← Chapters

အဆုံး မရှိသော အမုန်း တရား။

Vol. 53 Ch. 730

အဆုံး မရှိသော အမုန်း တရား။

Vol. 53 Ch. 730

လင်းယွန်၏ သတ်ဖြတ်မှု အရှိန် အဝါမှာ၊ အလွန် ပြင်းထန်ပြီး၊ ဂူယန်အား ချက်ချင်း သတ်ပစ်လိမ့် မည်ဟု မည်သူမျှ မမျှော်လင့် ထားခဲ့ ကြပေ။

ထိုမြင်ကွင်းကို ကြည့်ပြီး၊ ဂူ မိသားစု အကြီးအကဲ များမှာ၊ နာကျင် စွာဖြင့်၊

“ မ လုပ် နဲ့ ... ။ ”

-ဟု ဟန့်တား အော်ဟစ် လိုက်ကြသည်။

ချင် မိသားစု၏ အကြီးအကဲ တစ်ဦး၊ သတိ လစ်သွား သည်ကို မှတ်မိ နေသောကြောင့်၊ စင်မြင့် ပေါ်သို့ တက်ဝံ့ခြင်း မရှိ တော့ချေ။

လင်းယွန်သာ မြောက်ပိုင်း နှင်းစံအိမ်ထံ၊ ဝင်ရောက် လိုပါက၊ လက်လျှော့ လိုက်ရုံသာ ရှိ ပေမည်။

ယင်းကို တွေးကြည့် လိုက်မိပြီး၊ မခံစား နိုင်လောက်အောင် စိတ်ဓာတ် ကျဆင်း သွား ကုန်သည်။

ယခု အချိန်၌ သူတို့၏ မျှော်လင့် ချက်မှာ၊ ဂျီကျန်း ပေါ်၌သာ ရှိပေ တော့၏။ ဂူယန်ကို သတ်ရန် အာရုံစိုက် နေသည့် လင်းယွန်အား၊ ဂျီကျန်းမှ ရိုက်နှက် နိုင်ပေမည်။

“ သေ စမ်း ... ။ ”

ဂျီကျန်းက ခရမ်းရောင် လက်ဖဝါးဖြင့်၊ ရိုက်ချ လိုက်သော အခါတွင်၊ လေဟာနယ် တစ်ခုလုံး၊ တဆတ်ဆတ် တုန်လာ၏။

“ သေမင်း၏ သက်ခြွေ လက်ဝါး ... ။ ”

သည့်နောက် အဆိပ် ရှိသော မြူခိုး များက လင်းယွန်ပေါ် ဖုံးလွှမ်း သွားခဲ့သည်။

“ ဘယ်လိုတောင် ကြောက်စရာ ကောင်းလိုက်လဲ။ ”

ဤမြင်ကွင်းကို မြင်သူတိုင်း အသက်ရှူ ကြပ်လာပြီး၊ ကျောပြင်၌ ချွေး များဖြင့် ဖုံးလွှမ်း သွားသည်။

ထိုလက်ဝါး မျိုးအား ထိမှန် ခံကာ၊ ဂူယန် အပေါ် သတ်ပစ်ရန် အာရုံ ခဲ့သော လင်းယွန်၏ အမုန်း တရားမှာ၊ မည်မျှ ပြင်းထန် မည်ကို၊ သူတို့ စိတ်ကူး မယဉ် နိုင်ပေ။

ကောင်းကင် တောင်ကုန်း မြို့၏ ပါရမီရှင် ခုနစ်ပါး ဝိုင်းတိုက်ရုံ သာမက၊ နက်နဲ ခေါင်းလောင်း ကိုပင် အသုံးပြု ခဲ့ကြ သည်။

ထိုသို့သော နာကြည်းမှု မျိုးမှာ၊ လူတိုင်း နားလည် နိုင်သည့် အရာ မဟုတ်ချေ။ တစ်ဖက်တွင် အမုန်း တရားများ ရှိသော်လည်း၊ ပြန်လာ ဝံ့သော သတ္တိမျိုး၊ လူတိုင်း၌ မရှိ သည်မှာ သေချာသည်။

ဂျီကျန်းက မြေပြင် ပေါ်သို့ ဆင်းသက် လာပြီး၊ လေအား ရှူရှိုက် လိုက်၏။ ဤတိုက်ခိုက် မှုကြောင့် သူ၏ မူလ စွမ်းအင် အများ စုအား၊ ကုန်ဆုံး စေခဲ့သည်။

အဆိပ် ပြင်းသော အခိုးအငွေ့ များဖြင့်၊ တိုက်စား ခံနေရသော လင်းယွန်ထံ စိုက်ကြည့် ပြီးနောက်၊

“ ဘယ်လို လူမိုက် မျိုးလဲ။ ”

-ဟု နှာခေါင်းရှုံ့ကာ ရေရွတ် လိုက်သည်။

ဤလက်ဝါးမှာ၊ မည်မျှ ကြောက်စရာ ကောင်းသည်ကို သူ သိ၏။ ချန်စီယုနှင့် ချူးမူယန် ပင်လျှင်၊ ထိမှန်ခံ ရပါက သက်တမ်း တစ်ဝက် ဆုံးရှုံးမည် ဖြစ်သည်။

ဂူယန် အတွက်မူ၊ သူ ဂရုမစိုက် ချေ။ ဓားကျွန်ကို သတ်နိုင်သော်၊ ဂူယန် အသက်အား၊ ထိုးကျွေး နိုင်သည်။

အဆုံးတွင် ဓားကျွန်ကို သူ့ လက်ဖြင့် သတ်နိုင်သည် ဟူသော ဂုဏ်ယူမှုမျိုး ရရှိမည် ဖြစ်သည်။

ထို့ကြောင့် မြူများဖြင့် ဖုံးလွှမ်း နေသော လူရိပ်ထံ ကြည့်ကာ၊ ပြုံးလိုက်၏။

“ သတိ ထား ... ။ ”

ထိုအချိန်တွင် ဂျီယီက အဆိပ်မြူများ အတွင်းမှ ငွေရောင် အလင်းများ ထွက်လာ သည်ကို လှမ်းမြင် သဖြင့်၊ အော်ဟစ် သတိ ပေးလိုက်သည်။

“ ဝှစ် ... ။ ”

သို့သော် ပန်းသင်္ချိုင်း ဓားမှာ နဖူး အလယ် ဗဟိုထံ ထိုးဖောက်လာ သောကြောင့်၊ ဂျီကျန်း မျက်နှာ ပေါ်ရှိ အပြုံးက၊ ရပ်တန့် သွားသည်။

မြန်လွန်း သဖြင့် ဂျီကျန်းကို ထိုးဖောက်ပြီး မှသာလျှင်၊ ဓားသွား မြည်သံကို လူတိုင်း ကြား လာရ၏။

အဆိပ် မြူများ အတွင်းမှ နဂါး ရူရ် (၈) လုံးဖြင့်၊ တောက်ပ နေသော ချပ်ဝတ် တစ်ထည် နှင့်အတူ၊ လင်းယွန်အား မြင်လိုက် ရသည်။

လင်းယွန်က နှုတ်ခမ်း ထောင့်စွန်းရှိ သွေးစကို သုတ်ပြီး၊ ကျန်းယီထံ လှမ်းကြည့် လိုက်၏။

သေမင်း၏ သက်ခြွေ လက်ဝါးဖြင့် ထိမှန် ခံရ သော်လည်း၊ ဒဏ်ရာ အနည်း ငယ်သာ ရရှိ ခဲ့သည့် အပေါ်၊ လူတိုင်း မယုံ နိုင်ကြချေ။

“ အစ်ကိုကြီး ငါ သေတော့ မှာလား ... ။ ”

နဖူးကို ထိုးဖောက် ခံထား ရသောကြောင့်၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ နေပြီး၊ ဂျီကျန်း ထံမှ အသက်ဓါတ်များ ယိုစိမ့်ကျ လာ၏။

တုန်လှုပ် နေသော အသွင်ဖြင့်၊ ဂျီယီ တစ်ယောက် ပြေးတက် လာပြီး၊ ဂျီကျန်းအား ဖမ်းယူ လိုက်သည်။

ဂျီကျန်း မဆိုနှင့်၊ ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင် ပညာရှင် တစ်ဦး ပင်လျှင်၊ ထိုသို့သော ဒဏ်ရာမှ အသက်ရှင် နိုင်စရာ အကြာင်း မရှိချေ။

ဂျီယီ ထံမှ နှစ်သိမ့်မှုကို ကြားချိန် မရ တော့ဘဲ၊ ဂျီကျန်း တစ်ယောက် နောက်ဆုံး ထွက်သက်အား၊ ရှူထုတ် လိုက်ရသည်။

“ မ ဟုတ် ဘူး။ ”

ဂျီယီ၏ မျက်လုံးများ နီရဲ သွားကာ၊ အရူးတစ်ယောက် ကဲ့သို့ ‘အာခေါင် ခြစ်အော်’ လိုက်သည်။

ဤသည်မှာ တုန်လှုပ်ဖွယ် သေခြင်းမျိုး ဖြစ်ပြီး၊ လူအုပ်ကြီးပင် အေးစက်သော ခံစား ချက်များ ဝင်ရောက် လာ၏။

နောက်ဆုံးတွင် ပါရမီရှင် ခုနစ်ပါးသည်၊ လင်းယွန်၏ ရက်ရက် စက်စက် သတ်ဖြတ် ခြင်းကို၊ ‘လည်စင်းခံ’ နေရ ပေ၏။

ဤရလာဒ်မျိုး မည်သူမျှ မမျှော်လင့် ထားချေ။ သူတို့ မျက်ဝန်း ထဲ၌ လင်းယွန်မှာ ယင်ကောင် တစ်ကောင် မျှသာ ဖြစ်၏။

သူ့ကို ဓားကျွန် ဟုပင်၊ ခေါ်ဆို ကြပြီး ပေါ်လာဝံ့ ပါက၊ သတ်ပစ်မည် ဖြစ်ကြောင်း ကြေငြာ ခဲ့သည်။

သို့သော် လင်းယွန်က သူတို့ ခုနစ်ဦးအား လူမြင်ကွင်း၌ ရက်ရက် စက်စက် သတ်ဖြတ်ပြ လာ၏။

“ မင်း ဘယ်လိုတောင် လုပ်ရဲ ရတာလဲ၊ ငါ မင်းကို သတ်မယ်။ ”

သူ့ညီ သေဆုံး မှုကြောင့်၊ ဂျီယီ တစ်ယောက် ရူးသွပ် သွား၏။ ရွှေရောင် မီးတောက် များက ချပ်ဝတ် တစ်ထည် အဖြစ် ပေါင်းစပ် သွားပြီး၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ထုတ်လွှတ် လာသည်။

ချပ်ဝတ် ဗဟို၌ ကြက်သွေးရောင် အဆင်း ရှိသော ကောင်းကင်ဘုံ မီးတောက် ရှိ၏။

“ သူ ရူးသွားပြီ။ ”

“ ဒီတိုက်ခိုက်မှုက သူ့ အခြေခံ အုတ်မြစ်ကို ထိခိုက် လိမ့်မယ်။ ”

“ ဘယ်လိုတောင် ရူးသွပ် ရတာလဲ။ ”

ဂျီယီက လက်ဖဝါးကို လင်းယွန်ထံ ရိုက်ချ လာချိန်တွင်၊ လူတိုင်းက ခေါင်းယမ်း လိုက်ကြ သည်။

တိုက်ခိုက်မှုမှာ ကြောက်စရာ ကောင်း သော်လည်း၊ ၎င်းကို အသုံးပြု ပြီးနောက်၊ ချိနဲ့ သွားမည်မှာ သေချာ၏။

သူ့နောက်တွင် ရွှေရောင် မီးတောက် များက၊ ဆူးပန်း တစ်ပွင့် အဖြစ်သို့ ပေါင်းစပ် သွားကာ၊ လက်ဖဝါးကို အားဖြည့် ပေးလာသည်။

ထို့ကြောင့် လက်ဖဝါးက လင်းယွန်ထံ မကျရောက် မီကပင်၊ မြေပြင်၌ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာတော့သည်။

မမြင်နိုင်သော လှောင်အိမ် တစ်လုံးဖြင့်၊ ပိတ်ဆို့ ကန့်သတ်လိုက် သကဲ့သို့၊ လင်းယွန် တစ်ယောက် ခံစား လိုက်ရ၏။

“ နည်းနည်းတော့ စိတ်ဝင် စားစရာ ကောင်းလာပြီ။ ”

ဂျီယီမှာ ပထမ တန်းစား ပါရမီရှင် တစ်ဦး ဖြစ်သဖြင့်၊ သူ၏ အဆုံးစွန်သော တိုက်ခိုက်မှုမှာ၊ အလွန် ကြောက်စရာ ကောင်းနေဆဲ ဖြစ်သည်။

သို့သော် လင်းယွန်က လျစ်လျူရှု လိုက်ပြီး၊ မြစိမ်းရောင် ပြောင်းလဲ နေသော လက်ချောင်း များဖြင့် ဂျီယီထံ ချိန်ရွယ် တောက်ထုတ်သည်။

“ ဖောက် ... ဖောက် ဖောက်။ ”

သို့သော် တစ်ဖက် လူအား၊ ဟန့်တား နိုင်ခြင်း မရှိ သဖြင့်၊ ခြေလှမ်း အနည်းငယ် ဆုတ်ခွာ လျက်၊ ဓား အလင်းများ ဆက်တိုက် ပစ်ထုတ် လိုက်ရသည်။

ဂျီယီမှာ ရှေ့ဆက်မြဲ ဆက်ကာ၊ လင်းယွန် နောက်သို့ လိုက်ပါ လာ ခဲ့၏။ သူ့ နောက်ရှိ ဆူးပန်း ထံမှ ရွှေမီးတောက် များက၊ စင်မြင့် တစ်ခု လုံးကို၊ ဖုံးလွှမ်း သွားသည်။

လင်းယွန် ကမူ လက်ချောင်း များကို တောက်ထုတ် နေဆဲ ဖြစ်ပြီး၊ တိုက်ခိုက်မှု တိုင်းက ပြိုင်ဘက်၏ ချို့ယွင်း ချက်ထံ ဦးတည် နေခဲ့သည်။

ထိုသို့ အဆက် မပြတ် ပစ်လွှတ်မှု များကြောင့်၊ သာယာသော ဗျက်စောင်း သံများ ထွက်ပေါ် လာသည်။

အချိန်ကြာ လာသည်နှင့် အမျှ၊ ဗျက်စောင်း သံမှာ ဆက်လက် ကြီးထွား လာသည်ကို၊ လူ အနည်းငယ်မှ သတိထား မိလာ၏။

ထို့နောက်တွင် မမြင် နိုင်သော ရေစီးကြောင်း များကဲ့သို့ စင်မြင့်ပေါ် ဖုံးလွှမ်း သွားသည်။ ( ယင်းမှာ ဓား အရှိန်အဝါများ သိပ်သည်းစွာ ဖုံးလွှမ်း လာသည်ကို ဆိုလို ချေသည်။ )

မည်သူ မဆို ရုတ်တရက် တိုးလာသော ဓားရောင်ဝါ များကိုသာ သတိထား မိမည် ဖြစ်၏။

ထိုဓားရောင်ဝါ သည်ပင် ကြောက်မက်ဖွယ် ကောင်းနေပြီး၊ ဓား ရည်ရွယ်ချက် ကိုသာ ထုတ်လွှတ် လိုက်ပါက၊ အဆုံး သတ်အား မှန်းဆ မရ နိုင်ချေ။

“ မင်းရဲ့ ဓားကို မဆွဲဘဲ၊ ငါ့ကို ဘယ်လို သတ်မှာလဲ။ ”

သို့သော် ဂျီယီ မျက်လုံး များတွင် သတ်ဖြတ်လိုသော ဆန္ဒ များသာ၊ ပြည့်နှက် နေပြီး၊ ၎င်းအား မမြင် တော့ချေ။

ထို့နောက် သူ့ လက်နှစ်ဖက်ကို ဝှေ့ယမ်းပြီး၊ ပြင်းထန်သော မုန်တိုင်း တစ်စင်းအား ဖန်တီး လိုက်သည်။

သူ့ အထက်တွင် အရှိန်အဝါ များနှင့် ပေါင်းစပ် ထားသော ဧရာမ မီးလက်ဖဝါးကြီး နှစ်ဖက်၊ တွဲစပ်လျက် ထွက်ပေါ် လာသည်။

ဤလှုပ်ရှားမှုမှ ထွက်ပေါ် လာသော တုန်လှုပ်ဖွယ် လှိုင်းများမှာ၊ လူ များစွာကို သွေးအန် စေခဲ့၏။

“ မင်း သွားသေ လိုက် တော့ ဓားကျွန်ကောင် ... ။ ”

ညာလက်အား မြှောက်လျက် ရိုက်ချ လိုက်ရာ၊ မီးလက်ဝါး တစ်စုံက တောင်ကြီး တစ်လုံး ကဲ့သို့၊ ကောင်းကင်မှ ဆင်းသက် လာ၏။ ယင်းက စင်မြင့်အား အရိပ် သဖွယ် အုပ်မိုး သွားလေသည်။

တစ်ဖက်တွင် ဓားအလင်း ပစ်လွှတ်ချက်များ နှေးကွေး လာသော်လည်း၊ လင်းယွန် မျက်နှာမှာ ပြောင်းလဲခြင်း မရှိ သေးချေ။

နောက်ဆုံးတွင် လေးလံ လွန်းသော သူ့ လက်ညှိုးကို မြှောက်တင်ကာ၊ တောက်ထုတ် လိုက်သဖြင့်၊ ယခင် ကထက် ကျယ်လောင်သော အသံများ ထွက်ပေါ် လာတော့၏။

“ ရွှီး ..... ဖောက် ။ ”

ခရမ်းရောင် ဓား အလင်းမှာ၊ လွင့်ထွက် သွားပြီး၊ တောက်လောင် နေသော ဂျီယီ၏ လက်ဖဝါး များကို ထိုးဖောက် သွားသည်။

ဂျီယီ တစ်ယောက် သွေးအန်လျက် နောက်ဆုတ် လိုက်ရ၏။

“ ဒါ … ။ ”

သူ၏ ‘သေမင်း တမန် လက်ဝါး’ ကို၊ ပြိုင်ဘက်မှ ပြတ်ပြတ် သားသား တွန်းလှန် နိုင်လိမ့် မည်ဟု၊ ဂျီယီ မထင်ထား မိချေ။

မှင်တက် နေစဉ်၊ ပုံရိပ် တစ်ရိပ်က မီးလျှံများ အတွင်းမှ တိုးထွက် လာ၏။

ထိုပုံရိပ်က ဖြည်းညှင်းစွာ လျှောက်လှမ်း နေသည်မှာ မှန်သော်လည်း၊ မယုံနိုင်ဖွယ် အမြန် နှုန်းဖြင့် အနား ရောက်လာသည်။

အနား ရောက်သည်နှင့်၊ ဓားအား ဆွဲထုတ်ပြီး၊ သူ့ လည်ပင်းထံ ဦးတည်လျက် ဓားဖြင့် ခုတ်ပိုင်း လာတော့သည်။

“ ရွှပ် ..... ။ ”

ဤသည်မှာ ဂျီယီ၏ နောက်ဆုံး မြင်ကွင်း ဖြစ်၏။ ပြတ်ထွက် သွားသော ဦးခေါင်းမှာ စင်မြင့် ပေါ်မှ လှိမ့်ဆင်း သွားပြီး၊ ဂျီ မိသားစု ရှေ့၌ ရပ်တန့် သွားလေ သည်။

ယင်းကြောင့် လူအုပ်ကြီးက ထိတ်လန့် တကြားဖြင့်၊ လင်းယွန်ထံ ပြန်မော့ ကြည့်လိုက် ကြသည်။

“ လင်းယွန် ... ၊ မင်း ကောင်းကင် တောင်ကုန်း မြို့ကနေ၊ ထွက်သွား နိုင်မယ် မထင်နဲ့။ ”

ဂျီ မိသားစု အကြီးအကဲ များက အံကြိတ်လျက်၊ လင်းယွန်အား စိုက်ကြည့်ကာ ဆိုသည်။

“ ကောင်းကင် တိမ်လွှာ ဂိုဏ်းက သေချာပေါက် မင်း အသက်ကို ယူရ လိမ့်မယ်။ ”

“ ချင် မိသားစု ကိုလည်း ထည့်တွက်ထား။ ”

“ ငါတို့ ဂူ မိသားစု ကလည်း ဒီကိစ္စ အတွက် လက်စား ချေမယ် ။ ”

၎င်းတို့၏ သတ်ဖြတ်မှု ရောင်ဝါ များမှာ၊ လေထဲ ပျံ့လွင့် လာပြီး၊ လင်းယွန်ထံ ဦးတည် လိုက်သည်။

ကြောက်စရာ ကောင်းသော ဒေါသ တရားကြောင့်၊ တိမ်များ အနီရောင် ပြောင်းလျက်၊ အသက် ရှူရ ကြပ်လာ စေ၏။

“ ပါးစပ် ပိတ် ထား စမ်း ။ ”

မြောက်ပိုင်း နှင်းစံအိမ်မှ အကြီးအကဲ မိုက၊ ရိုးရှင်းသော ဓားအလင်း များနှင့်၊ ထိုရောင်ဝါ များကို ထိုးဖောက် ပစ်လိုက်သည်။

သူ့ မျက်လုံးများက အေးစက်စွာ လှည့်ပတ် နေသော ရေဝဲကြီးနှင့် တူ၏။ ယင်းက ၎င်းတို့၏ ဒေါသကို မြိုသိပ် ထားရန် မှတပါး၊ အခြား မရှိ တော့ချေ။

ပြင်ပ ကျင့်ကြံသူ များက ဤမြင်ကွင်းကို ကြည့်ပြီး ကျေနပ် စွာဖြင့် ပြုံးရယ် လိုက်ကြ သည်။

ကောင်းကင် တောင်ကုန်း မြို့ခံ များမှာ၊ ဝင့်ကြွား လွန်း သော်လည်း၊ နှင်းစံအိမ် ရှေ့တွင် အစွယ်ကျိုးသော မြွေတစ်ကောင် ကဲ့သို့၊ ငြိမ်ဝပ် ရပေ၏။

သို့သော် အကြီး အကဲ မိုမှ၊ ဂုဏ်ပြု စကား မပြော နိုင်မီ၊ အေးစက်သော အသံ တစ်သံ ထွက်ပေါ် လာသည်။

“ လင်းယွန် ... မင်း ရဲရင်၊ ငါ့ စင်မြင့်ကို တက်လာပါ၊ လွန်ခဲ့တဲ့ ငါးရက် တည်းက မင်းကို သုံးကြိမ် အတွင်း အနိုင်ယူ ခဲ့ပြီး ပြီမို့၊ အခု ခွေး တစ်ကောင်လို ငါ သတ်ပြမယ်။ ”

ချန်စီယုက မောက်မာ ရိုင်းစိုင်း လွန်းသော စကားလုံး များဖြင့်၊ လင်းယွန်အား ရန်စ လိုက်သည်။ နှင်းစံအိမ်၏ အကာ အကွယ် အောက်မှ လင်းယွန်အား ထွက်လာ စေလို၏။

“ မင်း သေချင် နေမှတော့ ... ၊ မင်း ဆန္ဒကို ငါ ဖြည့်ဆည်း ပေးပါမယ်။ ”

သို့သော် လင်းယွန်မှ တုံ့ဆိုင်း မနေဘဲ၊ အလင်း အမှောင် လမင်း ကမ္ဘာ စင်မြင့် ဆီသို့၊ ခုန်လွှား လာခဲ့သည်။

ချင်ရို့ယူ မျက်ဝန်း များ၌ အေးစက်သော အလင်းများ တောက်ပ လာပြီး၊ ထိုင်ခုံမှ နေ၍၊

“ သူ့ကို သေအောင် သတ် ” -ဟု အမိန့်ပေး လိုက်၏။

ထို့ကြောင့် ကြောက်စရာ ကောင်းသော ခရမ်းရောင် လမင်းမှာ၊ လင်းယွန် ထံသို့ ဦးတည် လာတော့သည်။

***

All Chapters