စွမ်းအင်နှင့်၊ ဓား အရှိန် အဝါကို ပေါင်းစည်းလျက်၊ လင်းယွန် လက်သီးအား ထိပ်တိုက် ရင်ဆိုင် လိုက်သည်။
ထို့နောက် ပေါက်ကွဲ သံများ ဆူညံ လာကာ၊ လီယန် တစ်ယောက် နှုတ်ခမ်းထောင့် စွန်းမှ သွေးများ စီးကျ လာပြီး၊ နောက်ဆုတ် ပေးလိုက် ရသည်။
“ မဖြစ် နိုင်တာ။ ”
အံ့ဩဖွယ် ရလာဒ်ကြောင့်၊ လီယန်က မယုံကြည် နိုင်စွာဖြင့်၊ လင်းယွန်ကို ပြန်ကြည့် မိသည်။
သူ့ တိုက်ခိုက် မှုတွင် မူလ စွမ်းအင် (၅၀%) အသုံးပြု ထားသော်လည်း၊ ပြိုင်ဘက်အား ရှုံးနိမ့် သွားရ၏။
လေထု အလယ်တွင်၊ အပြာရောင် ဝတ်ရုံစများ တဖျပ်ဖျပ် ခတ်လျက်၊ ရပ်နေသော လင်းယွန်က နှာခေါင်း ရှုံ့ လိုက်သည်။
“ အဟွန့် ... ။ ”
ခရမ်းရောင် အခိုးအငွေ့ များဖြင့်၊ ဖုံးလွှမ်း နေသော သူ့အသွင်မှာ၊ လွှမ်းမိုး ကြီးစိုး နိုင်လွန်း ချေပြီ။
“ အထွတ်အထိပ် ယင်-ယန် အဆင့် ... ၊ ဒါက ဒီလောက်လည်း အထင်ကြီး စရာ မရှိ ပါလား။ ”
***