သတ်ဖြတ်ခြင်း။
Vol. 51 Ch. 710
လက်သီးနှင့် လှံ တိုက်မိ သွားသော အခါ၊ ကြက်သွေးရောင် အရှိန် အဝါမှာ၊ ပြိုကျ သွားသည်။
အကာ အကွယ်မဲ့ သွား သဖြင့်၊ အူယန်ဟောင် တစ်ယောက် သွေး အန်လျက်၊ လွင့်စင် သွား၏။
ဒူးထောက်လျက် မြေပြင်ပေါ် ပြုတ်ကျ လာပြီး၊ ပင့်ကူအိမ် သဖွယ် မြေပြင်၌ အက်ကွဲ ကြောင်းများ ပြန့်ကျဲ လာသည်။
လင်းယွန်က အေးစက်စွာ စိုက်ကြည့် လိုက်၏။
“ အူယန်ဟောင် ... ၊ မင်းရဲ့ တကယ့် ခွန်အားကို ထုတ်ပါ၊ မဟုတ်ရင် မင်း ဒူးထောက် နေရဦး မှာပဲ။ ”
ထိုစကားကြောင့် ဒေသခံ ကျင့်ကြံသူ များမှာ၊ မျက်နှာများ ပျက်ယွင်း သွားသည်။ သည်အခြေ အနေ အထိ အူယန်ဟောင်ကို တွန်းပို့ နိုင်လိမ့် မည်ဟု မထင်ထား ချေ။
လင်းယွန် စကားကြောင့်၊ အူယန်ဟောင် ထံမှ ကြက်သွေးရောင် တိမ်တိုက် ရှစ်ခု ပေါက်ကွဲ ထွက်လာပြီး၊ ပတ်ဝန်းကျင် တစ်ခုလုံး အေးစိမ့် လာစေသည်။
ကြက်သွေးရောင် တိမ်တိုက် ရှစ်လုံးက၊ တောင်တန်း ကြီးကို နောက်ခံ ပြုလျက်၊ ပွင့် လာသော ပန်းများ အသွင်၊ ထင်မှား လာသည်။
“ ဒါက ကောင်းကင် တိမ်လွှာ နည်းစနစ်ရဲ့ အဠမ အဆင့်ပဲ။ ”
“ ပါရမီ ခုနစ်ပါးရဲ့ စစ်မှန်တဲ့ ခွန်အားလို့ ဆို ရမယ်။ ”
“ ဒီနည်းစနစ်က အဆင့် ကိုးဆင့် ရှိတယ်လို့ ကြားဖူးတယ်။ ”
အူယန်ဟောင်၏ အသွင် အရ၊ လင်းယွန်အား အနိုင်ရ နိုင်မည်ဟု မျှော်လင့်မိ ကုန်၏။ တစ်ချိန် တည်းမှာပင် ပြင်ပ ကျင့်ကြံသူ များက လင်းယွန် အပေါ်၊ စိုးရိမ် သွားကုန်သည်။
ချင်ရို့ယူကို စော်ကား ခဲ့သဖြင့်၊ ကောင်းကင် တောင်ကုန်းမြို့မှ၊ ပါရမီရှင် ခုနစ်ပါး၏ ပစ်မှတ် ဖြစ်လာသည်။
သို့သော် လက်ရှိ ပြသ ထားသော ခွန်အား အရ၊ ၎င်းတို့ ထက် မနိမ့် ကျကြောင်း မည်သူ မဆို ပြောနိုင်၏။
“ မင်းက ငါ့ရဲ့ စစ်မှန်တဲ့ စွမ်းအားကို ထုတ်ဖော် ရတဲ့ အထိ၊ ဖိအား ပေးနိုင် လိမ့်မယ် လို့၊ တစ်ကြိမ်တောင် တွေး မကြည့် မိဘူး။ ”
အူယန်ဟောင်က သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့်၊ အေးစက်စွာ ဆိုသည်။ သို့သော် သူ့ အရှိန် အဝါမှာ လင်းယွန် မျက်နှာ ပေါ်သို့၊ လှိုင်း အဖြစ်ပင် သက်ရောက် နိုင်ခြင်း မရှိ ခဲ့ချေ။
“ သေခြင်း တရားကို ရင်ဆိုင် နေရ တာတောင်၊ နား မလည် သေးဖူးပဲ၊ မင်း ဘယ်သူ့ကို စော်ကား ခဲ့လဲ မင်း သိလား၊ ... ”
“ ... မရဏ သမီးတော်ရဲ့ ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံးကို ယူလိုက် ကတည်းက မင်းက သေလူ ပဲ။ ”
သတ်ဖြတ် လိုသော ရည်ရွယ်ချက် များကို လင်းယွန်ထံ၊ အဆုံး မရှိ ဦးတည် ပို့လွှတ်လျက်၊ ဟစ်အော် လိုက်သည်။
၎င်းမှာ သိပ်သည်း လွန်းသဖြင့်၊ လမ်းကြောင်း ပေါ်ရှိ အရာ အားလုံးကို ဝါးမြို သွား၏။
သို့သော် ထိုရည်ရွယ် ချက်မှာ၊ ဓား တစ်လက် အသွင်၊ မြေပြင်ပေါ် မြဲမြံစွာ ရပ်နေသည့် လင်းယွန် အနား မကပ် နိုင်ခဲ့ပေ။
တစ်ဖက် လူ၏ ပြင်းထန်သော တိုက်ပွဲဝင် ဆန္ဒ များကို ခံစား မိသဖြင့်၊ အူယန်ဟောင် တစ်ယောက် ပို၍ ဒေါသ ထွက်လာကာ၊
“ မင်းက သေရမှာ မကြောက် ဖူးပဲ၊ ကောင်းပြီ ... ငါ မင်းကို မနှောက်ယှက် တော့ ပါဘူး၊ ငါ့ဆီက တိုက်ခိုက်မှု တစ်ခု ယူနိုင်ရင် မင်းကို ငါလွှတ် လိုက်မယ်၊ ... ”
“ ... ဒီတိုက်ခိုက် မှုကို ကြယ်တာရာ ဖျက်ဆီးခြင်း လို့ခေါ်တယ်။ ”
စကားဆုံး သည်နှင့် လှံထဲသို့ မူလ စွမ်းအင်များ သွန်းလောင်း လိုက်သည်။
ရုတ်တရက် မြင့်တက် လာသော အရှိန်အဝါ နှင့်အတူ၊ ကောင်းကင်ကြီး မှောင်မိုက် သွားကာ၊ လှံ ဖျားရှိ ကြက်သွေးရောင် အလင်း သည်သာ၊ တောက်ပ ကျန်နေသည်။
ထို့နောက်တွင် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါ တစ်ခု လှံဖျား၌ စုရုံး လာ၏။ ထိုအရှိန် အဝါမှာ အသက်ရှိ နေသကဲ့သို့၊ လှံ ဖျားတွင် ကခုန် နေတော့သည်။
“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ …။ ”
“ ဒါမှ ... ပါရမီရှင်လို့ ခေါ်တယ်။ ”
အူယန်ဟောင် ထံမှ ထွက်လာသော ရောင်ဝါကြောင့်၊ ဂိုရှုနှင့် ပြင်ပ ကျင့်ကြံသူ များ၏၊ မျက်နှာများ ပြောင်းလဲ သွားသည်။
“ ဟမ့် ... ။ ”
“ ဒီ လှံချက်နဲ့ ... ၊ အထွတ် အထိပ် ယင်-ယန် အဆင့်က၊ လမ်းလွဲ ကျင့်ကြံသူ ကိုတောင် သတ်ပစ် နိုင်ခဲ့တာ၊ လင်းယွန် တစ်ယောက် အသက်ရှင် နိုင်မယ် ထင်နေလား။ ”
လင်းယွန်ကို အစိတ်စိတ် အမြွှာမြွှာ အပိုင်းခံ လိုက်ရ သကဲ့သို့၊ မြင်ယောင် လာကုန် ကြသည်။
တစ်ဖက်တွင် အူယန်ဟောင်၏ အရှိန် အဝါများ ဆက်လက် မြင့်တက် လာသဖြင့်၊ လင်းယွန် ပေါ်ပင်၊ ဖိအား တစ်ခု သက်ရောက် လာခဲ့၏။
သို့သော် လင်းယွန်မှာ ထိတ်လန့်ခြင်း မရှိပေ။ ဆန့်ကျင်ဘက် အနေဖြင့်၊ ရှန်ရှင်း ဓားကို ထုတ်လွှတ် လိုက်သည်။
လင်းယွန် ထံမှ ဖြာထွက် လာသော ဓားရောင်ခြည် များမှာ၊ အမှောင်ထု အတွင်း၌ ကြယ်တစ်ပွင့် ကဲ့သို့ တောက်ပစွာ လင်းလက် လာ၏။
“ နဂါး ဓား အရှိန်အဝါ။ ”
ထိုစက္ကန့်ပိုင်း အတွင်း ဓားသုတ္တန်နှင့်၊ နဂါး အရှိန် အဝါကို ပေါင်းစပ်ပြီး၊ ဓား(၁၁) လက် အဖြစ်၊ တောက်ပ လာခဲ့သည်။
ဓားရှည် များကို နဂါး ရူရ် များဖြင့်၊ ရေးထွင်း ထားသည်။ ထို့ကြောင့် နဂါးဟောက် သံနှင့် အတူ၊ ဓား ရည်ရွယ်ချက်မှာ ပေါက်ကွဲလျက်၊ ရှေ့သို့ တိုးထွက် သွား၏။
တစ်ချိန်တည်း မှာပင် အူယန်ဟောင် လှံမှ၊ အကန့် အသတ် မဲ့သော ကြက်သွေးရောင် မြူများ တိုးထွက် လာသည်။
၎င်းတို့ နှစ်ဦး ထိပ်တိုက် တွေ့ဆုံ သွားသော အခါတွင်၊ ပတ်ဝန်းကျင် တစ်ခုလုံး တုန်လှုပ်လာ ရ၏။
မြူခိုးများ ဖုံးလွှမ်း နေသည့် တောင်တန်း ကြီးတွင် အက်ကြောင်းများ ပျံ့နှံ့ လာသည်။
ပေါက်ကွဲ မှုကြောင့် သူတို့ နှစ်ဦးသား နောက်ပြန် လွင့်စင် ကုန်လျက်၊ မြေပြင်သို့ ပြန်လည် ဆင်းသက် လိုက် ကြပြီး၊ ဟန်ချက် ညီအောင် ထိန်းယူ မိသည်။
ခြေတစ်လှမ်း လှမ်း အပြီးတွင်၊ တောင်များ ပြိုကျ လာလေသည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ကုန်ပြီး၊ တောင်ပြို ခြင်းဖြင့် ဖုံးလွှမ်း သွားသော တိုက်ပွဲ ကွင်းပြင်ထံ၊ လူတိုင်း ငေးကြည့် လိုက်ကြ၏။
“ ဟိတ် ..... ။ ”
ရုတ်တရက် တောင်ပြို အပိုင်းအစများ အောက်မှ၊ အလင်းတန်းများ ဖြာထွက် လာပြီး၊ အူယန်ဟောင် တစ်ယောက် ကောင်းကင်ပေါ် ခုန်တက် သွား၏။
မျက်နှာ အနှံ့ သွေးများ ဖုံးလွှမ်း နေ သော်လည်း၊ ပြုံးရွှင်သော မျက်နှာဖြင့်၊ မြေပြင် ပေါ်ရှိ ကျောက်သား ပုံကြီးထံ ငုံ့ကြည့် လိုက်သည်။
“ ဓားကျွန် ... ၊ မင်းက ငါ့နဲ့ တိုက်ခိုက်ပြီး၊ မင်းရဲ့ သေမင်းကို ဖိတ်ခေါ် လိုက်တာပဲ။ ”
“ ဟုတ် လား ... ။ ”
အူယန်ဟောင် စကား မဆုံးခင် မှာပင်၊ ကျောက်သား အပျက် အစီး ပုံမှာ အမှုန် အဖြစ်၊ ပြောင်းလဲ သွားတော့သည်။
တိုက်ပွဲဝင် ဆန္ဒများ အဆုံး မရှိ လောင်ကျွမ်း နေသော လင်းယွန်မှာ၊ အပျက် အစီးများ ထဲမှ ခုန်ထွက် လာခဲ့သည်။
“ မင်း … ။ ”
ဖုန် တစ်စပင် ကပ်ညိခြင်း မရှိသော လင်းယွန်ကို ကြည့်ကာ၊ အူယန်ဟောင် တစ်ယောက် အံ့သြသ ွားသည်။
သူ၏ တိုက်ခိုက်မှုကို အမှန် တကယ် လွတ်မြောက် နိုင်ခဲ့ကြောင်း၊ မယုံ နိုင်ချေ။
လင်းယွန် အတွက်မူ အူယန်ဟောင်၏ တိုက်ခိုက်မှုမှာ၊ မည်မျှ ပြင်းထန် စေကာမူ၊ ဓားသမား ငါးယောက် တပြိုက် နက်တည်း ထုတ်ဖော် ခဲ့သော၊ မဟာ ပေါက်ကွဲမှု ကဲ့သို့ ကြောက်စရာ ကောင်းနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ဒဏ်ရာ မရ သည်မှာ၊ သဘာဝ ကျပေသည်။ အူယန်ဟောင်အား ဖြေရှင်းရန်၊ ဓားသုတ္တန် ကိုသာ အားကိုး ခဲ့ရသည်။
“ ဆက် ရ အောင်။ ”
အူယန်ဟောင် ထံမှ တုန့်ပြန် ချိန်ကို မစောင့် တော့ဘဲ၊ လင်းယွန်က လက်သီးဖြင့် ရင်ဘတ်ထံ ပြေးဝင် ထိုးချ လိုက်သည်။
လျင်မြန် လွန်းသော အရွေ့ကြောင့်၊ ထိမှန် ခံလိုက် ရကာ၊ ပါးစပ်မှ သွေးများ အန်လျက် လွင့်စင် သွားသည်။
မြေပြင်ပေါ် ရောက်သည်နှင့် ပြန်ထရန်၊ ချက်ချင်း ကြိုးစား လိုက်သော်လည်း၊ လင်းယွန် ရောက်ရှိ လာကာ၊ ရင်ဘတ်ပေါ် ဆောင့်နင်း ချ တော့၏။
“ မင်းလို အမှိုက် တစ်စက ငါ့ကို သတ်ချင် နေတယ်ပေါ့ ဟမ် ... ။ ”
ရင်ဘတ် ထံမှ ပေါက်ကွဲလု နီးပါး နာကျင် လာသဖြင့်၊ လင်းယွန်ကို ပြန်မော့ ကြည့်ပြီး၊
“ အ ... ခွေးကောင် ... ငါ့ကို လွှတ် ။ ”
-ဟုဆိုကာ လွတ်မြောက်ရန် အပြင်း အထန် ရုန်းကန် လိုက်သော်လည်း၊ မအောင်မြင် ခဲ့ချေ။
လင်းယွန်က အူယန်ဟောင် ခံစားချက်ကို ဂရု မစိုက်ဘဲ၊ အေးစက်စွာ စိုက်ကြည့် နေမိ၏။ မိန်းမ တစ်ယောက် အတွက် ခွေး ဖြစ်ချင်သော ပါရမီရှင် များကို သတ်ပစ်ရန် ဆုံးဖြတ် ထားပြီး ဖြစ်သည်။
ထိုကြောင့် သူ့ မျက်ဝန်း များတွင်၊ သတ်ဖြတ် လိုသော ဆန္ဒများ မြင့်တက် လာလေပြီ။
“ မဟုတ်ဘူး၊ ငါ့ကို မသတ် ပါနဲ့။ ”
၎င်းကို ခံစားမိသော အူယန်ဟောင်က ထိတ်လန့်စွာ တောင်းပန် လိုက်သည်။
“ မင်းနောက်ကျ သွားပြီ။ ”
စကားဆုံး သည်နှင့် ခေါင်းကို နင်းချရန် ပြင်လိုက် သော်လည်း၊ စူးရှသော အရှိန် အဝါ ငါးခု၊ နောက်ကျော ဆီမှ ဝင်ရောက် လာ သည်ကို၊ ခံစား လိုက်ရ၏။
လှည့်ကြည့် လိုက်ချိန်၌၊ ကောင်းကင် တိမ်လွှာ ဂိုဏ်း၏ အကြီးအကဲ ငါးယောက်အား တွေ့လိုက် ရသည်။
၎င်းတို့ ငါးဦးမှာ၊ အူယန်ဟောင်ထက် အားနည်းသော ကြောင့်၊ အတူတကွ ဝင်ရောက်ရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။
သူတို့၏ တိုက်ခိုက်မှု များကို အလင်းတန်း အသွင် ပြောင်းလဲ ရှောင်တိမ်း လိုက်ပြီး၊ ပန်း သင်္ချိုင်း ဓားအား ဆင့်ခေါ်ကာ၊ မဆိုင်း မတွဘဲ ရှေ့သို့ တွန်းထုတ် လိုက်၏။
မည်သူ့ ကိုမျှ ရန်စခြင်း မရှိ သည်မှာ၊ ပျော့ညံ လွန်းသူ တစ်ဦး မဟုတ်ကြောင်း၊ သည်နေ့ ပြသ ရပေမည်။
***