← Chapters

ခိုင်မာသော ရပ်တည်ချက်။

Vol. 52 Ch. 716

ခိုင်မာသော ရပ်တည်ချက်။

Vol. 52 Ch. 716

သတိ မထား မိခင် မှာပင် အဋ္ဌမ နယ်မြေသို့၊ ရောက်ရှိ နေပြီ ဖြစ်သည်။

ဤနယ်မြေသည် မြေပြင်မှ ပေပေါင်း သောင်းနှင့်ချီ မြင့်မားပြီး၊ သူ့အောက်တွင် မှုန်ဝါး နေသော လူရိပ်များ ကိုသာ မြင်နိုင်၏။

အထက်ကို မော့ကြည့် လိုက်ချိန်၌၊ ကြက်သွေးရောင် တိမ်တိုက် များကို၊ လက်လှမ်း မီလု နီးပါး လှမ်းမြင် နေရသည်။

တစ်ဖက်တွင် ခရမ်းရောင် အခိုး အငွေ့ များနှင့်၊ သိုင်းခြုံ ထားသော မိုပြာ နဂါး မူလ ပုံစံမှာ၊ ရုန်းကန် လှုပ်ရှား နေခဲ့ သည်။

ဤအဆင့်သို့ ရောက်ရှိလာ သူတိုင်းသည်၊ လျှို့ဝှက် နယ်မြေ အတွင်း၊ အသန်မာ ဆုံးသော ကျင့်ကြံ သူများ ဖြစ်ပေသည်။

ထို့ကြောင့် လှုပ်ရှားမှု နည်းစနစ် များကို (၅၀%) ခန့်သာ ထုတ်ဖော် နိုင်သဖြင့်၊ ပို၍ သတိ ထားရမည် ဖြစ်သည်။

“ မဟုတ် သေးဘူး၊ ငါတို့ ဘာလို့ ရှာမတွေ့ ရတာလဲ။ ”

“ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး တစ်လုံးကို၊ ငါ အသေ အချာ မြင်လိုက် ရတာပဲ၊ တစ်ယောက်ယောက် ကများ ငါတို့ အရင် ခူးယူ သွားတာလား။ ”

“ အဲဒါ မဖြစ်နိုင် ပါဘူး၊ ဒီနယ်မြေမှာ သစ်သီးခူးဖို့ ဘယ်လောက် ခက်ခဲလဲ ဆိုတာ လူတိုင်း သိနေတာပဲ၊ တစ်ခုခု ထူးခြား တာနဲ့ အားလုံး သတိထား မိပါ လိမ့်မယ်။”

နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးကို ရှာဖွေ နေစဉ် လူတိုင်းက နားမလည် ဟန်ဖြင့်၊ ဆွေးနွေး လာကြသည်။

အကိုင်း အခက် များနှင့် အရွက် များမှာ ဤနေရာကို ဝင်္ကပါထက် ပို၍ ရှုပ်ထွေး စေ၏။ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးကို မြင်ခဲ့ သူများ ရှိသော်လည်း၊ ၎င်းဝင်္ကပါကြောင့် တည့်တည့် မရောက်နိုင် သေးချေ။

“ ဟိုမှာ ... ။ ”

တစ်စုံ တစ်ယောက်က အော်ဟစ် လိုက်သဖြင့်၊ လူတိုင်း၏ အာရုံမှာ၊ ချက်ခြင်း ကျရောက် သွားသည်။

ထိုသစ်သီးထံ အားယူ နေသည့် ခရမ်းရောင်ဝတ် အဖိုးအို တစ်ဦးအား လှမ်းမြင် လိုက်ရသည်။

၎င်းအဘိုးအိုသည် အသက် တစ်ရာ ကျော်ခန့် ရှိပြီး၊ ချင်ရှု နီးနီး သန်မာ လှချေ၏။ သူ့ ထံမှ ထွက်လာသော အရှိန်အဝါ များတွင်၊ သေခြင်း၏ အငွေ့ အသက်များ ကပ်ညိ နေချေပြီ။

ကောင်းကင် ဝိညာဉ် နယ်မြေကို ဖြတ်ကျော်ရန်၊ အခွင့်အရေးများ လာရောက် ရှာဖွေခြင်း ဖြစ်၏။

သို့မဟုတ်သော် နှစ် အနည်းငယ် အတွင်း၊ သူ့ သက်တမ်း ကုန်ဆုံး သွားမည် ဖြစ်သည်။

ဤသို့သော လူ တစ်ယောက်က အသက်ကို လောင်းကြေး ထပ်ကာ၊ စွန့်စားမှုများ ပြုလုပ် မည်မှာ သဘာဝ ပေပင်။

ထို့ကြောင့် ပါရမီရှင် ခုနစ်ဦး ထက်ပင် ပို၍ အန္တရာယ် ပေးနိုင် ချေ၏။ အဘိုးအို ဦးတည်ရာ အရပ်တွင်၊ သစ်ရွက်များ ကြားမှ ကြယ် အလင်း များ ဖြာကျ နေသည်။

“ အလင်း ရှစ်သွယ်၊ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးပဲ။ ”

၎င်းကို ချက်ချင်း အတည် ပြုကာ၊ ပြေးလွှားလိုက် သော်လည်း၊ အဘိုးအိုမှာ နင်းချ လိုက်သော သစ်ကိုင်းမှ ခြေချော်ကျ သွားခဲ့ သည်။

“ မ ဟုတ် ဘူး။ ”

အဘိုးအိုက ဒေါသတကြီး အော်ဟစ် လိုက်သည်။ ပြုတ်ကျ သွားသော အခြေ အနေမှ ပြန်တက်ရန်၊ မူလ စွမ်းအင်ကို လှည့်ပတ် လိုက်၏။

သို့သော် မမြင် နိုင်သော လက်ဖဝါး တစ်ဖက်က၊ သူ့ အပေါ် ဖိနှိပ်လာ သကဲ့သို့ ခံစား လိုက်ရသည်။

“ အား ..... ။ ”

မည်မျှပင် ရုန်းကန် စေကာမူ၊ ထိုဖိအားကြောင့်၊ အချည်းနှီး ပြုတ်ကျ သွား တော့၏။

“ သွား ပြီ ... ။ ”

လင်းယွန်က အသက် ပြင်းပြင်း ရှူလျက် ရေရွတ် လိုက်သည်။ ဤနေရာ၌ ကြောက်စရာ ကောင်းလွန်းသော ဝင်္ကပါ တစ်ခု ရှိနေ ချေပြီ။

ထိုဝင်္ကပါမှာ နတ်ဆို အသွင် ပြောင်းခြင်း သစ်သီးအား၊ ကာကွယ် ပေးထားသော သဘာဝ အကာ အကွယ် တစ်ခု ဖြစ်၏။

“ ဘယ်ရောက် သွားပြန်လဲ။ ”

“ ထပ်ပျောက် သွားပြန် ပလား။ ”

သေဆုံး သွားသော လေလွင့် ကျင့်ကြံသူ အဖိုးအို၏ အသက်နှင့် သေဆုံးခြင်းကို မည်သူမျှ ဂရု မစိုက် ခဲ့ချေ။

နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး ပေါ်ကိုသာ အာရုံစိုက် လာကြသည်။ အဆုံးတွင် ၎င်းမှာ ဤနယ်မြေ၏ တစ်လုံး တည်းသော သစ်သီး ဖြစ်၏။

ရယူနိုင် ပါက ကြီးမားသော အခွင့် အရေး ဖြစ်လာ မည်မှာ သေချာသည်။ ထို့ကြောင့် နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးအား လူတိုင်း ရှာဖွေ လာကြ၏။

လင်းယွန် မှာမူ အနည်းငယ် အတွေးနက် သွားသည်။ ပုံမှန် အတိုင်း ဆိုပါက နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး များမှာ၊ ဝင်္ကပါ ထဲ၌ ပျောက်ကွယ် နေသင့်သည်။

သို့သော် ခြေတစ်လှမ်း လှမ်းပြီး ချိန်၌၊ သစ်ကိုင်း ပေါ်မှ ချော်ကျ သွားသော အဘိုးအို အဖြစ်ကို ပြန်သတိရ သွားပြီး၊ အတွေး တစ်ခု ထွက်ပေါ် လာ၏။

ဤသည်မှာ သစ်သီးထံ သွားရာလမ်း ၌သာ ခင်းကျင်း ထားသော ဝင်္ကပါ ဖြစ်ရ ပေမည်။

အဖိုးအို ပြုတ်ကျ သွားသော သစ်ကိုင်းထံ၊ ဖြည်းညှင်းစွာ ခုန်လွှား လိုက်ပြီး၊ ပတ်ဝန်းကျင် အား၊ လှည့်ပတ် စစ်ဆေးသည်။

ရှုပ်ထွေးသော ဝင်္ကပါမှ လွဲ၍ မည်သည့် သစ်သီး ကိုမျှ မမြင် ရချေ။ စွမ်းအင် အတက် အကျ လှိုင်း မျှပင်၊ ထွက်ပေါ် နေခြင်း မရှိ သဖြင့်၊ မျက်မှောင်ကြုတ် လာမိသည်။

“ ငါမှား သွားတာလား။ ”

အဘိုးအို ပြုတ်ကျ သွားသော မြေပြင်ထံ ငုံကြည့် လိုက်ပြီး၊ ညည်းတွား လိုက်သည်။ ထို့နောက် အောက် တစ်ဆင့်ရှိ သစ်ကိုင်းပေါ် ဖြည်းညှင်းစွာ ခုန်ချ လိုက်၏။

ချက်ချင်းပင် သဏ္ဍန်မဲ့ စွမ်းအား တစ်ခု၊ သူ့ အပေါ် ပြိုကျ လာသည်ကို ခံစား လိုက်ရသည်။

“ ဟိုမှာပဲ ... ။ ”

ရုတ်တရက် မျက်ကွယ် အရပ် ဆီ၌ တွဲလောင်း ကျနေသော သစ်သီး တစ်လုံးအား၊ သတိပြု မိလိုက်သည်။

ထူထပ်သော သစ်ရွက် များနှင့် အကိုင်း အခက် များက၊ ထိုသစ်သီးအား သေသပ်စွာ ဖုံးအုပ် ထား၏။

“ မိုးပြာ နဂါး လက်သည်း။ ”

ညာလက်ကို ရက်စက် ကြမ်းကြုတ်သော နဂါး လက်သည်း အသွင် ပြောင်းလဲ ပစ်ကာ၊ မူလ သစ်ကိုင်းအား လှမ်းဆွဲ လိုက်သည်။

မြန်လွန်းသော အဟုန်ကြောင့်၊ သဏ္ဍန်မဲ့ စွမ်းအားမှ အပြည့်အဝ ဖိနှိပ် နိုင်ခြင်း မရှိခင် မှာပင်၊ သစ်ကိုင်း တစ်ကိုင်းကို ဆွဲကိုင် မိ၏။

သူ့ခွန်အားမှာ သေဆုံး သွားသော အဘိုးအိုထက်၊ များစွာ သန်မာ လှသဖြင့်၊ မူလ နေရာသို့ ပြန်လည် တက်ရောက် နိုင်ခဲ့ လေသည်။

“ သွားဖို့ အချိန် တန်ပြီ။ ”

သစ်ကိုင်းပေါ် ပြန်တက်လာ နိုင်သည်နှင့်၊ တုံ့ဆိုင်း မနေ တော့ဘဲ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး ဆီသို့၊ စတင် ပျံသန်း လိုက်၏။

အနား မရောက်ခင် မှာပင်၊ ရုတ်တရက် ဖိအားများ တိုးလာ သဖြင့်၊ နှလုံးခုန် သံများ မြန်ဆန် လာသည်။

နှလုံးခုန် နှုန်းများ ပို၍ ပြင်းထန်လာ သည်နှင့် အမျှ၊ လင်းယွန် မျက်နှာမှာ ပြောင်းလဲ သွားသည်။

၎င်း သစ်သီးကြောင့်၊ သေဆုံး ကုန်သည့် သွေးလွှမ်းသော မြင်ကွင်းမျိုး၊ စိတ်ဝိညာဉ် ထဲ၌ ထင်ဟပ် လာတော့သည်။

ဆက်လက် တိုးကပ် နေဦးမည် ဆိုပါက ကြောက်မက်ဖွယ် ကောင်းသော သေခြင်းသို့ ရောက်ရှိ မည်ဟု ခြိမ်းခြောက် နေ သယောင် ယောင်ပင်။

ထိုအချိန်တွင် အခြား နေရာ များမှ လူအနည်းငယ် ထပ်မံ ရောက်ရှိ လာသည်။ သို့သော် အနား မကပ် နိုင်ဘဲ၊ ရပ်တန့် သွား၏။

နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး၏ သွေးဆောင်မှုကို တွန်းလှန် နေခဲ့ခြင်း ဖြစ်လေ သည်။

သူ့ရှေ့ တွင်မူ ရပ်နေသော လူငယ် တစ်ဦး ရှိပြီး၊ ထိုလူငယ်ကို ချက်ချင်း မှတ်မိ လာသည်။ ၎င်းမှာ ပါရမီရှင် ခုနစ်ပါး အတွင်းမှ ဂူယန် ဖြစ်၏။

“ လင်း ယွန် ... ။ ”

ထပ်မံ ရောက်ရှိ လာသော လူရိပ် များကြောင့်၊ အလို မကျ ဟန်ဖြင့် ဂူယန်မှ၊ မျက်မှောင် ကြုတ်ကာ လှည့်ကြည့် လိုက်သည်။

လူအုပ် ထဲတွင် လင်းယွန်အား၊ မြင်လိုက်ချိန်၌ သတ်ဖြတ် လိုသော ဆန္ဒ များကို ထုတ်ဖော် လိုက်ကာ၊

“ မင်းက ... ၊ ချင်ရှုနဲ့ ဂျီ ညီအစ်ကိုတွေ ဆီကနေ အလင်း ခြောက်သွယ် ပါတဲ့ အသီးကို၊ သိမ်းယူ လိုက်တယ်လို့ ငါ ကြားတယ်။ ”

“ အဲ့တော့ ဘာဖြစ်လဲ။ ”

“ ငါ့ကို လက်လွှဲ ပေးပါ၊ ပြီးတော့ အလင်း အမှောင် ကျောက်တုံး ရောပဲ။ ”

“ အို ... မင်းမှာ အရည် အချင်း ရှိပါ့ မလားလို့ ငါ တွေးမိတယ်။ ”

စကားဆုံး သည်နှင့်၊ ခန္ဓာ ကိုယ်မှ နဂါး ဟောက်သံများ ထွက်ပေါ် လာပြီး၊ လင်းယွန်က ကောင်းကင်ပေါ် ပျံတက် သွားသည်။

ဓား အလင်းနှင့် နဂါး အရှိန်အဝါအား ပေါင်းစပ်လိုက် ပြီးနောက်၊ စူးရှသော နဂါးဓား အရှိန် အဝါကို ဖြစ်ပေါ် လာစေ၏။

“ မင်း သေချင် နေတာပဲ။ ”

ဂူယန် မျက်နှာမှာ ပြောင်းလဲ သွားသည်။ လင်းယွန်မှ ဦးစွာ တိုက်ခိုက် လာလိမ့် မည်ဟု သူ ဘယ်တုန်း ကမှ မထင်ထား ခဲ့ချေ။

တစ်ဖက်တွင် ပါရမီရှင် သုံးပါးအား၊ အသာစီး ရယူကာ၊ ထိပ်တိုက် ရင်ဆိုင် နိုင်ခဲ့ သဖြင့်၊ ဂူယန် တစ်ယောက်အား မျက်လုံး ထဲပင်၊ လင်းယွန်က မရှိ ခဲ့ချေ။

ပြင်းထန်သော စွမ်းအင် နှစ်ခု ထိပ်တိုက် တွေ့ဆုံ သွားပြီးနောက်၊ ဂူယန်၏ မူလ စွမ်းအင် အကာ အကွယ် အလွှာတွင်၊ အက်ကြောင်းများ ထင်ဟပ် လာခဲ့သည်။

အတွင်း အင်္ဂါများ တုန်ယင် ကိုက်ကဲ လာသဖြင့်၊ ဤထိပ်တိုက် ရင်ဆိုင်မှုတွင် ရှုံးနိမ့် သွားကြောင်း၊ သိရှိ လိုက်၏။

“ မင်းတို့ ပါရမီရှင် ခုနစ်ယောက်ကို တစ်ယောက်ပြီး တစ်ယောက် ငါက ကြောက်နေ ရမယ်လို့ ထင်နေလား၊ ဟမ့် ... ။ ”

လင်းယွန်၏ မျက်လုံးများ ထဲတွင် ဓားတစ်လက် ထွက်ပေါ် လာပြီး၊ ဂူယန် အပေါ် ဖိနှိပ် လာတော့သည်။

“ မင်း ... ။ ”

တစ်ချိန်တည်း မှာပင်၊ ဂူယန် ထံမှ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ဖြာထွက် လာသည်။

လေ အဝှေ့တွင် ဆံပင်များ တဖျပ်ဖျပ်ခတ် ကုန်ပြီး၊ အလင်း ရှစ်ကြိုး ပါသော ဓားတစ်လက် သူ့ခေါင်း ထက်၌ ထွက်ပေါ် လာ၏။

ဤသည်မှာ နက်နဲ အဌမ အဆင့် သိုင်းဝိညာဉ် ဖြစ်လေသည်။ သိုင်းဝိညာဉ် ဓားမှ အဆုံးမဲ့ သတ်ဖြတ် လိုသော ရောင်ဝါများ ထုတ်လွှတ် လာ၏။

ခေါင်းထက်တွင် ပျံဝဲ နေချိန်၌၊ ဂူယန်၏ အရှိန် အဝါမှာ၊ ကမ္ဘာကြီး တစ်ခုလုံး အေးခဲပစ် တော့မည် ကဲ့သို့၊ ခံစား ချက်များ ပေးစွမ်း ပေသည်။

ခြေလှမ်း လှမ်းလိုက်တိုင်း၊ သူ့ ထံမှ ထွက်လာသော အေးစက်မှုမှာ၊ ပိုပို တိုးလာ ခဲ့၏။ ပတ်ဝန်းကျင် တစ်ခုလုံး ရေခဲလွှာများ ဖုံးလွှမ်းရန် ခြေသုံး လှမ်းသာ လှမ်းယူ လိုက်ရသည်။

“ ငါ့ကို သိုင်းဝိညာဉ် ထုတ်ဖို့ အထိ၊ တွန်းအား ပေးနိုင် အတွက် နောင်တ မရဘဲ၊ မင်း သေနိုင် ပါပြီ။ ”

သူ့ အမြင် အရ၊ ယန် အဆင့်ရှိ ဓားကျွန် တစ်ယောက်နှင့်၊ ရင်ဆိုင် ရာတွင်၊ သိုင်းဝိဉာဉ်ကို ဆင့်ခေါ် လိုက်ရသည့် အတွက်၊ များစွာ အရှက် ရမိ လေသည်။

တစ်ဖက်တွင် ရေခဲ အရှိန် အဝါသည် ယင်ယန် အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ သူ နားလည် လာသည့် အရာ ဖြစ်သည်။

ဆိုလို သည်မှာ၊ ဂိုယန်၏ သိုင်းဝိညာဉ်မှ နိုးထ လာသော၊ မွေးရာပါ စွမ်းရည်ဟု ယူဆ နိုင်၏။

ယင်းကြောင့် ယင်-ယန် အဆင့် ရောက်ချိန်တွင်၊ နိုးထ လာမည့် သူ၏ မွေးရာပါ စွမ်းရည် ကိုလည်း၊ လင်းယွန် တစ်ယောက် သိချင် သွားသည်။

ထိုအခိုက်တွင်၊ ဓားရောင်ခြည် တစ်စင်း ထွက်ပေါ် လာကာ၊ ဂူယန်၏ ရေခဲ ရောင်ဝါအား၊ ခွဲဖြတ် သွားလေသည်။

“ ဒါက ... ၊ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

ဤမြင်ကွင်းကို မယုံနိုင် သဖြင့် ဂူယန် တစ်ယောက် ထိတ်လန့် သွားသည်။

“ ဒီကမ္ဘာ ပေါ်မှာ ဘယ်အရာမှ မဖြစ် နိုင်ဖူး ဆိုတာ မရှိဘူး။ ”

လင်းယွန်က ပန်းသင်္ချိုင်း ဓားအား ဆုပ်ကိုင်လျက်၊ အရှိန်အဝါကို လွှတ်ထုတ်ကာ၊ တုန့်ပြန် လိုက်သည်။

နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးကို ရယူရန်၊ လက်တစ်ကမ်း အလိုသို့၊ ရောက်ရှိ နေပြီ ဖြစ်ရာ၊ သွေးများ ဆူပွက် လာပြီး၊ နဂါး အရှိန်အဝါမှ မှော်ဆန်သည့် အဆင်းများ ထုတ်လွှတ် လာခဲ့သည်။

ထို့နောက် မူလ စွမ်းအင်နှင့် နဂါးဓား အရှိန်အဝါကို ပန်းသင်္ချိုင်း ဓားထဲ လောင်းထည့် လိုက်၏။

“ ပန်းတွေ ဘယ်မှာ ပွင့်လဲ။ ”

ဂူယန်အား ကူညီရန် ဝင်ရောက် လာသော၊ ဂူမိသားစု ဝင်များ ထံသို့၊ နှင်းဆီ တစ်ပွင့်နှင့် အတူ၊ ဓား အလင်းများ ပြိုကျ လာတော့သည်။

***

All Chapters