ရှုံးနိမ့်ခြင်း။
Vol. 52 Ch. 718
“ ဘာလို့ စကားတွေ များ နေရတာလဲ၊ မင်းတို့ ပြောတဲ့ အရာ နှစ်ခုလုံး၊ ငါ့မှာ ရှိတယ်၊ လိုချင်ရင် ငါ့ကို လာတိုက်ပါ။ ”
မထီမဲ့မြင် ပြုသော အသံက လူတိုင်း၏ နားထဲသို့ ပဲ့တင်ထပ် လာသည်။ အထူး သဖြင့် ချန်စီယုအား သတ္တိ ရှိရှိ စိန်ခေါ် ရဲလိမ့်မည်ဟု၊ မထင်ထား ကြချေ။
“ မင်းလို နိမ့်ကျတဲ့ ဓားကျွန် တစ်ယောက်က မာန ကြီးဝံ့ တယ်လား။ ”
ဂျီယီက သည်းမခံ နိုင်တော့ပဲ၊ လင်းယွန်ထံ ခုန်တက် သွားသည်။ သည် တစ်ကြိမ်၌ ချန်စီယု တစ်ယောက်၊ ဟန့်တားခြင်း မရှိတော့ချေ။
ဂျီယီ မလှုပ်ရှား လျှင်ပင်၊ သူက စတင်ရန် ရည်ရွယ် နေပြီ ဖြစ်သည်။ တစ်ဖက်တွင် ဂျီယီ ခန္ဓာကိုယ် တစ်ဝိုက်၊ မီးလျံများ ချပ်ဝတ် အသွင် ဖွဲ့စည်း လာ၏။
အဝေးမှ ကြည့်ပါက၊ ကြောက်မက်ဖွယ် ကောင်းသော မီးနတ်ဘုရား တစ်ပါး အဖြစ် ထင်မှား မိစေသည်။
တစ်ချိန်တည်း မှာပင်၊ ကြီးမားသော ရွှေရောင် ဆူးနွယ် ပင်များ သူ့ နောက်၌ ထွက်ပေါ် လာ၏။
“ ဒါ ... ဂျီယီ ပဲ။ ”
လူအုပ်ကြီးက ဂျီယီကို ရှင်းရှင်း လင်းလင်း မမြင်ရ သော်လည်း၊ ကျင်ကြံမှု နည်းစနစ်ကို အသိ အမှတ်ပြု နိုင်ကြသည်။
ဤအမြင့်တွင် တိုက်ခိုက် ခြင်းဖြင့်၊ အန္တရာယ် များလှ သောကြောင့်၊ ၎င်းတို့အား စိတ်လှုပ်ရှား စေသည်မှာ အမှန်ပင်။
“ သေလိုက်တော့ ဓားကျွန်။ ”
ဂျီယီက တံဆိပ်များ ဖွဲ့စည်းကာ၊ လက်ဖဝါးဖြင့် ရိုက်ချ လိုက်၏။ တစ်ဆက်တည်း မှာပင်၊ ထောင်ပေါင်း များစွာသော ဆူးနွယ်များ စုရုံး လာကာ၊ ကောင်းကင်မှ ဆင်းသက် လာသည်။
သင်ခန်းစာ ရရှိထား ပြီးမို့၊ အပြင်းထန် ဆုံးသော တိုက်ခိုက်မှုကို၊ ဂျီယီမှ ချက်ချင်း လွှတ်ဖော် လိုက်ခြင်း ဖြစ်သည်။ ယင်းက လင်းယွန် အပေါ်၊ ကြီးမားသော ဖိအား ဖြစ်စေ ခဲ့၏။
ထို့ကြောင့် လင်းယွန်က ဓားသုတ္တန်အား ကန့်သတ်ချက် အထိ၊ တွန်းထုတ် ပစ်လိုက် ရသည်။
တစ်ချိန်တည်း မှာပင်၊ ဓားရည်ရွယ် ချက်ဖြင့် အနားသပ် ထားသော ခရမ်းရောင် ပန်း တစ်ပွင့် ကောင်းကင်၌ ထွက်ပေါ် လာ၏။
ဓား ရည်ရွယ်ချက် ထွက်ပေါ် လာသည်နှင့်၊ ဂျီယီ၏ အငွေ့ အသက်တွင် ထောင်ပေါင်းများ စွာသော အက်ရာများ ထင်ဟပ် လာသည်။
ခရမ်းရောင် ပန်းပွင့် ပြီးနောက်၊ ဖြစ်ပေါ် လာသော ဓား ရည်ရွယ်ချက်မှာ ဂျီယီ ဖြေရှင်း နိုင်သည့် အရာ မဟုတ်ချေ။
လက်ချောင်း များတွင် ဓားစွမ်းအင်များ စုရုံးစေလျက်၊ ဓားဂိုဏ်းမှ ကျွမ်းကျင်သူ များကို သတိရ သွားသည်။
ဓားသမား များမှာ သေပြီး သည့်တိုင် သူတို့၏ ဘုန်းအသရေကို မစွန့်လွှတ် ကြသဖြင့်၊ သူ့သွေးများ ပွက်ပွက်ဆူ လာစေသည်။
“ နတ်ဘုရား ပုံရိပ်ယောင် လက်ညှိုး။ ”
လက်သည်း အတွင်းမှ ဓားအလင်း ပြေးထွက် လာပြီး၊ ကြီးမားသော ဆူးပန်းနွယ်ကို ထိုးဖောက် သွား၏။
ရိုက်ခတ် မှုကြောင့် ဂျီယီ ပါးစပ်မှ သွေးများ စီးကျ လာလေသည်။ ဓား အလင်းကို ကြည့်ပြီး ထိတ်လန့် စိတ်ကြောင့်၊ အမြန် ရှောင်ရှားလိုက် ရသည်။
ဓားအလင်းကို ရှောင်ရှားနိုင် ခဲ့သော်လည်း၊ ကပ်ပါ လာသော လက်သီး ချက်အား လွတ်မြောက် နိုင်ခြင်း မရှိ ခဲ့ချေ။
လက်သီး ချက်ကြောင့် ကောင်းကင် မီးလျှံ ချပ်ဝတ် ကွဲကြေ သွားကာ၊ ရင်ဘတ်အား ထိမှန် ညည်းတွား လိုက်ရ၏။
သည့်နောက် ဓားအလင်းက ကြက်သွေးရောင် တိမ်ပင်လယ် ကြီးအား ဆက်လက် ဖြိုခွဲ ပစ်တော့၏။
ထိုအချိန်တွင် အပြာရောင် ဝတ်ရုံဖြင့်၊ ကောင်းကင် ထက်တွင် ရပ်နေသော လင်းယွန် ထံမှ၊ ကြီးလွန် စိုးသော၊ အရှိန် အဝါများ ဖြာထွက် လာလေသည်။
“ တစ်ချက် တည်းနဲ့ ရှုံးသွား တာလား။ ”
ဤမြင်ကွင်းကြောင့် စောင့်ကြည့် နေသော လူအုပ်ကြီးမှာ တုန်လှုပ် ချောက်ချား သွားလေ သည်။
“ အစ်ကိုကြီး ... ။ ”
ဂျီကျန်းက ဂျီယီကို အပြေး အလွှား ဖမ်းယူ လိုက်သည် ။
“ ဒီ ကောင် …။ ”
ချန်စီယုက အံ့အားသင့် သွားပြီး၊ မျက်နှာ ပျက်သွား၏။ ဤသည်မှာ ကြောက်စရာ ကောင်းသော လျှို့ဝှက် နည်းစနစ် တစ်ရပ် ဖြစ်ကြောင်း၊ သူ မြင်နိုင်သည်။
ခရမ်းရောင် ပန်းအောက်တွင် လင်းယွန်၏ အရှိန် အဝါမှာ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေနှင့် နီးကပ် နေပေ၏။
သို့မဟုတ် ပါက ဂျီယီ ကဲ့သို့သော လူ တစ်ယောက်မှာ၊ ဤမျှ မြန်မြန် ရှုံးနိမ့် စရာ၊ အကြောင်း မရှိချေ။
သို့သော် လင်းယွန်၏ မောက်မာမှုကို ၊ သည်မခံ နိုင်သည်မှာ သဘာဝပင် ဖြစ်သည်။
ထိုအချိန်တွင် ပြန့်ကျဲ နေသော တိမ်တိုက်များ ပြန်လည် စုရုံး လာပြီး၊ ကြောက်စရာ ကောင်းလွန်းသည့် သတ်ဖြတ် လိုခြင်း ဆန္ဒများ ထွက်ပေါ် လာသည်။
“ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ ဟမ့်၊ မင်းက ဓားကျွန် တစ်ယောက်ထက် ပိုပြီး ဘာမှ မဟုတ်ဖူး ဆိုတာ ငါပြမယ်။ ”
မျောက်ဝံ တစ်ပိုင်း၊ လူတစ်ပိုင်း အသွင် ပြောင်းလဲ ထားသော ချင်ရှုမှ အော်ငေါက်ကာ၊ တိုက်ပွဲ အတွင်း ဝင်ရောက် လာသည်။
“ အစ်ကိုချင် ... မင်းကို ငါ ကူညီမယ်။ ”
ဂူယန်က အံကြိတ်လျက် အော်ဟစ် လိုက်သည်။ လင်းယွန်ကို သတ်နိုင် သ၍၊ အခြားသူ များနှင့် လက်တွဲ ရလျှင်ပင်၊ သူ့ အနေဖြင့် တွန့်ဆုတ် မိမည် မဟုတ်ချေ။
“ ငါ့အစ်ကို ကြီးကို ရိုက်နှက်ပြီး၊ မင်း အသက်ရှင် နိုင်ဦး မယ်လို့ ထင်နေလား ဟမ့် ။ ”
သတ်ဖြတ် လိုသော ဆန္ဒများ ထိန်းမနိုင် သိမ်းမရ ကြီးထွား လာသဖြင့်၊ ဂျီကျန်း ကပါ၊ လှုပ်ရှား လာခဲ့သည်။
“ မြန်မြန် သွားရအောင်၊ သူ့ကို အသက် ရှင်ခွင့် ပေးလို့ မဖြစ်ဘူး၊ မဟုတ်ရင် နတ်ဆိုး သစ်သီး သူ့ လက်ထဲ ရောက်သွား လိမ့်မယ်။ ”
ချန်စီယုက သူ့ ဘေးတွင် ရပ်နေသော ချူးမူယန်ကို ကြည့်ကာ ဆိုလိုက်သည်။
“ ငါတို့ သူ့ကို အစော တည်းက သတ်သင့်တယ်၊ သူလို ဓားကျွန် တစ်ယောက်က သူကိုယ်သူ ဘာထင် နေလဲ မသိဘူး။ ”
ချန်စီယု နှင့်အတူ ကောင်းကင်ပေါ် ပျံတက် လျက်ဖြင့်၊ ချူးမူယန်က ရေရွတ် လိုက်သည်။
“ သတ် ... ။ ”
ပါရမီရှင်များ အားလုံး လင်းယွန်ထံ အားယူ နေသည်ကို မြင်သည်နှင့်၊ အခွင့် အရေးအား စောင့်မျှော် နေသော လမ်းလွဲ သိုင်းသမား များက၊ အချင်းချင်း အချက်ပြကာ၊ တိုက်ပွဲ အတွင်း ခုန်ဝင် လာကြသည်။
လူတိုင်းက ရောင်စင် ကိုးသွယ် နတ်ဆိုး အသွင် ပြောင်းခြင်း၊ သစ်သီး အတွက် တိုက်ပွဲ မဝင်မီ၊ လင်းယွန် အသက်ကို ရယူလို ကြ၏။
တစ်ဖက်တွင် ဖြစ်ပျက် နေသည့် အချင်းအရာ များကို လင်းယွန်က၊ မတုန် မလှုပ် စိုက်ကြည့် နေခဲ့ သည်။
ဤသည်မှာ ထိတ်လန့်ဖွယ် အခြေနေ တစ်ရပ် ဖြစ်ပြီး၊ အခြားသူ တစ်ဦးသာ ဆိုပါလျှင်၊ အားယူ နေသော ထိုလူ အုပ်ကြောင့်၊ အသက်ရှူ ရပ်သွား မည်မှာ အမှန် ပေပင်။
ထို့ပြင် နတ်ဆိုး သစ်သီး နှစ်လုံးနှင့် ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံး ကို ပိုင်ဆိုင် ထားသည့် နောက်၊ သားကောင် အဖြစ် လူတိုင်းက ရှုမြင်လာ သည်မှာ သဘာဝ ပေပင်။
ထို့ပြင် စကား အရာ၌ မောက်မာ လွန်းပြီး လူတိုင်းကို နာကျင်စေ ခဲ့သော သူ့ လုပ်ရပ်အား နောင်တ မရမိချေ။
ယင်းအစား အဆုံး မရှိသော လျှပ်စီး စွမ်းအင် များက၊ သောက်ရှူး ကြယ်ကြီး တစ်စင်း ကဲ့သို့ စုရုံး လာလေသည်။
“ သခင့် ဓား — မဟာ ပေါက်ကွဲမှု။ ”
ထိုအချိန်တွင် ချန်စီယုနှင့် ကျန်သူ များမှာ၊ မျက်နှာများ ဖြူဖျော့ ကုန်ပြီး၊ တိုးဝင် လာသော လျှပ်စီး များကို ဖြေရှင်း ဖို့ရန်၊ အစွမ်းကုန် ကြိုးစား လိုက်ကြသည်။
သို့သော် လက်ရှိ အချိန်၌ လေထဲတွင် ပျံသန်းနေ ရသောကြောင့်၊ ထင်သလောက် ခရီး မရောက် ခဲ့ချေ။
နတ်ဆိုး အသွင် ပြောင်းခြင်း သစ်ပင် ထံမှ လာသော ဖိအားကို အခွင့်ကောင်း ယူကာ ဓား မဆွဲဘဲ၊ လက်သီးဖြင့် ပစ်လွှတ် လိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် သူ့ထံ ခုန်တက်လာ သူတိုင်း၊ လျှပ်စီး စွမ်းအင်များ ထိမှန်ကာ၊ ဖွဲအိတ်များ ကဲ့သို့ လွင့်စင် ကုန်လေ သည်။
ထိုမြင်ကွင်းက လူတိုင်းကို ထိတ်လန့် တုန်လှုပ်သွား စေ၏။ ဂျီကျန်း၊ ဂူယန်၊ ချူးမူယန် နှင့် ချန်စီယုမှာ လျှပ်စီး အပြင်၊ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်ပင်၏ ဖိအားကြောင့်၊ ချက်ချင်း ပြုတ်ကျ ကုန်တော့သည်။
လူတိုင်းက လင်းယွန်ထံ ထိတ်လန့်စွာ ပြန်ကြည့် လိုက်မိသည်။ ဤအခြေ အနေအား တစ်ဖက် လူမှ ကြိုတင် တွက်ဆ ထားကြောင်း၊ နားလည် လာလေသည်။
ပြုတ်ကျသွား သူတိုင်း သစ်ပင် အကိုင်း အခက် များနှင့် တိုက်မိ ကုန်ကာ၊ နည်းအမျိုး မျိုးဖြင့်၊ ရပ်တန့်ရန် ကြိုးစား နေကြ၏။
ဆိုးရွားသော ဒဏ်ရာ များကြောင့်၊ သစ်ကိုင်းပေါ် ခြေချ မိသော်လည်း၊ ချက်ချင်း ပြန်လည် ခုန်တက်ရန်၊ အင်အား မရှိကြ တော့ချေ။
***