← Chapters

အောင်မြင်မှု။

Vol. 52 Ch. 722

အောင်မြင်မှု။

Vol. 52 Ch. 722

လင်းယွန် အသတ် ခံရသည့် သတင်းမှာ၊ ကောင်းကင် တောင်ကုန်း မြို့တစ်ခွင် ပျံ့နှံ့ သွားသည်။

ဥက္ကာခဲ တစ်လုံး ရေကန်ထဲ ပြုတ်ကျ သွားသကဲ့သို့၊ ရိုက်ခတ်မှု လှိုင်းမှာ၊ ကြီးမား လှချေ၏။

လူတိုင်းက လင်းယွန် နာမည်ကို သိထား ကြပြီး၊ သူ့ ဂုဏ် သတင်းမှာ ပါရမီရှင် ခုနစ်ပါး နီးပါး ကြီးမား ပေသည်။

သေမင်း လေလံပွဲမှ စကာ၊ ကောင်းကင် တောင်ကုန်း မြို့၏ ထူးချွန်သူ များကို အနိုင်ယူ ခဲ့ပြီး၊ အလယ် အလတ် ယင်-ယန် အဆင့် ကျွမ်းကျင်သူ ကိုပင် သတ်နိုင် ခဲ့သည်။

သို့သော် လျှို့ဝှက် နယ်မြေသို့၊ လင်းယွန် လာရဲ လိမ့်မည်ဟု၊ မထင်ထား ကြချေ။ လူတိုင်း ရှေ့တွင် အတွင်း အဆင့် ပါရမီရှင် ရှောင်တျဲဟီနှင့် ၊ ကောင်းကင် တိမ်လွှာ ဂိုဏ်းမှ လုတောင်း တို့အား သတ်ပစ် လိုက်၏။

ထို့နောက် လျှို့ဝှက် နယ်မြေတွင်၊ အူယန်ဟောင်ကို အနိုင် ယူပြီး၊ ခွေးတစ်ကောင် ကဲ့သို့၊ ထွက်ပြေး စေခဲ့သည်။

အဆုံးတွင် နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး ပြိုင်ပွဲ၌၊ ပါရမီ ရှင်များ အထက်တွင် ရပ်လျက်၊ အုပ်စိုးသွား ခဲ့သည်။

သို့သော် ချန်စီယုအား ရှုံးနိမ့်ကာ၊ သေပွဲ ဝင်ခဲ့ရသည်။ ထိုနေ့တွင် ပါဝင်ခဲ့ သူများ အဆိုရ၊ ချန်စီယုမှ သုံးကြိမ် အတွင်း အနိုင်ယူ နိုင်ခဲ့ သည်ဟု ဆို၏။

ကံမကောင်း စွာဖြင့်၊ လင်းယွန်မှာ ဒူးထောက် တောင်းပန်ခြင်း မရှိ သောကြောင့်၊ ချန်စီယုမှ သတ်ပစ် ခဲ့ခြင်း ဖြစ်သည်။

မျိုးနွယ်စု အသီးသီးနှင့်၊ ကောင်းကင် တိမ်လွှာ ဂိုဏ်း၏ တပည့် များမှ၊ ချဲ့ကားမှုများ အောက်တွင် ချန်စီယု တစ်ယောက် သူရဲကောင်း သဖွယ်၊ ဂုဏ် သတင်း ကြီးထွား လာတော့ သည်။

လင်းယွန်မှာ မောက်မာ လွန်းပြီး၊ ကောင်းကင် တောင်ကုန်း မြို့၏ ထူးချွန် ထက်မြက် သူများကို ဂရု မစိုက် ခဲ့ချေ။

အဆုံးတွင် အထွတ်အထိပ် ယင်-ယန် အဆင့် ခွန်အားနှင့်၊ နှင်းရည်ရွယ် ချက်ကို ဆုပ်ကိုင် ထားသော ချန်စီယုအား ရှုံးနိမ့် သွားသည်။

ယင်းကြောင့် လင်းယွန် သေဆုံးခြင်း အပေါ်၊ အောင်ပွဲခံ လိုက်ကြ၏။ တစ်ညတွင် ချန်စီယု၊ ချူးမူယန် တို့အား၊ ချင်ရို့ယူက အလင်း အမှောင် လမင်း ကမ္ဘာမှ အမာခံ တပည့်များ နှင့်အတူ၊ လက်ခံ တွေ့ဆုံ ခဲ့သည်။

ဤသည်မှာ လင်းယွန်ကို သုံးကြိမ် အတွင်း၊ သတ်ပစ် နိုင်ခဲ့သည် ဟူသော ကောလာ ဟလ များကို၊ ပို၍ပင် လေးနက် လာစေ၏။

တစ်ချိန်တည်း မှာပင် လင်းယွန်အား သတ်ရန်၊ ချန် မိသားစု၏ နက်နဲ ခေါင်းလောင်း နှင့်အတူ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ တစ်ဦး၊ ခေါ်ဆောင် ခဲ့ကြောင်း သတင်းထွက် လာသည်။

အဆုံးတွင် ရှေးဟောင်း ခေါင်းလောင်းကြီး ပေါက်ကွဲကာ ကြောက်မက်ဖွယ် ကောင်းသော ပျက်စီး မှုများ ဖြစ်ပေါ် ခဲ့၏။

ဤသည်ကို လျှို့ဝှက် နယ်မြေမှ၊ ထွက်လာသူ အများ အပြားက၊ မြင်တွေ့ ခဲ့ရပြီး၊ မျက်မြင် အဖြစ် သက်ခံ နိုင်သည်ဟု ဆိုသည်။

သို့သော် ချန် မိသားစု အကြီးအကဲ များက၊ နက်နဲ ခေါင်းလောင်းကို ငှားယူမိ သည်မှာ သူတို့ အမှား ဖြစ်ပြီး၊ ပေါက်ကွဲမှုသည် လင်းယွန်မှ သူကိုယ်သူ သက်သေရန် ဖောက်ခွဲ လိုက်ခြင်း ကြောင့် ဖြစ်သည်ဟု၊ တုန့်ပြန် လာ၏။

ချန်စီယုထံ လှုပ်ရှားမှု သုံးကြိမ် အတွင်း ရှုံးနိမ့် ခဲ့လေရာ၊ လင်းယွန်မှ အရှက် တရားဖြင့်၊ ဤအမှုကို ပြုလုပ် ခဲ့ကြောင်း ဆိုသည်။

များမကြာခင် သက်သေခံ ဝံ့သည် ဟူသော သတင်း ဖြန့်သူများကို ချန် မိသားစုက လိုက်လံ သတ်ဖြတ်ပစ် တော့သည်။

မည်သို့ပင် ဆိုစေကာမူ၊ ကောင်းကင် တောင်ကုန်း မြို့ရှိ ထက်မြက်သူ များမှာ၊ ချန်စီယုမှ လင်းယွန်အား လှုပ်ရှားမှု သုံးကြိမ် ဖြင့်၊ အနိုင်ယူ ခဲ့သည် ဟူသော သတင်းကို၊ မယုံကြချေ။

တဖြည်းဖြည်းဖြင့် ဇာတ်လမ်းမှာ ပြောင်းလဲ လာပြန်သည်။ လင်းယွန် အသက်အား ချမ်းသာ ပေးခဲ့ သော်လည်း၊ ၎င်းမှ ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံးကို ပေးအပ်ရန်၊ ငြင်းဆန် ခဲ့သည်။

နောက်ဆုံးတွင် လင်းယွန်အား၊ သနားစရာ သတ္တဝါ တစ်ကောင် အဖြစ် သတ်သေရန် ဖိအား ပေးလိုက်ခြင်း၊ ဖြစ်သည်ဟု ဆို၏။

ကောင်းကင် တောင်ကုန်းမြို့ ဟူသည်၊ ဓားကျွန် တစ်ယောက်၊ လာရှုပ် နိုင်သော နေရာ တစ်ခု မဟုတ်ကြောင်း၊ ပြောဆို လာကြသည်။

သုံးရက် အကြာ၌ တောင်တန်းကြီး တစ်နေရာတွင်၊ မိုးပြာရောင် ဝတ်ရုံကို ဝတ်ဆင် ထားသော လူငယ် တစ်ဦး၊ ငြိမ်သက်စွာ ထိုင်နေ သည်။

သူ့ မျက်လုံး များမှ၊ အကန့် အသတ်မဲ့ အမုန်းတရားများ ဖြာထွက် နေသော်လည်း တည်ငြိမ်သော အကြည့် များကို ဆက်လက် ထိန်းထား နိုင်ဆဲ ဖြစ်သည်။

သူ့ ဘေးတွင် နဂါးဥကြီး တစ်လုံးနှင့် တူသော၊ ကြက်သွေးရောင် ပိုးအိမ် တစ်လုံး ရှိ၏။

လွန်ခဲ့သည့် သုံးရက် လုံးလုံး၊ ဤနေရာ၌ ငြိမ်သက်စွာ ထိုင်နေ ခဲ့ပြီး၊ ဖြစ်ပျက် သမျှသော မြင်ကွင်း များကို၊ စိတ်ထဲ အထပ်ထပ် ပုံဖော် နေမိသည်။

အရှက်ကင်း မဲ့သော မျက်နှာ များက၊ လင်းယွန် ခေါင်းထဲသို့ ဝင်ရောက် လာသဖြင့်၊ အေးစက် တင်းမာ လာတော့၏။

ထိုအေးစက်သော မျက်ဝန်း များဖြင့်၊ ကြက်သွေးရောင် ပိုးအိမ်ထံ လှည့်ကြည့်ပြီး၊

“ အဲဒီ အတွက် စိတ်မပူ ပါနဲ့၊ မင်းအစား ငါ လက်စား ချေပေးမယ်။ ”

-ဟု ပြတ်သားစွာ ကတိပေး မိသည်။

ဒေါသနှင့် အမုန်း တရားများ ငြိမ်သက်သွား စေရန် အတွက်၊ လွန်ခဲ့သည့် သုံးရက် လုံးလုံး ဤနေရာ၌ ထိုင်နေ ခဲ့ခြင်း ဖြစ်၏။

ဒေါသနှင့် မုန်းတီးမှုမှာ သူ့ကို မကူညီ နိုင်ချေ။ သုံးရက်ကြာ ပြီးနောက် တွင်ပင် ဒေါသ အပေါ်၊ ထိန်းချုပ် နိုင်ခြင်း မရှိသေး သည်မှာ၊ စိတ်ပျက် စရာ ပေပင်။

“ အောင်မြင်မှု တစ်ခု၊ အရင်ယူ ရအောင်၊ မဟုတ်ရင် သူတို့ လွတ်မြောက် သွားနိုင်တယ်။ ”

မည်းမှောင် နေသော မျက်နှာဖြင့်၊ ရေရွတ် လိုက်သည်။ လက်ရှိ ခွန်အား အရ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကျွမ်းကျင်သူ တစ်ယောက်အား ထိပ်တိုက် ရင်ဆိုင်ရန်၊ နည်းလမ်း မရှိချေ။

ယင်-ယန် အဆင့်သို့ တက်ရောက် နိုင်သည်နှင့်၊ ၎င်းကို လုပ်နိုင် မည်ဟု ထင်သည်။

ထိုအချိန်တွင်၊ သူ၏ သိုင်း ဝိညာဉ်များ ဖြစ်သည့်၊ အသူရာ နဂါးနှင့် ချွမ်းချီ ကျား တို့မှ ပင်ကိုယ် စွမ်းရည်များ နိုးကြား လာမည် ဖြစ်သည်။

သခင့်ဓား၊ နတ်ဘုရား ပုံရိပ်ယောင်ဓား၊ မဟာ လေဟုန်ကျမ်း၊ မိုးပြာ နဂါး မူလ ပုံစံ နှင့်၊ ဆည်ဆာ အလင်းဓား တို့မှာ၊ ပိတ်ဆို့ သွားပြီ ဖြစ်သည်။

ထို့ကြောင့် အောင်မြင်မှု တစ်ခု ရရှိရန် လိုအပ်လာ သဖြင့်၊ သိုလှောင်အိတ်ကို ပုတ်ကာ၊ အင်ပါရီယန် ကြယ်ပုလဲ နှစ်လုံးအား၊ ထုတ်ယူ လိုက်၏။

ပုလဲ များတွင် သိပ်သည်းသော ကြည်စွမ်းအင်များ ပါရှိပြီး၊ ကြောက်မက်ဖွယ် အရှိန် အဝါကို၊ ထုတ်လွှတ် လာခေျသည်။

အတွေး တစ်ချက် ဖြင့့်ပင်၊ တင်ပျဉ်ခွေ ထိုင်နေသော တင်ပါးအောက် ဆီ၌၊ ခရမ်းရောင် ပန်း တစ်ပွင့်အား၊ ထွက်ပေါ် လာစေ၏။

ကြယ်ပုလဲ ဆီမှ အကန့် အသတ် မရှိသော ကြယ် စွမ်းအင်များ ခန္ဓာ ကိုယ်ထဲ၊ စတင် စီးဝင် လာသည်။

အခြားသူ တစ်ဦးသာ ဖြစ်ပါက၊ ဤပမာဏသည်၊ အထွတ်အထိပ် ယန် အဆင့်ဖြင့်၊ အောင်မြင်မှု တစ်ခု ပြုလုပ်ရန်၊ လုံလောက်မည် ဖြစ်သည်။

လင်းယွန် မှာမူ ထိုသို့ မဟုတ်ချေ။ အခြေခံ အုတ်မြစ်မှာ ခိုင်ခံ့ လွန်းပြီး ယန်အဆင့် ဖြင့်ပင်၊ ယင်-ယန် အဆင့်အား၊ တိုက်ခိုက် နိုင်သည်။

ဓားသုတ္တန်မှ ထုတ်ပေးသော မူလ စွမ်းအင်သည်၊ ပါရမီရှင် ခုနစ်ပါးမှ ယှဉ်နိုင်သည့် အရာ မဟုတ်ချေ။ မည်သူထက် မဆို သာလွန် လေပြီ။

ထို့ကြောင့် အောင်မြင်မှု တစ်ခု ရယူရန်၊ သူ့ အတွက် အလွန် ခက်ခဲခြင်း ဖြစ်၏။ မဆင် မခြင် လုပ်ခဲ့သော်၊ မအောင်မြင် ပါက၊ နောက်ဆက်တွဲ ဆိုးကျိုးမှာ၊ ကြောက်စရာ ကောင်းပေမည်။

သို့သော် ကြယ်ပုလဲ နှစ်လုံးနှင့်၊ နတ်ဆိုး အသွင်း ပြောင်းခြင်း သစ်သီး နှစ်လုံးကို သုံးကာ၊ စမ်းကြည့်ရန် ဆုံးဖြတ် လိုက်မိသည်။

နှလုံးသား ထဲရှိ လောင်ကျွမ်း နေသော ဒေါသကြောင့်၊ စွန့်စားရန် မှတပါး အခြားရွေး စရာ မရှိပေ။

ခန္ဓာကိုယ် ထဲသို့ အကန့် အသတ်မဲ့ ကြယ်စွမ်းအင်များ စီးဆင်းလာ သည်နှင့် အမျှ၊ သွေးကြောများ ပူထူလာ သည်ကို ခံစား လိုက်ရ သည်။

အပူ ဒဏ်ကြောင့် မြေပြင် တစ်ခုလုံး၊ ချက်ချင်း နီရဲလာပြီး၊ အနီး ဝန်းကျင်မှ ရေကန်ရှိ ရေများပင်၊ အငွေ့ပျံ လာ၏။

လူ တကာထက် အဆပေါင်း များစွာ စုပ်ယူနေစဉ်၊ ရေကန်မှာ တစ်ကန်လုံး အငွေ့ပျံ ပေျာက်ကွယ် သွားသည်။

မီးဖိုကြီး တစ်လုံး ကဲ့သို့၊ ခန္ဓာကိုယ် ရဲရဲနီ လာသော်လည်း၊ ၎င်းအား မျှော်လင့် ထားပြီးမို့၊ ထိတ်လန့်ခြင်း မရှိခေျ။

ကြယ်ပုလဲ နှစ်လုံးကို တပြိုင် နက်တည်း သန့်စင် ပြီးနောက်၊ ဤသို့ မကြုံရ မှသာလျှင်၊ ထူးဆန်း နေပေမည်။

အပူ ရှိန်မှာ ဆက်လက် တိုးမြင့်လာ သဖြင့်၊ နဂါး ရူရ်များ ထံမှ တောက်ပသော အလင်းများ၊ ထုတ်လွှတ် လာတော့သည်။

နဂါး တိုက်ပွဲဝင် ခန္ဓာကိုယ်။ ၎င်းသာ မရှိ ပါက၊ ကြယ်ပုလဲ နှစ်လုံးကို တပြိုင် နက်တည်း သန့်စင်ရန်၊ သတ္တိ ရှိမည် မဟုတ်ချေ။

ကြယ်ပုလဲ ဟူသည် ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကျွမ်းကျင်သူ တစ်ဦးပင် ဂရုတစိုက် သန့်စင် သင့်သော၊ ရတနာ တစ်ပါး ဖြစ်၏။

ဤသည်ကို ယင်-ယန် အဆင့်သို့ တက်လှမ်းရန်၊ လင်းယွန်မှ အသုံးပြု နေခြင်း ဖြစ်သည်။ ထို့ကြောင့် မည်မျှ ကြောက်စရာ ကောင်းမည်ကို၊ တွေးကြည့် နိုင်၏။

အချိန်ကြာ လာသည်နှင့် အမျှ၊ ခန္ဓာ ကိုယ်ထဲသို့ စီးဝင် လာသော စွမ်းအင် များက၊ ခရမ်းရောင် နန်းတော်၌ မတူညီသော မူလ စွမ်းအင် အဖြစ်သို့၊ ခွဲထွက် သွားသည်။

ထို့နောက်တွင် တောက်ပသော ဓားရောင်ခြည် တစ်စင်း ထွက်ပေါ် လာကာ၊ ခန္ဓာ ကိုယ်အား သိုင်းခြုံ လိုက်၏။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ နှစ်ရက် ကုန်ဆုံး သွားခဲ့သည်။ ကြယ်ပုလဲ၏ စွမ်းအင် အောက်တွင်၊ ယင်နှင့် ယန်မှာ သန့်စင် သွားပြီး၊ ပြန်လည် ပေါင်းစည်း လာ၏။

ဤအရှိန်ကို ကြည့်ကာ၊ ပြီးဆုံးရန် မည်မျှ ကြာမည်အား မခန့်မှန်း နိုင်ချေ။ အချိန်ကြာကြာ စောင့်ဆိုင်း ရမည် ဟုသာ၊ ပြောနိုင်သည်။

ထို့ကြောင့် ယင်-ယန် အဆင့်သို့၊ မြန်မြန် တက်ရောက် နိုင်ရန်၊ နတ်ဆိုး သစ်သီး များကို အသုံးပြု ရ ပေတော့မည်။

***

All Chapters