နောက်ဆုံးတော့ ထွက်လာပြီ။
Vol. 51 Ch. 708
စမ်းသပ်မှု အောင်မြင် ပြီးနောက်၊ မူလ နေရာသို့ ပြန်လည် ရောက်ရှိ မည်ဟု ထင်ခဲ့ သော်လည်း၊ ခေါင်းတလား ထဲသို့ ပို့ဆောင်ခြင်း ခံလိုက် ရသည်။
ခေါင်းတလား အကြိမ်ကြိမ် ရိုက်နှက် ခံရ မှသာ၊ သူ့ အခြေ အနေကို နားလည် လာခဲ့ သည်။
ထို့ကြောင့် ခေါင်းတလား ထဲမှ ရုန်းထွက် တော့မည့် အချိန် မှာပင်၊ အူယန်ဟောင်က ဖွင့်လှစ် လာခြင်း ဖြစ်၏။
ဤမျှ ကြီးမားသော ဆုံးရှုံးမှု ကြုံရပြီး သည့်တိုင်၊ ကောင်းကင် တိမ်လွှာ ဂိုဏ်းမှ၊ အန္တရာယ် ပေးနိုင်သည့်၊ အခြေ အနေ၌ ရှိနေသေး ကြောင်းကို မြင်နိုင်သည်။
သူတို့ စိတ်ကူး ထားသော အင်ပါရီယန် အဆင့် စီနီယာ တစ်ဦး မဟုတ်မှန်း သိပါက၊ မည်သို့ တုံ့ပြန် လာမည်အား တွေးကြည့် နေမိသည်။
လက်ရှိ အခြေအနေ အရ၊ သူ့အား သတ်မည့် လူက၊ သူ့ဘဝ အတွက် တောင်းပန် နေသည်ကို ကြည့်နေ ရခြင်းမှာ၊ ကျေနပ် ဖွယ်ရာ ပေပင်။
“ မင်းတို့ ခေါင်းကို မော့ဖို့ ခွင့်မပြု နိုင်ဘူး၊ ဒူးထောက် နေပါ။ ”
လင်းယွန် အသံမှာ ပြာအက် အေးစက် နေသော ကြောင့်၊ လူတိုင်းကို ကြောက်ရွံ့ တုန်လှုပ် စေ ခဲ့သည်။
အင်ပါရီယန် နယ်ပယ်ကို ကျော်လွန်သော တည်ရှိ နေမှု မျိုးမှာ၊ မယုံနိုင် စရာ ကောင်းအောင် ထိတ်လန့် စေသည်။
ထို့ကြောင့် သူတို့ သိချင် စိတ်ကို မထိန်းနိုင် တော့ဘဲ၊ ခေါင်းကို မော့ကြည့် မိသူ အချို့လည်း ရှိချေသည်။
လင်းယွန် အသွင်ကို မြင်လိုက် ရချိန်၌၊ ထိုမော့ကြည့် သူမှာ အနည်းငယ် တုန်လှုပ် ခြောက်ခြား သွားသည် ။
“ ဒါ … ။ ”
ထိုသူက စကားဆို တော့မည့် အချိန်တွင်၊ ငွေရောင် ဓားအလင်း တစ်လက်၊ နဖူး အတွင်း ဖောက်ဝင် သေဆုံး သွားသည်။
ယင်းက လူတိုင်း၏ ကျောရိုးကို အေးစက် သွားစေပြီး၊ ဒူးများ တုန်ယင် လာစေ တော့၏။ အကြည့် တစ်ချက်ဖြင့် လူတစ်ယောက်ကို သတ်ပစ် လိုက် သည်မှာ၊ ကြောက်စရာ ကောင်းလွန်း ပေသည်။
လင်းယွန် မှာမူ အချိန် အကြာကြီး ဆက်မနေချင် သဖြင့်၊ လက်နှစ်ဖက် ဆန့်လျက်၊ ကောင်းကင်ပေါ် ခုန်တက် လိုက်တော့သည်။
မိနစ် အနည်းငယ် ကြာပြီးနောက်၊ အူယန်ဟောင်က တိတ်ဆိတ်မှုကို သည်းမခံ နိုင်တော့ဘဲ၊ ခေါင်းမော့ ကြည့် လိုက်သည်။
“ ဒီမှာ ... ၊ ဘယ်သူမှ မရှိ ပါလား။ ”
ကျောက်ခေါင်း တလားကြီး ထဲတွင် မည်သူမျှ ရှိမနေ တော့ချေ။ ကျန်သူများ ကပါ ခေါင်းမော့ ကြည့်လာပြီး၊ အံသြသွား ကုန်၏။
“ ဟင် ... ၊ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
“ ဝိညာဉ် အပိုင်းအစ တွေက၊ မသေနိုင် ပေမယ့် ... ၊ အသက် ပြန်ရှင် လာနိုင် တယ်လို့ တစ်ခါမှ မကြား ဖူးပါဘူး … ။ ”
“ ဒါက လှည့်စားမှု တစ်ခု ပဲလား ... ။ ”
အလောင်းကောင် ဝိညာဉ် နိုးကြားမှု အဖြစ်သာ မှတ်ယူ မိသည်။ ယင်းမှာ အပျက် အစီး နယ်မြေများ အတွက်၊ အံ့သြစရာ မဟုတ်ပေ။
သူတို့ နိုးထ လာသော အချိန်တွင်၊ အစုလိုက် အပြုံလိုက် သတ်ဖြတ် ပွဲအား စတင်လေ့ ရှိ၏။ ဤသို့ ရိုးရှင်းသော တုန့်ပြန်မှု မျိုးဖြင့်၊ အဆုံး မသတ် ခဲ့ပေ။
သို့သော် ထူးခြားမှု တစ်စုံ တစ်ရာကို သတိပြု မိသဖြင့်၊ အူယန်ဟောင်က မျက်မှောင် ကြုတ် လိုက်သည်။
ရတနာ များထံ လာခဲ့ခြင်း ဖြစ်သော်လည်း၊ အရူး လုပ်ခြင်း ခံနေရ သည်ဟု မြင်လာ မိ၏။
“ ဒီလူက လင်းယွန် နဲ့ တူတယ်။ ”
တစ်စုံ တစ်ယောက်က သူ၏ ထင်မြင် ချက်အား ထုတ်ဖော် ပြောဆိုကာ၊ တိတ်ဆိတ် မှုကို၊ ဖြိုခွင်း လိုက်သည်။
“ ဟုတ် တယ် ... ၊ သူက လင်းယွန်နဲ့ တူတယ်။ ”
လူတိုင်းက သူတို့ ထင်မြင်ချက် များကို ပြောစ ပြုလာ၏။ ထိုအချိန်က အလောင်း မျက်နှာကို တစေ့ တစောင်းသာ မြင်လိုက် ရသည့် အတွက်၊ အတည် မပြုဝံ့ ကြချေ။
အူယန်ဟောင် သည်သာ အလောင်း မျက်နှာကို ရှင်းရှင်း လင်းလင်း မြင်လိုက် ရသူ ဖြစ်သည်။
“ လင်း ယွန် ... ၊ ဆိုတာ သူလား … ။ ”
အူယန်ဟောင်က စိတ်လှုပ် ရှား လာပြီး၊ ခေါင်းတလား ထဲတွင် လဲလျောင်း နေသူ၏ အသွင် အပြင်အား ပြန်လည် ပြောပြ လိုက်သည်။
နဖူး ပေါ်ရှိ ခရမ်းရောင် အမှတ် အသားကို ပြန်လည် ပြောပြ ပြီးနောက်၊ ထိုသူမှာ လင်းယွန် ဖြစ်ကြောင်း၊ အတည်ပြု နိုင်ခဲ့သည်။
ယခင် အချိန်က လင်းယွန်နှင့် တွေ့ဆုံ ပါက၊ သတ်ပစ် မည်ဟု ကြေညာ ခဲ့ဖူးသည်။ ထို့ကြောင့် ဒေါသများ စုရုံး လာပြီး၊ သတ်ဖြတ်ခြင်း ရောင်ဝါများ ပေါက်ကွဲထွက် လာသည်။
လင်းယွန်က သူ့အား အရူး လုပ်သွား ခဲ့သည်။ ဒူးထောက်ပြီး အသက် အတွက် တောင်းပန် ခဲ့သည် ဟူသော သတင်းသာ ထွက်ပေါ် ခဲ့သော်၊ လူ ဟားစရာ သတ္တဝါ တစ်ကောင် ဖြစ်လာ ပေမည်။
တပည့်များ အားလုံးက အူယန်ဟောင်၏ အဆင် မပြေသော အမူအရာကို ခိုးကြည့် လာ ကြ၏။
“ ဘယ်သူမှ ဒီနေ့ အဖြစ်ကို ထုတ်ပြောခွင့် မရှိဘူး၊ ပြောတဲ့ လူကို ငါသတ်မယ်။ ”
အူယန်ဟောင်က အံကြိတ် ခြိမ်းခြောက် လိုက်ပြီး၊
“ အဲဒီ ကောင်က အနီးနားမှာ ရှိဦး မှာပဲ၊ ယဇ်ပလ္လင် ကနေ သေချာပေါက် ရတနာ ရခဲ့ လိမ့်မယ်၊ သူ့နောက်ကို လိုက် ... ။ ”
သူ့အခွင့် အရေးကို လင်းယွန်က၊ လုယူ သွားသဖြင့်၊ အဆုတ်များ ပေါက်ကွဲလု နီးပါး အော်ဟစ် လိုက်မိသည်။
ကြက်သွေးရောင် အငွေ့ အသက်များ လွှမ်းခြုံလျက် အချိန် အတော်ကြာ လိုက်ရှာ ပြီးနောက်၊ လင်းယွန် အရိပ်အား ဖမ်းမိ လိုက်သည်။
“ သူခိုးကောင် ... ၊ မင်း လွတ်နိုင်မယ် ထင်လား။ ”
ကောင်းကင် တိမ်လွှာ နည်းစနစ်ကို ကန့်သတ် ချက်သို့ တွန်းပို့ကာ၊ ဟောက်လိုက် သည်။
လျင်မြန် လွန်းသော အဟုန်ကြောင့်၊ မျက်စိ တစ်မှိတ် အတွင်း မှာပင် လင်းယွန်နှင့် သူ့ကြား အကွာ အဝေး တစ်ဝက်အား ချုံ့ပစ် လိုက်၏။
“ ဝှစ် ... ။ ”
ပြီးနောက် သူ့လက် ထဲရှိ လှံကို မြှောက် လိုက်ပြီး၊ မူလ စွမ်းအင်များ လောင်းထည့်ကာ၊ အလင်းတန်း အသွင် ပစ်ချ လိုက်သည်။
“ ငါ့ကို လိုက်မှီ လာတာလား၊ မဆိုး ပါဘူး။ ”
လင်းယွန်က ထိုတိုက်ခိုက် မှုကို လှည့်ကာ၊ ရှောင်တိမ်း လျက်ဖြင့် ဆိုလိုက်သည်။
“ သေ စမ်း ... ။ ”
သူ့ လှံကို ပြန်လည် ခေါ်ယူ ပြီးနောက်၊ အူယန်ဟောင်က ကျိန်ဆဲ လိုက်သည်။ ပါရမီရှင် ခုနစ်ပါး အနက် တပါး ဖြစ်သော သူ့အနေဖြင့်၊ လင်းယွန် အသက်ကို အန္တရာယ် မပြုနိုင် သော်လည်း၊ နှေးကွေးအောင် စွမ်းဆောင် နိုင် ခဲ့သည်။
လှိုဏ် ဂူမှ လှမ်းထွက် လိုက်ချိန်တွင်၊ ကြေးတံခါးသို့ လှံတစ်စင်း ထိုးဖောက် လာပြီး၊ လမ်းပိတ် လိုသော ဆန္ဒဖြင့်၊ ရှေ့မြေပြင်ပေါ် ထိုးကျ လာတော့သည်။
လှံကို မြင်ပြီး လင်းယွန်၏ မျက်ဝန်းများ အေးစက်စက် သွားသည်။ ဒုက္ခကို ကြောက်သူ တစ်ယောက် မဟုတ် သော်လည်း၊ ယခု အချိန် တွင်မူ အူယန်ဟောင်နှင့် တိုက်ခိုက်ကာ၊ အချိန် မဖြုန်း လိုသည်မှာ၊ သဘာဝ ပေပင်။
အူယန်ဟောင်က အလင်းတန်း အသွင် ပြောင်းလဲ သွားကာ၊ လှံ ဘေး၌ ထွက်ပေါ် လာပြီး၊ လင်းယွန်အား အေးစက်စွာ စိုက်ကြည့် လိုက်၏။
“ ဓားကျွန် ... ၊ မင်း လွတ်မယ် ထင်လား၊ ရတနာနဲ့ ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံးကို လွှဲပေးပါ၊ ... ”
“ ... ငါ မင်းကို အမြန်ဆုံး သေခွင့် ပေးမယ်၊ မဟုတ်ရင် ကျွန် အဖြစ် သတ်မှတ်ပြီး၊ ကောင်းကင် တိမ်လွှာ ဂိုဏ်းကို ခေါ်သွား ရလိမ့်မယ်။ ”
ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်မှု ရောင်ဝါကို ထုတ်လွှင့် လိုက်ပြီး၊ လေးနက်သော အမူ အရာဖြင့် အူယန်ဟောင်က ဆိုသည်။
သို့သော် လင်းယွန်က မျက်လုံးများ မှေးစင်းလျက် ရယ်မော လိုသော အပြုံးဖြင့်၊ ပြန်ကြည့် လိုက်သည်။
လျှို့ဝှက် နယ်မြေသို့ မဝင်မီ ကပင်၊ ပါရမီရှင် ခုနစ်ပါးကို မကြောက် ခဲ့လေရာ၊ ယခု အချိန်၌ ဆိုဖွယ် မရှိချေ။
ဓား ရည်ရွယ် ချက်ဖြင့်၊ သိုင်းခြုံ လာသော သတ်ဖြတ် လိုခြင်း အရှိန်အဝါ များကို၊ ခွဲထုတ် ပစ်လိုက်သည်။
“ မင်းရဲ့ ယုံကြည်မှုက ဘယ်က လာတာလဲ ကြည့်ရအောင်။ ”
ပြုံးလျက် ရေရွတ် လိုက်သည်နှင့်၊ ရှေးဟောင်း နဂါး တစ်ကောင် ကဲ့သို့၊ ခန္ဓာ ကိုယ်မှ ကြမ်းရှသော အငွေ့ အသက်များ ပေါက်ကွဲ ထွက်လာ၏။
ယန်အဆင့် တစ်စုံ တစ်ဦးမှ၊ သူ့အား ပြန်လည် တိုက်ခိုက်ဝံ့ မည်ဟု မထင်ထား သောကြောင့်၊ အူယန်ဟောင် တစ်ယောက် အံ့သြ သွားပြီး၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်လိုက် မိသည်။
ယခု အချိန်တွင် ခရမ်းရောင် အခို အငွေ့ များဖြင့်၊ ဖုံးလွှမ်း နေသော လင်းယွန် အသွင်မှာ၊ ယခင် ကထက် ပို၍ ကြောက်စရာ ကောင်းလာ ၏။
နဂါး ဟောက်သံကို ထုတ်လွှတ် လိုက်ပြီး၊ နဂါး ရူရ် (၁၁)လုံးအား လက်သီးထဲ ပေါင်းစပ် လိုက်သည်။
“ မင်း ... ငါ့နောက်ကို လိုက်ချင်တာ ဆိုတော့ မင်းဘယ် လောက်တောင် သန်မာလဲ ဆိုတာ ငါကြည့် ပါရစေ။ ”
စကားဆုံး သည်နှင့်၊ လင်းယွန်၏ လက်သီး များက၊ အူယန်ဟောင်ထံ ရောက်ရှိ သွားပြီ ဖြစ်သည်။
လက်သီးနှင့် အတူ ကောင်းကင် တစ်ခွင်လုံး မှောင်ကျ သွားသဖြင့်၊ အူယန်ဟောင် တစ်ယောက် ပျာယာခတ် လာ၏။
ဤမျှ မြန်မြန် တိုက်ခိုက် လာလိမ့် မည်ဟု မမျှော်လင့် ထားသော ကြောင့်၊ ကျိန်ဆဲပစ် လိုက် သည်။
တစ်ဖက်လူမှာ အထွတ်အထိပ် ယင်-ယန် အဆင့်နှင့် ယှဉ်နိုင် နေပြီ ဖြစ်၏။ ယင်းအား ကြိုသိ ခဲ့ပါက၊ သတိထား မည်မှာ သေချာသည်။
ယခုမူ ထိုလက်သီး ချက်ကြောင့်၊ ရင်ဘတ်ကို ထိမှန် ခံရကာ၊ သွေးအန်လျက် လွင့်စင် သွားရ ၏။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ မြူခိုးများ ဖုံးလွှမ်း နေသော တောင်ပေါ်မှ တွန်းထုတ်ခြင်း ခံလိုက် ရလေသည်။
မြူခိုးများ အပြင် ဘက်တွင် လူအုပ် ကြီးက၊ ရိုက်နှက်ခြင်း ခံရမည့် လင်းယွန် ပုံရိပ်အား မျှော်လင့် တကြီး စောင့်မျှော် နေကြ၏။
တစ်စုံ တစ်ယောက် ထွက်လာ သည်ကို မြင်သည်နှင့်၊ ၎င်းတို့ အားလုံး၏ မျက်လုံးများ ကျယ် လာပြီး၊
“ တစ်ယောက် ယောက်တော့ ထွက်လာပြီ၊ ” -ဟု အော်ဟစ် လိုက်ကြသည်။
“ ဒါ လင်းယွန်ပဲ ... ဖြစ်ရမယ်၊ အူယန်ဟောင် ရိုက်ထုတ် လိုက်တာ နေမယ် ... ။ ”
“ ဘယ်လောက်တောင် မြန်လိုက်လဲ၊ အူယန်ဟောင်က ကျော်ကြား မှုနဲ့ အမှန် တကယ် ထိုက်တန် ပါပေတယ်၊ လင်းယွန်က ဘာမှ မဟုတ် ပါဘူး။ ”
“ ငါပြော သားပဲ၊ ရှောင်တျဲဟီ လို လူမျိုး လောက်သာ အနိုင်ကျင့် လို့ရမယ်၊ ပါရမီရှင် ခုနစ်ပါး ထဲက ဘယ်သူ မဆို၊ သူ့ကို အလွယ် တကူ နှိပ်စက် နိုင်တယ်။ ”
“ ဟား ဟား ဟား မြေပြင်မှာ၊ ဒူးထောက် နေတာကို မြင်ရဖို့၊ မစောင့်နိုင် တော့ဘူး။ ”
မြူခိုး အတွင်းမှ ပျံထွက် လာသော၊ လူရိပ်ကို ကြည့်ပြီး၊ အားလုံးက ကျေနပ်အားရ စ ပြုလာ ကြ၏။
ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံးကို ရယူ ကတည်းက၊ လင်းယွန် အပေါ်၊ နာကြည်း နေခဲ့သည်။
ထို့ကြောင့် ပါရမီရှင် ခုနစ်ပါးမှ သူ့အား ကိုင်တွယ်မည့် အချိန်ကို၊ စောင့်မျှော် နေကြခြင်း ဖြစ်၏။
***