ထိတ်လန့် ဖွယ်။
Vol. 51 Ch. 711
“ သေ စမ်း ... ။ ”
အကြီး အကဲ ငါးဦးက ရက်စက် ကြမ်းကြုတ်စွာ တိုက်ခိုက် လာခဲ့သည်။ သူတို့ အားလုံးမှာ ယင်-ယန် အဆင့်၌ ရှိနေ ကြသော် လည်း၊ လင်းယွန် လှည့်ကြည့် လာချိန်တွင်၊ ကျောရိုး တစ်လျောက် အေးစက် သွား၏။
လက်ထဲရှိ ပန်းသင်္ချိုင်း ဓား ထံမှ ဓားရောင်ခြည်မှာ၊ အလွန် တောက်ပ လွန်း သဖြင့် သူတို့၏ မျက်လုံး များကို ကျိန်းစပ် လာစေ ခဲ့သည်။
ဓားကို ဆွဲပြီးနောက် လင်းယွန် စိတ်နေ စိတ်ထားသည် သိသိ သာသာ ပြောင်းလဲ သွားတော့၏။
“ သခင့်ဓား- မိုးကြိုး။ ”
ဓားသုတ္တန်ကို ဖြန့်ချီလျက်၊ ဓားအလင်း (၈၁) စင်းကို ထုတ်လွှတ် လိုက်သည်။ အဆုံး မရှိသော ဓားရည်ရွယ် ချက်နှင့်၊ လျှပ်စီး များက ချက်ချင်း ဆိုသလို ကောင်းကင်အား မှောင်မိုက် သွားစေ ခဲ့သည်။
အမှောင် ထဲ၌ ဓား အလင်း (၈၁)စင်း သည်သာ တောက်ပ နေ၏။ ခဏ အတွင်း ထိုဓား အလင်း များနှင့် လျှပ်စီး များက အကြီး အကဲ ငါးဦးထံ ပြေးဝင် သွားကာ၊ သူတို့၏ တိုက်ခိုက်မှု များကို ချေမှုန်းပစ် လိုက်သည်။
ခုခံ ကာကွယ်ရန် အတတ် နိုင်ဆုံး ကြိုးစားခဲ့ ကြသော်လည်း၊ နှုတ်ခမ်းမှ သွေးများ စီးကျလျက်၊ လက်များ ထုံကျင် လာတော့သည်။
ထိုမျှနှင့် လင်းယွန်က ရပ်တန့်ရန် ရည်ရွယ်ချက် မရှိချေ။ ဓားသုတ္တန်ကို ဖြန့်ဝေပြီး နဂါးဓား အရှိန်အဝါကို ကန့်သတ် ချက်သို့ တွန်းပို့ လိုက်သည်။
ဓားတစ်လက်ကို ကိုင်ဆောင် ထားသော အသွင်မှာ၊ ငရဲမှ လာသော နတ်ဘုရား တစ်ပါး နှင့်တူ ပေ၏။
ဆံပင်များ လေထဲ တဖျပ်ဖျပ် လွင့်လာပြီး၊ ယုံကြည်မှု အပြည့်နှင့် တိုက်ပွဲ အပေါ် စီးမိုး ကြည့် လိုက်သည်။
သူ့ ရောင်ဝါ အောက်တွင် အကြီးအကဲ ငါးဦးမှာ၊ ၎င်းတို့၏ ခွန်အား တစ်ဝက် ကိုပင် မစုဆောင်း နိုင်တော့ပေ။
ပြိုင်ဘက်မှာ တစ်ယောက်တည်း ဖြစ်သော်လည်း၊ ဖိအားသည် တောင်ကြီး တစ်လုံး ကဲ့သို့ ကြောက်စရာ ကောင်းလွန်း ပေသည်။
ဤသည်မှာ စစ်မှန်သော နဂါးဓား အရှိန် အဝါ ဖြစ်၏။ ဓားသုတ္တန်ကို (၁၁) ဆင့်သို့ မရောက်ရှိ မီကပင်၊ နဂါးဓား အရှိန် အဝါကို ဖွဲ့တည် နိုင်ခဲ့သည်။
ယခုမူ ရုပ်ခန္ဓာနှင့် မူလ စွမ်းအင် မျှခြေသို့ ရောက်ရှိ သွားသဖြင့်၊ လုံးဝ ကွဲပြားသော အသွင် ဖြစ်ပေါ် လာသည်။
ထို့ကြောင့် ဆယ်ကြိမ် လှုပ်ရှားပြီး ချိန်၌၊ အကြီးအကဲ ငါးဦးတွင် ဒဏ်ရာများ ဖုံးလွှမ်း လျက်၊ လွင့်စင် သွားတော့၏။
ရုတ်တရက် ပတ်ဝန်းကျင် တစ်ခုလုံး အပေါ်၊ လွှမ်းခြုံရန် ဓားရည်ရွယ်ချက်အား ကန့်သတ်ချက် အထိ တွန်းထုတ် လိုက်သည်။
ပြီးနောက် ဓားကို လွှဲကာ အကြီးအကဲ တစ်ဦး၏ လက်အား ဖြတ်တောက် ပစ်လိုက် သည်။ ထိုအကြီး အကဲမှာ ချက်ချင်း ဒူးထောက် ကျသွားပြီး၊ သွေးများ အိုင်ထွန်း ကုန်၏။
ရန်သူ ငါးဦးကို တစ်ပြိုင် နက်တည်း ရင်ဆိုင်ရ ချိန်တွင်၊ ဤမျှ သန်မာ နေဦးမည်ဟု မထင်ထား သောကြောင့်၊ လူတိုင်း အံသြ သွားကြ၏။
ကျန်အကြီးအကဲ လေးဦးက လင်းယွန်ထံ လှံများ ထိုးညွှတ်လျက်၊
“ သူ့ကို သတ် ... ။ ”
-ဟု အော်ဟစ် လိုက်သည်။
“ သွား စမ်း ... ။ ”
မြေပြင် ပေါ်တွင် ဒူးထောက် ထိုင်နေသော အကြီးအကဲ ရင်ဘတ်ကို နဂါး စွမ်းအင် ဖြင့် ကန်ထုတ် ပစ်လိုက်သည်။
ထိုကန်ချက်မှာ အကြီးအကဲ၏ မူလစွမ်းအင် ခံစစ် အလွှာကို ဖြတ်၍ နံရိုး များပေါ် ကျရောက် သွားသည်။
ထို့နောက် လက်ထဲရှိ ပန်းသင်္ချိုင်း ဓားကို မြှောက်လျက် လှည့်ကြည့် လိုက်ချိန်တွင် သူ့ အသွင်မှာ မှုန်ဝါး ပျောက်ကွယ် သွားတော့ သည်။
နောက်ဆက်တွဲ ပုံရိပ် များနှင့် အတူ၊ လျှပ်စီးများ လင်းလက် သွားပြီး၊ အကြီးအကဲ လေးဦး၏ တိုက်ခိုက်မှုများ အပေါ်၊ လွှမ်းခြုံ ကုန်တော့သည်။
“ သခင့်ဓား- အလင်းခွဲ ဖြတ်ခြင်း။ ”
တစ်ချိန်တည်း မှာပင်၊ လင်းယွန် ဘေးတစ်ဖက် တစ်ချက် ဆီ၌၊ တောက်ပသော ဓားအလင်း များက တောင်ပံ တစ်စုံ ကဲ့သို့ ထွက်ပေါ် လာ၏။
တောင်ပံများ ကြွေကျလာ သည်နှင့် အမျှ အလင်း လှိုင်းများ ပတ်ဝန်း ကျင်သို့ ရိုက်ခတ် လာပြီး၊ မြေပြင်အား အက်ကွဲ သွားစေ၏။
ထို့နောက် ကောင်းကင်ပေါ် ပျံတက်လျက်၊ ဓားဖြင့် ခုတ်ပိုင်း ချလိုက်သည်။
အကြီးအကဲ လေးဦးမှာ လျင်မြန် လွန်းသော အဟုန်ကို မရှောင် တိမ်းနိုင် လေရာ၊ ရင်ဘတ်၌ ပြတ်ရှ ရာများ ရ ရှိသွားကုန်၏။
နာကျင်စွာ အော်ဟစ် လိုက်ပြီး၊ ပွင့်ထွက် သွားသော ပြတ်ရှ ရာမှ တဆင့်၊ အတွင်း အင်္ဂါများ၊ ဒဏ်ရာ ရရှိသွား သည်ကို မြင်လိုက် ရသည်။
ထိုဖြစ်စဉ်ကို ဆံပင်များ တဖျပ်ဖျပ် ခတ်လျက် လေထဲတွင် ရပ်နေသော လင်းယွန်မှ၊ ပေါ့ပေါ့ ပါးပါးပင်၊ ငုံကြည့် လိုက်၏။
ထို့နောက် ပန်းသင်္ချိုင်း ဓားကို ဗဟို ပြုသည့်၊ လှိုင်း ဂယက်များ ထွက်ပေါ် လာသည်။ ခိုးဝင် တိုက်ခိုက်ရန် ပြင်နေသော ကန်ထုတ် ခံထား ရသည့် အကြီး အကဲထံ၊ ပြန်လှည့် ကြည့်ကာ ဓားဖြင့် ခုတ်ချ လိုက်သည်။
လင်းယွန်မှ လျင်မြန်စွာ တုန့်ပြန်လာ ခြင်းကြောင့် ထိုအကြီး အကဲမှာ၊ အနည်းငယ် အံ့အားသင့် သွား၏။
“ ဓားကျွန်၊ မင်းက မျိုးနွယ်စုကြီး လေးခုနဲ့ ကောင်းကင် တိမ်လွှာ ဂိုဏ်းကို စော်ကား မိပြီ၊ မင်းရဲ့ သေခြင်းက ခွေး တစ်ကောင်ထက် ပိုဆိုး မယ်ဆိုတာ မှတ်ထားပါ၊ ... ”
“ ... မင်း ငါတို့ကို လွှတ်လိုက်ရင် ဂိုဏ်းက မင်းရဲ့ အသက်ကို လွှတ်ပေးဖို့ စဉ်းစား ပေးနိုင် တယ်၊ ဒါကြောင့် မြန်မြန် … မ လုပ် နဲ့ … ။ ”
စကား မဆုံး ခင်မှာပင်၊ လင်းယွန် ဓားက သူ့ လည်ပင်းအား ဖြတ်သန်း သွားတော့၏။
“ ပြေး ... ။ ”
ဤမြင်ကွင်းကြောင့် ကျန်အကြီးအကဲ လေးယောက်မှာ၊ ကြောက်လန့် တကြား လျင်မြန်စွာ ထွက်ပြေး ကုန်တော့သည်။
သို့သော် လင်းယွန်က ဓားကို ထပ်မံ လွှဲယမ်း လိုက်သဖြင့်၊ ပန်းသင်္ချိုင်း ဓားမှာ ကောင်းကင်မှ ကြွေကျ လာသော ကြယ်တံခွန် တစ်စင်း ကဲ့သို့၊ အကြီးအကဲ နှစ်ဦးထံ ဖြတ်သန်း သွားပြန်သည်။
ဤမြင်ကွင်းသည် ကောင်းကင် တောင်ကုန်း မြို့၏ ကျွမ်းကျင် သူများ အားလုံးကို ထိတ်လန့် သွားစေရန် လုံလောက် ပေ၏။
“ သေ စမ်း ... ။ ”
“ အူယန်ဟောင် ဘယ်မှာလဲ သူက တိုက်ပွဲ ဝင်ဖို့ ခွန်အားတွေ ပြန်ရ သင့်နေပြီ။ ”
“ မင်းအဘ တိုက်ပွဲဝင်၊ ခွေး တစ်ကောင်လို လေးဘက်ထောက် ထွက်ပြေး သွားတာ မတွေ့ ဖူးလား၊ လှည့်တောင် မကြည့် ရဲဘူး။ ”
“ သူ ... သူက ဘာလို့ ဒီလောက်တောင် အရှက် ကင်းမဲ့ နေရ တာလဲ၊ ပထမ တန်းစား ပါရမီရှင် ခုနစ်ယောက် ထဲက တစ်ယောက် မဟုတ် ဖူးလား၊ လင်းယွန်ကို သတ်ပစ် မယ်လို့ သူပဲ ဦးဆုံး ကြေငြာ ထားတာ … ။ ”
“ မင်း ကသာ ပြောနေတာ သူ့မျက်နှာ ဘယ်လောက် ရောင်ရမ်း နေလဲ ကြည့်လိုက်ဦး၊ လင်းယွန် ပါးရိုက်တာ ခံလာရ ပုံပဲ၊ သူက ငါတို့ အားလုံးကို အရှက်ရ စေတယ်။”
“ အ မှိုက် ... ။ ”
ကောင်းကင် တောင်ကုန်း မြို့ခံ ကျွမ်းကျင်သူ များမှာ အရှက် တရားကြောင့်၊ ဒေါသ များဖြင့် ပြည့်နှက် လာကြသည်။
ထို့နောက် ရှုပ်ထွေးသော အကြည့်ဖြင့် လင်းယွန်ကို ကြည့်ကာ ထွက်ခွာ သွားကုန် တော့၏။
သိုင်းလောက ဟူသည် သန်မာသူ များသာ ကြီးစိုးရာ အရပ် ဖြစ်ပေ၏။ ဤသည်မှာ ထာဝရ အမှန်တရား ဖြစ်ပြီး၊ မည်မျှ မုန်းတီး စေကာမူ၊ လင်းယွန် အပေါ် လေးစား သင့်ကြောင်း ဝန်ခံ ရပေမည်။
မျိုးနွယ် စုကြီး လေးခုနှင့် ကောင်းကင် တိမ်လွှာ ဂိုဏ်းက သူ့ အသက်ကို ရယူ လိုသော် လည်း၊ ဓားဆွဲကာ ရင်ဆိုင် ခဲ့သည်။
အန္တရာယ် ရှိမှန်း သိသော ခရီးကို၊ တစ်ဦးတည်း လာဝံ့ ခဲ့၏။ သို့သော် အကြည့် များကို ပြန်ရုတ် လိုက်ပြီး၊ ခေါင်း ခါယမ်း လိုက်မိသည်။
သူတို့ အမြင် အရ၊ ချင်ရို့ယူမှ သေစေ လိုသည့်နောက်၊ လင်းယွန်တွင် ထွက်လမ်း မရှိ တော့ပေ။
ချင်ရို့ယူမှာ စကား တစ်ခွန်းမျှ မဆို သော်လည်း၊ လင်းယွန်ကို သတ်ရန် တွန်းအား ပေးနေမှန်း၊ လူတိုင်း သိချေ သည်။
အလင်း အမှောင် လမင်းကမ္ဘာ၏ မရဏ သမီးတော် ဖြစ်သဖြင့်၊ မည်သူမျှ သူမ အပေါ်၊ လျစ်လျူ မရှုဝံ့ ခေျ။
စျေးနှုန်း မည်မျှ ပေးစပ် ရစေ ကာမူ၊ မျိုးနွယ် စုကြီး လေးခုနှင့် ကောင်းကင် တိမ်လွှာ ဂိုဏ်း တို့မှ၊ ဤအမှုကို ပြီးဆုံးအောင် ကြိုးစား ကြမည် ဖြစ်သည်။
“ လင်းယွန် ... ၊ မင်း မလာ သင့်ဘူး။ ”
ဂိုရှုနှင့် ယန်းဖန်က လင်းယွန်အား ရှုပ်ထွေးသော အကြည့်ဖြင့် လှမ်းကြည့်ကာ ဆိုသည်။
“ လင်းယွန်၊ ငါ့ စကားကို နားထောင်ပါ၊ မင်းမြန်မြန် ထွက်သွား သင့်တယ်၊ မင်းမှာ အခွင့် အရေး ရှိသေးတယ်။ ”
ပန်းသင်္ချိုင်း ဓားကို ရုတ်သိမ်း လိုက်ပြီး၊ မြေပြင် ပေါ်မှ အလောင်း များကို ကြည့်ကာ၊
“ ဒါက အန္တရာယ် ရှိမယ် ဆိုတာကို ငါသိတယ်၊ ဒါပေမယ့် ဒီလူတွေ ဒီလောက်ထိ အရှက် ကင်းမဲ့ လိမ့်မယ်လို့၊ ဘယ်တုန်း ကမှ မမျှော်လင့် ထားတာတော့ အမှန်ပဲ။ ”
လင်းယွန် တစ်ယောက် အနည်းငယ် အကူအညီမဲ့ သွားသလို ခံစားလိုက် ရသည်။
ကောင်းကင် တောင်ကုန်း မြို့၏ ပထမ တန်းစား ပါရမီရှင် များသည် အမျိုး သမီး တစ်ဦးကြောင့်၊ သူအား ခွေးရူး များလို ရန်ပြု လာလိမ့် မည်ဟု မထင် ထားချေေ။
သို့သော် ရောက်လာ ပြီးနောက်၊ ထိုအကြောင်းအား သိပ်စဉ်းစား နေစရာ မလိုဟု ထင်သည်။
အကယ် ၍သာ မလာခဲ့ ပါက၊ ဓားသုတ္တန်အား (၁၁) ဆင့်သို့ ရောက်ရန် အချိန် မည်မျှ ကြာဦး မည်ကို သူ မသိနိုင်။
ကျင့်ကြံခြင်း လမ်းမှာ၊ အေးချမ်းသော လမ်းခရီး တစ်ခု မဟုတ် သဖြင့်၊ အသက်ကို မစွန့် ဝံ့သော်၊ သည်အထိ ရောက်နိုင်မည် မဟုတ်ကြောင်း သူပြော နိုင်သည်။
ထို့အတူ သူ့ဓား သည်လည်း၊ ထက်ရှ လာလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အသွား နှစ်ဖက် ပါသော ဓားနှင့် တူ၏။
ယင်းကို ဂိုရှုတို့ နှစ်ဦးမှာ နားမလည် နိုင်သဖြင့်၊ သူတို့ သုံးဦးကြား ကွာဟ ချက်များ တဖြည်းဖြည်း တိုးလာ ခဲ့ခြင်း ဖြစ်သည်။
ဤအခိုက် အတန့်တွင် ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ပင်မ ဒေသ ဆီမှ၊ ပျံ့လွင့် လာသည်။
အနီရောင် ပြောင်းလဲ သွားသော ကောင်းကင် ကြီးကို သုံးဦးသား မော့ကြည့် လိုက်မိ၏။
“ အဲဒါ ဘာလဲ ... ။ ”
လင်းယွန် ပင်လျှင် လေးနက်သော အမူ အရာ ထုတ်ဖော် ထားသည်။ ဤသည်မှာ လျှို့ဝှက် နယ်မြေ ထဲသို့၊ ဝင်ရောက် လာသော အချိန်က၊ သူ ခံစား ခဲ့ရသော ထိတ်လန့်ဖွယ် အငွေ့ အသက် ပေပင်။
နဂါးဓား အရှိန် အဝါနှင့် ရှန်ရှင်းဓား ရည်ရွယ်ချက် ကိုပင် ခြိမ်းခြောက် နိုင်သော အမည် မသိ တစ်စုံ တစ်ရာ ဖြစ်ပေ ၏။
***