← Chapters

ရွေးချယ်စရာ မရှိ။

Vol. 52 Ch. 715

ရွေးချယ်စရာ မရှိ။

Vol. 52 Ch. 715

နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးတွင်၊ တောင်နှင့် တူသော ဖိအားကို ထုတ်လွှတ် နိုင်သည့်၊ ကြယ် စွမ်းအင်များ ပါရှိ လေသည်။

“ ဘာလို့ ဒီလောက် လေးနေ ရတာလဲ။ ”

လက်ထဲရှိ သစ်သီးလေးမှာ၊ အစွမ်းထက်သော နဂါး ခန္ဓာကိုယ် ဖြင့်ပင်၊ သယ်ဆောင်ရန် ခက်ခဲ နေ၏။

လက်ဖဝါးမှ တဆင့် သိပ်သည်းသော ကြယ်စွမ်းအင်များ တဟုန်ထိုး ဝင်ရောက် လာသည်။

ခန္ဓာကိုယ် အတွင်းရှိ မူလ စွမ်းအင်များ လှိုင်းထ လာပြီး၊ ခရမ်းရောင် ပန်းမှာ တုန်ခါ သွား တော့၏။

ဝမ်းသာ အားရဖြင့်၊ သစ်သီးအား သိမ်းဆည်း လိုက်သည်။ အရောင် ခြောက်သွယ် သစ်သီး သည်ပင်၊ ဤမျှ ကောင်းမွန် နေပါက၊ ထို့ထက် ပို၍ အရောင်များ ပါရှိသော အသီးများ မှာမူ၊ ဆိုဖွယ် မရှိ တော့ချေ။

သို့သော် ချင်ရှုနှင့် ဂျီညီ အစ်ကိုမှာ သူ့အား သွားခွင့် ပြုမည် မဟုတ်ချေ။

အဆိုပါ ဖြစ်ရပ် များကို အဝေးမှ လှမ်းကြည့် နေသော ဂိုရှုနှင့် ယန်းဖန်က သက်ပြင်း ချလိုက် မိ၏။

ဤသည်မှာ အစသာ ဖြစ်ပြီး၊ ပထမ တန်းစား ပါရမီရှင် ခုနစ်ဦးကို၊ လင်းယွန်က မျက်လုံးထဲ ထည့်ထား ပုံ မရချေ။

“ လင်းယွန်က မိုက်မဲ လွန်းတယ်၊ ဒါက သူတို့ နယ်မြေပဲ … ။ ”

ဂိုရှုက ညည်းတွား ရေရွတ်သည်။ ပထမ တန်းစား ပါရမီရှင် များသာ မက၊ ကောင်းကင် တောင်ကုန်း မြို့၏ ကျွမ်းကျင်သူ များကိုပါ၊ ထည့်ထွက် ရပေမည်။

ပြင်ပ၌ အင်အားစု အသီးသီး၏ ကျွမ်းကျင် သူများ ရှိနေ ဦးမည် ဖြစ်ရာ၊ လေလွင့် ကျင့်ကြံ သူများပင်၊ ၎င်းတို့အား ထိပ်တိုက် ရင်ဆိုင်ရန် ဆန္ဒ မရှိ ကြချေ။

“ ဘယ်သွား မလို့ စိတ်ကူး နေတာလဲ ။ ”

ဂျီကျန်းက အလင်း ရှစ်သွယ် ဖုံးအုပ် ထားသော ခွေးဆိုး တစ်ကောင်ကို ဆင့်ခေါ် လိုက်သည်။

ခွေးဆိုးမှာ သူ၏ သိုင်းဝိညာဉ် ဖြစ်ပြီး၊ ထိုအလင်း များက၊ သိုင်းဝိညာဉ် အဆင့်ကို ကိုယ်စား ပြု၏။

ဆိုလို သည်မှာ အဋ္ဌမမြောက် နက်နဲ သိုင်းဝိညာဉ် ဖြစ်သည်ဟု အဓိပ္ပါယ် ရ၏။

သူ့လက်ကို ဆန့်ထုတ် လိုက်သော အခါတွင်၊ ချပ်ဝတ် ပေါ်ရှိ မီးလျှံ များက အော်သံ ပြုလျက်၊ ထိုခွေးဆိုးထံ ပြောင်းရွေ့ သွားသည်။

မီးလျှံ များနှင့် အားဖြည့် ပေးထား သဖြင့်၊ ခွေးဆိုး သိုင်းဝိညာဉ်မှာ အလယ် အလတ် ယင်-ယန် အဆင့် ကျင့်ကြံသူ တစ်ဦး ကိုပင်၊ သတ်ပစ် နိုင်သော အရှိန်အဝါကို ထုတ်လွှတ် လာသည်။

ဂျီကျန်းက သိုင်းဝိဉာဉ်ကို ဆင့်ခေါ် လိုက်သည့် အတွက်၊ လင်းယွန် တစ်ယောက် အံ့သြ သွားသည်။

ဤလူသည် သူ့အား သတ်ရန်၊ ရူးသွပ် စွာဖြင့် နည်းလမ်း မျိုးစုံ အသုံးပြု နေပေပြီ။

“ သတ်ဖြတ်ခြင်း တံဆိပ် ခုနစ်ခု။ ”

ခွေးဆိုး သိုင်းဝိဉာဉ်ကို ရင်ဆိုင်ရန်၊ လက်တစ်ဖက် တည်းဖြင့် တံဆိပ် များအား၊ ထုတ်ဖော် လိုက်သည်။

တံဆိပ် ထွက်ပေါ် လာသည်နှင့်၊ မီတာ တစ်ထောင် အတွင်း၊ သတ်ဖြတ် လိုသော ဆန္ဒများ၊ ဖုံးလွှမ်း သွား၏။

ခွေးဆိုး သိုင်းဝိညာဉ်မှာ ထိုနယ်မြေ အတွင်း ရောက်ရှိ လာချိန်၌၊ ရုတ်တရက် လှုပ်ရှားမှုများ နှေးကွေး သွားသည်။

“ နတ်ဘုရား ပုံရိပ်ယောင် လက်ညှိုး —အကြွင်းမဲ့ ထိမှန်ခြင်း။ ”

မျက်စိ တစ်မှိတ် အတွင်း မှာပင် လင်းယွန် လက်ချောင်း များမှ၊ ဒါဇင်ပေါင်း များစွာသော ဓား အလင်းများ ပြေးထွက် လာသည်။

“ နတ်ဆိုး မျောက်ဝံ အသွင် ပြောင်းခြင်း။ ”

ချင်ရှု၏ ကြွက်သားများ ဖောင်းကား လာကာ၊ မျောက်ဝံကြီး တစ်ကောင် ကဲ့သို့ ပြေးဝင် လာသည်။

ကြမ်းကြုတ်သော နတ်ဆိုး မျောက်ဝံ အရှိန်အဝါက၊ သတ်ဖြတ် လိုသော ရောင်ဝါကို ဖောက်ဝင် လာသည်။

“ ဟိတ် ... ။ ”

ထိုနယ်မြေ အတွင်း တိုးဝင်နိုင် သည်နှင့်၊ လင်းယွန်ထံ လက်သီး များဖြင့် တရစပ် ထိုးချ လိုက်သည်။

“ အချိန် ကောင်းပဲ။ ”

ကောင်းကင်မှ ကျဆင်း လာသော လက်သီးများကို ကြည့်ပြီး၊ လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက်၏ ပုံစံ လေးခုအား ခင်းကျင်း လိုက်၏။

ထိုလက်သီး များတွင် ဒေါသနှင့် နာကြည်းမှု များ ပါရှိ လေသည်။ လက်သီးများ တိုက်မိ သွား ပြီးနောက်၊ လေဟာနယ် အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာသည်။

၎င်းတို့ နှစ်ဦး၏ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားမှု များကြောင့်၊ ကြီးမားသော သစ်ပင်ကြီး ကိုပင်၊ လှုပ်ခါ သွားစေသည်။

သိပ်မကြာခင် မှာပင်၊ နှုတ်ခမ်းမှ သွေးများ စီးကျလျက်၊ မီတာ တစ်ထောင် အကွာထိ၊ နှစ်ဦးသား ဆုတ်ခွာ ကုန်ကြသည်။

တစ်ချိန်တည်း မှာပင်၊ ဂျီယီ လက်၌ ရွှေရောင် မီးလျှံများ လောင်ကျွမ်း လာပြီး၊ ဆူးခက် နွယ်ပင်များ ကောင်းကင် အပြည့် ဆင့်ခေါ် လိုက်၏။

နတ်ဆိုး အသွင် ပြောင်းခြင်း သစ်ပင်၏ ကြီးမားသော ဖိအားနှင့်၊ ပေါင်းစပ်လိုက် ချိန်တွင်၊ ပတ်ဝန်းကျင် တစ်ခုလုံး တင်းကြပ် သွားလေသည်။

“ အရှက် မရှိတဲ့ ဓားကျွန်၊ ငါ ဘယ်လောက် အစွမ်း ထက်တယ် ဆိုတာ မင်းကို ပြမယ်။ ”

စကားဆုံး သည်နှင့်၊ ဂျီယီက လင်းယွန်ထံ လျင်မြန်စွာ ပျံသန်း လာတော့သည်။

“ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးနဲ့၊ အလင်း အမှောင် ကျောက်တုံးကို လွှဲပေးပါ၊ မဟုတ်ရင် မင်း အသက်ကို ငါယူမယ်။ ”

ဂျီကျန်းနှင့် ချင်ရှုက လင်းယွန် ထွက်ပြေး နိုင်မည့် လမ်းကြောင်းကို ပိတ်ဆို့ကာ၊ အော်ဟစ် ခြိမ်းခြောက် လိုက်၏။

သို့သော် လင်းယွန်က ထိတ်လန့်ခြင်း မရှိဘဲ၊ ဓားသုတ္တန်ကို ဖြန့်ဝေလျက်၊ ခန္ဓာကိုယ် အနှံ့ မူလ စွမ်းအင် များဖြင့် အားဖြည့် ပေးလိုက် သည်။

ထောင်ပေါင်း များစွာသော ဓားရောင်ခြည်များ ခန္ဓာ ကိုယ်မှ ဖြာထွက် လာ၏။

ကောင်းကင်တွင် ပြည့်နှက် နေသော ဆူးခက် နွယ်ပင် များကို ကြည့်ပြီး၊ လင်းယွန်က ရှေ့ လှမ်းတက် လိုက်သည်။

ခြေလှမ်း တိုင်းတွင် အရှိန်အဝါများ ပို၍ မြင့်တက် စေလျက်၊ တတိယမြောက် ခြေလှမ်း အပြီး၊ လက်ဖဝါးအား ရုတ်တရက် တွန်းထုတ် ပစ်၏။

“ မဟာ လေဟုန်ကျမ်း။ ”

ကောင်းကင် ယံတွင် ပြည့်နှက် နေသော ဆူးခက် နွယ်ပင် များကို၊ ဂျီယီ တစ်ယောက် ထိန်းချုပ်မှု ဆုံးရှုံး သွားသည်။

ထိုနွယ်ပင် များကို ဖြတ်၍၊ လျင်မြန်သော အဟုန်ဖြင့် လေပြင်းများ၊ ဂျီယီထံ တိုးဝင် လာခဲ့ သည်။

“ ဟိတ် ... ။ ”

တစ်ချိန်တည်း မှာပင်၊ လင်းယွန်က ကောင်းကင်ပေါ် ပျံတက် လာပြီး၊ ဂျီယီ၏ ရင်ဘတ်အား ရိုက်ချ လိုက်သည်။

နံရိုးများ ကျိုးကုန်ကာ၊ လက်မ ဝက်ခန့် နိမ့်ဝင် သွား၏။ ချောင်း တဟွတ်ဟွတ် ဆိုးလျက်၊ သွေးများ အန်ထွက် လာသည်။

“ အဟွတ် ဟွတ် ..... ။ ”

တစ်ချိန် တည်းမှာပင် ဂျီကျန်းနှင့် ချင်ရှု၏ တိုက်ခိုက်မှု များ သည်လည်း၊ လင်းယွန် ခန္ဓာ ကိုယ် ပေါ်သို့ ကျရောက် သွား၏။

သို့သော် လင်းယွန်မှာ လွင့်စင် သွားခြင်း မရှိခဲ့ဘဲ၊ သူတို့ နှစ်ဦး သည်သာ ပြန်ကန်ထွက် လာတော့သည်။

“ ဘယ်လောက်တောင် ကြံ့ခိုင် လိုက်တဲ့ ကိုယ်လုံး ကိုယ်ပေါက်လဲ။ ”

ဂျီကျန်းနှင့် ချင်ရှုတို့ နှစ်ယောက် စလုံး အံ့သြ သွားသည်။ လေထု အလယ်တွင်၊ ဆံပင်များ ဝဲပျံ နေသော လင်းယွန်က၊ သွေးစများ နှင့်အတူ တည်ငြိမ်စွာ ပြန်လှည့်ကြည့် လာ၏။

သူ့ထံမှ ထွက်လာသော သတ်ဖြတ် လိုခြင်း အငွေ့ အသက် များက၊ ကျောရိုး ထိတိုင် စိမ့်ဝင် လာလေသည်။

ပို၍ ကြောက်စရာ ကောင်းသည်မှာ၊ ဂျီယီအား ရိုက်နှက် လိုသဖြင့်၊ သူတို့ နှစ်ဦး၏ တိုက်ခိုက်မှု များကို ခံယူ သွားခဲ့ခြင်း ဖြစ်သည်။

မြေပြင်ပေါ် ပြုတ်ကျ သွားသော ဂျီယီက ဒယိမ်း ဒယိုင်ဖြင့်၊ ထရပ်ရန် ရုန်းကန် မိလေ သည်။

“ အကိုကြီး ... ။ ”

ထိုမြင်ကွင်းကို ကြည့်ပြီး၊ ဂျီကျန်း မျက်နှာ၊ ပြောင်းလဲ သွား၏။

“ မင်းတို့ သတ္တိ ရှိရင် လိုက်လာခဲ့ ... ။ ”

သစ်ပင် အဖျား ဆီသို့ ဦးတည် ပျံသန်းလျက်၊ လင်းယွန်က စိန်ခေါ် လိုက်သည်။

ဤမျှဖြင့် ကြေနပ်ပုံ မရ သေးဘဲ၊ ချန်စီယုနှင့် ချူးမူယန် တို့ရှိရာ အရပ်ထံ ဦးတည် နေသော လင်းယွန်ကြောင့်၊ သုံးယောက်သား အံ့ဩ သွား မိသည်။

နတ်ဆိုး အသွင် ပြောင်းခြင်း သစ်ပင်မှာ၊ မည်မျှ မြင့်မား သည်ကို မည်သူမျှ မသိ ကြဘဲ၊ ကြက်သွေးရောင် တိမ်တိုက်များ အထက်တွင်၊ အလင်း ကိုးသွယ် ပါရှိသော သစ်သီး တစ်လုံး ရှိနိုင် မည်ဟုသာ၊ ခန့်မှန်း ကြသည်။

၎င်းကို လိုချင် ပါက၊ ကြက်သွေးရောင် တိမ်တိုက်အား ဖြတ်၍၊ နဝမမြောက် နယ်မြေ ဆီသို့ တက်လှမ်း ရပေ လိမ့်မည်။

တစ်ဖက်တွင် သစ်ပင် မည်မျှ မြင့်မား သည်ကို မသိ သကဲ့သို့၊ အန္တရာယ်များ ရှိ-မရှိ လည်း၊ မခန့်မှန်း နိုင်ချေ။

ဆဋ္ဌမ အထက် နယ်မြေတွင်၊ နေရာ အနှံ့ မီးတောက်များ လောင်ကျွမ်း နေသည်ကို လှမ်းမြင် နေ ရသည်။

မနီး မဝေး အရပ်ဆီ၌ နတ်ဆိုး သစ်သီး ပေါက်ကွဲမှု များကြောင့်၊ သေဆုံး သူများလည်း ရှိနေ ချေ၏။

ခွန်အား မရှိ ပါလျှင်၊ သစ်သီးများ အနား တိုးကပ် ရန်ပင် လွယ်ကူမည် မဟုတ်ချေ။

ဆုစီယာ ထံတွင် ကတိ ပေးထားပြီး ဖြစ်ရာ၊ အခွင့်အရေး တိုင်းကို ဆုပ်ကိုင်လျက်၊ ကတိအား တည်အောင် ကြိုးစား ရပေမည်။ တစ်ဖက်တွင် နဂါးလေး အတွက်လည်း လိုအပ် ချေသည်။

သူ့ အသက်ကို ကယ်တင်ကာ၊ ဒဏ်ရာ များကို ကုသ ပေးရန် အတွက်၊ အကြိမ်ကြိမ် အသက်စွန့် ခဲ့သည်။ ထို့ကြောင့် ယှဉ်ပြိုင် ရန်မှ လွဲပြီး၊ ရွေးချယ်စရာ မရှိ တော့ချေ။

“ ဒီဓားကျွန်ကို သတ်ပစ် ရမယ်၊ သူ့ နောက်ကို လိုက် ... ။ ”

ရင်ဘတ်မှ လာသော နာကျင်မှုသည်၊ ဂျီယီအား ပို၍ ဒေါသ ထွက်လာ စေ၏။

ထို့ကြောင့် ဂျီကျန်းနှင့် ချင်ရှုကို ဦးဆောင်ကာ၊ ကောင်းကင်ပေါ် ခုန်တက်လျက် လင်းယွန် နောက် လိုက်ပါ သွားတော့သည်။

***

All Chapters