နတ်ဆိုး အသွင် ပြောင်းခြင်း သစ်ပင်။
Vol. 51 Ch. 712
“ ဒါက တားမြစ်ဇုန် လို့ထင်တယ်။ ”
ယန်းဖန်က လေးနက်သော အမူအရာဖြင့် ဆိုသည်။
“ ဓားဂိုဏ်းရဲ့ ခေတ်တုန်းက အဲ့ဒီ နေရာမှာ၊ အကြီးအကဲ တွေတောင် ချဉ်းကပ်ခွင့် မရှိ ခဲ့တဲ့ တားမြစ် နယ်မြေ တစ်ခု ရှိကောင်း ရှိနိုင်တယ်။ ”
လင်းယွန် သည်လည်း အတွေးထဲ နစ်မြုပ် သွားသည်။ သည်ခရီးစဉ်၏ အကြီးမား ဆုံးသော တံခါးဝကို ရောက်နေ သည်ဟု ခံစား မိ၏။
သူ့ ခွန်အားမှာ အထွတ်အထိပ် ယန် အဆင့် ဟု ဆိုသော်လည်း၊ အထွတ် အထိပ် ယင်-ယန် အဆင့်ဖြင့် ယှဉ်နိုင်၏။
ထိုသို့သော အခြေခံ အုတ်မြစ် မျိုးကို တောင်ပိုင်း ရှေးဟောင်း နယ်မြေ တစ်ခုလုံး တွင်ပင် တွေ့ရခဲ လေသည်။
ဤသို့ ခိုင်ခံ့သော အခြေခံ အုတ်မြစ် ရှိခြင်းမှာ၊ ကောင်းကျိုးရှိ သကဲ့သို့၊ ဆိုးကျိုး များစွာလည်း ရှိ၏။
ရှင်းရှင်း ဆိုရသော်၊ ယင်-ယန် အဆင့်သို့ တက်လှမ်းရန်၊ တခြားသူ များထက် ဆယ်ဆ သို့မဟုတ် အဆ တစ်ရာ ပို၍ ခက်ခဲ နိုင်ပေမည်။
တစ်ဖက်တွင် အောင်မြင်မှု တစ်ခု ပြုလုပ် နိုင်ခဲ့ ပါက၊ အလုံးစုံသော အသွင် ကူးပြောင်းမှု ကိုလည်း၊ ဆောင်ကျဉ်း ပေးနိုင်၏။
အောင်မြင်မှု တစ်ခု ရယူရန်၊ မည်မျှ ကြာမြင့် မည်ကို သူ မသိချေ။ ထို့ကြောင့် အခွင့်အရေး များကို၊ တက်နိုင် သမျှ ရှာဖွေ ရမည် ဖြစ်သည်။
အင်ပါရီယန် ကြယ်ပုလဲ နှစ်လုံး နှင့်ပင် လုံလောက် သည်ဟု မထင် သဖြင့်၊ စွန့်စားရန် ဆန္ဒ မရှိ သည်မှာ၊ အမှန်ပင်။
မအောင်မြင် ခဲ့သော်၊ အခြေခံ အုတ်မြစ် ထိခိုက် ပြီးနောက်၊ သွေးစွန်းသော ဧည့်ခံပွဲအား စွန့်လွှတ် ရပေမည်။
“ သွားကြည့် ရအောင်။ ”
လင်းယွန်က ဆုံးဖြတ်ချက် ချပြီး သည်နှင့်၊ ပင်မ ဒေသ ဆီသို့ ပြေးလွှား သွားသည်။ ဂိုရှုနှင့် ယန်းဖန် တို့က ဤမြင်ကွင်းကြောင့်၊ ကူကယ် ရာမဲ့ စွာဖြင့် ပြုံးလိုက် ကြ၏။
ထိုနေရာ၌ အစွမ်း ထက်သော လေလွင့် ကျင့်ကြံ သူများ အပြင်၊ ချန်စီယုနှင့် ချူးမူယန် တို့လည်း၊ ရှိနေ ပေသည်။
“ သွား ရ အောင်။ ”
သို့သော် ပင်မ ဒေသ၌ မည်သည့် အရာများ ရှိနေ မည်ကို သူတို့ နှစ်ဦးလည်း သိချင် ပေ၏။ တိုက်ပွဲ မဝင်နိုင် လျှင်ပင် အတွေ့ အကြုံ ကောင်းများ ရရှိ နိုင်သည်။
တောင်တန်း တစ်ခုကို ဖြတ်ကျော် ပြီးနောက်၊ မြင်ကွင်းများ ပြောင်းလဲ သွားခြင်း မရှိ သေးချေ။
အရိုး စုများ၊ အဆောက် အဦး မျိုးစုံဖြင့်၊ ပြိုကျ ဖုံးလွှမ်း နေသော စစ်မြေပြင် တစ်ခုသာ ဖြစ်နေဆဲ ပေပင်။
သတ်ဖြတ် လိုသော ရည်ရွယ်ချက် များမှာ၊ ဤဒေသကို ဖြတ်သန်း သွားလာသည့်၊ လူတိုင်း အပေါ်၊ ကြီးမားသော ဖိအားများ ပေးစွမ်း လေသည်။
ထိုဖိအားမှာ စိမ့်တွင်းထဲ ပစ်ချခံ လိုက်ရ သကဲ့သို့ လေးကန် စေပြီး၊ ပျံသန်း ရန်ပင် ခက်ခဲ သွားကုန်၏။
ထို့ကြောင့် သူတို့ကိုယ် သူတို့ ကာကွယ်ရန် အတွက် မူလ စွမ်းအင်များ ထုတ်ဖော် ထားရ လေသည်။
သို့မဟုတ် ပါက၊ ခြေ တစ်လှမ်း တိုးရန်ပင်၊ စွမ်းဆောင် နိုင်မည် မဟုတ်ချေ။ လင်းယွန် အတွက်မူ၊ နဂါး တိုက်ပွဲဝင် ခန္ဓာ ကိုယ်ကြောင့်၊ အဆင် ပြေနေ၏။
အနည်းငယ် မျှသာ ကြောက်စရာ ကောင်း သည်ဟု ခံစားခဲ့ ရပြီး၊ မကြာမီ အဆင်ပြေ သွား ခဲ့သည်။
စစ်မြေပြင်သို့ ဝင်ရောက် ပြီးနောက်၊ ဓားဂိုဏ်းကို ကျူးကျော် ခဲ့သော တပ်ဖွဲ့ များက၊ ဤနေရာတွင် သတ်ပွဲ ဆင်နွှဲ နေသည့်၊ မြင်ကွင်း များ မြင်ယောင် လာသဖြင့်၊ လူတိုင်း၏ မျက်နှာများ ညှိုးနွမ်း သွားခဲ့သည်။
“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ …။ ”
ဂိုရှုနှင့် ယန်းဖန်ပင် ရင်ဘတ် တစ်ခုလုံး အောင့်မြက် သွားကာ တုန်လှုပ် လာ၏။
သတ်ဖြတ် လိုသော ရည်ရွယ် ချက်များ အပြင်၊ လေထု ထဲရှိ အပျက် သဘောဆောင် သည့်၊ အတွေး အမြင် များကို ခံစား နိုင်သည်။
ထိုအဆိုးမြင် ခံစားချက် များက၊ ရောက်ရှိလာ သူတိုင်း၏ စိတ်ဝိညာဉ်ကို လွှမ်းမိုးရန် ကြိုးစား နေသည်။
“ ဟိုမှာ …”
ဂိုရှု မျက်နှာမှာ သိသိ သာသာ ပြောင်းလဲ သွားပြီး၊ အင်ပါရီယန် တစ်ပါး၏ အလောင်းကို ညွှန်ပြ လေသည်။
ထိုပတ်ဝန်း ကျင်၌ အင်ပါရီယန် အလောင်းကောင် အတွက်၊ တိုက်ပွဲ ဝင်မည့် သူများ ရှိနေ လေသည်။
အင်ပါရီယန် သင်္ချိုင်း ဂူတွင် ကြယ်ပုလဲ တစ်လုံး လင်းယွန်က ရရှိခဲ့ ဖူးကြောင်း၊ သတိရ သွားကာ၊ ရှေ့ဆက်ရန် ပြင်လိုက်သည်။
နောက်ဆုံးတွင် ဂူ သင်္ချိုင်း၌ ဆုံးရှုံး ခဲ့သော်လည်း အခွင့်အရေးကို ဓားဂိုဏ်း နယ်မြေမှ၊ ပြန်လည် ရရှိ လာပေပြီ။ ထို့ကြောင့် သဘာဝ အတိုင်း လက်မလွှတ် လိုချေ။
“ မ လုပ် နဲ့ ။ ”
သို့သော် လင်းယွန်က သူတို့ နှစ်ဦးကို ဟန့်တား လာသည်။ ကျန်သူများ နား မလည် နိုင် သော်လည်း၊ ကြယ်ပုလဲကို ရယူ ခြင်းမှာ၊ မည်မျှ အန္တရာယ် ကြီးကြောင်း သူ သိ၏။
သူ ပင်လျှင် ဓားကျိုး ဝိညာဉ်မှ ကူညီ ပေးခဲ့ခြင်း မရှိပါက သေချာပေါက် သေဆုံး ရ ပေမည်။ ဂိုရှု နှင့် ယန်းဖန်သာ ဆိုပါက ဆိုဖွယ် မရှိချေ။
သည့်အပြင် ဤအင်ပါရီယန်၏ အလောင်းမှာ၊ ထိုစဉ်က သူ ကြုံတွေ့ ခဲ့ရသည့် အလောင်း နှင့် မတူပေ။
အလောင်းတွင် ကိန်းဝပ် နေသော စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းနေ သေးသည်။
မျှော်လင့် ထားသည့် အတိုင်း လူတိုင်း လောဘဖြင့်၊ အလောင်းကောင် အနား တိုးကပ် သွားကြသည်။
မီတာ တစ်ရာ အတွင်း ရောက်ရှိ သွားသည်နှင့်၊ ၎င်းတို့ အားလုံးမှာ သွေးအန် လျက်၊ မြူခိုးများ ထဲသို့ လွင့်စင် ကုန်တော့၏။
သူတို့ သေဆုံးခြင်း ကိုပင် နားမလည် လိုက်ကြချေ။ ဤမြင်ကွင်းက လူ တော်တော် များများကို နောက်ပြန် ဆုတ်သွား စေသည်။
မျက်နှာများ ဖြူရော် လာပြီး လင်းယွန်မှ၊ သူတို့အား ကယ်တင် လိုက်ကြောင်း၊ ယန်းဖန် တို့နှစ်ယောက် သိလိုက်၏။
“ အင်ပါရီယန် တစ်ပါးကို အရှက် ခွဲလို့ မရဘူး။ ”
လင်းယွန်က ဆိုသည်။ သုံးယောက်သား ၎င်းကို လျစ်လျူရှုကာ၊ စစ်မြေပြင်၏ အလယ် ဗဟို ဆီသို့ ဆက်လက် ဦးတည် လာခဲ့သည်။
လမ်း တစ်လျှောက်တွင် အင်ပါရီယန် အဆင့်၊ နတ်ဆိုး သားရဲ များ၏ အလောင်းများ နှင့်အတူ၊ လူသား အင်ပါရီယန် အလောင်း အများ အပြား ကိုလည်း၊ တွေ့မြင် လာရသည်။
သို့သော် အသက်ရှင် လိုသူတိုင်း၊ ထိုအလောင်း များကို မထိဝံ့ တော့ချေ။
လင်းယွန်၌ သံသယ အချို့ရှိ သော်လည်း၊ ယန်းဖန် တို့အား ထုတ်ဖော် ဝေမျှခြင်း မရှိသေး သည်မှာ အမှန်ပင်။
ဤနေရာရှိ အင်ပါရီယန် အလောင်းကောင် များမှာ၊ သူ တွေ့ခဲ့ ဖူးသော ရွှေေခေတ် အင်ပါရီယန်များ ကဲ့သို့ သန်မာခြင်း မရှိကြောင်း ခံစား မိသည်။ ထိုကွာဟ ချက်ကို မည်သို့ ဖော်ပြ ရမည်၊ သူ မသိချေိ။
ဥပမာ အားဖြင့် သူ့ ခွန်အားမှာ ယင်-ယန် အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ သာမာန် ယင်-ယန် အဆင့် ကျင့်ကြံသူ ဆယ်ဦးကို အလွယ် တကူ နှိမ်နင်း နိုင်မည် ဖြစ်သည်။
ဤသို့သော အချင်းအရာ အပေါ်၊ နယ်ပယ် တူချင်း လူတိုင်း မစွမ်း ဆောင်နိုင် ဟုပင်၊ ယူဆ ထား ကြသည်။
သို့သော် ရွှေခေတ် အင်ပါရီယန် များမှာ၊ ယနေ့ အင်ပါရီယန် အယောက် တစ်ရာကို အလွယ် တကူ သတ်နိုင် မည်ဟု၊ သူ ယုံကြည် သည်။
ယင်းကို သူကိုယ်တိုင် ပင်လျှင်၊ စွမ်းဆောင် နိုင်ခြင်း မရှိသေး သဖြင့်၊ ထိုအချင်း အရာပေါ် နားလည် နိုင်ခြင်း မရှိချေ။
ထို့ကြောင့် ဂိုရှုနှင့် ယန်းဖန်အား၊ ပြန်လည် ရှင်းပြ နိုင်ခြင်း မရှိ သည်မှာ၊ သဘာဝ ပေပင်။
“ ငါတို့ ဒီမှာ။ ”
ဆယ့်ငါး မိနစ်ခန့် အကြာတွင်၊ ကြက်သွေးရောင် ကောင်းကင် ကြီးအောက်၊ သုံးယောက်သား ရောက်ရှိ လာခဲ့သည်။
“ နေ ဦး။ ”
ဤနေရာနှင့် ပတ်သက်ပြီး တစ်စုံ တစ်ရာ ထူးဆန်း နေကြောင်း၊ ခံစား မိသဖြင့် လင်းယွန် မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။
ထိုကောင်းကင်ကြီး အောက်၌၊ မြေပြင်မှ တိမ်ဖျား ထိတိုင် ထိုးထွက် နေသော သစ်ပင် အိုကြီး တစ်ပင် ရှိလေသည်။
အမှတ်တမဲ့ လှမ်းကြည့် မိပါက၊ ကောင်းကင်ကို ကုပ်ဆွဲ နေသော နတ်ဆိုး သားရဲကြီး တစ်ကောင် နှင့် တူ၏။
“ ချန်စီယုနဲ့ ချူးမူယန်က ဟိုမှာ ... ။ ”
ဧရာမ သစ်ပင်ကြီး ဘေးတွင်၊ ရပ်နေသော လူငယ် နှစ်ဦးကို တစ်စုံ တစ်ယောက်က တွေ့ရှိ သွားကာ အော်ဟစ် လာသည်။
သိပ် မကြာခင် မှာပင်၊ ကျွမ်းကျင် သူများ တဖွဲဖွဲ ရောက်ရှိ လာတော့၏။
သစ်ပင် ကြီးမှ ကြောက်မက်ဖွယ် ကောင်းသော နတ်ဆိုး ရောင်ဝါအား ထုတ်လွှတ် ထားကာ၊ ကြက်သွေးရောင် သစ်သီး များဖြင့် ပြည့်နှက် နေသည်။
“ အိုး ရှစ်ထ် ... ၊ သစ်သီးတွေ အများကြီး ပါလား။ ”
“ သူတို့ အားလုံးက အနည်း ဆုံးတော့ နှစ်တစ်ထောင် သက်တမ်းလောက် ရှိမယ်။ ”
“ ထူးဆန်းတယ် ... ၊ ချူးမူယန်နဲ့ ချန်စီယုက ဘာလို့ မလှုပ်ရှား သေးတာလဲ။ ”
တစ်စုံ တစ်ဦးက သံသယကို ကွယ်ဝှက် ခြင်းငှာ မစွမ်း တော့ချေ။ ချူးမူယန်တို့ အနေဖြင့် ပုံမှန် အတိုင်းသာ ဆိုပါက၊ မည်သူမျှ မရောက် ရှိခင် ရိတ်သိမ်း ထား သင့်ပေသည်။
ယခုမူ သူတို့ နှစ်ဦးမှာ၊ တုပ်တုပ် မျှပင် မလှုပ်ခဲ့ချေ။ ဤသည်ကို လူတိုင်း သတိ ထားမိ သွားပြီး၊ သံသယ ဝင်နေ ချိန်တွင်၊ သစ်သီးများ ရုတ်တရက် ကြွေကျ လာသည်။
မရေ မတွက် နိုင်သော သစ်သီး များမှာ၊ မိုးထိအောင် မြင့်မားသော သစ်ပင်ကြီး ထံမှ တဖွဲဖွဲ ကျဆင်း လာ၏။
မြေကြီးပေါ် ရောက်သည်နှင့်၊ ဝိညာဉ် စွမ်အင် အရည်များ အဖြစ်သို့၊ ပြောင်းလဲကာ မြေကြီးထဲ စိမ့်ဝင် ကုန်သည်။
မကြာမီ ဝိညာဉ် စွမ်းအင် အရည်များ စိမ့်ဝင်ရာ မြေပြင်၌၊ ထူးဆန်းသော စုပ်ဝဲကြီး တစ်ခု ဖြစ်ပေါ် လာတော့သည်။
လူအုပ်မှာ မျက်နှာများ ဖြူဖျော့ သွားပြီး၊ အဆိုပါ ဖြစ်စဉ်ကို ငြိမ်သက်စွာ စောင့်ကြည့် နေကြ၏။
မြေအောက်ရှိ နတ်ဆိုး သားရဲကြီး တစ်ကောင်မှ၊ ဝိညာဉ် စွမ်းအင် အရည် များကို လောဘ တကြီး စုပ်ယူ သောက်သုံး နေခြင်းနှင့်၊ တူသည်။
“ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်ပင်။ ”
ထိုစုပ်ဝဲကို ကြည့်ကာ၊ တစ်စုံ တစ်ယောက်မှ တုန်ယင်သော လေသံဖြင့် အော်ဟစ် လိုက်၏။
“ ဒါက တကယ့် ... နတ်ဆိုး အသွင် ပြောင်းခြင်း သစ်ပင်ပဲ။ ”
ချင်ရှု ဦးဆောင်သော၊ ‘ချင်’မိသားစု အကြီးအကဲ များမှာ စိတ်လှုပ်ရှား လာတော့ သည်။
လျှို့ဝှက် နယ်မြေ၌ ‘နတ်ဆိုး အသွင် ပြောင်းခြင်း သစ်ပင်’၊ တစ်ပင် ရှိလိမ့် မည်ဟု၊ သူတို့ မထင်ထား မိသည်မှာ အမှန် ပေပင်။
ချန်စီယုနှင့် ချူးမူယန်တို့ မလှုပ်မယှက်၊ ရပ်နေ ခဲ့သည့် အပေါ်၊ အံ့သြစရာ မရှိ တော့ချေ။
“ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်ပင်။ ”
ယန်းဖန်က သစ်ပင်ကို စိုက်ကြည့်ကာ ရေရွတ် လိုက်သည်။
“ ဒါကို မင်းသိလား။ ”
လင်းယွန်က စူးစမ်း ဟန်ဖြင့်၊ ပြန်မေး လိုက်၏။ မှင်တက် နေရာမှ ပြန်လည် သက်သာ လာသော ယန်းဖန်မှ ခေါင်းညိတ် ပြပြီး၊
“ ဂိုဏ်းရဲ့ ရှေးဟောင်း မှတ်တမ်း တစ်ခု ထဲမှာ၊ ငါ နည်းနည်း ဖတ်ဖူးတယ်၊ တချိန် တုန်းက နတ်ဆိုး သားရဲကြီး တွေကို ဖမ်းယူပြီး၊ နတ်ဘုရား ရူရ် တွေနဲ့ ချိပ်ပိတ်ကာ၊ သစ်ပင် အဖြစ် စိုက်ပျိုး ကြတယ်၊ ... ”
“ ... အဲ့ဒီနောက် နတ်ဆိုး သားရဲ သွေးနဲ့ ဝိညာဉ်ကို ကျွေးမွေးပြီး၊ ကောင်းကင် ကိုတောင် အန်တု နိုင်တဲ့၊ ‘နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး’ ကို မွေးဖွား စေတယ်၊ ... ”
“ ... အင်ပါရီယန် နယ်ပယ် သားရဲတွေ ကိုသာ ဖမ်းယူ ကျွေးမွေး နိုင်ရင်၊ နဂါးနဲ့ ဖီးနစ် ကိုတောင်၊ အံတု နိုင်တဲ့ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးကို ထုတ်ပေး နိုင်တယ်လို့ ဆိုထားတယ်။ ”
စကားဆုံး သည်နှင့် ယန်းဖန် တစ်ယောက် စိတ်လှုပ်ရှား လာသည်။ ၎င်းကို လျှို့ဝှက် နယ်မြေ၌ တွေ့ရ လိမ့်မည်ဟု မျှော်လင့် မထား မိချေ။
“ ဒါပေမယ့် ... ၊ ဒီသစ်သီး တွေက စစ်မှန်တဲ့ နတ်ဆိုး အသွင် ပြောင်းခြင်း အသီးတွေ မဟုတ်ဘူး၊ နတ်ဆိုး သားရဲသွေး ပါတဲ့ သာမန် သစ်သီး တွေပဲ၊ အာဟာရ အဖြစ်သာ အသုံးပြု နိုင်တယ်၊ ... ”
“ ... မြေအောက်မှာ ရှိတဲ့ နတ်ဆိုး သားရဲ ဝိညာဉ်က ဒါတွေကို ဝါးမြိုပြီး၊ နတ်ဘုရား ရူရ်က ပြန်သန့်စင် ပေးလိမ့်မယ်၊ ပြီးရင် ဒီလို သစ်သီး တွေ ပြန် သီးမယ်၊ ... ”
“ ... ဒီလို ဖြစ်စဉ်မျိုး (၉)ကြိမ် တိတိ သန့်စင်ပြီး တာနဲ့၊ စစ်မှန်တဲ့ နတ်ဆိုး အသွင် ပြောင်းခြင်း အသီးကို မွေးဖွား နိုင်ပြီ။ ”
“ အခု ဘယ်နှစ်ကြိမ် ရှိပြီလဲ။ ”
လင်းယွန်၏ မေးခွန်းကို ယန်ဖန်က ချက်ချင်း ပြန်မဖြေ သေးဘဲ၊ ကောင်းကင်ကို မော့ကြည့်ကာ၊ တွေဝေ သွားသည်။ ပြီးနောက် သက်ပြင်း ချလိုက်ကာ၊
“ ဒါက ကောင်းကင်ကြီး ဘယ်လောက် နီနေလဲ ဆိုတာကို ကြည့်ပြီး ဆုံးဖြတ် ကြတယ်၊ ကြည့်ရတာ ဒါ (၉) ကြိမ်မြောက် ဖြစ်နိုင်တယ် … ။ ”
-ဟု ဆိုလိုက် လေသည်။
***