ဓားဂိုဏ်း၏ အပျက် အစီးများ။
Vol. 51 Ch. 702
မြူခိုးများ အတွင်း လှမ်းဝင် လိုက် သည်နှင့်၊ နေရာ ပေါင်းစုံမှ ဓား ဆန္ဒများ သူ့ဆီ ပြိုကျ လာသည်။
သို့သော် သူ့ ပတ်ဝန်းကျင်ရှိ ခရမ်းရောင် အခိုးအငွေ့ များဖြင့်၊ တိုက်မိ သွားချိန်၌ လျှပ်စီး လက်ကာ၊ ပေျာက်ကွယ် သွားသည်။
“ ဒါက အန္တရာယ် ပေးနိုင်ပုံ မရဘူး။ ”
ကျဆင်း လာသော ဓားဆန္ဒ များကို ခုခံ ကာကွယ်ရန် ရုပ်ခန္ဓာ စွမ်းအား ဖြင့်ပင်၊ အဆင် ပြေကြောင်း သဘောပေါက် မိ၏။
ဤသို့နှင့် ဓားကို အားကိုး၍ မြူ အတွင်း ပေါ့ပေါ့ ပါးပါးပင်၊ လျှောက်လှမ်း လာခဲ့သည်။ မိနစ် အနည်းငယ် အကြာ၌၊ လှိုဏ်ဂူ တစ်လုံးအား တွေ့မြင် လိုက်ရသည်။
ရူရ် များဖြင့် ရေးထွင်း ထားသော ကြေးတံခါး တစ်ချပ်က ၎င်းကို ပိတ်ဆို့ ထား၏။ ရူရ် များမှာ ရှုပ်ထွေး လွန်း သဖြင့်၊ လင်းယွန်ပင် အပြည့်အဝ နားမလည် နိုင်ပေ။
အနည်းဆုံး ဆဠမတန်း ရူရ်များ ဖြစ်နိုင် ပေမည်။ ထို့ထက်လည်း ပိုနိုင်၏။
“ တစ်ယောက် ယောက်၊ ရှိနေ တာလား။ ”
ကြေးတံခါး ပေါ်တွင် လက်ဝါးရာ တစ်ချက် ရိုက်ထား သည်ကို မြင်မိ သဖြင့်၊ ရုတ်တရက် သတိဝင် လာမိသည်။
ဂရုတစိုက် စစ်ဆေး ကြည့်လိုက်ရာ၊ သိပ်သည်းသော မူလ စွမ်းအင် အတက်အကျ လှိုင်းကို၊ ခံစား လာရ၏။
တစ်စုံ တစ်ဦးမှ ဝိညာဉ် ရေးရာ အစီ အရင်အား၊ အတင်း အကြပ် ချိုးဖြတ် သွားဟန် ရှိပေသည်။
“ ကြည့် ရအောင်။ ”
ဤနေရာတွင် ရှေးဟောင်း မှတ်တမ်း များနှင့်၊ ဝိညာဉ် ကျောက်စိမ်း တုံးများ ရှိနိုင်ခြေ မြင့်မား၏။ ထို့ကြောင့် အန္တရာယ် ရှိနေ လျှင်ပင်၊ သွားရ ပေမည်။
ကြေးတံခါးကို တွန်းဖွင့် လိုက်ပြီး၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းဖြင့်၊ ပြေးဝင် မိ၏။
ယင်းမှာ နေရပ် တစ်ခု ဆီသို့ ဦးတည် နေသော လျှို့ဝှက် ဥမင် လိုဏ်ခေါင်း တစ်ခု ဖြစ်ကြောင်း၊ တွေ့ရှိ လိုက်သည်။
ဥမင်မှာ ရှည်လျားလွန်း သဖြင့်၊ လမ်းဆုံး ရောက်ရန် အချိန် အတော် ယူခဲ့ ရ၏။
“ ခြေ ရာ တွေ ... ။ ”
ကြမ်းပြင်ပေါ်ရှိ ခြေရာ များကို ကြည့်ပြီး၊ ပို၍ သတိကပ် လာခဲ့သည်။ မကြာမီ မြေအောက် နန်းတော် တစ်ခုအား တွေ့မြင် လိုက်ရ၏။
နေရာ အနှံ့ ကျောက်သား ရုပ်ထု များဖြင့် ပြည့်နှက် နေပြီး၊ နယ်မြေ တစ်ခုလုံး မှောင်ရိပ် သန်းနေ ပေသည်။
၎င်းတို့ ကြားတွင် အစွမ်း ထက်သော ဓားအစီရင် တစ်ခု ပုန်းကွယ် နေသည်ကို၊ ခံစား သိရှိ နိုင်သဖြင့် မျက်လုံးများ မှေးစင်း သွားသည်။
ဝိညာဉ် ရေးရာ အတက် အကျကို ဖုံးကွယ်ထား သော်လည်း၊ ၎င်းတွင် ပါရှိသော ဖျက်ဆီး စွမ်းအားမှာ၊ ထိတ်လန့် စရာ ပေပင်။
‘ကြိုးကြား ကြိုးကြား’ သေဆုံး နေသော လူသေ အလောင်းပေါင်း များစွာ ကိုလည်း၊ တွေ့မြင် မိသည်။
“ ကောင်းကင် တိမ်လွှာ ဂိုဏ်းရဲ့ တပည့် တွေပဲ … ။ ”
အလောင်း များ၏ ဝတ်ရုံကို ကြည့်ပြီး၊ ချက်ချင်း မှတ်မိ သွားသည်။ ၎င်းတို့နှင့် သူ့ကြား ကြီးမားသော အာဃာတ ရှိချေ၏၊၊
လုတောင်းကို သတ်ပစ် ပြီးနောက်၊ ဤအထဲသို့ ရောက်ရှိ နေသူမှာ၊ မည်သူ ဖြစ်မည် အား၊ သိချင် လာသည်။
“ ချူးမူယန် များလား။ ”
၎င်းပုဂ္ဂိုလ်သည် ပါရမီရှင် ခုနစ်ပါး အနက်၊ အသန်မာဆုံး ဖြစ်သည်ဟု ကြားသိ ထား၏။
ဓားကျိုး ကိုင်လျက် လှည့်ပတ် ပျံသန်း နေစဉ်၊ တွေ့မြင် ခဲ့ရသော မြင်ကွင်းများ အရ၊ ချန်စီယု သည်လည်း၊ ကြောက်စရာ ကောင်းကြောင်း၊ သိရှိ ခဲ့သည်။
အစွမ်း ထက်သော ဓားအစီရင် အပေါ် တစ်ချက် အကဲခတ် လိုက်ပြီး၊ တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် လာသည်။
ချူးမူယန် ဖြစ်လျှင်ပင်၊ စွန့်လွှတ်ရန် ရည်ရွယ်ချက် မရှိပေ။ ၎င်းအား အနှေးနှင့် အမြန် ရင်ဆိုင် ရမည်မှာ၊ သေချာ၏။
အစီရင် ခင်းကျင်း ထားသော နယ်နိမိတ်ထဲ ဝင်ရပ် လိုက်သည်။ ဝိညာဉ် ရေးရာ ကျွမ်းကျင်မှုနှင့် ဓား ရည်ရွယ်ချက် များအရ၊ အစီရင်မှာ သူ့အား အန္တရာယ် မပေး နိုင်ချေ။
ချက်ချင်းပင် မြေပြင်၌ အလင်း ဖျော့ဖျော့များ တောက်ပ လာပြီး၊ သတိ အနေ အထားဖြင့်၊ ဓားကိုင် ထားသော ရုပ်တုများ လှုပ်ရှား လာသည်။
ဓားရည်ရွယ် ချက်ဖြင့် အာရုံ ခံကာ၊ ဝင်လာ သမျှသော ဓားများကို သတိထား ရှောင်တိမ်း လိုက်သည်။
တစ်လှမ်း ချင်းသာ ရွေ့လျားခြင်း ဖြစ်သော်လည်း၊ ရှေ့လူ များထက် များစွာ မြန်ဆန် နေ၏။
ခဏ အကြာတွင် ဓားအစီရင် ဗဟိုသို့ ရောက်ရှိ လာသည်။ မဝေးကွာသော အရပ် ဆီ၌၊ ရုပ်တု ကိုးခု ဝန်းရုံ ထားသည့်၊ ပလ္လင် တစ်လုံး ရှိသည်။
ရုပ်တု တစ်ခုချင်း စီက၊ သတိ ကြီးစွာဖြင့် ဓားများ ဆုပ်ကိုင် ထားသည်။ သူတို့ ထုတ်လွှတ် ထားသော ဖိအား အရ၊ တစ်စုံ တစ်ရာကို ကာကွယ်ရန် ကြိုးစား နေပုံရသည်။
“ ဒါကို ဖြတ်ကျော် ပြီးရင် ဘာရှိ နိုင်မလဲ။ ”
ပလ္လင်၏ အသွင်မှာ၊ လျှို့ဝှက် ဆန်းကြယ် လွန်းပြီး၊ ယဇ် ပူဇော်ရာ ပလ္လင်နှင့် အလား သဏ္ဍာန် တူ၏။
ယဇ်ပလ္လင် ရှေ့တွင်၊ အူယန်ဟောင်နှင့် ကောင်းကင် တိမ်လွှာ ဂိုဏ်း၏ အကြီးအကဲ အချို့အား တွေ့မြင် လိုက်ရသည်။
“ ဘာ လဲ ... ။ ”
အူယန်ဟောင်၏ လွှမ်းမိုး ကြီးစိုး လွန်းသော အသွင်ကြောင့်၊ အနည်းငယ် အံ့ဩ သွားသည်။ ဤလူမှာ သူ့အား သတ်ပစ်မည်ဟု ဦးစွာ ကြေငြာ ခဲ့သူ ဖြစ်၏။
သို့သော် မီးတောက်များ ဖုံးလွှမ်း နေသော ထိုယဇ် ပလ္လင် ပေါ်တွင်၊ သေတ္တာ တစ်လုံး ထွက်ပေါ် လာသဖြင့်၊ လောဘ ရောင်များ တောက်ပ လာခဲ့သည်။
ကောင်းကင် တိမ်လွှာ ဂိုဏ်းမှာ၊ အစီရင်အား အတင်းအကျပ် ချိုးဖျက်ရန် ဆန္ဒ ရှိနေ ပုံရ၏။ သို့သော် ရုပ်တု ကိုးခုက ရုတ်တရက် အသက် ဝင် လာသည်။
“ သတ် ကြ စမ်း ... ၊ သေတ္တာ ထဲမှာ ဓားဂိုဏ်းက ရတနာတွေ ရှိလိမ့်မယ်။ ''
အကြီးအကဲ များအား တိုက်ပွဲ ဝင်ရန် အမိန့်ပေးပြီး၊ အူယန်ဟောင် တစ်ယောက် မျက်လုံးများ တောက်ပ လာခဲ့သည်။
ရုပ်တု ကိုးခုမှာ ဓားအစီရင်၏ နယ်ရုပ် များသာ ဖြစ်သဖြင့်၊ အသက် မရှိ သော်လည်း၊ ကြောက်စရာ ကောင်းအောင် စုဖွဲ့မှုများ ရှိချေ သည်။
ထို့ကြောင့် တိုက်ပွဲမှာ၊ လွယ်ကူခြင်း မရှိ သေးချေ။ ဝရုန်းသုန်းကား နိုင်သော အခြေ အနေအား အခွင့်ရေး ယူရန် ပြင်နေစဉ်၊ ကြမ်းပြင်၌ အလင်းများ ဖြာထွက် လာသည်။
ရုပ်တု အများအပြား မျက်လုံးပွင့် လာခြင်းကို ကြည့်ခြင်းဖြင့်၊ ဓား အစီရင်အား ပလ္လင်နှင့် ပြင်ပ အဖြစ်၊ နှစ်ဆင့် ပိုင်းခြား ထားကြောင်း သိလိုက် ရ၏။
၎င်းအား ထပ်မံ စူးစမ်းလို သေးသဖြင့်၊ လင်းယွန်က အမြန် နောက်ဆုတ် လိုက်မိသည်။
သို့သော် မြေပြင်ပေါ် ပြန်လည် ခြေချ လိုက်ချိန်တွင်၊ အလင်းများ ထပ်မံ တောက်ပ လာကာ၊ ဓားအစီရင် တစ်ခုလုံး သဏ္ဍာန် ပြောင်းလဲ သွားပြန်၏။
ထို့ကြောင့် အားနည်းချက် များကို၊ ဤမျှ အချိန်ဖြင့် ရှာဖွေရန် မဖြစ် နိုင်ကြောင်း သူသိ လိုက်သည်။
ထို့နောက်တွင်၊ ဒါဇင်ပေါင်း များစွာသော ရုပ်တု များက လင်းယွန်အား လှမ်းကြည့် လာ၏။
ဤရုပ်တု များမှာ ရုပ်တု ကိုးခုလောက် သန်မာခြင်း မရှိ သော်လည်း၊ အရေ အတွက် အားဖြင့် ပိုများ ချေသည်။ သတိ မထား မိပါက၊ ခဏတွင်း ပိတ်မိ သွားမည် ဖြစ်၏။
“ ချေး ပဲ ... ။ ”
လင်းယွန် မျက်နှာက လေးနက် သွား၏။ ယဇ်ပလ္လင် တစ်ဝိုက်တွင် အစီရင် အားနည်းလာ သဖြင့်၊ ထိုအခွင့် အရေးကို ဆုပ်ကိုင် ချင် ခဲ့သည်။
သို့သော် ဤသို့ အန္တရာယ်နှင့် လက်တကမ်း အကွာ ရောက်ရှိ နေမှန်း မသိ ခဲ့ချေ။ ကံကောင်း သည်မှာ၊ ကောင်းကင် တိမ်လွှာဂိုဏ်း အနေဖြင့်၊ သူ ရောက်ရှိ နေကြောင်း မသိ သေးချေ။
မြေပြင် ပေါ်၌ အလင်းများ ဆက်လက် ဖြာထွက်ပြီး၊ ရုပ်တုများ ပို၍ နိုးကြား လာခဲ့ သည်။ ထို့ကြောင့် ဓား ဆန္ဒများ ကြောက်စရာ ကောင်းသော အဟုန်ဖြင့်၊ မြင့်တက် လာ၏။
အခုချိန် ထွက်သွား လိုသော် ဘေးကင်း နိုင်ပေမည်။ ဆက်နေမည် ဆိုပါက ကြေးကြီးကြီး ပေးရ နိုင်၏။
“ မင်းက အသုံးမဝင် ဖူးပဲ၊ ငါ့ကို ဒီခေါ်လာပြီး၊ ဘာများ လုပ်စေချင် တာလဲ။ ”
ဓားကျိုးကို ကြည့်ပြီး၊ တိုးညှင်းစွာ ရေရွတ် လိုက်သည်။ ဤဓား ပိုင်ရှင်မှာ အင်ပါရီယန် ကိုပင် သတ်ပစ် နိုင်သဖြင့်၊ ထိုအချိန်က ဓားဂိုဏ်းတွင် ရာထူးကြီးသူ ဖြစ်နိုင် ပေ၏။
“ မင်း ဘယ်လို ပြောရဲ တာလဲ၊ ငါ့ ကြောင့်သာ မဟုတ်ရင်၊ မင်းကို အဲဒီ အင်ပါ ရီယန်က သတ်ပစ်တာ ကြာပေါ့။ ”
စိတ်ဝိညာဉ် ထဲ၌ အားနည်း ဖျော့တော့သော အသံ တစ်သံ ထွက်ပေါ် လာသဖြင့်၊ အနည်းငယ် ထိတ်လန့် သွားသည်။
ရုတ်တရက် ရုပ်တုများ ဝင်ရောက် တိုက်ခိုက်လာ သောကြောင့်၊ ၎င်းကို လျစ်လျူရှုကာ ချက်ချင်း ရှောင်ရှား လိုက်ရသည်။
ဓား ရောင်ခြည်မှာ၊ သူ့ ဘက်မှ ဖြတ်ကျော်လျက် ဆံပင် အချို့အား ဖြတ်တောက် သွားသဖြင့်၊ ချွေးများ သီးလာ တော့သည်။
“ ဒီလူယုတ်မာ တွေက သိပ်ကို မိုက်မဲ လွန်းတယ်။ ”
စိတ်ဝင်ညာဉ် ထဲ၌ ကြားခဲ့ ရသော အသံမှာ၊ ထင်မှတ် မှားခြင်း မဟုတ် ကြောင်း၊ အတည်ပြု နိုင်ခဲ့သည်။
“ တောင်းပန်ပါတယ် စီနီယာ ။ ”
ထို့ကြောင့် လင်းယွန်က တောင်းပန် လိုက်၏။
“ မင်းကို ... ငါ မကူညီချင် တာတော့ အမှန်ပဲ၊ ဒါပေမယ့် ငါ့ အမွေကို လိုချင်ရင် မင်း စမ်းသပ်မှု အောင်မှ ရမယ်၊ အဲ့ဒီ လူယုတ်မာ တွေက စည်းကမ်း တွေကို လုံးဝ မလိုက်နာ ကြဘူး…”
ဤတစ်ကြိမ်၌ ဖျော့တော့သော အသံတွင်၊ အေးစက်မှုများ ကပ်ညိ နေချေသည်။ ရုပ်တု ကိုးခုမှာ စမ်းသပ်မှု တစ်ခု ဖြစ်ပြီး၊ အူယန်ဟောင်က ၎င်းကို လူစားထိုး ဖြတ်ကျော်ရန် ကြိုးစား နေခဲ့သည်။
“ ငါ့ အမွေကို ချန်ထား ချင်တာ ကြောင့်သာ မဟုတ်ရင်၊ ကြေးတံခါး ကိုတောင် ဖွင့်လို့ ရမှာ မဟုတ်ဘူး၊ သူတို့ အရည် အချင်းနဲ့ ဒါကို ဖြတ်ကျော် နိုင်တာလို့ ထင်နေ ပုံပဲ၊ သေရမှာ ကြောက်ပြီး လူစား ထိုးနေတယ်။ ”
အူယန်ဟောင် အပေါ် မကျေ မနပ် ဖြစ်နေသော အသံ၊ နောက်တစ်ကြိမ် ထွက်ပေါ် လာသည်။
ဤလူကြီးကို စော်ကား မိမည် ဆိုးသဖြင့်၊ လင်းယွန် တစ်ယောက် စကား တစ်ခွန်းမျှ မဆို ဝံ့ဘဲ၊ ငြိမ်သက် နေမိ၏။
“ ငါ မင်းကို ကူညီ နိုင်တယ်၊ ဒါပေမယ့် စမ်းသပ်မှု မအောင် မြင်ရင် မင်း သေမှာ၊ ဘယ်လိုလဲ စမ်းကြည့် ချင်လား။ ”
“ ဓားသမား တစ်ယောက် အနေနဲ့၊ ဘာကိုများ ကြောက်နေရ ဦးမှာလဲ၊ စီနီယာရော ဘယ်လို ထင်လဲ။ ”
ချင်ရို့ယူကို စော်ကား ပြီးနောက်၊ ကောင်းကင် တောင်ကုန်း မြို့မှ အမဲလိုက် မည်ကို သိရှိ ထားသော်လည်း၊ ထိတ်လန့်ခြင်း မရှိ ခဲ့ချေ။
အန္တရာယ်နှင့် အခွင့် အရေးမှာ တွဲလျက် ရှိနေ တက်ပေ၏။
“ သတ္တိ ကိုတော့ ငါ သဘော ကျတယ်၊ ဒါကြောင့် မင်းရဲ့ ရိုင်းစိုင်းမှုကို အခု ခွင့်လွှတ် လိုက်မယ်၊ လာ ... ငါ့နောက် လိုက်ခဲ့။ ”
ဓားကျိုးမှ မြည်သံ ပေးလာ၏။ သခင့်ဓား ကျင့်ကြံထား ခဲ့ကြောင်း၊ သူခံစား နိုင်သဖြင့်၊ လင်းယွန် တုန့်ပြန်မှု အပေါ်၊ အံ့သြပုံ မပြချေ။
ဓားကျိုးမှ မှိန်ဖျော့သော ရောင်ဝါ တစ်ခု ထွက်လာ ချိန်တွင်၊ ရုပ်တု များမှာ ရုတ်တရက် ဒူးထောက် သွား ကြသည်။
“ ဘယ်သွား နေတာလဲ။ ”
မတုံ့ပြန် နိုင်ခင် မှာပင် သူ့အား ဆွဲငင် လာသည့် အလင်း စုပ်ဝဲကြီး တစ်ခု ထွက်ပေါ် လာသဖြင့်၊ မေးမြန်း လိုက်သည်။
တစ်ချိန်တည်း မှာပင်၊ ယဇ်ပလ္လင် ပေါ်ရှိ မီးတောက်များ ပို၍ တောက်လောင် လာ၏။
ယင်းကြောင့် အူယန်ဟောင် သာမက၊ ကောင်းကင် တိမ်လွှာ ဂိုဏ်း၏ အကြီးအကဲများ သည်ပါ၊ စိတ်လှုပ်ရှား သွားသည်။
“ ထူးခြားမှု တစ်ခု ရှိတယ်၊ အစီရင်ကို မြန်မြန် ချိုးကြ ... ။ ”
***