အရမ်း လှတယ်။
Vol. 53 Ch. 733
ချူးမူယန်မှာ လင်းယွန်၏ ရိုက်နှက် မှုကြောင့်၊ ကြောက်မက်ဖွယ် ကောင်းသော သေခြင်းဖြင့် အဆုံးသတ် သွားခဲ့သည်။
မြင်း တစ်ကောင်အား ပြာ အဖြစ် ပြောင်းလဲပစ် ခဲ့သည်ဟု ပြောမိသော စကား တစ်ခွန်းကြောင့်၊ သေသည် အထိ ရိုက်နှက်ခံ လိုက်ရ၏။
တစ်ဖက်တွင် ချွမ်းချီ ကျား၏ ခွန်အားကို အသုံးပြု ခြင်းဖြင့်၊ မူလ စွမ်းအင်အား များစွာ ကုန်ဆုံး စေသည်။
ယင်းမှာ အသူရာ နဂါး မျက်ဝန်းကို အသုံးပြု ခြင်းထက်၊ ဘေးထွက် ဆိုးကျိုးများ ပိုမို များပြား ချေ၏။ ရွေးချယ်ခွင့် ရှိပါလျှင် ၎င်းအား အသုံး ပြုမည် မဟုတ်ချေ။
သို့သော် ချူးမူရန်မှ တောင်းဆို လာသည့် အတွက်၊ ဖြည့်ဆည်း ပေးရခြင်း ဖြစ်သည်။ ယခု အချိန်၌ ပါရမီရှင် ခုနစ်ဦးမှာ၊ သူ၏ သတ်ခြင်းကို ခံခဲ့ ရပြီ ဖြစ်သည်။
အုပ်စိုးရှင် အင်အားစု များက တပည့်များ စုဆောင်းရန်၊ ရည်ရွယ်ခဲ့ သော်လည်း၊ လင်းယွန် ရောက်ရှိ လာပြီး၊ သတ်ဖြတ် ပွဲကြီးကို ကျင်းပ လိုက်သည်။
“ မင်း … ။ ”
ကောင်းကင် တိမ်လွှာ ဂိုဏ်းမှ တပည့်များ အားလုံးက၊ လင်းယွန်ကို သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့်၊ လှမ်းကြည့် လာ၏။
ကနဦး ယင်-ယန် အဆင့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့်၊ အဘယ့်ကြောင့် ဤမျှ ကြောက်စရာ ကောင်းရ သည်ကို နားမလည် နိုင်တော့ချေ။
ချူးမူယန်မှာ အသက် အတွက် အလင်း အမှောင် လမင်း ကမ္ဘာအား စွန့်လွှတ်ခဲ့ သော်လည်း၊ လင်းယွန်၏ သတ်ဖြတ် ခြင်းကို ခံနေရ တုန်းပင်။
ယင်းကြောင့် အုပ်စိုးရှင် သုံးပါး၏ အကြီးအကဲ များသည်ပင်၊ လင်းယွန်ကို ကြည့်ပြီး၊ ထိတ်လန့် သွားသည်။
သူတို့က ချူးမူယန် နှင့် အခြားသော ပါရမီရှင်များ သေဆုံးခြင်း တို့ကို ဂရုမစိုက် ကြပေ။
လင်းယွန် ပြသ ခဲ့သော အလား အလာ အရ၊ သူတို့အား စိတ်လှုပ်ရှား ခြင်းထက်၊ ကျော်လွန် သွား စေ၏။
လင်းယွန် ခန္ဓာ ကိုယ်မှာ၊ ပင်ပန်း နွမ်းနယ် မှုကြောင့်၊ တုန်ယင် နေသည်။ ယင်းကို ခံနိုင်ရည် ရှိ သ၍၊ မိုးပြာ နဂါးမူလ ပုံစံမှ၊ ပြန်ကောင်း လာစေရန် ကူညီပေ လိမ့်မည်။
သိုလေှာင် အိတ်အား ပုတ်လိုက်ပြီး၊ ဆေးလုံးပေါင်း များစွာကို ထုတ်ယူလျက် ပါးစပ်ထဲ ပစ်ထည့် လိုက်၏။
ဆေးလုံးများ ပါးစပ်ထဲ ဝင်လာ သည်နှင့် တပြိုင်နက်၊ လင်းယွန်၏ နှလုံး ခုန်သံများ တဟုန်ထိုး ခုန်ပေါက် လာသည်။
ဖြူဖျော့ နေသော မျက်နှာမှာ၊ သွေးရောင်လွှမ်း လာပြီး၊ ခန္ဓာ ကိုယ်မှ ဓားအရှိန် အဝါများ ပြန်လည် တောက်ပ လာ၏။
“ သူ ထွက်ပြေး တော့မယ်။ ”
“ သူ့ကို ဝိုင်းထား၊ ဒီဓားကျွန်ကို အလွတ် ပေးလို့ မရဘူး။ ”
လင်းယွန် ဆုတ်ခွာ သွားသည်ကို မြင်သည်နှင့်၊ အင်အားစု အသီးသီးက လှုပ်ရှား လာတော့သည်။
ပါရမီရှင် ခုနှစ်ပါး ဟူသည် ကောင်းကင် တောင်ကုန်းမြို့ အတွက်၊ ဂုဏ်ယူဖွယ် ပုဂ္ဂိုလ်များ ဖြစ်၏။
အထူး သဖြင့် သိုင်း ရည်ရွယ်ချက်ကို နှိုးထ နိုင်ခဲ့သော ချူးမူယန်နှင့် ချန်စီယုတို့ ဖြစ်သည်။ သို့သော် လင်းယွန်မှ သူတို့ အားလုံးကို သတ်ပစ် ခဲ့သည်။
“ မင်းတို့ တွေက ... ၊ ငါ့ကို တကယ် အထင်ကြီး နေ ကြတာပဲ။ ”
လင်းယွန်က ပြုံးကာ လူအုပ်ထံ တစ်ချက် ဝေ့ကြည့် လိုက်သည်။
“ ငါက ဒီမှာ လူ သတ်ခဲ့ ပေမယ့်၊ စည်းမျဉ်းတွေ အတိုင်း ရှင်းရှင်း လင်းလင်း လုပ်ခဲ့တယ်၊ ... ”
“ ... အခု ငါ စင်ပေါ်မှာ မတ်တပ်ရပ် နေတယ်၊ ငါကို သတ်ချင်လား၊ မင်းတို့ ဘာလို့ တက်မလာ ရတာလဲ၊ ကောင်းကင် တောင်ကုန်း မြို့က အမှိုက် တွေနဲ့ ပြည့်နေ တာပဲ ... ဟမ့်။ ”
လင်းယွန်၏ အော်ငေါက် သံမှာ၊ ဓားတစ်လက် ကဲ့သို့၊ ပြတ်သားစွာ ပဲ့တင်ထပ် လာသည်။
သူ့ စကားကြောင့် မျိုးနွယ်စု လေးခုနှင့်၊ ကောင်းကင် တိမ်လွှာ ဂိုဏ်းသား တို့၏ မျက်နှာများ၊ ပျက်ယွင်း သွားကြသည်။
ပြင်ပ ကျင့်ကြံသူများ ကမူ၊ လင်းယွန် စကား အပေါ်၊ ခေါင်းညိတ် လက်ခံ လိုက်ကြပြီး၊ အထင် အမြင် သေးစွာဖြင့်၊ ၎င်းတို့အား ပြန်ကြည့် လိုက်သည်။
ယင်းကြောင့် ကောင်းကင် တောင်ကုန်း မြို့သား များကို များစွာ အရှက်ရ လာစေ၏။
ကျင့်ကြံခြင်း လောကတွင် ကျွမ်းကျင် ပညာရှင် များသည်သာ၊ လေးစားမှုကို ခံရမည် ဖြစ်ပြီး၊ ပါရမီရှင် ခုနစ်ပါးအား ရဲဝံ့စွာ သတ်ပစ် ခဲ့သော လင်းယွန် အပေါ်၊ အထင်ကြီး မိသည်မှာ သဘာဝ ပေပင်။
ထိုခုနစ်ဦးက လင်းယွန်အား အုပ်စုဖွဲ့ တိုက်ခိုက် ခဲ့ပြီး၊ သူတို့၏ မိသားစု ဝင်များ မှလည်း၊ ဤသို့ ထပ်မံ ကြိုးစား နေချေပြီ။
“ ကောင်းပြီလေ၊ မင်းက သူတို့ ခြောက်ယောက်ကို တရား မျှတစွာ သတ်ပစ် လိုက်တာလို့ မင်းပြော ခဲ့တယ်နော်၊ ... ”
“ ... ဒါဆို ချူးမူယန် စင်ပေါ်က ခုန်ဆင်း သွားပြီး တာတောင်၊ ဘာလို့ သူ့ကို သတ်လိုက် တာလဲ။ ”
လူအုပ် ထဲမှ အေးစက်သော အသံ တစ်သံ ထွက်ပေါ် လာသည်။ ထိုအသံ ရှင်မှာ ချန်ဝမ်းယီ ဖြစ်၏။
“ အမှန်ပဲ ... မင်းက ငါတို့ ကောင်းကင် တိမ်လွှာ ဂိုဏ်းရဲ့ တပည့် တစ်ဦးကို သတ်ခဲ့တာ၊ ဒါဆို ငါတို့ မင်းကို ဘာလို့ ခွင့်လွှတ် ရမှာလဲ။ ”
“ သူတို့ သေဆုံးမှု အတွက်၊ မင်း အသက်နဲ့ ပြန်ပေး ဆပ်ပါ။ ”
“ ဓားကျွန်၊ ဒူးထောက်ပြီး ခွင့်လွှတ်မှုကို၊ တောင်းခံပါ။ ”
ချန်ဝမ်းယီ စကားကြောင့် အားလုံးက၊ အကြောင်း ပြချက်များ ရှာတွေ့ သွားကြ၏။ သူတို့ အတွက်၊ ဆင်ခြေ မပေးနိုင် လျှင်ပင်၊ လင်းယွန်အား သတ်မည် ဖြစ်သည်။
ကျိုးကြောင်း ဆီလျော် မှုကို ရရှိ ပြီးနောက်၊ ပို၍ ကောင်းခေျ၏။ သို့သော် လင်းယွန်က နှာခေါင်း ရှုံ့ လိုက်ပြီး၊
“ ငါ့ကို သေစေ ချင်တဲ့ သူတွေကို၊ သဘာဝ အတိုင်း ငါ သတ်ပစ်တယ်၊ ပြီးတော့ သူ့ကို ရိုက်သတ်ဖို့ တောင်းဆို နေတာ၊ မင်းတို့ မကြား ဖူးလား၊ ... ”
“ ... ငါက သူ့ ဆန္ဒကို ဖြည့်ဆည်းပေး လိုက်တာပါ၊ အခုလို စင်ပေါ်က ခုန်ချ လိုက်ရုံနဲ့၊ လွတ်ပြီလို့ ဘယ်သူက ပြောလဲ။ ”
သည်လူများက သူ့အား လွှတ်ပေးမည် မဟုတ် ကြောင်းကို သူ သိသည်။ ထို့ကြောင့် ကုန်ဆုံး သွားသော မူလ စွမ်းအင်များ ပြန်လည် ပြည့်တင်းရန်၊ အချိန် အနည်းငယ် လိုအပ် ပေသည်။
ထွက်ပြေးခြင်း ဟူသော ဝေါဟာရ အတွက်မူ။
လက်စားချေ မှုကို စိတ်ကြေ နပ်အောင် လုပ်ဆောင် နိုင်ခြင်း မရှိသေး ပါက၊ ထွက်ပြေး မည့် ရည်ရွယ်ချက် လုံးဝ မရှိချေ။
အဆုံးမဲ့ သတ်ဖြတ် လိုသော ဆန္ဒများ တောက်လောင် လာပြီး၊ ချန်ဝမ်းယီထံ ကြည့် လိုက်သည်။
“ သူ သတ်ဦး မှာလား။ ”
“ ကြောက်စရာ ကောင်းလိုက်တဲ့ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်တွေ။ ”
လင်းယွန်ကို ကြည့်ပြီး၊ လူတိုင်း အံ့သြ သွားသည်။ ချန်ဝမ်းယီ ကဲ့သို့သော တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူကို သတ်ချင် နေပေ၏။
သူတို့ နှစ်ဦးကြား ကွာဟ ချက်ကို သိပုံ မရချေ။ သန်မာကောင်း သန်မာနိုင် သော်လည်း၊ သူနှင့် ချန်ဝမ်းယီကြား ကွာဟ ချက်မှာ၊ ကြီးမား လှကြောင်း လူတိုင်း ပြောနိုင်၏။
တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၏ ခွန်အားမှာ၊ ကနဦး ယင်-ယန် အဆင့်ရှိ ပါရမီရှင် တိုင်းကို အလွယ် တကူ ချေမှုန်း နိုင်ပေမည်။
ထို့ကြောင့် လင်းယွန်မှာ သေခြင်း တရား အပေါ်၊ ချစ်မြတ်နိုး နေပုံ ရ၏။
“ မင်း ... ငါ့ကို သတ်ချင် နေတာလား။ ”
ချန်ဝမ်းယီက ကောက်ကျစ်စွာ ပြုံးရယ် လိုက်သည်။ လင်းယွန် တစ်ယောက် သူ့အား လက်စားချေ ချင်နေ သည်မှာ၊ သဘာဝ ပေပင်။
ထို့ကြောင့် ရှေ့ တစ်လှမ်း တိုးကာ၊ ဦးခေါင်းထက်၌ ရှေးဟောင်း ခေါင်းလောင်းကြီး တစ်လုံးကို ဆင့်ခေါ် လိုက်၏။
၎င်းမှာ မူပွား မျှသာ ဖြစ်သော်လည်း၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ လက်တွင်၊ ကြောက်မက်ဖွယ် ကောင်းနေ၏။
“ ဒီခေါင်းလောင်းကို မှတ်မိ သေးလား၊ လွန်ခဲ့တဲ့ ငါးရက် လောက်က မင်းကို နှိပ်စက်ဖို့ သုံးခဲ့ ဖူးတယ်။ ”
ချန်ဝမ်းယီက ပြုံးကာ ဆိုလိုက်သည်။
“ ဒါဆို သူပဲပေါ့ ... ။ ”
“ သတင်း တွေက အမှန် ဖြစ်ပုံပဲ၊ အရှက်မဲ့ လိုက်တာ ... ။ ”
ချန်ဝမ်းယီ စကားကြောင့်၊ အများစုမှာ နှာခေါင်းရှုံ့လျက် အပြစ်တင် ဝေဖန် လိုက်ကြ သည်။
လွန်ခဲ့သည့် ငါးရက်က ဤလူသည် လင်းယွန်အား နှိမ်နင်း ရာ၌ ပါဝင်ခဲ့သူ အဖြစ် ကောလ ဟာလများ ထွက်ပေါ် ခဲ့ဖူးသည်။
ထိုသတင်း အပေါ်၊ သူတို့က အတည် မပြု နိုင်သေး သော်လည်း၊ ချန်ဝမ်းယီမှ ကိုယ်တိုင် ကိုယ်ကျ ဝန်ခံ နေပေ၏။
အဘယ့်ကြောင့် လင်းယွန်၌ ဤမျှ သတ်ဖြတ် လိုသော ဆန္ဒများ ပြင်းထန် နေရ သည်ကို နားလည် လာသည်။
သည်အခြေ အနေ မျိုးဖြင့်၊ ကြုံရ ပါက၊ မည်သူမဆို ပါရမီရှင် ခုနစ်ပါးနှင့်၊ ချန်ဝမ်ယီအား သတ်ပစ် ချင်မည် ဖြစ်သည်။
“ ငါ့ကို သတ်ဖို့ မင်းမှာ နောက်တစ်ကြိမ် အခွင့် အရေး ရှိတယ်လို့ ထင်နေ တာလား၊ မင်း အိပ်မက် မက်နေ တာပဲ ... ။ ”
စကားဆုံး သည်နှင့် သိုလှောင်အိတ်ကို ပုတ်ကာ၊ လင်းယွန်က ကြာပွတ် တစ်လက်အား ထုတ်ယူ လိုက်သည်။
ကြာပွတ် တစ်လျှောက် လျှပ်စီးများ ဖြတ်ပြေး နေပြီး၊ လွှမ်းမိုး လိုသော အရှိန် အဝါများ၊ ထွက်ပေါ် လာတော့၏။
ယင်းမှာ လဲ့ယန်းဇီ ကြီးစိုးစဉ် ကာလ၌ ဆွဲကိုင် ခြံသော မီးလျှံ မိုးကြိုး ကြာပွတ် ဖြစ်၏။ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးတွင်၊ စကြာဝဠာ အဆင့်အား ကျော်လွန် နိုင်သည့် တစ်ခု တည်းသော လက်နက် ပေပင်။
၎င်းရှိ တံဆိပ်မှာ ကျိုးနေပြီ ဖြစ်သဖြင့်၊ လင်းယွန်၏ ကြောက်စရာ အကောင်း ဆုံးသော ဝှက်ဖဲ တစ်ချပ် ဖြစ်လာသည်။
ယနေ့တွင် ပါရမီရှင် ခုနစ် ပါးနှင့်၊ ချန်ဝမ်းယီ ဟူသော ဆိတ်အိုကြီးကို သတ်ရန် ထိုဝှက်ဖဲအား အသုံးပြု တော့မည် ဖြစ်သည်။
“ သတ် ... ။ ”
မီးလျှံ မိုးကြိုး ကြာပွတ်အား၊ လွှဲထုတ် လိုက်သည်နှင့်၊ ကြမ်းကြုတ်သော နဂါးကြီး အဖြစ်သို့၊ ပြောင်းလဲ သွားသည်။
ကြာပွတ်မှ ထုတ်လွှတ်သော ရောင်ဝါကြောင့်၊ လူအုပ် ကြီးကို ကြောက်ရွံ့ မှုဖြင့်၊ ‘ရှဲခနဲ’ နောက်ပြန် ဆုတ်သွား စေ၏။
မိုးကုပ် စက်ဝိုင်းကို ဖြတ်ပြီး၊ လျှပ်စီးများ လက်လာကာ၊ ခေါင်းလောင်းအား တစ်ချက် တည်းနှင့်၊ အပိုင်းပိုင်း ခွဲပစ် လိုက်သည်။
ယင်းကြောင့် ချန်ဝမ်းယီ တစ်ယောက် မျက်နှာ ပြောင်းလဲ သွားကာ၊ ခုခံ ကာကွယ်ရေး တံဆိပ်အား၊ အမြန် ဖွဲ့စည်း လိုက်ရသည်။
သို့သော် မဖွဲ့စည်း နိုင်ခင်၊ ကြာပွတ်မှာ ချန်ဝမ်းယီ၏ ခန္ဓာကိုယ်အား၊ နဂါး တစ်ကောင် အသွင်၊ ချက်ချင်း ရစ်ပတ် လာတော့၏။
“ ဆိတ်အိုကြီး ၊ ဒူးထောက်စမ်း ... ။ ”
လင်းယွန် မျက်လုံး များက၊ အေးစက်စွာ တောက်ပ လာသည်။ သည်လူ့ အပေါ် မုန်းတီး မှုမှာ၊ ပါရမီရှင် ခုနစ်ပါးထက် ပို ပေ၏။
“ ဝှစ် ... ။ ”
လက်ကောက် ဝတ်ကို လှည့်ပြီး၊ လွတ်မြောက် လိုသော ချန်ဝမ်းယီ အပေါ်၊ တင်းကြပ်စွာ ထပ်မံ ထုပ်ပိုး လိုက်သည်။
“ ဖျစ် ... ။ ”
ထို့ကြောင့် လျှပ်စီး များက သူ့ အရေပြားကို ပြတ်ရှ သွား စေ၏။
“ မ လုပ် နဲ့၊ ကျေးဇူး ပြုပြီး ငါ့ကို မသတ် ပါနဲ့။ ”
ချန်ဝမ်းယီက ထိတ်လန့် စွာဖြင့် ရုန်းကန် လိုက်သော်လည်း၊ လွတ်မြောက် နိုင်ခြင်း မရှိ တော့ချေ။
ရုန်းကန် လိုက်တိုင်း ကြာပွတ်မှာ၊ အသက်ရှိနေ သကဲ့သို့ ပို၍ ရစ်ပတ် လာကာ၊ အရိုးထိတိုင် တိုးဝင် မည်ဟု၊ ခြိမ်ခြောက် မှုများ ပေးစွမ်း နေသည်။
“ သေ လိုက် တော့ ... ။ ”
ကြာပွတ်အား ဆွဲပင့်လျက်၊ ချန်ဝမ်းယီကို ချေမွှ ပစ်လိုက်၏။ နေရာအနှံ့ သွေးမြူများ ပျံ့ ကုန်ပြီး၊ ‘သတ်’ ဟူသော ဝိုးတဝါး အသံများ သည်သာ၊ လေထဲ ပဲ့တင်ထပ် နေပေသည်။
“ လုံ လောက် ပြီ ... ။ ”
ဤအခိုက် အတန့်တွင် အေးစက်သော အသံ တစ်သံနှင့် အတူ၊ လက်ဝါး တစ်ဖက်က လင်းယွန်ပေါ် ကျရောက် လာ၏။
ချင်ရို့ယူက ထိုင်ခုံမှ မတ်တပ် ထရပ် လိုက်ပြီး၊ မည်းမှောင် နေသော မျက်နှာဖြင့်၊ စိုက်ကြည့် လာသည်။
တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ အရှိန်အဝါကို ထုတ်လွှတ်လျက်၊ လင်းယွန်အား လက်ဝါး တစ်ချက် ပေးလိုက်ခြင်း ဖြစ်၏။
“ ငါကိုယ်တိုင် လှုပ်ရှား ရအောင် ... ၊ မင်းက အဆင့် မမီ သေးဖူးလို့၊ ငါ ပြောဖူးတယ် မဟုတ်လား၊ ... ”
“ ... ဒါပေမယ့် ကြည့်ရတာ မင်းက ယင်ကောင် တစ်ကောင်လို၊ တကယ် ရွံ့ရှာဖွယ် ကောင်းလွန်းတယ်။ ”
စကားဆုံး သည်နှင့်၊ ခရမ်းရောင် လမင်းအား ဆင့်ခေါ်ကာ၊ လင်းယွန်ထံ နောက်ထပ် လက်ဝါး တစ်ချက် တွန်းထုတ် လိုက်သည်။
“ ဝေါ့ ... ။ ”
ထိုလက်ဝါးကြောင့် လင်းယွန်မှာ၊ သွေး တစ်လုတ် အန်လျက် ခြေလှမ်းပေါင်း များစွာ ဆုတ်ခွာ ပေးလိုက် ရသည်။
“ ခွေး မ ... ။ ”
သွားကြား ထဲမှ ထွက်သော လေသံဖြင့်၊ ဆဲရေး လိုက်သည်။
လင်းယွန် သုံးနှုန်း လိုက်သော နာမ်စား ကြောင့်၊ ချင်ရို့ယူ တစ်ယောက် ပေါက်ကွဲလာ နိုင်သည်ကို သိသဖြင့်၊ လူအုပ်ကြီးမှာ ထိတ်လန့် သွား၏။
“ ရိုင်း လိုက် တာ ... ။ ”
ချင်ရို့ယူ နောက်တွင် ထိုင်နေသည့် အကြီးအကဲ များနှင့် တပည့် များက၊ သတ်ဖြတ် လိုသော ဆန္ဒ များဖြင့်၊ ထရပ် လာသည်။
မရဏ သမီးတော်ကို အရှက် ခွဲဝံ့ သူတိုင်း၊ ကြောက်စရာ ကောင်းသော သေခြင်း ဖြင့်သာ၊ အဆုံးသတ် ရပေမည်။
သို့သော် ချင်ရို့ယူမှ လက်တစ်ဖက် မြှောက်လျက်၊ သူတို့အား ဟန့်တား လိုက်၏။
“ ထား လိုက် ပါ ဆုံးဖြတ်ပြီး ပြီမို့၊ ဒီယင်ကောင်ကို ငါ ကိုယ်တိုင် သတ်မယ်၊ ငါက လူသတ် ခဲ တဲ့အတွက်၊ ငါ့ လက်မှာ သေရ တာကို မင်းဂုဏ်ယူ နိုင်တယ်။ ”
“ ဖျစ် ... ။ ”
ထို့နောက် စင်မြင့် ပေါ်မှ လှမ်းတော့မည့် အချိန်တွင်၊ လေထု အတွင်း ရေခဲလွှာများ ပျံ့နှံ့ လာပြီး၊ အေးစက်သော အသံ တစ်သံ ထွက်ပေါ် လာလေသည်။
“ ဟမ့် ... ၊ နင် ရှေ့တစ်လှမ်း လှမ်းရဲရင်၊ နင့်လို ခွေးမ တစ်ကောင်ကို ဘယ်သူ ကယ်တင် နိုင်မလဲ ဆိုတာ ငါ ကြည့်မယ်။ ”
“ ဘယ်သူက ငါ့ကို ဒီလေသံနဲ့ ပြောဝံ့ တာလဲ ။ ”
ချင်ရို့ယူ တစ်ယောက် မည်းမှောင်သော မျက်နှာ ထားဖြင့်၊ အသံရှင်အား လှည့်ပတ် ရှာဖွေ တော့သည်။
တောင်စောင်း တစ်နေရာ၌၊ မိန်းမပျို တစ်ဦး ငြိမ်သက်စွာ ရပ်နေပြီး၊ ကြည်လင်သော သလင်း ရောင်ဝါကို ထုတ်လွှတ် ထားလေသည်။
ထိုမိန်းမပျိုအား မြင်သည်နှင့်၊ လူအုပ် ကြီးက၊ မအောင့်သည်း နိုင်တော့ဘဲ၊ ဝါကျတို တစ်ကြောင်းအား၊ သံပြိုင် ရွတ်ဆို လိုက်ကြ တော့သည်။
“ ဝိုး ... လှ လိုက် တာ။ ”
***