အသူရာ နဂါး မျက်ဝန်း၊ ချွမ်းချီ ကျား၏ ခွန်အား။
Vol. 52 Ch. 723
နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး သုံးလုံးတွင်၊ အလင်း ကိုးသွယ် ပါသော သစ်သီးမှာ၊ အရည် အသွေး အကောင်းဆုံး ဖြစ်သည်။
ယင်းကို နဂါးလေး အတွက် ချန်ပြီး၊ ကျန်သစ်သီး နှစ်လုံးအား အသုံးပြုရန် ပြင်လိုက် သည်။
နက်နဲ ခေါင်းလောင်း ပေါက်ကွဲ တော့မည့် အချိန်၌၊ နဂါးလေးမှ သူ့အား အသက် ပေးကာ၊ ကယ်တင် ခဲ့သည်။
ထို့ကြောင့် နိုးထ လာသော အခါတွင်၊ တန်ဖိုးအရှိဆုံး ရတနာဖြင့် ဂုဏ်ပြုရန်၊ ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။
တစ်ဖက်တွင် နတ်ဆိုး အသွင် ပြောင်းခြင်း၊ သစ်သီး နှစ်လုံးဖြင့်၊ အောင်မြင်မှု တစ်ခု ရယူ နိုင်မည် ဟုလည်း၊ ယုံကြည် ထားသည်။
သို့သော် အလျင် လိုခြင်း မရှိချေ။ မူလ စွမ်းအင် နှစ်ခုကို ပေါင်းစပ်ရန် အတွက်၊ စဉ်ဆက် မပြတ် သန့်စင်ရန် လိုပေ သေးသည်။
ပေါင်းစပ်ခြင်း ပြီးဆုံး ပါက၊ ယင်-ယန် အဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။ ခိုင်မာသော အခြေခံ အုတ်မြစ်ကြောင့် ပေါင်းစပ်မှု အရှိန်မှာ၊ များစွာ နှေးကွေး ပေသည်။
ပေါင်းစပ် နေသော မူလ စွမ်းအင် ပေါ်တွင် ခရမ်းရောင် ပန်း တစ်ပွင့် ရှိသည်။ ကြောက်စရာ ကောင်းသော စွမ်းအင်များ ပေါက်ကွဲ ခါနီးတိုင်း၊ အတက် အကျ လှိုင်းကို ဖိနှိပ်ရန်၊ ၎င်းမှ ကြိုးစား ပေးပေသည်။
ထိုပေါင်းစပ်မှု များ၏ အနောက်ဘက် အမှောင်ထု ထဲတွင် သူ၏ သိုင်းဝိညာဉ် နှစ်ခု ဖြစ်သော ချွမ်းချီ ကျားနှင့် အသူရာ နဂါး ရှိသည်။
ကြယ်ပုလဲ စွမ်းအင် များကို စုပ်ယူ ပြီးနောက်၊ နှစ်ဦး စလုံးအား အလင်း ကိုးသွယ် ပါသော စက်ဝန်း ကိုးခုဖြင့်၊ သိုင်းခြုံ ထားသည်။
ပါရမီရှင် များသည် ယင်-ယန် အဆင့်သို့ မဝင် ရောက်မီ၊ ၎င်းတို့၏ သိုင်းဝိဉာဉ် များအား၊ အဋ္ဌမတန်း နက်နဲ အဆင့်သို့ မြှင့်တင်သွား ကြသည်။
လင်းယွန် မှာမူ ၎င်းဖြင့်၊ မကျေ နပ်ချေ။ သူ့သိုင်းဝိညာဉ် နှစ်ခုကို၊ မြေကြီး အဆင့်ထိ မြှင့်တင် လိုသည်။
ကြယ်ပုလဲ များမှာ ကောင်းကင် ဝိညာဉ် နယ်မြေ အတွက်ပင် အကျိုး ရှိသည် ဖြစ်ရာ၊ ထိုအဆင့်သို့ ရောက်ရှိ မည်ဟု ထင်သည်။
၎င်းတို့ အနက် ကြယ်ပုလဲ တစ်လုံးမှာ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏၊ ရှေးဟောင်း အင်ပါရီယန် ထံမှ ဖြစ်သည်။
ထို့ကြောင့် သိုင်းဝိညာဉ် များကို မြေကြီး အဆင့်သို့ တွန်းပို့ရန် လုံလောက် သင့်ပေသည်။
အလင်း ကိုးသွယ်ဖြင့်၊ ပိုးအိမ် များလို ထုပ်ပိုးထားသော သိုင်းဝိညာဉ် များထံ တစ်ချက် ကြည့်ကာ၊ ပြန်ဆုတ် လာခဲ့သည်။
ဤသည်မှာ သိုင်းဝိညာဉ်များ အောင်မြင်မှု တစ်ခု ပြုလုပ် တော့မည့် လက္ခဏာ ဖြစ်၏။
များ မကြာခင် ဟောက်သံ နှစ်သံ ပဲ့တင်ထပ် လာပြီး၊ ကြောက်မက်ဖွယ် ဖိအား တစ်ခု ထွက်ပေါ် လာသည်။
တစ်ချိန်တည်း မှာပင် အသူရာ နဂါးနှင့် ချွမ်းချီ ကျားသည်၊ နှစ်ဆယ့်တစ် မီတာ အထိ ကြီးထွား လာ၏။
“ မြေကြီ အဆင့်၊ သိုင်းဝိညာဉ်ရဲ့ စွမ်းအားလား။ ”
ယေဘုယျ အားဖြင့် သိုင်းဝိညာဉ် များကို၊ သားရဲ သိုင်းဝိညာဉ်၊ လက်နက် သိုင်းဝိညာဉ်နှင့် ဒြပ်သဘာဝ သိုင်းဝိညာဉ် အဖြစ်၊ အမျိုး အစား သုံးမျိုး ခွဲခြား ထားသည်။
ထို့အပြင် လရောင်ခြည် သို့မဟုတ် တောက်ပသော နေမင်း ရောင်ခြည် များကဲ့သို့ သဘာဝ ဖြစ်စဉ် များကို ဆင့်ခေါ် နိုင်သည့် ရှားပါး သိုင်းဝိညာဉ် များလည်း ရှိ၏။
အမှိုက် သိုင်းဝိညာဉ်ရှိ သူ များမှာ၊ ညံ့ဖျင်းသော ကိုယ်ရည် ကိုယ်သွေးမျိုး ပိုင်ဆိုင် ထားပြီး၊ ကျင့်ကြံခြင်း ခရီး၌ ပြတ်ကျန် ခဲ့မည် ဖြစ်သည်။
သိုင်းဝိညာဉ် များမှာ ပိုင်ရှင် များထံ၊ အမျိုးမျိုးသော စွမ်းရည်များ ဆောင်ကြဉ်း ပေးလာ တက်သည်။
ဥပမာ အားဖြင့် သားရဲ သိုင်းဝိညာဉ် များမှာ၊ သားရဲ ထိန်းကျောင်း ရာ၌၊ များစွာ အကူညီ ရစေ ၏။
လက်နက် သိုင်းဝိညာဉ် များသည် လက်နက်များ အပေါ်၊ ပို၍ နားလည်လာ နိုင်သည်။
ဓာတ် သဘာဝ သိုင်းဝိညာဉ်များ အတွက်မူ၊ သိုင်းရည်ရွယ် ချက်များ နိုးထကာ၊ အားကောင်း လာစေ၏။
လင်းယွန်၏ သိုင်းဝိညာဉ် များမှာ၊ သားရဲ အမျိုးအစား မဟုတ်ဘဲ၊ ဝိညာဉ်များ ဖြစ်သဖြင့်၊ ထူးဆန်း သည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် ယင်-ယန် အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ သိုင်းဝိညာဉ် နှစ်ခုမှ နိုးထ လာမည့်၊ မွေးရာပါ စွမ်းရည်ကို မြင်တွေ့ လိုခဲ့သည်။
၎င်းတို့ နှစ်ဦး စလုံးသည် ကမ္ဘာဦး သားရဲ ဝိညာဉ်များ ဖြစ်သောကြောင့်၊ သူတို့၏ စွမ်းရည် များမှာ၊ ရိုးရှင်းမည် မဟုတ်ချေ။
“ ပြီးမြောက်ဖို့ အချိန် တန်ပြီ။ ”
နတ်ဆိုး အသွင် ပြောင်းခြင်း၊ သစ်သီး နှစ်လုံးကို ထုတ်ယူပြီး၊ ပါးစပ်ထဲ ပစ်ထည့်ကာ ရေရွတ် လိုက်သည်။
သစ်သီးများ ဝမ်းဗိုက်ထဲ ရောက်သည်နှင့်၊ ကြက်သွေးရောင် မီးတောက်များ တောက်လောင် လာပြီး၊ အဝတ် အစားများ ပြာကျ သွားသည်။
အရေပြားများ နီရဲလျက် ကြွက်သားများ၊ ရုန်းကြွ လာ၏။ ဤသည်မှာ အန္တရာယ်များ လှသော အခြေ အနေပင် ဖြစ်သည်။
ထို့ကြောင့် နဂါး ရူရ်များ တောက်ပ လာပြီး၊ အရေပြားတွင် တောက်လောင် နေသော ကြက်သွေးရောင် မီးတောက် များကို နှိမ်နင်း လိုက်သည်။
နောက်ဆုံးတွင်၊ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး နှစ်သီးကို မည်သူမျှ တပြိုင် နက်တည်း စားရအောင် ရဲရင့်ခြင်း မရှိချေ။
သို့သော် လင်းယွန်က နဂါး တိုက်ပွဲဝင် ခန္ဓာကိုယ် နည်းစနစ်ဖြင့်၊ ၎င်းကို ကျော်ဖြတ် နိုင် ခဲ့သည်။
၎င်းသစ်သီး နှစ်လုံး စွမ်းအားကြောင့်၊ မူလ စွမ်းအင် ပေါင်းစပ်မှု အဟုန်မှာ၊ လည်နေသော လေရဟတ်ကြီး ကဲ့သို့ ပို၍ လျင်မြန် သွား၏။
သို့သော် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ထုတ်လွှတ် လာပြီး၊ ပေါက်ကွဲ တော့မည့် အရိပ် အယောင်များ၊ ချက်ချင်း ပြသ လာသည်။
ပေါက်ကွဲခဲ့ ပါက အကျိုး ဆက်ကို တွေးကြည့်၍ မရချေ။ အသက် ကိုးချောင်း ရှိလျှင်ပင်၊ သေဆုံး နေဦး မည်မှာ သေချာသည်။
“ သေစမ်း ... ၊ ဒီနတ်ဆိုး သစ်သီး တွေက တကယ် ကြောက်စရာ ကောင်းလွန်းတယ်။ ”
နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး စွမ်းအင်မှာ၊ စိတ်ကူး စိတ်သန်း များထက် ကျော်လွန် သွားသည်။
မူလ စွမ်းအင် ပေါင်းစပ်ခြင်း ဖြစ်စဉ်သည်၊ ထိန်းချုပ် နိုင်စွမ်းမှ ရုန်းထွက် တော့မည် ဖြစ်ပြီး၊ ၎င်းကို ခရမ်းရောင် ပန်းမှပင် ဖိနှိပ် နိုင်ခြင်း မရှိ တော့ချေ။
စွမ်းအင် များ၏ ရုန်းကန် အားကြောင့် ခရမ်းရောင် နန်းတော် ပြိုကျလု နီးပါး၊ တုန်ယင် လာလေသည်။
သို့သော် ကြက်သွေးရောင် မီးတောက်များ အားပျော့ သွားကာ၊ နီရဲ နေသော အရေပြားက ပုံမှန် အတိုင်း ပြန်ဖြစ် လာ၏။
ဤသည်မှာ နတ်ဆိုး အသွင် ပြောင်းခြင်း သစ်သီး၏ စွမ်းအင် များကို၊ မိုးပြာ နဂါး မူလ ပုံစံမှ စုပ်ယူ သွားခြင်း ဖြစ်သည်။
အန္တရာယ် အရှိဆုံး အခိုက် အတန့်အား၊ ကျော်ဖြတ် နိုင်ခဲ့ သည်ကို သိလိုက်ရ သဖြင့်၊ အနည်းငယ် စိတ်သက်သာရာ ရသွား မိသည်။
သို့မဟုတ်သော် အကျိုး ဆက်မှာ၊ တွေးမရ နိုင်ချေ။ နဂါး လေးက သူ့အား ထပ်မံ ကယ်တင် ခဲ့သည်ဟု ခံစား လိုက်ရ၏။
အလင်း ကိုးသွယ် ပါရှိသော သစ်သီး ကိုသာ၊ သန့်စင် ခဲ့မည် ဆိုပါက သူ သေမည်မှာ သံသယ ဖြစ်စရာ မရှိပေ။
မူလ စွမ်းအင်များ လုံးဝ ရောနှောသွား ချိန်တွင်၊ လက်များ ဆန့်ထုတ်လျက်၊ ကြုံးဝါး သံကို ထုတ်လွှတ် လိုက်သည်။
“ ..... ”
တစ်ချိန်တည်း မှာပင် အသူရာ နဂါး၏ မျက်လုံးများ ပွင့်လာသည်။
“ နဂါး မျက်ဝန်း ... ။ ”
အသူရာ နဂါး၏ မျက်လုံးများ ဖွင့်လာ ချိန်တွင် လင်းယွန် စိတ်ထဲ၌၊ သက်ပြင်း ချသံ တစ်သံ၊ ထွက်ပေါ် လာသည်။
ထိုစက္ကန့် ပိုင်းလေး အတွင်း မှာပင်၊ လင်းယွန် ဆံပင်များ ဟုတ်ခနဲ ပျံဝဲ သွားပြီး၊ မျက်ဆန် အတွင်း၌ မီးတောက်များ ဖြစ်ပေါ် လာ၏။
ကောင်းကင် အပြည့် မှောင်ကျ သွားကာ၊ မျက်ဝန်း တစ်စုံ သည်သာ လင်းလက် နေတော့ ၏။ ထိုမျက်ဝန်း အတွင်းမှ၊ ကမ္ဘာကြီး တစ်ခု လုံးအား၊ ရှင်းရှင်း လင်းလင်း မြင်လိုက် ရသည်။
ပုရွက်ဆိတ် များ၏ ဦးမှင်ကို၊ မီတာ တစ်ရာ အကွာ မှပင် လှမ်းမြင် နေသည်။ ယင်းမှာ မယုံ နိုင်ဖွယ် ဖြစ်၏။
ဤအချိန်၌ တစ်စုံ တစ်ဦး သည်သာ၊ သူ့အား တိုက်ခိုက် လာပါက၊ ၎င်း၏ ချို့ယွင်း ချက်အား၊ ချက်ချင်း တွေ့မြင် နိုင်မည်။
ထို့နောက် မျက်ဝန်း ထဲရှိ မီးတောက်များ တဖြည်းဖြည်း ကွယ်ပျောက် သွားပြီး၊ မျက်ဝန်း များမှ၊ အောင့်မြက် နာကျင် လာသည်။
သိပ်မကြာခင် မှာပင်၊ ထိုမျက်ဝန်း တစ်စုံ ပျောက်ကွယ်လျက်၊ ပုံမှန် ပြန်ဖြစ် လာသော် လည်း၊ အနည်းငယ် စိတ်မသက် မသာ ဖြစ်စေ သည့်၊ ခံစား ချက်များ ကျန်ရစ် ခဲ့သည်။
“ ချွမ်းချီ ကျား၏ ခွန်အား။ ”
မီးတောက်များ ငြိမ်းသွားသော အခါတွင်၊ ခန္ဓာကိုယ် အတွင်းမှ နောက်ထပ် ဟောက်သံ တစ်သံ၊ ပဲ့တင် ထပ်လာသည်။
ဤတစ်ကြိမ်တွင် ခန္ဓာကိုယ် အတွင်းရှိ မိုးပြာနဂါး စွမ်းအင်ပင် ကြောက်လန့် တကြား၊ ဆုတ်ခွာပေး လိုက်မိ၏။
လက်သီးကို ဆုပ်ကိုင် လိုက်သည်နှင့်၊ ကြွက်သားများ ထံမှ မကြုံ ဖူးသော စွမ်းအင် တစ်ခု၊ တိုးထွက် လာသည်။
“ ဟိတ် ... ။ ”
ထို့နောက် လေထုထဲ ‘ဖျတ်ခနဲ’ ထိုးချ လိုက်ရာ၊ သူ့ရှေ့ နေရာ လွတ်၌ အနက်ရောင် ရေပွက် တစ်ခု ထွက်ပေါ် လာ၏။ ထိုရေပွက်မှာ စက္ကန့် ပိုင်းမျှ ဖြစ်တည် ပြီးနောက်၊ ပြန်လည် ပျောက်ကွယ် သွားခဲ့သည်။
ယင်းကြောင့် မျက်မှောင် ကြုတ်လျက် သံသယဝင် နေချိန် မှာပင်၊ မီတာ ထောင်နှင့်ချီ ဝေးသော အရပ်မှ၊ တောင်ကြီး တစ်လုံး ပြိုကျ လာတော့သည်။
“ ဒါ က … ။ ”
ပြင်းထန် လွန်းသဖြင့်၊ လင်းယွန်၏ နှုတ်ခမ်းများ တုန်ယင် သွားသည်။ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ တစ်ဦး ကိုပင်၊ ဒဏ်ရာ အပြင်း အထန် ရစေ နိုင်၏။
သို့သော် ရုတ်တရက် နုံးချိ လာပြီး၊ ရပ်နေခြင်းငှာ မစွမ်းနိုင် တော့ဘဲ၊ ဒူးထောက် ကျသွားသည်။
ချွမ်းချီ ကျား စွမ်းအားကို အသုံးပြု ခြင်းသည်၊ အသူရာ နဂါး မျက်ဝန်းကို အသုံးပြု ရခြင်းထက်၊ များစွာ ပင်ပန်း စေ၏။
အသက်ရှူ ကြပ်လာ သောကြောင့်၊ မြေပြင်ပေါ် လှဲချကာ၊ ကောင်းကင်ပေါ် ပြုံးလျက် မော့ကြည့် လိုက်မိသည်။
ကောင်းကင် တောင်ကုန်း မြို့မှ အရှက် မဲ့သော လူယုတ်မာ များကို လက်စားချေ ဖို့ရန်၊ အချိန် တန်ပြီ ဖြစ်သည်။
***