← Chapters

ပိုးစုန်းကြူး။

Vol. 53 Ch. 740

ပိုးစုန်းကြူး။

Vol. 53 Ch. 740

လူတိုင်းက မူလ စွမ်းအင်ကို မျက်ဝန်း များသို့၊ လောင်းထည့်ကာ၊ အမှောင်ထဲ ကြည့် လိုက် ကြသည်။

နက်နဲ နယ်ပယ် သားရဲ များက၊ ရှေ့ဆုံးမှ ဦးဆောင် လာပြီး၊ ခရမ်းရောင် နန်းတော် နယ်မြေ သားရဲ များမှာ၊ နောက်တွင် ရပ်လျက်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ သားရဲ များကို၊ ခြံရံ ထားလေသည်။

အဆိုးမြင် ရောင်ဝါများ၊ ကူးစက် ခံရ ခြင်းကြောင့်၊ နတ်ဆိုး သားရဲ များက သာမန် ထက် ပို၍ သွေးဆာ နေပေ၏။

တာဝန်ခံ အဘိုးအိုက၊

“ ယင် နယ်ပယ်နဲ့၊ ယန် နယ်ပယ်က ကျွမ်းကျင် သူတွေ အုပ်စု လေးစု ဖွဲ့ပါ၊ ယင်-ယန် အဆင့်က သူတွေက၊ အုပ်စု နှစ်စု ဖွဲ့ပြီး အဓိက မြို့ရိုးကို တာဝန် ယူမယ်။ ”

ဤနေရာတွင် မည်သူမျှ၊ စစ်ဘက် ဆိုင်ရာ အမှု ထမ်းများ မဟုတ် သောကြောင့်၊ ပူးပေါင်း ခံစစ်ကို ခင်းကျင်းရန် မဖြစ် နိုင်ပေ။

ထို့ကြောင့် အဘိုးအို စကား အတိုင်း လူစုခွဲ လိုက်ပြီး၊ ရင်ဆိုင်ရန် ပြင်ဆင် လိုက်သည်။

“ မိတ်ဆွေလေး၊ ငါ မင်းနဲ့ လက်တွဲမယ်။ ”

လူလတ်ပိုင်း အရွယ် ဓားသမား တစ်ဦးက၊ လင်းယွန် အနားသို့ ဆင်းသက်ပြီး ပြုံးလျက် ဆို လိုက်သည်။

ထိုလူရွယ်၏ ကျင့်ကြံမှုမှာ၊ အထွတ်အထိပ် ယင်-ယန် အဆင့်တွင် ဖြစ်ပြီး၊ သူ ထုတ်လွှတ် ထားသော ရောင်ဝါက၊ ချူးမူယန်နှင့် ချန်စီယု ထက်ပင် ပြင်းထန် ချေ၏။

လင်းယွန်မှာ သူ့ကိုယ်သူ ကာကွယ်နိုင် သည်မို့၊ ဤလူ ရောက်ရှိ လာခြင်း အပေါ်၊ စိတ် မဝင်စား ခဲ့ချေ။ ထို့ကြောင့် ခေါင်းညိတ် ပြခြင်း ဖြင့်သာ တုံ့ပြန် ခဲ့သည်။

“ မိတ်ဆေွလေး မင်းရဲ့ မျိုးရိုး နာမည်က၊ လင်း မဟုတ်လား၊ ငါ့ နာမည်က လောင်ဟွာပါ။ ”

လူလတ်ပိုင်း အရွယ် ဓားသမားက၊ လင်းယွန်နှင့် စကားပြောချင် ပုံရ သော်လည်း၊ နတ်ဆိုး သားရဲများ ဝင်ရောက်လာ မှုကြောင့်၊ စကားပြတ် သွားခဲ့သည်။

ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ်ပြီး၊ စကား တစ်ခွန်းမျှ မဆို တော့ဘဲ၊ မြို့ရိုးပေါ်မှ ခုန်ချကာ၊ နတ်ဆိုး သားရဲ များအား၊ စတင် သတ်ဖြတ် တော့၏။

“ ဘယ်လိုတောင် အစွမ်းထက် လိုက်တဲ့ ဓား ရည်ရွယ် ချက်လဲ။ ”

လောင်ဟွာက အံ့သြစွာဖြင့်၊ မျက်မှောင်ကြုတ် လိုက်သည်။ တစ်ဖက် လူ၏ တိုက်ခိုက်မှု များတွင်၊ မူလ စွမ်းအင်ကို များစွာ အသုံးပြု ထားခြင်း မရှိကြောင်း၊ ခံစား နိုင်သည်။

ယင်းအစား ဓားရည်ရွယ်ချက် ကိုသာ ထည့်သွင်း ထား၏။

“ စိတ်ဝင် စားစရာပဲ … ။ ”

လောင်ဟွာ မျက်လုံး များတွင်၊ စိတ်ဝင် စားမှုများ ပို၍ ပို၍ တိုးလာ ခဲ့သည်။ သူ့ အကူ အညီ လိုမည်ဟု ထင်ခဲ့ သော်လည်း၊ လင်းယွန် ခွန်အားက ထိုစိတ်ကူးကို လွင့်စင် သွားစေ၏။

မျက်စိ တစ်မှိတ် အတွင်း၊ နက်နဲ နယ်ပယ်မှ နတ်ဆိုး သားရဲများ အားလုံး၊ အသတ်ခံ လိုက်ရ သည်။ ထို့နောက် ခရမ်းရောင် နန်းတော် နယ်မြေ သားရဲ များထံ ဦးတည် လိုက်၏။

လင်းယွန်က သူ့ဓား ပေါ်ရှိ သွေးများကို ဆက်ခနဲ ခါထုတ် လိုက်ပြီး၊ နတ်ဆိုး သားရဲထံ၊ ပြန်ကြည့် လိုက်သည်။

“ မသေ ဖူးလား ... ။ ”

ယင်-ယန် အဆင့် နတ်ဆိုး သားရဲက၊ နာကျင်စွာ အော်ဟစ်ပြီး၊ စိမ်းပြာရောင် တံတွေး များဖြင့်၊ လှမ်းထွေး လာသည်။

ယင်းမှာ အဆိပ်ဖြစ် သဖြင့်၊ ဓားနှင့် ပြန်ပင့်ထုတ် လိုက်၏။ တံတွေး များကို ခွဲလျက် နတ်ဆိုး သားရဲကို ကြေမွ သွားစေ၏။

“ ဒီကောင်လေး ... ။ ”

လောင်ဟွာက အံ့အားသင့် သွားပြီး၊

“ သူနဲ့ အတူ ရင်ဆိုင် ရတာ ... ၊ ငါ့ အတွက် ပို အဆင်ပြေ သလိုပဲ။ ”

-ဟု ပြုံးကာ ရေရွတ် လိုက်တော့သည်။

“ တိုက် ... ၊ စုဖွဲ့ဖို့ အချိန် မပေးနဲ့ ... ။ ”

တာဝန်ခံ အဘိုးအိုက အော်ဟစ် လိုက်သည်။ ထို့ကြောင့် ယင်-ယန် အဆင့် ကျွမ်းကျင် သူများ၊ ချက်ချင်း ခုန်ဆင်း လာပြီး၊ တိုက်ပွဲ စတင် တော့၏။

“ တိမ်မြူ ကင်းသော လမင်း။ ”

ရုတ်တရက် ကောင်းကင်က တိမ်ညိုများ၊ နှစ်ပိုင်း ကွဲသွားပြီး၊ အလင်း အချို့ ကျဆင်း လာသည်။

“ အနန္တ နှင်းလွင်ပြင် ... ။ ”

ထိုအလင်း ရောင်နှင့် အတူ လေထုမှာ၊ ပါးလျ အေးခဲ သွားသည်။

“ ကောင်းကင်က တိမ်တိုက် များကို ဖြိုခွင်းမယ်။ ”

သည့်နောက် လေထု အက်ကွဲ သံများ နေရာအနှံ့မှ ထွက်ပေါ် လာကာ၊ တိမ်တိုက်များ ကြောက်လန့် တကြား ပြန့်ကျဲ သွားသည်။

ဤသည်မှာ လရောင် ရေစင် ဓား၏ အဆုံး စွန်သော လှုပ်ရှားမှု သုံးခု ဖြစ်၏။ တိမ်မြူ ကင်းသော လမင်းသည်၊ ဓားအလင်း တစ်ခု မျှသာ ဖြစ်သော်လည်း၊ ယခု အချိန်၌ ပိုက်ကွန် အဖြစ် ပြောင်းလဲ နိုင်ပြီ ဖြစ်သည်။

‘ကောင်းကင်က တိမ်တိုက် များကို ဖြိုခွင်းမယ်’ အတွက်မူ၊ အချင်း ပေတစ်ရာကျော် ရှိသော လေဆင် နှာမောင်း အသွင်၊ တိုးတက် လာ၏။

ထို့ကြောင့် လမ်းကြောင်း ပေါ်ရှိ နတ်ဆိုး သားရဲများ အားလုံး၊ ဓားပိုက်ကွန် အတွင်း တုန့်နှေး ကုန်စဉ်၊ လေဆင် နှာမောင်း၏ ချေမွခြင်း၊ ခံလိုက် ရတော့သည်။

“ ဒီကောင်က နည်းနည်းတော့ ကြောက်စရာ ကောင်းလာပြီ … ။ ”

ဤမြင်ကွင်းကြောင့် ဖန်းယီ၏ နှုတ်ခမ်းများ တုန်ယင် သွားသည်။ အခြားသူ များနှင့် မတူဘဲ၊ လရောင် ရေစင် ဓားကို၊ နဂါး တံခါး ပြိုင်ပွဲ၌ မြင်တွေ့ထား ဖူးလေသည်။

ထိုစဉ်က ဤမျှ ကြောက်စရာ မကောင်း သေးချေ။

“ အံ့သြစရာ မရှိ ပါဘူး၊ သူ့ကြည့် ရတာ တိမ်နဂါး တွေကို ရင်ဆိုင်ချင် နေပုံပဲ။ ”

ဇိုယန် မှာမူ၊ ဖန်းယီထက် ပို၍ တည်ငြိမ် နေ၏။ သူ၏ ကျင့်ကြံမှုသည် အထွတ် အထိပ် ယန် အဆင့် ၌သာ ရှိလေသည်။

တစ်ဖက် လူကဲ့သို့ သန်မာခြင်း မရှိ သော်လည်း၊ တိမ်နဂါး ပြင်ပ အဆင့် ပါရမီရှင် များထက်၊ နိမ့်ကျခြင်း မရှိချေ။

“ ဒီကောင်လေးက မဆိုးဘူး။ ”

“ ဓားနက်မြို့က ဓားသမား တော်တော် များများ ကတောင်၊ သူ့ လောက် သန်မာမယ် မထင်ဘူး။ ”

“ ဒါက ပြောရခက် ပါတယ်၊ ဓားနက်မြို့ ဆိုတာ ဓားသမား တွေရဲ့ မြို့ပဲ မဟုတ်လား။ ”

လင်းယွန် တိုက်ပွဲထံ သတိထား မိသော လူ အချို့က သုံးသပ် ကုန်ကြသည်။ ယင်းကို ကြား သော်လည်း၊ လင်းယွန် မျက်နှာမှာ ပြောင်းလဲခြင်း မရှိပေ။

အခြားလူ များထက်၊ သားရဲ ဒီရေ အပေါ်၊ ပို၍ နားလည် နိုင်ပြီး၊ သူ့တွင် ကိုယ်ပိုင် ရစ်သမ် (စည်းချက်) ရှိလေသည်။

သတ်ဖြတ် နေစဉ် ဓားတာအိုအား သုံးသပ်လျက်၊ နည်းစနစ်များ အပေါ်၊ ခွဲခြမ်း စိတ်ဖြာ နေခဲ့သည်။

ပထမ တန်းစား ပါရမီရှင် များမှာ၊ ငယ်ရွယ်စဉ် ကပင်၊ သိုင်းရည်ရွယ်ချက် များကို နားလည် နိုင်စွမ်း ရှိနေပြီ ဖြစ်၏။

သို့သော် ဓားရည်ရွယ် ချက်ကို၊ လူတိုင်း ကျွမ်းကျင် ပိုင်နိုင်စွာ ဆောင်ကြဉ်း နိုင်မည် မဟုတ်ချေ။

အသက် နှစ်ဆယ် မတိုင်မီ၊ ရှန်ရှင်းဓားကို အောင်မြင် ခဲ့သော ပါရမီ ရှင်မျိုး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌၊ နှစ်ဦး သုံးဦးသာ ရှိပေသည်။

လင်းယွန်က ၎င်းတို့ သုံးဦး အနက် တစ်ဦးဖြစ်၏။ ဝိညာဉ်ရေး ဓားရည်ရွယ်ချက် ကိုမူ၊ မည်သူမျှ ဆုပ်ကိုင် နိုင်ခြင်း မရှိ သေးချေ။

စီနီယာများ ၌ပင် ရှားပေ၏ တစ်ချို့ ရှိကောင်း ရှိနိုင် သော်လည်း၊ လက်တွေ့တွင် ဒဏ္ဍာရီသာ ဖြစ်နေ သေးသည်။

နောက်ဆုံးတွင် ဓားကို တစိုက် မတ်မတ် ဆွဲကိုင်ပြီး၊ နားလည် သဘောပေါက် ရန်မှာ၊ လွယ်ကူ လှသည် မဟုတ်ချေ။

သို့သော် ၎င်းကို ဆုပ်ကိုင်ဖို့၊ ဆုံးဖြတ် ထားသည်။ ဝိညာဉ်ရေး ဓားရည်ရွယ် ချက်သည် ဒဏ္ဍာရီ တစ်ခု ဖြစ်ပါက၊ လင်းယွန် အမည်ဖြင့်၊ ရေးမှတ်မည် ဖြစ်၏။

“ အား ... ၊ ဒါ ... ဒါ မိုးကြိုးကျား။ ”

ကနဦး ယင်-ယန် အဆင့် သားရဲ များကို၊ တိုက်ခိုက် နေသော ဖန်းယီနှင့် ဇိုယန်ထံ၊ အလယ် အလတ် အဆင့် သားရဲ တစ်ကောင်၊ ရုတ်တရက် ဝင်ရောက် လာ၏။

“ ဝှစ် ... ။ ”

သို့သော် မိုးကြိုးကျား မရောက်ခင်၊ ခရမ်းရောင်ပန်း တစ်ပွင့် ထွက်ပေါ် လာပြီး၊ ငွေရောင် ဓားအလင်း များက ဦးခေါင်းကို ဖောက်ဝင် သွားတော့သည်။

ထို့အပြင် ဓား အလင်းမှာ ဆက်လက် တည်မြဲ နေပြီး၊ ၎င်းတို့ နှစ်ဦး ပတ်ပတ် လည်ရှိ သားရဲ များအား၊ ရှင်းထုတ် ပေးခဲ့သည်။

“ နတ်ဘုရား ပုံရိပ်ယောင် ဓား … ။ ”

ဖန်းယီမှာ ဆွံ့အ သွား၏။ နတ်ဘုရား ပုံရိပ်ယောင်ဓား မည်မျှ အစွမ်းထက် လာသည် ကို၊ မြင်လိုက် ရသဖြင့်၊ လင်းယွန်အား ပြန်မော့ ကြည့်မိသည်။

ဇိုယန် မှာမူ၊ ဆေဘာဓား ရည်ရွယ်ချက်ကို ထုတ်လွှတ်ပြီး၊ ကျန်ရှိ နေသော နတ်ဆိုး သားရဲ များအား တည်ငြိမ်စွာ၊ တားဆီး လိုက်၏။

ယင်းကို ကြည့်ပြီး လင်းယွန်က ပြုံးကာ၊ တိုက်ပွဲ ဝင်ရန် ပြန်လှည့် သွားတော့သည်။

သူထံ တိုးဝင် လာသော နတ်ဆိုး သားရဲများ အားလုံး၊ ချက်ချင်း သတ်ဖြတ် ခံလိုက် ရတော့ သည်။

လူတိုင်း သားရဲ ဒီရေ ထဲသို့၊ နက်ရှိုင်းစွာ တိုးဝင်ခြင်း မရှိဘဲ၊ မြို့ကိုသာ အဓိကထား ကာကွယ် နေကြသည်။

ပန်းသင်္ချိုင်း ဓားကို နီးစပ်ရာ၊ နတ်ဆိုး သားရဲ အလောင်းထံ ထိုးစိုက်ပြီး၊ ချက်ချင်း ထိုင်ချ လိုက်သည်။

ပန်း တစ်ပွင့် ကောက်ကြောင်း ထွက်ပေါ် ချိန်၌၊ ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင် များက၊ အရူး အမူး တိုးဝင် လာတော့၏။

“ ဒီလို တိုက်ပွဲတွေ ကြားမှာတောင်၊ မူလစွမ်းအင်ကို ပြန်ဖြည့်တင်း ရဲတယ်လား၊ ဘယ်လိုတောင် သတ္တိရှိ လိုက်လဲ။ ”

သားရဲ အလောင်းများ အလယ်၌၊ မူလ စွမ်းအင်ကို ပြန်လည် ရယူရန် ကြိုးစား နေသည့် လင်းယွန်ထံ ကြည့်ပြီး၊ မျက်မှောင်ကြုတ် ကုန်၏။

သို့သော် လင်းယွန် အနားရှိ နတ်ဆိုး သားရဲများ အားလုံး သေဆုံး သွားပြီး ဖြစ်ရာ၊ မည်သူမျှ အပြစ် မဆို နိုင်တော့ချေ။

နောက်ဆုံးတွင် သူတို့၏ ကိုယ်ပိုင် တိုက်ပွဲများ ပေါ်သာ အာရုံ ပြန်စိုက် လိုက်ကြ သည်။ သတိ တစ်ချက် လစ်သည်နှင့်၊ သတ်ဖြတ်ခြင်း ခံရ နိုင်ပေ၏။။

လောင်ဟွာက လင်းယွန်ကို ကြည့်ပြီး၊ ပြုံးလိုက်သည်။ ဤသည်မှာ ဓားသမားများ ၌သာ ရှိသော ရဲဝံ့မှုမျိုး ဖြစ်၏။

သူ့ အနေဖြင့် လင်းယွန် အပေါ်၊ အခြားလူ များထက် ပို၍ မြင်ချေပြီ။ မြင်ကွင်း တစ်ခုလုံး အမှောင် ထုသာ ဖုံးလွှမ်း နေပြီး၊ လင်းယွန်နှင့် ဓားသည်သာ တောက်ပ နေ၏။

သို့သော် လင်းယွန်ကို ဖုံးအုပ် ထားသော ဝိညာဉ် ရေးရာ စွမ်းအင် အချို့ကြောင့်၊ အကုန် မြင်နိုင် ခဲ့ချေ။

ဆိုလို သည်မှာ အလင်း မှုန်များ ရစ်သိုင်း လာပြီး၊ ရူရ်များ ကဲ့သို့ လင်းယွန်အား ဖုံးကွယ် လိုက်ခြင်း ဖြစ်လေသည်။

ထို အလင်းမှုန် များသည်၊ ရှန်ရှင်း ဓားကို ကိုယ်စား ပြုလျက်၊ လောင်ဟွာ၏ ထွင်းဖောက် မြင်လိုသော ဆန္ဒ များကို၊ အလို အလျောက် ဟန့်တား ပေးခြင်း ပေပင်။

မည်မျှ ကြိုးစား ကြည့်စေ ကာမူ၊ တစ်ဖက် လူကို ဝိုင်းရံ ထားသော ထိုအလင်းမှုန် များက လွင့်ပြယ်ခြင်း မရှိဘဲ၊ ပိုးစုန်းကြူးများ သဖွယ်၊ ပို၍ အသက်ဝင် လာတော့၏။

ရုတ်တရက် မြောက်ဘက် တံခါးမှ၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါ တစ်ခု ပျံ့လွင့် လာသည်။

ဤအရာက တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်မှန်း သိလိုက် ရသဖြင့်၊ ထိုတံခါးကို ကာကွယ် နေသူ များ အတွက် စိုးရိမ်ကုန် ကြသည်။

၎င်းသားရဲသည် သူ့ အရှိန်အဝါအား ဖျောက်ဖျက်ကာ၊ ကျင့်ကြံသူ များကို အငိုက်ဖမ်း လာခြင်း ဖြစ်၏။

မြောက်ဘက် တံခါးကို၊ ခုခံ ကာကွယ် နေသော ကျင့်ကြံ သူတိုင်း လွတ်မြောက်မည်၊ မဟုတ်ကြောင်း နားလည် လိုက်သည်။

ဤသို့ဆို ပါက မြို့တံခါး ပွင့်ကာ၊ လူတိုင်း သတ်ဖြတ်ခြင်း ခံရနိုင်၏။ ထိုအချိန်တွင် လင်းယွန် တစ်ယောက် မျက်လုံးများ ပြန်ပွင့် လာခဲ့သည်။

တာဝန်ခံ အဖိုးအို ထံမှ၊ စူးရှ လွန်းသော အကြည့် တစ်ချက်ကို သူနှင့် အတူ၊ လောင်ဟွာ သည်လည်း၊ ခံစားလိုက် ရ၏။

တာဝန်ခံ အဖိုးအိုက မြို့ရိုး ပေါ်မှ၊ တိုက်ပွဲထံ စီးမိုး ကြည့်နေပြီး၊ လင်းယွန် တို့အား ကိုင်တွယ် စေချင် ပုံရသည်။

ချက်ချင်းပင် လင်းယွန်က ဓားဆွဲကာ၊ မြောက်တံခါး ဆီသို့ ဦးတည် လိုက်သည်။ သူ့ နောက်၌ လောင်ဟွာ သည်လည်း ပြုံးလျက်၊ ထပ်ချပ် မကွာ လိုက်ပါလာ တော့၏။

***

All Chapters