အူယန်ဟောင်ကို အနိုင် ယူခြင်း။
Vol. 51 Ch. 709
“ ဒါက လင်းယွန်လား။ ”
ကောင်းကင် တောင်ကုန်း မြို့သားများ အပြင်၊ ယန်းဖန်၊ ဂိုရှုနှင့် ပြင်ပ ကျင့်ကြံ သူများ အားလုံး၊ လေးနက်သော အမူအရာ များဖြင့် စောင့်ကြည့် လာ ကြသည်။
လင်းယွန်မှာ ပါရမီရှင် ခုနှစ်ပါးနှင့် ကွာဟချက် ရှိသဖြင့်၊ ယန်းဖန်တို့ အဖွဲ့မှ ရလာဒ် အပေါ်၊ ပြင်ဆင်ထား သော်လည်း၊ မျှော်လင့်မိ နေဆဲ ဖြစ်၏။
ဤလျှို့ဝှက် နယ်မြေ၌ သူတို့ အားလုံးမှာ၊ အနိုင်ကျင့် ခံခဲ့ ရပြီး၊ အစွန် အဖျား ဒေသများ တွင်သာ ပုန်းအောင်း နေခဲ့ရသည်။
ထို့ကြောင့် လင်းယွန်မှ သူတို့ အတွက် လက်စားချေ ပေးနိုင် မည်ဟု၊ သဘာဝ ကျကျ မျှော်လင့် မိခြင်း ဖြစ်သည်။
သို့သော ထို့မျှော်လင့် ချက်မှာ၊ ယိုယွင်း သွားပုံ ပေါ်ပေ၏။ ဂိုရှုက မျက်မှောင်ကျုံ့ လိုက်ပြီး၊
“ မကောင်း တော့ဘူး၊ အစ်ကိုလင်း အသတ်ခံ ရလိမ့်မယ်။ ”
-ဟု အော်ဟစ် လိုက်ရာ၊ သူ့ အနားရှိ ယန်းဖန်က၊
“ အူယန်ဟောင်က လင်းယွန်ကို သတ်မယ်လို့ ပထမဆုံး ကြေငြာ ခဲ့တဲ့ သူပါ၊ သူက လွယ်လွယ်နဲ့ သတ်ဦးမှာ မဟုတ်ဘူး။ ”
သူတို့ နှစ်ဦးသည် ပြင်ပ အဆင့် တိမ်နဂါးများ ဖြစ်သော်လည်း၊ လျှို့ဝှက် နယ်မြေတွင် ဆိုးရွားစွာ အနိုင်ကျင့် ခံခဲ့ ရသည်။
နှစ်ဦး စလုံးမှာ လင်းယွန်နှင့် အသိ အကျွမ်းများ ဖြစ်သောကြောင့်၊ သေဆုံး ခြင်းကို မလိုလား မိချေ။ သက်ပြင်း ချလျက် မျက်နှာများ ညိုးနွမ်း ကုန်တော့၏။
“ လာ ပြီ။ ”
“ သူ ... ဘယ်သူ ဖြစ် မလဲ။ ”
မြူခိုးများ ဖုံးလွှမ်း နေသော တောင်ပေါ်မှ၊ ပျံသန်း လာသည့် အသွင် နီးကပ် လာချိန်၌၊ ကောင်းကင် တောင်ကုန်း မြို့၏ ကွျမ်းကျင်သူ များက၊ ရွှင်မြူး လာကြသည်။
“ ကျွတ် ကျွတ် ... ၊ ဘာလို့ အချိန်တွေ အရမ်း နှေးနေ ရတာလဲ ... ။ ”
“ မြန်မြန် ... ၊ မြန်မြန် ... ၊ မြန်မြန် ... ၊ ဒီကောင်က ဘာလို့ ဒီလောက် နှေးနေ ရတာလဲ။ ”
“ သူ့ရဲ့ သနား စရာ ကောင်းတဲ့ အခြေ အနေကို မြင်ရဖို့၊ ငါ မစောင့်နိုင် တော့ဘူး။ ”
လူအုပ်ကြီးက လင်းယွန်ကို တွေ့ရန် စိတ်စော လာကြသည်။ ထိုအချိန် မှာပင် မြေပြင် ပေါ်သို့၊ ပုံရိပ် တစ်ရိပ် ကျဆင်း လာ၏။
“ ဝုန်း ... ။ ”
သက်ရောက် မှုမှာ အလွန် ကြီးမား သောကြောင့်၊ ဖုန်မှုန့်များ ထောင်းထောင်းထ သွားလေသည်။
“ ဘယ်သူ လဲ ... ။ ”
“ အို့ ... ကြောက်စရာ ကောင်းလိုက်တာ။ ”
“ ဒါ ပထမ တန်းစား ပါရမီရှင် ခုနစ်ပါးရဲ့ စွမ်းအားလား၊ အူယန်ဟောင်က တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်။ ”
“ ဓားကျွန် အခု အချိန်မှာ၊ အသက်ရှင် နေဦး မယ်လို့ ငါမထင်ဘူး။ ”
“ ဟား ဟား ဟား၊ ဒါက ကျေနပ်စရာပဲ။ ”
ကောင်းကင် တောင်ကုန်း မြို့၏ ကျင့်ကြံသူ များက ဝမ်းသာ အားရ ရေရွတ် လိုက်ကြသည်။
ဖုန်မှုန့်များ ဖုံးနေသည့် အတွက် ပြုတ်ကျလာ သူကို၊ ရှင်းရှင်း လင်းလင်း မမြင်နိုင် သေးသော်လည်း၊ လင်းယွန် အဖြစ် ယူဆ လိုက်ကြသည်။
“ အဟွတ် ... ဟွတ် ဟွတ် ။ ”
“ ကောင်းတယ် ... မင်းနဲ့ ထိုက်တန်တယ်။ ”
ဖုန်မှုန့် အတွင်းမှ ချောင်းဆိုး သံများ ကြားနေခဲ့ ရသော်လည်း၊ လင်းယွန် အပေါ်၊ တစိုးတစိမျှ သနား ကြင်နာခြင်း မရှိ ကြချေ။
သို့သော် ရုတ်တရက် ရွှေရောင် အလင်းတန်း တစ်ခု တောင်ပေါ်မှ ခုန်ဆင်း လာသည်။
ပုံ သဏ္ဍာန်မှာ အလွန် လျင်မြန် လွန်းသဖြင့်၊ မြူများကို ဖြတ်သန်း လာသော ဓားအလင်း အဖြစ်သာ မြင်လိုက် ရသည်။
“ သခင်လေး အူယန် ဒီမှာ ... ။ ”
“ အူယန်ဟောင်က နောက်ဆုံးတော့ ထွက်လာ နိုင်ပြီ။ ”
အူယန်ဟောင် ထွက်လာမည့် အချိန်ကို စောင့်မျှော် နေသော လူအုပ်မှာ၊ အပြုံး ကိုယ်စီ ထုတ်ဖော် လိုက်ကြ၏။
ကြည်နူး နေကြစဉ် ထိုအရိပ်မှာ သူတို့ ရှေ့သို့ ငြင်သာစွာ ဆင်းသက် လာသည်။
“ မ ဖြစ် နိုင် ဘူး။ ”
“ ဒါ မဖြစ် နိုင်ဘူး၊ ဘယ်လိုလုပ် လင်းယွန် ဖြစ်လာ ရတာလဲ၊ သခင်လေး အူယန်ရော ဘယ်မှာလဲ။ ”
“ မဟုတ်ဘူး ... ၊ ငါ့မျက်လုံး တွေက ငါ့ကို လှည့်စား နေတာပါ။ ”
အူယန်ဟောင်ကို မျှော်လင့်ထား သော်လည်း၊ မိုးပြာရောင် အ၀တ် အစားဖြင့်၊ နဖူးတွင် ခရမ်းရောင် အမှတ် အသား ပါရှိသော၊ လူငယ် တစ်ယောက် ဖြစ်နေ လေသည်။
အဆင် မပြေသော လေထုက ပတ်ဝန်းကျင် အနှံ့ ချက်ချင်း လွှမ်းခြုံ လာပြီး၊ မျက်နှာများ ရဲတက် သွားကုန်၏။
“ ဟား ဟား ဟား၊ အဲဒါ လင်းယွန်။ ”
“ တကယ် လင်းယွန်ပဲ၊ ဒီလူက ကောင်းကင် တောင်ကုန်း မြို့ရဲ့ ပါရမီရှင် တွေကို ရင်ဆိုင်ပြီး၊ ကောင်းကင်ဘုံ ကိုတောင် အံတု နိုင်တယ်။ ”
နောက်ဆုံး ဆင်းသက် လာသော ပုံရိပ်ကို မြင်သည်နှင့်၊ ဂိုရှု အပါ အဝင် ပြင်ပ ကျင့်ကြံသူ များမှာ၊ ရွှင်မြူး ကုန်သည်။
“ အူယန်ဟောင် ထွက် မလာသေး ဘူးလား။ ”
ဒေသခံ ကျင့်ကြံသူ များက မည်းမှောင်သော မျက်နှာ များဖြင့်၊ စိတ်မသက် မသာ ခံစား လာရ ၏။
ဖုန်မှုန့်များ လွင့်စင်သွား ပြီးနောက်၊ မျက်နှာ တစ်ခြမ်း ရောင်ရမ်းလျက် သွေးများ ဖုံးလွှမ်း နေသော၊ အူယန်ဟောင် တစ်ယောက် ထွက်ပေါ် လာသည်။
“ ဒါ … ။ ”
“ ဒါ မဖြစ် နိုင်ဘူး။ ”
ဤအချိန်၌ သူတို့၏ နှလုံးသားများ ကြွေကျ သွားလေသည်။
“ လင်းယွန် ... ၊ ဒီနေ့ မင်းကို ငါ ထက်ခြမ်းခွဲ ရလိမ့်မယ်။ ”
အူယန်ဟောင်က လှံဖြင့် လှမ်းပစ်ကာ၊ အော်ငေါက် လိုက်သည်။ လှံ ဖျားတွင် ကြက်သွေးရောင် မြူများ ရစ်သိုင်း လာလျက်၊ တောင်ကြီး တစ်ခုလုံး ကိုပင် တုန်လှုပ် သွားစေ၏။
ယင်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး၊ ဒေသခံ ကျင့်ကြံသူ တိုင်းကို မျှော်လင့် ချက်များ၊ ပြန်လည် တောက်ပ လာစေ ခဲ့သည်။
“ အချိန် ကောင်းပဲ။ ”
အူယန်ဟောင် ခွန်အားမှာ ဓားဆွဲရန် ထိုက်တန် သောကြောင့် လင်းယွန်က ပြုံးလိုက် သည်။
အစောပိုင်း ရိုက်ချက် များမှာ၊ ကျေနပ်ဖွယ် မရှိ သေးချေ။ မျက်နှာ ချင်းဆိုင် နှိမ်နှင်းချင် ပေ သေးသည်။
ထို့ကြောင့် လက်သီးကို ထုတ်ဖော်လျက်၊ ပြန်လည် ရင်ဆိုင်ရန် ပြင်လိုက်ရာ၊ ရပ်ကြည့် နေသော လူအုပ်မှာ၊ အံ့အားသင့် သွားသည်။
လက်သီးနှင့် လှံ တိုက်မိ ပြီးနောက်၊ လှိုင်းလုံး ကြီးများ ပြန့်ကျဲ လာကာ၊ ပတ်ဝန်းကျင်ရှိ ကျောက်တုံး များကို အမှုန်အဖြစ် ပြောင်းလဲ ပစ် တော့သည်။
လင်းယွန်နှင့် အူယန်ဟောင် တို့၏ မျက်နှာ မှာမူ၊ ပြောင်းလဲခြင်း မရှိဘဲ၊ လှုပ်ရှားမှုများ အပြန် အလှန် ဖလှယ် လိုက်ကြသည်။
သူ့ခန္ဓာကိုယ် အတွင်းမှ လှိုင်းလုံးများ အက်ကွဲ နေသည်ကို ခံစား လိုက်ရ သဖြင့် အူယန်ဟောင် တစ်ယောက် တုန်လှုပ် ခြောက်ခြား သွား၏။
“ ဒါ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
တစ်ဖက် လူ၏ လက်သီးချက် များမှာ၊ တကယ်ပင် သူ့အပေါ်၊ အပြည့်အဝ ဖိနှိပ်ထား နိုင်ခဲ့သည်။
ကောင်းကင် တိမ်လွှာ နည်းစနစ်ကို မည်သို့ပင် ဖြန့်စေ ကာမူ၊ သူ လုပ်နိုင်သည့် အရာ မရှိ ခဲ့ချေ။
လှံ အရှိန်အဝါတွင် အက်ကြောင်းများ ဖြစ်ပေါ် လာပြီး၊ ပြိုကျလု နီးပါး ကွဲအက်လာ တော့သည်။
“ ဒါလား ကောင်းကင် တောင်ကုန်း မြို့က ပထမ တန်းစား ပါရမီရှင်၊ ငါတောင် အခုမှ သွေးပူ ရုံပဲ ရှိသေးတယ်၊ ဟား ဟား ဟား ။ ”
မူလ စွမ်းအင်ကို လက်သီးထဲ လောင်းထည့် လျက်ဖြင့်၊ လင်းယွန်က လှောင်ရယ် ရယ်သည်။
တစ်ချိန်တည်း မှာပင်၊ ရင်ဘတ်ရှိ နဂါး အမှတ် အသား ပွင့်လာပြီး၊ နဂါး ရူရ် (၁၁)လုံး လင်းလက် သွား၏။
ဤတစ်ကြိမ်တွင် သူ့လက်သီး ချက်မှာ၊ ယခင် လက်သီး များထက် နှစ်ဆ ပို၍ ပြင်းထန် ချေသည်။
လက်သီး မရောက်မီ၊ အဟုန် ဖြင့်ပင်၊ အူယန်ဟောင်ကို နောက်သို့ တွန်းထုတ် နိုင်ခဲ့ ၏။
ထို့ကြောင့် မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လိုက်ချိန်၌၊ လင်းယွန်၏ အရှိန် အဝါက အူယန်ဟောင်အား လုံးလုံး လျားလျား ဖုံးအုပ် ပစ်တော့သည်။
“ သေ စမ်း ... ။ ”
ဤမျှ ဆိုးရွားသော ကျဉ်းတည်း ကျပ်တည်းသို့၊ အတင်း အကျပ် တွန်းပို့ ခံရ လိမ့်မည်ဟု၊ မထင်မှတ် ထားခဲ့ချေ။
သူ့ လှံမှ ကြက်သွေးရောင် အလင်းများ ပေါက်ကွဲ ထွက်လာ ချိန်တွင်၊ ကောင်းကင်ပေါ် ခုန်တက် ပစ်လိုက်သည်။
သည်တိုက်ခိုက်မှုမှာ ကောင်းကင်ကို ထိုးဖောက် နိုင်မည် ဟူသော ခံစား ချက်မျိုး၊ ပေးစွမ်း လာသဖြင့်၊ မရိုးရှင်း လှချေ။
သို့သော် လင်းယွန် လက်သီး တွင်လည်း၊ နဂါး ရူရ် (၁၁) လုံးကို ပေါင်းစပ်ထား သောကြောင့်၊ ကြောက်မက်ဖွယ် ကောင်းလွန်း လေသည်။
ကောင်းကင် ယံ၌ မိုးပြာ နဂါး၏ အဆုံး မရှိသော အငွေ့အသက် များနှင့်၊ ရှန်ရှင်းဓားကို လှမ်းမြင် နေရ၏။
ယင်းမှာ အူယန်ဟောင် လှံဖြင့်၊ မချိုးဖျက် နိုင်သော ကောင်းကင်ကြီး တစ်စင်းနှင့် တူလာ ပေသည်။
***