← Chapters

စီနီယာ၊ ငါ့ကို ခွင့်လွှတ်ပါ။

Vol. 51 Ch. 707

စီနီယာ၊ ငါ့ကို ခွင့်လွှတ်ပါ။

Vol. 51 Ch. 707

ထိုအချိန်တွင် ကောင်းကင် တိမ်လွှာ ဂိုဏ်းမှာ၊ ဓားအစီရင် အတွင်း၌ ခက်ခဲစွာ ဖြတ်သန်း နေခဲ့ ရသည်။

ရုပ်တု ကိုးခုမှာ မယုံ နိုင်စရာ လောက်အောင် သန်မာ လှပြီး၊ ၎င်းတို့ အားလုံးသည် ယင်-ယန် အဆင့်၌ ရှိနေကြ ချေ၏။

သူတို့၏ ပူးပေါင်း ဆောင်ရွက်မှု များကြောင့်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ်နှင့် နီးစပ်သော စွမ်းအားကို ထုတ်လွှတ် နိုင်ခဲ့သည်။

ရုပ်တု များမှာ အသက် မရှိဘဲ၊ သခင့်ဓားကို ဆုပ်ကိုင် ထားခြင်း မရှိသော ကြောင့်သာ၊ ကျေးဇူးတင် ရပေမည်။ သို့သော် အူယန်ဟောင် မှလွဲ၍ လူတိုင်း ဒဏ်ရာရ နေ၏။

ကြမ်းပြင်၌ ကံဆိုးသော လူ အချို့၏ အလောင်း များပင်၊ ရှိနေ ချေသည်။ ရုပ်တု ကိုးပါး အနက် ရှစ်ပါးကို သတ်ဖြတ်ရန်၊ အဖိုး အခ ကြီးစွာ ပေးချေ ခဲ့ရသည်။

ကျန်ရှိ နေသည့် တစ်ခု တည်းသော ရုပ်တုကို ကြည့်ပြီး၊

“ မင်း ငါတို့ကို တားနိုင်မယ် ထင်လား။

-ဟု အူယန်ဟောင်က စိတ်လှုပ်ရှား စွာဖြင့် မေးမြန်း လိုက်၏။

ရုပ်တု များ၏ ခွန်အား အရ၊ ၎င်းတို့ ကာကွယ် ထားသော ရတနာမှာ၊ အလွန် အဖိုးတန် ရမည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် ပါရမီရှင် ခုနစ်ပါး အတွင်း၊ ပို၍ သန်မာ နိုင်သော အခွင့်ရေး တစ်ရပ် ဖြစ်မလာ နိုင်ဟု၊ မည်သူမျှ ယတိပြတ် မငြင်းဆန် ဝံ့ချေ။

“ ဟား ... ဟား ... ဟား ... ။ ”

ဤနေရာ၌ ထိုရတနာကို ချက်ချင်း သန့်စင်သင့် သည်လောဟု၊ ချင့်ချိန် စဉ်းစားကာ၊ ပြုံးရယ် လိုက်မိ လေသည်။

ယင်းသို့ သန့်စင် ပြီးနောက်တွင်၊ သူ၏ စီနီယာ အစ်ကိုနှင့် ချန်စီယု လိုချင် နေသော ရတနာ များပင်၊ ရယူ နိုင် ပေမည်။

ကောင်းကင် တောင်ကုန်း မြို့ကို အုပ်စိုးကာ၊ သူ့ နာမည်အား မိုးကြိုး စီရင်စု၌ ကောင်းစွာ တည်ဆောက် နိုင်တော့မည် ဖြစ်၏။

သွေးစွန်းသော ဧည့်ခံ ပွဲ၌ ထိပ်ဆုံး နှစ်ဆယ် သို့တိုင်၊ တက်လှမ်း သွားနိုင် ပေမည်။

ဤသည်မှာ သိုင်းလောက ဖြစ်၏။ အခွင့် အရေး များသည်၊ အရည် အချင်းနှင့် နားလည်မှု များထက်၊ ပို၍ အသုံးဝင် ချေသည်။

လုံလောက်သော အခွင့် အရေးသာ ရှိပါက၊ သာမန် လူတစ်ဦး ပင်လျှင် ပါရမီရှင် တစ်ဦး ဖြစ်လာ နိုင်မည်။

“ မြန်မြန် ... ၊ ဒီရုပ်တုကို ရှင်းကြစမ်း ... ။ ”

နောက်ဆုံး ရုပ်ထုကို ကြည့်ပြီး၊ အူယန်ဟောင် တစ်ယောက် လောဘများ ထိန်းမရ တော့ချေ။

စမ်းသပ်မှု အတွင်း မအောင်မြင် ပါက၊ သေဆုံးသည် အထိ ကြုံလာ နိုင်သဖြင့်၊ မည်မျှပင် အရေးကြီး စေကာမူ ဝင်ရောက် ကူညီခြင်း မရှိ ခဲ့ချေ။

“ ဓားဂိုဏ်း ထဲက လူတိုင်း သေကုန်ပြီ၊ အားလုံးက သရဲ တစ္ဆေတွေ ချည်ပဲ။ ”

အူယန်ဟောင်က အေးစက်သော အပြုံးဖြင့် ဆိုသည်။ သူ့ လေသံတွင် ဓားဂိုဏ်း အပေါ် လေးစားမှု မရှိ ခဲ့ချေ။

ထို့နောက် အကြီးအကဲ များနှင့် တိုက်ခိုက် နေသည့် ရုပ်ထု၌ အက်ကွဲ ကြောင်းကို လှမ်းမြင် လိုက်ရ သဖြင့်၊ လှံနှင့် လှမ်းထိုး လိုက်သည်။

“ သေ စမ်း ... ။ ”

အူယန်ဟောင် ထံမှ အားကောင်းသော ရောင်ဝါ တစ်ခု ဖြာထွက် လာပြီး၊ ကျောက်သား ရုပ်တုမှာ၊ အပိုင်းအစ အဖြစ် ပေါက်ကွဲသွား လေသည်။

ယင်းကို မြင်သည်နှင့်၊ သူ့ ဘေးရှိ အကြီးအကဲ များမှာ ထိတ်လန့် သွားပြီး၊

“ ဂိုဏ်းတူ ... တူလေး အူယန်ဟောင်၊ ကောင်းကင် တိမ်လွှာ နည်းစနစ်မှာ၊ သတ္တမ အဆင့် ရောက်နေ ပြီလား။ ”

ယင်းသည် ကောင်းကင် တိမ်လွှာ ဂိုဏ်း၏၊ မူပိုင် ကျင့်ကြံမှု နည်းစနစ် ဖြစ်သည်။ အမာခံ တပည့် များသာ ကျင့်ကြံ နိုင်ပြီး၊ အဆင့် ကိုးဆင့်အား၊ အဆင့် သုံးဆင့်ဖြင့် ထပ်မံ ခွဲခြား ထားသည်။

မူလ စွမ်းအင် အရောင်မှာ၊ အဆင့်တိုင်း အတွက် မတူညီချေ။ ပထမ အဆင့် သုံးဆင့်မှာ၊ အဖြူရောင် ဖြစ်ပြီး၊ ဒုတိယ အဆင့် သုံးဆင့်သည် ခရမ်းရောင် ဖြစ်၏။

နောက်ဆုံး အဆင့် သုံးဆင့် အနေ ဖြင့်မူ၊ ကြက်သွေးရောင် ဖြစ်သည်။ ဒဏ္ဍာရီ အရ ဒဿမ အဆင့် ရှိသည်ဟု ဆို၏။

ထိုအဆင့်တွင် မူလ စွမ်းအင်မှာ၊ အရောင် သုံးရောင် ပေါင်းစပ် ပါရှိ လေသည်။ သို့သော် ယင်း အဆင့်ကို ရောက်နိုင်သော ပါရမီရှင် တစ်ယောက် မျှပင် မရှိခဲ့ သဖြင့်၊ အတိအကျ မဆို နိုင်ချေ။

အူယန်ဟောင် တိုက်ခိုက်မှုမှာ၊ လျင်မြန် သော်လည်း၊ သူ့ လှံဖျားရှိ ကြက်သွေးရောင် အလင်းကို ရှင်းရှင်း လင်းလင်း မြင်လိုက် ရသည်။

ကောင်းကင် တိမ်လွှာ နည်းစနစ်ကို၊ သတ္တမမြောက် အဆင့်သို့ ရောက်ရှိ သွားသည့် လက္ခဏာ ဖြစ်၏။

“ သတ္တမ အဆင့် ... ။ ”

အူယန်ဟောင်က သံယောင် လိုက်လျက်၊ ပြုံးပြသည်။ အတည် ပြုခြင်း၊ ငြင်းဆိုခြင်း မရှိ ခဲ့ချေ။

ယင်းအစား ယဇ်ပလ္လင် ပေါ်ရှိ၊ မီးတောက်များ ဖုံးလွှမ်း နေသော သေတ္တာ ကိုသာ လှည့်ကြည့် လိုက်သည်။

သူကဲ့ သို့ပင် လူတိုင်း၏ နှလုံးသား များက၊ သေတ္တာ ထဲတွင် မည်သည့် အရာ ရှိနေ သည်ကို သိချင် နေကြ၏။

“ ဒါက ကြယ်ပုလဲနဲ့ ယှဉ်နိုင်တဲ့ ရတနာ ဖြစ်သင့်တယ်။ ”

“ နေဦး ယဇ်ပလ္လင်နဲ့ ဓား အစီရင်ကို ကြည့်စမ်း ... ၊ ဒါက အင်ပါရီယန် သင်္ချိုင်းထက် ပိုသာ နေ သလိုပဲ၊ ဓားဂိုဏ်းက အင်ပါရီယန် အများစု တိုက်ပွဲမှာ၊ သေဆုံးသွား ကြပြီ။ ”

“ သတ္တမတန်း မှော်ဆေးလုံး ဖြစ်နိုင်မယ်။ ”

“ စကြာဝဠာ အဆင့်ထက် ကျော်လွန်တဲ့ ဓားတစ်လက်၊ ဒါမှ မဟုတ် ကောင်းကင် အဆင့် ဓားသုတ္တန် တစ်ခုခု ဖြစ်မယ် ထင်တယ်။ ”

“ ငါ့ မျက်လုံး ထဲမှာတော့၊ နှစ်ပေါင်း ထောင်ချီ ကြာအောင် မီးတောက်နဲ့ သန့်စင် ထားတဲ့ နှစ်တစ်သောင်း သက်တမ်း သဘာဝ ရတနာ ရှိမယ် ထင်တယ်။ ”

“ ကြည့်ရတာ စီနီယာ အစ်ကို အူယန်ဟောင်က အခွင့်အရေး တစ်ခုနဲ့၊ ကြုံဖို့ ကြမ္မာဖန် လာ ပုံပဲ။ ”

ကောင်းကင် တိမ်လွှာ ဂိုဏ်း၏ တပည့်များ အားလုံးက၊ ကျောက်သေတ္တာ မည်သည့် ရတနာ ရှိနေ မည်ကို ဆွေးနွေး လာကြသည်။

အကြီးအကဲ များ၏ မျက်လုံး များတွင် မနာ လိုမှု များပင် ရှိလာ ခဲ့၏။ အင်ပါရီယန် များပင် လမ်း ပေါ်၌ သေဆုံး နေကြ ပြီးနောက်၊ ဤအဆင့် ကာကွယ် ထားသော အရာမှာ၊ သူတို့အား စိတ်လှုပ်ရှား လာစေသည်။

အူယန်ဟောင်ထက် ပို၍ သန်မာ သော်လည်း၊ အသက် အရွယ် ကြီးရင့် နေပြီ ဖြစ်သဖြင့်၊ ထိုရတနာ များအား၊ အသုံး ပြုခွင့် ရှိမည် မဟုတ်ချေ။

ပတ်ဝန်းကျင်ရှိ ဆွေးနွေး သံများကို နားထောင်ပြီး၊ အူယန်ဟောင် တစ်ယောက် ကျေနပ် သွားကာ၊ “သွားစို့” ဟု ဆိုလိုက်၏။

ထို့နောက် အကြီးအကဲ ငါးဦးက ကျောက်သေတ္တာထံ လက်ဖဝါး တစ်ချက်စီ ထုတ်လွှတ် လိုက်ကြသည်။

“ ဟိတ် ... ။ ”

လက်ဝါး ရိုက်ချက် ငါးချက် ယဇ်ပလ္လင်ပေါ် ကျရောက် သွားပြီး၊ ပေါက်ကွဲသံ များနှင့် အတူ၊ ကြောက်စရာ ကောင်းသော အသံလှိုင်း တစ်ခု ထွက်ပေါ် လာသည်။

“ ကျွီ ... ။ ”

အသံလှိုင်း အောက်တွင် ယဇ်ပလ္လင် ပေါ်ရှိ၊ ကျောက်သား သေတ္တာမှာ၊ တရွေ့ရွေ့ ကျယ်ပြန့် လာသဖြင့်၊ လူတိုင်း တုန်လှုပ် ကုန်သည်။

“ ဒါ … ။ ”

“ ဆက် လုပ်ပါ။ ”

အူယန်ဟောင်က ခေါင်းညိတ်ကာ ဆို လိုက်သည်။ ထို့ကြောင့် အကြီး အကဲ များမှာ၊ ထပ်မံ တိုက်ခိုက် လိုက် ကြပြန်၏။

“ ဟိတ် ... ။ ”

ဤနည်းဖြင့် လက်မ အနည်း ငယ်ခန့် ကြီးထွား လာပြီး၊ မကြာခင် လူ တစ်ရပ်စာ အရွယ် အစားထိ၊ ရောက်ရှိ သွားလေသည်။

ရှေးဟောင်း ခေါင်းတလား အရွယ်သို့ ရောက်ရှိ လာပြီးနောက်၊ ကြောက်မက်ဖွယ် ကောင်းသော အအေးဓာတ်များ ရုတ်တရက် ထွက်ပေါ် လာခဲ့၏။

“ ခေါင်းတလား ကြီးလား။ ”

“ ဘာကြီးလဲ ဟ …။ ”

အူယန်ဟောင် အပါ အဝင် လူတိုင်းက သံသယများ ဝင်လာ ကြသည်။

“ ဒီအခေါင်း ထဲမှာ အင်ပါရီယန် အဆင့်ကို ကျော်လွန် သွားတဲ့ အလောင်း တစ်လောင်း ရှိနေ ရမယ်။ ”

ကောင်းကင် တိမ်လွှာ ဂိုဏ်းရှိ အကြီးအကဲ များက၊ စိတ်လှုပ်ရှား စွာဖြင့် ဆိုလိုက် ကြသည်။

အင်ပါရီယန် ဟူသည် တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏ ဒဏ္ဍာရီလာ ဖြစ်တည် မှုများ ဖြစ်လေသည်။

၎င်းတို့မှာ နတ်ဘုရား များကဲ့သို့ အုပ်စိုး နိုင်ပြီး၊ ထို့ထက် ပို၍ ကျော်လွန်သွား ခဲ့ပါက၊ စိတ်ကူးပင် မယဉ် နိုင်ပေ။

စစ်ပွဲတွင် အင်ပါရီယန် အများ အပြား သေဆုံး နေခဲ့ သောကြောင့်၊ ၎င်း အဆိုမှာ မဖြစ် နိုင်ဟု ငြင်းဆန် ရဲခြင်း မရှိချေ။

ဆိုလို သည်မှာ အင်ပါရီယန် တပါး အနေဖြင့်၊ ဓားဂိုဏ်းတွင် သူတို့ ထင်ထား သလောက် မမြင့်မြတ် နိုင်ဟု အဓိပ္ပါယ် ရချေသည်။

ထို့ကြောင့် အင်ပါရီယန် အလောင်းကို ကောင်းစွာ ကာကွယ် ထားခြင်းသည်၊ အဓိပ္ပာယ် မရှိပေ။

ဤအခွင့် အရေးသည် တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခုလုံး ကိုပင်၊ လှုပ်ခတ် သွားစေ နိုင်သောကြောင့် အနည်းငယ် ကြောက်စရာ ကောင်းလေသည်။

အင်ပါရီယန် နယ်မြေကို ကျော်လွန်၍ တည်ရှိ နေခြင်းမျိုး မဟုတ် ခဲ့သော်၊ ထူးခြားသော အင်ပါရီယန် တစ်ပါး ဖြစ်မည်မှာ၊ မလွဲ ဧကန် ပေပင်။

အင်ပါရီယန် များကို အဆင့် အမျိုးမျိုးဖြင့် ခွဲခြား ထားသည်။ ထို့ကြောင့် ဤသို့သော အကာအကွယ် များဖြင့် ထားရှိ ခံရခြင်း ခံရ ပါက၊ ဓားဂိုဏ်း၌ မြင့်မားသော ရာထူးကို ရယူထား နိုင်သူ ဖြစ်ပေမည်။

“ မြင်ရင် ငါတို့ သိမှာပါ ... ။ ”

အူယန်ဟောင်မှာ မထိန်းနိုင် တော့ပေ။ နောက်ဆုံးတွင် ဤနေရာ၌ အချိန် များစွာ ကုန်ဆုံး သွားပြီး၊ တပည့်ပေါင်း များစွာကို စတေး ခဲ့ရသည်။

မူလ စွမ်းအင်ကို ရုတ်တရက် ထုတ်လွှတ် လိုက်ပြီး၊ ခန္ဓာ ကိုယ်အား ချက်ချင်း ဖုံးကာပစ် လိုက်၏။

ယဇ်ပလ္လင် အနား ရောက်ရှိ ချိန်၌၊ ခေါင်းတလား လှုပ်ခါ နေသည်ကို မြင်လိုက် ရသည်။

သူ့အပေါ်ရှိ မီးတောက်များ လျှံကျ လာသဖြင့်၊ ငြှိမ်းသတ်ရန် အူယန်ဟောင်မှ လက်ဖဝါး တစ်ချက် ထုတ်လွှတ် လိုက်၏။

“ ဝူး ... ။ ”

“ လူစု ခွဲ ... ။ ”

“ အူယန် ... ၊ ငါတို့ စီနီယာ တွေကို ပိုလေးစား သင့်တယ်။ ”

“ မှန်တယ် ... ၊ ငါတို့ သတိထား ရမယ် ။ ”

အကြီးအကဲ များက အူယန်ဟောင် လုပ်ရပ်၊ မည်မျှ မရိုသေ နိုင်သည်ကို မြင်ပြီးနောက် ထိတ်လန့်စွာ သတိပေး လိုက်သည်။

“ ဟား ဟား ဟား ၊ သေပြီးသား လူက ငါ့ကို ဘာလုပ် နိုင်မှာ လဲ ... ။ ”

ပါရမီရှင် ခုနစ်ပါး အနက် တစ်ပါး အဖြစ်၊ အမြဲတမ်း ဂုဏ်ယူဖွယ် ပြုမူ နေထိုင် ခဲ့သည်။ ထို့ကြောင့် ခေါင်းတလားအား ဂရု မစိုက်ဘဲ ဖွင့်ချ လိုက်၏။

“ ဒုန်း ... ။ ”

ခေါင်းတလား အဖုံး မြေပြင်ပေါ် ပြုတ်ကျ လာသော အခါတွင်၊ ကျယ်လောင်သော အသံ တစ်သံ ထွက်ပေါ် လာပြီး၊ လူတိုင်း ထိတ်လန့် သွား၏။

“ ဒါ ကောင်လေး တစ်ယောက်လား … ။ ”

“ မြင့်မားတဲ့ နယ်ပယ်ကို ရောက်သွားရင်၊ လူငယ် တစ်ဦး အသွင် ပြန်ပြောင်း နိုင်တယ် ဆိုတာ ငါ ကြားဖူးတယ်၊ မင်း သေပြီးလို့ အနှစ် တစ်သောင်း ကြာသွား ရင်တောင် ပုပ် မသွားဘူး။ ”

“ နေဦး အလောင်းမှာ အသက်ရှိ နေသေး တယ်လို့ ခံစား ရတယ်၊ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ။ ”

“ စီနီယာ အစ်ကို အူယန်၊ ဒါက မင်းအတွက် ကြီးမားတဲ့ အခွင့် အရေးပဲ။ ”

လူတိုင်းက အလောင်း၏ မျက်နှာကို တစ်ဝက် ခန့်သာ မြင်နေ ရချိန်တွင်၊ တစ်စုံ တစ်ဦးမှာ အနား တိုးကပ် သွားသည်။

အလောင်းတွင် အသက်ရှိနေ သကဲ့သို့ ခံစားလာ ရသဖြင့်၊ ဤသည်မှာ စွမ်းအားရှင် တစ်ပါး၏၊ အလောင်း ဖြစ်နိုင် မည်ဟု၊ ယူဆ မိချေ၏။

“ ဘာလို့ ဒီအလောင်းနဲ့ ရင်းနှီး တယ်လို့ ခံစား ရတာလဲ။ ”

သူ့ စကား အပေါ် တပည့် အချို့ ကလည်း သံသယရှိ လာကြပြီး၊ မကြာမီ ခေါင်းညိတ် တွေဝေ သွားကုန်သည်။

လူတိုင်း၏ ထိတ်လန့်မှုနှင့် ယှဉ်ပါလျှင်၊ အူယန်ဟောင်မှာ ပို၍ ထိတ်လန့် နေချေသည်။

အလောင်းမှာ ယုံနိုင်ဖွယ် မရှိ အောင်ပင် နုပျိုလွန်းပြီး သေဆုံး သည်ထက်၊ အိပ်ပျော် နေသည် နှင့်၊ ပို၍ တူချေ၏။

သို့သော် နောက်ပြန် ဆုတ်ရန် ဆန္ဒ မရှိချေ။ သတ္တိကို စုဆောင်း လိုက်ပြီး၊ လက် ဆန့်ကာ အလောင်း ပါးပြင်ကို ညင်သာစွာ စမ်းသပ် လိုက်၏။

အလောင်းမှ တုံ့ပြန်မှု မရှိ သည်ကို မြင်သော အခါ မှသာ၊

“ သေပြီးသား အလောင်းကို၊ ငါက ကြောက်နေ စရာလား၊ ဒီလို ထင်ရအောင် မင်းကိုယ်မင်း ဘယ်သူ ထင်နေလဲ ဟမ့် ... ။ ”

သို့သော် ထို အချိန်တွင် အလောင်းမှာ၊ ရုတ်တရက် မျက်လုံးပွင့် လာပြီး၊ အေးစက်သော အမှုန် အမွှားများ ထွက်လာသည်။

ယင်းကြောင့် အူယန်ဟောင် တစ်ယောက် မျက်နှာ ဖြူဖပ် ဖြူရော် ဖြစ်သွားကာ၊

“ စီ ... စီနီယာ ... ။ ”

သို့သော် သူ့ စကား မဆုံးခင် မှာပင်၊ အလောင်းမှ လက်ကြွ လာပြီး ပါးပြင်အား၊ လွှဲရိုက်ချ လာ၏။

“ ဖြောင်း ... ။ ”

ကျယ်လောင် လွန်းသော ပါးရိုက် သံနှင့် အတူ၊ အူယန်ဟောင် ပါးတစ်ဖက်၊ ရောင်ရမ်း သွားကာ၊ လွင့်စင် သွားသည်။

မြေပြင် ပေါ်သို့ ပြန်လည် ကျလျှင် ကျခြင်း၊ ဒူးထောက်လျက်၊ နှုတ်ခမ်း ထောင့်စွန်းရှိ သွေးစ ကိုပင်၊ မသုတ်ယူ အားဘဲ၊

“ စီနီယာရဲ့ အိပ်စက် ခြင်းကို နှောင့်ယှက် မိတဲ့ အတွက်၊ အသတ်ခံ ထိုက်ပါတယ်၊ ကျေးဇူး ပြုပြီး ဒီဂျူနီယာကို ခွင့်လွှတ်ပါ။ ”

အူယန်ဟောင်မှ အစ ပြုပြီး၊ ကောင်းကင်တိမ်လွှာ ဂိုဏ်း တစ်ဂိုဏ်းလုံး ချက်ချင်း ဒူးထောက် လာတော့သည်။

“ ကျေးဇူး ပြုပြီး ခွင့်လွှတ် ပေးပါ စီနီယာ။ ”

“ ကျေးဇူး ပြုပြီး ခွင့်လွှတ် ပေးပါ စီနီယာ။ ”

“ ကျေးဇူး ပြုပြီး ခွင့်လွှတ် ပေးပါ စီနီယာ။ ”

ခေါင်းတလား ထဲမှ ထထိုင် လာသော၊ လူငယ်၏ နှုတ်ခမ်းမှာ၊ အနည်းငယ် တွန့်ကွေး သွားပြီး၊ ဒူးထောက် နေသည့် လူအုပ် အပေါ်၊ ကျေနပ်စွာ လှမ်းကြည့် လိုက်တော့သည်။

***

All Chapters