← Chapters

သတ်။

Vol. 52 Ch. 728

သတ်။

Vol. 52 Ch. 728

အုပ်စိုးရှင် သုံးပါးမှ တပည့် အသစ်များ စုဆောင်းရန် အချိန် သမယ ဖြစ်သော်လည်း၊ ပါရမီရှင် ခုနစ်ပါး အတွက် ဇာတ်ခုံ ဖြစ်လာ ခဲ့သည်။

ထိုပါရမီရှင် ခုနစ်ပါး အတွက်၊ အုပ်စိုးရှင် သုံးပါးက လာခဲ့မှန်း၊ သိကြ သော်လည်း၊ ၎င်းတို့ ဤမျှ သန်မာနေ လိမ့်မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားမိပေ။

ယန်းဖန် အရှက်ခွဲ ခံရသော ဖြစ်ရပ်ကြောင့်၊ မည်သူမျှ တက်ရောက်ရန် ဆန္ဒ မရှိဘဲ၊ ဝတ်ရုံဖြူ လူငယ် ကိုသာ အဓိပ္ပါယ်မဲ့ ကြည့်နေ မိသည်။

စမ်းသပ်မှုကို ဖြတ်ကျော်နိုင် လျှင်ပင်၊ အချည်း အနှီး ဖြစ်လာ ပေမည်။ ထို ခုနစ်ဦး ပူးပေါင်း ပြီးနောက်၊ မည်သူ မဆို ရင်ဆိုင်ရန် မဖြစ်နိုင် တော့ချေ။

သို့သော် ဤအခြေ အနေ အောက်တွင်၊ သေတွင်းကို ဆင်းဝံ့သော လူငယ် တစ်ဦး အမှန် တကယ်ပင်၊ ထွက်ပေါ် လာခဲ့၏။

လင်းယွန်က ကောင်းကင် မိစ္ဆာ ခန်းမ စင်မြင့်ထံ ပျံသန်း သွားစဉ်၊ မှင်တက် နေသော လူအုပ် ကြီးမှာ၊ စိတ်လှုပ်ရှား လာတော့သည်။

ယန်းဖန် ရလဒ်ကို ချက်ချင်း သတိရ လာကုန်ပြီး၊ သနား စိတ်ဖြင့် ခေါင်းယမ်း လိုက် ကြ၏။

သူတို့ အမြင်၌ ဝတ်ရုံဖြူ ဓားသမားမှာ၊ ယန်းဖန် ထက်ပင်၊ ပို၍ ဆိုးရွားသော အခြေ အနေနှင့်၊ အဆုံးသတ် နိုင်ပေမည်။

“ ဒီကောင် သတ္တိ ရှိရှိနဲ့ သေလမ်းကို တကယ် ရွေးနေ တာပဲ။ ”

ကောင်းကင် တောင်ကုန်း မြို့၏ ကျင့်ကြံသူ များက လင်းယွန်အား၊ လှောင်ပြောင် ဝေဖန် လိုက် ကြသည်။

လူတိုင်း၏ အကြည့် အောက်တွင် ယန္တရား ရုပ်တုမှာ အသက်ဝင် လာပြီး၊ ဟောက်သံ ပြု၏။

သို့သော် မျက်နှာ ဖုံးအောက်ရှိ လင်းယွန် မျက်နှာမှာ၊ ပြောင်းလဲခြင်း မရှိဘဲ၊ မိုးပြာ နဂါး မူလ ပုံစံကို ဖြန့်ကျက် လိုက်သည်။

လက်ဖဝါး တစ်ချက်ကို တွန်းထုတ်ပြီး၊ ကြက်သွေးရောင် အငွေ့အသက်များ လွှမ်းခြုံ လျက်၊ ရုပ်တုက ကောင်းကင်ပေါ် ပျံတက် လာသည်။

ဤရုပ်တု၏ လက်ဝါးတွင်၊ ပါရှိသော စွမ်းအားမှာ၊ အလွန် ကြောက်မက်ဖွယ် ကောင်းလွန်း သဖြင့်၊ လက်ဝါး ခြောက်ချက် ထုတ်ဖော် ပြီးနောက် တွင်ပင်၊ ချင်ရှုအား သွေးအန် စေခဲ့သည်။

ထို့ကြောင့် လင်းယွန် မည်သို့ သေမည်ကို၊ လူတိုင်း စောင့်မျှော် နေမိ၏။

ယန္တရား ရုပ်တု၏ လက်ဖဝါးဖြင့်၊ ထိခတ် ခါနီး အချိန်တွင်၊ လက်သီး ဆုပ်လျက်၊ နဂါး ရူရ် (၁၆) လုံးကို လောင်းထည့်ကာ၊ လင်းယွန်မှ တုန့်ပြန် လိုက်သည်။

ထို့နောက် ရုပ်တု ပေါ်၌၊ အက်ကွဲ ကြောင်းများ ပျံ့နှံ့ လာပြီး၊ မျက်လုံး တစ်မှိတ် အတွင်း၊ ပေါက်ကွဲ သွားခဲ့သည်။

“ ဒါ … ။ ”

ဤမြင်ကွင်းကြောင့် လူတိုင်း ပါးစပ် ဟောင်းလောင်း ပွင့်ကုန်၏။ သူတို့အား များစွာ တုန်လှုပ်မိ စေသည်။

ဓားသမား တစ်ယောက်မှ၊ ယန္တရား ရုပ်တုအား လက်သီး တစ်ချက်နှင့်၊ ဖျက်ဆီး ပစ်လိုက်ခြင်း ဖြစ်သည်။

ယင်းကြောင့် အခြားသော စင်မြင့်များ ပေါ်ရှိ၊ ပါရမီရှင် များပင် အာရုံ မစိုက်ဘဲ၊ မနေ နိုင်တော့ ချေ။ ကောင်းကင် မိစ္ဆာ ခန်းမ၏ အကြီးအကဲ များမှာမူ၊ ပြုံးရွှင် လာသည်။

ချန်စီယုနှင့်၊ ချူးမူယန် အပြင်၊ ထိုသို့သော ပါရမီရှင် တစ်ယောက် ကောင်းကင် တောင်ကုန်း မြို့၌ ရှိလိမ့် မည်ဟု သူတို့ မထင် ထားပေ။

ကောင်းကင်တွင် ယန္တရား အပိုင်း အစများ လွင့်ပျံ နေစဉ်၊ ဝတ်ရုံဖြူ လူငယ်က စင်မြင့်ပေါ် ဆင်းသက် လာပြီး၊ ချင်ရှုနှင့် အူယန်ဟောင်ထံ လှမ်းကြည့်သည်။

ဓားသမား ထံမှ ထက်ရှသော အကြည့်ကြောင့်၊ အမည်မဲ့ စွမ်းအား တစ်ခု၊ ဖိနှိပ်လာ သကဲ့သို့ ခံစားရ သဖြင့်၊ တံတွေး တစ်လုတ် မျိုချ လိုက်မိသည်။

သည့်မတိုင်မီ ဤသို့သော ဓားသမား တစ်ဦးအား၊ ကြမ်းပြင်၌ ဒူးထောက် စေလိုသည့် သူတို့၏ စိတ်ကူး အပေါ်၊ ဟားတိုက် ရယ်မော လိုက်ချင် မိလေသည်။

ယခုမူ ထိုအချိန်က ကဲ့သို့သော အပြု အမူများ မပြသ ဝံ့တော့ချေ။ ဤဓားသမား အပေါ်၊ မည်သို့ ဖော်ရွေ ပြရ မည်အား၊ ပြောင်းလဲ စဉ်းစား လာမိသည်။

“ ညီအစ်ကို …”

ချင်ရှုနှင့် အူယန်ဟောင် တို့က အပြုံး တစ်ပွင့်အား ထုတ်ဖော်လျက်၊ စကား စလိုက် သည်။

သို့သော် ဓားသမားက လက်သီးအား တင်းတင်း ဆုပ်ပြီး၊ လက်မကို ထောင်လျက် အနေ အထားဖြင့်၊ အောက်စိုက် ပြကာ၊

“ အ မှိုက် တွေ ... ။ ”

-ဟု တုန့်ပြန် လာခဲ့သည်။

ဤအပြု အမူသည် လူ တစ်ဦးအား ပြောင်ပြောင် တင်းတင်း အရှက်ခွဲ လိုသော လုပ်ရပ် ဖြစ်ပေ၏။

ထို့ကြောင့် လူတိုင်း အံသြ သွားကာ၊ အေးစက်သော လေများ မှုတ်ထုတ် လိုက်မိ သည်။

အထူး သဖြင့် ချင်ရှုတို့ နှစ်ဦးမှာ၊ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန် ကြိုးစား နေချိန်တွင်၊ ဓားသမားက အဖက် မလုပ် ခဲ့ချေ။

အဆင်မပြေ မှုကြောင့်၊ သူတို့ နှစ်ဦး၏ မျက်နှာ တစ်ပြင်လုံး မည်းမှောင် သွားသည်။ ဒေါသ ကြီးသော ချင်ရှု၏ ညာလက်မောင်းမှာ ချက်ချင်း ကြီးထွား လာပြီး၊ လင်းယွန်ထံ ရိုက်ချ လိုက်သည်။

“ မင်းက ငါတို့ကို ရန်စဝံ့ သလား၊ သေခြင်းရဲ့ စာလုံးပေါင်းကို မင်း မသိဖူး ထင်တယ်။ ”

သို့သော် လင်းယွန်မှ တုန့်ပြန် လာသော လက်သီး ချက်ကြောင့်၊ မေျာက်ဝံ လက်မောင်း ကွဲကြေ သွားကာ၊ ချင်ရှု တစ်ယောက် လွင့်စဉ် သွားတော့၏။

“ ခဏ နေပါဦး ... ။ ”

တစ်ဖက် လူ၏ တုန့်ပြန်မှုမှာ၊ ထိုမျှဖြင့် မပြီးဆုံး ခဲ့ပေ။ လေထဲ လွင့်စဉ် နေဆဲ ဖြစ်သော ချင်ရှု၏ ပခုံး ဆီသို့၊ လှမ်းကုပ် လာပြန်သည်။

နဂါး စွမ်းအင်ကို ထုတ်ဖော် ထားသဖြင့်၊ ဖမ်းဆုပ် ခံလိုက် ရသော ချင်ရှု လက်မောင်းမှာ၊ အရွတ် အကြောများ ပျက်စီး ချိနဲ့ သွားလေပြီ။

“ အား ... မျိုးမစစ်ကောင်၊ ငါ မင်းကို သတ်မယ်။ ”

ချင်ရှု မျက်နှာမှာ ရှုံ့တွ နေလျက်ဖြင့်၊ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်မှု ရောင်ဝါအား ထုတ်လွှတ် လိုက်သည်။

“ ဖျစ် ... ။ ”

သို့သော် တစ်ဖက် လူမှာ သူ့ ထက်ပင်၊ ပို၍ ပြတ်သား နေချေ၏။ သူ့ ဘယ်လက် မလှုပ်ရှား နိုင်မီ၊ ဆုပ်ကိုင် ထားသော ညာလက်ကို အရင်းမှ ဆွဲဖြုတ် လိုက်တော့သည်။

“ အား ... ။ ”

“ မ လုပ် နဲ့ ... ။ ”

စင်မြင့်အောက်ရှိ ချင် မိသားစု အကြီးအကဲ များမှာ၊ ရက်စက် လွန်းသော လုပ်ရပ်ကြောင့်၊ ဒေါသတကြီး ထရပ် လိုက်ကြသည်။

သူတို့ မျက်စိရှေ့ မှာပင်၊ ချင်ရှု လက်အား ဖြုတ်ယူ လွှင့်ပစ် လိုက်ခြင်းအား၊ လက်ခံ နိုင်စရာ အကြောင်း မရှိချေ။

ချင်ရှု ဟူသည် မျိုးဆက်သစ် များကို ကိုယ်စား ပြုသော ပါရမီရှင် တစ်ဦး ဖြစ်ပြီး၊ ချင်မိသားစု၏ မျှော်လင့် ချက်လည်း ဖြစ်သည်။

ထို့ကြောင့် တိုက်ခိုက်ရန် အဖြူဝတ် ဓားသမားထံ၊ ချက်ချင်း ပြေးဝင် လိုက်ကြသည်။

“ ထွက် သွား စမ်း ... ၊ အမှိုက်တွေ ။ ”

ကောင်းကင် မိစ္ဆာ ခန်းမ၏ တာဝန်ခံက၊ ရက်ရက် စက်စက် ပြုံးပြ လိုက်ပြီး၊ လူတိုင်းကို တွန်းထုတ် လိုက်သည်။

သူက လင်းယွန်ကို သဘောကျ သဖြင့်၊ ကျေနပ်စွာ ရယ်မော လိုက်သည်။

“ ဒါက ...၊ ကောင်းကင် မိစ္ဆာ ခန်းမရဲ့ စင်မြင့်ပဲ၊ မင်းတို့ကိုယ် မင်းတို့ ဘယ်သူလို့ ထင်နေလဲ၊ ထွက်သွား စမ်း။ ”

လက်ဖဝါး တစ်ချက် ရိုက်ထုတ်လိုက် ရုံဖြင့်၊ စင်မြင့်ပေါ် ဆင်းသက် လာသော ချင်မိသားစု၏ သက်လတ်ပိုင်း အရွယ် အကြီးအကဲကို၊ သွေးအန် စေခဲ့သည်။

ဤအရာက ကျန်သူ များကို မလှုပ် ဝံ့အောင်၊ တုန်လှုပ် ချောက်ချား သွားစေ၏။ ထို့ကြောင့် အံကြိတ်လျက် လင်းယွန်ထံ မော့ကြည့် ရုံသာ တက်နိုင် ပေတော့သည်။

“ ဟိတ် ... ။ ”

ရုတ်တရက် အူယန်ဟောင်မှ၊ အော်ဟစ် ကြုံးဝါးကာ၊ လင်းယွန်ထံ မျက်ကွယ် အရပ်မှ အလစ်ဝင် တိုက်လာသည်။

သူ့လှံ ထံမှ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်ခြင်း၊ အငွေ့အသက်များ ထွက်ပေါ် နေသည်။

ချင်ရှုအား ကယ်တင်ရန်၊ အူယန်ဟောင်ကို အားကိုး ရနိုင်သည်။ ထို့ကြောင့် ချင်မိသားစု အကြီးအကဲ များမှာ၊ မျှော်လင့်ချက် အနည်းငယ် တောက်ပ လာ၏။

အူယန်ဟောင်၏ လှံက၊ အမဲလိုက် နေသော မြွေပွေး တစ်ကောင် ကဲ့သို့၊ ခန့်မှန်းရ ခက်သည့် လမ်းကြောင်းဖြင့်၊ လှုပ်ရှား သွားသည်။

“ မင်းက ဘယ်သူလဲ ဆိုတာ အရေး မကြီး ပါဘူး၊ သေ လိုက် တော့ ... ။ ”

လေထဲ ပျံသန်း လာစဉ်၊ လှောင်ပြောင် ပြောဆို လိုက်သည်။ လှံထံမှ အလွန် တောက်ပသော အလင်းများ ဖြာကျ လာသဖြင့်၊ လူအုပ် ကြီးမှာ မျက်စိများ ကျိန်းစပ် လာသည်။

ကောင်းကင် တိမ်လွှာ ဂိုဏ်း၏ တပည့် များနှင့် အကြီး အကဲများက၊ အဖြူဝတ် ဓားသမား ရင်ဘတ်ကို ထိုးဖောက် သွားမည့် မြင်ကွင်းအား၊ စိတ်ကူးလျက် ပြုံးရယ် လိုက်ကြ သည်။

သို့သော် လင်းယွန်က ထိတ်လန့်ခြင်း မရှိဘဲ၊ ချင်ရှုအား တည်ငြိမ်စွာ ကန်ကျောက် ပစ်လိုက် သည်။ သည့်နောက် ဖြည်းညှင်းစွာ လျှောက်လှမ်း သွားမိသည်။

တစ်ချိန်တည်း မှာပင်၊ ရှန်ရှင်းဓားအား ကြောက်မက်ဖွယ် ကောင်းသော အဆင့် အထိ၊ စုဆောင်း ထားလိုက်၏။

လင်းယွန် ထံမှ မုန်းတီးခြင်းနှင့်၊ နာကျင် ဒေါသကို ခံစားနိုင် သောကြောင့်၊ ပန်းသင်္ချိုင်း ဓားက၊ မြည်သံ ပြုလာ၏။

ထက်ရှသော ဓားရောင်ခြည်များ ဖြာထွက် လာပြီး၊ အူယန်ဟောင် လှံနှင့် ထိမှန် သွားကာ၊ အက်ကွဲ လာတော့၏။

အူယန်ဟောင် မျက်နှာ ပေါ်ရှိ ရက်စက်သော အမူအရာများ၊ ပျောက်ကွယ်သည်။ သည့်နောက် လှံအား လွှတ်ချ လိုက်ကာ၊ အမြန် ပြန်ဆုတ် သွား၏။

သို့သော် လွတ်မြောက် နိုင်ခြင်း မရှိချေ။ လင်းယွန် လက်ထဲရှိ ပန်းသင်္ချိုင်း ဓားမှာ၊ သူ့ထံ ချက်ချင်း တိုးဝင် လာသည်။

“ အား ... ။ ”

ညာလက်မောင်း တစ်ဖက်လုံး တိခနဲ ခုတ်ဖြတ်ခံ လိုက်ရသဖြင့်၊ နာကျင်စွာ အော်ဟစ် လိုက်မိသည်။

ဤသည်မှာ အဆုံးသတ် မဟုတ်ချေ။ ပန်းသင်္ချိုင်း ဓားက၊ နောက်တစ်ကြိမ် မြောက်တက်ပြီး၊ အူယန်ဟောင် ချပ်ဝတ်ပေါ် ကျရောက် လာပြန်၏။

ထိုဓားချက်ကြောင့် ချပ်ဝတ် ပြိုကျ သွားပြီး၊ လွင့်စဉ်လျက်၊ မတ်တပ် ထရပ်ရန် ကြိုးစား နေသော၊ ချင်ရှုနှင့် တိုက်မိ သွား၏။

“ မင်း ဘယ်သူလဲ။ ”

ချင်ရှုက အံကြိတ်လျက်၊ အဖြူဝတ် ဓားသမားကို အေးစက်စွာ မော့ကြည့် လိုက် သည်။

ဤဓားသမား အပေါ်၊ စော်ကား မိခြင်း မရှိ သကဲ့သို့၊ နှိမ့်ချ ဆက်ဆံခြင်း မျိုးလည်း မရှိခဲ့ချေ။ ထို့ကြောင့် သူ့အား တွေးရခက် စေ၏။

“ မင်းတို့ နှစ်ယောက်က ငါ့ကိုတောင် မမှတ်မိတော့ ဖူးလား၊ တကယ် မေ့တက်ကြ တာပဲ၊ ကြည့်ရတာ မင်းတို့ရဲ့ စိတ်နှလုံး ထဲမှာ၊ ငါ တကယ် သေခဲ့ပြီ ထင်တယ်။ ”

လက်မြောက်ကာ၊ မျက်နှာဖုံးအား ဖယ်ရှားလိုက် သဖြင့်၊ နဖူး ပေါ်ရှိ ခရမ်းရောင် အမှတ် အသားက၊ တောက်ပစွာ ထွက်ပေါ် လာသည်။

ထိုရုပ်သွင်ကြောင့်၊ မိုးရေ တောင်တန်း၌ စုရုံး နေသော လူအုပ် ကြီးမှာ၊ အံ့ဩ မှင်တက် သွား ကုန်၏။

ဤသည်မှာ ချန်စီယု သတ်ပစ် သည်ဟု သတင်းထွက် နေသော လင်းယွန် ဖြစ်၏။

“ မဟုတ်ဘူး၊ မဟုတ်ဘူး ... ၊ ဒါ အမှန် မဟုတ်ဘူး။ ”

အူယန်ဟောင်နှင့် ချင်ရှု၏ မျက်လုံး များတွင်၊ ကြောက်ရွံ့မှုများ စွန်းထင်း လာသည်။

“ ငရဲ ရောက်မှ နောင်တရ ကြတော့။ ”

လင်းယွန် ထံမှ ဓားအလင်း တစ်ချက် ပျံထွက် သွားပြီး၊ ခေါင်း နှစ်လုံးအား ကြမ်းပြင် ပေါ်သို့၊ ပြုတ်ကျ လာစေ၏။

ဓားချက်မှာ မြန်လွန်း သဖြင့်၊ မည်သူမျှ မမြင်လိုက် ရဘဲ၊ ခေါင်းပြတ် နှစ်လုံး လှိမ့်ဆင်း လာသည် ကိုသာ၊ တအံ့တဩ ငေးကြည့် နေမိ လေသည်။

***

All Chapters