နောက်ဆုံး ရင်ပြင်။
Vol. 51 Ch. 704
ဓားသုတ္တန်တွင် အောင်မြင်မှု တစ်ခု ရယူ ခြင်းမှာ၊ ကျင့်ကြံမှု၌ အောင်မြင်မှု တစ်ခု ပြုလုပ် ခြင်းထက် ပို၍ ခက်ခဲ ပေ၏။
ထို့ကြောင့် လောဘကြီး စွာဖြင့်၊ ကောင်းကင်ပေါ် ပျံတက် သွားကာ၊ တတိယ ရင်ပြင်ထံ ဆင်းသက် လိုက်သည်။
ရုပ်တု သုံးရုပ်မှာ ချက်ချင်းပင်၊ သူ့အား တိုက်ခိုက် လာသဖြင့်၊ လျှပ်စီး နဂါး ရူရ် (၁၁) လုံးကို နဂါးနှင့် ကျား အဖြစ်၊ ဖွဲ့ဆည်း မိသည်။
အချိန် အတော်ကြာ အသုံး မပြု ခဲ့သော ကျား-နဂါး လက်သီးကို ထုတ်ဖော် လိုက်ခြင်း ဖြစ်၏။
ဓားကို မဆွဲနိုင် သောကြောင့်၊ သူ့အတွက် ဖြစ်နိုင် သမျှသော နည်းလမ်းများ အားလုံး သုံးကြည့် ရပေမည်။
ကျား-နဂါး လက်သီးမှာ၊ နိမ့်ကျ နေပြီ ဖြစ် သော်လည်း၊ နဂါးဓား အရှိန် အဝါနှင့် လွှမ်းခြုံ ပြီးနောက်၊ အနီးကပ် တိုက်ပွဲ များတွင် အားကိုး နိုင်သည်။
ဤအခိုက် အတန့်တွင် စမ်းသပ် ပွဲမှာ၊ သူ့တွင် လုံလောက်သော နည်းလမ်းများ၊ ရှိ-မရှိ စမ်းသပ်ခြင်း ဖြစ်ကြောင်း၊ နားလည် လာ၏။
သို့သော် နည်းစနစ် တိုင်းကို သရုပ်ဖော် အဆင့်ထိ၊ ဆုပ်ကိုင် ထားနိုင် ခဲ့သဖြင့်၊ ပြဿနာ မရှိချေ။
ကျောက်သား ရုပ်တု သုံးခု ကြေမွှ သွားပြီးနောက်၊ စီးဝင် လာသော အလင်း များကြောင့်၊ ခရမ်းရောင် ပန်း၌၊ ပွင့်ချပ် (၉၅ချပ် အထိ၊ ဖြစ်လာ တော့၏။
ဓားသုတ္တန်ကို အဆင့် (၁၂) ဆင့်အထိ၊ မြှင့်တင်နိုင် ခဲ့ပါလျှင်၊ အထွတ် အထိပ် ယင်-ယန် အဆင့် သာမန် ကျွမ်းကျင်သူ များအား နှိမ်နှင်း နိုင်၏။
ထို့ကြောင့် တိုက်ပွဲဝင် ဆန္ဒများ ဆူပွက် လာပြီး၊ စတုတ္ထ ရင်ပြင်ပေါ်၊ ခုန်တက် လိုက်သည်။
တိုက်ပွဲများ ဆက်တိုက် ဆင်နွှဲလာ ရသဖြင့်၊ ကျောက်သား ရုပ်တု များ၏ သဘော သဘာဝ အပေါ်၊ ရှင်းလင်းစွာ နားလည် လာ၏။
ကြမ်းပြင်ပေါ် ခြေချမိ သည်နှင့်၊ မဟာလေဟုန် ကျမ်းကို အသုံး ပြု၍ လက်ဖဝါး ရိုက်ချက်များ၊ ချက်ချင်း ထုတ်ဖော် ပစ်လိုက် သည်။
လေပြင်းများ တိုက်ခတ် မှုကြောင့်၊ ကျောက်သား ရင်ပြင် တစ်ခုလုံး တုန်လှုပ်သွား တော့သည်။
မျက်ဝန်း များမှ အေးစက်သော အလင်းရောင် တစ်ချက် နှင့်အတူ၊ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး၊ ဦးခေါင်း များကို လက်သီးဖြင့် ထိုးခွဲ ပစ်လိုက်၏။
မဟာ လေဟုန် ကျမ်းကြောင့်၊ ဖိနှိပ်ခံ ထားရသော ကျောက်သား ရုပ်တု များမှာ၊ သူတို့ ဓားများပင် ဆွဲချိန် မရခဲ့ဘဲ၊ ချက်ချင်း ဖျက်ဆီးခံ လိုက်ရ တော့သည်။
စမ်းသပ်မှု အပေါ်၊ အချိန် ကန့်သတ်ထား သဖြင့်၊ တုန့်ဆိုင်းခြင်း မရှိ၊ ပဉ္စမမြောက် ရင်ပြင် ထံသို့၊ ထပ်မံ ပြောင်းရွေ့ လိုက်၏။
ရုပ်တုများ ကွဲကြေ ခြင်းမှ၊ ထွက်ပေါ် လာသော အလင်း များမှာ၊ ခန္ဓာ ကိုယ်ထဲ ဝင်ရောက်ရန်၊ နောက်ပါးမှ လိုက်ပါ နေရဆဲ ဖြစ်သည်။
ရင်ပြင်ပေါ် ဆင်းသက် မိချိန်၌၊ ထိုအလင်းများ စီးဝင်မှုကြောင့်၊ ပွင့်ချပ် (၉၆)ချပ် အထိ၊ ရရှိ လာခဲ့သည်။ အဆင့် (၁၂)ဆင့်ထိ ရောက်ရှိရန်၊ (၄)ချပ်သာ လိုပေ တော့၏။
“ ဒီကောင်လေးမှာ တကယ့်ကို နည်းလမ်းတွေ အများကြီး ရှိနေ တာပဲ။ ”
ဓားကျိုး၏ အသိစိတ်မှာ တုန်လှုပ် သွားလေသည်။ ရွယ်တူချင်း ဆိုပါက သူပင် ဤလူငယ် အပေါ် ထိတ်လန့် မိပေမည်။
ထို့အပြင် ၎င်းနည်းစနစ် များအား၊ သရုပ်ဖော် အဆင့်ထိ၊ ကျွမ်းကျင် ပိုင်နိုင်စွာ ဆုပ်ကိုင်ထား နိုင်ပေ၏။
ပဉ္စမမြောက် ရင်ပြင်ရှိ ကျောက်သား ရုပ်တု ငါးခုက၊ ဓားအစီရင် တစ်ခု ခင်းကျင်းကာ၊ တိုက်ခိုက် လာ သောကြောင့်၊ လင်းယွင် အရှိန်မှာ နှေးကွေး သွားခဲ့သည်။
သို့သော် အောင်မြင်စွာ ဖြတ်သန်း နိုင်ပါက၊ ရရှိ လာမည့် အကျိုး အမြတ်မှာ၊ ဖြတ်ကျော် ခဲ့သော ရင်ပြင် များထက်၊ ငါးဆ ပို၍ အကျိုးရှိ ပေမည်။
နောက်ဆုံးသော ကိုးခုမြောက် ရင်ပြင်သို့ ရောက်ရှိ လာချိန်၌ ခန္ဓာကိုယ် အနှံ့ သွေးများ၊ ဖုံးလွှမ်း နေပြီ ဖြစ်သည်။
ခြေချမိ သည်နှင့်၊ အေးစက်သော အငွေ့ အသက်များ၊ ကြမ်းပြင်မှ တဆင့်၊ တစ်ဟုန်ထိုး စီးဝင်လာ သဖြင့်၊ အနည်းငယ် တုန်လှုပ် သွားသည်။
“ အေး လိုက် တာ ... ။ ”
ထိုအေးစက်မှု များက မူလ စွမ်းအင် အပေါ်၊ ကန့်သတ် လာ သောကြောင့်၊ ဤရင်ပြင်၌ ပို၍ ခက်ခဲ တော့မည်ကို၊ နားလည် လိုက်သည်။
အရပ်မျက်နှာ အသီးသီးတွင်၊ ချပ်ဝတ်များ ဝတ်ဆင်သော ကျောက်သား ရုပ်တု ကိုးခု ရှိပြီး၊ သူတို့ ကိုင်ဆောင် ထားသော ဓားများမှာ မရိုးရှင်း လှချေ။
“ နှစ်ပေါင်း ရှစ်ထောင် တိုင်တိုင်၊ ငါတို့ရဲ့ ဘုန်းတန်းခိုးကို မိုင်ပေါင်း ကိုးသောင်း အထိ၊ လွှမ်းခြုံ ထားနိုင်တယ်၊ လမင်း ရှိနေ သရွေ့ ဓားဂိုဏ်း ဘယ်တော့မှ မရွေ့ ... ။ ”
ပဲ့တင်သံ ဆုံးသည်နှင့် တစ်ပြိုင်နက်၊ ကျောက်သား ရုပ်တု ကိုးခုမှာ အသက်ဝင် လာခဲ့သည်။
မျက်နှာ ပေါ်ရှိ၊ ခံစားချက် မဲ့သော အမူ အရာများ ပျောက်ကွယ် သွားပြီး၊ ခရမ်းရောင် ချပ်ဝတ် ၀တ်ဆင် ထားသော၊ ဓားသမား ကိုးဦး အဖြစ် ပြောင်းလဲ သွားကုန်၏။ လေ အဝေ့တွင် ဆံပင် များပင်၊ တဖျပ်ဖျပ် ခတ်လာသည်။
သူတို့ တစ်ဦးချင်း စီတွင်၊ ရှန်ရှင်းဓား ရည်ရွယ်ချက်ကို၊ အပြည့် အ၀ ဆုပ်ကိုင်ထား ချေ၏။
“ ဒါ က ... ။ ”
ဤမြင်ကွင်းကြောင့် လင်းယွန် တစ်ယောက် လေးနက် သွားသည်။ သတ္တုသံ ကိုးသံနှင့် အတူ၊ လူ ကိုးဦးမှ ဓားဆွဲ သံများ ဆူညံ လာ၏။
ဓားများမှ တိုးထွက် လာသော အလင်းတန်း များက၊ လင်းယွန်အား နောက်ပြန် ဆုတ်သွား စေခဲ့ သည်။
ယင်းကို အခွင့်ကောင်း ယူပြီး၊ ဓားသမား ကိုးဦးက ချက်ချင်း တိုက်ခိုက် လာတော့ သည်။
လင်းယွန်မှာ ရွေ့လျားမှုကို ကန့်သတ် ခံထား ရသော ကြောင့်၊ လှောင်အိမ် ထဲမှ ကြက် သဖွယ် ဖြစ်လာ၏။
ထို့ကြောင့် ကျိန်ဆဲပြီး၊ လက် နှစ်ဖက်ဖြင့် တံဆိပ် များကို ဖန်တီးကာ၊ သတ်ပစ် လိုသော ရောင်ဝါအား၊ ဒီရေလှိုင်း များကဲ့သို့၊ ထုတ်လွှတ် လိုက်သည်။
သတ်ဖြတ်ခြင်း ရောင်ဝါက ရှန်ရှင်း ဓားနှင့်၊ ကန့်သတ် ထားသော လှောင်အိမ်အား အမှန် တကယ်၊ ဖြိုချ နိုင်ခဲ့သည်။
သည့်မျှပင် မက ဓားသမား ကိုးဦး၏ လှုပ်ရှားမှု များကိုလည်း၊ တောင့်တင်း သွား စေ၏။
သို့သော် ထိုသတ်ဖြတ်ခြင်း ရောင်ဝါကို ဖျက်ဆီးရန်၊ ဓား ရည်ရွယ်ချက်များ အသုံး ပြု၍ ကြိုးစား လာကြသည်။
“ သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက် — ဒေါသ တရား။ ”
လင်းယွန်တွင် ဆုတ်ခွာရန် လမ်းကြောင်း မရှိချေ။ သေလျှင် သေ၊ မသေလျှင် ကောင်းကင် ပေါ်၊ ပျံတက် ပေလိမ့်မည်။ ထို့ကြောင့် ရူးမိုက် စွာဖြင့်၊ ပြုမူ လိုက်တော့၏။
ရက်စက် ကြမ်းကြုတ်သော သားရဲ တစ်ကောင် ကဲ့သို့၊ ဒေါသ တရားများ လောင်ကျွမ်း လာပြီး၊ အနီးဆုံး ဓားသမားကို လှမ်းထိုး လိုက်သည်။
“ သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက် — လောင်ကျွမ်း နေသော ကောင်းကင်ကြီး။ ”
ကောင်းကင်တွင် နာကြည်းမှုများ ပြည့်နှက် လာချိန်၌၊ လက်သီး ချက်များအား ထပ်မံ ထိုးချ လိုက်၏။
တိုက်ခိုက် ခံရသော ထိုဓားသမားမှာ၊ လင်းယွန်၏ လက်သီး တစ်ချက် ရင်ဘတ်ပေါ်၊ ထိမှန် ခံလိုက် ရပြီး၊ ပြန်လည် ဆင်းသက် လာ၏။
မူလ စွမ်းအင်များ ရင်ဘတ်ထဲ စိမ့်ဝင် သွားသဖြင့်၊ ချပ်ဝတ်၌ အက်ကွဲ ကြောင်းများ ပျံ့နှံ့ ကုန်တော့သည်။
၎င်းချပ်ဝတ်မှာ သူ၏ နဂါး တိုက်ပွဲဝင် ခန္ဓာကိုယ်နှင့် ယှဉ်နိုင် သောကြောင့်၊ ပျော်ရွှင် ခြင်းငှာ၊ အတော မသတ်နိုင် ခဲ့ချေ။
သူ့ဓား မပါဘဲ ကိုင်တွယ် ဖြေရှင်း ရသည်မှာ၊ ထင်သလောက် မလွယ်ကူ လှချေ။
“ ကောင်လေး ... ၊ မင်းမှာ နံ့သာ တစ်တိုင် စာပဲ ကျန်ရှိ တော့တယ်နော်။ ”
ဓားကျိုးထဲ ဓားမှ အားနည်းသော အသံ တစ်သံ ထွက်ပေါ် လာသည်။ ထိုအသံကြောင့် အသက် တရှိုက် စာမျှ၊ အာရုံလွင့် သွားသဖြင့်၊ ထိုဓားသမားအား နောက်ဆုတ်ခွင့် ရသွား စေခဲ့၏။
ဓားသမား ဆုတ်ခွာ သွားပြီးနောက်၊ ကွဲအက်သွားသော ချပ်ဝတ် နေရာ၌၊ အသစ် ထပ်မံ ဖြစ်ပေါ် လာသည်။
တစ်ချိန်တည်း မှာပင် ကျန်ရှိ နေသော ဓားသမားများ အနက် နှစ်ဦးက အော်ငေါက်၊ ပြေးဝင် လာကြသည်။
သတ်ပစ် လိုသော ရောင်ဝါမှ၊ ဓားသမား များကို အကြာကြီး ထိန်းထား နိုင်မည် မဟုတ် ဟု၊ သူ မျှော်လင့် ထားပြီးသား ပေပင်။
ကိုးဦးကို နှေးကွေး စေပြီး၊ တစ်ဦးအား သတ်ရန် ရည်ရွယ် ခြင်းသာ ဖြစ်သော်လည်း၊ ယင်းမှာ မအောင်မြင် တော့ချေ။
နှလုံးခုန် နှုန်းများ မြင့်တက် လာလျက်၊ သတ်ဖြတ် လိုသော ရောင်ဝါ များကို၊ တိုး၍ ထုတ်ဖော် လိုက်သည်။
ဤနေရာထိ ရောက်ရှိ လာပြီးနောက်၊ အရှုံးပေးမည် မဟုတ်ဘဲ သေသည် အထိ၊ တိုက်ပွဲဝင် သွားမည် ဖြစ်သည်။
***