ထပ်မံ သတ်ဖြတ်ခြင်း။
Vol. 53 Ch. 729
ခေါင်း မပါသော ခန္ဓာကိုယ် နှစ်ခုမှာ၊ ကြမ်းပြင် ပေါ်သို့၊ တအိအိ ပြိုကျ လာသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ် သွားပြီး၊ လူတိုင်း အသက်အောင့် လိုက်မိသည်။
အချိန် အတော်ကြာ တိတ်ဆိတ် နေပြီး မှသာ၊ ဆူညံသံများ ပြန်လည် ထွက်ပေါ် လာ၏။
“ သူတို့ သေသွား တာလား။ ”
ယခု အချိန် အထိ သူတို့ မြင်သမျှကို မည်သူမှ မယုံနိုင် သေးချေ။ ကောင်းကင် မိစ္ဆာ ခန်းမ စင်မြင့် ပေါ်တွင်၊ ရပ်နေသော လူငယ်ကို မယုံနိုင်စွာ ပြန်ကြည့် လိုက် မိသည်။
လွန်ခဲ့သော ရက် အနည်းငယ်က၊ ဤလူငယ်မှာ သေဆုံး သွားပြီဟု ဆိုခဲ့ကြ သော်လည်း၊ ပြန်လည် ထွက်ပေါ် လာပြီး၊ လူတိုင်း မြင်ကွင်း၌ ပါရမီရှင် နှစ်ဦးအား၊ ခေါင်းဖြတ် သတ်လိုက်သည်။
ထို့ကြောင့် လူတိုင်းက ချန်စီယုအား ပြန်လည် လှည့်ကြည့် လိုက်ကြသည်။ ဤလူမှာ လင်းယွန်ကို သတ်ခဲ့သူ အဖြစ်၊ ပွဲခံ ခဲ့သူ ဖြစ်၏။
“ မဖြစ်နိုင် တာ ... ။ ”
မြောက်ပိုင်း နှင်းစံအိမ် စင်မြင့် ပေါ်ရှိ ဂူယန်နှင့် ဂျီ ညီအစ်ကို များက၊ မယုံနိုင် ကြချေ။
နက်နဲ ခေါင်းလောင်း ပေါက်ကွဲ ခြင်းသည်၊ မည်မျှ ထိတ်လန့် စရာ ကောင်းကြောင်း၊ သူတို့ ကိုယ်တွေ့ ဖြစ်၏။
အဆိုပါ ပေါက်ကွဲမှုကြောင့် နဂါးသွေး မြင်းကဲ့သို့၊ နတ်ဆိုး သားရဲ တစ်ကောင်ပင် အပိုင်းပိုင်း ပြတ်ထွက် သွားခဲ့သည်။
ယင်းမှ လင်းယွန် တစ်ယောက် အသက်ရှင် နိုင်စရာ နည်းလမ်း မရှိချေ။ သူတို့၏ တွေးတော နိုင်စွမ်းထက် ကျော်လွန် သွားခဲ့သည်။
၎င်းတို့ အနက် ချန်စီယု တစ်ယောက်မှာ၊ သဘာဝ အတိုင်း အဆင် မပြေဆုံး၊ အနေ အထားတွင် ရှိနေသည်။
နောက်ဆုံး၌ တစ်ဖက် လူအား သုံးကြိမ် အတွင်း၊ သတ်ပစ် လိုက်ကြောင်း သတင်းဖြန့် ခဲ့သော လူမှာ သူကိုယ်တိုင် ဖြစ်၏။
ထို့ကြောင့် လူအုပ်ကြီး ထံမှ အကြည့်ကို၊ လျစ်လျူရှုပြီး၊ ချင်ရို့ယူထံ ခိုးကြည့် လိုက်သည်။ ချင်ရို့ယူက အလို မကျသော အသွင်ဖြင့်၊ လင်းယွန်ထံ စူးစူး စိုက်စိုက် ကြည်နေ ခဲ့၏။
သည်ဓားကျွန်မှာ သူမအား နှောက်ယှက် လွန်းချေပြီ။
“ ဟား ဟား ဟား ငါ သိပြီ၊ ချန်စီယုက လင်းယွန်ကို သုံးကြိမ် အတွင်း သတ်ခဲ့တယ် ဆိုတာ လိမ်ခဲ့ တာပဲ၊ ... ”
“ ... ကောင်းကင် တောင်ကုန်း မြို့ရဲ့၊ ပထမတန်းစား ပါရမီရှင် ဆိုတဲ့ ဒီလူတွေက၊ ဘယ်လိုတောင် အရှက်မဲ့ လိုက်လဲ ဟမ့်။ ”
ဂိုရှုက နာကျည်း မှုကြောင့်၊ အခွင့် အရေး ရသည်နှင့်၊ ဦးစွာ လှောင်ပြောင် လိုက်သည်။
ယန်းဖန်မှာ ဒဏ်ရာ များမှ အနည်းငယ် သက်သာ လာသဖြင့်၊ စင်မြင့်ပေါ်ရှိ လင်းယွန်ထံ မော့ကြည့်ကာ၊ စိတ်လှုပ်ရှား သွားသည်။
“ ကြည့်ရတာ လင်းယွန်က ချန်စီယုကို ရှုံးနိမ့်ခဲ့ ပုံ မရဘူး၊ သူတို့ ခုနစ်ယောက်က နက်နဲ ခေါင်းလောင်းနဲ့၊ နှိမ်နင်းဖို့ ကြိုးစား ခဲ့တာ နေမယ်။ ”
“ ငါ ကြားခဲ့တဲ့ သတင်းက ဘယ်လို နည်းနဲ့မှ၊ အတု မဟုတ်ဘူး၊ ချန် မိသားစုက တစ်ပိုင်း ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ တစ်ဦးကို စေလွှတ်ပြီး၊ လင်းယွန်ကို သတ်ဖို့ ကြိုးစား ခဲ့တာ။ ”
“ ဒါကြောင့် လက်စား ချေဖို့၊ သူ ရောက်လာတာ၊ အခု ကြည့်စမ်း မိသားစု လေးစုကို ဂရု မစိုက်ဘဲ၊ တကယ် သတ်ပစ် ဝံ့တယ်၊ ဘယ်လောက်တောင် သတ္တိ ရှိလိုက်လဲ။ ”
“ သူသာ ကောင်းကင် မိစ္ဆာ ခန်းမကို ဝင်လိုက် ရင်တော့၊ ဘယ်သူမှ လှုပ်ရှားဝံ့ တော့မယ် မထင်ဘူး။ ”
“ ဒါပေမယ့် ကျန်တဲ့ သူတွေကို သတ်ဖို့က လွယ်မှာ မဟုတ်ဘူး၊ ဘာဆက် လုပ်မလဲ ကြည့် ရအောင်။ ”
ပြင်ပ ကျင့်ကြံသူ များမှာ၊ ကောင်းကင် တောင်ကုန်း မြို့၏ ပါရမီရှင် ခုနစ်ပါး အပေါ်၊ မကြေနပ် ကြသည်မှာ၊ အမှန် ပေပင်။
ထို့ကြောင့် လင်းယွန် ထွက်ပေါ် လာသော အခါတွင်၊ စိတ်လှုပ်ရှား ခြင်းငှာ မထိန်းနိုင် တော့ချေ။
“ ပန်းသင်္ချိုင်း ဓားသမား လင်းယွန် ဆိုတဲ့ ကောင်လေး၊ မင်း ငါ့ရဲ့ ကောင်းကင် နတ်ဆိုး ခန်းမကို ဝင်ဖို့ ဆန္ဒ ရှိလား၊ မင်း အရင်က ဘာတွေပဲ လုပ်ခဲ့ လုပ်ခဲ့၊ ငါ ဂရု မစိုက်ဘူး။ ”
ကောင်းကင် မိစ္ဆာ ခန်းမ ထိုင်ခုံ ပေါ်တွင် ထိုင်နေသည့်၊ လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးက ရယ်မောလျက် ဆိုလိုက်သည်။
သူ့ အနေဖြင့် လင်းယွန် ကဲ့သို့ လူငယ် မျိုးအား၊ တကယ်ပင် သဘောကျ ပေ၏။
“ မြောက်ပိုင်း နှင်းစံအိမ် ကသာ၊ ပိုလိုက်ဖက် မယ်လို့ ထင်တယ်။ ”
ဂူယန်နှင့် ဂျီ ညီအစ်ကို များထံ တစ်ချက် ကြည့်ကာ၊ လင်းယွန်က ပြန်ဖြေ လာသည်။ ထို အဖြေကြောင့် မြောက်ပိုင်း နှင်းစံအိမ်၏ အကြီး အကဲမှာ၊ မျက်လုံးများ တောက်ပ လာပြီး၊
“ ကောင်လေး မင်း မှန်တယ်၊ ဓားသမား ဆိုမှတော့ ငါတို့ နှင်းစံအိမ် ကသာ မင်းအတွက် အသင့်တော် ဆုံးပါ။ ”
“ ဒီ အဖိုးကြီး ... ။ ”
ကောင်းကင် မိစ္ဆာ ခန်းမမှ လူလတ်ပိုင်း အရွယ် အမျိုးသားက၊ ပျစ်ပျစ် နှစ်နှစ် ကျိန်ဆဲ လိုက်သည်။
တစ်ဖက်တွင် လင်းယွန် စကားကြောင့် လေထုမှာ၊ တင်းကြပ် လာသည်။ သည်ကိစ္စ အပေါ်၊ လွယ်လွယ်ဖြင့် လွှတ်ထားမည် မဟုတ်ကြောင်း၊ သူတို့ သိ၏။
“ လုပ် ဝံ့ လား။ ”
ဂျီ မိသားစုနှင့် ဂူ မိသားစုမှာ၊ သတ်ဖြတ်မှု ရောင်ဝါကို ထုတ်လွှတ်လျက် အော်ဟစ် လိုက် ကြသည်။
“ ဘာလို့ မလုပ်ဝံ့ ရမှာလဲ။ ”
လင်းယွန်က ရယ်မောကာ တုန့်ပြန် လိုက်သည်။ ပထမ တန်းစား ပါရမီရှင် ဟူသော၊ အရှက်မဲ့သူ များကို သတ်ရန်၊ ကြံရွယ် ထားပြီး ဖြစ်သည်။
ကောင်းကင်ပေါ် ပျံတက်ကာ၊ မြောက်ပိုင်း နှင်းစံအိမ် ထံသို့ ဦးတည် လိုက်သည်။ သို့သော် ဓား (၁၈)လက် အသက်ဝင် လာပြီး၊ သူ့အား ဟန်တား လာ၏။
ဓားများ ဟစ်အော်လာ သည်နှင့် အမျှ၊ ကြောက်မက်ဖွယ် ကောင်းသော ဓားရည်ရွယ် ချက်က၊ ကောင်းကင်တွင် ကြီးစိုး လာသည်။
“ ဒါ က ... ။ ”
လူတိုင်း၏ မျက်နှာကို ပြောင်းလဲ သွားစေသည်။ ဓားမြည် သံမှာ၊ ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းအောင် ကျယ်လောင် လာပြီး၊ ဓား (၁၈)လက် ကောင်းကင်ပေါ် ပျံတက် လာ၏။
“ ဒီ ကောင် လေး … ။ ”
“ အိုး ... ဓား တစ်ဆယ့်ရှစ် လက်လား၊ ဂူယန်တောင် ဓား ရှစ်လက်ပဲ၊ အသက်ဝင် နိုင်တယ်။ ”
“ သူ ဒါကို လုပ်နိုင်မယ် ထင်လား။ ”
ကြောက်စရာ ကောင်းသော ဖြစ်ရပ် များကြောင့်၊ လူတိုင်း၏ မျက်နှာများ ပြောင်းလဲ လာကုန်သည်။
အခြေအနေ အရ၊ လင်းယွန်သာ သတိ မမူ မိသော်၊ သေမည်ဟု အဓိပ္ပါယ်ရ သဖြင့်၊ ဂူယန် နှင့် ဂျီ ညီအစ်ကိုအား၊ ပြုံးရွှင် သွားစေသည်။
ဤဓား အစီရင်မှာ၊ မည်မျှ ကြောက်စရာ ကောင်းသည်ကို သူတို့ သိ၏။ အသက်ရှင် ခဲ့လျှင်ပင် ဓား (၁၈) လက်ကြောင့်၊ ဒဏ်ရာ ကြီးကြီး မားမား ရရှိ ပေလိမ့်မည်။
“ မင်းက သေတွင်းကို ဆင်းနေ တာပဲ၊ ဘယ်အချိန်ထိ ပြုံးနိုင် မလဲ ကြည့်ရအောင်။ ”
ဂူယန်က သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့်၊ ရယ်မော လိုက်သည်။ ဂျီ ညီအစ်ကို သည်လည်း၊ စိတ်သက် သာရာ ရသွား၏။
မြောက်ပိုင်း နှင်းစံအိမ်၏ အကြီးအကဲ များပင် သံသယ ဝင်လာသည်။ တစ်စုံ တစ်ဦးမှ ဓား (၁၈) လက်အား အသက်ဝင် လာစေ လိမ့်မည်ဟု မထင် ခဲ့ပေ။
ထိုအရည် အချင်း မျိုးသည် နန်းဂွန်း ဝမ်းယူနှင့် ယှဉ်နိုင်သည်။ တစ်ဖက်တွင် ဓား အစီအရင်အား ရုတ်သိမ်းရန် အတွေးဝင် လာသည်။
သို့သော် ထိုသို့ လုပ်ခဲ့ ပါက၊ မြောက်ပိုင်း နှင်းစံအိမ် ဟူသော ဂုဏ်ပုဒ်ကို ထိခိုက်စေ ပေလိမ့်မည်။
“ အကြီးအကဲ မို၊ ငါတို့ သူ့ကို သေအောင် လုပ်လို့ မရဘူး။ ”
အကြီးအကဲ များက စိတ်မရှည် တော့ဘဲ၊ တာဝန်ခံ အဘိုးအိုထံ အော်ဟစ်လျက် ဖိအား ပေး လိုက်သည်။
တာဝန်ခံ အဘိုးအို၏ မျက်ဝန်းများ၊ မှေးစင်းသွားပြီး၊ မည်သည့် စကားမျှ မဆို ခဲ့ချေ။ လူတစ်ဦး၏ စွမ်းရည်ကို စမ်းသပ်ရန်၊ သည်ဓား အစီရင်အား၊ ခင်းကျင်း ထားခြင်း ဖြစ်သည်။
ဤနေရာ၌ နန်းဂွန်း ဝမ်းယူ ဆိုလျှင်ပင်၊ စည်းမျဉ်းများ အရ၊ ဓား(၁၈)လက်၏ တိုက်ခိုက် ခြင်းကို ခံရမည် ဖြစ်၏။
သို့သော် နန်းဂွန် ဝမ်းယူမှာ၊ လင်းယွန်ထက် များစွာ သန်မာလှ သဖြင့်၊ အစီရင်အား ဖြတ်ကျော်ရန်၊ ခက်ခဲမည် မဟုတ်ချေ။
ထို့ကြောင့် လင်းယွန် ကဲ့သို့၊ ပါရမီရှင် ဓားသမား တစ်ဦးအား ဓားနှင့် ထိုးသတ် မိပါက၊ လူ ရယ်စရာ ဖြစ်လာ ပေတော့မည်။
အဆုံးတွင် ဓား အစီရင်ကို ရုတ်သိမ်းရန်၊ အကြီးအကဲ မိုက၊ ဆုံးဖြတ် လိုက်သည်။ ယခု အချိန်၌ နောက်ဆက်တွဲ အကျိုးဆက်များ အပေါ်၊ တွေးတော လိုခြင်း မရှိချေ။
နန်းဂွန်း ဝမ်းယူနှင့် နှိုင်းယှဉ် နိုင်သော မျိုးစေ့ တစ်စေ့ ဖြစ်သဖြင့်၊ စည်းကမ်းအား ချိုးဖောက်ရ လျှင်ပင်၊ တန်လှ ပေသည်။
သို့သော် ထိုအချိန်တွင် လင်းယွန်က၊ နဂါးမျက်ဝန်းအား အသက်သွင်း လိုက်ရာ၊ ကောင်းကင်ကြီး ရုတ်တရက် မှောင်ကျ သွားသည်။
မျက်ဆန် အတွင်း၌၊ အနက်ရောင် မီးတောက် တစ်ခု လောင်ကျွမ်း လာပြီး၊ ရှေးဟောင်း ရောင်ဝါများ ထွက်ပေါ် လာသည်။
ထိုစက္ကန့်ပိုင်း အတွင်းတွင်၊ ဓား အစီရင်၏ ချို့ယွင်းချက် များကို၊ သူ တွေ့ရှိ လိုက်၏။ နဂါး မျက်ဝန်းအား ပြန်ရုတ်သိမ်း လိုက်ပြီး၊ စင်မြင့် ပေါ် ခုန်ချ လိုက်သည်။
“ … ”
ထိုမြင်ကွင်းကြောင့် လူတိုင်း ပါးစပ် ဟောင်းလောင်း ပွင့်လျက်၊ တိတ်ဆိတ် သွား ကုန်သည်။
သူ့အား ထိတ်လန့်စွာ ကြည့်နေသော ဂူယန်နှင့် ဂျီ ညီအစ်ကိုအား ပြုံးပြ လိုက်ပြီး၊
“ မင်းတို့ အတူဝင် လာရင် သင့်တယ်၊ မဟုတ်ရင် မင်းတို့တွေ ဘာမှန်း မသိပဲ၊ သေကုန် လိမ့်မယ်။ ”
လေ အဝှေ့တွင် လင်းယွန် အသံမှာ၊ သတ်ဖြတ်ခြင်း အငွေ့ အသက် များနှင့် အတူ၊ ကွင်းပြင် တစ်လျှောက် ပျံ့နှံ့ သွား၏။
လူတိုင်း၏ အကြည့်များ လင်းယွန် ပေါ်သို့ ကျရောက် လာသည်။ ယနေ့တွင် ပါရမီရှင် ခုနှစ် ပါး၏ ဇာတ်ဝင် ခန်းအား ကြည့်ရ လိမ့်မည်ဟု ထင်ထား ခဲ့ကြသည်။
သို့သော် သူတို့ အားလုံးကို သတ်ရန်၊ လင်းယွန်က ထွက်ပေါ် လာပြီး၊ ကြီးစိုးမှုအား ပြသ လာလေသည်။
ဂူယန်၊ ဂျီကျန်းနှင့် ဂျီယီမှာ ကောင်းကင် တောင်ကုန်း မြို့၏၊ ပထမ တန်းစား ပါရမီရှင် များ ဖြစ်သဖြင့်၊ ဤကဲ့သို့ အရှက် ခွဲမည့်သူ မရှိ ခဲ့ချေ။
ထို့ကြောင့် ၎င်းတို့ သုံးဦးအား တပြိုင် နက်တည်း တိုက်ခိုက် လာစေရန်၊ မည်သူမျှ စိန်ခေါ် ဝံ့ခြင်း၊ မရှိခြင်း ဖြစ်သည်။
“ မင်းက သေချင် နေတာပဲ၊ အရင်က ပြေးနိုင် ခဲ့ပေမယ့်၊ ဒီတစ်ခါ ငါတို့ မင်းကို ပြေးခွင့် မပေး တော့ဘူး။ ”
ဂူယန်က သိုင်းဝိညာဉ်ကို ဆင့်ခေါ်လျက်၊ ဆိုလိုက်သည်။ ဂျီကျန်းမှာ ဥက္ကာပျံ တစ်စင်း ကဲ့သို့၊ ကောင်းကင်မှ ဦးစွာ ခုန်ဆင်း တိုက်ခိုက် လာ၏။
မီးလျှံ များက၊ ဆူးပန်းနွယ် တစ်ပင် အဖြစ်၊ လေထဲ ပေါင်းစပ် သွားကာ၊ ဂျီကျန်းအား ထောက်ပံ့ ပေးလေသည်။
လင်းယွန် သည်လည်း၊ ပန်းသင်္ချိုင်း ဓားအား ဆွဲထုတ်လျက်၊ ကောင်းကင်ပေါ် ချက်ချင်း ခုန်တက် လာသည်။
“ ဟိတ် ... ။ ”
ဓား ရည်ရွယ်ချက်မှာ၊ ကန့်သတ် ချက်သို့ ရောက်ရှိ သွားချိန်၌၊ ဆူးပန်း နွယ်ကို တစ်ချက် တည်းဖြင့်၊ ဖျက်ဆီးပစ် လိုက်သည်။
“ ဝှစ် ... ။ ”
ထို့နောက် လက်နှစ်ဖက်ကို ဆန့်လျက်၊ ဂူယန်ထံ ရွှေကျီးကန်း တစ်ကောင် အသွင် ပြောင်းလဲ၊ ပြေးဝင် သွားလိုက်သည်။
လေနက်သော ခြေလှမ်း ခုနစ်လှမ်းကို၊ ကန့်သတ်ချက် အထိ တွန်းပို့ထား သော်လည်း၊ ပန်းသင်္ချိုင်း ဓားမှာ ထို့ထက် ပိုမြန်၏။
“ သခင့်ဓား ... ။ ”
သခင့်ဓားနှင့် လေးနက်သော ခြေလှမ်း ခုနစ်လှမ်းတို့ ပေါင်းစပ် သွားချိန်၌၊ ဂျီကျန်း တစ်ယောက် သူ့ အနောက်သို့ ရောက်ရှိ လာသည်။
ပြီးနောက် သူ၏ မိစ္ဆာ ဝံပုလွေ သိုင်းဝိညာဉ်ကို ဆင့်ခေါ်ကာ၊ လင်းယွန်အား လက်ဖဝါးဖြင့် ရိုက်ချ လိုက်သည်။
ခရမ်းရောင် စွမ်းအင် အရှိန် အဝါမှာ၊ ကြမ်းကြုတ်သော ဝံပုလွေ ခြေသည်းများ အသွင် ပြောင်းလဲ သွား၏။
ထိုဝံပုလွေ ခြေသည်း တစ်စုံအား၊ ရင်ဆိုင် ခုခံရန် မည်မျှ ခက်ခဲ မည်ကို လူတိုင်း နားလည် ပေသည်။
ထို့ကြောင့် လင်းယွန်သာ ထိုခြေသည်းကို ရှောင်တိမ်း ချင်ပါက၊ ဂူယန်ထံ ပို့လွှတ်မည့် ဓားအား ပြန်လည် ရုတ်သိမ်း ရပေမည်။
သို့သော် ထိုသို့ ရွေးချယ် လက်လျှော့ လိုက်ခြင်းဖြင့်၊ ဂူယန်၏ အသက်ခြွေ နိုင်သော တိုက်ခိုက်မှုကို ခံရ နိုင်သည်။
ဤအခြေ အနေတွင် အရှုံးပေး ရုံမှ တပါး အခြား မရှိ တော့ချေ။
“ ဒါက အဆုံးသတ်ပဲ။ ”
ကောင်းကင် တောင်ကုန်း မြို့၏ ကျင့်ကြံသူ များက၊ ပါရမီရှင် သုံးဦး၏ ပူးပေါင်း တိုက်စစ်ကို ကြည့်ပြီး၊ ပြုံးလာ ကြသည်။
နောက်ဆုံးတွင် ၎င်းတို့ အားလုံးမှာ၊ ပထမ တန်းစား ပါရမီရှင်များ ဖြစ်သဖြင့်၊ သိုင်းဝိညာဉ် ဆင့်ခေါ် ပြီးနောက်၊ လင်းယွန်အား သတ်ပစ် နိုင်လိမ့် မည်ဟု၊ ယုံကြည် မိသည်။
“ အရှုံးပေး ခိုင်းတာလား မဖြစ် နိုင်တာ၊ ငါ့ဓားကို ဆွဲထားပြီး သားမို့၊ အန္တရာယ် တွင်းကို သက်ဆင်း ရရင်တောင်၊ တစ်ချက် နောက်တွန့်မှာ မဟုတ်ဘူး။ ”
“ သခင့်ဓား— အလင်းခွဲ ဖြတ်ခြင်း။ ”
လင်းယွန် ထံမှ တောင်ပံ တစ်စုံ ကဲ့သို့သော အလင်းများ ဖြာထွက် လာပြီး၊ အနားရှိ ဂူယန်၏ တိုက်ခိုက်မှုကို ဖျက်ဆီး ပစ်လိုက်သည်။
ထိုအလင်း များမှာ မရပ်တန့် ခဲ့ဘဲ၊ ဂူယန်အား လွယ်လင့် တကူ နှစ်ပိုင်းဖြတ် ပစ်လိုက် တော့၏။
***