← Chapters

ပစ္စုပ္ပန်။

Vol. 52 Ch. 727

ပစ္စုပ္ပန်။

Vol. 52 Ch. 727

ယခု အချိန်၌ စာမေးပွဲ အောင်မြင်သူ ငါးဦး ရှိသော်လည်း၊ အားလုံးမှာ ပထမ တန်းစား ပါရမီရှင် များသာ ဖြစ်သည်။

ဤသည်ကို ကြည့်ပြီး၊ စင်မြင့် များသည် ပါရမီရှင် ခုနစ်ဦး အတွက်သာ ဖြစ်ကြောင်း၊ နားလည် လိုက်ကြ၏။

ထိုအချိန် မှာပင် ကြောက်စရာ ကောင်းသော စမ်းသပ်မှု မြင်ကွင်း တစ်ခုက၊ လူတိုင်းရှေ့ ထွက်ပေါ် လာသည်။

“ မင်းက ငါတို့နဲ့ အတူ၊ ရပ်တည်ဖို့ အရည်အချင်း ပြည့်မီ တယ်လို့၊ ထင်နေလား၊ ထွက် သွား ... စမ်း။ ”

စင်မြင့်ပေါ် ခြေချ နိုင်ခဲ့သော ကံကောင်းသူ အနည်းငယ်မှာ အသက်ရှူ မဝမီ၊ ၎င်းတို့အား ကန်ထုတ် ခံခဲ့ ရသည်။

စမ်းသပ် မှုကြောင့် ဒဏ်ရာများ ရရှိစေ ရုံသာမက၊ အရှက် ခွဲခြင်းပါ ခံလိုက် ရ၏။

အုပ်စိုးရှင် အင်အားစု သုံးခုမှ အကြီးအကဲ များက၊ ထိုအချင်းအရာ အပေါ်၊ လျစ်လျူရှု သော အသွင်ဖြင့်၊ ဆက်လက် ကြည့်ရှု နေသည်။

သူတို့ အမြင်၌ ဤသည်မှာ၊ စမ်းသပ်မှု တစ်ခုမျှသာ ဖြစ်ပြီး၊ နောက်ဆုံးတွင် စင်မြင့်ပေါ် မတ်တတ်ရပ် နိုင်သူ များသာ၊ မျက်လုံးထဲ ဝင်ရောက် နိုင် ပေ၏။

ကျန်ရှိ နေသော ပါရမီရှင် နှစ်ဦး ဖြစ်သည့် ချူးမူယန်နှင့် ချန်စီယု တို့က ပြိုင်တူ မတ်တပ် ထရပ် လာသည်။

ထို့ကြောင့် ချက်ချင်းပင် လူတိုင်းက အာရုံစိုက် လာတော့၏။

“ အစ်ကိုချန်၊ မင်း ဘယ် စင်မြင့်ကို ရွေးမလဲ ဆိုတာ ငါ သိချင်တယ်။ ”

ချူးမူယန်က ပြုံးကာ မေးလိုက်သည်။

“ မင်းနဲ့ အတူတူ ပါပဲ။ ”

“ ဒါဆို သွားရအောင် ... ။ ”

တစ်ချိန်တည်း မှာပင်၊ နှစ်ယောက်သား ရိပ်ခနဲ ပျောက်ကွယ် သွားသည်။ ပြန်လည် ထွက်ပေါ် လာသော အခါ၌၊ ခရမ်းရောင် လမင်း ရှိရာ စင်မြင့် ထက်တွင် ဖြစ်၏။

နှစ်ယောက် စလုံးက အလင်း အမှောင် လမင်း ကမ္ဘာကို ရွေးချယ် လာသည်။ ဤစင်မြင့်၌ သေဆုံး သွားသော လူ အချို့ကို လူတိုင်းမှ သတိရ သွားကာ၊ ချူးမူယန်နှင့် ချန်စီယုထံ စိတ်လှုပ်ရှား စွာဖြင့်၊ လှမ်းကြည့် မိသည်။

၎င်းတို့ နှစ်ဦး ထံမှ ကြောက်စရာ ကောင်းသော အငွေ့ အသက်များ ထွက်ပေါ် နေ၏။

တစ်ယောက်မှာ ရေခဲ မြူများ ဖုံးလွှမ်း နေပြီး၊ ခြေလှမ်း တိုင်းက ကြီးမားသော တောင်ကြီး တစ်လုံး ကဲ့သို့၊ ဖိအားများ ပေးစွမ်း လေသည်။

ကျန် တစ်ဦးတွင် မီးလျှံများ တောက်လောင် နေသည့် ခြေရာ များကို ထားရစ် ခဲ့သည်။

“ နှင်း ရည်ရွယ်ချက် ... ။ ”

“ မီး ရည်ရွယ်ချက် ... ”

ထိုသိုင်း ရည်ရွယ်ချက် နှစ်ခုကြောင့်၊ လူအုပ် ထံမှ အာမေဋိတ် သံများ ထွက်ပေါ် လာသည်။

ခရမ်းရောင် လမင်း အလင်းရောင်က၊ ချန်စီယု ပေါ်သို့ ကျရောက်လာ သော်လည်း၊ ကာကွယ် ထားသည့် မြူခိုး များကို ဖြတ်သန်း နိုင်ခြင်း မရှိချေ။

ချူးမူယန် အတွက်မူ ပတ်ဝန်းကျင်ရှိ မီးတောက် များဖြင့်၊ လရောင်အား လောင်ကျွမ်း အငွေ့ပျံ စေလိုက်၏။

နှစ်ယောက် စလုံးက လရောင်ကို တွန်းလှန်ရန်၊ သိုင်း ရည်ရွယ်ချက် အပေါ် အားကိုး လာသဖြင့်၊ လူအုပ် ကြီးမှ ကျယ်လောင်စွာ အားပေး လိုက်ကြသည်။

ယင်းကြောင့် အုပ်စိုးရှင် သုံးပါးပင်၊ ၎င်းတို့ အပေါ်၊ အာရုံစိုက် လာ၏။

“ မဆိုး ပါဘူး။ ”

ချင်ရို့ယူက ထိုင်ခုံ တစ်လုံး ပေါ်မှ နေ၍၊ ၎င်းတို့ နှစ်ဦးထံ လှမ်းကြည့် လိုက်ပြီး၊

“ ငါက ချီးကျူးခဲ ပါတယ်၊ ဒါပေမယ့် မင်းတို့ နှစ်ယောက်က တကယ် မဆိုးဘူး၊ အလင်း အမှောင် လမင်း ကမ္ဘာ မှာတောင် မင်းတို့ တောက်ပ နေလိမ့်မယ်။ ”

“ ချီးကျူးမှု အတွက် ကျေးဇူး တင်ပါတယ်၊ ရို့ယူ ။ ”

ချင်ရို့ယူ၏ ချီးကျူးမှုကို တစ်စုံ တစ်ယောက်မှ ရရှိရန် အမှန်ပင် ရှားပါး သဖြင့်၊ ဝမ်းမြောက် ဝမ်းသာ ဖြစ်ခဲ့ ရသည်။

ဤသို့ ဖြစ်ရသည့် အကြောင်းရင်းမှာ၊ လင်းယွန် သေဆုံး ခြင်းကြောင့် ဖြစ်ကြောင်း၊ သူတို့ နှစ်ဦးလုံး သိပေ၏။

“ ကြည့်ရတာ ဒီဓားကျွန်က မရဏ သမီးတော် ကတောင်၊ ငါတို့ကို ချီးကျူး ရတဲ့ အထိ၊ အမုန်း တရားတွေ ပျိုးထား မိပုံပဲ။ ”

“ ဒါလည်း ကောင်းပါတယ်၊ သူ့ အဖေရဲ့ လမ်းညွှန်မှုကို ခံယူ နိုင်ရင် ငါတို့ အတွက် ကြီးမားတဲ့ အခွင့် အရေးပဲ မဟုတ်လား။ ”

ချူးမူယန်နှင့် ချန်စီယုမှာ အကြည့်ချင်း ဖလှယ်လျက်၊ သူတို့ မျက်နှာ ပေါ်ရှိ ပျော်ရွှင်မှု များကို၊ ဖုံးကွယ် လိုက်ကြသည်။

“ နောက်ဆုံးတော့ သူတို့ အားလုံး စုံသွားပြီ … ။ ”

မျက်နှာ ဖုံးအောက်ရှိ လင်းယွန် မျက်နှာမှာ၊ မည်းမှောင် သွား၏။ ၎င်းတို့အား လက်စား ချေရန်၊ စိတ်ပိုင်း ဖြတ်ထားပြီး ဖြစ်သည်။

နဂါးလေးပင် အသက်ဖြင့် ရင်းကာ၊ သူ့အား ကာကွယ် ပေးခဲ့ ရ၏။ သို့သော် သူလှုပ်ရှား တော့မည့် အချိန်၌၊ လူရိပ် တစ်ရိပ် ကောင်းကင် မိစ္ဆာ ခန်းမ စင်မြင့်ထံ၊ ပျံသန်း သွားသည်။

ထိုသူမှာ ယန်းဖန် ဖြစ်ပြီး၊ ယန္တရား ရုပ်ထုအား၊ လက်ဝါး ကိုးချက်ဖြင့် ဖြတ်ကျော် လိုက်၏။

သို့သော် စင်မြင့်ပေါ် ခြေချလိုက် ချိန်တွင်၊ လျှပ်စီး တစ်ချက် လက်လာပြီး၊ ကန်ထုတ်ခြင်း ခံလိုက် ရသည်။

သည့်နောက် အူယန်ဟောင်က ယန်းဖန်အား ကြမ်းပြင်တွင်၊ ဒူးထောက် စေလိုက်၏။

“ မင်းတို့ နှစ်ယောက် လူမှား နေတာလား၊ ငါက ပြင်ပ အဆင့် (၄၇)က ယန်းဖန်ပါ၊ မင်းတို့ မိသားစုရဲ့ လူငယ် အချို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ”

ဒူးထောက် လျက်ဖြင့် ရှက်ရွံ့ နာကျင်စွာ ဆိုလိုက်သည်။

သည်နှစ်ယောက်မှ သူ့အား ကန်ထုတ် မည်မှန်း၊ နားလည် ထားသော်လည်း၊ ပြင်ပ အဆင့် တိမ်နဂါး တစ်ယောက်၏ အဆင့် အတန်းကြောင့်၊ အနည်းနှင့် အများ သူ့အား မျက်နှာသာ ပေးလိမ့် မည်ဟု ထင်ခဲ့သည်။

“ ကောင်းမွန်တဲ့ ဆက်ဆံ ရေးလား၊ မင်းနဲ့ ဘယ်သူက အဆက် အသွယ် ရှိလို့လဲ၊ ငါ သိတာ တစ်ခုက၊ အဲဒီ ဓားကျွန်နဲ့ မင်း၊ အရမ်း ရင်းနှီး ခဲ့တာပဲ မဟုတ်လား။ ”

“ မင်းက အတွင်း အဆင့်က၊ ပါရမီရှင် တစ်ယောက် ဆိုရင်တော့ မင်းမှာ အခွင့်အရေး ရှိကောင်း ရှိနိုင် ပါတယ်၊ ဒါပေမယ့် ပြင်ပ အဆင့်ရဲ့ အမှိုက် တစ်စက၊ ငါတို့ ရှေ့မှာ အခုလို ရပ်ဝံ့ သလား ဟမ့် ။ ”

“ ဟား ဟား ဟား ... ။ ”

ချင်ရှုနှင့် အူယန်းဟောင်က ရယ်မော လိုက်သည်။ ထိုစကား များကြောင့်၊ ကောင်းကင် တောင်ကုန်း မြို့၏ ကျွမ်းကျင်သူ များက၊ ယန်းဖန်ကို လှောင်ပြုံးဖြင့် ကြည့်လာ၏။

“ ဒါဆို ... ၊ ငါ ဆင်းပေး ပါမယ်။ ”

အရှက် တရားကြောင့် ယန်းဖန်က အောက်ဆင်းရန်၊ ရုန်းကန် ထရပ် လိုက်သည်။

“ မင်းကို ငါလိုက်ပို့ ပါရစေ ဟား ဟား ဟား။ ”

ချင်ရှုက ညာလက်ကို မိစ္ဆာ မျောက်ဝံ လက်ကြီး အဖြစ် ပြောင်းလဲလျက်၊ ယန်းဖန် မျက်နှာပေါ် လွှဲရိုက်ချ လိုက်၏။

“ ဖြောင်း ... ။ ”

“ မင်းတို့ ကောင်တွေ ... ။ ”

ဂိုရှုက ယန်းဖန်အား ကူညီရန်၊ ဒေါသတကြီး ပြေးထွက် လာ ခဲ့သည်။

“ ထွက် သွား စမ်း ... ။ ”

အူယန်ဟောင်က သတ်ဖြတ် လိုသော ရည်ရွယ်ချက် များဖြင့်၊ ဂိုရှုအား ကြည့်ပြီး၊ မောင်းထုတ် လိုက်သည်။

ထို့ကြောင့် ဂိုရှု တစ်ယောက် စကား တစ်ခွန်းမျှ ထပ်မဆို ဝံ့ တော့ပဲ၊ ယန်းဖန်အား အံကြိတ်လျက် ဖေးမ ခေါ်ဆောင် လိုက်မိ၏။

“ ဒါပဲ ... ။ ”

“ လူရွေးပွဲ ပြီးပြီ။ ”

ဒေသခံ ကျင့်ကြံသူ များမှာ၊ ထိုမြင်ကွင်းကြောင့်၊ ရွှင်မြူး လာကြစဉ်၊ မြို့ခံ မဟုတ်သော ကျွမ်းကျင်သူ များက၊ ကြောက်ရွံ့ မှုဖြင့် ခေါင်းယမ်း လာကြသည်။

ပါရမီရှင် ခုနစ်ဦးမှာ၊ ဤစင်မြင့်များ ပေါ်၌ အခြား မည်သူ့ ကိုမျှ ရပ်ရန် ခွင့်ပြု တော့မည် မဟုတ်ကြောင်း၊ နားလည် လိုက်၏။

ထို့အပြင် အုပ်စိုးရှင် သုံးဦးမှာ၊ ၎င်းတို့၏ လုပ်ရပ် များကို အမှန်တကယ် လျစ်လျူရှု ထား လေသည်။

“ တဆိတ်လောက်။ ”

သို့သော် ရုတ်တရက် အသံ တစ်သံ ထွက်ပေါ်လာပြီး၊ အဖြူဝတ် လူငယ် တစ်ဦး လူအုပ် ထဲမှ တိုးထွက် လာ၏။

ဂိုရှုက ထိုလူငယ် သူ့အနားမှ အဖြတ်တွင်၊

“ ညီအစ်ကို၊ မင်း အဲဒီကို မသွားရင် ကောင်းလိမ့်မယ်၊ သူတို့က လူယုတ်မာ တွေ။ ”

-ဟု အံကြိတ်လျက် သတိ ပေးလိုက်သည်။

“ မင်း ပြောတာ မှန်တယ်။ ”

လင်းယွန်က ခေတ္တ ရပ်လိုက်ပြီး၊ ဒဏ်ရာ ပြင်းထန်သော ယန်းဖန်ကို တစ်ချက် ကြည့်ကာ၊ ဒေါသတကြီး ဆဲရေး နေသည့် ဂိုရှုထံ ပြန်မော့ ကြည့်လိုက်၏။

“ သူတို့က ယုတ်မာ လွန်းတယ်၊ ဒါကြောင့် သူတို့ကို သတ်ဖို့၊ ငါ ဒီကို လာခဲ့တာ ... ။ ”

စကားဆုံး သည်နှင့် အေးစက် စွာဖြင့်၊ လှည့်ထွက် သွားသော ဝတ်ရုံဖြူ လူငယ်ကြောင့်၊ ဂိုရှု တစ်ယောက် အံ့အားသင့် သွားသည်။

စမ်းသပ် ပွဲသို့ မည်သူမျှ တက်ရောက်ရန်၊ ရဲဝံ့တော့မည် မဟုတ်ဟု၊ ထင်ထား ချိန်တွင်၊ လူငယ် တစ်ဦး တိုးထွက် လာသောကြောင့်၊ လူတိုင်း အာရုံစိုက် လာ ကြသည်။

“ ဒီကောင် သေမှာ မကြောက် ဖူးလား။ ”

လင်းယွန်က သူ့ အကြည့်ကို ဝေ့ကာ၊ ကောင်းကင် မိစ္ဆာ ခန်းမ စင်မြင့် ဆီ၌ ရပ်တန့် လိုက်၏။

“ နောက်တစ်ယောက် အသေခံဖို့ ဆန္ဒ ရှိနေပုံပဲ။ ”

“ ကြည့်ရတာ ငါတို့က သူ့ အတွက် ... ၊ အရမ်း သဘောကောင်းပုံ ပေါက် နေတယ် ထင်တယ်။ ”

ချင်ရှုနှင့် အူယန်ဟောင်က သတ်ဖြတ်ခြင်း အရှိန် အဝါ များကို ထုတ်ဖော် ပြသလျက်၊ အေးစက်စွာ ရယ်မော လိုက်ကြသည်။

“ ဒါဆိုလည်း ဖြစ်စေပါ့၊ ဟား ... ဟား ... ဟား ... ။ ”

***

All Chapters