ခရမ်းရောင် လကို ဖျက်ဆီးခြင်း။
Vol. 53 Ch. 731
အုပ်စိုးရှင် အင်အားစု သုံးခုမှာ၊ သူတို့၏ စင်မြင့် ပေါ်၌ ခင်းကျင်း ထားသော စမ်းသပ်မှု များကို၊ ချုပ်ကိုင်ထား နိုင်သည်။
ယန္တရား ရုပ်တု၊ ဓားနှင့် ခရမ်းရောင် လမင်းတို့ အနက်၊ ခရမ်းရောင် လမင်းသည် ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။
ရောက်ရှိလာ သူတိုင်းကို အိုမင်း ရင့်ရော် သေဆုံး သွားစေ၏။ ထို့ကြောင့် ချင်ရို့ယူ အမိန့် အရ၊ ခရမ်းရောင် လမင်းကို၊ ထိန်းချုပ်သည့် နောက်တွင်၊ မည်မျှ ကြောက်စရာ ကောင်းလာ မည်အား၊ မှန်းဆ နိုင်ခြင်း မရှိ တော့ချေ။
နှင်းစံအိမ်၏ အကြီးအကဲ မိုက၊ ချန်စီယုအား သတ်ဖြတ် လိုသော မျက်ဝန်း များဖြင့်၊ လှမ်းကြည့် လိုက်သည်။
ဤလူငယ်မှာ လင်းယွန်အား စင်ပေါ်မှ ထွက်ခွာ သွားရန် လှုံ့ဆော် ခဲ့ပြီး၊ ဝင်ရောက် ဟန့်တားလို သော်လည်း၊ သူ မတက် နိုင်ချေ။
တစ်ဖက်တွင် မျိုးနွယ်စု လေးခုနှင့် ကောင်းကင် တိမ်လွှာ ဂိုဏ်း၏ အကြီးအကဲ များမှာ၊ ရွှင်မြူး လာတော့သည်။
နောက်ဆုံးတွင် မြောက်ပိုင်း နှင်းစံအိမ်မှ၊ လင်းယွန်အား ကာကွယ် နိုင်ခြင်း မရှိ တော့ချေ။ ခရမ်းရောင် လဖြင့် လင်းယွန်ကို သတ်ရန် လုံလောက် သည်။
“ ဘယ်လို လူမိုက်လဲ။ ”
ချန်စီယု တစ်ယောက် လှောင်ပြောင် ရယ်မော လိုက်၏။ ဓားကျွန်မှာ အရည်အချင်း ရှိ လျှင်ပင်၊ အသုံး မဝင် တော့ချေ။
သူ့ သေလမ်းကို ရွေးပြီး ဖြစ်၏။ ထိုမှသာ ချူးမူယန် သည်လည်း ပြုံးရယ်လာ နိုင်တော့ သည် ။
“ ဓားကျွန်က ... ၊ ဒီနေ့ သေဖို့ ဆန္ဒ ရှိနေ ပုံပဲ။ ”
နှစ်ယောက်သား စကားဆို နေစဉ်၊ ခရမ်းရောင် လမင်းမှာ တိုက်ခိုက်မှုအား စတင် လာတော့၏။
“ လင်းယွန်ကို သတ်ပစ် တော့မယ်။ ”
“ သူ အရိုးစု ဖြစ်တဲ့ အထိ လုပ်ပါ။ ”
“ ဒါက သူ့အတွက် လွယ်လွန်းတယ်။ ”
အင်အားစု အသီးသီးမှ အကြီးအကဲ များက၊ အံကြိတ်ကာ ဆိုလိုက် ကြသည်။ သူတို့ အတွက်၊ လင်းယွန်၏ သေခြင်းမှာ လွယ်ကူ နေပေသည်။
နောက်ဆုံးတွင် သေရန် တောင်းဆို လာသည် အထိ၊ ညှဉ်းပန်း နှိပ်စက် ခြင်းဖြင့် ဒေါသအား ပြေပျောက်ချင် ပေ၏။
“ စိတ် မပူပါနဲ့၊ ခရမ်းရောင် လက သူ့ကို မသတ် နိုင်သေး ပါဘူး၊ သခင်လေးချန် ဘာလုပ် မလဲသာ၊ စောင့်ကြည် ရအောင်။ ”
ဤအခိုက် အတန့်တွင် လင်းယွန်အား ဖိနှိပ်ရာ၌ နက်နဲ ခေါင်းလောင်းကို ထိန်းချုပ် ရသော ချန်ဝမ်းယီ ဝင်ရောက် ပြောဆို လိုက်သည်။
ခရမ်းရောင် လသည် လင်းယွန်နှင့် တိုက်ခိုက်ရန်၊ အရည် ကဲ့သို့သော ခရမ်းရောင် အငွေ့များ ထွက်လာသည်။
ယင်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး၊ ထိလိုက်တိုင်း မည်းနက် သွားမည် ဖြစ်၏။
နှုတ်ခမ်း ထောင့်မှ သွေးများ ယိုစီးကျ လာပြီး၊ မျက်နှာ ဖြူဖျော့ သွားကာ လင်းယွန် တစ်ယောက်၊ နောက်ပြန် ဆုတ်လိုက် ရသည်။
“ စင်မြင့် ပေါ်တောင် မတက် နိုင်တဲ့၊ မင်းလို အမှိုက် တစ်စက၊ ငါတို့ကို သတ်ချင် နေတာလား၊ စိတ်ပျက် စရာပဲ၊ ဓားကျွန် မင်းမှာ အရည် အချင်းရော ရှိရဲ့လား။ ”
ချူးမူယန်က လှောင်ပြောင် ရယ်မော လိုက်သည်။
“ မင်းတို့ နှစ်ယောက် ဒီလောက် မြန်မြန် သေချင် နေတာလား၊ ကောင်းပြီ။ ”
လင်းယွန်က ချူးမူယန်ကို အေးစက်စွာ တုန့်ပြန် လိုက်ပြီး၊ မြောက်ပိုင်း နှင်းစံအိမ် စင်မြင့် ထက်မှ နေ၍၊ ခရမ်းရောင် လမင်းအား တစ်ချက် ကြည့် လိုက်သည်။
“ ဟား ဟား ဟား၊ ဒီမှာကို လာပါ၊ ငါတို့ စကား ပြောရအောင်။ ”
လင်းယွန် ဒဏ်ရာရ သွားကြောင်း၊ သိလိုက်သဖြင့်၊ ချန်စီယုက သဘော ကျစွာ ရယ်မော လိုက်သည်။
တစ်ဖက်လူ တက်လာနိုင် လျှင်ပင်၊ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိ သွားမည် ဖြစ်သည်။ ထို့ကြောင့် သူတို့ နှစ်ဦး အနက်၊ မည်သူ မဆို ဓားကျွန်အား သေအောင် နှိပ်စက် နိုင်ပေမည်။
သူတို့ အနေဖြင့် လင်းယွန် အပေါ်၊ အမုန်း တရားများ ပြည့်နှက် နေခဲ့သည်။ အထူးသဖြင့် ချန်စီယု ဖြစ်၏။
နောက်ဆုံးတွင် လင်းယွန်အား သတ်ပစ် ခဲ့သည်ဟု၊ ချင်ရို့ယူ ထံ၌ ကိုယ်တိုင် ကိုယ်ကျ ဆိုထား မိသည်။
သို့သော် လင်းယွန် ထွက်ပေါ် လာပြီး၊ ပါရမီရှင် ငါးဦးအား သတ်ပစ်ကာ၊ သူ့မျက်နှာကို ဖြတ်ရိုက် လေသည်။ ထိုအချိန်တွင် ချင်ရို့ယူ၏ မျက်နှာမှာ၊ ကြောက်ခမန်း လိလိ နက်မှောင် နေသည်။
သူမက ချန်စီယုနှင့် ချူးမူယန် တို့အား၊ တစ်ချက် ကြည့်ရုံဖြင့်၊ တောင်ကြီး တစ်လုံး ပြိုကျ လာ သကဲ့သို့ ခံစား လိုက်ရ၏။
ယင်းကြောင့် လင်းယွန်ကို သတ်ရန် အလျင်လို နေခြင်း ဖြစ်သည်။
မဟုတ် ပါက အလင်း အမှောင် လမင်း ကမ္ဘာသို့၊ ဝင်ရောက်ခွင့် ရလျှင်ပင်၊ မျက်နှာရှိ တော့မည် မဟုတ်ချေ။
“ ဓားကျွန်၊ မင်းက အဲ့ဒီ နဂါးသွေး မြင်းကြောင့်၊ အသက်ရှင် ခဲ့တာ မဟုတ်လား၊ ဒီအကောင်က မင်းကို ကာကွယ်ဖို့ သူ့ကိုယ်သူ စတေး ဝံ့တယ်။ ”
“ သြော် ... ဒါနဲ့၊ သူ့ အလောင်းကို ပြာကျတဲ့ အထိ၊ မီးရှို့ ပေးခဲ့တယ် ဆိုတာ ငါ ပြောဖို့ မေ့ သွားတယ်၊ ဒီအတွက် လက်စား ချေချင်လား၊ ငါတို့ ဒီမှာ မင်းကို စောင့်နေတယ်။ ”
ချူးမူယန်၏ ထိုစကားကို ကြားလိုက် ချိန်၌ လင်းယွန် နှလုံးသားမှာ ဒေါသဖြင့်၊ လောင်မြိုက် လာလေ သည်။
“ ငါ့ကို ဒေါသ ထွက်အောင် ကြိုးစား နေကြတာလား၊ စိတ်မပူ ပါနဲ့ ငါ မင်းတို့ ဆီကို လာမှာပါ၊ ... ”
“ ... အခုတော့ မင်းတို့ နှစ်ယောက် စကားတွေ တစ်ဝကြီး ပြောထား ကြပါဦး၊ ဒါက မင်းတို့ရဲ့ နောက်ဆုံး အခွင့် အရေးပဲ။ ”
အသံမှာ ကျယ်လောင်ခြင်း မရှိ သော်လည်း၊ ပြတ်သားသော အသွင်ဖြင့်၊ သူ၏ ကြီးစိုးမှုအား ထုတ်ဖော် ပြလာသည်။
သူ့စကား အတွင်းမှ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ် လိုခြင်း ဆန္ဒ များကို လူတိုင်း ခံစား နိုင်၏။
“ ဘယ်လောက်တောင် အရှက်မဲ့ လိုက်လဲ။ ”
ဂိုရှုက အေးစက်စွာ အပြစ်တင် လိုက်သည်။ အလင်း အမှောင် လမင်း ကမ္ဘာမှာ၊ လင်းယွန် အပေါ် ရည်ရွယ်ချက် ရှိရှိ ပစ်မှတ် ထားနေ၏။
အုပ်စိုးရှင် တစ်ပါး အနေဖြင့်၊ ဤမျှ အရှက်ကင်း မဲ့သော လုပ်ရက်မျိုး၊ ပြုလုပ်လိမ့် မည်ဟု မထင်ထား မိချေ။
တစ်ချိန်တည်း မှာပင်၊ ခရမ်းရောင် အခိုး အငွေ့ များကြောင့် အိုမင်း ရင့်ရော် လာသော လက်ဝါး ပြင်ကို ငုံကြည့်ပြီး၊ လင်းယွန် တစ်ယောက် တွေဝေ သွားသည်။
မိုးပြာ နဂါး မူလ ပုံစံအား ဖြန့်ကျက် လိုက်သည်နှင့်၊ ချက်ချင်းပင် အိုမင်း နေသည့် အရေပြား နေရာ၌၊ အသစ် အသစ်သော အရေပြားများ ဖြစ်တည် လာလေသည်။
ထို့နောက် ခရမ်းရောင် လမင်းကို မော့ကြည့် လိုက်၏။ ခရမ်းရောင် လမင်းမှာ၊ ထူးဆန်း သည်ဟု ထင်ရ သော်လည်း၊ လက်တွေ့ တွင်မူ လျှို့ဝှက်ချက် မရှိ တော့ချေ။
၎င်းသည် အသက်ဓာတ်ကို စုပ်ယူသော လဲ့ယန်းဇီ၏ သွေးမိစ္ဆာ ကျမ်းနှင့် တူညီသည့်၊ မိစ္ဆာ နည်းစနစ် တစ်ရပ်သာ ဖြစ်၏။
မိုးပြာ နဂါးမူလ ပုံကြောင့်၊ သူ၏ အသက် ဓါတ်မှာ များပြား လွန်းလှပြီး၊ ခရမ်းရောင် လ၏ စုပ်ယူမှု အရှိန်ထက်၊ ပို၍ မြန်သော ဖြစ်တည် မှုမျိုး ထုတ်ပေး နိုင်သည်။
“ ဟိတ် ... ။ ”
ထို့ကြောင့် ခြေထောက်အား စောင့်နင်းလျက်၊ ကောင်းကင်ပေါ် ပြန်လည် ခုန်တက် လိုက်၏။
ဤသို့ လင်းယွန်၏ မိုက်မဲသော လုပ်ရပ်ကို ကြည့်ပြီး ချူးမူယန်နှင့် ချန်စီယုမှာ မျက်လုံးများ တောက်ပ သွားသည်။
“ သူ့ကို သတ် ... ။ ”
အလင်း အမှောင် လမင်း ကမ္ဘာမှ အကြီး အကဲ များက၊ ခရမ်းရောင် လကို အောက်သို့ နောက်တစ်ကြိမ် ဆွဲယူ လိုက်သည်။
သို့သော် ယခု တစ်ကြိမ်၌၊ လင်းယွန် ခန္ဓာ ကိုယ်မှ နဂါး ဟောက်သံများ ပဲ့တင်ထပ် လာပြီး၊ လရောင်အား လျစ်လျူရှု လိုက်တော့သည်။
(၁၆၀)သော ဆေးကြိုးအိုး များနှင့် ညီမျှသည့်၊ အသက် စွမ်းအင် များက လျှပ်စီး များကဲ့သို့ ပွက်ပွက် ဆူလာသည်။
ကြောက်စရာ ကောင်းသော စွမ်းအင် လှိုင်းများ လျှံထွက် လာပြီး၊ အနီး၌ ဆုံးရှိသော လူငယ် များကို၊ လွင့်စဉ် စေခဲ့သည်။
“ ဖြို ခွဲ စမ်း ... ။ ”
လျှပ်စီးများ လက်နေသည့် လက်သီးဖြင့် လင်းယွန်က ထိုးချ လိုက်သည်။ လက်သီးသည် ခရမ်းရောင် လမင်းအား၊ ကြည့်မှန် တစ်ချပ် ကဲ့သို့၊ ကွဲအက် သွားစေ၏။
လမင်း ကွဲသွား သည်နှင့်၊ ပျစ်တွဲတွဲ အရည်များဖြင့် ဖေါင်းကား နေသော ပိုးတုံးလုံး တစ်ကောင် ထွက်ကျ လာသည်။ ယင်းမှာ မိစ္ဆာ သားရဲ တစ်ကောင်၏ ‘ဥ’ တစ်လုံး ဖြစ်နေ ပေသည်။
လူတိုင်းက ဤအချင်း အရာကြောင့်၊ ထိတ်လန့် တုန်လှုပ် နေစဉ်၊ လျှပ်စီး များက ထိုပိုးတုံးလုံးအား သွေးမြူ အဖြစ်သို့ ပြောင်းလဲ ပစ်လိုက် တော့သည်။
ခရမ်းရောင် လကို ထိန်းချုပ် နေသော အကြီးအကဲ များမှာ၊ မယုံကြည် နိုင်ဟန်ဖြင့်၊ သွေးများ အန်ထွက် လာ၏။
“ ဒါက မဖြစ် နိုင်တာ ... ။ ”
***