ငါ စားမယ်။
Vol. 51 Ch. 701
“ ဘာ ... ၊ ငါ့ ဂျူနီယာ အသတ်ခံ ရပြီ ဟုတ်လား။ ”
အူယန်ဟောင်က ဒေါသတကြီး မေးခွန်းထုတ် လိုက်သည်။ ကောင်းကင် တိမ်လွှာ ဂိုဏ်းမှ၊ သတင်း အချက် အလက်များ အရ၊ လင်းယွန် အပေါ်၊ သတ်ဖြတ် လိုသော ဆန္ဒများ ဆထက် တိုးလာ ခဲ့၏။
ဤသတင်းကို ကျန်သူများ ရရှိ မည်မှာ၊ သေချာသည်။ သူ ရှေ့ရှိ မြူခိုးများ ဖုံးလွှမ်း နေသော လျှို့ဝှက် နယ်မြေကို စိုက်ကြည့်ပြီး၊ တစ်စုံ တစ်ရာ တွေးတော့ နေမိသည်။
မြူခိုးများ အတွင်း ဓားရည်ရွယ် ချက်များ ရောထွေး ပါဝင် နေချေ၏။ ၎င်းအတွင်း သူ့အား စောင့်မျှော် နေသော အခွင့် အရေးများ ရှိနေ သည်ကို သိသော်လည်း၊ စွတ်တရွတ် မဝင်ဝံ့ သေးချေ။
ထို့ကြောင့် ပြင်ဆင်မှုများ ပြုလုပ် နေစဉ်၊ အကြီးအကဲများ ထံမှ သတင်း ပေးပို့ လာခြင်း ဖြစ်သည်။
“ ဓား တစ်ချက် တည်းလား။ ”
လင်းယွန်က ဓားတစ်ချက် တည်းဖြင့်၊ လုတောင်းကို သတ်ခဲ့သည် ဟူသော အချင်း အရာ အပေါ်၊ မယုံ နိုင်သေးချေ။
“ ဟုတ်ကဲ့ တစ်ချက် တည်းနဲ့ ကြောက်စရာ ကောင်းတဲ့ သေခြင်း မျိုးပါ၊ စီနီယာ အစ်ကို လုက ဝှက်ဖဲတောင် သုံးချိန် မရှိ လိုက်ဘူး။ ”
ဆက်သား အဖြစ် စေလွှတ် ခံရသော တပည့်က၊ အပြင်မှ အဖြစ် အပျက် များကို ပြန်လည် စဉ်းစားပြီး။
“ ပြီးတော့ ရှောင်တျဲဟီလည်း သေသွားပြီ၊ ချန်ရှောင် ကတော့ ဆွံ့အ သွားတယ်။ ”
-ဟု ထပ်မံ ဖြည့်စွက် လိုက်၏။
လုကျန်းနှင့် ချန်ရှောင် ဆိုသည်မှာ၊ ချူးမူယန်၊ ချန်စီယုတို့ နှစ်ဦး၏ ဂျူနီယာများ ဖြစ်သဖြင့်၊ ဤသတင်း အပေါ်၊ မယုံနိုင် လောက်အောင် ဖြစ်နေ ဆဲ ပေပင်။
ပထမ တန်းစား ပါရမီရှင် တစ်ဦး အနေဖြင့်၊ စီနီယာ အစ်ကို ချူးနှင့် ချန်စီယု တို့နှစ်ဦး မည်မျှ အားကောင်း သည်ကို သူ သိ၏။
အတွင်း အဆင့် ထိပ်ဆုံး (၃၅) နေရာရှိ ပါရမီရှင်များ ဖြင့်ပင် ယှဉ်နိုင်သည်။ ကျန်သော ပါရမီရှင် (၇)ထက်၊ များစွာ သန်မာ ချေ၏။
“ မရဏ သမီးတော်က ဒါတွေ အားလုံးကို မြင်တော့၊ မှောင်မည်း နေတဲ့ မျက်နှာနဲ့ ချက်ချင်း လှည့်ထွက် သွားတယ်။ ”
ဆက်သား တပည့် ကပင်၊ မရဲတရဲဖြင့် တိုးတိုးလေး ဆိုလာသည်။ သူ့ စကား ဆုံးသည် နှင့်၊ ပြောင်းလဲ သွားသော အူယန်ဟောင် အမူ အရာကြောင့်၊ ချက်ချင်း နောင်တရ သွားသည်။
“ ဘယ်လို ဟာသမျိုးလဲ …။ ”
အူယန်ဟောင်က မျက်မှောင်ကြုတ်ကာ၊ လှောင်ပြောင် လိုက်ပြီး၊
“ သူ့ကို သတ်ပစ် မယ်လို့၊ ငါ ပထမဆုံး ပြောခဲ့တယ်၊ နောက်ဆုံးတော့ ငါ့ ဂျူနီယာ အသက်ခံ လိုက်ရတယ်၊ ဒါက မရဏ သမီးတော် အမြင်မှာ၊ ငါက အသုံးမဝင် ဖူးလို့ ဆိုလိုက် တာပဲ မဟုတ်လား၊ ဟား ဟား ဟား ။ ”
သူ့ရယ်သံမှာ လူတိုင်းကို အသက်ရှူရ ခက်ခဲ လာစေ၏။
“ ဒီ ... ဒီကိစ္စကို စီနီယာ အစ်ကို ချူဆီ အကြောင်းကြား ရမှာလား။ ”
ဆက်သား တပည့်က ထိတ်လန့် နေသော်လည်း၊ သူ့ တာဝန်ကို ထမ်းဆောင်ရန်၊ အရဲစွန့် မေးမြန်း လိုက်သည်။
“ မလိုဘူး ... ၊ စီနီယာ အစ်ကိုချူက ချန်စီယုကို ယှဉ်ပြိုင် နေရတယ်၊ ငါတို့ ကိစ္စတွေ ပြီးမှ၊ သွားကူ ရအောင်။ ”
အူယန်ဟောင်က ပြန်ဖြေသည်။
“ လုတောင်း ... ၊ ဒီကောင်က မောက်မာ လွန်းပြီး၊ ငါ့ကိုတောင် ဂရု မစိုက်ဘူး၊ ငါတို့ အားလုံးက တပည့်တွေ ပါပဲလို့၊ မြင်မိတဲ့ အတွက်၊ ... ”
“ ... သူ့ အပေါ် သင်ခန်းစာ တစ်ခု၊ မသင်ပေး ခဲ့မိတာပဲ၊ အခုတော့ ငါ့ ဂိုဏ်းကို အရှက်ရ စေပြီ၊ ဒါပေမယ့် အမှိုက် တစ်စ ဖြစ်စေ ဦးတော့၊ ... ”
“ ... သူ့ရဲ့ သေခြင်းက အချည်းနှီး မဖြစ်စေ ရဖူးလို့ ငါ ကျိန်ဆိုတယ်၊ ဒီဓားကျွန် ငါ့နဲ့ မဆုံဖို့၊ မျှော်လင့် ရတာပဲ။ ”
အထူး သဖြင့် လုတောင်းမှာ၊ မရဏ သမီးတော် ရှေ့တွင် ကောင်းကင် တိမ်လွှာ ဂိုဏ်းကို အရှက်ရ စေ ခဲ့သည်။
သည့်အတွက် အူယန်ဟောင် တစ်ယောက် စိတ်ကြည် လင်ခြင်း မရှိကြောင်း၊ လူတိုင်း နားလည် နိုင်၏။
ထိုအချိန် မှာပင်၊ လျှို့ဝှက် နယ်မြေထဲ ဝင်ရောက် ခဲ့သော အကြီးအကဲ အချို့ ထပ်မံ ရောက်ရှိ လာသည်။
အူယန်ဟောင် ဟူသည်၊ သူတို့ အားလုံးထက် အားနည်းသူ တစ်ဦး မဟုတ် သောကြောင့်၊ လေစား ကြပေသည်။
အဆင့် အတန်း အရ၊ အချို့သော အကြီးအကဲများ ထက်ပင်၊ လုပ်ပိုင်ခွင့် ပိုမို မြင့်မား ချေပြီ။
“ အားလုံး လူစုံပြီ ဆိုတော့ ... ၊ သွားကြ ရအောင်။ ”
အူယန်ဟောင်က လုတောင်းကို လွယ်လွယ် မေ့ပစ် လိုက်ပြီး၊ စိတ်လှုပ်ရှားစွာ ဆိုသည်။ ဤမြူများ ထဲ၌၊ သူ့အား အံ့အားသင့် စရာများ စောင့်ဆိုင်း နေမည်ဟု ခံစား မိ၏။
တစ်ချိန်တည်း မှာပင် ပါရမီရှင် ခုနစ်ယောက်မှ၊ သူ့အား ပို၍ ရန်ငြိုးထား လာကြောင်း၊ လင်းယွန် မသိချေ။
သို့သော် သိခဲ့ လျှင်ပင် ဂရုမစိုက် မည်မှာ၊ သေချာသည်။ ပါရမီရှင် များဟု ခေါ်တွင်သော ဤလူ တစ်စုသည်၊ သဘောထား သေးသိမ် လွန်းပေ၏။
ရှောင်တျဲဟီကို သတ်ချိန် ကပင်၊ သူ့၌ ဆုတ်လမ်း မရှိ တော့ကြောင်း၊ သိထားသည်။ မိန်းမ တစ်ယောက် အတွက် ခွေးဖြစ် လိုသော ပါရမီရှင်မျိုး မမြင်ဖူး သေးချေ။
အပျက်အစီး အချို့အား မြင်သည်နှင့်၊ ဆင်းသက် ရပ်နား လိုက်သည်။ မိုးကုပ် စက်ဝိုင်း အစွန်း ထိတိုင်၊ ပြည့်နှက် နေသော အပျက်အစီး ပုံကြီးကို ကြည့်ပြီး၊ အနည်းငယ် မိန်းမော သွားသည်။
ဓားဂိုဏ်းမှာ ရှေးဟောင်း ဂိုဏ်း အချို့ထက် မနိမ့်ကျ ခဲ့ကြောင်း၊ ဤမြင်ကွင်းက သက်သေပြ နေ၏။
ယခင်က ဂိုဏ်း အချို့၏ အပျက် အစီး နယ်မြေ များကို ဝင်ရောက် ဖူးသောကြောင့်၊ ယင်းအား ကောင်းကောင်း နှိုင်းယှဉ် နိုင်သည်။
ဓားဂိုဏ်း အထွတ်အထိပ် အာဏာ တည်ချိန်၌၊ မည်သို့ မည်ပုံ ရှိခဲ့မည်အား စိတ်ကူး မယဉ်နိုင် တော့ချေ။
ဤနယ်မြေကြီး တစ်ခုလုံး သည်ပင်၊ ရေမျက်ပြင်ပေါ် ထွက်နေသော ရေခဲတောင် အစွန်း မျှသာ ဖြစ်ပြီး၊ ဒုတိယတန်း အင်ပါယာ တစ်ခုနှင့်၊ ယှဉ်နိုင် နေပြီ ဖြစ်သည်။
ထိုကြောင့် အချိန်တို အတွင်း၊ တစ်စုံတစ်ရာ ရှာဖွေရန် ကြိုးစား ခြင်းသည်၊ စိတ်ကူး ယဉ်ခြင်း မျှသာ ဖြစ်ပေမည်။
ဗဟို ဒေသကို ဦးတည်လျက်၊ မျက်လုံးမှိတ် ချလိုက် ချိန်မှာပင်၊ အကြောက် တရားများ တစ်ဖန်၊ ခံစား လာရ ပြန်၏။
ရှန်ရှားဓားနှင့် နဂါး အမှတ် အသား ကိုပင် တုန်လှုပ် သွားစေသည့် တည်ရှိမှု မျိုးပေပင်။
“ အဲဒီ မှာလား ... ။ ”
မျက်ဝန်းများ ပြန်ပွင့် လာပြီး၊ ဓားကျိုးကို ထုတ်ယူ လိုက်သည်။ ထိုနေရာ၌ သခင့်ဓား၏ အချက် အလက်များ ရှိနိုင် မည်ဟု၊ ထင်သည်။
၎င်းတွင် တိုးတက်မှု တစုံတရာ မရှိခဲ့ သည်မှာ၊ ကြာပြီ ဖြစ်၏။ ထို့ကြောင့် ဓားရေးကို အဓိက ထား လေ့ကျင့်ရာ၊ ဓား ဂိုဏ်းတွင်၊ နည်းလမ်း အချို့ ရှိမည်ဟု ထင်သည်။
ဓားကျိုးတွင် ဓားရည်ရွယ်ချက် ပါရှိ သောကြောင့်၊ အပျက်အစီး နယ်မြေ အတွင်း၊ ထူးခြားမှု တစ်စုံတစ်ရာ ရှိပါက၊ ခံစား သိရှိ နိုင်ပေမည်။
ဓားကျိုးအား ထုတ်ကိုင် ပျံသန်း လာစဉ်၊ ရတနာ အတွက်၊ နေရာ အနှံ့ ဖြစ်ပွား နေသော တိုက်ပွဲ များကို၊ မြင်လာ ရသည်။
“ ဝှစ် ... ။ ”
ထိုအရာ များကို စိတ် မဝင်စား သဖြင့်၊ လေနက်သော ခြေလှမ်း ခုနစ်လှမ်းအား၊ အကန့် အသတ်ထိ တွန်းတင် လိုက်သည်။
ပါရမီရှင် ခုနစ်ဦး၏ ထိတ်လန့် စရာ ကောင်းသော ခွန်အားကို အဝေး မှပင် မြင်လိုက် ရသေးသည်။
လမ်းလွဲ ကျင့်ကြံသူ များနှင့် မျက်နှာစိမ်း ကျင့်ကြံသူ များကို လိုက်လံ ဖမ်းဆီး သတ်ဖြတ် ခြင်းဖြင့်၊ ကြီးစိုး ပြနေ၏။
ဓားဂိုဏ်း၏ လျှို့ဝှက် နယ်မြေကို၊ သူတို့ မင်းမူရာ အရပ် ဒေသ အသွင်၊ ယူဆ နေကြ ပေသည်။
“ ဘယ်လောက်တောင် ... ၊ စိတ် ကျေနပ် စရာ ကောင်းလိုက်လဲ၊ ငါတို့ရဲ့ ပါရမီရှင် (၇)ဦး ကြောင့်၊ ဆန္ဒ ရှိသလို ပြုမူ နိုင်တယ်။ ”
“ ငါတို့ကို မြင်တာနဲ့ ...၊ အကုန် ပြေးတာပဲ။ ”
ကောင်းကင် တောင်ကုန်း မြို့၏၊ ကျင့်ကြံသူ များမှာ၊ သဘောကျ စွာဖြင့် ရေရွတ် လိုက်သည်။
“ လင်းယွန်ကို ဘယ်မှာမှ၊ မတွေ့ရ တော့တာ စိတ်ပျက် စရာပဲ၊ ဂျီညီ အစ်ကို ချင်ရှုနဲ့ ဂူယန် တို့က၊ သူ့ကို ရှာနေ ကြတာ ငါ ကြားမိတယ်။ ”
“ ဒီကောင်က သတ္တိ မရှိ ပါဘူး၊ သူပေါ်လာ ရဲမှာ မဟုတ်ဘူး။ ”
လင်းယွန်က သူ့ရောင်ဝါ ရုတ်သိမ်း ထားသောကြောင့်၊ လူတိုင်း သတိမထား မိဘဲ၊ ပြောဆို နေကြသည်။
“ ဒီမှာလား ... ။ ”
မြေပြင်ပေါ် ဆင်းသက် လိုက်ပြီး၊ သူ့ အကြောင်း ပြောနေသူ များထံ၊ တစ်ချက် လှမ်း ကြည့်ကာ၊ နှာခေါင်း ပွတ်လိုက်၏။
ဗဟို ဒေသတွင် နေ့တစ်ဝက် နီးပါး လှည့်လည် ရှာဖွေ ခဲ့သော်လည်း၊ မထူးခြား သေးချေ။
တစ်ဖက်တွင် ပါရမီရှင် ခုနစ်ဦးမှာ၊ လီယန်ထက် များစွာ သန်မာ သဖြင့်၊ ကိုင်တွယ် ဖြေရှင်းရန် မလွယ်ကူကြောင်း၊ သတိ ထားမိ လာသည်။
သို့သော် ချူးမူယန်၊ ချန်စီယု တို့မှ လွဲ၍၊ မည့်သူ့ ကိုမျှ ကြောက်စရာ မလိုဘဲ၊ ထွက်သွား ချင်သော်၊ ၎င်းတို့၌ တားနိုင်သော အရည် အချင်း မရှိချေ။
ထိုအချိန်တွင် လင်းယွန် လက်မှ ဓားကျိုးမှာ ရုတ်တရက် တုန်ခါ လာသည်။ နေ့တစ်ဝက် ကြာပြီးနောက် ပထမ ဦးဆုံးသော၊ တုံ့ပြန်မှု တစ်ခု ပေပင်။
“ ဟုတ် ပြီ ... ။ ”
ရွေ့လျားမှု နည်းစနစ်ကို ကန့်သတ်ချက် တွန်းပို့ လိုက်ပြီး၊ မြူခိုးများ ဖုံးလွှမ်း နေသော တောင်တန်း ကြီးထံ၊ ပျံသန်း သွားမိသည်။
ရောက်ရှိ သွားချိန်၌ သေဆုံး နေသော အလောင်း အချို့နှင့် အတူ၊ လူ တစ်စုအား လှမ်းမြင် လိုက်ရသည်။
မြူခိုးများထံ စိုက်ကြည့်လျက်၊ ထိတ်လန့်စွာ ရပ်နေ ကြသည်။ ၎င်းမြူ ထဲရှိ ဓားဆန္ဒ များက၊ သူတို့အား အလွယ်တကူ သတ်နိုင် သဖြင့်၊ မည်သူမျှ မဝင် ဝံ့ချေ။
အဆောင် ရတနာများ၊ သို့မဟုတ် အစွမ်း ထက်သော ခန္ဓာကိုယ် ရှိသူ များသာ ဝင်ရောက် နိုင်မည် ဖြစ်သည်။
အဆုံးတွင် လူများ စွာက၊ ခေါင်းယမ်း လာကြပြီး ဝင်မရ သည့်နောက်၊ အခြားသော နေရာ များသို့၊ သွားရောက် ရှာဖွေရန်၊ ဆုံးဖြတ် လိုက်ကြသည်။
ရုတ်တရက် ကောင်းကင်မှ၊ ခရမ်းရောင် ပုံရိပ် တစ်ရိပ် ကျဆင်း လာကာ၊ မြူခိုး များထဲ တိုးဝင် သွားသည်ကို မြင်လိုက် ရသည်။
နဂါး အရှိန်အဝါကို ဖိနှိပ် ထားသော၊ ဓားရည်ရွယ် ချက်အား၊ ပြန်ရုတ်သိမ်း ခဲ့သဖြင့်၊ ခရမ်းရောင် အခိုးအငွေ့များ ထွက်ပေါ် ဖုံးလွှမ်း နေခြင်း ဖြစ်ပေသည်။
ထို့ကြောင့် လင်းယွန် မျက်နှာကို မည်သူမျှ ပြတ်သားစွာ မမြင်လိုက် ရချေ။ သို့သော် အသွင် အပြင် အရ၊ သံသယ ဝင်လာ ချိန်တွင်၊ မြူခိုး များထဲ ဝင်ရောက် သွားခဲ့ပြီ ဖြစ်သည်။
“ သူ ... လင်းယွန်ပဲ။ ”
“ အိုး ... ဘယ်လိုတောင် မောက်မာ လိုက်တာလဲ၊ ဒီကောင် တကယ် လာဝံ့တယ်။ ”
အစောပိုင်း အချိန် ကပင် လင်းယွန် လာဝံ့မည် မဟုတ်ကြောင်း၊ သူတို့ ပြောဆို နေမိ သည်။ စကားဆုံး သည်နှင့် လင်းယွန်က ရောက်ရှိ လာ၏။
“ ဒါက သူ့ သေတွင်းပဲ၊ အထဲမှာ အူယန်ဟောင် ရှိနေတယ်။ ”
“ အို့ ... ။ ”
ထိုစကားကြောင့် လူတိုင်းက စိတ်လှုပ်ရှား သွားသည်။
“ ဟုတ်တယ် ငါလည်း မြင်လိုက်တယ်၊ အူယန်ဟောင် နောက်ကို၊ ကောင်းကင် တိမ်လွှာ ဂိုဏ်းရဲ့၊ အကြီးအကဲတွေ လိုက်သွား တယ်။ ”
“ ဟား ဟား ဟား ၊ ဒီကောင် သေပြီ။ ”
“ အူယန်းဟောင်က ... ၊ သူ့ကို သတ်ပစ် မယ်လို့ ကြေငြာ ထားတယ်၊ အခု ဒီလင်းယွန်က သူ့ရဲ့ သေလမ်းကို သွားမိ နေပြီ။ ”
“ ငါ ယုံတယ် ... ၊ အူယန်ဟောင်က လင်းယွန်ကို ခွေး တစ်ကောင်လို မောင်းထုတ် လာလိမ့်မယ်၊ မဟုတ်ရင် လေးဘက်ထောက်ပြီး ငါ ချေးစား ပြမယ်။ ”
ဤသည်မှာ တစ်ဖက်သတ် နှိက်စက် ပွဲကြီး တစ်ခု ဖြစ်လာ မည်ဟု၊ တစ်စုံ တစ်ဦးက အာမခံ နေလေသည်။
ကောင်းကင် တောင်ကုန်း မြို့သားများ သာမက၊ လေလွင့် ကျင့်ကြံသူ များနှင့် အခြား သော ကျင့်ကြံသူ များပါ၊ စုရုံးလာ ကြသည်။
နောက်ဆုံးတွင် ၎င်းတို့ အားလုံးမှာ၊ လျှို့ဝှက်နယ်မြေ အတွင်း၌၊ ထိုပါရမီရှင် များ၏ တစ်ဖတ်သတ် အမဲလိုက်ခြင်း ခံခဲ့ရ၏။
ပါရမီရှင် ခုနစ်ပါးမှာ၊ ခေါင်းပေါ် မိုးထားသော တောင်ကြီး ခုနစ်လုံးနှင့် တူချေသည်။
ဒေသခံ ကျင့်ကြံသူ များက ၎င်းတို့ကို နောက်ခံ ပြုပြီး၊ လျှို့ဝှက် နယ်မြေအား ကြီးစိုး ထား၏။
ဂိုရှုနှင့် ယန်းဖန်ပင် ဖိနှိပ်ခံ နေရသော၊ ထိုလူအုပ် ထဲတွင် ပါဝင် လေသည်။ သူတို့ကိုယ် သူတို့ မပြဝံ့ အောင်၊ ကြောက်လန့် နေကုန်၏။
လင်းယွန် သတင်းကြား ချိန်တွင်၊ ပုန်းအောင်း ခြင်းမှ ထွက်ကာ၊ စောင့်ကြည့်ရန် ရောက်လာ မိခြင်း ဖြစ်သည်။
၎င်းတို့ ကိုယ်စား လင်းယွန်မှ၊ သင်ခန်းစာ တစ်ခု သင်ပေး ရန်သာ၊ မျှော်လင့်မိ ကြလေ သည်။
***