← Chapters

အရှက် မရှိသူ။

Vol. 52 Ch. 720

အရှက် မရှိသူ။

Vol. 52 Ch. 720

တစ်ပိုင်း ကောင်းကင် ဝိညာဉ် ပညာရှင် ဟူသည် နက်နဲ ခေါင်းလောင်း မပါ လျှင်ပင်၊ လင်းယွန် ဖြေရှင်း နိုင်သော လူ မဟုတ်ချေ။

ဤအခြေ အနေ၌ ရုန်းထွက် ဖို့ရန်၊ နည်းလမ်း မရှိသည်မှာ အမှန်ပင်။ ထို့ကြောင့် နှလုံးသား တစ်ခုလုံး အေးစက် တင်းမာ သွား ရသည်။

ယခင် တစ်ပိုင်း ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ တစ်ဦးနှင့် တိုက်ခိုက်ခဲ့ ဖူးသော်လည်း၊ ဤမျှ ဆိုးရွားသော အခြေ အနေ မျိုးဖြင့်၊ တစ်ကြိမ်မျှ မကြုံ ဖူးချေ။

ယခုမူ ချန်စီယုက ထိုကျွမ်းကျင် သူ၏ အကူ အညီဖြင့်၊ ဆုတ်ခွာရာ လမ်းမှန် သမျှကို ပိတ်ချ လိုက်ပြီ ဖြစ်သည်။

ဤလူ များ၏ အရှက် ကင်းမဲ့မှု အပေါ်၊ လျှော့တွက်ထား မိသဖြင့်၊ ဒေါသများ လောင်မြိုက် လာရသည်။

သေမင်း လေလံတွင်၊ ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံးကို ရယူ ချိန်၌ သူ့အား တရား မျှတစွာ တိုက်ခိုက် ကြလိမ့် မည်ဟု ထင်ခဲ့ သည်မှာ၊ ရယ်စရာ ကောင်းပေသည်။

ထိုအမျိုး သမီးမှာ သူမ ဂုဏ်သတင်း အတွက် သတ်လိုသည့် အပြင်၊ လူအများ အမြင် ၌၊ သူ့အား လူပြက် တစ်ယောက် ဖြစ်စေချင်ပုံ ရ၏။

“ အဲဒီ ခွေးမ ... ။ ”

မည်သူ့ကို မဆို၊ ကျိန်ဆဲရန် ခဲယဉ်း သော်လည်း၊ ဤတစ်ကြိမ်တွင် ဒေါသတကြီး ဆဲရေး လိုက်မိသည်။

ဤလမ်းကို ရွေးပြီးနောက် သေခြင်း တရား အတွက် ပြင်ဆင် ထားခဲ့သည်။ သို့သော် အကျိုးမဲ့ သေခြင်း မျိုးကို လက်မခံ နိုင်ချေ။

“ မင်းတို့ ငါ့ကို တရား မျှတစွာ တိုက်ခိုက်ဖို့၊ စိတ်ကူး ရှိလား။ ”

ထို့ကြောင့် အေးစက်စွာ မေးလိုက်၏။ ၎င်းတို့ ခုနှစ်ဦးဖြင့် မျက်နှာချင်းဆိုင် တိုက်ခိုက်၍ သေရ လျှင်ပင်၊ တွန့်ဆုတ် မိမည် မဟုတ်ချေ။

“ ကောင်းကင် တောင်ကုန်း မြို့က ပါရမီရှင် ဆိုတဲ့ ကောင်တွေ၊ မင်းတို့ ငါနဲ့ တိုက်ခိုက်ဖို့ သတ္တိ ရှိလား ... ။ ”

ဒေါသတကြီးဖြင့်၊ နောက်တစ်ကြိမ် ထပ်မေးလိုက် သော်လည်း၊ မည်သူမျှ တုံ့ပြန် လာခြင်း မရှိပေ။

လူပြက် တစ်ယောက်အား မြင်နေရ သကဲ့သို့ လှောင်ပြောင်သော အပြုံးများ ဖြင့်သာ ရပ်ကြည့် နေ ကြသည်။

သူတို့၏ မျက်နှာ အမူ အရာများ အရ၊ လင်းယွန်နှင့် တိုက်ခိုက်ရန် မထိုက်တန်ကြောင်း ရှင်းရှင်း လင်းလင်း ခံစား ရစေသည်။

ထို့ကြောင့် ဓားရည်ရွယ် ချက်အား၊ ဒေါသတကြီး ထုတ်လွှတ် လိုက်စဉ် ဓားသံနှင့် နဂါး ဟောက်သံများ ဆူညံ လာသည်။

ခြေကို မြေပြင်ပေါ် ဆောင့်နင်းလျက် ရိုင်းစိုင်း ကြမ်းကြုတ်သော သားရဲကြီး တစ်ကောင် ကဲ့သို့၊ ရှေ့ကို လှမ်းထိုး လိုက်သည်။

“ ဟိတ် ... ။ ”

သို့သော် ရှေးဟောင်း ဝိညာဉ် ရေးရာ ရူရ် များဖြင့်၊ တည်ဆောက် ထားသော သဏ္ဍာန်မဲ့ အတား အဆီး တစ်ခု၊ ထွက်ပေါ် ဟန့်တား လာသည်။

အရိုး များ၌ အက်ကြောင်းများ နှင့်အတူ၊ ပြင်းပြသော နာကျည်းမှု များကို ခံစားမိ သဖြင့်၊ နဂါးလေး သည်ပင် မျက်ရည်များ စီးကျ မိလေပြီ။

ပါးစပ် ထဲမှ သွေးများ စီးကျ လာပြီး၊ တန်ပြန်မှုကြောင့်၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွားကာ၊ မကြာမီ ငြိမ်သက် သွားလေသည်။

ဤမြင်ကွင်းကို ပါရမီရှင် ခုနစ်ဦး တို့က၊ လှောင်ပြောင်ရိပ် စွန်းသော မျက်ဝန်း များဖြင့် ကြည့်နေ ကြသည်။

သူတို့ အမြင်၌ လင်းယွန်မှာ ဓားကျွန် တစ်ယောက် မျှသာ ဖြစ်ပြီး၊ သူတို့ လက်ဖြင့် သတ်ရန် မထိုက် တန်ချေ။

အဘိုးအိုက လင်းယွန်ကို တစ်ချက် ကြည့်ပြီး၊ နှာခေါင်း ရှုံ့လိုက်သည်။

“ မိုးကြိုး စီရင်စုရဲ့ ချန် မိသားစုက အုပ်စိုးရှင် တစ်ပါးထက် မနိမ့်ကျ ပါဘူး၊ ဒါပေမယ့် ငါ့ကို သတ်ဖို့ မင်းလို အဖိုးကြီး တစ်ယောက် ထုတ်သုံး ရအောင်၊ ချန်မိသားစုက အရှက်မဲ့ လွန်းတယ်။ ”

လင်းယွန် ဟူသည်မှာ အထွတ် အထိပ် ယန်အဆင့် တွင်သာ ရှိသော အသက် (၁၈)နှစ် အရွယ်၊ လူငယ် တစ်ယောက် ဖြစ်သည်။

အခြား တစ်ဖက်တွင် တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ တစ်ဦး ဖြစ်၏။

ဤသတင်း သည်သာ ပျံ့နှံ့သွား ပါက၊ လူရယ်စရာ ဖြစ်လာ ပေလိမ့်မည်။ သို့သော် အဘိုးအို မျက်နှာမှာ၊ အပြောင်း အလဲ တစ်စုံ တစ်ရာ မရှိ ခဲ့ဘဲ၊

“ အထင်လွဲ မနေနဲ့၊ မင်းကို ငါ မသတ် ပါဘူး၊ ဒီခေါင်းလောင်းနဲ့ အနားက ဖြတ်သွား ခဲ့ရုံ လေးပါ။ ”

“ ဘယ်လောက်တောင် အရှက်မဲ့ လိုက်လဲ။ ”

ချန် မိသားစု မည်မျှ အရှက်မဲ့ သည်ကို ယခု မှပင် နားလည် သွားခဲ့သည်။

“ အစ်ကိုချန် သူ့ဆန္ဒ အတိုင်း ဖြည့်ဆည်း ပေးလိုက်ပါ၊ သူ့ကို ရင်ဆိုင် နိုင်တဲ့လူ ကောင်းကင် တောင်ကုန်း မြို့မှာ ရှိတယ် ဆိုတာ ပြရအောင်။ ”

ချူးမူယန်က ချန်စီယု ဘက်လှည့်ကာ ဆိုသည်။ ရေခဲမြူ များဖြင့် ဖုံးလွှမ်း နေသော ချန်စီယုက၊

“ ငါလည်း ဒီလို အတွေးမျိုး ရှိတယ်။ ”

-ဟု ဆိုလျက် လင်းယွန်ထံ တစ်ချက် ကြည့် လိုက်ပြီး၊

“ မင်းရဲ့ ဓားရည်ရွယ် ချက်ကို ငါတို့က ကြောက်နေ တယ်လို့ မထင်နဲ့၊ နန်းဂွန်း ဝမ်းယူလို လူတောင်၊ ထိပ်ဆုံး ဆယ်ယောက် မှာပဲ ရှိတယ်၊ ထိပ်ဆုံး သုံးယောက် မဟုတ်ဘူး၊ ... ”

“ ... ဒါကို မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ နတ်ဆိုး သစ်သီး ပျက်စီးသွား မှာကို ကြောက်နေ လို့သာ၊ မဟုတ်ရင် မင်းကို တစ်ချက် တည်းနဲ့၊ သတ်ပစ် လိုက်ပြီ။ ”

စကားဆုံး သည်နှင့် အထွတ် အထိပ်၊ ယင်ယန် အဆင့် အရှိန်အဝါကို ထုတ်ဖော် လိုက် သည်။

ထိုမြင်ကွင်းကြောင့်၊ ကျန်သူ များမှာ အံ့သြ ကုန်ကြသည်။ ချန်စီယု တစ်ယောက် သန်မာမှန်း၊ သိထားပြီး ဖြစ်သော်လည်း၊ အထွတ် အထိပ် ယင်ယန် အဆင့်သို့၊ ရောက်ရှိ နေလိမ့် မည်ဟု၊ မထင် ထားခဲ့ ကြချေ။

ယင်-ယန် အဆင့်သည် ခရမ်းရောင် နန်းတော် နယ်ပယ်တွင်၊ နောက်ဆုံး နယ်မြေ ဖြစ်ပြီး၊ အဆင့် တစ်ခု စီတွင် ကြီးမားသော ကွာဟချက် ရှိ၏။

၎င်းနယ်ပယ်သို့ ရောက်ရှိ ပြီးနောက် အောင်မြင်မှု တစ်ခု ရယူရန် လွယ်ကူမည် မဟုတ်ချေ။

ဤနယ်ပယ်၌ အဆင့်များ ဖြတ်ကျော် တိုက်ပွဲ ဝင်ရန် အတွက်မူ၊ ပထမ တန်းစား ပါရမီရှင် များသာ တက်နိုင် ချေသည်။

သို့သော် လင်းယွန်မှာ ချွင်းချက် ဖြစ်ပြီး၊ ဓားရည်ရွယ် ချက်ဖြင့်၊ ၎င်းကို ပြုလုပ် နိုင်သည်။ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခုလုံး တွင်ပင်၊ သူ့ထက် သန်မာသော ဓားသမား အများ အပြား မရှိချေ။

သို့သော် ချန်စီယု ကဲ့သို့သော အဆင့် မျိုးဖြင့်၊ ရင်ဆိုင်ရန် မှာမူ၊ ကွာဟချက် ကြီးမား နေဆဲ ဖြစ်သည်။

“ စီယု ... ၊မင်း ဒဏ်ရာရ ထားတာလား။ ”

အဘိုးအိုက မျက်မှောင်ကြုတ်ကာ စစ်ဆေး လိုက်သည်။ ချန်စီယု ဟူသည် မိသားစု ခွဲမှ ဖြစ်သော်လည်း၊ ၎င်း၏ အရည် အချင်း အရ၊ ပင်မ မိသားစု တွင်ပင်၊ ထိပ်ဆုံး သုံးနေရာ၌ ရပ်တည် ထားနိုင်သည်။

သို့မဟုတ် ပါက၊ လင်းယွန်ကို နှိမ်နှင်းရန် အတွက်၊ နက်နဲ ခေါင်းလောင်းအား ချန်စီယု အသုံးပြု ခွင့် ရမည် မဟုတ်ချေ။

“ အဆင်ပြေ ပါတယ်။ ”

ချန်စီယုက ကြောက်မက်ဖွယ် ကောင်းသော အအေး ဓာတ်များ ထုတ်လွှတ်ပြီး၊ ပြုံးလျက် ပြန်ဖြေ လာသည်။

ထိုအငွေ့ အသက်များ အောက်တွင်၊ အဝတ်အစားများ ကျောက်စိမ်းရောင် တောက်ပ လာ၏။

“ နှင်း ... ရည် ရွယ် ချက်။ ”

ဂူယန်နှင့် အခြား လူများ မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။ ချန်စီယုမှာ အထွတ် အထိပ် ယင်-ယန် အဆင့်၌ ရှိနေသည့် အပြင်၊ သိုင်းရည်ရွယ်ချက် ကိုပင် ဆုပ်ကိုင် ထားနိုင်၏။

ကောင်းကင် ဝိညာဉ် နယ်မြေ အောက်တွင်၊ သိုင်း ရည်ရွယ် ချက်ကို နားလည်ရန် ခက်ခဲပြီး၊ ၎င်းအား ဆုပ်ကိုင် ထားသော ချန်စီယုမှာ၊ ပထမ တန်းစား ပါရမီရှင် တစ်ဦး ဖြစ်ထိုက် လေသည်။

ခရမ်းရောင် နန်းတော် နယ်မြေ၌၊ သိုင်းရည်ရွယ်ချက်ကို နိုးကြား စေခဲ့ သဖြင့်၊ သွေးစွန်းသော ဧည့်ခံပွဲတွင် တောက်ပ နေမည်မှာ မလွဲ ဧကန်ပင်။

ဤသို့သော ပါရမီရှင် များကြောင့်၊ ဓား ရည်ရွယ်ချက် ရှိသော်လည်း၊ နန်းဂွန်း ဝမ်းယူမှာ၊ အဆုံးထိ တက်လှမ်းရန် ခက်ခဲ နေခြင်းလည်း၊ ဖြစ်ချေသည်။

အနာဂတ်တွင် ချန်စီယုနောက် အမှီ လိုက်ရ၊ ခက်ခဲသွား တော့မည်ကို လူတိုင်း နားလည်လာ ကြသည်။

ဂူယန်က ပြုံးပြီး၊

“ အစ်ကို ချန်၊ နှင်း ရည်ရွယ်ချက်ကို မင်း တကယ် ဆုပ်ကိုင်ထား နိုင်ပြီပဲ၊ သွေးစွန်းသော ဧည့်ခံပွဲမှာ၊ သေချာပေါက် တောက်ပ နေလိမ့်မယ်။ ”

“ ဟီး ဟီး၊ စောစော ကသာ သိရင် အစ်ကိုချန် အတွက် စိတ်ပူ နေမိမှာ မဟုတ်ဘူး၊ ဒီဓားကျွန်ကို သတ်လိုက်ပါ အစ်ကိုချန်။ ”

“ ဟား ဟား ဟား ... ၊ ဒါဆို အစ်ကို ချန်က ဒီဓားကျွန်ကို သတ်နိုင် ပြီပေါ့။ ”

ချန်စီယုထက် နိမ့်ကျသော အနေ အထားတွင်၊ ရှိနေ ကြသည် ဖြစ်ရာ၊ ယခု အချိန်၌ ပို၍ လေးစား ပြလာ တော့သည်။

နက်နဲ ခေါင်းလောင်းကို ထိန်းချုပ် ထားသော အဖိုးအိုပင် ပို၍ အထင်ကြီး လေးစားလာ ပုံ ရခေျပြီ။

ကန့်သတ် ထားသော အလွှာ အတွင်း၊ လူတစ်ကိုယ် ဝင်စာ၊ အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ် လာကာ၊ ချန်စီယုအား ဝင်ရောက် စေလိုက်၏။

“ မင်းကို သုံးကြိမ် အတွင်း၊ ငါ သတ်မယ်။ ”

ချန်စီယုက သူ၏ နှင်း ရည်ရွယ်ချက်ကို လက်ဖဝါးတွင် စုစည်းလျက်၊ အေးစက်စွာ ဆို လိုက်သည်။

ထိုလက်ဝါးဖြင့် ရင်ဆိုင်ရန် နဂါးဓား အရှိန်အဝါအား ထုတ်လွှတ် လိုက်ပြီး၊ ပန်း သင်္ချိုင်း ဓားကို ဆွဲကိုင် လိုက်သည်။

“ ဟိတ် ... ။ ”

ခြေလှမ်း သုံးလှမ်း လှမ်းပြီးနောက်၊ ကြီးစိုးသော အရိပ် အယောင်များ ပေါက်ကွဲ စေလျက်၊ ချန်စီယု လက်ဝါးအား ခုတ်ပိုင်းချ လိုက်၏။

တစ်ချိန်တည်း မှာပင်၊ ခရမ်းရောင် ပန်း ပွင့်လျက်၊ အရှိန် အဝါများ တိုးကာ၊ ချန်စီယုထံ လုံးလုံး လျားလျား ပြိုကျ သွားတော့သည်။

ထို့နောက် လက်ဖဝါးတွင် အက်ကွဲ ကြောင်းများ ဖြစ်ပေါ်လာ သဖြင့်၊ ချန်စီယု တစ်ယောက် ထိတ်လန့် သွားရ၏။

အရှိန် အဝါ သုံးပြီး ဖိနှိပ် ရာ၌၊ လင်းယွန် အပေါ် ကျရှုံး လိမ့်မည်ဟု၊ မမျှော်လင့် ထား သည်မှာ၊ သဘာဝ ပေပင်။

နောက်ဆုံးတွင် သူ၏ အထွတ် အထိပ် ယင်-ယန် အဆင့် ခွန်အားနှင့်၊ သိုင်းရည်ရွယ်ချက် ကိုပင် ပေါင်းစပ် ထားခဲ့ခြင်း ဖြစ်လေသည်။

နောက်ဆုတ် သွားသော ချန်စီယုထံ၊ လိုက်လံ တိုက်ခိုက်ရန်၊ လင်းယွန်မှ ပြင်လိုက် သည်။

“ ဒေါင် ... ။ ”

သို့သော် လင်းယွန်၏ မူလ စွမ်းအင် စီးဆင်းမှုကို အနှောင့် အယှက် ဖြစ်စေသော ခေါင်းလောင် မြည်သံ၊ ထွက်ပေါ် လာ၏။

ယင်းက သူ့ခန္ဓာ ကိုယ်ကို အနည်းငယ် ယိမ်းထိုး သွားစေ သဖြင့်၊ ချန်စီယု တစ်ယောက် အံ့အားသင့် သွားရသည်။

သို့သော် အဘိုးအိုမှ သူ့ကို ကူညီနေမှန်း နားလည် သွားကာ၊ လင်းယွန် ရင်ဘတ်အား လက်ဖဝါးဖြင့်၊ ချက်ချင်း ရိုက်ချ လိုက်သည်။

လင်းယွန် တစ်ယောက် ပြင်ဆင် နိုင်ခြင်း မရှိခင် မှာပင်၊ နောက်ထပ် လက်ဝါးများ ထပ်မံ ကျရောက် လာသည်။

ယင်းကြောင့် ကန့်သတ် ထားသော အလွှာဖြင့် တိုက်မိပြီး၊ သွေးများ အန်ချလိုက် ရ၏။

“ ဝိုး ... အစ်ကို ချန်က၊ သုံးကြိမ် တည်းနဲ့ ဓားကျွန်ကို တကယ် အနိုင်ယူ ခဲ့တာပဲ။ ”

ဂူယန်နှင့် ကျန်သူ များမှာ အဘိုးအိုမှ၊ ကူညီပေး နေမှန်း သိသော်လည်း၊ မျက်ကွယ်ပြု ထားခဲ့သည်။

“ သုံးကြိမ် ပြည့်ပြီ ... ၊ စီယု ထွက်လာတော့၊ သူ့ကို သေတဲ့ အထိ နှိပ်စက်ဖို့၊ ငါ့ လက်ထဲ ထား ခဲ့လိုက်။ ”

အဘိုးအိုက ကောက်ကျစ် စွာဖြင့် ပြုံးရယ်ကာ၊ ဆိုလိုက် လေသည်။

***

All Chapters