နှလုံးသား ချိတ်ဆက်မှု၊ ဝိညာဉ် ဓား။
Vol. 52 Ch. 724
ဤစွမ်းရည် နှစ်ရပ်သည် သူ၏ စိတ်ကူး စိတ်သန်း များကို ကျော်လွန်သွားသည့် အတွက် အလွန် အံ့သြ သွားမိသည်။
ထို့ပြင် ယင်-ယန် အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ မူလ စွမ်းအင်မှာ လုံးဝ ပြောင်းလဲ သွားသည်ကို ခံစား နိုင်၏။
လေးနာရီကြာ ပြီးနောက်၊ ချွမ်းချီ ကျားကြောင့် ကုန်ဆုံး သွားသော ခွန်အားများ ပြန်လည် ရရှိလာ သဖြင့်၊ မတ်တပ် ထရပ် လိုက်သည်။
သူ့ အကြည့် များက နက်ရှိုင်း သော်လည်း၊ ကောင်းကင် တောင်ကုန်း မြို့၏ ဦးတည် ရာကို ကြည့်နေ ချိန်တွင်၊ ဒေါသများ တရိပ်ရိပ် တောက်လောင် လာသည်။
“ မလုံလောက် သေးဘူး။ ”
အကယ်၍ လှုပ်ရှားမှု တစ်ခု ပြုလုပ် တော့မည် ဆိုပါက၊ ပါရမီရှင် ခုနစ်ပါးကို သတ်ပစ်ရန် သေချာ စေလိုသည်။
ယခု အချိန်၌ ကနဦး ယင်-ယန် အဆင့်သို့ ရောက်ရှိ လာပြီ ဖြစ်ရာ၊ သခင်ဓားနှင့် နတ်ဘုရား ပုံရိပ်ယောင် ဓားကို လေ့ကျင့်ရန် အချိန်တန်ပြီ ဖြစ်သည်။
သခင့်ဓားတွင် ပုံစံ ကိုးမျိုး ရှိပြီး၊ ပုံစံ တစ်မျိုး ဆီသည် တိုက်ပွဲဝင် စွမ်းရည်အား တိုးစေမည် ဖြစ်၏။
သို့သော် သည်ဓားရေးမှာ ခက်ခဲလွန်း သဖြင့်၊ ထင်တိုင်း မရောက်ချေ။ နတ်ဘုရား ပုံရိပ်ယောင် ဓား ဟူသည်၊ ဓား သူတော်စင်မှ ချန်ရစ် ခဲ့သော လျှို့ဝှက် နည်းစနစ် တစ်ရပ် ဖြစ်ပြီး၊ အဆင့် ငါးဆင့် ခွဲခြား ထား၏။
ယခု အချိန်၌ ဒုတိယ အဆင့်၊ အကြွင်းမဲ့ ထိမှန်ခြင်း တွင်သာ ရှိပြီး၊ တတိယ အဆင့်၊ ‘နှလုံးသား ချိတ်ဆက်မှု- ဝိညာဉ်ဓား’ သို့ တက်ရောက်ရန် လိုနေ ပေသည်။
“ ကောင်းပြီ၊ ငါ အရင်ဆုံး သခင့်ဓားကို လေ့ကျင့် ပြီးမှ၊ နတ်ဘုရား ပုံရိပ်ယောင် ဓားထံ၊ သွားရအောင်။ ”
အချိန် မဖြုန်း လိုသဖြင့်၊ ဆုံးဖြတ် ချက်အား၊ မြန်မြန် ဆန်ဆန် ချမှတ် လိုက်၏။
သခင့်ဓားတွင်၊ မိုးကြိုး၊ အလင်းခွဲ ဖြတ်ခြင်း၊ မဟာ ပေါက်ကွဲမှု၊ အာရုဏ်ဦး၊ သွေးအား ဖိနှိမ်ခြင်း၊ တည်ငြိမ်သော ခုတ်ပိုင်းမှု၊ အကန့် သတ်မဲ့ အလင်း၊ အသက် များစွာနှင့် အုပ်စိုးခြင်း ဟူ၍ ခွဲခြား ထားသည်။
ပုံစံ တစ်ခု စီမှ ကြောက်မက်ဖွယ် တိုက်ပွဲဝင် စွမ်းအားကို ရရှိ စေမည် ဖြစ်ပြီး၊ ကစား ပွဲအား လှည့်နိုင်သော ဝှက်ဖဲ တစ်ချပ် ဖြစ်လာနိုင် ပေမည်။
ယခု ချိန်၌ ၎င်းအပေါ် နားလည် မှုမှာ၊ ပို၍ အားကောင်း လာပြီ ဖြစ်သည်။
မဟာ ပေါက်ကွဲမှုသည်၊ အလွန် တရာ ကြောက်စရာ ကောင်းနေပြီ ဖြစ်ရာ၊ အာရုဏ်ဦးအား ဆုပ်ကိုင် နိုင်ပါက ဆိုဖွယ် မရှိချေ။
သို့သော် နောက်ကွယ်ရှိ ရည်ရွယ်ချက် အမှန်ကို ဆုပ်ကိုင် နိုင်မှ သာလျှင်၊ ထိုစွမ်းအား ထုတ်ဖော် နိုင်မည် ဖြစ်သည်။
ချက်ချင်းပင် ပန်းသင်္ချိုင်း ဓားကို ဆုပ်ကိုင်လျက်၊ ရေကန် အလယ်သို့ ပျံသန်း ဆင်းသက် လိုက်သည်။
အာရုဏ်ဦး။
ယင်းကို နားလည်ရန် မခက်ခဲ နိုင်ချေ။ အမည် ပေးထား သည့်အတိုင်း၊ ဓား ရောင်ခြည်ဖြင့် ကမ္ဘာကြီး၏ အမှောင်ထုအား ချေမှုန်း လိုက်ရုံပင်။
ခဏ အကြာတွင် ဓားရေး လေ့ကျင့် နေသော လင်းယွန်၏ ပုံရိပ်များ ရေကန် အနှံ့ လူးလာ တုံ့ခေါက်၊ ပြေးလွှား နေတော့၏။
အာရုဏ်ဦး၏ ရည်ရွယ်ချက်ကို ရှာဖွေ နေမိသည်။ ၎င်းကို ထပ်ခါ ထပ်ခါ လေ့ကျင့် ခြင်းဖြင့်၊ တောက်ပသော ရောင်ခြည်များ၊ မကြာ မကြာ ထွက်ပေါ် လာတက်သည်။
အကြိမ်ပေါင်း တစ်ထောင်ကျော် လေ့ကျင့် ပြီးနောက်၊ လွှမ်းမိုး လိုသော အရှိန် အဝါက၊ ရေကန်အား ပွက်ပွက်ဆူ လာစေ၏။
“ ဟမ့် ... ၊ ဒါ မဟုတ် သေးဘူး၊ အရမ်း စွမ်းအားများ နေတယ်၊ ငါ့ ဓားက ထွက်ပေါ် လာမဲ့ နေမင်း ကိုပဲ၊ ကိုယ်စားပြု သင့်တယ်။ ”
“ ဒါလည်း မဟုတ် သေးဘူး၊ ဒီ ကမ္ဘာကြီးရဲ့ အမှောင်ထု အားလုံးကို ချေမှုန်း နိုင်ရမယ်…”
“ အမှောင် ဆိုတာ အဆိပ်ပြင်း လွန်းတယ်၊ ဒီလှုပ်ရှားမှုက မိုးကြိုးနဲ့ မတူဘူး၊ အမှောင်ထုကို ဖယ်ရှားဖို့ ဓား ရည်ရွယ်ချက် သုံးစရာ မလိုဘူး။ ”
ကျင့်ကြံ သူများ အတွက်၊ ခက်ခဲသော ဓားရေးများကို လေ့ကျင့် ခြင်းသည် ပျင်းစရာ ကောင်းလှ ပေ၏။
သို့သော် လင်းယွန် မှာမူ၊ လုံးဝ နစ်မြုပ် နေခဲ့သည်။ သူ၏ နားလည် နိုင်စွမ်းသည် ထိတ်လန့်ဖွယ် အဆင့်၌ ရှိပြီး၊ မည်သည့် ပညာ ရပ်ကို မဆို၊ နားလည် လွယ်၏။
အခြား သူများ အတွက် ပြီးပြည့် စုံသော ကျွမ်းကျင်မှု ရရှိရန်၊ လပေါင်း များစွာ လိုအပ် သော်လည်း၊ လင်းယွန်က လွယ်ကူစွာ သင်ယူ နိုင်သည်။
အလယ် အလတ် ကျွမ်းကျင်မှု မျှသာ ဆိုသော်၊ သခင့်ဓား ဖြစ်လျှင်ပင် ခက်ခဲမည် မဟုတ်ပေ။
သို့သော် ၎င်းကို ပြီးပြည့် စုံသော ကျွမ်းကျင်မှု သို့မဟုတ်၊ သရုပ်ဖော် အဆင့်ထိ ရောက်ရှိရန် ရည်ရွယ် ထားသည်။
သုံးရက် အကြာတွင် ရေကန် မျက်နှာပြင် ပေါ်သို့၊ ထက်ရှသော ဓားရောင်ခြည် တစ်စင်း ဖြာကျ လာ၏။
ဓား ရည်ရွယ်ချက်က ဖင့်နွဲ့ နေစဉ်၊ ရေကန် ကြီးမှာ ချက်ချင်း ဆိုသလို ပေါက်ကွဲ လာတော့ သည်။
ထို့နောက် ရေဝဲများ ဖြစ်ပေါ် လာပြီး၊ လေဆင် နှာမောင်း တစ်ခု အသွင် ကောင်းကင် ပေါ်၊ မြောက်တက် သွားခဲ့သည်။
“ အရမ်း အားနည်း လွန်းတယ် …။ ”
၎င်းအား ကြည့်ပြီး၊ တီးတိုး ရေရွတ် လိုက်သည်။ ဤဓားမှာ တကယ့်ပင် နူးညံ့ လွန်းပေ၏။ မဟာ ပေါက်ကွဲ မှုထက်၊ (၈၀%) ခန့်သာ အားကောင်း ခဲ့သည်။
သာမာန် ဓားရေး တစ်ရပ်သာ ဆိုပါလျှင်၊ ပထမ ပုံစံထက် ဒုတိယ ပုံစံမှာ၊ (၅၀%) မျှသာ ပို၍ အားကောင်း နိုင်မည် ဖြစ်သည်။
သခင့်ဓား အတွက်မူ၊ (၁၀၀%) တိုးမြှင့် နိုင်ခြင်း မရှိသော်၊ အသုံး မဝင်ဟု ဆိုနိုင်သည်။
“ အာရုဏ်ဦး၊ ဒီအမှောင်ကို ငါဘယ်လို ဖြတ်ကျော် ရမလဲ၊ အလင်း လာရင် အမှောင်က ဆုတ်ယုတ် သွားလိမ့်မယ် … ။ ”
ရေဝဲကြီး တဖြည်းဖြည်း ပြန်လည် ကျဆင်း လာပြီး၊ မူလ အတိုင်း ပြန်လည် ဖြစ်ပေါ်လာ ချိန်တွင်၊ ပတ်ဝန်းကျင် အမှောင်ထုကို ကြည့်ကာ၊ လင်းယွန်က ခေါင်းခါ လိုက်သည်။
ဓားရောင်ခြည်မှာ အမှောင်ထု အတွင်း၊ လုံးလုံး လျားလျား ပျောက်ကွယ် သွားတော့၏။ အမှောင်ကို ဖြတ်ကျော်ချင် သဖြင့်၊ သေခြင်း တရားနှင့် ရင်ဆိုင်ရ လျှင်ပင်၊ အစွမ်းကုန် ကြိုးစား ရပေမည်။
ဓားအား နောက်တစ်ကြိမ် ဆွဲလျက်၊ ဒေါသနှင့် ရူးသွပ်မှုအား လောင်းထည့် လိုက် သည်။ ဓား ရောင်ဝါမှာ ကန့်သတ် ချက်သို့ ရောက်ရှိ သွားပြီး၊ ခန္ဓာကိုယ် အနှံ့ မီးလျှံများ စတင် လောင်ကျွမ်း လာ၏။
သူ့ ထံမှ အလင်းနှင့် အပူများ ဖြာထွက် နေသောကြောင့်၊ အလင်း စွမ်းအင် အရင်းအမြစ် အဖြစ် ထင်မှား မိစေ၏။
ဓား အလင်းများ ထွက်ပေါ် လာသော အခါတွင်၊ အကန့် အသတ်မဲ့ မီးလျှံ များက ကမ္ဘာ ပေါ်ရှိ အရာ အားလုံးကို ကြောက်ရွံ့ တုန်လှုပ် စေသည့်၊ ကြီးစိုးမှု အရှိန် အဝါအား ထုတ်ဖော် လာတော့သည်။
ရေများ အငွေ့ပျံ စေလျက်၊ ပတ်ဝန်းကျင် တစ်ခု လုံးအား၊ နတ်ဘုရား နယ်မြေကြီး တစ်ခု အသွင်၊ ထင်မှား လာမိ စေ၏။
ရေငွေ့ ပြန်ခြင်း ပြီးဆုံး သွားချိန်တွင်၊ ကျေနပ်သော အပြုံးဖြင့် ဓားအား၊ ရုတ်သိမ်း လိုက်သည်။
ရေ မျက်နှာပြင် ပေါ်၌ လှိုင်းလုံးများ မရှိတော့ချေ။ ဤနေရာတွင် တစ်စုံ တစ်ရာ ဖြစ်ပျက်ခဲ့ သည်ဟု၊ မည်သူမျှ ထင်မိမည် မဟုတ်ကြောင်း ပြောနိုင်သည်။
သတိထား မှသာလျှင်၊ ကန်ရေ သုံးလက်မခန့်၊ နိမ့်ဆင်း သွားသည်အား၊ သတိထား မိမည် ဖြစ်သည်။
မိုးပြာ နဂါး မူလ ပုံစံဖြင့် ပေါင်းစပ် အသုံးပြု လိုက်သော်၊ ဤဓားမှာ ပို၍ပင် ကြောက်စရာ ကောင်းလာ နိုင်၏။
“ နတ်ဘုရား ပုံရိပ်ယောင် ဓားကို လေ့ကျင့်ဖို့၊ အချိန် ရောက်ပြီ … ။ ”
မျက်လုံးများ မှိတ်လျက် ကျေနပ်စွာ ထိုင်ချ လိုက်သည်။ ယင်-ယန် အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ သူ့ ခွန်အားမှာ ယုတ္တိ မတန်သော နှုန်းဖြင့်၊ ကြီးထွား လာချေပြီ။
သိုင်းဝိညာဉ်များ နိုးကြား လာရုံ သာမက၊ အမြင် အာရုံများ သည်လည်း ပြောင်းလဲ သွား ခဲ့သည်။
ထို့ပြင် ကျင့်ကြံမှု အဆင့် နိမ့်ကျ ခြင်းကြောင့်၊ ပိတ်ဆို့ သွားသော သခင့်ဓားနှင့် နတ်ဘုရား ပုံရိပ်ယောင် ဓားအား၊ အောင်မြင်မှု ရယူနိုင် ပေတော့မည်။
ရက် အနည်းငယ် ကြာသည် အထိ၊ ကန်ရေမှာ နိမ့်ကျ နေမြဲ ဖြစ်၏။ စေ့စပ် သေချာသူ များသာ အကြောင်းရင်း အမှန်အား ရှာဖွေ တွေ့ရှိမည် ဖြစ်သည်။
ရုတ်တရက် လက်ချောင်း ဆယ်ချောင်းမှာ၊ ကျောက်စိမ်းများ ကဲ့သို့ ပြောင်းလဲ လာပြီး၊ ကန်ရေအား ညင်သာစွာ ပုတ် လိုက်သည်။
ရေမျက်နှာ ပြင်သည် မြစိမ်းရောင် ကျောက်စိမ်း အလွှာ ကဲ့သို့၊ ချက်ချင်း ပြောင်းလဲ သွား၏။
တစ်ဆက်တည်း မှာပင်၊ သူတော်စင် ဂီတနှင့် မတူသော၊ ‘တဝီဝီ’ မြည်သံများ သူ့ ခန္ဓာကိုယ် ထဲမှ၊ ထွက်ပေါ် လာသည်။
လက်ချောင်း များက၊ လေထဲတွင် အေးခဲတော့ မတက်၊ တဖြည်းဖြည်း နှေးကွေး လာပြီး၊ အော်သံမှာ ပို၍ လေးနက် သွား၏။
ရေကန်ကို ထိလိုက် သည်နှင့်၊ ရေစက် များက ချွန်ထက်သော ဓါးများ သဖွယ်၊ ကောင်းကင်ပေါ် ပျံတက် လာသည်။
“ နှလုံးသား ချိတ်ဆက်မှု - ဝိညာဉ် ဓား။ ”
ရုတ်တရက် မျက်လုံးများ ဖွင့်ပြီး၊ လက်ညှိုးအား တောက်ထုတ် လိုက်၏။ ငွေရောင် ဓားရောင်ခြည်မှာ၊ ချက်ချင်း ထွက်ပေါ် လာသည်။
ရေကန် မျက်နှာပြင် အနှံ့ ပေါက်ကွဲမှုများ ဖြစ်ပေါ် လာချိန်တွင်၊ လင်းယွန်က ကောင်းကင် ပေါ်သို့၊ ခုန်တက် လိုက်၏။
“ ဟိတ် ... ။ ”
မမြင် နိုင်သော လက် တစ်စုံမှ၊ ရေကန်အား ရိုက်ချလိုက် သကဲ့သို့၊ ကန်ရေ နိမ့်ဆင်း သွား၏။ ဤသည်မှာ တတိယ အဆင့်၊ နတ်ဘုရား ပုံရိပ်ယောင် ဓား၏ စွမ်းအား ဖြစ်သည်။
ထို့နောက် လင်းယွန် မျက်ဝန်း များမှာ၊ ကြက်သွေးရောင် ပိုးအိမ် ရှိရာ ရေကန် အစပ် ဆီသို့၊ ကျရောက် သွား၏။
နဂါး သေဆုံးခြင်း ရှိ-မရှိ၊ သူ မသိ သော်လည်း၊ ငြိမ်သက် နေခြင်းထက် တစ်စုံ တစ်ရာ ပြောင်းလဲ ခြင်းမှာ၊ ပို၍ ကောင်းလာ နိုင်ပေမည်။
ကြက်သွေးရောင် ပိုးအိမ်သည် အနှေးနှင့် အမြန် ကွဲတော့ မည်ကို သူ သိ၏။ ထို့ကြောင့် ကြက်သွေးရောင် ပိုးအိမ်ကို သိမ်းဆည်းပြီး၊ လက်ကို ဝှေ့ယမ်းကာ၊ အဝေးက မြို့ဆီသို့ ငေးကြည့် လိုက်သည်။
မိုးကြိုး စီရင်စုရှိ၊ အထင်ကရ မြို့ကြီး ခုနစ်မြို့ အနက်မှ တစ်မြို့ ဖြစ်သော၊ ကောင်းကင် တောင်ကုန်း မြို့ထံ၊ ကြည့်ရှု နေခြင်း ဖြစ်သည်။
ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည်မှာ၊ ဆယ်ရက် ရှိပြီ ဖြစ်သော်လည်း၊ လင်းယွန် အတွက် မနေ့ တစ်နေ့က ကဲ့သို့၊ ခံစားရ စေသည်။
ယင်းနေ့သည် ကြောက်မက်ဖွယ် ကောင်းလှပြီး၊ ဘဝ တစ်လျှောက် အရှက်မဲ့ခြင်း ဟူသည်အား၊ သူ နားလည် ခဲ့၏။
“ ပါရမီရှင် ခုနစ်ပါး တဲ့လား။ ”
ထိုမြို့ကို ကြည့်ပြီး၊ ရေရွတ် လိုက်သည်။ သူ့ အပြုံးက အေးစက်လွန်း သဖြင့်၊ ကန်ရေပြင်မှာ ရေခဲ အဖြစ်သို့၊ ပြောင်းလဲ သွားတော့သည်။
ကောင်းကင် တောင်ကုန်း မြို့သို့၊ ခရီး ဆက်ရန် အချိန် တန်ပြီဟု ထင်သည်။ အတွေး တစ်ချက် ဖြင့်ပင် ခန္ဓာ ကိုယ်မှာ မှုန်ဝါး သွားပြီး၊ ချက်ချင်းပင် ပျောက်ကွယ် သွားတော့၏။
***