← Chapters

မုချ သေဆုံး ရမည့် အခြေအနေ။

Vol. 52 Ch. 719

မုချ သေဆုံး ရမည့် အခြေအနေ။

Vol. 52 Ch. 719

နတ်ဆိုး အသွင် ပြောင်းခြင်း သစ်ပင်၏ ဖိအားကို အခွင့်ကောင်း ယူပြီးနောက်၊ တိုက်ပွဲ အား၊ အဆုံးသတ် လိုက်သည်။

ဤတိုက်ခိုက်မှုမှာ သူ့အား များစွာ ပင်ပန်း နွမ်းနယ် စေ၏။ နဖူးမှ စီးကျ လာသော ချွေးကို သုတ်လျက်၊ ပြိုင်ဘက် များထံ စီးမိုး ကြည့်သည်။

ပါရမီရှင် ခြောက်ဦးနှင့် လမ်းလွဲ ကျင့်ကြံသူ များကို တစ်ကြိမ်းတည်း ဖြိုခွင်းနိုင် သဖြင့်၊ အဝေး ဆီမှ စူးစမ်း နေသော လူအုပ်ကြီးမှာ၊ ထိတ်လန့် သွားလေသည်။

စောင့်ကြည့် နေသော မျက်လုံးများ အောက်တွင်၊ လင်းယွန်က နတ်ဆိုး သစ်သီးထံ လှည့်၍ ဦးတည် သွားသည်။

သူ့ မျက်ဝန်း များ၌ ပြတ်သားမှုများ အထင်းသား ပေါ်လွင် နေပြီး၊ နတ်ဆိုး သစ်သီး အား ရယူရန်၊ ပိုင်းဖြတ် ထားပုံ ရခေျပြီ။

“ ဒီ ကောင် … ။ ”

“ ဒီလို လွယ်လွယ်နဲ့ ရယူ နိုင်မယ် ထင်နေလား၊ ဒါက ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ။ ”

လင်းယွန်ကို ကြည့်ပြီး၊ လူတိုင်း မယုံနိုင် ဖြစ်လာ၏။

ကြက်သွေးရောင် အခိုး အငွေ့များ ပျောက်ကွယ် လာသည် နှင့်အမျှ၊ လင်းယွန် တစ်ဝိုက်ရှိ အသက်ဓာတ်မှာ မြင်သာသော အဟုန်ဖြင့် ပျောက်ကွယ် သွားနေသည်။

အလင်း ကိုးသွယ် နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးသည်၊ ကြောက်မက်ဖွယ် ကောင်းလွန်းပြီး လူများ စွာကို သေစေ ခဲ့၏။

အစော ပိုင်းတွင် လမ်းလွဲ သိုင်းသမား အများအပြား သည်လည်း၊ ၎င်းအနား မကပ် နိုင်မီ၊ ဤအခြေ အနေဖြင့် ကြုံခဲ့ဖူး ချေသည်။

တစ်ဖက်တွင် လင်းယွန် တစ်ယောက်၊ တဆတ်ဆတ် တုန်ယင် လာပြီး အရည်စုပ်ခံ လိုက်ရ သကဲ့သို့၊ ပိန်လှီ လာသည်။ သို့သော် နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး ထံသို့ ဆက်လက် ချဉ်းကပ် နေဆဲ ဖြစ်၏။

မိုးပြာ နဂါး မူလ ပုံစံကြောင့်၊ အခြား လူများနှင့် နှိုင်းယှဉ် ပါက၊ လင်းယွန်မှာ ပို၍ ခံနိုင်ရည် ရှိချေပြီ။

ဤမျှသော အတိုင်း အတာ အထိသာ ဆိုပါလျှင်၊ ၎င်းသစ်သီးအား ရယူ နိုင်မည်ဟု ယုံကြည်၏။ ဆုတောင်း ရမည်မှာ၊ စုပ်ယူမှုနှုန်း ထို့ထက် ပို၍ တိုးလာခြင်း မရှိ စေရန် ဖြစ်သည်။

သို့မဟုတ် ပါက ချွင်းချက် မရှိ၊ အသက် ဆုံးရှုံးမည် ဖြစ်သည်။ ယင်းမှာ အသက်ဖြင့် လောင်းကြေး ထပ်ရသော ကစားပွဲ တစ်ခု ဖြစ် ပေ၏။

နဂါးလေး သည်လည်း၊ သူ့ ဒဏ်ရာများ ကုသရန် အတွက်၊ သဘာဝ ဆေးဘက်ဝင် အသီး အနှံ များကို၊ အသက် စွန့်လျက် အကြိမ်ကြိမ် ယူငင် လာခဲ့ ဖူးသည်။

ထိုမြင်းမိုက်ပင် လုပ်နိုင် ပြီးနောက်၊ သူ့အသက်အား ကြိုးတန်းပေါ် တင်ရန်၊ တွေဝေ နေစရာ အကြောင်း မရှိချေ။

နတ်ဆိုး အသွင် ပြောင်းခြင်း အသီးထံ တိုးဝင် နေသော အရှိန်ကို မြှင့်တင် လိုက်သည်။ နီးကပ် လာသည်နှင့် အမျှ၊ ခန္ဓာကိုယ်မှာ ပို၍ ကြုံ့ဝင် လာ၏။

သစ်သီးအား လှမ်းယူ လိုက်ချိန်တွင်၊ သူ့ အရိုးပေါ် တင်နေသော အရေပြားသာ ကျန်ရစ် တော့သည်။

တစ်ဖက်တွင် သစ်သီး ထံမှ ကြက်သွေးရောင် အလင်းများ ဖြာကျ လာပြီး၊ သူ့အား ဝါးမြိုရန် ကြိုးစား လာသည်။

ရင်ဘတ် ပေါ်ရှိ နဂါး အမှတ် အသားကို ချက်ချင်း အသက်သွင်း လိုက်သော်လည်း၊ နံရိုး တစ်ချောင်း ကျိုးသွား ခဲ့၏။

စိတ်ဝိညာဉ် တစ်ခုလုံး တဆတ်ဆတ် တုန်လျက်၊ သက်ဝင် လှုပ်ရှား လာသော မီးတောင် တစ်လုံး ကဲ့သို့၊ ခံစား လိုက်ရသည်။

နဂါး ဟောက်သံများ ပဲ့တင်ထပ် လာချိန်တွင်၊ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီးအား၊ ခူးဆွတ် လိုက်ပြီ ဖြစ်၏။

သစ်သီး ထံမှ အဆုံးမရှိ အသက်ဓာတ်များ ပြန်လည် စိမ့်ဝင် လာပြီး၊ ရှုံ့တွ နေသော ခန္ဓာ ကိုယ်အား၊ လျင်မြန်စွာ တင်းရင်း လာစေသည်။

ပတ်ဝန်းကျင်၌ ကြက်သွေးရောင် မြူမှုန် များပင် ဖုံးလွှမ်း လာ၏။ ထို အသက်ဓာတ် များကို၊ ကြက်သွေးရောင် အရှိန်အဝါ အဖြစ်၊ မိုပြာ နဂါး မူလ ပုံစံမှ၊ အလို အလျောက် သန့်စင်ပေး လိုက်ခြင်း ဖြစ်သည်။

များ မကြာမီတွင်၊ နဂါး ရူရ် (၁၆) လုံး အထိ၊ ဖြစ်တည် လာတော့၏။

၎င်း ရူရ် များ၏ ထိတ်လန့်ဖွယ် စွမ်းအားကြောင့်၊ လင်းယွန် တစ်ယောက် အံ့သြ ထိတ်လန့် သွားမိသည်။

ဤသည်မှာ ထိကိုင် ရုံမျှသာ ဖြစ်ပြီး၊ သစ်သီးအား လုံးလုံး လျားလျား သန့်စင်ပြီး ပါက၊ ရရှိ လာမည့် အကျိုးတရား အပေါ်၊ တွေးကြည့်၍ မရ နိုင်ချေ။

တစ်ချိန်တည်း မှာပင်၊ ဤသစ်သီးအား သန့်စင် ခြင်းဖြင့် ပိတ်ဆို့မှု များကို ဖြတ်ကျော် နိုင်မည်ဟု၊ ယုံကြည်၏။

အသီးကို ခူးယူလိုက် သဖြင့်၊ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်ပင် တစ်ပင်လုံး ယိမ်းထိုးလျက် ဖိအားများ လျော့ပါး လာလေသည်။

ဤသည်မှာ ငိုက်မြည်း သွားခြင်း ဖြစ်ပြီး၊ နောက်တစ်ကြိမ် နိုးထရန်၊ နှစ်ပေါင်း ကိုးရာခန့် စောင့်ရ ပေတော့မည်။

ထောင်စုနှစ် တစ်ခု အတွင်း တစ်ကြိမ်သာ နိုးထ နိုင်သော အခွင့်အရေး ဖြစ်ကာ၊ ၎င်းကို လင်းယွန်က သိမ်းယူ နိုင်ခဲ၏။

ဓားရည်ရွယ် ချက်ကြောင့်၊ အားနည်းသော ကျင့်ကြံသူ အချို့မှာ အသားပုံ အဖြစ်သို့၊ ပြောင်းလဲ သွားပြီး၊ ထိုအသားပုံများ အပေါ်၌ လျှပ်စီးများ တဖျပ်ဖျပ် လက်နေ ခဲ့သည်။

ဓားရည်ရွယ်ချက် ပါဝင်သော မဟာ ပေါက်ကွဲမှု နှင့်အတူ၊ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်ပင်၏ ဖိအားကြောင့်၊ ဤမျှ ပြင်းထန် သွားခြင်း ဖြစ်သည်။

ချန်စီယု ကဲ့သို့ အစွမ်းထက် သူများ သည်ပင်၊ ဤပေါက်ကွဲမှု အတွင်း ဒဏ်ရာများ ရရှိကုန် ကြ၏။

ဒဏ်ရာ များကို စစ်ဆေး ပြီးနောက်၊ အနည်းငယ် တုန်လှုပ် သွားကာ၊ ချန်စီယုက လင်းယွန်ထံ ပြန်မော့ ကြည့်လိုက်သည်။

သို့သော် နတ်ဆိုး သစ်သီးကို ရယူ ပြီးနောက်၊ လင်းယွန်မှာ ဆက်နေစရာ အကြောင်း မရှိတော့ သဖြင့်၊ ထွက်ခွာသွား နှင့် လေပြီ။

“ သေ စမ်း ... ။ ”

ချင်ရှုနှင့် ကျန်သူ များ၏ ဒဏ်ရာ များမှာ၊ ပြင်းထန်လှ သောကြောင့်၊ လင်းယွန် ထွက်ခွာ သွားသည် ကိုသာ၊ ရပ်ကြည့် နေရသည်။

နောက်ပါး ဆီမှ လိုက်လံ သတ်ဖြတ် ချင်သော်လည်း၊ တက်စွမ်းခြင်း မရှိ ကြတော့ ချေ။

“ လိုက်မနေ နဲ့တော့၊ သူက သေလူ ဖြစ်နေပြီ၊ ဒဏ်ရာ ကနေ ပြန်ကောင်း ဖို့သာ ကြိုးစားကြ၊ သူ့ အသက်ကို ငါယူ ပေးမယ်။ ”

ဤဆုံးရှုံးမှု အပေါ်၊ စိတ်ထဲ မထား ဟန်ဖြင့်၊ ချန်စီယုက ဆိုလာသည်။

“ အမှန်ပဲ ... ၊ ငါတို့ အားလုံး ထွက်သွားပြီး၊ လျှို့ဝှက် နယ်မြေ အပြင် ဘက်မှာ စောင့်ကြ ရအောင်၊ အဟွတ် ဟွတ် ဟွတ် ... ။ ”

ဂူယန်က သွေးတစ်လုတ် အန်လျက်၊ တက်ကြွစွာ ဝင်ပြော လိုက်လေ၏။

လျှို့ဝှက် နယ်မြေ များသည် ကောင်းကင် တောင်ကုန်း မြို့၏ နယ်မြေ အတွင်း၊ အခါအား လျော်စွာ ထွက်ပေါ် လာတက် သဖြင့်၊ လင်းယွန် လွတ်မြောက် မည်ကို၊ စိုးရိမ်ခြင်း မရှိချေ။

နယ်မြေ ကျွမ်းကျင်မှု အရ၊ အုပ်စီး မိခေျသည်။ လျှို့ဝှက် နယ်မြေကို ဖျက်ဆီး နိုင်သော နည်းလမ်းများ ရှိပြီး၊ အချိန် မရွေး ထွက်ခွာ ရန်လည်း တက်စွမ်း ကြပေ၏။

နာရီ အနည်းငယ် အကြာတွင်၊ လျှို့ဝှက် နယ်မြေ အဝင်ဝ၌ လင်းယွန် တစ်ယောက် ပြန်လည် ထွက်ပေါ် လာသည်။

လေးနက်သော ခြေလှမ်း ခုနစ်လှမ်းကို ကန့်သတ် ချက်သို့ တွန်းပို့ ခဲ့ပြီး၊ လူတိုင်းအား မျက်ချေ ဖြတ်နိုင် ခဲ့၏။

ဤခရီးမှာ လူတိုင်းက သူ့ကို ဖမ်းဆီး လိုကြ သဖြင့်၊ အန္တရာယ် များသော ခရီး တစ်ခု ဖြစ်လာ လေသည်။ မိုးပြာရောင် အ၀တ်အစား သည်ပင်၊ အနီရောင် ပြောင်းလဲ နေပေ၏။

မူလ စွမ်းအင် များစွာ ကုန်ဆုံး ခဲ့ရ သော်လည်း၊ မျက်လုံး များက ရတနာ နှစ်ပါး ကဲ့သို့၊ တောက်ပ နေသည်။

အဆုံးတွင် နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး သုံးလုံးဖြင့်၊ ထွက်လာ နိုင်ပြီ ဖြစ်၏။ အလင်း ကိုးသွယ် သစ်သီးကို နဂါးလေးအား ပေး၍၊ ကျန် နှစ်လုံးကို ကိုယ်တိုင် သန့်စင်ကာ၊ အောင်မြင်မှု တစ်ခုအား ရယူနိုင် ပေမည်။

တစ်ချိန်တည်း မှာပင် သူအား စောင့်မျှော် နေသာ နဂါးလေးက၊ ကြက်သွေးရောင် အလင်း တန်း အသွင်၊ ပြောင်းလဲ ပြေးဝင် လာသည်။

“ သွားရမယ့် အချိန် ကျပြီ။ ”

ထို့ကြောင့် ပြုံးကာ၊ လျှို့ဝှက် နယ်မြေအား လည်ပြန် တစ်ချက် ကြည့်လိုက်၏။ သည်နေရာ၌ မလုံခြုံ ချေ။ အမြန်ဆုံး ထွက်ခွာ ခြင်းသည်သာ အကောင်းဆုံး ဖြစ်လေသည်။

သို့သော် ပတ်ဝန်းကျင် တစ်ခုလုံး၊ ထူးထူး ခြားခြား တိတ်ဆိတ်နေ သဖြင့်၊ သံသယများ အနည်းငယ် ဝင်ရောက် လာသည်။

အမြင် အာရုံ ထဲသို့၊ လူရိပ် တစ်ရိပ် ဝင်ရောက် လာသော အခါတွင်၊ ထိုသံသယမှာ မှန်ကြောင်း သိလိုက် ရလေပြီ။

( အူ ယန် ဟောင် ... ။ )

ထိုအချိန်က ကောင်းကင် တိမ်လွှာ ဂိုဏ်း၏ အကြီးအကဲ များသာ နှောင့်ယှက်ခြင်း မရှိ ပါက၊ ဤလူကို သူ သတ်ပြီး ဖြစ်ပေမည်။

“ ဓားကျွန်၊ ငါ ပြောခဲ့တဲ့ စကား တွေကို မှတ်မိ သေးလား၊ မင်းက လူသေ တစ်ယောက် ဖြစ်နေပြီ ဆိုတာလေ ... ။ ”

အေးစက် ကောက်ကျစ်သော အပြုံးဖြင့် အူယန်ဟောင်က ဆိုသည်။

တစ်ဖက်တွင် မိုးပြာ နဂါး အငွေ့ အသက်ကို ထုတ်လွှတ် လိုက်ပြီး၊ လင်းယွန်က တည်ငြိမ်စွာ ပြန်လည် စိုက်ကြည့် လိုက်၏။

“ အို့ ... ကြောက်စရာ ကောင်းလိုက်တာ ... ။ ”

ထိုအကြည့်ကို သတိ ထားမိသော အူယန်ဟောင်က ထိတ်လန့် သွားဟန်ဖြင့်၊ လှောင်ပြောင် ပြုံးရယ် လာသည်။

နဂါးလေးက အနား ရောက်လာပြီး၊ တိုက်ခိုက်ရန် သူ့အရှိန် အဝါကို ထုတ်လွှတ် လိုက်လေရာ၊ ပွတ်သပ် နှစ်သိမ့် ပေးလိုက် ရ၏။

လက်ရှိ အခြေအနေ အရ၊ ဤမျှ မရိုး ရှင်းကြောင်း သူ ခံစား နိုင်သည်။ အူယန်ဟောင် ပေါ်လာ ရဲသည်မှာ၊ အားကိုးရှိ နိုင်၏။

“ မင်း သေပြီ ဆိုတာ နားမလည် သေးဖူးလား ဟမ့်၊ ဓားကျွန်ကောင် ဒူး ထောက် စမ်း ... ။ ”

အူယန်ဟောင်၏ အပြုံးများ ပြောက်ကွယ် သွားပြီး၊ ဒေါသဖြင့် အော်ငေါက် လာသည်။ ဤအခိုက် အတန့်တွင် ထိတ်လန့်ဖွယ် ကောင်းသော အန္တရာယ် အငွေ့ အသက်များ ခံစား လိုက်ရ၏။

လေဟာနယ် ကန့်သတ် ခံလိုက် ရပြီး၊ ကောင်းကင်မှ တစ်စုံ တစ်ရာ ထွက်ပေါ် လာ လေသည်။ ၎င်းနှင့် အတူ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ်ရှိ၊ အဖိုးအို တစ်ဦး လိုက်ပါ လာ၏။

“ နက်နဲ ခေါင်းလောင်း။ ”

ထိုတစ်စုံ တစ်ရာအား ချက်ချင်း မှတ်မိသွားသည်။ ဤသည်မှာ သူ ဖျက်ဆီး လိုက်သော နက်နဲ ခေါင်းလောင်း ဖြစ်၏။

သို့သော် သူ့အား ဖမ်းဆီးရန်၊ ပင်မ မိသားစု ထံမှ ချန်စီယု တောင်းယူ လာသော အစစ်အမှန် နက်နဲ ခေါင်းလောင်းကြီး ဖြစ်လေသည်။

ဤလူများ၏ အရှက် ကင်းမဲ့မှုအား သူ လျှော့တွက် မိခဲ့သည်။ လူငယ်များ ကြားရှိ ပဋိပက္ခ များထံ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူမှ၊ ဝင်ပါလာ လိမ့်မည်ဟု မထင်ထား သည်မှာ အမှန်ပင်။

နဂါးလေးအား တွန်းထုတ် လိုက်ပြီး၊ “ ငါ့ကို ထားခဲ့” -ဟု ဆိုလိုက် မိ၏။ ပို၍ သိပ်သည်း လာသော အရှိန်ကြောင့်၊ အတွင်း အင်္ဂါ များပင် တုန်ခါ လာသည်။

နဂါးလေးက လင်းယွန် ထံသို့ တိုးဝင်ရန် ကြိုးစား လိုက်သော်လည်း၊ ခေါင်းလောင်းမှာ လုံးဝ ကန့်သတ် လိုက်ပြီ ဖြစ်သဖြင့်၊ နောက်ပြန် ဆုတ်လိုက် ရသည်။

လင်းယွန် မျက်နှာမှာ မည်းမှောင် သွားပြီး၊ သတ်ဖြတ် လိုသော မျက်ဝန်း များဖြင့်၊ လေထု အလယ်တွင် ရပ်နေသည့် အဖိုးအိုထံ မော့ကြည့် လိုက်သည်။

ဤအဖိုးအိုသည် နက်နဲ ခေါင်းလောင်းကို ထိန်းချုပ် နေသူ ဖြစ်၏။ တစ်ချိန်တည်း မှာပင် ချန်စီယု၊ ချူးမူယန်၊ ချင်ရှုနှင့် ကျန်သူများ ထပ်မံ ရောက်ရှိ လာသည်။

၎င်းတို့ မျက်နှာတွင် သွေးစများ စွန်းထင်း နေပြီး၊ ဒဏ်ရာ များမှ မသက်သာ သေးကြောင်း၊ ပြသ နေ၏။

ချင်ရှု၊ ဂူယန်နှင့် ဂျီညီအစ်ကိုမှာ၊ နက်နဲ ခေါင်းလောင်းအား မော့ကြည့်ကာ၊ အပြုံးများ ထွက်ပေါ် လာတော့သည်။

ချူးမူယန်နှင့် ချန်စီယုသည်၊ အရာရာ ပြင်ဆင် ထားခဲ့ကြောင်း၊ နားလည် လိုက်၏။ ထို့ကြောင့် ကြောက်ရွံ့ စိတ်ဖြင့် ၎င်းတို့ နှစ်ဦးထံ၊ ပြန်ကြည့် မိသည်။

“ မင်းကြောင့် မရဏ သမီးတော်ရဲ့၊ ငြင်းပယ်မှုကို အစ်ကိုချန်နဲ့ ငါက ခံလိုက်ရ တာပဲ၊ မင်းကိုယ်မင်း အသက်ရှင် နိုင်ဦး မယ်လို့ တကယ် ထင်နေ တာလား ဟမ့်၊ ... ”

“ ... ဒီလျှို့ဝှက် နယ်မြေက မင်းအတွက် ပြင်ဆင် ထားတဲ့ သေတွင်းပဲ၊ အခုတော့ မင်းရဲ့ သတ္တိက မင်းကို ကယ်နိုင်ဦး မလား ကြည့်ရ အောင်။ ”

ချူးမူယန်က အေးစက်စွာ ပြောလိုက်သည်။

“ ငါတို့ရဲ့ စေတနာကို မင်းတန်ဖိုး ထားသင့်တယ်၊ အခုတော့ ငါ့ရှေ့မှာ ဒူးထောက် ရင်တောင်၊ ငါ မင်းကို ခွင့် မလွှတ် နိုင်ဘူး။ ”

အောင်ပွဲမှာ လက်တစ်ကမ်း အလိုတွင် ရောက်ရှိနေ သဖြင့်၊ ချန်စီယုက လင်းယွန်အား နှိမ့်ချစွာ ငုံ့ကြည့် လိုက်သည်။

***

All Chapters