← Chapters

တက်လာပြီး ငါ့ကို တိုက်ခိုက်ပါ။

Vol. 52 Ch. 717

တက်လာပြီး ငါ့ကို တိုက်ခိုက်ပါ။

Vol. 52 Ch. 717

ဓားဖျား ပေါ်၌ နှင်းဆီ ပွင့်များ ထပ်မံ ပွင့်လာသော အခါတွင်၊ ဂူယန်၏ သိုင်းဝိညာဉ် ကွဲအက် သွားပြီး၊ နှုတ်ခမ်းမှ သွေးများ စီးထွက် လာခဲ့၏။

သိပ်မကြာခင် မှာပင် ဓား အလင်းများ ပို၍ သိပ်သည်း လာပြီး၊ ဂူယန်နှင့် သူ့ မိသားစုကို တွန်းထုတ် လိုက်တော့သည်။

ထို့ကြောင့် နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးကို ရယူ ရာ၌ နှောက်ယှက်မည့် လူများ ရန်မှ၊ ကင်းဝေး သွားလေသည်။

သို့သော် ဤသည်မှာ ကြာကြာခံ မည် မဟုတ်ကြောင်း သူသိ သဖြင့်၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို ထုတ်ဖော် လိုက်သည်။

သစ်သီး ထံမှ လာသော ဖိအားကို ဓားရည်ရွယ် ချက်ဖြင့်၊ ခုခံ ချေဖြတ်လျက်၊ တရွေ့ရွေ့ ချဉ်းကပ် သွား မိသည်။

နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးက အန္တရာယ်ကို သိရှိ သွားပြီး၊ လင်းယွန်ကို လေဓါး များဖြင့် ပစ်ခတ် လာတော့သည်။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ခန္ဓာကိုယ် အနှံ့ ပြတ်ရှ ရာများ ပြည့်နှက် သွား၏။ သို့သော် တွန့်ဆုတ် သွားခြင်း မရှိချေ။

မည်သည့် အရာ ကမျှ၊ တားမြစ် နိုင်ခြင်း မရှိသော၊ တပ်မက်မှုများ သူ့မျက်လုံး များမှ၊ ဖြာထွက် လာတော့သည်။

ထိုပြတ်သားမှု နှင့်အတူ၊ ကြက်သွေးရောင် လေဓား များကို ဖြတ်၍၊ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးအား ဖမ်းဆုပ် လိုက်သည်။

ဆုပ်ကိုင် မိသည်နှင့်၊ ကမ္ဘာ မြေအောက် အလွှာတွင် စီးဆင်း နေသော ချော်ရေပူများ ကဲ့သို့၊ ခံစား လိုက်ရ သည်။

အဆုံး မရှိိသော မီးစွမ်းအင် များက၊ သစ်သီးမှ တဆင့် စိမ့်ဝင် လာပြီး၊ လက်ဖဝါး ပေါ်တွင် လောင်ကျွမ်းများ ချန်ရစ် ခဲ့သည်။

“ ကောင်း ကောင်း နေ ... ။ ”

လင်းယွန်က နဂါး အရှိန် အဝါကို ထုတ်လွှတ်လျက်၊ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးအား၊ နှိမ်နင်း လိုက်သည်။

သူ့နောက်တွင် ကျန်ရစ် ခဲ့သော ဂူ မိသားစုမှာ၊ အေးစက်သော အလင်းရောင်များ ထုတ်ဖော် လျက်၊ လင်းယွန်အား တိုက်ခိုက်ရန် အားယူ လာသည်။

“ နတ်ဆိုး သစ်သီးကို ချန်ထား ခဲ့စမ်း ။ ”

ဂူယန်က သိုင်းဝိညာဉ် ဓားဖြင့် လှမ်းထိုးကာ၊ အော်ဟစ် လိုက်သည်။ ဂူ မိသားစု၏ ကျွမ်းကျင် သူများ မှလည်း၊ ဒေါသ တကြီး တိုက်ခိုက် လာ တော့၏။

“ မင်း ... ၊ သေချင် နေတာပဲ။ ”

ပန်းသင်္ချိုင်း ဓားနှင့် နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးကို သိမ်းဆည်းကာ၊ လေးနက်သော ခြေလှမ်း ခုနစ်လှမ်းအား ကန့်သတ် ချက်ထိ တွန်းပို့ လိုက်၏။

သူ့ နောက်ကျောမှ ရွှေတောင်ပံ တစ်စုံ ထွက်ပေါ် လာကာ၊ လေထဲ မြောက်တက် သွားသည်။

ဂူယန်နှင့် ကျွမ်းကျင်သူ များ၏ တိုက်ခိုက်မှုများ သူ့ အပေါ် ကျရောက် တော့မည့် အချိန် မှာပင်၊ ကောင်းကင်ပေါ် ပျံတက် သွားခဲ့သည်။

သို့သော် လုံးလုံး လျားလျား လွတ်မြောက် သွားခြင်း မရှိဘဲ၊ ရိုက်ခတ် မှုများ ခံလိုက် ရသေး ပေသည်။

သွေး များဖြင့် ဖုံးလွှမ်းသွား သော်လည်း၊ ဤသည်မှာ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးကို ရယူရန်၊ ထိုက်တန်သော စျေးနှုန်း အဖြစ်၊ တွေးယူ လိုက်မိသည်။

“ ဒီကောင် … ။ ”

“ သူ ... တိမ်တွေပေါ် တက်ဖို့ ကြိုးစား နေတာလား။ ”

ဂူယန်နှင့် လူအုပ်မှာ ကောင်းကင်ပေါ် ပျံတက် နေသော တစ်ဖက် လူကို ကြည့်ပြီး၊ အံသြသွား ကြသည်။

ဤအခိုက် အတန့်တွင် ပြင်းထန်သော သတ်ဖြတ် လိုခြင်း အရှိန်အဝါ များဖြင့်၊ ပုံရိပ် သုံးရိပ် ပျံတက် လာ၏။ ထိုပုံရိပ် များမှာ သဘာဝ အတိုင်း ချင်ရှုနှင့် ဂျီ ညီအစ်ကိုတို့ ဖြစ်လေသည်။

ချင်ရှုက သစ်ကိုင်းပေါ် ဆင်းသက် လိုက်ပြီးနောက်၊ ခရီးရောက် မစိုက်ပင်၊

“ ဓားကျွန် ဘယ်မှာလဲ၊ ”

-ဟု မေးမြန်း လိုက်လေ သည်။

“ မင်း ... မမြင် ဖူးလား။ ”

ဂူယန်က ဘောက်ဆတ် ဆတ်ဖြင့် ပြန်ဖြေ လိုက်သည်။ တိမ်တိုက် တွေကြား ဖြတ်ကျော် ပျံသန်း နေသော လင်းယွန်ထံ၊ မော့ကြည့်လျက် ချင်ရှု တစ်ယောက် အံကြိတ် မိသည်။

“ ဒီကောင် သူ့ သေတွင်း၊ သူ တူးနေ တာပဲ။ ”

ထိုနယ်မြေတွင် ချန်စီယုနှင့် ချူးမူယန်တို့ ရှိပြီး၊ စစ်မှန်သော နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး အတွက်၊ တိုက်ပွဲဝင် နေကြ ချေပြီ။

“ ဒီနယ်မြေရဲ့ သစ်သီးကို၊ လုယူ သွားပြန် ပြီလား။ ”

ဂျီ ညီအစ်ကိုက ရုတ်တရက် သတိရ သွားဟန်ဖြင့်၊ ဂူယန်ထံ လှည့်မေး လိုက်သည်။

ညီအစ်ကို နှစ်ယောက်ကို ကြည့်ပြီး၊ ဂူမိသားစု၏ ကျွမ်းကျင် သူများ မျက်နှာမှာ၊ ပျက်ယွင်း သွားလေသည်။

နောက်ဆုံးတွင် ဤသည်မှာ အလင်း ရှစ်သွယ် ပါရှိသော ဒုတိယ အကောင်းဆုံး သစ်သီး တစ်လုံး ဖြစ်ပေ၏။

ဂူယန်က ဒေါသ များကို မြိုချ လိုက်ပြီး၊

“ သူ ရောက်သွားပြီ၊ ” -ဟု ဆိုလိုက်၏။

သူ့စကားကြောင့် လူတိုင်း ခေါင်းမော့လျက်၊ ပြန်ကြည့် လိုက်ကြသည်။

ကြက်သွေးရောင် တိမ်တိုက် ကြီး၌၊ အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ် နေသည်ကို၊ တွေ့လိုက် ရသည်။

ယခု အချိန်၌ လင်းယွန်ကို တိုက်ခိုက်ရန် ချင်ရို့ယူ အပြင်၊ ကိုယ်ပိုင် အကြောင်း ပြချက် များ၊ ရှိလာပြီ ဖြစ်သည်။

နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး နှစ်လုံးကို လုယူပြီး နောက်တွင်၊ လွှတ်ထား စရာ၊ ရည်ရွယ်ချက် မရှိ တော့ချေ။

လင်းယွန် မှာမူ၊ သစ်ကိုင်း များနှင့် သစ်ရွက် များကို ဖြတ်၍ ကြက်သွေးရောင် တိမ်တိုက် အတွင်း၊ တရွေ့ရွေ့ ပျံသန်း လာခဲ့ သည်။

အလင်းကိုးသွယ် ပါရှိသော သစ်သီး တစ်လုံးအား လှမ်းမြင် လိုက်ရ ချိန်တွင်၊ နီးစပ်ရာ သစ်ကိုင်းကြီး တစ်ကိုင်း ပေါ်သို့၊ ဆင်းသက် လိုက်၏။

ဤသည်မှာ ပထမတန်းစား နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး ဖြစ်ပြီး၊ အန္တရာယ် အရှိဆုံး အသီးလည်း ဖြစ်လေသည်။

တစ်စုံ တစ်ယောက်မှ ၎င်းကို သိမ်းယူရန် ကြိုးစား ခဲ့ရာ၊ အနား မရောက် နိုင်မီ သေဆုံး သွားဖူးသည်။

ထို့ကြောင့် ဤအဆင့်အား လူ အများက၊ တားမြစ် နယ်မြေ တစ်ရပ် အဖြစ် သတ်မှတ် ထား ကြ၏။

ချူးမူယန်နှင့် ချန်စီယု သည်ပင်၊ သေဆုံး ကုန်ကြသည့် ကျင့်ကြံသူ များကို ကြည့်ကာ၊ ၎င်းနယ်မြေထံ ချဉ်းကပ်ရန် မဝံ့ ရဲ သေးချေ။

သို့သော် နောက်ထပ် လူ သစ်များ ထပ်မံ ရောက်ရှိ လာသဖြင့်၊ အနည်းငယ် စိတ်ရှုပ်ထွေး သွားခဲ့သည်။

လင်းယွန် ရောက်ပြီး မကြာမီ၊ ဂူယန်၊ ချင်ရှု၊ ဂျီညီ အစ်ကိုနှင့် အခြားသော လမ်းလွဲ ကျင့်ကြံ သူများ ရောက်ရှိ လာ၏။

ဤနယ်မြေသည် နတ်ဆိုး အသွင် ပြောင်းခြင်း သစ်ပင်၏၊ အမြင့်မား ဆုံးသော နယ်မြေ ဖြစ်ပြီး၊ ဖိအားမှာ ကြောက်စရာ ကောင်းလွန်း ပေသည်။

သူတို့ ရပ်နေသော သစ်ကိုင်းများ သည်ပင်၊ အချိန်မရွေး ကျိုးကျ တော့မည် ကဲ့သို့၊ ယိမ်းထိုး နေပေ၏။

သို့သော် သစ်ကိုင်းမှာ ဆတ်ခနဲ ရုတ်တရက် လှုပ်ရှား သွားပြီး၊ လူရိပ် တစ်ရိပ် ခုန်တက် သွား လေသည်။

“ ဒီကောင်က သေချင် နေတာလား။ ”

ချန်စီယုက အေးစက်စွာ ဆိုသည်။ သူနှင့် ချူးမူယန်မှာ ကြက်သွေးရောင် တိမ်လွှာများ မည်မျှ ကြောက်စရာ ကောင်းသည်ကို၊ သိရှိ ထားသည်။

လမ်းလွဲ ကျင့်ကြံသူ အများ အပြားက၊ ထိုအမြင့် ဆီသို့ ခုန်တက်ခဲ့ သော်လည်း၊ သူတို့ အားလုံး လောင်ကျွမ်း ကုန်ကာ၊ အရိုးများ မိုးအဖြစ် ပြန်ကျ လာခဲ့သည်။

ထို့ကြောင့် သူတို့ အားလုံး တုန့်ဆိုင်း နေစဉ်၊ လင်းယွန်မှ ခုန်တက် သွားသဖြင့်၊ လှောင်ပြောင် ရေရွတ် လိုက်ခြင်း ဖြစ်သည်။

လင်းယွန်နှင့် သူတို့ကြား မီတာ တစ်ရာ မျှသာ ကွာဝေး လှပြီး၊ ကြက်သွေးရောင် တိမ်လွှာများ ခြားထား ပေ၏။

ထို့ကြောင့် အရာ အားလုံးကို ရှင်းရှင်း လင်းလင်း မြင်နိုင် လေသည်။

“ လင်းယွန် ... ၊ နတ်ဆိုး သစ်သီး တွေနဲ့၊ အလင်း အမှောင် ကျောက်တုံးကို လွှဲပေးပါ၊ မင်းကို အသက် ရှင်ခွင့် ငါပေးမယ်။ ”

ချူးမူယန်က လှံဖြင့် ချိန်ရွယ်ကာ၊ လင်းယွန်ကို ခြိမ်းခြောက် လိုက်သည်။ လှံ ဖျားတွင် စုစည်း ထားသော စွမ်းအင် များက၊ လေဟာနယ်ကို ပုံပျက် စေခဲ့သည်။

လှိုင်း တိုများ ပတ်ဝန်း ကျင်သို့ ပျံ့နှံ့ သွား သဖြင့်၊ လေ အဝှေ့တွင် ဆံပင်များ တဖျပ်ဖျပ် လွင့်မေျာ လာ၏။

ကောင်းကင်ကို ထိုးဖောက် တော့မည် ကဲ့သို့ ထက်ရှသော အရှိန်အဝါကို ထုတ်လွှတ် နေချေ သည်။

ဤသည်မှာ ‘မရဏ အရိပ်’ ဟု ခေါ်သော ကောင်းကင် တိမ်လွှာ ဂိုဏ်း၏၊ အလယ် အလတ် အဆင့်၊ စကြာ ဝဠာ လက်နက် တစ်ခု ဖြစ်သည်။

ကြယ်တာရာ နဂါး လှံကို၊ တုပ ထားသော လှံငယ် တစ်စင်း ဖြစ်၏။ ကောင်းကင် တိမ်လွှာ ဂိုဏ်း၌၊ စုစုပေါင်း လှံသုံးစင်း ရှိပြီး တစ်စင်းမှာ ဂိုဏ်းချုပ် ကိုယ်တိုင် အသုံးပြု လေသည်။

ဒုတိယ လှံကို မဟာ အကြီးအကဲမှ ကိုင်ဆွဲလျက်၊ နောက်ဆုံးသော တစ်စင်း ကိုမူ၊ ချူးမူယန်အား ချီးမြှင့် ထားချေ၏။

“ လင်းယွန် ... ၊ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးနဲ့၊ အလင်း အမှောင် ကျောက်တုံးကို ပေးအပ်ပါ၊ မရဏ သမီးတော်နဲ့ မင်းတို့ ကြားက ပြဿနာကို ငါ ဖြေရှင်း ပေးနိုင် ပါတယ်။ ”

သူ့တွင် ရွေးချယ် စရာ မရှိတော့ သဖြင့်၊ ချန်စီယု ကပါ၊ ဝင်ရောက် ညှိနှိုင်း ပေးလာသည်။

ကြက်သွေးရောင် တိမ်တိုက် များမှာ၊ တားမြစ် နယ်မြေ တစ်ရပ် ဖြစ်ပြီး၊ လင်းယွန်ထံ လိုက်ပါ သွားခြင်းဖြင့်၊ အန္တရာယ်များ ကျရောက် လာမည်ကို၊ စိုးရိမ် နေခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကျန်သော ပါရမီရှင် များနှင့် လမ်းလွဲ ကျင့်ကြံသူ များက၊ လင်းယွန် ပြန်ဆင်း လာမည့် အရပ်ထံ မှန်းဆကာ၊ ဝိုင်းထားလိုက် တော့သည်။

ဤနေရာမှာ ကျဉ်းမြောင်း လွန်းသဖြင့်၊ လင်းယွန် မရောက်မီ ကပင်၊ တိုက်ပွဲ အချို့ ကြောင့်၊ လူများစွာ သေဆုံး ခဲ့ရသည်။

ယင်းကြောင့် မည်သူမျှ ရှေ့သို့ လှမ်းဝံ့ခြင်း မရှိဘဲ၊ လင်းယွန် တစ်ယောက် ပြန်လည် ဆင်းသက် လာရန်သာ မျှော်လင့် မိကြသည်။

ဤအခြေ အနေတွင်၊ အသက် ရှင်သန်ရန် အတွက်၊ လင်းယွန်မှ ချူးမူယန်ကို လိုက်လျော ပေးလိမ့် မည်ဟု ယုံကြည် ပေ၏။

“ သူက ဓားကျွန်လေး တစ်ယောက်ပဲ မဟုတ်လား၊ ဘာလို့ ဒီလောက်ထိ ဒုက္ခခံ နေကြရတာလဲ။ ”

လင်းယွန် လက်ဖဝါးကြောင့် ဒဏ်ရာ ရရှိခဲ့သော ဂျီယီက သူ့ ဒေါသကို မထိန်းနိုင် တော့ဘဲ၊ လှုပ်ရှားရန် ပြင်လိုက်သည်။

အပေါ် တက်ကာ လင်းယွန်အား သတ်ပစ်ခြင်းဖြင့်၊ ဤအရာကို အဆုံးသတ် လိုပြီ ဖြစ်သည်။

သို့သော် ထိုအချိန်တွင်၊ ချန်စီယု ထံမှ အေးစက်သော အကြည့် တစ်ချက်အား သတိ ထားမိ လိုက်သည်။

“ မင်းက သေချင် နေတာလား၊ ငါနဲ့ ချူးမူယန်တောင် အဲ့ဒီ နေရာမှာ တိုက်ခိုက်ဖို့ မဖြစ် နိုင်တာ၊ မင်းက လုပ်နိုင်တဲ့ အနေ အထားမှာ၊ ရှိတယ်လို့ ထင်နေလား၊ ဟမ့် ... ”

“ ... မင်း သေချင် နေတာကို ငါက ဂရု စိုက်မှာ မဟုတ်ဘူး၊ ဒါပေမယ့် နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးကို၊ ဖျက်ဆီး မိရင်တော့ အကျိုး ဆက်ကို မင်းရဲ့ ဂျီမိသားစုက ခံရ မှာတော့ သေချာတယ်။ ”

ချန်စီယု စကားကြောင့် ဂျီယီ တစ်ယောက် တုန်လှုပ် သွားသည်။

“ မလှုပ်ရှားပဲ ... ၊ သူဆင်း လာဖို့သာ ဖျောင်းဖျ စမ်းပါ။ ”

ထိုအချိန်တွင် ကျောရိုး တစ်လျှောက် စိမ့်တက် လာသော ကြောက်မက်ဖွယ် အေးစက် မှုကို ခံစား လိုက်ရသည်။

ချန်စီယုက ကတိ တစ်ခုကို လွယ်လွယ် ပေးကာ၊ ဤသို့ စိတ်ကူးနေ လိမ့်မည်ဟု မထင် ထားမိချေ။ သူ တောင်မှ လှည့်စားခံ ရလု နီးပါး ပေပင်။

“ လင်းယွန် …။ ”

နဝမ နယ်မြေ အစပ်တွင် ရပ်နေသော ဂိုရှုနှင့် ယန်းဖန် တို့မှာ၊ ဤမြင်ကွင်းကြောင့် ထိတ်လန့် သွားကြသည်။

လင်းယွန်မှာ သစ်သီး နှစ်လုံးဖြင့်၊ ကျေနပ်ခြင်း မရှိဘဲ၊ ကြက်သွေးရောင် တိမ်တိုက် များကို ဖြတ်ကျော်ရန် ပြင်နေ ပေသည်။

ထို့ကြောင့် ပါရမီရှင် များနှင့်၊ လမ်းလွဲ ကျင့်ကြံသူ များက၊ သူ့အား ဆူဖြိုးသော သားကောင် ကဲ့သို့၊ ချောင်းမြောင်း လာတော့၏။

“ ဘာလို့ စကားတွေ များ နေရတာလဲ၊ မင်းတို့ ပြောတဲ့ အရာ နှစ်ခုလုံး၊ ငါ့မှာ ရှိတယ်၊ လိုချင်ရင် ငါ့ကို လာတိုက်ပါ။ ”

ဤသည်မှာ ပန်းသင်္ချိုင်း ဟူသော ဓားသမား တစ်ယောက်၏ ခိုင်မာသော ရပ်တည်ချက် ဖြစ်ချေပြီ။

***

All Chapters