သားရဲ ဒီရေ။
Vol. 53 Ch. 738
ဤနေရာရှိ ဝိညာဉ် စွမ်းအင်မှာ၊ အလွန် ပါးလျ သဖြင့်၊ အနှောက် အယှက် ရှိလာမည် မဟုတ်ဟု ယူဆကာ၊ ကျင့်ကြံ နေခြင်း ဖြစ်သည်။
တစ်စုံ တစ်ဦး ကျင့်ကြံ နေစဉ်၊ နှောင့်ယှက်ခြင်း ခံရပါက၊ ဒေါသနှင့် ကျင့်ကြံမှု လမ်းမှ သွေဖယ် သွားမည် ဖြစ်သည်။
ထို့ကြောင့် လုဟန်ကို စတင် စစ်ဆေး လိုက်သည်။ ရောင်ဝါ ဆုတ်ခွာ ထားသော်လည်း၊ မျက်လုံး များမှာ၊ တောက်ပ နေဆဲ ဖြစ်၏။
လုဟန် မှာမူ ထက်ခြမ်း အခွဲခံ လိုက်ရ သကဲ့သို့ ခံစား လာရသည်။ အချိန် အတော်ကြာ ပြီးနောက် လင်းယွန်က၊ ပြုံးလိုက်၏။
ဤနေရာ၌၊ လူသူ ကင်းရှင်း နိုင်သည်ဟု ထင်မိ သော်လည်း၊ နက်နဲ သိုင်းသမား တစ်ဦး နှင့်၊ ကြုံတွေ့ လာရသည်။
ကျပန်း တွေ့ဆုံသော လူငယ် တစ်ဦး သည်ပင်၊ ကောင်းကင် တောင်ကုန်း မြို့မှ ပထမ တန်းစား ပါရမီရှင် ခုနစ်ပါး ကဲ့သို့သော အရည် အချင်းမျိုး ရှိနေ၏။
မြင့်မား လွန်းသည့် ပုဂ္ဂိုလ်များ အမြင်တွင်၊ လုဟန် အသက် အရွယ် အရ၊ နက်နဲ နယ်ပယ်၌ ရှိနေ ခြင်းမှာ၊ ပုံမှန်သာ ဖြစ်သည်။
နောက်ဆုံးတွင် တစ်ခေတ် တစ်ယောက် ထွန်းသော ပါရမီရှင် များကို နေရာတိုင်း တွေ့ နိုင်မည် မဟုတ်ချေ။
အနိမ့်ဆုံး ပါရမီရှင် ပင်လျှင်၊ မဟာချင် အင်ပါယာ အတွက်၊ ကြောက်မက်ဖွယ် တည်ရှိမှု မျိုး၊ ဖြစ်နေ ပေ၏။
လုဟန် အနေဖြင့်၊ လင်းယွန်၏ အတွေး များကို မသိနိုင် ပေရာ၊ တိတ်တဆိတ် ကျင့်ကြံ နေသော စီနီယာ တစ်ဦးကို နှောင့်ယှက် မိသည့် အပေါ်၊ နောင်တရ သွားသည်။
ပို၍ တွေးမိလေ ချွေးသီးများ ပို၍ စီးကျ လာလေ ဖြစ်၏။
“ စီ ... စီနီယာ ဒီမှာ ရှိနေတယ် ဆိုတာ၊ ငါ တကယ် မသိ ပါဘူး၊ အခု ချက်ချင်း ထွက်သွား ပေး ပါ့မယ်။ ”
ဓားသုတ္တန် အထွတ် အထိပ် အဆင့်သို့ ရောက်ရှိ ခဲ့ ပြီးနောက်၊ ပွင့်ချပ်ပေါင်း (၁၀၈) ချပ်ကို ဖွဲ့တည် နိုင်ခဲ့သည်။
ခန္ဓာကိုယ်၌ ဓားစွမ်းအင် များနှင့် ပြည့်နှက်နေ သဖြင့်၊ ဓား အစီရင်ကို အကြိမ်ရေ မည်မျှ လှည့်နိုင် မည်အား၊ သိချင် လာသည်။
ထို့ကြောင့် ကိုးကြိမ် တိုင်တိုင် လှည့်ပတ် ပြီးနောက်၊ ဖီးနစ် ဖြစ်စဉ်အား ဖန်တီး နိုင်ခဲ့ သည်။
ယင်းက လုဟန်ကို ဆွဲဆောင် ခံရပြီး၊ ကံစမ်းရန် ဤနေရာသို့ ရောက်ရှိ လာကြောင်း၊ နားလည် လိုက်၏။
“ ငါက စီနီယာ မဟုတ် ပါဘူး၊ ငါ့ မျိုးရိုးက လင်း ဖြစ်ပြီး၊ မင်းထက် နှစ်နှစ်ပဲ ငယ်ပါတယ်။ ”
လင်းယွန်က ပြုံးကာ ဆိုမိသည်။
“ မင်းက စီနီယာ မဟုတ် ဖူးလား၊ ဟူး ... ငါတော့ သေပြီ ထင်ထားတာ … ။ ”
လုဟန်က ပြုံးလိုက်ပြီး၊ စိတ် သက်သာရာ ရသွား၏။
( ဟမ့် ... နေဦး ၊ ငါ့ထက် နှစ်နှစ် ငယ်တယ်လို့ သူပြော လိုက်တာ မဟုတ်လား။ )
“ မဖြစ် နိုင်ဘူး။ ”
တစ်ဖက် လူတွင် သူ့ အသက် အပေါ်၊ သံသယများ ရှိမှန်း သိသော်လည်း၊ လင်းယွန်မှ ရှင်းပြရန် စိတ် မ၀င်စား ခဲ့ချေ။၊ သူက၊
“ မင်းက ဒီနားမှာ နေတာလား။ ”
-ဟု မေးလိုက်သည်။
“ ဟုတ်တယ် ငါ့ နာမည်က လုဟန်၊ လွင့်မျော နေသော တိမ်တိုက် ဂိုဏ်းရဲ့၊ အတွင်း တပည့် တစ်ဦးပါ။ ”
လုဟန်က သူ့ကိုယ်သူ မိတ်ဆက် လိုက်သည်။ ထို့ကြောင့် လင်းယွန်မှာ အတွေးထဲ နစ်မျော သွား၏။
လွင့်မျော နေသော တိမ်တိုက် ဂိုဏ်းမှာ၊ ဓားနန်းတော်နှင့် တူညီသော အဆင့်တွင် ရှိနေ နိုင်သည်။
မဟာချင် အင်ပါယာ၌ ဆိုပါက၊ အုပ်စိုးရှင် တစ်ပါး ဖြစ်နိုင် သော်လည်း၊ မိုးကြိုး စီရင်စုတွင် အရေး မပါ ခဲ့ချေ။
“ မင်း တောင်ပေါ်က ဆင်းမှာ မဟုတ်လား၊ ငါတို့ အတူတူ သွားရအောင်။ ”
“ ကောင်းပြီ။ ”
လင်းယွန်၏ ကမ်းလှမ်း ချက်ကြောင့်၊ လုဟန် မျက်နှာ တစ်ပြင်လုံး ရွှင်မြူး သွားသည်။ နှစ်ယောက်သား စကား စမြည် ပြောလျက် လျှောက်လှမ်း လာမိ၏။
လင်းယွန်မှာ အသက် (၁၈)နှစ် မျှသာ ရှိသေးကြောင်း အတည်ပြု နိုင်ခဲ့ သဖြင့်၊ များစွာ တုန်လှုပ် သွားရသည်။
တိမ်နဂါး အဆင့် ကျင့်ကြံသူ များမှာ၊ အံ့မခန်း ပါရမီရှင်များ ဖြစ်သည် ဟူသော စကား များကို၊ လင်းယွန်အား မြင်ပြီးနောက်၊ လက်ခံ လာမိသည်။
မြေပြင် အနေအထား အရ၊ ကောင်းကင် တောင်ကုန်းမြို့ နယ်နိမိတ် အတွင်းမှ ထွက်ခွာ ကာ၊ ဓားနက်မြို့ ထဲသို့ ဝင်ရောက် နေပြီ ဖြစ်ကြောင်း လင်းယွန် သိ၏။
သို့သော် မြို့တော်နှင့် များစွာ ဝေးပေ သေး၏။ ဓားနက်မြို့မှာ၊ မိုးကြိုး စီရင်စု၏ အထင်ကရ မြို့တော် ခုနစ်ခု အနက်၊ ဓားသမား များနှင့်၊ ပြည့်နှက် နေသော၊ မြို့ ဖြစ်သည်။
ထိုမြို့တွင် မုရုံချင်း ဟူသော ဓားသမား တစ်ယောက် ရှိပြီး၊ ၎င်း၏ ဓားဧကရာဇ် ဆေးပင်ကို နဂါးပျောက် တောင်စောင်း၌၊ လင်းယွန်မှ ဖျက်ဆီးပစ် ခဲ့ဖူး လေသည်။
သူ့တွင် အချိန် အလုံအလောက် ရှိပါက၊ ဓားနက်မြို့ ထံသို့ သွားရောက် လည်ပတ်ကာ၊ ထိုဓားသမား များကို ကြည့်ချင် သေး၏။
သို့သော် လာမည့် သုံးလ အတွင်း သွေးစွန်းသော ဧည့်ခံပွဲ ကျင်းပ တော့မည် ဖြစ် သဖြင့်၊ အခြားသော ဂိုဏ်း တစ်ဂိုဏ်းသို့၊ ဝင်ရောက်ခြင်း မရှိသော်၊ ဓားနန်းတော်ထံ ပြန်ရ ပေဦးမည်။
တောင်ခြေ ရောက်ချိန်တွင်၊ နှစ်ဦးသား လမ်းခွဲရန် ပြင်လိုက်သည်။ သို့သော် ရုတ်တရက် သံသယ ဖြစ်ဖွယ် တစ်စုံ တစ်ရာကို၊ လင်းယွန်မှ သတိထား မိသွားသည်။
“ ညီအစ်ကို လင်း၊ ဘာဖြစ် လို့လဲ။ ”
“ မြေပြင် တုန်ပြီး၊ အသံတွေ ကြားမိတယ်။ ”
လင်းယွန်က အဝေးကို လှမ်းကြည့်ပြီး၊ လေးနက်သော မျက်နှာ အမူ အရာဖြင့် ပြန်ဖြေ လိုက်သည်။ ကောင်းကင်ရှိ တိမ်ဖြူများ လွင့်စင် ကုန်ပြီး၊ မည်းတက် လာ၏။
များမကြာမီ အနက်ရောင် မြူများ ကောင်းကင် တောင်တန်း ကြီး၏ ဗဟို ဒေသ ထံမှ မြင့်တက် လာသည်။
အနက်ရောင် မြူများကို နေရာ ပေါင်းစုံ၌၊ မြင်တွေ့ခဲ့ ဖူးသော်လည်း၊ ဤမြင်ကွင်း မျိုးနှင့် မတူချေ။
“ အိုး ချေးပဲ ... မိစ္ဆာ အရှိန်အဝါတွေ ။ ”
ပုံမှန် အားဖြင့် ဆိုသော်၊ မိစ္ဆာ ရောင်ဝါ များကို၊ လျှို့ဝှက် နယ်မြေ များ၌ ပိတ်ဆို့ထား သဖြင့်၊ ပေါက်ကြားလာ ‘ခဲ’ပေသည်။
ပေါက်ကြား ယိုစိမ့် ကုန်ပါက၊ နတ်ဆိုး သားရဲ များ၏ အနည်း ငယ်သော ဆင်ခြင်တုံ တရားကို၊ တိုက်စား သွားမည် ဖြစ်သည်။
“ မ ကောင်း တော့ ဘူး၊ ဒါ ... ဒါ သားရဲ ဒီရေပဲ၊ ငါ ဂိုဏ်းကို ပြန်ရမယ်။ ”
ဂိုဏ်း ထံသို့ အမြန် ပြန်ရန်၊ လုဟန် တစ်ယောက် အလျင်လို သွားသည်။
“ မင်းရဲ့ ဂိုဏ်းက ဒါကို ကာကွယ်နိုင် ပါ့မလား၊ ဒီနားမှာ ရွာတွေ ရှိတယ်၊ သူတို့ကို အကြောင်း ကြားပြီး၊ လွတ်ရာ မြို့ တစ်မြို့ကို သွားခိုင်း လိုက်ပါ။ ”
သားရဲ ဒီရေကို မကြုံဖူး သော်လည်း၊ ဓားသမား တစ်ယောက် ပီပီ၊ အခြေ အနေကို တည်ငြိမ်စွာ ရင်ဆိုင် နိုင်လေသည်။
လင်းယွန် ထံမှ သတိပေး သံကို ကြားသည်နှင့်၊ သူ တည်ငြိမ် ရမည်ကို၊ လုဟန် တစ်ယောက် ချက်ချင်း နားလည် လိုက်မိသည်။
ရွာသား များမှာ၊ ထိုကဲ့ သို့သော သားရဲ ဒီရေကို ဆန့်ကျင်ရန် စွမ်းရည် မရှိချေ။
ထိုအချိန်တွင် တောင်ကြီး တစ်ခုလုံး ပြင်းစွာ တုန်ခါ လာပြီး၊ ဆူညံသော အသံ ဗလံများ ဟိန်း ထွက်လာ တော့၏။ နေခင်း ကြောင်တောင် ကောင်းကင်ကြီး တစ်ခုလုံး၊ ရုတ်တရက် မှောင်ကျ သွားသည်။
“ မင်း ... အခု ထွက်သွား သင့်တယ်။ ”
“ သတိ ထားပါ ... ၊ သခင်လေး လင်း။ ”
လုဟန်က တွေဝေခြင်း မရှိ ခဲ့ဘဲ၊ ချက်ချင်း ပြေးထွက် သွားတော့သည်။ သို့သော် ဆူညံသံ အချို့ကြောင့် ပြန်လှည့်ကြည့် လိုက်ရာ၊ နတ်ဆိုး သားရဲများ ရူးသွပ်စွာ ပြေးထွက်လာ သည်ကို မြင်လိုက် ရသည်။
တစ်ကောင်ချင်း စီ၌ အနက်ရောင် မြူများဖြင့် ဖုံးလွှမ်း နေပြီး ကြမ်းကြုတ်သော အသွင်များ ရှိနေ ချေ၏။
လင်းယွန်က ဓားဆွဲကာ၊ လရောင် ရေစင် ဓား၏၊ တိမ်မြူ ကင်းသော လမင်းကို ထုတ်ဖော် လိုက်သည်။
နောက်တစက္ကန့်တွင်၊ လရောင်ခြည် ကဲ့သို့ ဓား အလင်းများ ထွက်ပေါ် လာပြီး၊ ရာပေါင်း များစွာသော နတ်ဆိုး သားရဲ များကို လှီးဖြတ် သွားတော့သည်။
ဤမြင်ကွင်းက လုဟန်ကို အံ့အားသင့် စေခဲ့၏။ နောက်ဆုံးတွင် ဤမျှ များပြားသော နတ်ဆိုး သားရဲ များကို ဓားတစ်ချက် တည်းဖြင့် သတ်ပစ် ခြင်းမှာ၊ သူ့ စိတ်ကူး များထက် ကျော်လွန် နေပေပြီ။
လွင့်မျော နေသော တိမ်တိုက် ဂိုဏ်းတွင်၊ ယင်ယန် အဆင့် အကြီးအကဲများ ရှိသော်လည်း၊ ဤဓားသမားကို မယှဉ် နိုင်ချေ။
လင်းယွန် အတွက်မူ၊ ရှန်ရှင်းဓား နှင့်အတူ၊ ဓားသုတ္တန် အပေါ်၊ အဆင့် (၁၁) အထိ၊ ဆုပ်ကိုင် ထားနိုင်၏။
တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေရှိ ကျွမ်းကျင်သူ တစ်ဦးပင်၊ သူ့အား အလွယ်တကူ အနိုင်ယူ နိုင်တော့မည် မဟုတ်ချေ။
လင်းယွန်က သူ့အား လှည့်ပင် မကြည့် သဖြင့်၊ လုဟန် ရင်ထဲ၌ ထိတ်လန့်ဖွယ် အတွေး အချို့၊ ဝင်ရောက် လာသည်။
ဤသားရဲ များကို တစ်ဦး တည်းနှင့်၊ ဟန့်တား မည့်ပုံ ရှိ၏။ ထို့ကြောင့် တုန်ယင်သွွား မိသော်လည်း၊ ယခု အချိန်၌ ရွာသား များကို လွတ်ရာသို့ ပို့ဆောင် ရန်မှာ၊ အရေးကြီး နေပေ သည်။
လုဟန် ထွက်သွား ပြီးနောက်၊ လင်းယွန်က နတ်ဆိုး သားရဲများ ထံသို့၊ ဦးတည် လာခဲ့သည်။ ၎င်းတို့မှာ ပို၍ ကြမ်းကြုတ် နေပြီး၊ မည်းမည်း မြင်ရာ တိုက်ခိုက် လာပေသည်။
သို့သော် ယင်-ယန် အဆင့်တွင် မရှိ ပါက၊ ဓားတစ်ချက် တည်းဖြင့် သတ်နိုင်၏။ ယင်-ယန် အဆင့်မှ နတ်ဆိုး သားရဲများ အတွက်မူ၊ ဒုတိယ ဓားချက် ကိုသာ ထုတ်ဖော် ရပေမည်။
တစ်နာရီကြာ ပြီးနောက် တောင်ခြေ တစ်ခုလုံး နတ်ဆိုး သားရဲ အလောင်း များနှင့် အတူ၊ မြေပြင်၌ သွေးများ ရွှဲနစ် လာ၏။
နတ်ဆိုး သားရဲများ အားလုံး သေဆုံးကုန် သည်နှင့်၊ နဂါး မျက်ဝန်းကို အသက် သွင်းကာ မျှော်ကြည့် လိုက်သည်။
ကြောက်မက်ဖွယ် ကောင်းသော အဟုန်ဖြင့်၊ နတ်ဆိုး သားရဲပေါင်း များစွာ တိုးထွက် လာနေ သည်ကို၊ မြင်လိုက် ရသည်။
အကောင်ရေ တစ်သန်းခန့် ရှိပြီး၊ ဤပမာဏမှာ တစ်ကြိမ် မျှပင် မကြား ဖူးသော အရေ အတွက် ဖြစ်၏။
တောင်တန်း ပေါ်တွင် ထောင်ဂဏန်း မျှသော နတ်ဆိုး သားရဲ များသာ ရှိပြီး၊ အထွတ် အထိပ် ယင်-ယန် အဆင့် တစ်ကောင်မျှ မရှိပေ။
သို့သော် မြင်ရသော သားရဲ လှိုင်းများ ထဲတွင်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၊ နတ်ဆိုး သားရဲ များပါ၊ တွေ့မြင် နေရ၏။
ထိုနတ်ဆိုး သားရဲ များကို မကြောက် သော်လည်း၊ သားရဲလှိုင်း အတွင်း နစ်မြုပ်ခဲ့ ပါက၊ ဒုက္ခ ဖြစ်ပေ လိမ့်မည်။
နဂါး မျက်ဝန်းအား ပိတ်သိမ်းကာ၊ တောက်ကုန်း ပေါ်မှ ခုန်ဆင်းပြီး၊ လုဟန် ထွက်သွားရာ အရပ်သို့ ဦးတည် လိုက်သည်။
“ လုဟန်ကို အရင် ရှာသင့်တယ်။ ”
လမ်း တစ်လျှောက် လူသေ အလောင်း အများ အပြားကို တွေ့မြင် လာရပြီး၊ အားလုံးမှာ သာမန် လူများသာ ဖြစ်၏။
သူ တားဆည်း နိုင်ခဲ့ သည်မှာ၊ အရပ် မျက်နှာမှာ တစ်ဖက်သာ ဖြစ်ကြောင်း နားလည် လိုက်မိသည်။
ရွာ တစ်ရွာသို့ ရောက်ချိန်၌၊ သောင်း ဂဏန်းမျှ ရှိသော လူအုပ် ကြီးမှာ၊ ထိတ်လန့် တကြားဖြင့်၊ စုရုန်း နေကြသည်။
လုဟန် အပြင်၊ အခြားသော ကျင့်ကြံသူ များက၊ ၎င်းတို့ကို ကာကွယ် ပေးနေ၏။ ထိုလူအုပ် ထဲ၌ ခရမ်းရောင် နန်းတော် နယ်ပယ် ကျွမ်းကျင်သူ များပင် ပါရှိ လေသည်။
လင်းယွန်ကို မြင်သည်နှင့်၊ လုဟန်က ဝမ်းသာ အားရ၊ မိတ်ဆက် ပေးလာ၏။
“ သူက သခင်လေး လင်းပါ၊ နတ်ဆိုး သားရဲ တစ်ရာကျော်ကို၊ ဓား တစ်ချက် တည်းနဲ့ သတ်ခဲ့ သူပဲ။ ”
ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ ကျွမ်းကျင်သူများ အားလုံးက၊ လင်းယွန်ထံ လှည့်ကြည့် လိုက်ကြသည်။
လင်းယွန်က ထိုသူများမှာ လေလွင့် သိုင်းသမားများ ဖြစ်ကြောင်း၊ သတိပြု မိလိုက် သဖြင့်၊ အံ့သြသွား ရသည်။
“ ဟမ့် ... ၊ ငါ့ တို့က လေလွင့် ကျင့်ကြံ သူတွေ ဖြစ်လို့ အထင် သေးချင် နေတာလား၊ မင်းလို ဂိုဏ်းတပည့် ဆိုတဲ့ ကောင်တွေက၊ သေမှာ ကြောက်လို့ ထွက်ပြေး ကုန်ကြပြီ။ ”
လင်းယွန်၏ အကြည့်ကို မြင်ချိန်၌၊ လေလွင့် ကျင့်ကြံသူ တစ်ဦးက၊ မခံ မရပ် နိုင်ဖြင့် တုန့်ပြန် လာသည်။
“ တောင်းပန် ပါတယ်။ ”
လင်းယွင် အံ့သြ သွားပြီး၊ အလေး အနက် တောင်းပန် လိုက်သည်။ မိစ္ဆာ လမ်းစဉ် ကျင့်ကြံ သူများ မဟုတ် သောကြောင့်၊ ဤလုပ်ရပ်မှာ အဓိပ္ပါယ် ရှိပေသည်။
ဉပမာ အားဖြင့် ဂိုဏ်း တပည့်များ ဖြစ်သော၊ ကောင်းကင် တောင်ကုန်း မြို့၏ ပထမတန်းစား ပါရမီရှင် (၇) ပါးမှာ၊ လေလွင့် သိုင်းသမားများ ထက်ပင် အောက်တန်း ကျပေ၏။
“ သူတို့ကို ကာကွယ် ရမယ်၊ ဒီနားက မြို့တွေတောင် မလုံခြုံ နိုင်ဘူး၊ သားရဲ ဒီရေက ရုတ်တရက်ကြီး မကြုံ ဖူးအောင် များပြား နေတယ်၊ ကြည့်ရတာ ဓားနက်မြို့ အထိ ဆုတ်ခွာ ရမယ့် ပုံပဲ။ ”
အဘိုးအို တစ်ဦးက လေးနက်စွာ ဆိုသည်။
“ ကောင်းကင် ဝိညာဉ် နယ်မြေက အကြီးအကဲတွေ ခြံရံပြီး၊ တိမ်နဂါး အဆင့် ပါရမီရှင် တွေတောင်၊ ဓားနက် မြို့ကို လာမယ် လို့ သတင်း ကြားတယ်။ ”
ထိုအဖိုးအို၏ သတင်းကြောင့် မိုးရေ အင်ပါရီယန်မှာ၊ သူ့ အပေါ် လိမ်ညာ ပြောဆို ခဲ့ခြင်း မဟုတ်ကြောင်း၊ နားလည် သွားမိသည်။
***