မင်း နှလုံးသား ထဲက အမှန် တရား။
Vol. 53 Ch. 739
ရုတ်တရက် ကျယ်လောင်သော သားရဲ ဟောက်သံ များက လင်းယွန်ကို သတိ ပြန်ကပ် လာစေ ခဲ့၏။
ယခု အချိန်၌ တိမ်နဂါးများ လာခြင်း မလာခြင်းသည် အရေး မကြီးချေ။ အရေးကြီး သည်မှာ ရွာသား များကို ဘေးကင်းစွာ ခေါ်ထုတ် နိုင်ရေး ပေပင်။
သူ့တွင် ဗုဒ္ဓ ကဲ့သို့ ကြင်နာသော နှလုံးသား မရှိ သော်လည်း၊ တက်စွမ်း သမျှ လုပ်ဆောင် ပေးလို၏။ ထို့ကြောင့် သူ့ဓားကို ဆွဲရန် တွေဝေခြင်း မရှိ ခဲ့ချေ။
“ လုဟန်၊ ဒီရွာသား တွေကို မင်ရေ မြို့ကို ခေါ်သွားပါ၊ မင်း နောက်ကနေ ငါတို့ လိုက်ခဲ့ မယ်။ ”
ထိုအဖိုးအို ကပင်၊ မျက်ခုံးပင့်လျက် အမိန့်ပေး လိုက်သည်။
“ နား လည် ပါ ပြီ။ ”
လုဟန်က ခေါင်းညိတ် လိုက်ပြီး၊ ဝရုန်းသုန်းကား နိုင်သော လူအုပ် ကြီးထံ ပြန်ကြည့်ကာ၊
“ လူတိုင်း ငါ့ နောက် လိုက်ခဲ့ကြ ... ။ ”
-ဟု ဆိုလိုက်သည်။
ထို့နောက် သားရဲ ဒီရေ၏ ပထမလှိုင်း ကျရောက် လာတော့သည်။ ပိုက်ကွန် သဖွယ် ရောယှက် နေသော ဓားရောင်ခြည် (၁၈) စင်းကို၊ လင်းယွန်မှ ထုတ်လွှတ် လိုက်သည်။
၎င်းနယ်မြေ အတွင်း၊ ပျံသန်းမိ သည်နှင့်၊ နတ်ဆိုး သားရဲများ အားလုံး၊ နှေးကွေး ကုန်ကာ၊ ဓား အလင်းများ ထိမှန် ခံလိုက် ရ၏။
“ တိမ်မြူ ကင်းသော လမင်း။ ”
ထိုအရာက သားရဲ များကို ဟန့်တားရန်၊ နောက်တွင် ချန်နေ ခဲ့သော ကျင့်ကြံသူ အနည်း ငယ်အား၊ ထိတ်လန့် သွားစေသည်။
ဤဓား ကြောင့်သာ မဟုတ်ပါက၊ ကောင်းကင်မှ ပျံသန်း လာသော သားရဲ များကို၊ လွှတ်ပေး လိုက်ရမည် ဖြစ်သည်။
ဝေဟင်မှ သားရဲများ အတွက်၊ စိုးရိမ်ခြင်း မရှိတော့ သဖြင့်၊ မြေပြင်မှ တိုးဝင် လာသော သားရဲ များထံ၊ လူတိုင်း အာရုံစိုက် လာနိုင် ကြသည်။
လေးနာရီခန့် ကျော်လွန်သွား ပြီးနောက်၊ တိုက်ပွဲဝင် နေသော လူတိုင်း နီးပါး၊ ဒဏ်ရာများ ရရှိလာ ကုန်သည်။
လင်းယွန်က အလင်းတန်း အသွင် ပြောင်းလဲပြီး၊ ပုံရိပ် ကိုးရိပ် အဖြစ် ခွဲထွက် လိုက်၏။ ပုံရိပ် တစ်ရိပ်ချင်း ထံမှ၊ အေးစက်စက် ဓားချက်များ ထုတ်လွှတ် လာသည်။
မတူညီသော လမ်းကြောင်း ကိုးသွယ်မှ တိုးဝင် လာသော အအေးလှိုင်း များကြောင့်၊ နတ်ဆိုး သားရဲများ တုန့်နှေး ကုန်စဉ်၊ လေးနက်သော ခြေလှမ်း ခုနစ်လှမ်းကို ကန့်သတ် ချက်သို့ တွန်းပို့ လိုက်သည်။
“ သေ ကြ စမ်း ... ။ ”
ထို့နောက် လက်ကောက် ဝတ်ကို လှန်ချ လိုက်သည်နှင့်၊ ရာပေါင်းများ စွာသော နတ်ဆိုး သားရဲများ ထပ်မံ သေဆုံး သွား၏။
ပြီး တိုက်ပွဲထံ စီးမိုး ကြည့်ကာ၊
“ ဒဏ်ရာ ရတဲ့ သူတွေ ... အရင် သွားကြ၊ ငါတို့ လိုက်လာ ခဲ့မယ်။ ”
နတ်ဆိုး သားရဲ ကောင်ရေမှာ များလွန်း သဖြင့်၊ တိုက်လျက် ဖြင့်သာ ဆုတ်ခွာ နိုင်မည်။ နောက်ဆုံးတွင် နတ်ဆိုး သားရဲများ အားလုံးကို၊ ဤမျှ လူအင်အား လေးနှင့် ကိုင်တွယ်ရန် မဖြစ်နိုင် သေးချေ။
“ ကျေးဇူး တင်ပါတယ်၊ သခင်လေး လင်း။ ”
ဒဏ်ရာ ရရှိသူ များက၊ ထွက်ခွာ လိုပြီ ဖြစ်ရာ၊ လင်းယွန် စကား ကြားလိုက်ရ ချိန်၌၊ စိတ်သက် သာရာ ရသွား ကြသည်။
“ ကျန်တဲ့ သူတွေက၊ ငါနဲ့ အတူ လာပြီးတော့ ဒီနတ်ဆိုး သားရဲ တွေကို သတ်ပါ။ ”
နတ်ဆိုး သားရဲ များကို၊ အစုလိုက် အပြုံလိုက် သတ်ဖြတ် နေလျက်မှ၊ လင်းယွန်က ဆိုသည်။
“ လာ ပြီ ... ။ ”
“ သားရဲ ဒီရေ လှိုင်းတိုင်းမှာ၊ အုပ်စိုးရှင် အဆင့် နတ်ဆိုး သားရဲတွေ ပါတယ်၊ သူတို့ရဲ့ အမြုတေ တွေက အဖိုး မဖြတ် နိုင်ဘူး၊ အဲဒါ တွေကို ငါတို့ မရနိုင် ပေမယ့်၊ သခင်လေး လင်းနဲ့ လက်တွဲ ရလည်း မဆိုး ပါဘူး။ ”
“ သွား ရ အောင် ။ ”
“ တိုက် ... ။ ”
ဆက်လက် တိုက်ပွဲဝင်ရန်၊ ကျန်ရစ် ခဲ့သည့် ဆယ်ဂဏန်း မျှသော လူအုပ်မှာ၊ စိတ်လှုပ်ရှား စွာဖြင့် အော်ဟစ် လိုက်ကြသည်။
သားရဲ ဒီရေသည် သာမန်လူ အပေါ်၊ ကပ်ဘေး အသွင် ဖြစ်သော်လည်း၊ ကျင့်ကြံသူ တိုင်းအတွက်မူ၊ အရင်း အမြစ်များ ဖြစ်သည်။
ပုံမှန် သားရဲ ဒီရေ များတွင်၊ ဤမျှ များပြားသော နတ်ဆိုး သားရဲများ မရှိ သဖြင့်၊ သတ်ပစ်ရန် လွယ်ကူ ပေ၏။
နောက်ဆုံးတွင် နတ်ဆိုး သားရဲများ အားလုံး၊ အသိဝင် ကုန်ကြကာ၊ မနိုင်သော် ပြန်လှည့် ပြေး တက်ကြ ပေသည်။
ထို အချိန်တွင်၊ ဘုရင် အဆင့် သားရဲ အမြုတေ ကိုပင် ပိုင်ဆိုင် နိုင်သော အခွင့်အရေး ရှိချေပြီ။
တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ အောက်ရှိ သားရဲ အမြုတေ တိုင်းမှာ၊ လင်းယွန် အာရုံကို ဖမ်းစား နိုင်မည် မဟုတ် သောကြောင့်၊ ၎င်းတို့အား ရယူ ရာတွင် ဟန့်တားမည် မဟုတ်ချေ။
ထပ်မံ ဝင်ရောက် လာသော နတ်ဆိုး သားရဲ များထံ၊ အရပ် ‘ကိုး’ မျက်နှာမှ၊ ဓား အလင်းများ ပြိုကျ လာ ပြန်သည်။
ဤသည်မှာ လရောင် ရေစင် ဓား၏ အဆုံး စွန်သော လှုပ်ရှားမှု ဖြစ်၏။ ဓားအလင်း များက နတ်ဆိုး သားရဲများ အားလုံးကို အပိုင်း အစများ အဖြစ်၊ ခုတ်ဖြတ် သွားတော့သည်။
ဓားမုန်တိုင်း ငြိမ်သက် သွားသော အခါတွင်၊ သန်မာ လွန်းသော နတ်ဆိုး သားရဲ အနည်းငယ် မျှသာ၊ အလောင်းကောင် အဖြစ် အပြည့် အဝ ကျန်ရစ် ခဲ့၏။
ကျန်သားရဲ များမှာ သွေးမြူ အဖြစ် ပြောင်းလဲ ကုန်ပြီး၊ မိုး အဖြစ် ရွာကျ လာတော့ သည်။
ဤဓားချက်ကို ယခင် ကာလ များ၌၊ အလွယ်တကူ ထုတ်ဖော် နိုင်ခြင်း မရှိခဲ့ သော်လည်း၊ ယခုမူ ၎င်းအား ကောင်းမွန်စွာ အသုံးပြု နိုင်ပြီ ဖြစ်သည်။
ကျန်ရှိ ခဲ့သော နတ်ဆိုး သားရဲ များကို၊ လေလွင့် ကျင့်ကြံသူ များမှ လိုက်လံ သတ်ဖြတ် တော့၏။
သို့သော် သူတို့ သတ်ဖြတ် နိုင်သော နတ်ဆိုးသားရဲ အရေ အတွက်မှာ၊ လင်းယွန်၏ ဆယ်ပုံ တစ်ပုံ မျှပင် မရှိ ခဲ့ချေ။
“ သွား ရ အောင် ... ။ ”
အချိန် အနည်းငယ် အနားယူ ပြီးနောက်၊ မင်ရေ မြို့သို့ ဆုတ်ခွာရန်၊ လင်းယွန်က လောဆော် လိုက်သည်။
သူတို့ အဖွဲ့မှာ အရပ် မျက်နှာ တစ်ဖက် ကိုသာ ကာကွယ် နိုင်မည် ဖြစ်ပြီး၊ လုဟန်ထံ အခြားသော အရပ် မျက်နှာများ ဆီမှ၊ နတ်ဆိုး သားရဲများ ဝင်ရောက် မည်မှာ သေချာသည်။
ဖိအားက မမြင့်မား နိုင်သော်လည်း၊ စိုးရိမ်ဖွယ် အခြေ အနေ၌ ရှိနေပေ သေးသည်။ မင်ရေ မြို့သည် သားရဲ ဒီရေကို ခံနိုင်ရည် မရှိ ပါက၊ ပို၍ပင် စိုးရိမ်စရာ ကောင်းနိုင်၏။
အဘိုးအို၏ စကား အရ၊ သည်တစ်ကြိမ် သားရဲ ဒီရေမှာ နှစ်ပေါင်း တစ်ထောင် အတွင်း ကြောက်စရာ အကောင်း ဆုံးသော ပမာဏ ဖြစ်နေ ချေသည်။
လမ်းတစ်လျှောက် အလောင်း များစွာကို နင်းဖြတ် လာရ သဖြင့်၊ လေလွင့် ကျင့်ကြံသူ များမှာ၊ မျက်နှာ မကောင်း နိုင်တော့ချေ။
ကံကောင်း ထောက်မ စွာဖြင့်၊ ‘နေဝင်ရီတရော’ အချိန်၌ လုဟန် အဖွဲ့အား မှီလာ ခဲ့သည်။
သောင်း ဂဏန်းမျှ ရှိသော ရွာသူ၊ ရွာသားများ အနက်၊ တစ်ထောင် နီးပါးသာ သေဆုံး ခဲ့သည်။ ယင်းမှာ ကံကောင်း သည်ဟု ပြောနိုင် ပေ၏။
“ သခင်လေး လင်း၊ လမ်းမှာ နတ်ဆိုး သားရဲ တွေနဲ့ ကြုံပြီး၊ အသက်တွေ အများကြီး ဆုံးရှုံး ခဲ့ရ တယ်။ ”
သေဆုံး သွားသော အရေ အတွက်ကို ကြည့်ပြီး၊ လုဟန် တစ်ယောက် စိတ်ပျက် လက်ပျက် ညည်းတွား လိုက်၏။
လင်းယွန်က ခေါင်းညိတ် လိုက်ကာ၊ မည်သည့် စကားမျှ မဆို ခဲ့ချေ။ မင်ရေ မြို့နှင့် ပတ်သတ်ပြီး၊ စိုးရိမ်မှုများ သူ့တွင် ရှိသည်။ ယင်းမှာ အံဩစရာ ကောင်ချေ၏။
“ ရှေ့မှာ ... ၊ မင်ရေ မြို့ကို ရောက်ပြီ၊ အားလုံး မြန်မြန် လာကြ။ ”
လူတိုင်း၏ မြင်ကွင်းအောက်၊ မြို့ကြီး တစ်မြို့ ထွက်ပေါ် လာပြီး၊ မြို့ တံခါးမှ လူတစ်စု ထွက်ပေါ် လာသည်။။
“ ခရမ်းရောင် နန်းတော် နယ်မြေက ကျွမ်းကျင်သူ အချို့ပဲ၊ မဆိုးဘူး ငါတို့ ဒီညတော့ ဖြတ်ကျော် နိုင်ပြီ ထင်တယ်။ ”
မြို့ခံ ခေါင်းဆောင်က အရှိန်အဝါ များကို ခံစား မိသည်နှင့်၊ ပြုံးကာ ဆိုသည်။ တစ်နေကုန် ပြေးလွှား နေရ သောကြောင့်၊ လူတိုင်း မြို့ထဲ ဝင်ကာ၊ အနား ယူချင် နေကြပြီ ဖြစ်သည်။
ထိုစကား သံမှာ သူနှင့် ရင်းနှီး နေသဖြင့်၊ လင်းယွန်၏ မျက်ဝန်းများ တောက်ပ လာသည်။
“ ဟေး ... လင်း ယွန် လား။ ”
မြို့ခံ အဖွဲ့ ခေါင်းဆောင်က လင်းယွန်ကို၊ မြင်သည်နှင့် လျှောက်လှမ်း လာပြီး ပခုံးအား လှမ်းထိုးကာ၊
“ ဟား ဟား ဟား ... ၊ ငါ မင်းကို ဒီမှာ တွေ့ရလိမ့် မယ်လို့ တစ်ခါမှ မတွေးထား မိဘူး ။ ”
-ဟု ဆို၏။
ထိုသူသည် ကြွက်သား အပြိုင်းပြိုင်း ထနေသော ရုပ်ခန္ဓာဖြင့်၊ လူရိုင်းကြီး တစ်ဦး ကဲ့သို့သော အပြုအမူမျိုး ရှိနေ ချေပြီ။
ဤသည်မှာ မဟာချင် အင်ပါယာမှ၊ ‘စစ်မက်သားရဲ’ ဟူသော ဖန်းယီ ဖြစ်၏။ သူ့ လက်သီး၏ လေခွင်း အားမှာ၊ ကြောက်စရာ ကောင်းလွန်း သဖြင့်၊ လေလွင့် ကျင့်ကြံသူ များ၏ မျက်နှာကို၊ ပြောင်းလဲ စေခဲ့သည်။
အကြောင်း မသင့် ပါက၊ ခရမ်းရောင် နန်းတော် ကျွမ်းကျင်သူ တစ်ဦးအား သတ်ပစ် နိုင်ပေမည်။ သို့သော် လင်းယွန်က ဂရု မစိုက်ဘဲ၊ ပတ်ဝန်း ကျင်အား ဝေ့ကြည့် လိုက်၏။
“ မင်းတို့က မြို့ကို ဘာလို့ စောင့်ပေးနေ ကြတာလဲ၊ ဒေသခံ တွေရော ... ။ ”
“ မေးမနေနဲ့ ...၊ သားရဲ ဒီရေ တက်လာ ထဲက ဒီကောင်တွေ ပြေးကုန်ပြီ၊ မြို့ထဲမှာ ကျင့်ကြံသူ အချို့နဲ့၊ အနီးနားက ရွာသား တွေပဲ ရှိတယ်၊ လာ ... ဝင်ရအောင် ငါတို့ တံခါး ပိတ်ရမယ်။ ”
ဖန်းယီက ပြန်ဖြေသည်။ နှစ်ဦးသား လမ်းလျှောက်လျက် စကား စမြည် ပြောဆို လာခဲ့ ကြ၏။
ထို့ကြောင့် ဖန်းယီမှာ နဂါး တံခါး ပြိုင်ပွဲ အပြီးတွင်၊ ဇိုယန်နှင့် အတူ မိုးကြိုး စီရင်စု ဆီသို့ ဦးတည် လာခဲ့ခြင်း ဖြစ်ကြောင်း သိလိုက် ရ၏။
အဆုံးတွင် အခွင့်အလမ်း များစွာနှင့်၊ အမျိုးမျိုးသော ပါရမီရှင် များမှာ၊ မိုးကြိုး စီရင်စု၌ အချိန်ပြည့် ရှိချေ သည်။
သို့သော် သားရဲ ဒီရေနှင့် ဆုံကာ၊ လင်းယွန်ဖြင့် ကြုံရလိမ့် မည်ဟု မထင်ထား သည်မှာ၊ အမှန် ပေပင်။
ဇိုယန်ပါ ရောက်ရှိ နေသည်ဟု သိလိုက်ရ ချိန်၌၊ လင်းယွန် တစ်ယောက် အံ့အားသင့် သွားသည်။
မဟာချင် အင်ပါယာမှ ထွက်ခွာ လာခဲ့ ပြီးနောက်၊ ဇိုယန် တစ်ယောက် မည်မျှ ကြီးထွား လာမည်ကို သူ သိချင်၏။
“ မင်းတို့ တွေက ခရမ်းရောင် နန်းတော် နယ်ပယ်မှာ ဆိုတော့ ... ၊ ငါ့နောက် လိုက်လာ ခဲ့ကြ ။ ”
ဖန်းယီက မြို့တော် သခင် စံအိမ် ဆီသို့၊ ခေါ်ဆောင် လာခဲ့သည်။ သားရဲ ဒီရေကြောင့် ထိုစံအိမ် ပိုင်ရှင်မှာ စွန်ပစ် သွားပြီ ဖြစ်သဖြင့်၊ ဖန်းယီ တို့မှ သိမ်းပိုက် ထားခြင်း ဖြစ်သည်။
မင်ရေမြို့ ဟူသည် မြို့ငယ်လေး တစ်ခု မျှသာ ဖြစ်ပြီး၊ မိုးကြိုး စီရင်စု၌ အရေး မပါလှ သောကြောင့်၊ သားရဲ ဒီရေကို ခံနိုင်ရည် ရှိသည့်၊ ဝိညာဉ် ရေးရာ အခင်း အကျင်းမျိုး မရှိချေ။
ယင်းကို ဒေသခံ အင်အားစု များက၊ သိရှိထားသည့် အတွက် မြို့ကို စွန့်ကာ၊ ဓားနက် မြို့သို့ ပြေးကုန် ကြခြင်း ဖြစ်သည်။
ရာနှင့် ချီသော ခရမ်းရောင် နန်းတော် နယ်ပယ် ကျွမ်းကျင်သူ များက၊ မြို့တော် သခင် စံအိမ်တွင်၊ စုဝေးနေ ကြပြီး၊ ယင်-ယန် အဆင့် များပင် ရှိချေ၏။
စံအိမ်ကြီး ထဲသို့ ဝင်လိုက် သည်နှင့်၊ ဇိုယန်က ခေါင်းညိတ်ကာ နှုတ်ဆက်သည်။
ဤနေရာကို လက်ရှိ တာဝန်ယူ နေသော တစ်ပိုင်း ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူက လူသစ် များကို လှည့်ကြည့်သည်။
“ ငါ ပွင့်ပွင့် လင်းလင်းပဲ ပြောမယ်၊ ဒီတစ်ညကို ဖြတ်ကျော် နိုင်ရင်၊ မနက်ဖြန် ငါတို့ကို ကူညီဖို့ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင် သူတွေ ရောက်လာ လိမ့်မယ်၊ ... ”
“ ... ဒီတစ်ကြိမ် သားရဲ ဒီရေက၊ ကြောက်စရာ အကောင်း ဆုံးပဲ၊ ဓားနက်မြို့က လွဲပြီး၊ ဘယ်မြို့မှ တောင့်မခံ နိုင်ဘူး၊ မနိုင်ရင် အဲ့ဒီကို ပြေးကြပါ။ ”
တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင် သူက၊ လေးနက်သော အမူအရာဖြင့် သတိပေး ပြောကြား လာသည်။
အများ အားဖြင့်၊ လေလွင့် ကျင့်ကြံသူ များနှင့် ဂိုဏ်းသား တပည့်များ စုဝေးသော အခါတွင်၊ ပဋိပက္ခများ ဖြစ်ပေါ်လာ တတ်၏။
သို့သော် ယခု အချိန်၌ သူတို့ အားလုံး၏ နှလုံးသားကို အခြေ တည်ကာ၊ တစ်ယောက်နှင့် တစ်ယောက် အနှောက် အယှက် မပေး ခဲ့ကြ ချေ။
တစ်နာရီခန့် အနားယူ ပြီးနောက်၊ တာဝန်ခံ အဖိုးအိုနှင့် အတူ မြို့ရိုးများ ထံသို့၊ အခြေ အနေ ကြည့်ရန် လိုက်ပါ လာ ခဲ့သည်။
နေဝင် သွားပြီ ဖြစ်သဖြင့်၊ မြို့ ပတ်ဝန်း ကျင်ရှိ သစ်တော များတွင်၊ တက်ကြွ မှုများ ပြန်လည် ပြည့်နှက် လာလေသည်။
လူ များစွာ အတွက်၊ ရှည်လျားသော ည တစ်ည ဖြစ်ပေ၏။ မြို့ရိုးပေါ် ရပ်နေသော လင်းယွန်က၊ အမှောင်ထုထံ ကြည့်ပြီး ငြိမ်သက် သွားသည်။
သားရဲ ဒီရေ အကြောင်းကို ကြားသိခဲ့ ဖူးသော်လည်း၊ မျက်မြင် ကြုံတွေ့ ချိန်၌ အမှန် တကယ် တုန်လှုပ်သွား ရသည်။
ဤကမ္ဘာ ကြီးတွင် သန်မာသူ များက၊ အားနည်း သူများ နေရာကို လုယူတက် ကြပြီး၊ ကာလ ယန္တရား ယူသော အချိန်ကို ဖြတ်ကျော် ရှင်သန် ကြရ ပေသည်။
သာမန် လူများမှာ၊ ကျင့်ကြံ သူများ လက်၌၊ သေကြေ ပျက်စီး ရ၏။ မြို့ကို ကာကွယ် နိုင်ခြင်း မရှိ တော့သည့် အချိန်၌၊ ၎င်းတို့အား လျစ်လျူရှု ကြပေ လိမ့်မည်။
ကြင်နာသော နှလုံးသား ရှိကောင်း၊ ရှိနိုင် သော်လည်း၊ သူတော်စင်များ မဟုတ် သဖြင့်၊ သူတစ်ပါး အတွက် အသက်ကို စတေး လိုစိတ် မရှိ ကြချေ။
ဤအခိုက် အတန့်တွင် မည်သည့် အတွက်ကြောင့်၊ သူ သန်မာ လာချင်သည်ကို နောက်ဆုံး သိလိုက် ရသည်။
သူ့ အနေဖြင့် တခြား သူများ အပေါ်၊ အားကိုး ချင်စိတ် မရှိချေ။ အမှောင်ထု ထဲတွင် မရေ မတွက် နိုင်သော မျက်လုံးများ တောက်ပ လာပြီး၊ မြို့ကို စိုက်ကြည့်ကာ၊ ဟောက်သံများ ပြုလာ ကြ၏။
“ သူတို့ ရောက် လာ ပြီ။ ”
အမှောင် ထဲသို့ ငေးကာ၊ ဆိုလိုက်သော တာဝန်ခံ အဖိုးအို၏ စကားကြောင့်၊ လူတိုင်း ထိတ်လန့် သွားတော့သည်။
***