← Chapters

လင်းယွန် ဝင်လာပြီ။

Vol. 50 Ch. 700

လင်းယွန် ဝင်လာပြီ။

Vol. 50 Ch. 700

လီယန် တစ်ယောက် လျင်မြန်စွာ ဆုတ်ခွာ လိုက်သော်လည်း၊ ဓားချက်မှာ ထိမှန် နေဆဲ ဖြစ်သည်။

သူ့ပတ်ဝန်း ကျင်ရှိ ကြက်သွေးရောင် ဓားအရှိန် အဝါများ အားလုံး၊ ပြိုကျ သွားတော့ ၏။

မူလစွမ်းအင် အကာအကွယ် အလွှာ ပျက်စီးမှုကြောင့်၊ သွေးများ ပန်းထွက် လာပြီး၊ ကြောက်စရာ ကောင်းသော သေခြင်းဖြင့်၊ နှစ်ပိုင်း ပြတ်သွား ခဲ့သည်။

“ ဒု-ဂိုဏ်းချုပ် ... ။ ”

သံသွေး တံခါး၏ တပည့် များက၊ လီယန် အလောင်းထံ၊ အပြေး အလွှား တိုးကပ် သွားကြ ၏။

ဓားကို ခုတ်ချလိုက် ပြီးနောက်၊ လင်းယွန် တစ်ယောက် မြေပြင်ပေါ် ညွှတ်ကျ သွားသည်။ ယခင် တိုက်ခိုက်မှု များမှ၊ သူ သည်လည်း ဒဏ်ရာများ ရရှိ ခဲ့၏။

သို့သော် စိတ်လှုပ်ရှားမှု များဖြင့်၊ မျက်လုံးများ တောက်ပ နေမြဲ ဖြစ်သည်။ နောက်ဆုံးတွင် ပြိုင်ဘက်မှာ၊ ယင်-ယန် အဆင့်ကို ပြီးမြောက် နေပြီ ဖြစ်၏။

အထွတ် အထိပ် ယန်အဆင့် တွင်သာ ရှိသော သူ့ အတွက်၊ ဤတိုက်ပွဲသည် ယုံကြည် ချက်များ၊ တိုးပွား လာစေသည်။

ထို့ပြင် သူ့ ခွန်အားမှာ၊ အကုန် အစင် မဟုတ် သေးချေ။

“ ပါရမီရှင် လို့ခေါ်တဲ့၊ အဲ့ဒီ လူတွေတောင် အထွတ်အထိပ် ယန်အဆင့် မှာသာ ရှိတဲ့ ငါ့ကို ဖိအား ပေးနိုင် တော့မယ် မထင်ဘူး။ ”

လင်းယွန်က သူ့ကိုယ်သူ ချီးကျူး ရေရွတ် လိုက်သည်။ လီယန် သေဆုံး ပြီးနောက် တုန်လှုပ် နေသော အကြည့် များစွာ၊ ဆင်းသက် လာ၏။

အထွတ်အထိပ် ယင်-ယန် အဆင့် ကျွမ်းကျင်သူ တစ်ဦးကို၊ အလွယ်တကူ သတ်ပစ် လိုက်သော လင်းယွန် အပေါ်၊ အမြင် သစ်ဖြင့် ရှုမြင် လာခြင်း ဖြစ်သည်။

ယင်းမှာ ဓားသမားများ တွင်သာ ရှိသော အစွမ်း သတ္တိမျိုး ပေပင်။ ဤလင်းယွန်ကို ကောင်းကင် တောင်ကုန်း မြို့မှ ပိုင်ဆိုင်ခွင့် ရပါက၊ မည်မျှ ကောင်းမည်နည်း ဟူသော အတွေး များပင်၊ ဝင်ရောက် လာ၏။

လက်ရှိ ခွန်အား အရ၊ ပထမ တန်းစား ပါရမီရှင် များနှင့်၊ မယှဉ်နိုင် သော်လည်း အရည် အချင်းမှာ၊ လေးစား စရာ ပေပင်။

လင်းယွန် ဟူသော အမည်မှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌ ပျံ့နှံ့ရန်၊ အချိန် အနည်းငယ်သာ လိုတော့ကြောင်း၊ လူတိုင်း ပြောနိုင်၏။

ရွှေရောင် အလင်းများ နှင့်အတူ၊ လင်းယွန် တစ်ယောက် မြင်ကွင်းမှ၊ ပျောက်ကွယ် သွား တော့သည်။

“ သူ ထွက်သွားပြီ။ ”

လင်းယွန်တွင် ဒဏ်ရာ ရရှိ ထား သော်လည်း၊ ကြောက်လန့် စိတ်ကြောင့်၊ မည်သူမျှ မလိုက် ရဲချေ။

လီယန် ကိုပင် သတ်ပစ် နိုင်သည် ဖြစ်ရာ၊ သူတို့သာ ဆိုပါက၊ ဆိုဖွယ် မရှိ သောကြောင့်၊ စွန့်လွှတ်ရန် ဆုံးဖြတ် လိုက်ရသည်။

“ ငါ့ ... ဒဏ်ရာ တွေကို၊ ကုသဖို့ နေရာ အရင် ရှာရမယ်။ ”

ချောင်ကျသော တစ်နေရာ၌၊ သူ့ကိုယ်သူ ဖုံးကွယ်လျက် လင်းယွန်က ရေရွတ် လိုက်၏။ တိုက်ပွဲ အတွင်းတွင် ဒဏ်ရာ မပြင်းထန် သော်လည်း၊ မူလ စွမ်းအင် များစွာ ကုန်ဆုံး ခဲ့သည်။

နေ့တစ်ဝက်ခန့် အနားယူ ပြီးနောက်၊ တက်ကြွ မှုများ ရရှိ လာကာ၊ ခရမ်းရောင် အမှုန် အမွှားများ ပြန်လည်၊ သိုင်းခြုံ လာတော့၏။

ဒဏ်ရာ အားလုံးမှ ပြန်လည် ကောင်းမွန်လာ စေရန် တစ်ညသာ လိုပေမည်။ တိုက်ပွဲမှ ရတနာ တစ်ပါး ကိုပင်၊ အမှတ်အထင် ရရှိ ထားသည်။

လီယန်နှင့် တိုက်ပွဲမှာ၊ ခွန်အားနှင့် နည်းစနစ် တို့ကြား အားပြိုင်ပွဲ ဖြစ်ပြီး၊ သူ့အား ကြေနပ်မှု အနည်းငယ် ပေးချေ၏။

သူ၏ ကျင့်ကြံမှုမှာ အားနည်း လွန်းသောကြောင့်၊ ခွန်အား အရာ၌ နိမ့်ကျ ခဲ့သည်။

ဓားရည်ရွယ်ချက်၊ ဓားသုတ္တန်နှင့် နဂါးစွမ်းအင်ကို ပေါင်းစပ် ခြင်းဖြင့် သာလျှင်၊ အနည်းငယ် အဆင်ပြေ လာခြင်း ဖြစ်၏။

ကွာခြားချက် ကြီးမား လွန်းပါက၊ နည်းစနစ် မည်မျှ ကောင်းစေ ကာမူ၊ အချည်းနှီး ပေပင်။ ထို့ကြောင့် မိုးပြာနဂါး မူလပုံစံ၊ သို့မဟုတ် ဓားသုတ္တန်တွင် အောင်မြင်မှု တစ်ခု လိုအပ် ချေသည်။

“ ငါ ဒီမှာ ... ၊ အချိန်တွေ အများကြီး ဖြုန်းနေ မိပြီ၊ အဲ့ဒီ ပါရမီရှင် ဆိုတဲ့ သူတွေ ဘာတွေ ရထားလဲ သိချင် မိသား …။ ”

လျှို့ဝှက် နယ်မြေ၏ ရတနာ များမှာ၊ ဗဟို ဒေသ တွင်သာ ရှိနိုင်မည်။ ထိုနေရာ၌ ကြောက်မက်ဖွယ် ကောင်းသော တည်ရှိမှု တစ်ခုကို သူ ခံစား နိုင်၏။

၎င်းမှာ သူ့ဓား ဆန္ဒ ကိုပင် တုန်လှုပ် သွားစေသည်။ အန္တရာယ်များ စောင့်ကြိုနေ သော်လည်း၊ ကြီးမားသော အခွင့်အရေး ရှိမည်ဟု၊ သူ ထင်၏။

“ ငါ့မှာ အကူအညီ ရှိတယ်။ ”

ဓားကျိုး ပေါ်ရှိ၊ ဓားဆန္ဒ များက၊ ပျောက်ကွယ် လုနီးပါး ဖြစ်သော်လည်း၊ ထူခြားသော အရာ များကို လမ်းညွှန် နိုင်ပေသည်။

“ သွားရမယ့် အချိန် ကျပြီ။ ”

ကောင်းကင်ပေါ် ခုန်တက်ကာ၊ ဗဟို ဒေသ ဆီသို့ ဦးတည် လိုက်၏။ ဓား ဆန္ဒ မပျောက် ကွယ်မီ၊ ၎င်းကို ရှာဖွေ ရပေမည်။

ဗဟို နယ်မြေ တစ်နေရာ၌၊ မြေပြင် အနှံ့ အလောင်းများ ပြန့်ကျဲ နေပြီး၊ သွေးများ စွန်းထင်း နေ၏။

အလောင်း အားလုံးမှာ၊ ယင်-ယန် အဆင့်၊ လေလွင့် ကျင့်ကြံ သူများ ဖြစ်သည်။

၎င်းတို့နှင့် မနီး မဝေး ဆီ၌၊ မြွေပွေး တစ်ကောင် ကဲ့သို့ ခံစား ချက်များ ပေးစွမ်း နေသော၊ သစ်သီး တစ်လုံး ရှိ၏။

မြူများ ဖုံးလွှမ်း နေသော ထိုသစ်သီးမှာ၊ ပြင်ပ ကမ္ဘာ၌၊ လူများစွာ ကို ရုန်းရင်း ဆန်ခတ် ဖြစ်စေသော သဘာဝ ရတနာ တစ်ပါး ပေပင်။

၎င်းကို မြွေနဂါး သစ်သီးဟု ခေါ်ဆိုပြီး၊ စျေးကွက် အတွင်း ရှားပါး မျိုးနွယ် ရတနာ အဖြစ်၊ သတ်မှတ် ကြသည်။

အလောင်းများ ကြား၌၊ ရှုပ်ထွေးသော အကြည့်ဖြင့်၊ ယင်-ယန် အဆင့် လေလွင့် ကျင့်ကြံသူ တစ်ဦး၊ ရှိနေ၏။

မြွေနဂါး သစ်သီး ဘေးတွင်၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါဖြင့်၊ လူငယ် နှစ်ဦး ရပ်နေသည်။

ထိုလူငယ် နှစ်ဦးမှာ ဂျီကျန်းနှင့် ဂျီယီတို့ ဖြစ်ပြီး၊ ပထမ တန်းစား ပါရမီရှင်များ ဖြစ်ချေ သည်။

ဂျီညီ အစ်ကို၏ အပေး အယူမျှ လွန်းသော တိုက်ပွဲဝင် စွမ်းအားကြောင့်၊ ၎င်းတို့နှင့် ရင်ဆိုင် ရာတွင်၊ များစွာ ခက်ခဲ စေသည်။

အမြဲတမ်း ပူးတွဲ သွားလာ နေထိုင် တက်ပြီး၊ ပြိုင်ဘက် တိုင်းကို အနှောက် အယှက် ပေးနိုင် ချေ၏။

လေလွင့် ကျင့်ကြံ သူများ အချင်းချင်း၊ အခင်း ဖြစ်ပွား နေစဉ်၊ ၎င်းတို့ ညီအစ်ကို နှစ်ဦး ရောက်ရှိ လာကာ၊ သတ်ပွဲကြီး စတင်ခြင်း ဖြစ်သည်။

လူတိုင်းကို သတ်ပစ် ပြီးနောက်၊ တစ်ဦး တည်းသော လေလွင့် ကျင့်ကြံ သူထံ စိုက်ကြည့် လာသည်။

ဤညီ အစ်ကို နှစ်ဦးမှာ၊ မည်မျှ သွေးဆာကြောင်း သိရှိ လိုက် သော်လည်း၊ ထိုလေလွင့် ကျင့်ကြံသူက၊ စွန့်လွှတ်ရန် ဝန်လေး နေခဲ့သည်။

“ စိတ်ဝင်စား စရာပဲ၊ မင်းရဲ့ အသက်ကို ရင်းပြီး၊ မြွေနဂါး သစ်သီး လိုချင်နေ တာလား။ ”

ဂျီကျန်းက လှောင်ပြောင် ရယ်မော လိုသော အပြုံးဖြင့်၊ လှမ်းကြည့်ကာ ဆိုလိုက်သည်။

“ မင်း ... စမ်းကြည့်လို့ ရတယ်။ ”

လေလွင့် ကျင့်ကြံသူက မျက်လုံးတွင်၊ အေးစက်သော အလင်းများ တောက်ပ လာပြီး တုန့်ပြန် မိ၏။

ပထမ တန်းစား ပါရမီရှင် ညီအစ်ကို နှစ်ယောက် ဖြစ်နေ လျှင်ပင်၊ ထွက်သွားရန် အခက်အခဲ မရှိဟု ယုံကြည်သည်။

“ မင်းက သေမင်းကို ဖိတ်ခေါ် နေတာပဲ။ ”

ဂျီကျန်းက ဒေါသဖြင့်၊ မီးတောက် နေသော ချပ်ဝတ် တစ်ထည်ကို ဆင့်ခေါ် လိုက်၏။

“ ကောင်းကင် မီးလျှံ ချပ်ဝတ်။ ”

နေမင်း ရောင်ခြည် သုတ္တန်ကို၊ ဆဋ္ဌမ အဆင့် ရောက်မှ သာလျှင်၊ ၎င်းကို ဖွဲ့စည်း နိုင်မှန်း သိထား သဖြင့်၊ လေလွင့် ကျင့်ကြံသူမှာ လေးနက် သွားသည်။

ချပ်ဝတ်ကို ပံပို့ ပေးထားသော ကောင်းကင် မီးတောက် ထံမှ စွမ်းအင်များ ထုတ်ယူကာ၊ လေလွင့် ကျင့်ကြံ သူအား လက်သီးဖြင့် ထိုးချ လိုက်သည်။

လေလွင့် ကျင့်ကြံ သူက လက်ဝါးဖြင့် ပြန်လည် ဟန့်တား လိုက်ပြီး၊ ခြေလှမ်း များစွာ နောက်ပြန်ဆုတ် သွား၏။

သို့သော် ဟန်ချက် မထိန်း နိုင်ခင်၊ နောက်ထပ် ကောင်းကင် မီးတောက်များ ထပ်မံ ကျဆင်း လာပြန်သည်။

ဂျီယီက မျက်ကွယ် အရပ်မှ နေ၍၊ ဝင်ရောက် တိုက်ခိုက် လာခြင်း ဖြစ်သည်။

“ သေ စမ်း ... ။ ”

ညီအစ်ကို နှစ်ယောက်မှာ၊ ကောက်ကျစ် လွန်း သဖြင့်၊ လေလွင့် ကျင့်ကြံ သူက ဒေါသ တကြီး၊ ကျိန်ဆဲ လိုက်သည်။

ပါရမီရှင်ဟု ခေါ်တွင် ပြီးနောက်၊ ဤသို့ ယုတ်ညံ့စွာ တိုက်ခိုက် လာလိမ့်မည်ဟု မထင် မိချေ။ ပျို့တက် လာသော သွေးများကို ထွေးထုတ်ကာ၊ လှည့်ပြေး တော့သည်။

“ ဒီခွေးအိုကြီးက သတ္တိမဲ့ လှချေလား၊ ဟား ဟား ဟား။ ”

ဂျီယီက ရှက်ရွံ့ဟန် မရှိဘဲ၊ အော်ဟစ် ရယ်မော လိုက်သည်။ ထိုနောက် ကျောက်စိမ်းတုံး တစ်တုံးကို ထုတ်ယူကာ၊ နဖူးပေါ် တင်လိုက်၏။

ပေးပို့ လာသော သတင်း အချက် အလက် များကို လက်ခံယူ ပြီးနောက်၊ မျက်နှာ တစ်ခုလုံး ပျက်ယွင်း သွားတော့သည်။

“ ဘာဖြစ် လို့လဲ။ ”

ဂျီကျန်းက မြွေနဂါး သစ်သီးကို ခူးဆွတ်လျက်၊ မျက်ခုံး ပင့်ကာ မေးလိုက်သည်။

“ ငါတို့ ထွက်သွားတဲ့ အချိန်မှာ၊ သူ ရောက်လာပြီး၊ ကောင်းကင် တိမ်လွှာ ဂိုဏ်းက လုတောင်းကို သတ်ပစ် လိုက်တယ်။ ”

ဂျီယီက ပေါ့ပေါ့ ပါးပါးပင် ပြန်ဖြေသည်။

“ ဒီကောင် သေချင် နေတာပဲ၊ ငါတို့ သူ့ကို သတ်ပစ် မယ်လို့ ကြေညာထား တာတောင် လာဝံ့ တယ်လား။ ”

ဂျီကျန်းမှ အေးစက်စွာ ဆိုလိုက် သော်လည်း၊ ဂျီယီက ခေါင်းယမ်း လိုက်ပြီး၊

“ သူက လူပြက် တစ်ယောက်ပါ၊ ငါတို့နဲ့ မဆုံ ရအောင် မျှော်လင့် သင့်တယ်။ ”

-ဟု မှတ်ချက် ပြုလိုက်၏။

တချိန်တည်း မှာပင် သွေ့ခြောက် လုနီးပါး ဖြစ်သော ရေကန် တစ်ကန် အနီး၌၊ လမ်းလွဲ ကျင့်ကြံသူများ အလုအယက် ပြေးလွှား နေကြသည်။

ပုံမှန် အချိန်များ ဆိုပါက၊ အင်အားစု အသီးသီး၏ တပည့်များ အတွက် ခေါင်းခဲ စရာ၊ ပြိုင်ဘက်များ ဖြစ်ပေ၏။

သို့သော် ယခု အချိန်၌ ဝှက်ဖဲများ သုံးကာ၊ အသက် အတွက် ပြေးလွှား နေရ လေသည်။

“ ငါတို့ ဒီမှာ ရှိမှန်း သိရက်နဲ့ ဝင်လာ ရဲတယ်လား၊ မင်းတို့ ကောင်တွေက ကိုယ့်သေတွင်း ကိုယ်တူး နေကြ တာပဲ။ ”

“ ကောင်းလိုက်တာ ... ၊ အစ်ကိုချင် ဘယ်သူက မြန်မြန် သတ်နိုင် မလဲ ဆိုတာ ကြည့် ရအောင်။ ”

မောက်မာ လွန်းသော အသွင်ဖြင့်၊ လူငယ် နှစ်ဦးက၊ လမ်းလွဲ ကျင့်ကြံသူ များကို လိုက်လံ သတ်ဖြတ် ကြတော့သည်။

ဤလူငယ် နှစ်ဦးမှာ ပထမ တန်းစား ပါရမီရှင်၊ ချင်ရှုနှင့် ဂူယန်တို့ ဖြစ်၏။ အလယ် အလတ် ယင်-ယန် အဆင့် ကျွမ်းကျင်သူ များပင်၊ သူတို့ ဆီမှ လက်ဝါး တစ်ချက် မခံယူ နိုင်ချေ။

ကောင်းကင် တောင်ကုန်း မြို့၏၊ ပထမ တန်းစား ပါရမီရှင်များ အနေဖြင့်၊ အဆင့်ကျော် တိုက်ခိုက်မှုများ ပြုလုပ် နိုင်ပေသည်။ တနည်း အားဖြင့် နယ်ပယ် တူချင်း၊ ပြိုင်ဘက်ကင်း ချေ၏။

သို့သော် ဝင်ရောက် လာသော သတင်း အချက်အလက် များကြောင့်၊ ချင်ရှုနှင့် ဂူယန်မှာ သွေးအိုင်ထဲ မတ်တပ်ရပ် နေပြီး၊ မျက်နှာများ မည်းမှောင် သွားလေသည်။

“ အစ်ကိုချန် ပြောတာ မှန်တယ်၊ ဒီကောင်က သူ့ သေမင်းကို လိုက်ရှာ နေတာပဲ။ ”

-ဟု ဂူယန်က အေးစက်စွာ ဆိုလိုက် လေသည်။

***

All Chapters