← Chapters

လီယန်နှင့် တိုက်ခိုက်ခြင်း။

Vol. 50 Ch. 699

လီယန်နှင့် တိုက်ခိုက်ခြင်း။

Vol. 50 Ch. 699

နဂါး ရူရ် ဆယ့်တစ်လုံး အထိ ကြီးထွား လာချိန်မှ စ၍ သူ့ ခွန်အားကို အပြည့်အဝ အသုံး မချ ခဲ့ဖူးပေ။

သံသွေး တံခါးမှ ဒု-ဂိုဏ်းချုပ်မှာ၊ အထွတ် အထိပ် ယင်-ယန် အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ ၎င်းကို ထုတ်ဖော်ရန် အခွင့် အရေး ရှိလာပြီ ဖြစ်သည်။

နောက်သို့ တွန်းလွှတ် ခံရသော လီယန် အတွက်မူ၊ လဝက် အတွင်း လင်းယွန် တစ်ယောက် ဤမျှ အားကောင်း လာလိမ့် မည်ဟု၊ မထင်ထား သည်မှာ အမှန် ပေပင်။

ယင်-ယန် အဆင့် ပြီးမြောက်သွား သည့်တိုင် တစ်ဖက် လူကို အနိုင် မယူနိုင် ခဲ့ချေ။ သို့သော် လွယ်လွယ်ဖြင့် လက်လျော့ လိုခြင်း မရှိသည့် အတွက်၊ ကြက်သွေးရောင် စွမ်းအင်ကို ဓား အသွင် ပေါင်းစပ် လိုက်သည်။

ဓား ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း ထားသော ကြက်သွေးရောင် ဓားမှာ၊ မီတာ သုံးဆယ်ကျော် အထိ၊ ကြီးထွား လာ၏။

တခဏ အတွင်း မှာပင် ဓား ငါးလက် ဖွဲ့တည် လာပြီး၊ လီယန် အလိုကျ အသုံးတော် ခံရန်၊ အသင့်ဖြစ် လာချေသည်။

တောင်ကြီးများ ကဲ့သို့၊ လင်းယွန်ထံ ပြိုကျ လာသဖြင့်၊ ကာကွယ် ထားသော မူလ စွမ်းအင် အတား အဆီးတွင်၊ အက်ကြောင်းများ ထွက်ပေါ် လာတော့သည်။

“ မဆိုး ဘူး … ။ ”

ထိုကဲ့သို့ ကြီးစိုးသော တိုက်ခိုက် မှုကို မော့ကြည့်ပြီး၊ လင်းယွန်က ချီးကျူး လိုက်သည်။ အမူအရာ ပြောင်းလဲခြင်း မရှိဘဲ၊ ဓားသုတ္တန်အား၊ ဖြန့်ကျက် မိ၏။

ငွေဓား စွမ်းအင်မှာ၊ နဂါး ရူရ် (၁၁)လုံးနှင့် ပေါင်းစပ် သွားပြီး၊ သတ်ဖြတ်ခြင်း တံဆိပ် ခုနစ်ခုအား ဖွဲ့စည်း လိုက်သည်။

သို့သော် ယင်းမှာ မလုံလောက် သေးဟု ယူဆ မိသဖြင့်၊ သတ်ဖြတ်ခြင်း ရောင်ဝါကို ခုနစ်ဆ တိုးစေလျက်၊ မူလ စွမ်းအင်များ ပေါင်းထည့် မိ၏။

“ အဆင်ပြေ ပြီ။ ”

တိုက်ပွဲဝင် ဆန္ဒများ မြင့်တက်ပြီး၊ ကောင်းကင်မှ ကျဆင်း လာသော ဓားကြီး ငါးလက်ကို ရင်ဆိုင် လိုက်သည်။

လျှပ်စီးများ သိုင်းခြုံ ထားသည့် လက်သီး များဖြင့်၊ ပြန်လည် ထိုးနှက် လိုက်သည်။ လက်သီး တိုင်းတွင် သိပ်သည်းသော သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ ပါရှိ ချေသည်။

လီယန်က ဓား ငါးလက်ကို ဆန္ဒ အတိုင်း၊ ကိုင်တွယ် ထိန်းချုပ် နိုင်၏။ ထို့ကြောင့် ကနဦး ယင်-ယန် အဆင့် ပါရမီရှင် တစ်ဦး ကိုပင် အလွယ် တကူ သတ်နိုင်သည်။

သို့သော် မိုးပြာ နဂါး တိုက်ပွဲဝင် ခန္ဓာ ကိုယ်ဖြင့်၊ ရှန်ရှင်းဓားကို အကာ အကွယ် အဖြစ် အသုံးပြု ထားသော လင်းယွန် ကိုမူ၊ ဒဏ်ရာရ အောင်ပင် မစွမ်းဆောင် နိုင်သေးချေ။

ဆယ်ကြိမ် လှုပ်ရှား ပြီးနောက် လင်းယွန်အား၊ မထိန်းချုပ် နိုင်သေးမှန်း မြင်သော အခါတွင်၊ ဒေါသ ထွက်လာ ခဲ့သည်။

ဤသတင်း သည်သာ ပျံ့နှံ့ သွားပါက၊ လူအိုကြီး များကြား ခေါင်းဖော် နိုင်တော့မည် မဟုတ်ပေ။

“ ကြက်သွေးရောင် နေမင်း။ ”

လီယန် ဟောက်လိုက် သည်နှင့်၊ ကြက်သွေးရောင် ဓားများက ဓားစက်လုံး အဖြစ်၊ ပေါင်းစပ် သွားသည်။

“ သွား ... ။ ”

လက်လွှဲယမ်းလျက် တံဆိပ် တစ်ခုကို ပစ်လွှတ်ပြီး၊ ဓားစက်လုံးအား စေခိုင်း လိုက်၏။ တောက်ပ နေသော ဓားစက်လုံး ကြီးကို ကြည့်ပြီး၊ လင်းယွန် တစ်ယောက် နောက်ပြန် ဆုတ်မိသည်။

“ မင်း လွတ်နိုင်မယ် ထင်လား ...၊ ပေါက်ကွဲ ။ ”

လီယန်၏ မျက်ဝန်းများ မှေးစင်း သွားပြီး ဟိန်းဟောက် လိုက်သည်။ ကြက်သွေးရောင် ဓားစက်လုံး ကြီးက၊ အလင်းများ ဖြာလျက်၊ ပေါက်ကွဲ သွားတော့၏။

တစ်ဆက်တည်း မှာပင် မရေမတွက် နိုင်သော ကြက်သွေးရောင် အပိုင်း အစများ လင်းယွန်ထံ၊ မိုးရေစက် များလို ရွာကျ လာသည်။

ပြင်းထန် လွန်းသော ဤတိုက်ခိုက် မှုကြောင့်၊ နဂါး စွမ်းအင်နှင့် ဓားစွမ်းအင် တို့ကို ပေါင်းစပ်ပြီး၊ လေးနက်သော အမူအရာကို ထုတ်ဖော် မိ၏။

“ မိုးပြာ နဂါး လက်သည်း။ ”

နဂါး ခြေသည်း ကဲ့သို့၊ စွမ်းအင် လက်ကြီး တစ်ဖက် ထွက်ပေါ် လာသော အခါ၊ အပိုင်း အစ များကို ပိတ်ဆို့ရန်၊ လက်ယမ်း လိုက်သည်။

သို့သော် အရေး ကြီးသော နေရာများ ကိုသာ ကာကွယ် နိုင်ခဲ့ပြီး၊ အပိုင်းအစများ ထိမှန်လျက်၊ ဒဏ်ရာ များဖြင့်၊ ဖုံးလွှမ်း လာခဲ့သည်။

“ ဒီ ကောင် ... ။ ”

ကိုင်တွယ်ရ ခက်ခဲ နေသော လင်းယွန်ကို ကြည့်ပြီး၊ လီယန် တစ်ယောက် နှုတ်ခမ်းများ လှုပ်ယမ်း သွား၏။ (ဆဲရေး လိုက်ခြင်း။ )

ပေါက်ကွဲမှု အတွင်းမှ လျှံထွက် လာသော၊ လှိုင်း များက တစ်ဖက် လူကို မထိခိုက် စေသည့် အပြင်၊ အပိုင်း အစများ မှလည်း၊ သေစေ နိုင်သော အင်္ဂါ များသို့ မထိ ခဲ့ချေ။

“ ကြက်သွေးရောင် ဓား။ ”

လီယန်က ခန္ဓာကိုယ် အတွင်းရှိ မူလ စွမ်းအင် အားလုံးကို ကြက်သွေးရောင် ဓား(၁၀) လက် အဖြစ်၊ ထပ်မံ ဖွဲ့စည်း သည်။

ပြီးနောက် ရှေ့တစ်လှမ်း တိုးလိုက်သော အခါတွင်၊ ဓားရှည် များက ကြက်သွေးရောင် စပါးအုံး မြွေကြီး တစ်ကောင် အဖြစ်၊ ပြောင်းလဲ လာသည်။

အေးစက်သော အသွင်ဖြင့်၊ စပါးအုံး မြွေ ကြီးကို မော့ကြည့်ကာ၊ လျှပ်စီး ချပ်ဝတ်အား ချက်ချင်း ဆင့်ခေါ် လိုက်သည်။

အရေပြား အနှံ့ နဂါး ရူရ်များ လင်းလက် လာပြီး၊ နဂါး စစ်သည် တစ်ပါး ကဲ့သို့ ထင်မှား လာစေ၏။

သို့သော် စပါးအုံး မြွေကြီး ချပ်ဝတ်ပေါ် ပြုတ်ကျ လာချိန်တွင်၊ သွေးများ ရွှဲလျက် လင်းယွန် တစ်ယောက် လွင့်စင် သွားရသည်။

“ မဟာလေ ဟုန်ကျမ်း။ ”

ဟန်ချက် ထိန်းနိုင် သည်နှင့်၊ လက်ဖဝါး တစ်ချက်ဖြင့်၊ ချက်ချင်း ပြန်လည် ရိုက်ချ လိုက်သည်။

ရုတ်တရက် ကမ္ဘာကြီး လေးကန် တိတ်ဆိတ် သွားသည်။ အော်ဟစ်လိုက် သော်လည်း၊ မည်သည့် အသံမျှ ထွက်မလာ သဖြင့်၊ လူအုပ် ကြီးမှာ အံ့အားသင့် ကုန်၏။

ယင်း ဖြစ်စဉ်သည် စက္ကန့်ပိုင်း မျှသာ ကြာမြင့် ခဲ့ပေသည်။ လက်ဖဝါးက လီယန်ပေါ် ကျရောက် သွားပြီး၊ ကောင်းကင်၌ လေပြင်းများ တိုက်ခတ်လာ တော့၏။

“ ဖုန်း ... ။ ”

ပေါက်ကွဲမှု ကြီးကြောင့်၊ လီယန် တစ်ယောက် ဒဏ်ရာ ရသွားကာ၊ ပါးစပ်မှ သွေးများ စီးကျလျက်၊ နောက်ပြန်ဆုတ် ပေးလိုက် ရသည်။

“ မသေ ဖူးလား။ ”

လင်းယွန်က အသက်ရှင် ရုံသာ မက၊ လီယန်ကိုပင်၊ ဒဏ်ရာများ ပေးနိုင်ခဲ့ သဖြင့်၊ လူတိုင်း အံ့ဩ သွားသည်။

လီယန်၏ အထွတ် အထိပ် ခွန်အားမှာ၊ အလယ် အလတ် ယင်ယန် အဆင့် ကျွမ်းကျင်သူ ကိုပင်၊ သတ်ပစ် နိုင်၏။

“ မင်းက ငါ့ကို ဓားဆွဲ ခိုင်းတဲ့ အတွက်၊ ဂုဏ်ယူ သင့်တယ်။ ”

သို့သော် လင်းယွန် အပေါ် သက်ရောက်မှု မရှိချေ။ လီယန်က သူ့ဓားကို ဆွဲထုတ် လိုက်ပြီး၊ အံကြိတ်ကာ ဆိုသည်။

တိုက်ပွဲ အတွင်း တစ်ဖက် လူအပေါ်၊ အုပ်စီးမိခြင်း မရှိသည့် အတွက်၊ ဒေါသ ဖြစ်လာ ရသည်။

ထို့အပြင် သူ၏ ရုပ်ခန္ဓာမှာ လင်းယွန်ထက်၊ အားနည်း နေသဖြင့်၊ ရှက်စရာ ကောင်းသော်လည်း၊ ဓား မဆွဲ ပါက၊ ပိုဆိုးသွား မည်ကို သူ သိ၏။

“ ငါ့ ဓားကိုတောင် မဆွဲရ သေးဘူး၊ ငါ့ကို ဒီလို ပြောဖို့ ... ၊ မင်းကို ဘယ်သူက သတ္တိ ပေးခဲ့ တာလဲ။ ”

လင်းယွန်က သူ့လက်ကို ဝှေ့ယမ်းပြီး၊ ပန်းသင်္ချိုင်း ဓားအား ဆင့်ခေါ်လျက်၊ ရယ်မော လိုက်သည်။

သူ့လက်ထဲ ဓား တစ်လက် ရောက်ရှှိ သွားသည်နှင့်၊ စူးရှသော အလင်းများ ထွက်ပေါ် လာပြီး၊ လူတိုင်း၏ မျက်လုံး များကို မှိတ်ကျ သွားစေ ခဲ့သည်။

တောက်ပ လွန်းသော ဓားအလင်းကြောင့်၊ လီယန်၏ အရှိန် အဝါတွင် အက်ကြောင်းများ ဖြစ်ပေါ် လာတော့သည်။

“ သခင့်ဓား— အလင်းခွဲ ဖြတ်ခြင်း။ ”

အကန့် အသတ်မဲ့ ဓား အလင်းများ၊ ထွက်ပေါ် လာသော အခါတွင်၊ ပန်းသင်္ချိုင်း ဓားအား လွှဲချ လိုက်၏။

စက္ကန့်ပိုင်းမျှ ကောင်းကင် တစ်ခုလုံး မှောင်မိုက် သွား၏။ ယင်းမှာ တဒဂ် မျှသာ ဖြစ်ပြီး၊ အလင်းများ ပြန်လည် ထွက်ပေါ် လာချိန်တွင်၊ ဒဏ်ရာ များနှင့် အတူ လီယန် တစ်ယောက် လွင့်စင် နေလေပြီ။

“ ပန်းတွေ ဘယ်မှာ ပွင့်လဲ။ ”

လီယန် မြေပေါ် မကျခင်၊ လင်းယွန် မျက်ဝန်းများ အေးစက် သွားပြီး၊ ဓား ဖျား၌ နှင်းဆီ တစ်ပွင့် ပွင့်လာ၏။

“ ငါ ဘယ်က လာတာလဲ။ ”

ရုတ်တရက် ကောင်းကင်မှ နောက်ထပ် ဓားတစ်လက် ကျဆင်း လာပြန်သည်။

“ အဆုံး မရှိသော တောင်တန်း ကြီးနဲ့ ရေကန်၊ - ကြွေကျ နေတဲ့ သစ်ရွက်ခြောက် တွေနဲ့ လေပြေ။ ”

“ ပန်းတွေက အိပ်မက်လို လွင့်မျောပြီး၊ ဝမ်းနည်းခြင်း တွေက မိုးနဲ့ အတူ ရွာချတယ်။ ”

ဤအခိုက် အတန့်တွင်၊ နယ်မြေ တစ်ခုလုံး၊ လင်းယွန်၏ ဓားရောင်ခြည် များဖြင့် ပြည့်နှက် နေပြီး၊ ထာဝရ တည်နေသော ဓားတစ်လက် ကဲ့သို့၊ လီယန် အပေါ်၊ လုံးဝ ဖိနှိပ် ပစ်လိုက် တော့သည်။

ဓား ဆွဲလိုက် ချိန်၌ လင်းယွန်၏ အရှိန် အဝါမှာ၊ ပြီးပြည့် စုံသော အသွင်သို့ ပြောင်းလဲ သွားခဲ့သည်။

ဆယ်ကြိမ် တိုင်တိုင် လှုပ်ရှား ပြီးနောက်၊ လီယန် တစ်ယောက် သွေးများ ဖုံးလွှမ်းလျက် မြေပြင်ပေါ်၊ လဲကျ လာ၏။

ဓားအလင်း ထံမှ ဖိအား များကြောင့်၊ လီယန် တစ်ယောက် ဓားကို ခက်ခက် ခဲခဲ ပင့်မကာ၊ ထရပ် လိုက်သည်။

သို့သော် ကြောက်လန့် တကြားဖြင့်၊ ချက်ချင်း ဆုတ်ခွာ ထွက်ပြေး တော့၏။

“ မ လုပ် နဲ့။ ”

“ မင်း ... ၊ မလွတ်နိုင် ပါဘူး။ ”

ပန်းသင်္ချိုင်း ဓားမှ အလင်းများ နေရောင်ခြည် ကဲ့သို့ ဖြာထွက် လာပြီး၊ လမ်းကြောင်း ပေါ်ရှိ အရာ အားလုံးကို လောင်ကျွမ်း ပစ်တော့သည်။

***

All Chapters