ငါမှ တပါး။
Vol. 53 Ch. 734
တောင်စောင်း ပေါ်ရှိ ထိုအမျိုး သမီး၏ အလှတရားမှာ၊ ထုတ်ဖော် မချီးကျူးဘဲ၊ မနေနိုင် လောက်အောင်ပင် လှနိုင်လွန်း ခေျပြီ။
ကျက်သရေ ရှိခြင်း၊ မြင့်မြတ်ခြင်း၊ ထည်ဝါခြင်း၊ စသည့် အချင်းအရာ များစွာ၊ ရောပြွန်း နေ၏။
ဤကမ္ဘာ ပေါ်ရှိ အလှ တရားများ အားလုံး၊ သူမ ခြေရင်း၌ ဝပ်ဆင်း နေပြီး၊ ရေခဲ နတ်သမီး တစ်ပါး အလား၊ ထင်မှား မိစေ၏။
မိန်းမ တစ်ယောက်၏ အလှ တရား ဟူသည်၊ ဤသို့ ရှိသည်ဟု၊ ပြောပြ နေသယောင် ပေပင်။
သူမနှင့် ပတ်သက်၍ ထိတ်လန့်ဖွယ် အကောင်းဆုံး အသွင်မှာ၊ ထုတ်လွှတ် နေသော အရှိန်အဝါ ဖြစ်၏။
ကောင်းကင်ဘုံ ကိုးပါးကို အုပ်စိုးသော ဧကရီတစ်ပါး ကဲ့သို့၊ ကြည့်မိ သူတိုင်း အသက် ရှူ ကြပ်သွား ပေမည်။
ဤမျှ မြင့်မြတ်သော အမျိုး သမီးမှ၊ လင်းယွန် ရှေ့ရပ်ရန် အမှန် တကယ် ဆန္ဒ ရှိနေ ချေပြီ။
သူ့ ပတ်ဝန်း ကျင်၌ အေးစက်သော လေပြေများ ရစ်သိုင်းလာ သဖြင့်၊ ချင်ရို့ယူ တစ်ယောက် မျက်နှာ ပြောင်းလဲ သွား၏။
သူမ၏ ဒေါသကို၊ မည်သူမျှ မခံ နိုင်ချေ။ ထို့ကြောင့် စော်ကား ပြောဆို သူမှာ၊ အဆုံးသတ် ကောင်းမည် မဟုတ်ကြောင်း ပြောနိုင်သည်။
“ ဘယ်သူ ငါ့ကို ပြောနေ တာလဲ။ ”
ချင်ရို့ယူက စိတ်မရှည် ဟန်ဖြင့်၊ ထိုအမျိုးသမီးအား စိုက်ကြည့်ကာ၊ ထပ်မံ မေးမြန်း လိုက်သည်။
“ ငါ ... ။ ”
အဖြေမှာ တိုတောင်း လှသော်လည်း၊ လေသံတွင် အကန့် အသတ် မရှိသော ယုံကြည် မှုနှင့်၊ လွှမ်းမိုး နိုင်စွမ်းများ ပါရှိ ချေ၏။
ထူးဆန်းသော ထိုအမျိုး သမီးက၊ ချင်ရို့ယူအား တစ်ချက်ပင် လှည့် မကြည့်ဘဲ၊ လင်းယွန် အနား ပျံသန်း လာလေသည်။
ထိုအမျိုးသမီး ထံမှ ကျက်သရေ ရှိခြင်း ဟူသော၊ ဝေါဟာရကို ရှင်းလင်းစွာ နားလည် စေနိုင်၏။
ချင်ရို့ယူမှာ မရဏ သမီးတော် အဖြစ်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ တစ်ခုလုံး တွင်ပင်၊ အလှကြောင့် ကျော်ကြား ခဲ့သည်။
သို့သော် ယင်းမှာ ဤအချိန် မတိုင်မီ မျှသာ ဖြစ်ပြီး၊ သူမ အလှအား သဘောကျ နေသူများ သည်ပင်၊ ငြူစူ လာပြီ ဖြစ်သည်။
စကား တစ်ခွန်းမျှ မဆို ကြဘဲ၊ သူတို့၏ အကြည့်များကို ထိုအမျိုးသမီး ထံမှ မလွှဲဖယ် တော့ချေ။
၎င်းကို သတိထား မိသော ချင်ရို့ယူ မျက်နှာမှာ၊ မည်းမှောင် သွားသည်။ အလှ တရားနှင့် ပတ်သတ်ပြီး၊ သူမကိုယ် သူမ အမြဲ ယုံကြည်မှု ရှိ၏။
ယခုမူ မည်သည့် အရပ်မှ လာမှန်း မသိသော၊ မျိုးမစစ် တစ်ယောက်အား ယှဉ်နိုင်ခြင်း မရှိချေ။ ၎င်းပြင် ထိုအမျိုးသမီးမှာ၊ ဓားကျွန်အား ကာကွယ် နေပြန်သည်။
“ အရိုင်း အစိုင်းမ၊ နင် ... ဘယ်က လာလဲ ဆိုတာ ငါ စိတ်မဝင် စားဘူး၊ ဒီနေ့ ဓားကျွန်ကို ငါ သတ်ရ လိမ့်မယ်၊ ... ”
“ ... နင် ငါ့ကို တားချင် နေတာလား၊ ထွက်သွားစမ်း ... မဟုတ်ရင် နင့် မျက်နှာကို စုတ်ဖြဲ မိတဲ့ အတွက်၊ ငါ့ အပေါ် အပြစ် မတင်နဲ့။ ”
ချင်ရို့ယူ စကား များမှာ၊ ခြိမ်းခြောက် နိုင်စွမ်း အပြည့် ရှိသော်လည်း၊ ထိုအမျိုးသမီးက လှည့်ပင် မကြည့် ခဲ့ချေ။ ယင်းအစား လင်းယွန်ကို ကြည့်ကာ၊
“ အဆင်ပြေ ရဲ့လား။ ”
-ဟု မေးလိုက်သည်။
လင်းယွန်ကို ကြည့်လိုက်သော မျက်ဝန်း များတွင်၊ ပီဘိ သိုးငယ်လေး တစ်ကောင် ကဲ့သို့ နူးညံ့ နေချေ၏။
သို့သော် လင်းယွန်က ကူကယ်ရာ မဲ့စွာဖြင့်၊ ပြုံးပြ လိုက်ပြီး၊ ချက်ချင်း ပြန်မဖြေ ခဲ့ချေ။ ပြန်ဆုံရန် မျှော်လင့်ထား သော်လည်း၊ သည်အခြေအနေ မျိုးဖြင့် မဟုတ်ကြောင်း၊ သူသာ သိသည်။
ခံစား ချက်များ ချက်ချင်း ရောပြွန်း လာသော လင်းယွန် မျက်နှာထံ၊ တရှိုက် မတ်မတ် စိုက်ကြည့် ပြီးနောက်၊
“ ငါ့ကို ... ၊ နောက်ဆုတ်စေ ချင် လို့လား၊ ဒါက မိန်းမ တွေရဲ့ ပြဿနာမို့၊ ငါပဲ ကိုင်တွယ် ပါရစေ၊ ဒီကမ္ဘာမှာ ငါက လွဲပြီး၊ ဘယ်မိန်းမ ကမှ မင်းကို အနိုင်ကျင့် ခွင့် မရှိ ပါဘူး။ ”
ဆုစီယာက အလေးအနက် ပြောကြား လိုက်သည်။ သူမ၏ ကျင့်ကြံမှု နည်းစနစ် အရ၊ မျိုးဆက်တူ အတွင်း အလွယ် တကူ ရှုံးနိုင်မည် မဟုတ်ချေ။
ထို့ပြင် လုပ်မည်ဟု ဆုံးဖြတ် ပြီးနောက်တွင်၊ မည်သည့် အရာ ကမျှ သူမ စိတ်အား ပြောင်းအောင် လုပ်နိုင်မည် မဟုတ်ချေ။
“ ဒီ မိန်းမ ... ။ ”
လုံးဝ ဂရု မစိုက်ဘဲ လျစ်လျူရှု ခံလိုက် ရသဖြင့်၊ ချင်ရို့ယု မျက်နှာမှာ မည်းမှောင် ပျက်ယွင်း သွားသည်။
လင်းယွန်ကို ပြောနေသည့် စကားများ ကြားလိုက် ရချိန်၌၊ သွေးအန် မတက် ပို၍ပင် ရွံရှာလာ တော့သည်။
ဤမိန်းမမှာ ရူးသွပ် နေပုံ ရ၏။ ဓားကျွန် တစ်ယောက်အား နတ်ဘုရား တစ်ပါး ကဲ့သို့၊ တန်ဖိုး ထားပြီး၊ သူမကိုယ် သူမ ကြီးမြတ် သယောင် ပြုမူ နေချေပြီ။
“ နင် သေချင် လို့လား၊ ငါက ဒီဓားကျွန်ကို သတ်ပစ်ဖို့၊ စိတ်ပိုင်း ဖြတ်ထားတယ်။ ”
ခရမ်းရောင် လမင်းက နောက်ကျောတွင် မြင့်တက် လာပြီး၊ ကောင်းကင် တစ်ခုလုံးအား သတ်ဖြတ်ခြင်း ရောင်ဝါ များဖြင့် ပြည့်နှက်သွား စေ၏။
သူမ ဖန်တီး ထားသော ခရမ်းရောင် လမင်းမှာ၊ လင်းယွန် ထိုးခွဲ လိုက်သည့် လမင်း ထက်၊ များစွာ ကြောက်စရာ ကောင်းပေသည်။
“ ဟိတ် ... ။ ”
ထို့နောက် ကောင်းကင်ပေါ် ခုန်တက် လိုက်ပြီး၊ ဆုစီယာအား ဖမ်းဆုပ်ရန် လက်လှမ်း လိုက်၏။
လင်းယွန်ကို မသတ်ခင်၊ ထိုအမျိုး သမီးအား ဆွဲဖြဲ လိုသည်။ စိတ်ပျက် အားငယ်ခြင်း ဟူသော၊ အဓိပ္ပါယ်အား သိစေ ချင်၏။
အရှိန် အဝါအား အပြည့်အဝ ထုတ်ဖော် ထားသဖြင့်၊ သူမ ရောင်ဝါ အောက်တွင် လူအချို့ သွေးအန်လျက်၊ မြေပြင် အက်ကွဲ လာသည်။
“ မြန် မြန် လူစုခွဲ ... ။ ”
လူတိုင်း ထိတ်လန့် တကြား၊ လှည့်ပြေး ကုန်၏။ ချင်ရို့ယူအား တိမ်နဂါး အဆင့် (၁၀) အတွင်း၊ ဝင်နိုင်သည် ဟူသော မှန်းဆချက် များကို၊ နောက်ဆုံး၌ နားလည် လာကြသည်။
သို့သော် မျက်မှောင်ကြုတ်လျက် ဆုစီယာက လှည့်ကြည့် လာသည်။ လေထု အတွင်း ရေခဲ လွှာများ ချက်ချင်း ဖွဲ့တည် လာကာ၊ ချင်ရို့ယူကို လေးလံ သွားစေ၏။
အကြည့် တစ်ချက် ဖြင့်ပင်၊ နှလုံးခုန်သံ ရပ်တန့် သွားပြီး၊ ကြွက်သား များဖြင့် အဆက် အသွယ် ပြတ်တောက် လာသည်။
မည်မျှပင် ကြိုးစား ရုန်းကန် စေကာမူ၊ မလှုပ်ရှား နိုင်ခြင်း မရှိ တော့ချေ။ ဤသည်မှာ ကောင်းကင် ဝိညာဉ် နယ်ပယ်၏ စွမ်းအားမှန်း သိသဖြင့်၊ ကြောက်ရွံ့ခြင်း နှင့်အတူ မျက်နှာ ပြောင်းလဲ သွားသည်။
ထို့အပြင် လက်ရှိ ရင်ဆိုင် နေရသော ဖိအားမှာ၊ အလင်း အမှောင် လမင်း ကမ္ဘာ၏ အကြီးအကဲများ ထက်ပင်၊ အဆပေါင်း များစွာ ပို၏။
“ ... ဘာဖြစ် နေတာလဲ။ ”
ခရမ်းရောင် လတွင် ရေခဲ အလွှာများ ဖြစ်တည် လာပြီး၊ ရုတ်တရက် အက်ကွဲသွား တော့သည်။
“ မ ဟုတ် ဘူး ။ ”
ခရမ်းရောင် လမင်း အက်ကွဲမှုကြောင့်၊ မူလစွမ်းအင် ဖြန့်ဝေ ရာ၌ ထိန်းချုပ် နိုင်စွမ်း မရှိတော့ သဖြင့်၊ ချင်ရို့ယူ တစ်ယောက် ထိတ်လန့် သွားသည်။
“ ဝေါ့ ... ။ ”
ထို့နောက် သွေးတစ်လုတ် အန်လျက်၊ ကောင်းကင်မှ ဒူးထောက် လျက်သား ပြုတ်ကျ လာသည်။
ကြောက်စရာ ကောင်းသော လမင်းသည်၊ နုနယ်သည့် အမျိုးသမီး ထံမှ အကြည့်ကို မခံနိုင် ခဲ့သဖြင့်၊ လူတိုင်း အံ့ဩ ကုန်သည်။
ကြမ်းပြင်၌ လိုလို လားလား ဒူးထောက် နေသော ချင်ရို့ယူအား ကြည့်ကာ၊ အလင်း အမှောင် လမင်း ကမ္ဘာ၏ အကြီးအကဲ များက အံအားသင့် လာကုန်၏။
သူတို့တင် မကဘဲ၊ ကောင်းကင် မိစ္ဆာ ခန်းမနှင့် မြောက်ပိုင်း နှင်းစံအိမ် သည်ပင်၊ မှင်တက် သွားရ လေသည်။
လင်းယွန်မှာ ရှားပါးသော ပါရမီရှင် တစ်ဦး ဖြစ်နိုင် သော်လည်း၊ နားလည်မှု အတွင်း ၌သာ ရှိ၏။
ထို့ပြင် လင်းယွန် ကဲ့သို့သော ဘီလူးမျိုး သူတို့ ထံ၌ ရှိထား လေသည်။ သူတို့ စိတ်ဝင် စားသည်မှာ၊ လင်းယွန်၏ စိတ်ဓာတ် ကိုပင်။
သို့သော် မည်သူမှန်း မသိသော၊ ထို မိန်းကလေးမှာ၊ သူတို့၏ နားလည် နိုင်စွမ်းထက် ကျော်လွန် နေခဲ့၏။
အလင်း အမှောင် လမင်း ကမ္ဘာ၏ အကြီးအကဲများ နားလည် လိုက်သည်မှာ၊ အခြေအနေများ သည့်ထက် မဆိုး ရွားခင်၊ ချင်ရို့ယူကို ကယ်တင် ရမည် ဖြစ်သည်။
ထို့ကြောင့် လှုပ်ရှား တော့မည့် အချိန်မှာပင်၊ တောင်ပေါ်မှ လူနှစ်ယောက် ထပ်မံ ဆင်းသက် လာ ပြန်၏။
တစ်ဦးမှာ ဘုန်းကြီး တစ်ပါး ဖြစ်ပြီး၊ သူ့ ဘေးတွင် အဖြူရောင် ဝတ်ရုံအား သပ်ရပ်စွာ ဆင်မြန်း ထားသည့်၊ လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ဖြစ်လေသည်။
“ မိုးရေ အင်ပါရီယန်။ ”
လူတိုင်း ထိတ်လန့် တုန်လှုပ် သွားသည်။ ကြည့်ရ သည်မှာ ထိုအမျိုးသမီးသည် မိုးရေ အင်ပါရီယန်၏ ဧည့်သည် ဖြစ်ပုံ ရ၏။
မိုးရေ အင်ပါရီယန်သည် ဧည့်သည် တစ်ဦးအား လက်ခံ နေရကြောင်း၊ လူတိုင်း သိရှိ ထားသော်လည်း၊ ဤအမျိုးသမီး ဖြစ်နေလိမ့် မည်ဟု၊ မထင်ထား ခဲ့ချေ။
“ ဆန် တစ်စေ့က၊ ငါ့ ရှေ့မှာ ဒီလို မောက်မာတဲ့ လေသံနဲ့ စကား ပြောဝံ့ သလား၊ ဒီ ကို လာ စမ်း ... ။ ”
ဆုစီယာ၏ အသံတွင် ဒေါသများ ပါဝင် နေသဖြင့်၊ ကောင်းကင်၌ လျှပ်စီး စွမ်းအင်များ တဝုန်းဝုန်း တောက်လောင် လာ၏။
ချင်ရို့ယူ မသိခင် မှာပင်၊ လေဝဲ တစ်ခုက သူမကို စုပ်ယူ သွားပြီး၊ လည်ပင်းအား ဆုပ်ကိုင်၊ ပါးရိုက်ခြင်း ခံလိုက် ရလေသည်။
“ ဖြန်း ... ။ ”
ပါးရိုက် သံမှာ တောင်တန်း တစ်လျှောက် ကျယ်လောင်စွာ မြည်ဟည်း လာခဲ့ပြီး၊ လူတိုင်း အရိုက်ခံ လိုက်ရ သကဲ့သို့၊ မျက်နှာများ ရဲတက် သွားကုန်၏။
ဤမြင်ကွင်းကို မကြည့်ဝံ့ တော့ဘဲ၊ ချက်ချင်း မျက်နှာ လွှဲလိုက် ကြသည်။ ပါရမီရှင် ခုနစ်ပါးကို လင်းယွန် သတ်ခြင်းနှင့်၊ မရဏ သမီးတော်အား ပါးရိုက်သည်၊ မတူချေ။
ချင်ရို့ယူ ဟူသည် အလင်း အမှောင် လမင်း ကမ္ဘာမှ ဖြစ်ပြီး၊ ချန်စီယုနှင့် ချူးမူယန်မှာ သူမ ဖိနပ်အား သုတ်ပေး ရန်ပင် အဆင့် မမှီချေ။
ဤ သို့ ဆို သော် ... ။
“ နင် ... နင် ခွေးမ၊ နင် ငါ့ကို ဘယ်လိုတောင် ရိုက်ရဲ ရတာလဲ ... အား ။ ”
ပါးပြင်မှာ ချက်ချင်း ရောင်ရမ်း လာပြီး၊ ဒေါသဖြင့် အော်ဟစ် လိုက်စဉ်၊ ချင်ရို့ယူ၏ ဆံပင်များ ဖွာလန်ကျဲ ကုန်တော့သည်။
“ ဖြန်း ... ။ ”
သို့သော် တစ်ဖက်လူ၏ တုန့်ပြန်မှုမှာ၊ ထပ်မံ ပါးရိုက် ခြင်းသာ ဖြစ်ပေ၏။ ယင်းက အိမ်မက် မဟုတ်ကြောင်း၊ သေချာ လာစေသည်။
“ ငါက နင့်ကို ပါးရိုက်ရင်၊ ဘာဖြစ် မှာလဲ၊ ယောက်ျား ဆန်ဆန် ဖြေရှင်းနေတဲ့၊ အရေး ကိစ္စ တွေမှာ ငါ ကြား မဝင် ခဲ့ဘူး၊ နင်က ဝင်စွက်ဖက် ရအောင် ... သေချင် နေတာလား။ ”
ဆုစီယာက ငေါက်ငမ်း သံဖြင့် ဆိုလိုက်ပြီး၊
“ ဒီလက်ဝါး နှစ်ချက်က၊ မင်း သူ့ကို ရိုက်ခဲ့တဲ့ နှစ်ချက်စာ အတွက်ပဲ၊ မစိုးရိမ်နဲ့ ငါ မင်းကို မသတ်ဘူး၊ တစ်နေ့ သူကိုယ်တိုင် မင်းကို လာသတ် လိမ့်မယ်။ ”
စကားဆုံး သည်နှင့်၊ ‘မရဏ သမီးတော်’ ဟု ခေါ်တွင်သော ချင်ရို့ယူအား၊ အမှိုက် သဖွယ် လွှတ်ပစ် လိုက်တော့သည်။
အလင်း အမှောင် လမင်း ကမ္ဘာ၏ အကြီးအကဲ များက၊ သူမအား ဖမ်းယူရန် ချက်ချင်း ပြေးထွက် လာကြ၏။
“ မင်းတို့က ... ၊ ဘာလို့ ဒီမှာ ရှိနေ ရသေး တာလဲ ... ။ ”
ဆုစီယာ၏ ဒေါသကို ပြေပျောက် စေရန် အလို့ငှာ၊ မိုးရေ အင်ပါရီယန်က အေးစက်သော အသံဖြင့်၊ ငေါက်ငမ်း လိုက်တော့သည်။
ဤသည်မှာ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌၊ အထွတ် အထိပ်တွင် ရပ်တည် ထားနိုင်သော၊ အင်ပါရီယန် တစ်ပါး၏ နှုတ်ထွက် စကား ဖြစ်ပေ၏။
ထိုငေါက်သံကြောင့် အလင်း အမှောင် လမင်း ကမ္ဘာ၏၊ အကြီးအကဲ ခေါင်းဆောင်က အနည်းငယ် တွေဝေသွား ပြီးနောက်၊
“ အခုပဲ သွား လိုက် ပါ့ မယ်။”
- ဟု စိတ်မပါ လက်မပါဖြင့် ဆိုလာ တော့သည်။
***