← Chapters

ထာဝရ လမ်းစဉ် မဟုတ်ဘဲ၊ အိပ်မက် နောက်သို့ လိုက်ခြင်း။

Vol. 53 Ch. 736

ထာဝရ လမ်းစဉ် မဟုတ်ဘဲ၊ အိပ်မက် နောက်သို့ လိုက်ခြင်း။

Vol. 53 Ch. 736

မျောက်ဝိုင် သောက်လျက်၊ လင်းယွန်နှင့် လွင့်မျော နေသော ရေခွက် တို့မှာ စကား စမြည် ပြောဆို နေကြသည်။

“ လွင့်မျော နေသော ရေခွက်လေး၊ ဆုစီယာနဲ့ မင်းရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ။ ”

လွင့်မျော နေသော ရေခွက်မှာ၊ ဆုစီယာ၏ ကိစ္စကြီးငယ် တိုင်းကို သိမြင်လွန်း သဖြင့်၊ အချိန် အတော် ကြာသည့်တိုင်၊ စိတ်အနှောင့် အယှက် ဖြစ်နေ မိခဲ့သည်။

မဟာချင် အင်ပါယာတွင်၊ သူ့ဂိုဏ်းအား ဂရု မစိုက်ဘဲ၊ ကျား-နဂါး လက်သီးကို လင်းယွန်ထံ ပေးအပ် ခဲ့သည်။

နဂါး တံခါး ပြိုင်ပွဲ အပေါ်၊ စိတ်မဝင်စား ဟန်ဖြင့်၊ ပေါ့ပေါ့ ပါးပါး သရုပ်ဆောင် ပြခဲ့ သော်လည်း၊ သံသယ ဖြစ်ဖွယ် အချို့ ရှိနေ သည်။

တစ်ဖက် လူ၏ မေးခွန်းကြောင့်၊ လွင့်မေျာ နေသော ရေခွက်က ကူကယ်ရာမဲ့ စွာဖြင့်၊ ဝိုင် တစ်ခွက် ငှဲ့သောက်ကာ၊ သက်ပြင်းချ လိုက်၏။

“ ဘယ်က စရ မလဲ၊ အင်း ငါသိ သရွေ့ ကတော့၊ မဟာချင် အင်ပါယာမှာ ဆုစီယာကို မွေးဖွားခဲ့ ပေမယ့်၊ သူက တော်ဝင် ဧကရာဇ် နန်းတော်က ဆင်းသက် လာသူပဲ၊ ... ”

“ ... တော်ဝင် ဧကရာဇ် နန်းတော် ဆိုတာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေက မဟုတ်ဘူး၊ ငါ လာတဲ့ ကမ္ဘာ ကပဲ၊ ... ”

ယင်းကို လင်းယွန်က မျှော်လင့် ထားပြီး ဖြစ်သော်လည်း၊ အံ့သြ နေဆဲ ဖြစ်သည်။

ဆိုလို သည်မှာ ဧကရာဇ် နန်းတော်သည် ဤကမ္ဘာမှ မဟုတ်ကြောင်း သူ သိပြီး၊ လွင့်မျော နေသော ရေခွက်အား၊ သူ မသိ ခဲ့ချေ။

“ သူ့ကို မွေးတုန်းက ငါတို့ ကမ္ဘာမှာ၊ ထူးခြားတဲ့ သဘာဝ ဖြစ်စဉ်တွေ ဖြစ်ပေါ်လာ ဖူးတယ်၊ ငါက သူ အထင်ကြီးတဲ့ လူတွေ ထဲက တစ်ယောက် ပဲ၊ ဒါပေမယ့် ... ”

“ ... ငါက သူနဲ့ ရင်းနှီးတဲ့ အတွက်၊ တခြား သူတွေထက် ပို ကံကောင်း ပါတယ်၊ ကြည့်ရတာ အခုတော့ ထင် သလောက်လည်း ကံကောင်း ပုံ မရ ပါဘူး။ ”

လွင့်မျော နေသော ရေခွက်က လွမ်းဆွတ် စွာဖြင့်၊ ငေးမော သွားသည်။

“ မဟာချင် အင်ပါယာကို မရောက် ခင်က၊ ငါဘုန်းကြီး မဟုတ်ဘူး၊ အဲဒီကို ရောက်ပြီးမှ ဘုန်းကြီး ဝတ်လိုက်တာ၊ ... ”

“ ... ငါ့ အဘိုး ကတောင် ဘုန်းကြီး ကျောင်းကို ဖြိုခွဲလု နီးပါး၊ ဒေါသ ထွက်ခဲ့တာ မှတ်မိ နေသေး တယ်၊ ... ”

“ ... ပေးဆပ် ခြင်းက တစ်ခု ခုတော့ ပြန်ရ မယ်လို့ ထင်ပြီး၊ ငါ ရွေးချယ် ခဲ့တယ်၊ ဒါပေမယ့် လူတိုင်း ငါ့လို မဟုတ် တာတော့ သေချာတယ်၊ ... ”

“ ... ဒါကြောင့် အနာဂါတ်မှာ လူတိုင်းက၊ မင်းအပေါ် သဘောကောင်း နေမယ် မထင်ဘူး၊ ပြင်ဆင် ထားဖို့ လိုတယ်။ ”

လွင့်မျော နေသော ရေခွက်က မျက်စိ တစ်ဖက် မှိတ်ပြ လိုက်ပြီး၊ လင်းယွန်အား သတိ ပေးလာသည်။

( ဒီဘုန်းကြီး နဲ့တော့ ... ။ )

လင်းယွန် တစ်ယောက် အတွေးနက် သွားသည်။ ယင်းမှာ မိုးပြာရောင် ကောင်းကင် ဂိုဏ်းသို့၊ ဆုစီယာ မရောက်မီ အဖြစ် အပျက်များ ဖြစ်ချေပြီ။

ထို့ကြောင့် လွင့်မျော နေသော ရေခွက် လေမှာ၊ ဆုစီယာ အကြိုက် လိုက်ခဲ့ သော်လည်း၊ မအောင်မြင် ဟု အဓိပ္ပါယ် ရ၏။

သည့်နောက် လောကီ ရေးရာ များနှင့် နှောင်ကြိုး များကို ဖြတ်ရန်၊ ရဟန်း ဘဝကို ရွေးချယ် ခဲ့သည်။

“ အဲဒီ ကမ္ဘာက ဘယ်လို မျိုးလဲ။ ”

လင်းယွန်က စူးစမ်း လိုက်သည်။

“ ဒါက အလွန် စိတ်ဝင် စားစရာ ကောင်းလှတဲ့ ကမ္ဘာ တစ်ခုပါ၊ မြင့်မြတ်တဲ့ သားတော်၊ သမီးတော် တွေကို နေရာ တိုင်းမှာ မြင်တွေ့ နိုင်တယ်၊ ... ”

“ ... မြင့်မြတ်တဲ့ သမီးတော် တိုင်းက ဆုစီယာထက် နိမ့်ကျခြင်း မရှိဘူး၊ ပြီးတော့ နတ်ဆိုး သားရဲတွေ ကတောင် အင်ပါရီယန် အဆင့်မှာ ရှိတယ်၊ ... ”

“ ... ထာဝရ လမ်းစဉ်ကို လိုက်နေတဲ့ သူတော်စင် တွေနဲ့၊ အစစ် အမှန် နဂါးတွေ ပြည့်နေတဲ့ အိမ်မက်ဘုံ တစ်ခုပဲ။ ”

လွင်မျော နေသော ရေခွက်က၊ အလေး အနက် ဆိုလာသည်။ သူ့ထံမှ လာသော ရောင်ဝါမှာ၊ ဆုစီယာထက် နိမ့်ကျခြင်း မရှိတော့ သဖြင့်၊ လင်းယွန်ပင် အံ့အားသင့် သွားရ၏။

ထို့ပြင် သူ့နောက်၌ ပန်းချီကား တစ်ချပ် အသွင်၊ ရွှေရောင် အလင်းများ ရုတ်တရက် စုဝေးလာ နေသည်ကို ဝိုးတဝါး မြင်လာ ရသည်။

သို့သော် ပန်းချီကားမှာ လှိုင်း သဏ္ဍာန်၊ တွန့်လိန် နေသည့် အတွက် မည်မျှ ရင်သပ်ရှု မောဖွယ် ဖြစ်မည်ကို၊ တွေးကြည့်၍ မရချေ။

တစ်ခါ တစ်ရံတွင် ပန်းချီကား ပေါ်သို့၊ ရွှေရောင် အလင်းများ ဖြတ်ပြေး သွားသည်ကို သတိထား မိလိုက်သည်။

လျှို့ဝှက် နယ်မြေ အတွင်း၌၊ ဤကဲ့သို့ အလားတူ ပန်းချီကား တစ်ချပ်ကို၊ မြင်ခဲ့ ရဖူး ကြောင်း၊ ရုတ်တရက် အမှတ်ရ လာပြီး၊ လင်းယွန်မှာ မျက်မှောင်ကြုတ် သွားမိသည်။

သို့သော် လွင့်မျော နေသော ရေခွက်၏ ပန်းချီကားမှာ၊ မပြီးပြတ် သေးသဖြင့်၊ ဟုတ်-မဟုတ် မသေချာ လှချေ။

ဤအရာက သူ့အား တုန်လှုပ် စေပြီး၊ လွင့်မျော နေသော ရေခွက်၏ ကမ္ဘာကြီး အပေါ်၊ စူစမ်းချင် စိတ်များ ဖြစ်ပေါ် လာတော့သည်။

ထာဝရ လမ်းစဉ် ဟူသည်မှာ၊ ဆန္ဒ မှန်သမျှ ပြီးမြောက်ရန် အချိန်ရှိ နေခြင်းဟု အဓိပ္ပါယ် ရ ချေပြီ။

ယင်းကြောင့် ထာဝရ တည်ရှိ နေသော ထိုကမ္ဘာကြီးတွင် လူကျင့်ကြံသူ များမှာ သူတို့၏ အိပ်မက် များနောက်၊ လျှောက်လိုက် နေကြ ပေမည်။

ဤသည်မှာ မည်မျှ စိတ်လှုပ်ရှားဖွယ် ကောင်းမည်ကို စိတ်ကူး မယဉ် နိုင်ပေ။

“ ငါ့နောက်မှာ မင်း ဘာမြင်လဲ။ ”

အဝေးကို ငေးမော နေသည့် လင်းယွန်အား၊ လွင့်မျော နေသော ရေခွက်က လှမ်းမေး လိုက်သည်။

“ အဆုံးမဲ့ အလင်းတွေ တောက်ပ နေတဲ့ ပန်းချီကား တစ်ချပ်၊ ဒါပေမယ့် ပန်းချီ ကားက မပြီး သေးဘူး။ ”

သတိ ပြန်ကပ် လာပြီး၊ လင်းယွန်မှ ဖြေ လိုက်၏။ သို့သော် ပန်းချီကားမှာ လွမ်းမောဖွယ် ကောင်းလွန်း သည်ဟု၊ ထုတ် မပြော ခဲ့ချေ။

“ လူတိုင်းရဲ့ နှလုံးသား ထဲမှာ၊ စိတ်ဝိညာဉ်က အမြဲ ရေးဆွဲ ပေးနေတဲ့၊ ပန်းချီကား တစ်ချပ် ရှိတယ်၊ ဒါပေမယ့် ဖွင့်လို့ မရဘူး၊ ... ”

“ ... အိမ်က ထွက်လာ ပြီးတဲ့ နောက်မှာ၊ ငါ့နာမည်ကို လွင့်မျော နေသော ရေခွက်လို့ ပြောင်း လိုက်တယ်၊ ... ”

“ ... လွင့်မျော နေသော သေမင်း၊ ဆိုတာ ဓားတစ်လက်ရဲ့ နာမည်ပဲ၊ တစ်ချိန် တုန်းက မင်း သိတာထက် များလှတဲ့၊ မိစ္ဆာ ကျင့်ကြံသူ တွေကို၊ သူနဲ့ အတူ ငါ သတ်ခဲ့တယ်၊ ... ”

“ လူဆိုး လူကောင်း မခွဲခြား ခဲ့ဘူး၊ တစ်နေ့တော့ ဓားကျိုး သွားလို့ ပန်းချီ ကားကို မဖွင့် နိုင်တော့ တာပဲ။ ”

လွင့်မျော နေသော ရေခွက်က ပြုံးပြီး၊

“ အဲ့ဒီ ကမ္ဘာကို မင်း ရောက်တဲ့ အခါ၊ တစ်နေ့ ... မင်းမှာ ပန်းချီကား တစ်ချပ် ရှိလာ လိမ့်မယ်၊ ခေတ်သစ်က ရောက်လာပြီ ဆိုတော့ လူတိုင်း အတွက်၊ ဒီအခွင့် အရေး ရှိတယ်။ ”

“ ခေတ်သစ် ဆိုတာ ဘာလဲ။ ”

ဆုစီယာမှ ထိုဝေါဟာရကို နှင်းစံအိမ်အား ပြောခဲ့ ဖူးချေသည်။ ယင်းသည် အဘယ့်ကြောင့်၊ အကြီးအကဲ မိုအား စိတ်လှုပ်ရှား စေသည်ကို၊ သိချင် လာမိသည်။

ပုံမှန် အားဖြင့် ဆိုသော်၊ ဓားသမား တစ်ဦးအား စိတ်လှုပ် ရှားအောင် ဆွဲဆောင် နိုင်သော အရာမျိုး ရှားချေပြီ။

“ ဒါက ကမ္ဘာ အားလုံးကို၊ လွှမ်းခြုံ လာတဲ့ အချိန် တစ်ခုပဲ၊ ဘယ်သူမှ မပယ်ဖျက် နိုင်ဘူး၊ အဲ့ဒီမှာ အဆုံးမဲ့ အခွင့် အလမ်းတေွ ရှိတယ်၊ ... ”

“ ... အခု သွေးစွန်းသော ဧည့်ခံပွဲက အရမ်းအရေးပါ လာပြီ၊ ထိပ်ဆုံး ဆယ်နေရာကို ဝင်မှ ရမယ်၊ မဟုတ်ရင် မင်း သူ့ကို တွေ့ဖို့ ဆိုတာ ... ”

လွင့်မျော နေသော ရေခွက်က၊ ထို့ထက် ပို၍ မဆို တော့ချေ။ ခေတ်သစ်ရောက် ချိန်၌၊ ကောင်းကင်လမ်း ပွင့်မည် ဖြစ်သည်။

ထို့ကြောင့် ၎င်းလမ်းမှ ဖြတ်ကာ၊ လွင့်မေျာ နေသော ရေခွက်ထံ၊ မျောက်ဝိုင် ဆယ်အိုးအား လက်ဆောင် လာ ပေးမည်ဟု၊ လင်းယွန်က ကတိပြု လိုက်သည်။

“ ကောင်းကင်လမ်း အကြောင်း၊ ပြောနေတာ ရပ်လိုက် ရအောင်၊ ဆုစီယာက မင်းကို ဒီထက်ပို မပြော စေချင် တာကြောင့်၊ မမေး တော့နဲ့၊ ... ”

“ ... မင်းသာ ထိပ်ဆုံး ဆယ်ယောက်ကို၊ မဝင် နိုင်ရင်၊ သူက မင်းနဲ့ ဘာမှ မဆိုင်တော့ ဖူးဆိုတာ သတိ ရပါ။ ”

လွင့်မျော နေသော ရေခွက်က သူ့ ခေါင်းကို ပွတ်သပ်လျက် ပြုံးလိုက်ပြီး၊

“ ဘယ်သူ သိမှာလဲ၊ ဒီလိုသာ ဖြစ်ခဲ့ရင် လူဝတ် လဲဖို့ စဉ်းစားကောင်း စဉ်းစား နိုင်တယ်၊ ... ဟီး။ ”

“ ထွက် သွား စမ်း ... ။ ”

လင်းယွန်က ပြုံးလျက် မောင်းထုတ် လိုက်သည်။ ဤသည်မှာ နောက်ပြောင်ခြင်းသာ ဖြစ်ကြောင်း သူ သိ၏။

လွင့်မျော နေသော ရေခွက်မှာ၊ သူ့ကိုယ်သူ ကန့်သတ်ထား သဖြင့်၊ ပန်းချီကားအား ဖွင့်၍ မရ သေးချေ။

ဆုစီယာကြောင့် မဟုတ်ဘဲ၊ အိမ်မှ မထွက်ခွာမီ၊ ကြီးမားသော တစ်စုံ တစ်ရာကို သူ လုပ်ခဲ့ပုံ ရသည်။

လွင့်မျော နေသော ရေခွက်နှင့်၊ လွင့်မျော နေသော သေမင်း အကြား၊ ခြားနား ချက်မှာ စကားလုံး တစ်လုံး မျှသာ ဖြစ်သော်လည်း၊ အဓိပ္ပါယ် ကွာခြားချက် ကြီးမား ပေသည်။

သေခြင်း ဟူသည် ကပ်ဘေး၊ သတ်ခြင်းနှင့် နာကျင်မှု တို့ကို ဆိုလိုပြီး၊ ရေခွက် အတွက်မူ ဝိုင် ထည့်သောက်ရန် ရည်ရွယ်၏။

အပြုံးကို ပြန်ရုတ် သိမ်းလိုက်ပြီး၊ လွင့်မျော နေသော ရေခွက်က၊

“ ငါတို့ ကမ္ဘာမှာ၊ ထူးခြားတဲ့ ပါရမီရှင်တွေ အများကြီး ရှိတယ် ဆိုတာ၊ ငါ မင်းကို သတိပေး ပါရစေ၊ သန်မာမှု မရှိရင် မင်းရဲ့ ရလဒ်က၊ သေခြင်းနဲ့ အဆုံးသတ် သွား လိမ့်မယ်၊ ... ”

“ ... ဆုစီယာ မင်းကို တစ်ချိန်လုံး ကယ်တင်ဖို့ ဆိုတာ မဖြစ်နိုင် တော့ဘူး၊ သူ့မှာ ထမ်းထား ရတဲ့ ဝန်တွေ ... ။ ”

ထိုစကားမှာ ကျွံ သွားမှန်း သိသဖြင့်၊ လွင့်မျော နေသော ရေခွက်က ချက်ချင်း ရပ် လိုက်သည်။ သို့သော် လင်းယွန်က အံ့သြခြင်း မရှိချေ။

“ သူ့ လမ်းက ကြမ်းမယ် ဆိုတာ၊ ငါ ခန့်မှန်း နိုင်ပါတယ်။ ”

စိတ်ပိုင်းဖြတ် ထားသော အသွင်ဖြင့်၊ ဝိုင်ခွက်အား ကောက်သောက် လိုက်သည်။ ပြီးနောက် အဝေးကို ငေးလျက်၊

“ တစ်နေ့တော့ ... ၊ ငါ့လက် ထဲက ဓားနဲ့ သူမကို ဖမ်းမိ မှာပါ၊ သူ့ကို ထိဝံ့တဲ့ ဘယ်သူ့ လက်ပဲ ဖြစ်ဖြစ် ငါ ဖြတ်မယ်၊ သူ့ရဲ့ ဝန်က ငါ့ဝန် ပါပဲ။ ”

ယင်းမှာ ယောကျ်ား တစ်ယောက်၏၊ ကတိသစ္စာ စကား ပေပင်။ မြင့်မြတ်သော သမီးတော် တစ်ယောက်၊ ကြွေဆင်း ခဲ့ရသည့်၊ အကြောင်း ရင်းကို၊ လွင့်မျော နေသော ရေခွက်က၊ နားလည် လိုက်တော့၏။

ထိုကမ္ဘာရှိ ပါရမီရှင်များ ဟူသည် ကောင်းကင် တောင်ကုန်း မြို့မှ၊ အမှိုက်များ ကဲ့သို့ မဟုတ်ချေ။

သို့သော် လင်းယွန် အပေါ်၊ သူ ယုံကြည် ပေသည်။ ပန်းချီ ကားအား၊ သည်တစ်သက် ပြန် မဖွင့်နိုင် ခဲ့လျှင်ပင်၊ သည်လူ၏ ဓားမှာ သူမအား ကာကွယ် နိုင်မည် ဆိုပါက၊ အဆင်ပြေ ပေမည်။

“ ဟား ဟား ဟား ... ၊ လာ သောက် ရ အောင် ... ။ ”

လွင့်မျော နေသော ရေခွက်က၊ လင်းယွန်နှင့် အတူ ခွက်ချင်း တိုက်ကာ ရယ်မော လိုက်တော့ သည်။

ကြိုးပြတ် သွားသော စွန်ငယ်လေး တစ်ကောင်၏၊ လေနှင်ရာ လွင့်တော့မည့်၊ လွတ်လပ်ခြင်း မျိုးပေပင်။

နှစ်ယောက်သား နေဝင်သည် အထိ သောက်ပွဲ ကျင်းပ မိ၏။ လင်းယွန် ပြန်နိုး လာသော အခါတွင်၊ လွင့်မျော နေသော ရေခွက်မှာ၊ မရှိ တော့ချေ။

မည်သည့် အချိန်၌ ပြန်ဆုံကြ မည်ကို နတ်ဘုရား များသာ သိပေမည်။ သူ့ကိုယ်သူ ကိုယ်လက် သန့်စင် လိုက်ပြီး၊ မိုးရေ အင်ပါ ရီယန်အား လိုက်ရှာ မိ၏။

ထို့နောက် နဂါး လေးအား ပြသကာ၊ အခြေအနေကို မေးမြန်း လိုက်သည်။ မိုးရေ အင်ပါ ရီယန်က သူ့အား၊ နှစ်သက်ပုံ မပေါ် သော်လည်း၊ နဂါးလေး အတွက် အချက် အလက် များစွာကို ရှာဖွေ ပေးခဲ့သည်။

“ ယင်ကို သယ်ပြီး၊ ယန်ကို ထွေးပွေ့ ထားလား ... ။ ”

လင်းယွန်က ရေရွတ် လိုက်သည်။ တွေ့ရှိထားသော အချက် အလက် များအရ၊ နဂါးလေးမှာ သေသင့် ပေ၏။

သို့သော် ၎င်း၏ ခန္ဓာကိုယ် ထဲရှိ၊ နဂါး မျိုးဆက် သွေးမှာ၊ ကန့်သတ် ချက်သို့ ရောက်ရှိ သွားပြီး၊ ဆင့်ကဲ ဖြစ်စဉ်များ ဖြစ်ပွား လာခြင်း ဖြစ်သည်။

“ ဒါပေမယ့် ... သူ့ရဲ့ မျိုးဆက် သွေးက၊ သန္ဓေ မပြောင်းနိုင် ပါဘူး၊ ဘာတွေ ဖြစ်နေ တာလဲ ဆိုတာတော့ ငါလည်း သိချင်တယ်၊ သူ့ကို မင်း ဘာလို့ မထားခဲ့ ရတာလဲ။ ”

ဤဖြစ်စဉ်မှာ ထူးခြား လွန်းသဖြင့်၊ မိုးရေ အင်ပါရီယန် ကိုပင် စိတ်ဝင်စား လာစေ၏။ ထိုတောင်းဆို ချက်ကြောင့်၊ လင်းယွန် တစ်ယောက် အနည်းငယ် အံ့အားသင့် သွားခဲ့ သည်။

“ မင်း သွားသင့်တယ်၊ မဟုတ်ရင် ကောင်းကင် တောင်တန်း ကြီးက ပေးတဲ့ အခွင့် အရေးကို လက်လွတ် သွားတဲ့ အတွက်၊ ... ”

“ ... သွေးစွန်းသော ဧည့်ခံ ပွဲမှာ၊ မင်းကောင်းကောင်း နောင်တရ နိုင်တယ်။ ”

နောက်ဆုံးတွင် ထိုပုဂိ္ဂုလ် ဆန္ဒ အရ၊ နဂါးလေးအား ထားရစ်ကာ၊ လင်းယွန်က ထွက်ခွာ လာခဲ့ တော့သည်။

မိုးရေ အင်ပါ ရီယန် ဆိုသော ပုဂ္ဂိုလ်မှာ၊ ဤမျှ ညံ့ဖျင်းသော အကြောင်း ပြချက်ကို သုံး၍၊ သူ့အား ‘ပ’ထုတ်ခဲ့ လေပြီ။

တစ်ဖက်တွင် ကောင်းကင် တောင်တန်း ကြီး၏၊ အနက် ရှိုင်းဆုံး နေရာ၌၊ တကယ် အခွင့် အရေး ရှိ-မရှိ မသေချာ လှချေ။

ကောင်းကင် တောင်တန်း ကြီးမှာ၊ ဓား ဂိုဏ်းမှ ပိုင်ဆိုင်ခဲ့ ဖူးသောကြောင့် ထူးခြားသည့်၊ အဖြစ် အပျက်များ၊ မကြာ ခဏ ဆိုသလို၊ ပေါ်ပေါက် လာတက် လေသည်။

***

All Chapters