ခေတ်သစ် ရောက်ပြီ။
Vol. 53 Ch. 735
အလင်း အမှောင် လမင်း ကမ္ဘာမှာ၊ ဤကဲ့သို့ လွယ်လွယ် ထွက်ခွာသွား လိမ့်မည်ဟု မည်သူမျှ မမျှော်လင့် ထားခဲ့ချေ။
ချင်ရို့ယူ ပါးပြင်အား ရောင်ကိုင်း လာသည် အထိ၊ နှစ်ကြိမ် တိုင်တိုင် လူပုံ အလယ် အရိုက်ခံ ခဲ့ရ၏။
ယင်းသည် သူတို့ သိခဲ့သော အလင်း အမှောင် လမင်းကမ္ဘာ မဟုတ်ကြောင်း၊ ပြောနိုင် သည်။
တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌၊ အသန်မာ ဆုံးသော အုပ်စိုးရှင်မှာ၊ အလင်း အမှောင် လမင်း ကမ္ဘာ ဖြစ်ပြီး၊ ကောင်းကင် မိစ္ဆာ ခန်းမနှင့် နှင်းစံအိမ်ပင် ၎င်းတို့အား မျက်နှာသာ ပေးရမည် ဖြစ်သည်။
ထို့ကြောင့် ပါးရိုက်ခံ ရသော ချင်ရို့ယူ နှင့်အတူ နာခံစွာ ပြန်သွားသော ထိုအင်အားစု အပေါ်၊ အံ့အားသင့် မိသည်မှာ၊ လွန်အံ့ မထင်ချေ။
“ ဒီ မိန်းကလေးက ဘယ်သူလဲ။ ”
အားလုံးက ဆုစီယာကို ကြည့်ပြီး၊ အဆိုပါ မေးခွန်းအား အကြိမ်ကြိမ် အဖြေထုတ် နေကြ သည်။
သူမ အသွင်မှာ၊ မိုးရေ အင်ပါရီယန် နှင့်ယှဉ် ပါက၊ ပို၍ မြင့်မြတ်သော အသရေကို ဆောင်နေ ချေပြီ။
ယင်းသည် တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး၏ အထွတ်အထိပ် တည်ရှိမှုများ ဖြစ်သော အင်ပါရီယန် များထက်ပင်၊ ကြီးမြတ် သည်ဟု အဓိပ္ပါယ် ရပေ၏။
လူအုပ် အတွင်းရှိ ယန်းဖန်နှင့် ဂိုရှုမှာ၊ အကြည့်ချင်း ဖလှယ် လိုက်ပြီး၊ အတွေးထဲ နစ်မျော ကုန်တော့သည်။
အခြားသူ များနှင့် မတူဘဲ၊ အမည်ခံ အုပ်စိုးရှင် တစ်ပါး ဖြစ်သည့်၊ သွေးတောင်ပံ ခန်းမ ပျက်သုဉ်း သွားရ သည်ကို၊ သူတို့ ကြားသိ ထားသည်။
ထိုစဉ်က လင်းယွန်၏ နောက်ခံနှင့် ဆက်စပ် နေကြောင်း၊ သံသယ ရှိခဲ့ သော်လည်း၊ တစ်ဖက် လူမှ ငြင်းဆန် သွားသည်။
လက်ရှိ အခြေ အနေ အရ၊ ထိုသံသယ မှန်ကန် နေပြီး၊ သွေးတောင်ပံ ခန်းမကို ဖျက်ဆီး ခဲ့သူမှာ၊ ဤမိန်းကလေး ဖြစ်နိုင် ပေ၏။
ဆိုလို သည်မှာ အလင်း အမှောင် လမင်း ကမ္ဘာပင်၊ သူမအား ယှဉ်နိုင်မည် မဟုတ်ချေ။ သူမ လက်မှ ချင်ရို့ယူ တစ်ယောက် အသက် ရှင်လျက် ထွက်သွား နိုင်ခဲ့ သည်မှာ၊ ကံကောင်း သည်ဟု ဆိုရ ပေမည်။
“ လင်းယွန်က တကယ် ကံကောင်းတဲ့ ကောင်ပဲ။ ”
ဆုစီယာ ကဲ့သို့သော အမျိုး သမီး တစ်ဦးအား နောက်ခံပြု ထားနိုင်သည့် အတွက်၊ ဂိုရှု ရင်၌ မနာလို စိတ်များ ဖြစ်ပွား လာခဲ့သည်။
“ မနာလို မဖြစ် ပါနဲ့၊ ပါရမီရှင် ခုနစ်ပါးကို သတ်လိုက်တာ မင်းမြင်တယ် မဟုတ်လား၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှာ၊ သူ့ကို ဟန့်တား နိုင်တဲ့သူ မရှိ တော့ဘူး။ ”
ယန်းဖန်က ပြုံးကာ ဆိုသည်။ အစောပိုင်း လင်းယွန် အတွက် စိုးရိမ် နေမိသော အတွေးမှာ၊ မလိုအပ် ခဲ့ကြောင်း၊ သိရှိ လာမိသည်။
နောက်ဆုံးတွင် အလင်း အမှောင် လမင်း ကမ္ဘာ သည်ပင်၊ အမြီး ကုပ်လျက် ထွက်ပြေး သွားရ လေပြီ။
နောင်တွင် ဤအင်အားစု များမှာ၊ လင်းယွန်အား တတ်နိုင် သမျှ ရှောင်ရှားရန်၊ ကြိုးစား ကြ ပေလိမ့်မည်။
အထူး သဖြင့် ကောင်းကင် တောင်ကုန်း မြို့၏ အင်အားစု အသီးသီ အတွက် ဆိုက၊ ပိုမှန် ပေသည်။ ဆိုလို သည်မှာ ပါရမီ ခုနစ်ပါး သေဆုံး ခြင်းသည် အချည်း နှီးသော သေဆုံး ခြင်းသာ ဖြစ်လာ တော့၏။
နှင်းစံအိမ်၏ အကြီးအကဲ မိုက ခေါင်းညိတ်လျက်၊ ဆုစီယာထံ လာရောက် နှုတ်ဆက် သည်။
“ သခင်မလေး ... ၊ မင်းက မြင့်မြတ်တဲ့ ကုန်းမြေက လာတာလား။ ”
-ဟု သူ၏ အကြမ်းဖျင်း ခန့်မှန်း ချက်ကို ထုတ်ဖော် မေးမြန်း လိုက်၏။
အလင်း အမှောင် လမင်းကမ္ဘာ အနေဖြင့်၊ မိုးရေ အင်ပါရီယန်ကို အမှန်တကယ် မကြောက် လှချေ။
သူတို့တွင် ထိုပုဂ္ဂိုလ်နှင့် ယှဉ်နိုင်သော ဘီလူးအို ကြီးများ ရှိသည်။ သို့သော် ဆုစီယာ၏ နောက်ခံမှာ အနည်းငယ် ကြောက်စရာ ကောင်း ပေ၏။
ဤမိန်းကလေး နောက်ကွယ်ရှိ အင်အား စုမှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှ ရင်ဆိုင် နိုင်သော တည်ရှိမှုမျိုး မဟုတ် နိုင်ချေ။
“ ငါက တော်ဝင် ဧကရာဇ် နန်းတော် ကပဲ။ ”
တည်ငြိမ်သော လေသံဖြင့် ဆုစီယာက ပြန်ဖြေသည်။ သူမ လေသံ၌ နွေးထွေး မှုများ ပြန်လည် ပျောက်ကွယ်သွား ခဲ့၏။
မျှော်လင့် ထားပြီး ဖြစ်သော်လည်း၊ အကြီး အကဲ မိုမှာ အံ့အားသင့် ရဆဲ ဖြစ်သည်။ အချိန် အနည်းငယ် ကြာအောင် ငြိမ်သက် နေလျက်မှ၊
“ မင်းမှာ ခရီး ထွက်ဖို့ ဆန္ဒ ရှိရင်၊ မြောက်ပိုင်း နှင်းစံအိမ်ကို လာနိုင် ပါတယ်၊ ငါတို့ စံအိမ်မှာ မျိုးဆက်သစ် လူငယ်တွေ ရှိတယ်။ ”
“ ခေတ်သစ် ရောက်လာပြီ၊ လူတိုင်းမှာ အခွင့် အရေး ရှိပါတယ်။ ”
ဆုစီယာက ငြင်းပယ်ခြင်း မဟုတ်သော သတင်း စကား တစ်ခုဖြင့်၊ ပြန်လည် တုန့်ပြန် လိုက်သည်။
( ခေတ်သစ် ရောက်ပြီ၊ ဒါက ဘာကို ပြောချင် တာလဲ။ )
ထိုအကြောင်းကို သိချင် သော်လည်း၊ လင်းယွန်မှ ထပ် မမေး ခဲ့ချေ။ သို့သော်၊
“ ခေတ်သစ် တကယ် ရောက်ပြီလား။ ”
-ဟု အကြီးအကဲ မိုက စိတ်ရှုပ်ရှား စွာဖြင့် သေချာအောင် ထပ်မေး လိုက်သည်။
ဆုစီယာမှ ခေါင်းညိတ် ပြပြီး၊ မည်သည့် စကားမျှ ထပ်မဆို တော့ချေ။ ထို့ကြောင့် အကြီး အကဲမို တစ်ယောက်၊ အလိုက် တသိနှင့်၊
“ မင်းရဲ့ သတင်း စကား အတွက်၊ ကျေးဇူး တင်ပါတယ်။ ”
-ဟု ဆိုလိုက်၏။ သည့်နောက် လင်းယွန် ဘက်သို့ လှည့်ကြည့်ကာ၊
“ ကောင်လေး မင်းသာ ဆန္ဒ ရှိရင်၊ မြောက်ပိုင်း နှင်းစံအိမ်က မင်းအတွက် တံခါးတွေ အမြဲ ဖွင့်ထား ပါတယ်။ ”
ထိုဖိတ်ခေါ်မှုသည် လင်းယွန်အား ခဏတာ အံ့အားသင့် သွားစေ၏။ သူ့အနေဖြင့် ဓားနန်းတော်မှ ပန်းသင်္ချိုင်း အဖြစ်၊ အုပ်စိုးရှင် များကို ရိုက်နှက်ရန် ဆန္ဒရှိ ပေရာ၊ ဝင်ရောက် နိုင်စရာ နည်းလမ်း မရှိချေ။
“ ကောင်လေး၊ မင်းရဲ့ စိတ်ဓာတ်ကို ငါသဘော ကျတယ်၊ ဆန္ဒ ရှိလျှင် ကောင်းကင် မိစ္ဆာ ခန်းမ ကလည်း၊ ကြိုဆို ပါတယ်၊ ... ”
“ ... မင်း ဘယ်သူလဲ ဆိုတာ၊ အခုမှပဲ ငါသတိ ပြန်ရမိ တော့တယ်၊ မင်း အကြောင်း ငါ့ကို၊ တစ်စုံ တစ်ယောက်က ပြောပြ ဖူးတယ် ဟား ဟား ဟား ... ။ ”
အကြီးအကဲ မိုနှင့် မတူဘဲ၊ ကောင်းကင် မိစ္ဆာ ခန်းမမှ သက်လတ်ပိုင်း အရွယ် အကြီး အကဲက၊ ဆုစီယာကို ခေါင်းညိတ် ပြရုံသာ နှုတ်ဆက် သွားသည်။
ထို့နောက် လင်းယွန်းအား ရယ်မော ပြပြီး၊ ခေါင်းတညိတ် ညိတ်ဖြင့် ထွက်ခွာ သွားတော့ ၏။
ချင်ရို့ယူအား ပါးရိုက်ချက် နှစ်ချက်ဖြင့်၊ ယနေ့ ပွဲအား ပြီးဆုံးသွား လိမ့်မည်ဟု မည်သူမျှ မမျှော်လင့် ထားကြပေ။
ယင်းမှာ မိုးကြိုး စီရင်စု တစ်ခု လုံးကို တုန်လှုပ် စေပြီး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်လျှောက်၊ မကြာခင် ပျံ့နှံ့ သွားမည် ဖြစ်သည်။
ပွဲစဉ်များ ပြီးဆုံး သွားသည့် အတွက်၊ အချိန်တို အတွင်း မှာပင်၊ လူတိုင်း ချက်ချင်း ထွက်ခွာ သွားတော့ သည်။
လွင့်မျော နေသော ရေခွက်နှင့်၊ မိုးရေ အင်ပါရီယန်က လင်းယွန်တို့ နှစ်ဦးအား အချိန် ပေးသည့် အနေဖြင့်၊ လိမ္မာ ပါးနပ်စွာ ဆုတ်ခွာ သွားခဲ့သည်။
“ ဘာလို့ လိုက်လာ တာလဲ။ ”
လင်းယွန်က ပြုံးကာ မေးလိုက်၏။
“ မင်းကို ကြည့်ဖို့ ငါ ရောက်လာတာပဲ။ ”
မဆိုင်း မတွပင် ပြန်ဖြေကာ၊ တစ်စုံ တစ်ရာကို သတိရ သွားဟန်ဖြင့်၊
“ ငါတို့ မတွေ့တာ အတော် ကြာပြီ၊ မင်းက ငါ့ကို လက်ဆောင် တစ်ခု ခုတော့ ပေးသင့်တယ် မဟုတ်လား။ ”
“ လက် ဆောင် ... ။ ”
ဆုစီယာက မည်သည့် အရာကို ရည်ရွယ် နေမှန်း၊ ချက်ချင်း မသိလိုက် သဖြင့်၊ လင်းယွန် တစ်ယောက် စိတ်ရှုပ် ထွေး သွားသည်။
“ ငါ့ အတွက် ... ၊ မဟုတ် ဖူးလား။ ”
ထို့ကြောင့် ပြုံးပြီး၊ သူမက ထပ်မေးလာ သော်လည်း၊ ထိုအပြုံးတွင် ထိတ်လန့်ဖွယ် ကောင်းသော အငွေ့ အသက်များ ပါရှိ လေသည်။
အနည်း ငယ်သော အတိမ်း အစောင်း သည်ပင်၊ သူ့အား ခွင့်လွှတ်မည် မဟုတ်ကြောင်း လင်းယွန် သိ၏။
“ အို့ ... မဟုတ် ပါဘူး၊ အဲ့ဒါက မင်း အတွက် ပါပဲ။ ”
ထိတ်လန့် စွာဖြင့် အလင်း အမေှာင် ကျောက်တုံးအား၊ အလျင် အမြန် ထုတ်ယူ လိုက်ပြီး၊
“ ပြောရရင် အရာ အားလုံးက ဒီကနေ စခဲ့ တာပဲ၊ ချင်ရို့ယူက သန်မာမှန်း သိပေမယ့်၊ အဲ့ဒီ တုန်းကတော့ သိပ်ပြီး မစဉ်းစားခဲ့ မိဘူး၊ ... ”
“ ... မင်း အတွက် လိုအပ် နိုင်တယ် ဆိုတဲ့ အတွေး တစ်ခု တည်းနဲ့ ရယူ ခဲ့တာ၊ ဒီလောက် ဒုက္ခ ပေးမယ် လို့လည်း မထင်ထား မိဘူး။ ”
လင်းယွန်က သက်ပြင်း ချကာ ဆိုသည်။ အကယ်၍ မီးလျှံ မိုးကြိုး ကြာပွတ်ဖြင့်၊ ရင်ဆိုင် ရလျှင်ပင်၊ ချင်ရို့ယူအား အနိုင် ယူရန် အလား အလာမှာ၊ မြင့်မားမည် မဟုတ်ချေ။
သို့သော် ချင်ရို့ယူ၏ အမုန်းသည်၊ များပြား လွန်းပြီး၊ အငြိုးကြီး လှသဖြင့်၊ ချက်ချင်း မသတ် ဘဲ၊ သူ့အား ဒူးထောက် စေလို သည်မှာ၊ ကံကောင်း လှပေသည်။
နေရောင် အောက်တွင် ကောင်းကင်ဘုံ အလင်း အမှောင် ကျောက်တုံးမှ၊ စူးရှသော အလင်းများ ဖြာကျ နေ၏။
ဆုစီယာက ချက်ချင်း မယူ သေးဘဲ၊ ကြောက်စရာ ကောင်းသော အပြုံး မျိုးအား၊ ဆက်လက် ထုတ်ဖော် ထားပြီး၊
“ ဒါဆို မင်းက နောင်တ ရနေ တယ်ပေါ့။ ”
“ မဟုတ်ဘူး ... အဲ့လို မဟုတ်ဘူး၊ မင်း အတွက်လို့ ဆုံးဖြတ် ပြီးရင်၊ အလင်း အမှောင် လမင်း ကမ္ဘာရဲ့၊ သခင် ဖြစ်နေ ရင်တောင်၊ ငါ ရအောင် ယူဦး မှာပါ။ ”
“ ငါ သိ ပါ တယ်၊ ငါ အခု မင်းကို ခွင့်လွှတ် လိုက်မယ်။ ”
ဆုစီယာ၏ အပြုံးများ ပြောင်းလဲ သွား ပြီးနောက်၊ ကောင်းကင် ရတနာ တစ်ပါး ကဲ့သို့၊ အလင်း အမှောင် ကျောက်တုံးအား လက်ခံ ယူလိုက် သည်။
“ မင်း ထွက်သွားတော့ မှာမို့၊ ငါ့ကို လာတွေ့ တာလား။ ”
အကြောင်းရင် တစ်စုံ တစ်ရာ မရှိဘဲ၊ ဆုစီယာ တစ်ယောက် မဟာချင် အင်ပါယာမှ၊ ထွက်လာမည် မဟုတ်ကြောင်း သူ သိသည်။
ဤ အကြောင်းကို တွေးလိုက် မိသည်နှင့်၊ လင်းယွန် မျက်နှာမှာ အုံ့မှိုင်း သွွားသည်။
ဆုစီယာ ခွန်အား သည်ပင်၊ အနည်းငယ် ကြောက်စရာ ကောင်းချေ၏။ သူမ ကမ္ဘာ အတွက်မူ၊ ယခု အချိန်ထိ သူ နားမလည် နိုင်သော အရာတစ်ခု ဖြစ်နေ သေးသည်။
“ ဒါပေမယ့် မင်းက ငါ့ဆီ လိုက်လာမှာ မဟုတ်လား။ ”
ဆုစီယာက စိုက်ကြည့်ပြီး၊ အလေးအနက် မေးလာသည်။ ၎င်းသည် မေးခွန်း မျှသာ ဖြစ် သော်လည်း၊ အဖြေမှာ သစ္စာ စကား တစ်ခု အသွင်၊ ပြောင်းလဲ သွားမည် ဖြစ်သည်။
သူမ လေသံတွင် သေချာပေါက်၊ လိုက်လာရန် အမိန့်ပေး နေသည်ဟု၊ ခံစားမိ စေသည်။
“ ငါ လာမှာပါ၊ ဒါပေမယ့် မင်းကို တစ်ယောက် တစ်ယောက်က လုယူထား ခဲ့ရင် ငါ ရူးရ လိမ့်မယ်။ ”
“ ဒီလိုမျိုး ဘယ်တော့မှ၊ ဖြစ်လာမှာ မဟုတ်ဘူး၊ ... ”
ဆုစီယာက ကျေနပ်စွာ ပြုံးလိုက်ပြီး၊
“ မင်း လာမတွေ့ ခဲ့ရင်တောင်၊ ဘယ်သူ့ ကမှ ငါ့ကို သိမ်းပိုက်ခွင့် မရှိဘူး၊ ဒီနှလုံးသားက မင်း အတွက်မို့ ငါ့ကို လာရှာပါ၊ မဟုတ်ရင် ငါက မင်းလို ရူးရုံတင် မဟုတ်ဘူး၊ ... ”
ဆုစီယာက တောက်ပသော မျက်ဝန်း များဖြင့်၊ လင်းယွန်ကို ပြန်ကြည့်ကာ၊ ကျန်ရှိ နေသည့် စကား အချို့အား၊ တိုးတိုးလေး ဆိုလာ တော့သည်။
“ ... ငါ သေ ရ လိမ့် မယ်။ ”
***
မိုးရေ အင်ပါရီယန်က လင်းယွန်အား အဝေးမှ ကြည့်လျက်၊ လွင့်မျော နေသော ရေခွက် နှင့်အတူ လမ်းလျှောက် နေသည်။
“ ဒီကောင်က ကံကောင်း တာလား၊ ကံဆိုး တာလားလို့ တွေးမရ သေးဘူး။ ”
“ သူက မကြောက် တက်ဘူး။ ”
လွင့်မျော နေသော ရေခွက်က၊ လင်းယွန်ထံ လှမ်းကြည့်ကာ၊ ပြုံးလျက်ဖြင့်၊
“ ဘယ်သွားသွား လိုက်ရှာ မယ်လို့၊ သူ ပြောတယ်။ ”
“ လိုက်နိုင် ပါ့မလား၊ သူမ ထမ်းထား ရတဲ့ ဝန်ကို သူ စိတ်ကူး မယဉ်နိုင် ပါဘူး။ ”
မိုးရေ အင်ပါရီယန်က ပြန်ပြော ပြီးနောက်၊ ခေါင်းယမ်းကာ ထွက်ခွာ သွားတော့သည်။ သူ့ အမြင် အရ၊ ခါချဉ်ကောင် တစ်ကောင်မှ၊ တောင်ကြီးကို ဖြိုချင် နေပေသည်။
တစ်ယောက်တည်း ကျန်ရစ် ခဲ့သည့်၊ လွင်မျော နေသော ရေခွက်က၊ ဝိုင် အိုးအား အကုန် မော့ချ လိုက်ပြီး၊
“ လင်းယွန် ခေတ်သစ် ရောက်လာ တော့မယ်၊ လူတိုင်းကို မင်း သက်သေ ပြမှ ရမယ်။ ”
-ဟု ဆိုလျက် ပြုံးကာ လှည့်ထွက် သွားတော့သည်။
ဆုစီယာက သုံးရက် နေခဲ့၏။ ထိုကာလ အတွင်း လင်းယွန် နှင့်အတူ အနီး ဝန်းကျင်အား၊ လှည့်လည် အချိန်ဖြုန်း နေမိသည်။
သူတို့ နှစ်ဦးတွင် မခွဲနိုင်သော နှောင်ကြိုး တစ်မျှဉ် ရှိနေပြီး၊ တစ်ယောက်ကို တစ်ယောက် ပျော်ရွှင်အောင် ဖြည့်ဆည်းပေး ကြ၏။
ခေတ်သစ် တစ်ခု ရောက်ရှိ လာခြင်းနှင့် ပတ်သက်၍၊ ထပ်မံ ပြောဆိုခြင်း မရှိ တော့ချေ။
သုံးရက် ကုန်လွန် ပြီးနောက်၊ လင်းယွန် နိုးလာသော အချိန်တွင်၊ ဆုစီယာမှာ ထွက်ခွာ သွားပြီ ဖြစ်သည်။
သူ့ ရင်ခွင် ထဲ၌ ဆုစီယာ၏ ကိုယ်ငွေ့ပင် မပျောက်ကွယ် သေးချေ။ နွေးထွေးမှုကို ခံစား နိုင် သေးသည်။
ယခု ချိန်၌ လိုက်ဖမ်းလျှင်၊ မှီနိုင်မည် ဖြစ်သော်လည်း၊ မလုပ်ရန် ဆုံးဖြတ် လိုက်သည်။ သူမ ဆန္ဒကို ပြောပြ ပြီးသားမို့၊ ဖမ်းမိ လျှင်ပင်၊ ပြောင်းလဲ နိုင်သော အရာ မရှိချေ။
( ငါတို့ ဘယ်လောက် အထိ၊ ဝေးနေ ရဦး မှာလဲ။ )
မည်သည့် အချိန်၌ ပြန်ဆုံ ကြမည်ကို မသိသေး သဖြင့်၊ လွမ်းမော ခြင်းများ အဆုံးမရှိ ဝင်ရောက် လာသည်။
သို့သော် ပေါ့ပါးသော ခြေသံ တစ်စုံကြောင့်၊ မျက်မှောင်ကြုတ် သွားမိသည်။ ဆုစီယာမှာ ပြတ်သား သူ ဖြစ်ပြီး၊ ပြန်လှည့် လာစရာ အကြောင်း မရှိချေ။
ဝိုင်အိုးကို မော့လျက် ဘုန်းကြီး တစ်ပါး၊ ရုတ်တရက် ရောက်ရှိ လာတော့၏။ ယင်းကို မြင်သည်နှင့် လင်းယွန်က ပြုံးကာ၊
“ မင်း ... မနေ့ညက အရမ်း မခံစား ရဖူး မဟုတ် လား။ ”
-ဟု ဆိုလိုက်သည်။
“ အင်း ”
လင်းယွန်၏ မေးခွန်းကို လွင့်မျော နေသော ရေခွက်က တည်ငြိမ်စွာ ပြန်ဖြေ လာပြီး၊
“ ငါ့ကို နောက် မနေနဲ့၊ ငါက ဘုန်းကြီး အစစ်ဖြစ် တော့မယ်၊ ငါ့မှာ နှလုံးသား ရှိရင်တောင် သတ္တိ မရှိဘူး၊ ရှေ့တိုး တာနဲ့ ဆုစီယာက ငါ့ကို သတ်လိမ့်မယ်၊ ... ”
“ ... ပြောပါဦး၊ မဟာချင် အင်ပါယာမှာ၊ မင်းပြော ခဲ့တဲ့ အဲ့ဒီ စကား တွေက၊ ရည်ရွယ် ရှိရှိ ငါ့ကို ပြောခဲ့တာ မဟုတ်လား။ ”
လွင့်မျော နေသော ရေခွက်က၊ သူခိုးဖမ်း နေသကဲ့သို့၊ လင်းယွန်အား စစ်မေး လိုက်သည်။
လင်းယွန်မှ ဆုစီယာနှင့် အိပ်ခဲ့ကြောင်း အတိအကျ ဆိုခဲ့ သဖြင့်၊ ထိုစဉ်က သွေးအန်လု နီးပါး နာကျင် ခဲ့ရ၏။
“ ပြောစမ်း ... ၊ အဲဒါ တကယ် မဟုတ်ဖူး မဟုတ်လား။ ”
ထို့ကြောင့် ဒေါသဖြင့် စိုက်ကြည့်ကာ ထပ်မေး လိုက်သည်။
“ ငါ အမှန်အတိုင်း ပြောခဲ့ တာပါ ... ။ ”
“ ဝေါ့ ... အဟွတ် ဟွတ် ... ။ ”
လင်းယွန်က ပြုံးကာ ပြန်ဖြေ လိုက်သော စကားကြောင့်၊ လွင့်မျော နေသော ရေခွက်က ဝိုင်သီးသွား သဖြင့်၊ ချက်ချင်း ထွေးထုတ် လိုက်ရသည်။
ထို့နောက် ပျစ်ပျစ် နှစ်နှစ် ကျိန်ဆဲကာ၊
“ မင်း လူယုတ်မာ ... ၊ ဒါကို အကြံ အစည်နဲ့ မင်းကျူးလွန် ခဲ့တာ သေချာတယ်၊ ဘာပဲဖြစ်ဖြစ် အခု မင်း ငါနဲ့ အတူ သောက်ပါ။ ”
“ ဟား ဟား ဟား ၊ မင်းတကယ် သောက်နိုင် ပါဦး မလား။ ”
လင်းယွန်က မျောက်ဝိုင် အချို့ကို ထုတ်ယူပြီး၊ ဆိုလိုက်သည်။ မျောက်ဝိုင်ကို မြင်သည်နှင့်၊ လွင့်မျော နေသော ရေခွက်၏ မျက်လုံးများ တောက်ပ လာပြီး၊
“ မိန်းမ တွေက မျောက် ဝိုင်လောက် အရသာ မရှိဘူး။ ”
“ ဖရူး ... ဝူး။ ”
“ ဘာလို့ မင်းက ဝိုင်သီး နေရ တာလဲ၊ ငါ့ ဒဿနကို ငြင်းချင် လို့လား၊ မင်းမှာ မျောက်ဝိုင် မကုန် သေးဖူးလား၊ ဘယ်လောက် ကျန်သေးလဲ ထုတ်လိုက်ပါ။ ”
***