← Chapters

ကျင့်ကြံမှု တိုးတက်ခြင်း။

Vol. 51 Ch. 703

ကျင့်ကြံမှု တိုးတက်ခြင်း။

Vol. 51 Ch. 703

ကမ္ဘာကြီး တစ်ခုလုံး ချာချာ လည်သွားပြီး၊ မြင်ကွင်းများ ပြန်လည် တည်ငြိမ် လာချိန်၌ ကျောက်သား ရင်ပြင် တစ်ခုတွင်၊ ရှိနေကြောင်း၊ သတိထား မိလိုက်သည်။

မလှမ်း မကမ်း ဆီတွင် မြင့်မားသော ကေျာက်သား ရုပ်တုကြီး တစ်ခုက ဓားကို ကိုင်လျက် အေးစက်စွာ စိုက်ကြည့် နေ၏။

ပတ်ပတ် လည်၌ ကျောက်သား ရင်ပြင် ကိုးခုရှိပြီး၊ တစ်ခုစီတွင် ရုပ်တုများ၊ စနစ် တကျ ထားရှိ ထားသည်။

ပထမ ရင်ပြင်တွင် ကျောက်သား ရုပ်တု တစ်ခု၊ ဒုတိယ ရင်ပြင်တွင် ကျောက်သား ရုပ်တု နှစ်ခု စသည်ဖြင့် ဖြစ်၏။

“ ဒီနေရာက ဘာလဲ ... ။ ”

လင်းယွန်က စူးစမ်းဟန်ဖြင့် မေးလိုက်သည်။

“ ဒါ ... မင်းရဲ့ စမ်းသပ်မှုပဲ၊ စုစုပေါင်း အဆင့် ကိုးဆင့် ရှိတယ်၊ တစ်ဆင့်ချင်း စီမှာ ဆုလာဘ် တစ်ခု စီမံ ပေးထားတယ်၊ ... ”

“ ... ရုပ်တု တိုင်းက မင်းထက် တစ်ဆင့် မြင့်မားတဲ့ နယ်ပယ် မှာ ရှိတယ်၊ ကိုးခုမြောက် ရင်ပြင်ကို ဖြတ်ကျော် ပြီးရင်၊ မင်းထွက်သွား နိုင်တယ်၊ မင်းမှာ အချိန် နေ့ဝက်ပဲ ရှိတာ ကိုတော့ သတိရပါ။ ”

ဓားကျိုးက တုန်ယင် ပြီးနောက် ပြန်လည် ငြိမ်သက် သွား၏။

လင်းယွန်က ကျောက်သား ရုပ်တု များကို စတင် စစ်ဆေး မိသည်။ ကနဦး ယင်-ယန် အဆင့် ၌သာ ရှိပါက၊ ကိုင်တွယ်ရ ခက်ခဲမည် မဟုတ်ချေ။

ကျောက်သား ရုပ်ထု ကြီးက ရုတ်တရက် အသက်ဝင် လာပြီး၊ မျက်လုံးများ တောက်ပ သွားသည်။

“ ခွျမ် ..... ။ ”

သတ်ဖြတ် လိုသော အရှိန် အဝါများ ပေါက်ကွဲ ထွက်လာကာ၊ ကျယ်လောင်သော မြည်သံဖြင့်၊ ဓား ဆွဲထုတ် လိုက်၏။

ယင်းမှာ ဓား ရည်ရွယ်ချက်ကြောင့် ဖြစ်ပေါ် လာခြင်း ဖြစ်သည်။ သို့သော် တိုက်ခိုက် လာသော ဓားရေးကို ကြည့်ပြီး၊ အံ့ဩ တုန်လှုပ် သွား၏။

“ မိုး ကြိုး ။ ”

လျှပ်စီး (၁၈)ချက် လင်းလက် လာပြီး၊ မိုးကြိုးများ အတွဲလိုက် ပစ်ချ လာတော့၏။ မြန်လွန်း သဖြင့် လင်းယွန် မျက်နှာကို သိသိ သာသာ ပြောင်းလဲ သွားစေသည်။

ဓားဆွဲရန် ကြိုးစား မိသော်လည်း၊ မအောင်မြင် ခဲ့ပေ။

“ ဘာလို့ ဓားဆွဲ မရ တာလဲ။ ”

ဓားကို ဆွဲ မရ သဖြင့်၊ လင်းယွန် တစ်ယောက် အလွန် တုန်လှုပ် သွားသည်။

“ မင်း ဒီမှာ ဓားဆွဲလို့ မရဖူး ဆိုတာ ... ၊ ငါပြောဖို့ မေ့သွား တယ်၊ ဒါက မင်း အတွက် သီးသန့် စည်းမျဉ်းပဲ၊ မင်းကို ဓားဆွဲခွင့် ပြုလိုက်ရင် အရမ်း လွယ်သွား လိမ့်မယ်။ ”

အဖိုးအို၏ ညစ်ကျယ်ကျယ် နိုင်သော အသံ တစ်သံ၊ နောက်တစ်ကြိမ် ထွက်ပေါ် လာသဖြင့်၊ ကျိန်ဆဲ ပစ်လိုက် မိသည်။

လျှပ်စီး နဂါ ရူရ် (၁၁) လုံး လင်းလက် သွားပြီး၊ ခရမ်းရောင် အခိုးအငွေ့များ ထွက်ပေါ် လာသည်။

နဂါး ဟောက်သံ ပဲ့တင် လာချိန်၌၊ တိုက်ခိုက်မှု များကို ရှောင်တိမ်းကာ၊ လက်သီး ဖြင့် ပြန်လည် ထိုးနှက် လိုက်သည်။

သို့သော် ဓားအလင်း ရှစ်ချက် ထိမှန် ခံလိုက်ရပြီး၊ သွေးတစ်လုတ် အန်လျက် လွင့်စင် သွား၏။

ပြင်းထန်သော မိုးကြိုး မုန်တိုင်း အတွင်း ပိတ်မိနေ သကဲ့သို့၊ ခန္ဓာကိုယ် တစ်ခုလုံး ပြိုကျ လုနီးပါး၊ တုန်ယင် လာသည်။

“ သေ စမ်း ။ ”

တစ်ချိန် တည်းတွင် ဒေါသနှင့် ကြောက်ရွံ့ ခြင်းများ ထွက်ပေါ် လာ၏။ မိုးကြိုးဖြင့် ရင်ဆိုင် ရသော သူ့ ပြိုင်ဘက်များ အပေါ်၊ စာနာ သွား မိသည်။

ဤတိုက်ခိုက် မှုမှာ မည်မျှ ကြောက်စရာ ကောင်းသည်ကို သိသော်လည်း၊ တစ်နေ့ တွင် ကိုယ်တိုင် မြည်းစမ်း ရလိမ့် မည်ဟု၊ မမျှော်လင့် ထားချေ။

ကျောက်သား ရုပ်တုမှာ ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ ဓားဖြင့် ခုတ်ပိုင်းလာ ပြန် သဖြင့်၊ လေထဲ သုံးကြိမ် ခုန်လျက် ရှောင်တိမ်း လိုက်ရသည်။

မြေပြင်ပေါ် အခိုင်အမာ မရပ် နိုင်မီ၊ ကျောက်သား ရုပ်ထု ထံမှ ဓားချက်များ ထပ်မံ ကျဆင်း လာပြန်၏။

“ မင်း ... ပြီးပြီလား၊ ငါကို အနိုင်ယူ နိုင်မယ်လို့၊ တကယ် ထင်နေ တာလား။ ”

လင်းယွန် ဒေါသ ထွက်သွားသည်။ ဤအတိုင်း ဆက်သွား ပါက ကျောက်ရင်ပြင် ပေါ်မှ၊ တွန်းချ ခံရပေ တော့မည်။

“ နဂါး လက်သည်း။ ”

အကြေးခွံများ လက်ကို ဖုံးအုပ် လာပြီး၊ ဒေါသ ထွက်နေသော နဂါးကြီး တစ်ကောင် ကဲ့သို့၊ ဟောက်သံပြု လိုက်၏။

နဂါး စွမ်းအင်မှာ သူ့လက် နှစ်ဖက်ထဲ စိမ့်ဝင် လာပြီး၊ ကျောက်သား ရုပ်ထု၏ အကာ အကွယ် များကို ဖြိုခွဲ ပစ်တော့သည်။

ကျောက်သား ရုပ်တု ရင်ဘတ်၌၊ နက်ရှိုင်းသော လက်သည်းရာ ကြီးနှင့် အတူ၊ နောက်သို့ ပြန်ဆုတ် သွားသည်။

ဤနေရာ၌ လူသား ခန္ဓာသာ ဆိုပါက၊ နှစ်ပိုင်းကွဲ သွားမည် ဖြစ်၏။

“ မင်းမှာ ... ဒါပဲ ရှိတာလား၊ ဒါဆို ရင်တော့ မင်း သေပြီ။ ”

ကျောက်သား ရုပ်တုမှာ သခင့်ဓား- မိုးကြိုးကို သိရုံ မျှသာ ရှိနေ သဖြင့်၊ အနည်းငယ် စိတ်သက် သာရာ ရသွားသည်။

ရုပ်တု ပေါ်ရှိ လက်သည်း ရာမှာ၊ တဖြည်းဖြည်း ပြန်လည် ကောင်းမွန် နေချိန်တွင်၊ လင်းယွန်က ကောင်းကင်ပေါ် ခုန်တက် လိုက်သည်။

လက်များကို ဆန့်ထုတ်လျက်၊ ရွှေကျီးကန်း တစ်ကောင် ကဲ့သို့ ပျံသန်း သွားကာ၊ နဂါး ရူရ် များကို အသက်သွင်း လိုက်၏။

လျှပ်စီးများ ထိမှန် ပြီးနောက်၊ ကျောက်သား ရုပ်တု ကြီးတွင် အက်ကြောင်းများ ဖြစ်ပေါ် လာ တော့သည်။

မကြာမီ အက်ကြောင်း အတွင်းမှ အလင်းများ ဖြာကျ ပေါက်ကွဲ သွားသည်။ ပေါက်ကွဲမှု အတွင်းမှ အလင်းများ ဖြာထွက် လာပြီး၊ လင်းယွန် ခန္ဓာကိုယ် ထဲသို့ ဝင်ရောက် ကုန်ကာ၊ ခရမ်းရောင် နန်းတော်ထဲ စီးဝင် သွား၏။

ထို့နောက်တွင် ကျင့်ကြံမှုမှာ၊ မြင်သာသော အဟုန်ဖြင့် ကြီးထွား လာသည်ကို ခံစား လာရ ၏။

“ ဒါတွေကို အကျိုး တရားလို့ ခေါ်သလား။ သူတို့က တကယ် တော်တယ်။ ”

ထိုစွမ်းအင် များမှာ၊ ‘လ’ ဝက်ကြာ ကျင့်ကြံမှုနှင့် ညီမျှကြောင်း သူသိ လိုက်သဖြင့် ဝမ်းသာ သွားသည်။

ထို့ကြောင့် ကျန်ရှှိ နေသော ကျောက်သား ရုပ်တု များကို စိတ်လှုပ်ရှား စွာဖြင့် လှမ်းကြည့် လိုက်သည်။

မြေပြင်ပေါ် ပြန်လည် ခြေချမိ သည်နှင့်၊ လက်ဝါး နှစ်ဖက်ကို ပွတ်သတ်လျက်၊ ရက်စက် ကြမ်းကြုတ်သော သားရဲ တစ်ကောင် ကဲ့သို့၊ ဒုတိယ ရင်ပြင်ပေါ် ပြေးတက် သွား၏။

ယင်းမှာ စမ်းသပ်မှု ဖြေဆို နေသော လူတစ်ဦးဖြင့် မတူဘဲ၊ သားကောင်ကို အမဲလိုက် နေသော မုဆိုး တစ်ဦးနှင့်၊ တူလာ ပေ၏။

“ ကောင်လေး ... ၊ မင်း ဘာလို့ ကြမ်းကြုတ်တဲ့ နတ်ဆိုး သားရဲ တစ်ကောင်လို၊ ပြုမူ နေရ တာပဲ။ ”

ဓားကျိုးက လင်းယွန်၏ တောက်ပသော မျက်ဝန်း များကို သတိထား မိပြီး၊ အံ့ဩ သွားသည်။

လင်းယွန် တစ်ယောက်၊ ကျင့်ကြံ မှုတွင် အောင်မြင်မှု ရယူရန်၊ မည်မျှ ဆာလောင် နေကြောင်း၊ သူ မသိချေ။

“ သခင့်ဓား- အလင်းခွဲ ဖြတ်ခြင်း။ ”

ဒုတိယ ရင်ပြင်ပေါ် ဆင်းသက် လိုက်သည်နှင့်၊ ကေျာက်သား ရုပ်တု နှစ်ခု အသက်ဝင် လာ တော့သည်။

နောက်တစက္ကန့်တွင် နယ်မြေ တစ်ခုလုံး အမှောင် ဖုံးလွှမ်း သွားစေသော သူတို့ ဓားချက် များကို တွန်းထုတ် လာ၏။

သို့သော် ထိတ်လန့်ခြင်း မရှိဘဲ၊ ဓားသုတ္တန်ကို ဖြန့်ကာ၊ ခရမ်းရောင် ပန်းအား၊ ပွင့်စေ လိုက်သည်။

ငွေဓား စွမ်းအင်နှင့်၊ နဂါး ရူရ်တို့ ပေါင်းစပ် သွားကာ၊ အမှောင်ထုကို အလင်း ဆောင်သော နဂါး (၁၁) ကောင် ထွက်ပေါ် လာသည်။

ဤအခိုက် အတန့်တွင် ဓားအရှိန် အဝါနှင့်၊ နဂါး အရှိန် အဝါတို့ ပေါင်းစပ် သွားပြီး၊ နဂါးဓား အရှိန်အဝါ အဖြစ်၊ ပြောင်းလဲ လိုက်၏။

အသစ် ဖြစ်တည် လာသော အရှိန်အဝါက၊ ပျံသန်း လာသည့် ကျောက်သား ရုပ်တု နှစ်ခုကို လွှမ်းခြုံ နေစဉ်၊ လက်မဖြင့် လက်ခလယ်၏ လက်သည်း ခွံပေါ်၊ ဖိထား လိုက်သည်။

ထိုနည်းအားဖြင့် လက်ခလယ်တွင်၊ ဓားရည်ရွယ်ချက်များ သိပ်သည်း လာတော့ ၏။

နဂါး ဆယ့် တစ်ကောင်က၊ သူ့ ပတ်ဝန်း ကျင်တွင် ရစ်ဝိုင်း လာပြီး၊ ထိပ်တိုက် တွေ့မည့် အချိန်အား၊ စောင့်ဆိုင်း နေချေပြီ။

“ နတ်ဘုရား ပုံရိပ်ယောင် လက်ညှိုး - အကြွင်းမဲ့ ထိမှန်ခြင်း။ ”

လက်ခလယ်ကို တောက်ထုတ် လိုက်ချိန်၌၊ လက်သည်း အတွင်းမှ အလင်းများ ဖြာထွက် လာပြီး၊ စွမ်းအင် ဓားနှစ်လက် ပြေးထွက်သွား တော့သည်။

ကျောက်သား ရုပ်တု နှစ်ခု ကြမ်းပြင်ပေါ် ရပ်နား လိုက်ချိန်တွင်၊ ရင်ဘတ်၌ အပေါက်ကြီး တစ်ပေါက်ဆီ၊ ဖြစ်ပေါ် နေခဲ့၏။

သိပ်မကြာခင် မှာပင် အက်ကြောင်းများ ထင်ဟပ် လာကာ၊ အလင်းများ ဖြာထွက်လျက်၊ အပိုင်းပိုင်း ပေါက်ကွဲ ကုန်သည်။

နတ်ဘုရား ပုံရိပ်ယောင် လက်ညိုးသည်၊ ဤသို့ အစွမ်းထက် နေဦး မည်ဟု မထင်ထား သောကြောင့်၊ အံ့သြ မိ၏။

သည်နည်းစနစ် အပေါ်၊ နောက် တစ်ကြိမ် အာရုံ စိုက်ရန် လိုနေပုံ ရသည်။ ၎င်းမှာ ဓား သူတော်စင် ချန်ရစ် ခဲ့သော နည်းစနစ် တစ်ရပ် ပေပင်။

မြင့်မားသော အဆင့်သို့ ရောက်ရှိ သွားပါက၊ လက်ညှိုး ထိုးရုံဖြင့် ကြယ်များကို ဖျက်ဆီးပစ် နိုင်မည်ဟု ဆိုထား၏။

အလင်းစွမ်းများ ခန္ဓာကိုယ် အတွင်း၊ တိုးဝင် လာပြီး၊ မူလ စွမ်းအင် အဖြစ် ပြောင်းလဲ သွား တော့ သည်။

အလင်းများ ပျောက်ကွယ် သွားသော အခါတွင်၊ ခရမ်းရောင် နန်းတော်ရှိ ခရမ်းရောင် ပန်းမှာ၊ ပွင့်ချပ်ပေါင်း (၉၃)ချပ် အထိ ဖြစ်တည် လာ၏။

ယင်းကြောင့် မျက်နှာ ပေါ်၌ စိတ်လှုပ်ရှားမှု များဖြင့် တောက်ပ လာကာ၊

“ တကယ်တော့ အခြေခံ အုတ်မြစ်က မူလ စွမ်းအင် ပါပဲ၊ ကြည့်ပါဦး ဘယ်လောက်ထိ ကြောက်စရာ ကောင်းလိုက်လဲ … ၊ ”

“ ... ဒီလိုသာ ဆိုရင်၊ ကိုးခုမြောက် စမ်းသပ်ချက် အပေါ် ဖြတ်ကျော်ပြီး တာနဲ့၊ ဓားသုတ္တန်ကို အဆင့် (၁၂) အထိ တွန်းပို့ နိုင်လိမ့်မယ်။ ”

ထိုအကြောင်းကို တွေးမိ ပြီးနောက် မျက်နှာ ပေါ်ရှိ ပျော်ရွှင်မှု များအား၊ ဖုံးကွယ် ထားရန် မတက် နိုင်တော့ပေ။

***

All Chapters