← Chapters

ဘာကြောင့် မလုပ် ရမှာလဲ။

Vol. 51 Ch. 713

ဘာကြောင့် မလုပ် ရမှာလဲ။

Vol. 51 Ch. 713

ယန်းဖန် စကားကို နားထောင် ပြီးနောက်၊ ကြက်သွေးရောင် စွန်းထင်း နေသော ကောင်းကင် ကြီးထံ ပြန်မော့ ကြည့်မိသည်။

သစ်ပင်မှ မကြာမီ နတ်ဆိုး အသွင် ပြောင်းခြင်း အသီးကို မွေးဖွား ပေးတော့ မည်ဟု အဓိပ္ပါယ် ရ၏။

“ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးက၊ အသုံးဝင်မှု အများကြီး ရှိတယ်၊ အခြေခံ အုတ်မြစ်ကို ခိုင်ခံ့စေ ရုံသာ မကဘူး၊ ကြယ်စွမ်းအင်ကို သန့်စင် ထားတဲ့ အတွက်၊ သိုင်း ရည်ရွယ်ချက် နိုးကြား စေလိမ့်မယ်။ ”

ယန်းဖန် တစ်ယောက် လေးလေး နက်နက် ရှင်းပြ လာသဖြင့်၊ ဂိုရှုက လင်းယွန်ကို တစ်ချက် ပြန်ကြည့်သည်။

ယန်းဖန် အဆို အရ၊ လေ သို့မဟုတ် မီး စသည့် ရည်ရွယ်ချက် များကို မွေးဖွားပေး နိုင်သည်ဟု ဆိုခြင်း ဖြစ်သည်။

ရှင်းရှင်း ဆို ရပါမူ ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်သည့် အခါ၊ သိုင်းရည်ရွယ် ချက်ကို ဆုပ်ကိုင် နိုင်ပေမည်။

ဓား ရည်ရွယ်ချက်မှာ၊ သိုင်းရည်ရွယ်ချက် တစ်ခုလည်း ဖြစ်၏။ ထောင်သောင်း မကသော ရည်ရွယ်ချက်များ အနက်၊ အလွန် ထူးခြားသည့် ရည်ရွယ်ချက် တစ်ရပ်လည်း ဖြစ်သည်။

သတ္တု ဒြပ်စင် မတွေ့ရှိ မီကပင်၊ ဓား လက်နက်အား ကျောက်သားဖြင့်၊ ထွင်းထု အသုံး ပြုခဲ့ကြ သောကြောင့်၊ လက်နက် အားလုံး၏ ဘိုးဘေး အဖြစ် သတ်မှတ်သည်။

ထို့ကြောင့် ဓားရည်ရွယ် ချက်မှာ၊ အခြားသော ရည်ရွယ်ချက် များထက်၊ နားလည်ရန် ပို၍ ခက်ခဲ ပေမည်။

တစ်ဖက်တွင် ဓား ရည်ရွယ်ချက်အား၊ နားလည် ခြင်းဖြင့်၊ ကြီးမားသော စွမ်းအားကို ရရှိမည် ဖြစ်သည်။

ဓားရည်ရွယ်ချက် အပြင်၊ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်၊ မိစ္ဆာ လမ်းစဉ် ရည်ရွယ်ချက်နှင့် အာကာသ ရည်ရွယ်ချက် တို့သည်လည်း၊ အစွမ်း ထက်ပြီး၊ ဆုပ်ကိုင်ရ ခက်ခဲသော အရာများ ဖြစ် လေသည်။

ကြီးကျယ်သော ကံကြမ္မာသာ မရှိ ပါလျှင် ဆုပ်ကိုင် မိရန်၊ မဖြစ် နိုင်ပေ။ ဓားရည်ရွယ် ချက်မှာ သာ၍ ဆိုးချေ၏။

ဂိုရှုနှင့် ယန်းဖန်က လင်းယွန်ထံ လှမ်းကြည့် ရသည့် အကြောင်းရင်းမှာ၊ ဓားရည်ရွယ် ချက်ကို ဆုပ်ကိုင် ထား နိုင်သောကြောင့် ဖြစ်သည်။

တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး ၌ပင်၊ တွေ့ရန် ရှားပါးသော အရည်အချင်းမျိုး ဖြစ်၏။

ဤသည်ပင် ကောင်းကင် တောင်ကုန်း မြို့၏ ပါရမီရှင် များကို နှိမ်နင်း နိုင်သည့် အကြောင်းရင်း တစ်ရပ်လည်း ဖြစ်လေသည်။

သို့သော် သစ်ပင်မှ ထွက်ပေါ် နေသော ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို ခံစား မိသဖြင့်၊ သုံးယောက်သား ငြိမ်သက် သွားသည်။

သစ်ပင် အောက်တွင် မြှုပ်နှံ ထားသည့် နတ်ဆိုး သားရဲမှာ၊ အင်ပါရီယန် အထက် နယ်မြေမှ မဟုတ် ပါက သူ့ အတွက် အထောက် အကူ ဖြစ်မည် မဟုတ်ပေ။

သို့သော် အရာရာကို ချေမှုန်း ပစ်လိုသော ကြောက်စရာ ကောင်းသည့်၊ သားရဲ တစ်ကောင် ၏ ရောင်ဝါအား သူ ခံစား နိုင်သည်။

ဤသည်မှာ အင်ပါရီယန် နယ်မြေကို ကျော်လွန် ခဲ့သော နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်နိုင်၏။

လက်ရှိ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီးတွင်၊ နတ်ဘုရား တပါး နှင့်တူသော တည်ရှိမှု မျိုး ပေပင်။

သို့သော် ထိုဖြစ်တည်မှု မျိုးကို မည်သူမျှ မမြင်ဖူး ခဲ့ဘဲ၊ အင်ပါရီယန် များသာ တွေ့မြင် ဖူးကြ ပေသည်။

“ ချူးမူယန်နဲ့ ချန်စီယုက သိုင်းရည်ရွယ် ချက်ကို နိုးကြား စေခဲ့တယ် ဆိုတဲ့ ကောလ ဟာလတွေ ရှိတယ်၊ ဒါကြောင့် သူတို့က ပါရမီရှင် ခုနစ်ပါး အထက်မှာ၊ ရပ်တည်ထား နိုင်တာပဲ။ ”

ထိုနှစ်ဦးကို ကြည့်ပြီး ယန်းဖန်က ဆိုသည်။ ဤသည်မှာ လင်းယွန် အတွက် သတိ ပေးရန် ရည်ရွယ်ကြောင်း၊ သိသာ လေသည်။

“ အံ့သြ စရာတော့ မဟုတ် ပါဘူး။ ”

လင်းယွန်က ခေါင်းညိတ်ကာ တုန့်ပြန်သည်။ ချန်စီယု အကြောင်းကို သူ မသိ သော်လည်း၊ ချူးမူယန်မှာ နန်းဂွန်း ဝမ်းယူ လက်၌၊ ဆယ်ကြိမ် တိုင်တိုင် ခုခံ နိုင်ခဲ့ကြောင်း ကြားသိ ထားသည်။

နန်းဂွန်း ဝမ်းယူ ဟူသည် သွေးစွန်းသော ဧည့်ခံပွဲ၌ ရှန်ရှင်းဓားဖြင့်၊ အထက် တန်းစား ခုနစ်ပါး အဆင့်သို့ တက်လှမ်းထား နိုင်သူ ဖြစ်၏။

လင်းယွန်သာ နန်းဂွန်း ဝမ်းယူ အဆင့်တွင် ရှိပါက၊ အူယန်ဟောင် ကဲ့သို့သော လူမျိုးကို တစ်ချက် တည်းနှင့် သတ်ပစ် နိုင်ပေမည်။

သိုင်း ရည်ရွယ်ချက်ကို ဆုပ်ကိုင် ထားနိုင် သူများ သာလျှင်၊ နန်းဂွန်း ဝမ်းယူ ထံမှ (၁၀) ထက် ပိုသော လှုပ်ရှား မှုများကို၊ ပြုလုပ် နိုင်မည် ဖြစ်၏။

ထို့ကြောင့် သူ့ဓား ရည်ရွယ်ချက်မှာ၊ ထိုနှစ်ယောက် အပေါ် မထိရောက် နိုင်သဖြင့်၊ ပေါ့ပေါ့ ဆဆ မလုပ်ဆောင် ဖို့ရန်၊ ယန်းဖန်က သတိပေး လိုခြင်း ဖြစ်လေသည်။

ဓားရည်ရွယ် ချက်ဖြင့် မနှိမ်နင်း နိုင်သော်၊ ကျင့်ကြံမှု အသာစီး ရထားသော ထိုနှစ်ယောက်မှ သူ့အား ချက်ချင်း သတ်ပစ် နိုင်၏။

သစ်ပင်ကြီး ထံမှ ကြွေကျ နေသည့် အသီး အနှံ များကို မော့ကြည့် လိုက်ပြီး၊ ယန်ဖန်က၊

“ တကယ်တမ်း ပြောရရင် နတ်ဆိုး အသွင်ပြောင်းခြင်း သစ်သီးက၊ နတ်ဆိုး သားရဲ တွေ အတွက်၊ ပို ထိရောက်တယ်၊ ဒါက အစွမ်း ထက်တဲ့၊ နတ်ဆိုး သားရဲ တွေရဲ့ သွေးနဲ့၊ ဝိညာဉ်ကို ကျွေးမေွး ထားရတာ မဟုတ်လား။ ”

ထိုစကားကို ကြားသော အခါတွင်၊ လင်းယွန်၏ မျက်လုံးများ တောက်ပ လာသည်။ သူ့အတွက် တစ်ပိုင်း တစ်စသာ အသုံးဝင် သော်လည်း၊ နဂါးလေး အတွက် အကျိုးရှိ နေချေေသည်။

နဂါးလေးမှာ အကြိမ်ပေါင်း များစွာ သူ့အား ကူညီပေး ခဲ့ ဖူး၏။

“ သွား ရ အောင်။ ”

ဆုံးဖြတ်ချက် ချပြီးနောက် တုံ့ဆိုင်း မနေ တော့ဘဲ၊ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်ပင် ဆီသို့၊ ဦးတည် လိုက်သည်။

သူ၏ ရွေ့လျားမှု နည်းစနစ်မှာ လျင်မြန်လွန်း သဖြင့်၊ ယန်းဖန်နှင့် ဂိုရှုတို့ မတုံ့ပြန် နိုင်ခင် ကပင်၊ ပေျာက်ကွယ် သွားပြီ ဖြစ်သည်။

“ အစ်ကို ယန်၊ လင်းယွန်က ဆုံးဖြတ် ထားပြီးပုံ ရတယ်။ ”

ဂိုရှုက သက်ပြင်း ချကာ ဆိုသည်။ ယန်းဖန် တစ်ယောက် လင်းယွန် လက်လျှော့ သွားစေရန်၊ ကြိုးစား နေမှန်း သူ သိသည်။

ယန်းဖန်က ကူကယ်ရာ မဲ့စွာ ပြုံး လိုက်ပြီး၊

“ ဒါက ... ၊ ဘာလို့ ဓားသမား ဖြစ်လာ ရတာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေပဲ၊ သေမင်းနဲ့ မျက်နှာ ချင်းဆိုင် ရရင်တောင်၊ သူ နောက်တွန့် နေမှာ မဟုတ်ဘူး။”

ရွှေရောင် အဆင်း သဏ္ဍာန် ပျောက်ကွယ် သွားပြီး၊ နတ်ဆိုး အသွင်ပြောင်းခြင်း သစ်ပင် အနား၌ လင်းယွန် ပုံရိပ် ပြန်လည် ထွက်ပေါ် လာသည်။

ကောင်းကင် တောင်ကုန်း မြို့၏ ကျွမ်းကျင် သူများက၊ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး အတွက် တိုက်ပွဲ ဝင်ရန် စုရုံး နေသည်။

ထို့ကြောင့် မြေပြင်ပေါ် ရုတ်တရက် ဆင်းသက် လာသော လင်းယွန်ထံ လှည့်ကြည့် လာကြသည်။

“ လင်း ယွန် ပဲ ... ။ ”

ကောင်းကင် တောင်ကုန်း မြို့၏ ကျွမ်းကျင်သူ တိုင်းက လင်းယွင်ကို သိသည်။ လျှို့ဝှက် နယ်မြေ အတွင်း အသက်ရှင် နေသေး သည်မှာ၊ မယုံ နိုင်ဖွယ် ပေပင်။

“ ဒီကောင်က တကယ်ကို သတ္တိ ရှိရှိ ပေါ်လာ ရဲတာပဲ။ ”

ချင်ရှုက အံ့သြ သွားသည်။

“ သူက ရဲတင်း လွန်းတယ်။ ”

ဂူယန်က လှောင်ပြောင် လိုသော အပြုံးဖြင့်၊ လင်းယွန်ကို ကြည့်သည်။ သူတို့နှင့် နှိုင်းယှဉ် ပါက ဂျီ မိသားစု၊ ချန် မိသားစုနှင့် ကောင်းကင် တိမ်လွှာ ဂိုဏ်းမှ ကျွမ်းကျင်သူ များမှာ၊ ပို၍ လှုပ်ခတ် လာ၏။

အထူးသဖြင့် လင်းယွန်မှာ၊ ချန် မိသားစုနှင့် ကောင်းကင် တိမ်လွှာ ဂိုဏ်းတို့ အပေါ်၊ အရှက်ခွဲ ခဲ့သည်။

ထို့ကြောင့် သတ်ဖြတ် လိုသော အရိပ် အယောင် များပင်၊ ပေါက်ကြား လာခဲ့သည်။ သို့သော် နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး အတွက် တိုက်ပွဲ မဝင်မီ၊ ပြဿနာ များကို မလိုလား ကြသောကြောင့်၊ အရေး ယူခြင်း မရှိကြ သေးချေ။

ဤနည်းဖြင့် ဒုက္ခ များကို ရှောင်ရှား ကြသကဲ့သို့၊ လင်းယွန် သည်လည်း၊ ကံကောင်း နိုင်ပေမည်။

နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးကို သိမ်းယူ ပြီးနောက်၊ နဂါး တိုက်ပွဲဝင် ခန္ဓာ ကိုယ်၏ အားသာ ချက်ဖြင့်၊ ထွက်ပြေး နိုင်သည်။

“ အစ်ကိုချူး၊ မင်းရဲ့ ဂျူနီယာ ညီလေးကို သတ်ခဲ့တဲ့ လူရောက် လာပြီ၊ ကြည့်ရတာ မင်း အပေါ် လျစ်လျူရှု ထားပုံပဲ။ ”

ထိုအချိန်တွင် ဂျီကျန်းက ပြုံးစိစိဖြင့်၊ ချူးမူယန်ကို လှမ်းပြော လိုက်သည်။ ထိုစကားကြောင့် ပတ်ဝန်းကျင်မှာ ရုတ်တရက် တိတ်ဆိတ် သွားသည်။

ချူးမူယန်မှာ သူ့ထက် သန်မာ လှသဖြင့်၊ လင်းယွန် ရောက်ရှိ လာသည်ကို မသိ နိုင်စရာ အကြောင်း မရှိချေ။

ယခု အချိန်၌ တိုက်ခိုက် လိုခြင်း မရှိ သည်မှာ၊ သိသာ ပေသည်။ ဤသည်ကို ဂျီကျန်းက မီးရှို့ရန် ကြိုးစား လာခြင်း ဖြစ်၏။

နောက်ဆုံးတွင် သည်နေရာ၌ လူ အများ အပြား ရှိနေ ပေရာ၊ တစ်စုံ တစ်ရာ မလုပ် ဆောင်ပါက၊ လင်းယွန်ကို ကြောက်နေ သည်ဟု ယူဆ ကုန်ကြပြီး၊ သူ့ဂုဏ် သိက္ခာလည်း ပျက်ပြား သွားနိုင် ပေမည်။

“ ဟီး ဟီး ... အစ်ကို စီယု၊ မင်းရဲ့ ညီလေးလည်း သူ့ကြောင့်၊ ဝမ်း မထိန်း နိုင်တော့ ဖူးလို့ ငါ ကြားတယ်၊ ... ”

“ ... မင်းမှာ သင်ခန်းစာ ပေးဖို့ ဆန္ဒ မရှိရင်၊ မင်းကိုယ်စား ငါတာဝန် ယူပေး ပါ့မယ်၊ ဒီကောင်က ငါ့ ဂျီမိသားစု ကိုလည်း စော်ကား ခဲ့ဖူးတယ်။ ”

ဂျီယီ ကလည်း ပြုံးကာ ဝင်ပြော လိုက်သည်။ ညီအစ်ကို နှစ်ယောက်၏ အကြံ အစည်မှာ၊ လူတိုင်း စိတ်ကူးကို ကျော်လွန် သွားခဲ့သည်။

နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးကြောင့်၊ ပါရမီရှင် ခုနစ်ပါးမှာ၊ စည်းလုံးပုံ မရ တော့ချေ။

“ မင်းရဲ့ စိုးရိမ်ပေး မှုအတွက် ကျေးဇူးတင် ပါတယ်၊ ဒါပေမယ့် ဒီလူရဲ့ အသက်ကို ငါ ကိုယ်တိုင် ယူမှာပါ။ ”

ချက်ချင်းပင် ချန်စီယု ထံမှ၊ ကြောက်မက်ဖွယ် ကောင်းသော အအေး ဓာတ်များ ထွက်ပေါ်လာ သဖြင့်၊ သူ့ ပတ်ဝန်း ကျင်ရှိ လူများ တုန်လှုပ် သွားကုန်၏။

“ အရမ်း အေးတယ် ။ ”

အနက်ရောင် အဝတ် အစား များဖြင့်၊ နားမလည် နိုင်သော ခံစား ချက်များ ပေးစွမ်း နေသည့် ချန်စီယုကို၊ လူတိုင်း အကဲခတ် လာကြသည်။

ထွက်ပေါ် လာသော အရှိန်အဝါ အရ၊ ချန်စီယုကို သူ မမြင် နိုင်ကြောင်း ဂျီကျန်း သိ လိုက်၏။

ထို့ကြောင့် နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး ကိုသာ ရရှိသွား ပါက၊ မည်မျှ အစွမ်းထက် သွားမည်အား၊ တွေးဆ နိုင်ခြင်း မရှိ တော့ချေ။

သည့်ထက် ပို၍ ဆိုးသည်မှာ၊ ဒေါသ အရိပ်အယောင် မျှပင် မပြဘဲ၊ သူ့အား စိုက်ကြည့် နေခြင်း ဖြစ်သည်။

ထို့နောက် မျက်ဝန်း များအား လူသေ တစ်ယောက်ကို လှမ်းကြည့် လိုက်သကဲ့သို့ လင်းယွန်ထံ ရွေ့သွား လေ၏။

“ ကောင်းပြီ... ၊ ဂျီကျန်းနဲ့ ဂျီယီ စကား တွေကို ရပ်လိုက် ရအောင်၊ ယင်ကောင် ဆိုတာ စိတ် အနှောက် အယှက် ဖြစ်စရာ ပဲ၊ ... ”

“ ... ငါတို့ အားလုံးက အရှက် မရခဲ့ ဖူးလို့ မင်းတို့ ထင်နေလား၊ သူက မရဏ သမီးတော်ကို စော်ကား ခဲ့တယ်၊ ဒါကို ... ”

“ ... မင်းတို့ နှစ်ယောက်က ဒီမှာ ရပ်ပြီး ကြည့်ချင် နေပုံပဲ၊ အနာဂတ်မှာ မင်းတို့ မိသားစုက ချင်ရို့ယူရှေ့ ဘယ်လို ရပ်ဝံ့မလဲ ငါ ကြည့်မယ်၊ .... ”

ချင်ရှုက ချူးမူယန်နှင့် ချန်စီယု အနား လျှောက်လှမ်း သွားကာ၊ ဘေးတွင် ရပ်လျက် ဆိုလိုက်သည်။

ထို့ကြောင့် ဂူယန် သည်လည်း၊ မျက်ခုံးများ တွန့်ကွေး လာကာ၊

“ အရမ်း ကောင်းတယ်၊ ဂျီ ညီအစ်ကို မင်းတို့က နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး အတွက်၊ ရှက်စရာ ကောင်းတဲ့ လုပ်ရပ်ကို ဖန်တီးချင် ပုံပဲ၊ ... ”

“ ... မင်းတို့ နှစ်ယောက် အဲ့ဒီ နေရာမှာ မတ်တပ် ရပ်ပြီး၊ ငါတို့ သူ့ကို ဘယ်လို သတ်ပစ် မလဲ ဆိုတာ စောင့်ကြည့် နေချင် တာလား ဟမ့် ... ။ ”

ထိုစကား များက ဂျီညီ အစ်ကို နှစ်ယောက်၏ မျက်နှာအား ပြောင်းလဲ သွားစေ သည်။

“ ဟမ့် ... ငါတို့ ရပ်ကြည့် နေမယ်လို့ ဘယ်သူ ပြောလဲ၊ ဒီကောင်က မရဏ သမီးတော် သတ်ချင် နေတဲ့ သူပဲ၊ ... ”

“ ... အစ်ကို ချန်နဲ့ အစ်ကို ချူးက ဆန္ဒ မရှိ ရင်တောင်မှ၊ ငါတို့က ဒီဓားကျွန်ကို သတ်ပြီး၊ အလင်း အမှောင် ကျောက်တုံးကို ရယူ ရလိမ့်မယ်။ ”

မျက်စိ တစ်မှိတ် အတွင်း အခြေအနေမှာ၊ ပြန်လည် ပြောင်းလဲ သွားပြီးနောက်၊ လင်းယွန် ထံ လူတိုင်း စိုက်ကြည့် လာကုန်သည်။

အူယန်ဟောင်မှ လွဲ၍ ပါရမီရှင် (၆) ပါးက၊ နတ်ဆိုး သစ်သီးကို လျစ်လျူရှု လိုက်ကာ လင်းယွန်အား သတ်ရန်၊ ရည်ရွယ် လာကြ၏။

ထိုအချိန်တွင် မြေပြင်က ပြင်းစွာ တုန်ခါ လာပြီး၊ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး မွေးဖွား တော့မည့်၊ အရိပ် အယောင်များ ပြသ လာတော့သည်။

ချန်စီယု၏ မျက်နှာမှာ အေးစက် နေပြီး၊ လင်းယွန်ကို စိုက်ကြည့်လျက်၊

“ အခုချိန် ထွက်သွားရင် အသက် ပိုရှင် နိုင်မယ်၊ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး အတွက်၊ ငါတို့နဲ့ ယှဉ်ပြိုင်ဖို့ မင်းမှာ အရည် အချင်း မရှိသေး ပါဘူး။ ”

“ လူတိုင်းက ပြိုင်လို ကြတာ ဆိုတော့ ဘာလို့ ငါက မလုပ်နိုင် ရမှာလဲ၊ မင်းက တခြား သူတွေထက် သန်မာ နေတာ နဲ့ပဲ၊ လုပ်ချင်တာ မှန်သမျှ လုပ်နိုင် တယ်လို့၊ မင်း ထင်နေ တာလား။ ”

လင်းယွန်က ပြုံးကာ တုန့်ပြန် လိုက်သည်။ ဤလူပြက် တစ်အုပ်မှာ၊ လူတိုင်းကို အုပ်စိုးနိုင် သည်ဟု ထင်နေပုံ ရ၏။

သူ့ အနေ ဖြင့်မူ၊ မည်သူ့ ကိုမျှ မကြောက်ရွံ့ သဖြင့်၊ တိုက်ခိုက် လိုသော် တိုက်ခိုက်ပေး ရပေ မည်။

***

All Chapters