လင်းယွန် သေပြီ။
Vol. 52 Ch. 721
ချန်စီယုက ဂုဏ်ယူ ဝံ့ကြွားသော အကြည့်ဖြင့် နှာခေါင်း ရှုံကာ၊ ‘အမှိုက် ... မင်း ငါ့ရဲ့ လှုပ်ရှားမှု သုံးခုတောင် မခံ နိုင်ဘူး၊ ’ -ဟု ဆိုလိုက်သည်။
စကားဆုံး သည်နှင့်၊ အတား အဆီးကို ဖြတ်၍ ထွက်ခွာ သွားတော့၏။ လင်းယွန်က မလှုပ်ရှား ဝံ့ချေ။
အနည်းငယ် လှုပ်ရှား လိုက်သည်နှင့်၊ အဘိုးအိုမှ သူ့အား နက်နဲ ခေါင်းလောင်းဖြင့်၊ တိုက်ခိုက် လာမည်ကို သိသောကြောင့် ပေပင်။
ဤအခိုက် အတန့်တွင် အရှက်ကင်းမဲ့ခြင်း ဟူသော အဓိပ္ပါယ်ကို အမှန် တကယ် သိလာ ခဲ့သည်။
အံကြိတ်လျက် အဘိုးအိုထံ ပြန်မော့ ကြည့်လိုက်ပြီး၊
“ အဘိုးကြီး၊ မင်း နာမည် ပြောရဲလား ။ ”
-ဟု မေးယူ လိုက်သည်။
အဘိုးအိုက လင်းယွန်၏ အေးစက်သော အကြည့်ကြောင့်၊ ခေတ္တမျှ အံ့အားသင့် သွားကာ၊
“ ဘာလို့ မပြောရဲ ရမှာလဲ၊ မင်းက သေလူ တစ်ယောက် ဖြစ်နေပြီ၊ မသေခင် မင်းဆန္ဒကို ငါ ဖြည့်ဆည်း ပေးမယ်၊ ငါ့ နာမည်က ချန်ဝမ်းယီပဲ။ ”
ပြန်ဖြေ ပြီးသည်နှင့် လက်ဖြင့် တံဆိပ်များ ဖွဲ့စည်းကာ၊ နက်နဲ ခေါင်းလောင်းအား အသက် သွင်းလိုက်သည်။
ခေါင်းလောင်း မျက်နှာပြင် ပေါ်ရှိ ရှေးဟောင်း စာလုံးများ လင်းထိန် လာချိန်တွင်၊ လင်းယွန် စိတ်ဝိညာဉ်မှာ၊ ကွဲအက်တော့ မတက်၊ နာကျင် လာ၏။
အသံလှိုင်း တစ်ခု စီသည်၊ သူ့အား ရိုက်နှက် လာသော တူပေါင်း တစ်ထောင်နှင့် တူ၏။ ကြံ့ခိုင်သော ကိုယ်လုံး ကိုယ်ပေါက် နှင့်ပင်၊ သွေးများ ရွှဲနစ် လာစေသည်။
“ ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်လဲ။ ”
ဂူယန်က ကျေနပ်သော အပြုံးဖြင့် ဆိုလိုက်သည်။
“ ငါတို့ကို အပြစ် မတင်နဲ့၊ မောက်မာ လွန်းတဲ့ မင်းကိုယ် မင်းသာ အပြစ် တင်ပါ၊ တိမ်နဂါး အဆင့် ပါရမီရှင် တွေတောင် ... ”
“ ... ငါတို့ ရှေ့မှာ သတိထား ပြုမူ ရတယ်၊ မင်းလို ဓားကျွန် တစ်ယောက်က၊ ကောင်းကင် တောင်ကုန်း မြို့ အပေါ်၊ ဒီလို မောက်မာရဲ တယ်လား ဟမ့်။ ”
ချင်ရှုက အထင် သေးစွာ ဆိုသည်။ ထိုစကားကြောင့် ချန်စီယုမှ သူ့မေးစေ့အား ဂုဏ်ယူစွာ ပွတ်သပ် လိုက်ပြီး၊
“ ခွေး တစ်ကောင်လို ဒူးထောက် တောင်းပန်ရင် မင်းကို အသက် ရှင်ခွင့် ပေးဖို့၊ ငါစဉ်းစား ပေးမယ်၊ တကယ်တော့ မင်းက ရှန်ရှင်းဓား ဆုပ်ကိုင် ထားနိုင်တဲ့ ပါရမီရှင် တစ်ယောက်ပဲ၊ ငါ့ကျွန် ဖြစ်ဖို့ ထိုက်တန် ပါတယ်။ ”
“ ဒူး ထောက် စမ်း၊ သခင်လေးချန် ပြောတာကို မင်း မကြား ဖူးလား။ ”
“ ဒူးထောက်ပြီး ခွင့်လွှတ်မှုကို တောင်းခံပါ။ ”
ချင်ရှုနှင့် အခြားသော လူများက အော်ဟောက် လာကြသည်။ ခွေအ များလို ဝိုင်းအော် နေသော လူအုပ်ကြောင့်၊ လင်းယွန်မှာ ဒေါသ ထွက်လာ၏။
“ ထွက် သွား စမ်း ... ။ ”
ဆက်လက် ရုန်းကန် အော်ဟစ် နေသော တစ်ဖက် လူကို ကြည့်ပြီး၊ ချန်စီယု၏ အကြည့် များက၊ အေးစက်စွာ တောက်ပ သွား၏။
“ သူ့ကို မြေပြင်ပေါ် ဒူးထောက်အောင် ဆက်လုပ်ပါ၊ ဓားသမား တွေက ဦးညွှတ် ရခြင်းထက်၊ အသက် ကိုသာ စွန့်ကြ တယ်လို့ လူတိုင်းက ပြောကြတယ်၊ ဒါပေမယ့် သူတို့ မှားကြောင်း ငါ သက်သေ ပြမယ်။ ”
“ မစိုးရိမ် ပါနဲ့၊ ဒါက အစပဲ ရှိသေးတယ်။ ”
ရှေးဟောင်း ခေါင်းလောင်း ကြီးကို တစ်လက်မခန့် အောက်သို့ နိမ့်ဆင်းစေ လိုက်ပြီး၊ အဘိုးအိုက ပြန်ဖြေသည်။
တစ်ချိန်တည်း မှာပင်၊ လင်းယွန် နားထဲ ဆူညံ သံများ ပဲ့တင်ထပ် လာ၏။ အဆုံးတွင် ၎င်းကို မထိန်းနိုင် တော့ဘဲ၊ အရေပြားများ ကွဲအက်ကာ၊ သွေးများ ပါးစပ် အပြည့် အန်ချ လိုက်ရသည်။
ဤမြင်ကွင်းကို ချန်စီယုတို့ လူအုပ်မှ၊ ကေျနပ် အားရ စွာဖြင့်၊ စောင့်ကြည့် နေကြ၏။
( ငါ ဒီမှာ မသေ နိုင်ဘူး၊ အရှက် မရှိတဲ့ လူတွေက ငါ့ကို မသတ် နိုင်ဘူး၊ ငါ လင်းယွန် ဒီလိုမျိုး မသေဘူး။ )
ညှဉ်းပန်း နှိပ်စက်ခံ နေရ သောကြောင့်၊ နာကျင်မှုကို တွန်းလှန်လျက် နှလုံးသား ထဲမှ၊ အော်ဟစ် အဖြေ ရှာနေ မိသည်။
( နက်နဲ ခေါင်းလောင်း။ )
ရုတ်တရက် အတွေး တစ်စ ခေါင်းထဲ ထွက်ပေါ် လာ၏။ ရှေးဟောင်း ခေါင်းလောင်းမှ၊ သူ့အား ကန့်သတ် ထားခြင်း ဖြစ်သည်။
လွတ်မြောက်လို ပါက ၎င်းအား ဖျက်ဆီး ပစ်ရ ပေမည်။ ရှေးဟောင်း ခေါင်းလောင်းသည် အသံ လှိုင်း ထုတ်လွှတ် သောကြောင့်၊ အသုံး ချရန်၊ စည်းချက် (ရစ်သမ်) တစ်ခု ရှိနိုင်သည်။
ဤအခိုက် အတန့်တွင် အခြေ အနေကို ကိုင်တွယ် ဖြေရှင်းရန် နည်းလမ်း ရှာတွေ့လိုက် သဖြင့်၊ အနည်းငယ် စိတ် သက်သာရာ ရသွား သည်။
သူ့ကိုယ်သူ ဓားတစ်လက် အဖြစ် ခံယူပြီး၊ ခေါင်းလောင်းအား ပြန်လည် တိုက်ခိုက်ရန် လိုပေ၏။ အတွေး တစ်ချက်ဖြင့် ကြွက်သား များကို၊ တောင့်တင်း စေလိုက်သည်။
နှလုံးခုန်သံ တိုင်းတွင်၊ အရိုးများ ကျိုးကုန်ကာ၊ ဓားမြည်သံ တစ်သံ ထွက်ပေါ် လာ၏။
ထို့နောက်တွင်၊ ဓားရည်ရွယ်ချက်မှ အသံလှိုင်း တစ်ခု တိုးထွက် လာပြီး ရှေးဟောင်း ခေါင်းလောင်းအား ထိုးချ လိုက်သည်။
“ ဒင် ... ။ ”
ခေါင်းလောင်း ပေါ်တွင် အက်ကွဲ ကြောင်းများ ဖြစ်ပေါ်လာ သော်လည်း၊ ဝရုန်း သုန်းကား အခြေအနေ များကြောင့်၊ မည်သူမျှ သတိ မထားမိ လိုက်ချေ။
သူ့ အတွေးမှာ မှန်ကန်ကြောင်း၊ နားလည် လိုက်သည်။ သို့သော် ခေါင်းလောင်းကို ဖျက်ဆီး လိုပါက၊ ရေခဲ ဖီးနစ် အော်သံအား ထုတ်ဖော် ရမည် ဖြစ်သည်။
“ ဒီကောင် ... ။ ”
တစ်ခုခုကို ကြံဆ နေဟန်ဖြင့်၊ ပြန်လည် တည်ငြိမ် သွားသော လင်းယွန်ကို ကြည့်ပြီး၊ ချန်စီယု တစ်ယောက် စိုးထိတ် လာသည်။
“ သူ့ကို သတ်လိုက်တော့ ... ၊ အသက် ရှင်ခွင့် မပေးနဲ့၊ မဟုတ်ရင် အနာဂတ်မှာ ဒုက္ခ ဖြစ်လာ နိုင်တယ်။ ”
ချူးမူယန်မှ အေးစက်သော လေသံဖြင့်၊ ဝင်ရောက် အကြံပြု လိုက်သည်။ ထိုစကားကို ချန်စီယုက ခေါင်းညိတ်လျက်၊
“ ဦးလေး ချန်၊ သူ့ကို သတ်လိုက်တော့ ... ။ ”
-ဟု အမိန့်ပေး လိုက်၏။
“ ကောင်း ပြီ။ ”
အဘိုးအိုက နက်နဲ ခေါင်းလောင်းကို ပို၍ နိမ့်ကျ စေလျက်၊ ပြုံးလိုက် သည်။ သို့သော် ရုတ်တရက် ရှေးဟောင်း ခေါင်းလောင်း ကြီးမှာ၊ စတင် တုန်ခါ လာပြီး အက်ကြောင်းများ ထင်ဟပ် လာတော့သည်။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
ချန်စီယုနှင့် ကျန်လူ များမှာ ကြောက်ရွံ့ တုန်လှုပ် သွား၏။ အဖိုးအို သည်လည်း ချွင်းချက် မရှိချေ။
“ ကစား ပွဲကို လှည့်လို့ ရမယ် ထင်နေလား ဟမ့်၊ သေ လိုက် စမ်း ... ။ ”
နောက်ဆုံးတွင် အဘိုးအိုက လွှတ်ချ လိုက်သဖြင့်၊ နက်နဲ ခေါင်းလောင်းမှာ လင်းယွန် ပေါ်၊ အရှိန်ဖြင့် ပြုတ်ကျ သွားတော့၏။
တောင်ကြီး တစ်လုံး ပြိုကျလာ သကဲ့သို့၊ ရုတ်တရက် ခံစား လိုက်ရသည်။ ခရမ်းရောင် လှိုင်း များဖြင့်၊ ထိမှန် ခံရသော အရာ အားလုံး ဖုန်မှုန့်များ ဖြစ်ကုန်၏။
တစ်ဖက်တွင် လင်းယွန်၏ ခန္ဓာကိုယ် အတွင်းမှ ဓားမြည် သံများ အဆက် မပြတ် ထွက်ပေါ် လာပြီး၊ နဖူးတွင် ချွေးများ သီးထ လာသည်။
သို့သော် အံကြိတ်လျက် ဓားသုတ္တန်ကို ဖြန့်ကျက်ကာ၊ ရှေးဟောင်း ခေါင်းလောင်းအား တွန်းလှန်ရန် ကြိုးစား နေမိ၏။
ခရမ်းရောင် ပန်းအား ပြောင်းပြန် လှည့်လိုက်သည်နှင့်၊ ပွင့်ချပ်များ ထံမှ၊ ငွေရောင် ဓား အလင်းများ ထွက်ပေါ် လာသည်။
ဤသည်မှာ ဓားရည်ရွယ်ချက် ဖြစ်ပြီး၊ ရှေးဟောင်း ခေါင်းလောင်းကို ထိုးခွဲရန် အတွက်၊ ထုတ်လွှတ် လိုက်တော့၏။
တစ်ဖက်တွင် နက်နဲ ခေါင်းလောင်း ကြီးအား ကတိုက်ကရိုက် လွှတ်ချ လိုက်ရ သဖြင့်၊ အဖိုးအို တစ်ယောက် စနိုးစနောက် ဖြစ်သွားသည်။
ခေါင်းလောင်း ကိုယ်ထည်ရှိ ရှေးဟောင်း ရူရ်များ တောက်ပ လာပြီး၊ မီးတောက်လောင် နေသော ဥက္ကာပျံကြီး ကဲ့သို့၊ ကျဆင်း နေသည်။
ရုတ်တရက် အဘိုးအို မျက်နှာမှာ ပြောင်းလဲ သွား၏။ ခေါင်းလောင်းထံ မော့ကြည့် နေသော ချန်စီယုထံ လှစ်ခနဲ ပြေးဝင်ကာ၊ လက်ဆွဲလျက် လွတ်ရာသို့ ပြေးထွက် လိုက်လေသည်။
“ ခေါင်းလောင်း ပေါက်ကွဲ တော့မယ်၊ မြန်မြန် ... ။ ”
သတိ ပေးသံ ထွက်ပေါ် လာစဉ်၊ နက်နဲ ခေါင်းလောင်း ကြီးက၊ အနီရောင် ပြောင်းလဲ သွားပြီး၊ လင်းယွန်ပေါ် ဖုံးအုပ် သွားသည်။
“ ဝုန်း ... ။ ”
သို့သော် မရေ မတွက် နိုင်သော ဓား အလင်း များက၊ နက်နဲ ခေါင်းလောင်းကြီးထံ ထိုးဖောက် ဝင်ရောက် သွား၏။
ချူးမူယန်နှင့် ကျန် လူများမှာ မျက်နှာ တစ်ပြင်လုံး ကြောက်ရွံ့ မှုများဖြင့်၊ ပြည့်နှက် လာလေသည်။
“ ဂီး ... ။ ”
ရုတ်တရက် ဖီးနစ် အော်သံ နှင့်အတူ သန့်ရှင်းသော ဂီတ သံများ ကြားလိုက် ရ၏။
တစ်ချိန်တည်း မှာပင် ရှေးဟောင်း ခေါင်းလောင်း ထံမှ၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ထုတ်လွှတ် လာတော့သည်။
ကန့်သတ် စည်းမှ လွတ်မြောက် လာခဲ့ သော်လည်း၊ စိတ်ဝိညာဉ် ပြိုကွဲ မတက်၊ ကိုက်ခဲ နာကျင်သော ဝေဒနာကို၊ လင်းယွန် တစ်ယောက် ခံစား လိုက်ရ ၏။
ရှေးဟောင်း ခေါင်းလောင်းမှာ ပေါက်ကွဲ တော့မည် ဖြစ်သဖြင့်၊ ထွက်ပြေး ရပေမည်။ သိုသော် မောပန်း နွမ်းနယ် မှုကြောင့်၊ လှုပ်ပင် မလှုပ် နိုင်တော့ချေ။
ဤအခိုက် အတန့်တွင် ကြက်သွေးရောင် အလင်းတန်း တစ်စ ပျံသန်း လာပြီး၊ အတောင် ပံများ ဖြန့်လျက်၊ သူ့အား သိုင်းခြုံ ပစ်သည်။
“ မ လုပ် နဲ့ ... ။ ”
စိတ်ပျက် အားငယ် စွာဖြင့် အော်ဟစ် လိုက်ပြီး၊ လင်းယွန်၏ မျက်နှာမှာ ဖြူဖျော့ သွား ခဲ့သည်။
သည့်နောက် နက်နဲ ခေါင်းလောင်းက၊ နေမင်းကြီး ကဲ့သို့ တောက်ပ လာကာ၊ ပေါက်ကွဲ သွားပြီး၊ အကန့် အသတ်မဲ့ စွမ်းအင်များ လှိုင်းများ ပျံ့နှံ့ လာသည်။
ဤပေါက်ကွဲ မှုကြောင့် မြေပြင် အနှံ့ တုန်ခါ သွားကာ၊ မိုင် တစ်ရာခန့် ကျယ်သော ချိုင့်ဝှမ်း တစ်ခု ဖြစ်ပေါ် လာ၏။
ချိုင့်ဝှမ်း အတွင်း၌ အဝတ် အစားများ စုတ်ပြဲလျက် တလှုပ်လှုပ်ဖြင့်၊ လင်းယွန် တစ်ယောက် ပြန် ထရပ် လာသည်။
သူ့မျက်နှာ တစ်ပြင်လုံး မည်းမှောင် နေပြီး၊ စိုးရိမ် စိတ်ဖြင့် ပတ်ဝန်း ကျင်အား လှည့်ပတ် ကြည့် လိုက်၏။
ခြေကျိုး လက်ကျိုးများ ကိုသာ မြင်လိုက်ရ သောကြောင့်၊ အမြင် အာရုံများ မူးဝေ မှုန်ဝါး သွား တော့သည်။
“ ဒုတ်ဒုတ် ... ဒုတ် ဒုတ် ။ ”
သို့သော် နှလုံးခုန်သံ များကို ကြားလိုက်ရ သဖြင့် ပြန်လှည့် ကြည့်လိုက်ရာ၊ မြေပြင်တွင် ငြိမ်သက် နေသော ပိုးအိမ် တစ်လုံးအား၊ တွေ့လိုက် ရသည်။
“ န ဂါး လေး ”
ကြက်သွေးရောင် ပိုးအိမ်ကို ကောက်ယူ လိုက်ပြီး၊ ချိုင့်ဝှမ်း အတွင်းမှ လျင်မြန်စွာ ပြေး ထွက်သွား လိုက်မိ သည်။
ပေါက်ကွဲမှုမှ ပျံနှံ့ သွားသော လှိုင်း များက၊ ချင်ရှုနှင့် ကျန်သူ များကို လွင့်စင် သွားစေ၏။
ခက်ခက် ခဲခဲ မတ်တပ် ထရပ် ပြီးနောက်၊ ပတ်ဝန်းကျင်ထံ အံ့အားသင့် စွာဖြင့် ကြည့်လာ မိကြသည်။
စိမ်းလန်း တက်ကြွ နေသော တောအုပ် ကြီးမှာ၊ မီးလောင် တစ်စပြင် အဖြစ်၊ ခဏတွင်း ပြောင်းလဲ သွား၏။
မျက်မြင် ကိုယ်တွေ့သာ မဟုတ် ပါက၊ ဤနေရာ၌ တောအုပ်ကြီး တစ်ခု ရှိခဲ့ကြောင်း၊ ယုံမိမည် မဟုတ်ချေ။
စကား တစ်ခွန်းမျှ မဆို ကြဘဲ၊ ပေါက်ကွဲမှု ဗဟို ဆီသို့ ဦးတည် သွားနေသော ချန်စီယုအား သတိထား မိလာသည်။
ထို့ကြောင့် ချင်ရှုနှင့် ကျန်သူ များက၊ သူ့နောက်သို့ စိတ်လှုပ်ရှား စွာဖြင့် လိုက်ပါလာ ကြပြီး၊ ချိုင့်ဝှမ်းထဲ ငုံ့ကြည့် လိုက်ကြသည်။
ချိုင့်ဝှမ်း ထဲ၌ ကျိုးနေသော ခြေလက် များကို၊ တွေ့လိုက် ရသဖြင့်၊ မျက်နှာများ ပြောင်းလဲ သွားသည်။
“ ဒါက နဂါးသွေး မြင်းရဲ့ အစိတ် အပိုင်းတွေ မဟုတ်လား … ။ ”
“ လင်းယွန် အလောင်းကို မတွေ့ရ သေးဘူး။ ”
“ ကြည့်ရတာ ပေါက်ကွဲ မှုကြောင့်၊ ခြေစ လက်စတောင် မကျန်ဖူး ထင်တယ်၊ ဒါပေမယ့် သူရဲ့ သိုလှောင်အိတ် ပျောက်သွားတာ နှမျော စရာပဲ၊ အဲ့ဒီ ထဲမှာ နတ်ဆိုး သစ်သီးနဲ့ အလင်း အမှောင် ကျောက်တုံး ရှိတယ်။ ”
အားလုံးက အချင်းချင်း ဆွေးနွေးလျက်၊ လင်းယွန်၏ သိုလှောင်အိတ် အပေါ်၊ ‘နှမြော တသ’ ဖြစ်နေ ကြသည်။
“ သခင်လေး ... ရှာ မနေနဲ၊ နက်နဲ ခေါင်းလောင်း ပေါက်ကွဲ တာကို၊ ဒီအဖိုးကြီး အင်အား နဲ့တောင် မခံ နိုင်ဘူး။ ”
အဖိုးအိုက ပျက်ယွင်းသော မျက်နှာဖြင့် ဝင်ပြော လိုက်သည်။ ဓားကျွန် တစ်ယောက် ကြောင့် ပျက်စီးသွား ရသည့်၊ ခေါင်းကြီးအား နှမျော နေမိ၏။
ချိုင့်ဝှမ်း အတွင်း လှည့်ပတ် ကြည့်ကာ၊ ချန်စီယုမှ ‘လင်းယွန် သေပြီ’ ဟု ကြေငြာ လိုက် လေသည်။
ချင်ရှု၊ ဂူယန်နှင့် အခြားသော သူများက အကြည့်ချင်း ဖလှယ် မိပြီး၊ ခဏ အကြာ၌၊
“ မှန်တယ်၊ ညီအစ်ကို ချန်က သူ့ကို သုံးကြိမ် အတွင်း သတ်လိုက်တယ်၊ တကယ်ပဲ ကောင်းကင် တောင်ကုန်း မြို့ရဲ့ ပထမ နေရာကို ရဖို့ ထိုက်တန် ပါပေတယ်။ ”
-ဟု ဆိုလိုက် ကြ၏။
သို့သော် ချန်စီယုက ချူးမူယန်ထံ ပြန်လှည့် ကြည့်လိုက်သည်။ အချိန် အတော်ကြာ တိတ်ဆိတ် သွားပြီးနောက်၊ ချူးမူယန်မှ ပြုံးလျက်၊
“ အစ်ကို ချန်က သုံးကြိမ် ထဲနဲ့၊ ဓားကျွန် အပေါ် အနိုင်ယူ ခဲ့တာကို၊ ငါတို့ အားလုံး တွေ့ခဲ့ ရတာပဲ မဟုတ်လား။ ”
-ဟု ဆိုလိုက် လေသည်။
ထိုမှသာ ချန်စီယုက ကျေနပ်စွာ ခေါင်းညိတ် လိုက်ပြီး၊ အဝေးကို ငေးလျက် ပြုံးကာ ဆိုလိုက် တော့သည်။
“ မင်းရဲ့ အကူအညီ မပါဘဲ၊ ငါ မလုပ်နိုင် ပါဘူး၊ ကောင်းကင် တောင်ကုန်း မြို့ရဲ့ ဂုဏ်ကို ငါတို့ စောင့်ထိန်း နိုင်ပြီ၊ နောက်ဆုံးတော့ သူမက ငါ့တို့ကို မငြင်း နိုင်တော့ ပါဘူး။ ”
***