ငါနဲ့ အတူ သောက်ပါ၊ ငါနဲ့ အတူ သတ်ပါ။
Vol. 52 Ch. 725
နှစ်ရက် အကြာတွင် မိုးရေ တည်းခိုဆောင်၏ ဇရပ် တစ်ခု အတွင်း၌၊ အဖြူရောင် အ၀တ်အစား များဖြင့်၊ လူငယ် တစ်ယောက် ထိုင်နေ၏။
ဤနေရာ၌ နေ့ တစ်ဝက် ကြာမျှ ဝိုင်သောက်လျက် တစ်စုံ တစ်ဦးအား စောင့်ဆိုင်း နေခဲ့ခြင်း ဖြစ်သည်။
သူ့ အသွင်မှာ အလျင် လိုခြင်း မရှိဘဲ၊ အနားယူ နေသကဲ့သို့ အေးဆေးလွန်း ပေ၏။
တစ်နာရီခန့် ထပ်မံ ကုန်ဆုံး သွားပြီးနောက်၊ ပုံရိပ် တစ်ရိပ် လျှောက်လှမ်း လာပြီး၊ ခုံအလွတ် တစ်လုံးတွင် ဝင်ထိုင် လိုက်သည်။
အသစ်ရောက် ရှိလာ သူမှာ၊ မိုးရေ တည်းခိုဆောင်၏ တာဝန်ခံ လုလွီ ဖြစ်၏။
အဖြူဝတ် လူငယ်မှာ လင်းယွန် ဖြစ်ပြီး၊ ပါရမီရှင် များကို သတ်ရန်၊ ဤနေရာသို့ ရောက်ရှိ လာခြင်း ဖြစ်သည်။
အတွေ့ အကြုံ အရ၊ လုယွီ၏ သတင်း အရင်းအမြစ်မှာ၊ အသုံး ဝင်ကြောင်း သူသိထား သည်။ ထိုသို့သော ပုဂ္ဂိုလ် တစ်ဦး၏ ဇာစ်မြစ်အား၊ အံဩစရာ ကောင်းလှအောင် မည်သူမျှ သိရှိခြင်း မရှိချေ။
လုလွီက လင်းယွန်အား အကြမ်းဖျင်း စစ်ဆေးကြည့် ပြီးနောက်၊
“ အဲဒီ အတွက် တောင်းပန် ပါတယ်၊ မိုးရေ တည်းခိုဆောင်ကို၊ ငါ့သခင် ကိုယ်တိုင် ကြိုဆို ရမဲ့ ဧည့်သည် တစ်ယောက် ရောက်လာလို့၊ ငါ နောက်ကျ သွားတာ။ ”
ထိုစကားကြောင့် လင်းယွန်မှာ အံ့သြ သွားသည်။ အလင်း အမှောင် လမင်း ကမ္ဘာ ကိုပင်၊ မျက်စိထဲ မထည့် ခဲ့သော၊ မိုးရေ ပိုင်ရှင်မှာ ဧည့်သည် အပေါ်၊ ကိုယ်တိုင် ကိုယ်ကျ ကြိုဆို နေရသည်။
ယင်းကြောင့် ဧည့်သည်ကို အနည်းငယ် သိချင် လာ၏။ သို့သော် သူနှင့် မဆိုင် သဖြင့်၊ ချက်ချင်း မေ့ပစ်ကာ၊
“ ငါ့ကို တွေ့လို့ အံ့သြ နေတာလား။ ”
-ဟု လုယွီအား လှမ်းမေး လိုက်သည်။
လုလွီက ဝိုင် တစ်ခွက်ကို ကောက်ယူ မော့ချ လိုက်ပြီး ပြုံးရယ်လျက်၊
“ ငါ မအံ့သြ ရဖူးလား၊ ကောင်းကင် တောင်ကုန်း မြို့မှာ၊ မင်း သေသွား ပြီလို့ သတင်းတွေ ထွက်နေ တာကြောင့်၊ ဒီကိစ္စကို စုံစမ်းခဲ့ ရသေးတယ်၊ ... ”
“ ... အချက် အလက်တွေ အရ၊ မင်း သေပြီလို့ ညွှန်ပြ နေတယ်၊ ဒါဆို သေသင့်တဲ့ သူကို တွေ့ရင်၊ ငါ ဘယ်လိုလုပ် မအံ့သြဘဲ နေမှာလဲ။ ”
“ အို့ ... ဘယ်လို အချက်အလက် များလဲ။ ”
လင်းယွန်က ပြုံးကာ ပြန်မေး လိုက်သည်။
“ မင်း တကယ် သိချင် တာလား။ ”
“ အင်း ... ။ ”
လုယွီ အမေးကို လင်းယွန်က ခေါင်းညိတ် ပြလိုက်၏။
“ ဒီအချက် အလက် တွေက၊ ပါရမီရှင် ခုနစ်ပါး ဆီကနေ ထွက်လာ တာပါ၊ မင်းက မာန ကြီးပြီး သူတို့ကို ဖြတ်ကျော်ဖို့ ကြိုးစား ပေမယ့်၊ အဆုံးမှာ ချန်စီယုရဲ့ သုံးကြိမ် အတွင်း အနိုင်ယူ ခံလိုက် ရတယ် … ”
လုလွီက စကား ခဏ ရပ်ကာ၊ လင်းယွန်ထံ စူးစမ်း လိုသော မျက်ဝန်း များဖြင့်၊ တစ်ချက်ပြန် ကြည့် လိုက်သည်။
လင်းယွန် ထံမှ အေးစက် လွန်းသည့်၊ သတ်ဖြတ်ခြင်း ဆန္ဒ များကို သူ ခံစား နိုင်သည်။ ထို့နောက် သူက ပြုံးလိုက်ပြီး၊
“ နောက်ထပ် ဇာတ်လမ်း တစ်ပုဒ်လည်း ရှိသေးတယ်၊ ဒါပေမယ့် ဒီသတင်း ကိုတော့ ချန် မိသားစုက သိုဝှက် ပစ်လိုက်တယ်၊ ... ”
“ ... နက်နဲ ခေါင်းလောင်းနဲ့ အတူ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ တစ်ဦးက၊ မင်းကို သတ်ပစ်ခဲ့ တယ်လို့၊ လူ တစ်ယောက်က အခိုင်အမာ ဆိုတယ်၊ ... ”
“ ... ဒီနှစ်ခုမှာ ဘယ်ဇာတ်လမ်းက အမှန် လဲလို့ ငါလည်း သိချင် နေတယ်။ ”
“ ဒါက အရေး မကြီး ပါဘူး၊ အရေးကြီး တာက ငါ ဒီမှာ ရှိနေတုန်း မဟုတ်လား။ ”
လင်းယွန်က တုန့်ပြန် လိုက်သည်။ ပြီးနောက် အနည်းငယ် အေးစက် သွားပြီး၊ ဝိညာဉ် ရေကန်ထံ လှည့်ကာ၊
“ သူတို့ ခုနစ်ယောက် ဘယ်မှာ ရှိလဲ၊ ” -ဟု မေးလိုက်၏။
ထိုမေးခွန်း ထွက်လာ ချိန်တွင်၊ လင်းယွန် ထံမှ သတ်ပစ် လိုသော အရှိန် အဝါများ ထွက်ပေါ် လာသည်။
ဤမျှ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်ခြင်း ရောင်ဝါကို ပိုင်ဆိုင်ခွင့် ရရန်၊ လင်းယွန် တစ်ယောက် မည်သည့် အရာများ ကြုံတွေ့ ခဲ့ရ သည်ကို၊ သူ မခန့်မှန်း နိုင်ချေ။
“ သူတို့ နောက်ကို လိုက်ချင် လို့လား၊ မင်း အသက်ရှင် နိုင်မယ် ငါ မထင်ဘူး၊ ဒါကြောင့် မဆင် မခြင် မလုပ်ဖို့ တားချင်တယ်။ ”
လုလွီမှ အနည်းငယ် စိုးရိမ် ဟန်ဖြင့်၊ ဟန့်တား စကား ဆိုသည်။
“ ငါ သိတယ်၊ ဒါပေမယ့် မင်း ငါ့ကို စိတ်ပြောင်းအောင် မလုပ် နိုင်ဘူး။ ”
လုလွီအား ဆက်ပြီး စည်းရုံး ဖို့ရန်၊ လင်းယွန်မှ အခွင့် အရေး မပေး ခဲ့ချေ။
“ ကောင်း ပြီ။ ”
လွီယုက သက်ပြင်း ချလိုက်ပြီး၊
“ သူတို့ ခုနစ်ယောက်က၊ မြို့အနှံ့ ပြန့်ကျဲ နေတယ်၊ ဒါပေမယ့် မနက်ဖြန် ဆိုရင်တော့ ကောင်းကင် တောင်တန်း ကြီးမှာ၊ စုဝေး ကြလိမ့်မယ်။ ”
“ အိုး ... စိတ်ဝင်စား စရာပဲ ။ ”
လင်းယွန်က ပြုံးလိုက်သည်။
“ အုပ်စိုးရှင် ကိုးပါး ထဲက၊ အသန်မာဆုံး သုံးဦး ဖြစ်တဲ့၊ အလင်း အမှောင် လမင်း ကမ္ဘာ၊ မြောက်ပိုင်း နှင်းစံအိမ်နဲ့၊ ကောင်းကင် မိစ္ဆာ ခန်းမ တို့က၊ ... ”
“ ... မနက် ဖြန်မှာ၊ သူတို့ဂိုဏ်း အတွက်၊ မျိုးဆက်သစ် ပါရမီရှင် တွေကို ရှာဖွေဖို့၊ ဒီပွဲကို ကျင်းပ လိမ့်မယ်။ ”
လွီယုက ထပ်မံ ရှင်းပြ လာသည်။
“ အို ... မှတ်မိပြီ။ ”
ရုတ်တရက် လျှို့ဝှက် နယ်မြေ မဖွင့်ခင် ကောင်းကင် တောင်ကုန်းမြို့ တစ်ခွင်၊ ပျံ့နှံ့ ခဲ့ဖူးသော သတင်း တစ်ပုဒ်အား၊ သတိရ သွား၏။
ဤကိစ္စ အတွက် ပါရမီရှင် ခုနစ်ဦးလုံး၊ ပြန်လာ ခဲ့ကြ သည်ဟု ကောလဟာလ များပင်၊ ထွက်ပေါ် လာခဲ့သည်။
တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးကို အုပ်စိုးရှင် ကိုးပါးမှ သိမ်းပိုက် ထားပြီး၊ အသန်မာ ဆုံးမှာ အလင်း အမှောင် လမင်း ကမ္ဘာ ဖြစ်၏။
မြောက်ပိုင်း နှင်းစံအိမ်နှင့်၊ ကောင်းကင် မိစ္ဆာ ခန်းမ တို့မှာ၊ ဒုတိယ လိုက်ပေသည်။
လက်ရှိ စုရုံး နေသော အင်အားစု သုံးခု အနေဖြင့်၊ မည်မျှ စွဲမက်ဖွယ် ကောင်းမည်ကို တွေးကြည့် နိုင်သည်။
သွေးစွန်းသော ဧည့်ခံပွဲ ကျင်းပရန်၊ လေးလ နီးပါးသာ လိုပေ တော့၏။ ထို့ကြောင့် မည်သူ မဆို၊ သတ္တမမြောက် ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင် သူ၏ လမ်းညွှန်မှုအား၊ ရယူလို ကြသည်။
ဤသည်မှာ လူတိုင်း ရနိုင်သော အခွင့် အရေးမျိုး မဟုတ်ချေ။
“ ကောင်းကင် တောင်တန်း။ ”
လင်းယွန်က မြူခိုးများ ဖုံးလွှမ်း နေသော တောင်တန်း ကြီးကို ကြည့်ရန်၊ ခေါင်းမော့ လိုက်သည်။
“ ဟုတ် တယ်။ ”
“ ဒါနဲ့ ဧည့်သည်က အုပ်စိုးရှင် သုံးပါးထဲ ကလား။ ”
ပိုင်ရှင်မှ ဧည့်သည် တစ်ဦးအား၊ ကိုယ်တိုင် ကြိုဆို နေရကြောင်း၊ ရုတ်တရက် သတိ ရသွား မိ၏။
“ ဖြစ်နိုင်မယ် ထင်ရ တာပဲ။ ”
လုလွီက လျှို့ဝှက်သော အပြုံးဖြင့်၊ ပြန်ဖြေ လိုက်သည်။ ဤကိစ္စသည် သူ့ သခင်နှင့် ပတ်သက် သောကြောင့်၊ အလွန်အကျွံ ပြောဆို ရဲခြင်း မရှိချေ။
“ ငါ အခု သွားနှင့် လိုက်မယ်။ ”
ထို့ကြောင့် စကား ဖြတ်ကာ၊ ပြန်ရန် ပြင်လိုက်သည်။
“ မင်းမှာ အရေး တကြီး ကိစ္စရှိ လို့လား။ ”
လင်းယွန် မေး လိုက်သည့် မေးခွန်းကို၊ လုယွီတစ်ယောက် လှည့်ပင် မကြည့် တော့ဘဲ၊ ပြုံးလျက် တုန့်ပြန် လာသည်။
“ မနက်ဖြန် မင်း အသက်ရှင် ခဲ့ရင်၊ ငါတို့ အတူတူ သောက်မယ်၊ မင်း သေရင် မင်းရဲ့ သင်္ချိုင်းမှာ သုံးခွက်၊ ငါ လာသောက်မယ်။ ”
ဤသည်မှာ လင်းယွန် အလောင်းကို ကောက်ပေး မည်ဟု ဆိုခြင်း မည်ပေသည်။ လင်းယွန်က လွီယု နောက်ကျောကို တစ်ချက် ကြည့်လိုက်ပြီး၊
“ ကျေးဇူး တင်ပါတယ်။ ” -ဟု နှုတ်ဆက် လိုက်၏။
ထို့နောက် ဓားသေတ္တာကို ချွတ်ကာ၊ ထောင်လျက် ထိုင်ခုံပေါ် မှေးတင် လိုက်ပြီး၊ အပြုံးဖြင့်၊
“ မင်း ... ငါနဲ့ အတူ၊ သောက်ဖို့ ဆန္ဒ ရှိလား။ ”
-ဟု မေးလိုက်သည်။
တစ်စုံ တစ်ဦးအား မသတ်မီ ဝိုင် သောက်သော၊ အလေ့ အထ မရှိ သကဲ့သို့၊ ရဲဆေး တင်စရာ အကြောင်းလည်း မရှိချေ။
ရိုးရှင်း စွာဖြင့် တစ်ယောက် ယောက်နှင့် အတူ၊ ဝိုင်သောက် လိုခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်ယောက်မျှ မရှိ သည့်နောက်၊ ပန်းသင်္ချိုင်း ဓားအား အဖော်ပြု ခိုင်းမိခြင်း ဖြစ်သည်။
ညဦးယံ ကျော်လွန် ချိန်၌၊ ဝိုင်အိုးကို လက်စ ဖြတ်ကာ၊ တရားထိုင် လိုက်၏။ အချိန် အနည်းငယ် ငြိမ်သက် ပြီးနောက်၊ မျက်လုံးများ ပြန်ပွင့် လာသည်။
ရုတ်တရက် ပန်းသင်္ချိုင်း ဓားမှာ၊ ဓားသေတ္တာ ထဲမှ ပျံထွက်လာ သဖြင့်၊ လက်ဆန့်ပြီး ဖမ်းယူ လိုက်သည်။
တစ်ဆက်တည်း မှာပင်၊ ဓား ထံမှ အေးစက်သော အလင်း ရောင်များ၊ ကောင်းကင် ပေါ် ပျံတက် သွား၏။
“ မင်းက အရမ်းကောင်းတဲ့ ဓား တစ်လက်ပဲ ... ။ ”
ထိုမြင်ကွင်းကြောင့် လင်းယွန်က ပန်းသင်္ချိုင်း ဓားအား မြှောက်ကြည့်ကာ ဆိုလိုက် သည်။ ပြီးနောက်၊
“ မင်း ... ငါနဲ့ အတူ၊ လူသတ်ဖို့ ဆန္ဒ ရှိလား။ ”
-ဟု မေးယူ လိုက်၏။
မေးခွန်း ဆုံးသည်နှင့် ပန်းသင်္ချိုင်း ဓားမှ၊ စူးရှသော တောက်ပမှုများ ထုတ်လွှတ် လာ သဖြင့်၊
“ ငါ သေရင် မင်းရော စိတ်ပျက် မှာလား။ ”
-ဟု သက်ပြင်း ချကာ ထပ်မေး လိုက်သည်။
သည့်နောက် ကောင်းကင် တောင်တန်း ဆီသို့၊ ဦးတည် ငေးမျှော် လိုက်ပြီး၊
“ သွား ရ အောင်။ ” -ဟုဆိုကာ၊ ရိပ်ခနဲ ပျောက်ကွယ် သွားတော့၏။
တောင်ခါးပန်း တစ်နေရာတွင်၊ ခုတ်ထွင် ရှင်းလင်း ထားသော ကျယ်ပြန့် လွန်းသည့် လွင်ပြင် တစ်ခု ရှိနေသည်။
ထိုလွင်ပြင်၌ အုပ်စိုးရှင် သုံးပါးမှ၊ စင်မြင့်ကြီး သုံးခု တည်ဆောက် ထား၏။ စင်မြင့် တိုင်းတွင် မတူညီသော စမ်းသပ်မှုများ ထားရှိ ချေပြီ။
ကိုး မီတာခန့် မြင့်သော လူတစ်ပိုင်း မိစ္ဆာတစ်ပိုင်း၊ ယန္တရား ရုပ်တုကြီး တစ်ရုပ်က၊ ကောင်းကင် မိစ္ဆာ ခန်းမ စင်မြင့် ထက်တွင်၊ နေရာယူ ထားလေသည်။
ဤသည်မှာ သက်မဲ့ ရုပ်တု မျှသာ ဖြစ်သော်လည်း၊ ကြောက်မက်ဖွယ် ခံစား ချက်အား ပေးစွမ်း နိုင်ချေ၏။
မြောက်ပိုင်း နှင်းစံအိမ် ထက်တွင်၊ ဓားရှည်များ လေထဲမျော နေပြီး၊ မကြာ ခဏ ဆိုသလို၊ ‘ဖျတ်ခနဲ ဖျတ်ခနဲ’ တောက်ပလာ တက်သည်။
လေပြေများ တိုးတိုက် သွားသည့်၊ အချိန်များတွင်၊ ဓားအချင်းချင်း ရိုက်ခတ်သွား သကဲ့သို့ ဆူညံ သံများ ထွက်ပေါ် လာ၏။
တစ်ဖက်တွင် အလင်း အမှောင် လမင်း ကမ္ဘာ စင်မြင့် ထက်၌၊ မည်သည့် အရာမျှ ရှိမနေ ဘဲ၊ ထူးခြားသော ခရမ်းရောင် လတစ်စင်းသာ တွဲလောင်း ကျနေ၏။
၎င်းစင်မြင့် များကို ကြီးကြပ်ရန်၊ အသီးသီးသော တပ်ဖွဲ့ဝင် များမှ ကျွမ်းကျင် သူများ စေလွှတ် ထားသည်။
နောက်ဆုံးတွင် တိမ်နဂါး အဆင့် ဟူသည်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှ၊ နဂါး ကံကြမ္မာ အတွက် ပြိုင်ဆိုင်မှု တစ်ရပ် ဖြစ်ပေ ၏။
အုပ်စိုးရှင် ကိုးပါး အနေဖြင့်၊ မိမိတို့ အင်အားစု သန်မာကြောင်း သေချာ စေရန်၊ ပါရမီရှင် အသစ် များကို ရှာဖွေ လိုခြင်း ဖြစ်သည်။
သို့မှသာ သွေးစွန်းသော ဧည့်ခံပွဲ အပေါ်၊ အုပ်စီး ထားရန် သဘာဝ ကျကျ မျှော်လင့်နိုင် ပေမည်။
ထို့ကြောင့် လူ ရွေးပွဲကို အချိန်ပေး လုပ်ဆောင်ခြင်း ဖြစ်သည်။ အလင်း အမှောင် လမင်း ကမ္ဘာ အနေ ဖြင့်မူ၊ ချင်ရို့ယူအား ထိုတာဝန်ကို ပေးထား၏။
ယင်းကြောင့် ခရမ်းရောင် ဝတ်စုံနှင့် အတူ၊ အရေး ပါသော ထိုင်ခုံများ တစ်နေရာ၌၊ ကြော့ရှင်းစွာ ထိုင်နေသည်။
အဝေးမှ ကြည့်လျှင်ပင် ထင်ရှားသော အလှ တရားကြောင့်၊ မည်သူ မဆို ရမ္မက်များ တောက်လောင် လာမည်မှာ အမှန်ပင်။
“ ငါတို့က တပည့် သစ်တွေ စုဆောင်းဖို့၊ စင်မြင့် တစ်ခုစီ ဆောက်ပေး ထားတယ် ဆိုတာ၊ လူတိုင်း သိလိမ့် မယ်လို့၊ ငါ ယုံကြည် ပါတယ်၊ ... ”
“ ... ဒီနေ့ ကောင်းကင် တောင်ကုန်းမြို့ အတွက် နောက်ဆုံး အခွင့် အရေးလည်း ဖြစ်တယ်၊ မယုတ်အလတ် အမြတ်မရွေး မည်သူ မဆို ပါဝင် နိုင်တယ်၊ ... ”
“ ... မင်းတို့မှာ ရွေးချယ်စရာ စင်မြင့် သုံးခုရှိတယ်၊ မင်းတို့ကို ရွေးချယ်ခြင်း မရွေး ချယ်ခြင်း ကတော့၊ သက်ဆိုင်ရာ အင်အားစုက ဆုံးဖြတ် ပေးလိမ့်မယ်။ ”
လုလွီက အဖွင့် စကား ပြောကြားပြီး၊ လူအုပ်ထံ ဝေ့ကြည့်ရန်၊ စကားကို ခဏ ရပ် လိုက်၏။ သည့်နောက်၊
“ အင်အားစု သုံးရပ်ရဲ့ အာရုံကို ဖမ်းစား နိုင်တဲ့ မည်သူ မဆို ကောင်းကင် ဝိညာဉ် နယ်ပယ် အကြီးအကဲ တစ်ဦးရဲ့၊ လမ်းညွှန်မှုကို ရရှိ နိုင်တယ်၊ ကံကောင်းရင် ... ”
“ ... သတ္တမ ကောင်းကင် ဝိညာဉ် အကြီး အကဲ တစ်ဦးရဲ့ တပည့် ဖြစ်လာ နိုင်တယ်၊ အဲ့ဒီ အတွက် လိုအပ် ချက်က၊ ဒီစင်မြင့်ပေါ် တက်ပြီး ရပ်နိုင် ဖို့ပဲ။ ”
အုပ်စိုးရှင် ဂိုဏ်းများ အနေဖြင့်၊ တပည့် အသစ်များ စုဆောင်း လာရာတွင်၊ တင်းကြပ် လွန်းပြီး၊ အကြိမ်ရေ နည်းပါး လှချေ၏။
ကြေငြာချက် ပြီးဆုံး သည်နှင့်၊ ရှားပါး လွန်းသော ဤအခွင့် အရေးကြောင့်၊ လူအုပ်မှာ တက်ကြွ လာသည်။
အကယ် ၍သာ ရွေးချယ်ခွင့် ရှိပါက၊ အုပ်စိုးရှင် သုံးပါး တပြိုင် နက်တည်း၊ တစ် နေရာတည်း ပေါ်လာမည် မဟုတ်ချေ။
အခြားသော တပ်ဖွဲ့များ ပါဝင်ခြင်း မရှိ သည်မှာ၊ အလင်း အမှောင် လမင်း ကမ္ဘာမှ ၎င်းတို့အား မလာ စေချင် သောကြောင့် ဖြစ်သည်။
ကောင်းကင် မိစ္ဆာ ခန်းမနှင့်၊ မြောက်ပိုင်း နှင်းစံအိမ် တို့ကို ပါဝင်ခွင့် ပေးခြင်းဖြင့် လိုက်လျောပြီး ဖြစ်သည်။ ဤ အင်အားစု နှစ်ခုမှာ ၎င်းနှင့် နှိုင်းယှဉ် ပါက၊ နိမ့်ကျမည် မဟုတ်ချေ။
“ ငါတို့ စင်ပေါ် တက်နိုင် ရုံနဲ့ အောင်မြင် ပြီလား၊ လွယ်မယ့် ပုံပဲ၊ စမ်းကြည့် ပါရစေ။ ”
လူအုပ် ထဲမှ လူငယ် တစ်ယောက်က မတ်တပ် ထရပ်ကာ ဆိုသည်။ သူ့ထံမှ အလယ် အလတ် ယင်-ယန် အဆင့်၊ အငွေ့အသက် များကို၊ ခံစား ရနိုင်သည်။
တစ်ချက် ကြည့်လိုက် ရုံဖြင့်၊ ဤလူငယ်၏ ခွန်အား အပေါ် အကြမ်းဖျင်း၊ လူတိုင်း ခန့်မှန်း နိုင် ကြသည်။
အကြည့်များ အောက်တွင် ထိုလူငယ်မှာ၊ ကောင်းကင်ပေါ် ခုန်တက် သွားကာ၊ ကောင်းကင် မိစ္ဆာ ခန်းမ စင်မြင့် ဆီသို့ ဦးတည် လိုက်၏။
နီးကပ် လာချိန်တွင်၊ ကျယ်လောင်သော ဟိန်းဟောက်သံ တစ်သံ နှင့်အတူ၊ ယန္တရား ရုပ်ထု အသက်ဝင် လာသည်။
ဟိန်းဟောက် သံမှ ထွက်ပေါ် လာသော အသံလှိုင်း များက၊ လူ များစွာကို ရိုက်ခတ်ကာ၊ သွေးအန် သွားစေသည်။
ယင်းကြောင့် ပြန်လည် ဆုတ်ခွာ ရမည်ဟု၊ သူ့ကိုယ်သူ သတိပေး လိုက်သော်လည်း၊ အနည်းငယ် နောက်ကျ သွားသည်။
ယန္တရား ရုပ်တုမှာ တုံ့ဆိုင်းခြင်း မရှိဘဲ၊ လက်ဝါး တစ်ချက်ဖြင့်၊ လူငယ်အား သွေးမြူ အဖြစ် ပြောင်းလဲ ပစ်လိုက်သည်။
ဤသည်မှာ ထိတ်လန့် ဖွယ်ရာ မြင်ကွင်း တစ်ရပ် ဖြစ်ပြီး၊ လူ အများ၏ မျက်နှာ များကို ဖြူဖျော့ သွားသည် အထိ၊ ထိတ်လန့် သွားစေ ခဲ့သည်။
“ ဘယ်လို အမှိုက် မျိုးလဲ၊ ကောင်းကင် မိစ္ဆာ ခန်းမ စင်မြင့်က၊ လူတိုင်း ရပ်နိုင်တဲ့ နေရာလို့ ထင်နေ တာလား ဟမ့်၊ ငါ လုပ်ပါ ရစေ။ ”
ရုတ်တရက် မထီမဲ့မြင် ဟန် စွက်ဖက် နေသော အသံ တစ်သံ ထွက်ပေါ် လာသဖြင့်၊ လူတိုင်းက အသံ ရှင်ထံ၊ လှည့်ကြည့် မိ၏။
“ ဒါ ... ချင်ရှုပဲ။ ”
***