နဂါး တမန်တော်။
Vol. 53 Ch. 741
တာဝန်ခံ အဘိုးအိုသည် တိုက်ပွဲ အတွင်း၊ ပါဝင်ခဲ့ခြင်း မရှိ သော်လည်း၊ သူ၏ ရောင်ဝါဖြင့်၊ နတ်ဆိုး သားရဲ များစွာကို ခြောက်လန့် ပေးထားသည်။
နတ်ဆိုး သားရဲ များကို ကိုယ်တိုင် သတ်ခြင်းထက်၊ အရှိန် အဝါကို ရည်ရွယ်ချက် ရှိရှိ လွှတ်ပေး ထားခြင်းမှာ၊ ပို၍ ထိရောက် ချေပြီ။
သို့မဟုတ် ပါက အားနည်းသူ များထံ၊ ဖိအားများ ပြုံကျ လာပြီး၊ တိုက်ပွဲ ဟန်ချက် အပေါ်၊ သက်ရောက်မှု ရှိလာမည် ဖြစ်သည်။
ထို့ကြောင့် ဤနေရာမှ မရွေ့နိုင် သဖြင့်၊ မြောက်တံခါးကို ကူညီရန် လောင်းဟိုနှင့် လင်းယွန်ထံ အချက်ပြ လိုက်ခြင်း ဖြစ်သည်။
သူ၏ ထက်သန်သော အမြင် အရ၊ ဤလူငယ် နှစ်ဦးတွင် တစ်ပိုင်း ကောင်းကင် ဝိညာဉ် သားရဲကို၊ အတူ တကွ ရင်ဆိုင် နိုင်သော ခွန်အားမျိုး ရှိချေသည်။
လောင်ဟွာက လင်းယွန် နောက်သို့ လိုက်သွားပြီး၊ လှုပ်ရှားမှု များကို အနီးကပ် စူးစမ်း နေခဲ့၏။
တစ်ဖက်လူ အသုံးပြု နေသော ရွေ့လျားမှု နည်းစနစ်မှာ၊ အစွမ်း ထက်ခြင်း မရှိသော်လည်း၊ ၎င်းအား မြင့်မြင့် မားမား ဆုပ်ကိုင် ထားနိုင် သည်။
သို့သော် ဤအဆင့် နည်းစနစ်ကို အသုံးပြု နေသည့် လင်းယွန်၏၊ မူလ စွမ်းအင် ကုန်ဆုံး မှုမှာ၊ များစွာ နည်းပါး ခဲ့ကြောင်း၊ လောင်းဟို မသိချေ။
သူ့ အမြင်သည် လင်းယွန်အား၊ ကောက်ချက်ချ နိုင်သော အဆင့်၌ မရှိဟု၊ အဓိပ္ပါယ် ရ၏။
ရုတ်တရက် ရှေ့မှ ပြေးလွှား နေသော လင်းယွန်က ရပ်တန့် သွားပြီး၊ သူ့ထံ ပြန်လှည့် ကြည့်လာ သဖြင့်၊
“ ငါတို့ မရောက် သေးဘူး။ ”
-ဟု ပြုံးကာ ဆိုလိုက်သည်။
“ မင်းက ဘာလို့ ငါ့နောက် လိုက်နေ တာလဲ။ ”
သို့သော် တစ်ဖက် လူက သူ့စကားကို စိတ်မဝင် စားဘဲ၊ အေးစက်သော အကြည့်ဖြင့် ပြန်မေး လာသည်။
ရုတ်တရတ် မေးခွန်းကြောင့်၊ အနည်းငယ် အံ့အားသင့် သွား သော်လည်း၊ လောင်ဟွာက ချက်ချင်း ပြုံးလိုက်ပြီး၊
“ အဲဒီ အဖိုးကြီးက၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲကို ဖြေရှင်းဖို့၊ ငါတို့ကို လက်တွဲ စေချင် တယ်လေ၊ မင်းက ဘာလို့ မေးနေ ရတာလဲ။ ”
“ အဲဒါကို ... ၊ ငါ ဆိုလိုတာ မဟုတ်ဘူး။ ”
လောင်ဟွာက သူ့ထံ ရည်ရွယ်ချက် ရှိရှိ ချဉ်းကပ် နေခြင်း ဖြစ်ပြီး၊ တာဝန်မှာ အကြောင်း ပြချက် တစ်ခုသာ ဖြစ်၏။
အကယ်၍ လောင်ဟွာသာ လာရှုပ် ဝံ့ပါက၊ သူ့ဘဝ၏ လက်ကျန် အချိန် များကို ရှုပ်ထွေးစွာ ဖြတ်သန်း သွားရရန်၊ လင်းယွန် အာမခံ နိုင်သည်။
လောင်ဟွာက အပြုံးကို ပြန်ရုတ် သိမ်းပြီး၊
“ မင်းက ထက်ရှတဲ့ ဓားသမား တစ်ယောက်ပဲ၊ ဒါကြောင့် ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဖူး ဆိုတာကို သိသင့် ပါတယ်၊ ငါသာ ဆန္ဒ ရှိရင် မင်းကို ဓားနဲ့ ထိုးပြီးတာ ကြာပြီ။ ”
“ ဘာပဲ ဖြစ်ဖြစ်၊ လူစိမ်းတွေ ငါ့ နောက်ကို လိုက်တာ မကြိုက်ဘူး။ ”
လင်းယွန်မှ အလိုမကျ ဟန်ဖြင့်၊ တုန့်ပြန် လာသောကြောင့်၊ လောင်ဟွာက သူ့ ဝတ်ရုံစကို ရုတ်သိမ်း လိုက်ကာ၊
“ အနည်း ဆုံးတော့ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ သားရဲကို၊ ငါတို့ မသတ် မချင်း မင်း ဒါကို သည်းခံ နေရ ဦးမှာ ပါပဲ ... ။ ”
-ဟု ဆိုလိုက်သည်။
“ မင်းက ဓားနက်မြို့ ကလား။ ”
ရုတ်တရက် တစ်စုံ တစ်ရာကို သတိရ လာပြီး၊ လင်းယွန်က အေးစက်စွာ ထပ်မံ မေးမြန်း လိုက်သည်။
“ အဲ့ဒီလို ယူဆလို့ ရပါတယ်။ ”
လောင်ဟွာက အတင်မကျ ဆိုကာ၊ ရှေ့သို့ မေးဆက် ပြလိုက်၏၊
“ အဲဒီ အကြောင်း၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲကို ကိုင်တွယ် ပြီးရင်၊ ငါတို့ ထပ်ပြောမယ်။ ”
မြောက်တံခါးတွင် အရေးတကြီး အကူအညီ လိုအပ် နေသဖြင့်၊ လောင်းဟိုထံ တစ်ချက်သာ ပြန်ကြည့်ပြီး၊ လင်းယွန်မှ စကားထပ် မဆို တော့ချေ။
မိနစ် အနည်းငယ် အကြာတွင်၊ မြောက်တံခါးသို့ နှစ်ဦးသား ရောက်ရှိ လာခဲ့ ကြ၏။ အခြေ အနေမှာ မကောင်း လှချေ။
မြေပြင်၌ နတ်ဆိုး သားရဲ အလောင်း ကောင်များနှင့် ပြည့်နှက် နေပြီး၊ လင်းယွန်တို့ ဆင်းသက် လိုက်ချိန်တွင်၊ တိုက်ပွဲက ဆီးကြို နေခဲ့သည်။
“ မြန်မြန် ကူ ညီ ပါ ဦး။ ”
နက်နဲ သိုင်းသမား များ၏၊ အကူ အညီ တောင်းသံနှင့် အတူ၊ ဓား အလင်းများ ပြန့်ကျဲ လာကာ၊ နတ်ဆိုး သားရဲများ အားလုံး အသတ်ခံ လိုက်ရ၏။
ထိုသူများမှာ ကယ်တင်ခြင်း ခံရသော်၊ စိတ်သက်သာ သွားခြင်း မရှိပေ။ ယင်းအစား သူတို့ အားလုံး စိုးရိမ် နေကြသည်။
“ ခရမ်းရောင် နန်းတော် နယ်မြေ ကျွမ်းကျင် သူတွေ ရှိသေးလား။ ”
ပြန်ဖြေသည့် အသံ ထွက်မလာ သဖြင့်၊ လင်းယွန်နှင့် လောင်ဟွာမှာ အကြည့်ချင်း ဖလှယ်လိုက် မိသည်။
ထို့ကြောင့် တိုက်ပွဲ၏ ရှေ့တန်း စစ်မျက်နှာ ထံသို့ ပြေးတက်လိုက် ကြသည်။
ယင်-ယန် အဆင့် နတ်ဆိုး သားရဲ တစ်ကောင် ဝင်ရောက်လာ သဖြင့်၊ လင်းယွန်မှ လှည့် မကြည့်ဘဲ၊ ဓားဖြင့် ထက်ခြမ်း ခွဲပစ် လိုက်သည်။
လက်တစ်ဖက် တွဲလောင်းကျ နေသော လူလတ်ပိုင်း အရွယ် ကျွမ်းကျင်သူ တစ်ဦးက၊ ရှေ့ဆုံး ဆီမှ နေ၍၊ သားရဲ များကို ဦးဆောင် တိုက်ခိုက် နေသည်။
သို့သော် တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲကို တွန်းလှန် နိုင်ခြင်း မရှိ သေးချေ။
သူ့ခွန်အား အရ ဆုတ်ခွာ သွားရန်မှာ၊ လွယ်ကူ သော်လည်း၊ အခြားလူ များအတွက် သူ့ အသက်အား ပေးလှူ ထားပုံ ရလေသည်။
“ ဒါက သာမန် အဆင့်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နတ်ဆိုး သားရဲ ဖြစ်နေတာ ငါတို့ ကံကောင်းတယ်။ ”
ကျောပေါ်တွင် ချွန်ထက်သော အမွေးများ ပါရှိသည့် အမဲလိုက် ခွေး သားရဲကို ကြည့်ပြီး၊ လောင်ဟွာက ဆိုသည်။
ယင်းမှာ သာမန် သားရဲ တစ်ကောင် မျှသာ ဖြစ်သော်လည်း၊ မြောက်တံခါးအား ခြိမ်းခြောက် ရန်၊ လုံလောက် ခေျပြီ။
လွယ်ကူမည် မဟုတ်ကြောင်း သိရှိလိုက် သဖြင့်၊ လောင်ဟွာ တစ်ယောက် လေးနက် လာ သည်။
တစ်ဖက်တွင် လင်းယွန်က မည်သည့် စကားမျှ မဆိုဘဲ၊ ဓားအား မဆိုင်းမတွ ခုတ်ပိုင်း ပစ်လိုက် ၏။
ရေကန် အတွင်းမှ အလင်းပြန် လာသော လရောင်ခြည် များကဲ့သို့ ဓားအလင်းများ ပြန့်ကျဲ သွားသည်။
ထိုဓားအလင်း များက၊ အမဲလိုက် ခွေးသားရဲ၏ ချွန်ထက်သော အမွေး များကို ဖြတ်ပြီး၊ နောက်သို့ တွန်းထုတ် လိုက်၏။
သည့်နောက် လူလတ်ပိုင်း အရွယ် အမျိုးသား အနီး၊ ခုန်လွှား သွားလိုက်ပြီး၊ ဒဏ်ရာရ သွားသော အမဲလိုက် ခွေး သားရဲထံ တစ်ချက် ပြန်ကြည့်ကာ၊
“ မင်း အခု ပြန်ဆုတ် သင့်တယ် ။ ”
-ဟု အကြံပေး လိုက်သည်။
“ သခင်လေး လင်း၊ ဒီနတ်ဆိုး ကောင်ကို ကိုင်တွယ်ဖို့ မလွယ်ဘူး … ။ ”
လူလတ်ပိုင်း အရွယ် အမျိုးသားက၊ လင်းယွန် အတွက် စိုးရိမ် စကား ဆိုသည်။
သို့သော် စကား မဆုံးခင် မှာပင်၊ လင်းယွန်က သူ့ရင်ဘတ်ထံ လက်ဝါးနှင့် ရိုက်ချ လိုက်သည်။
“ အွတ် ... ။ ”
ရုတ်တရက် ထိုရိုက်ချက်ကြောင့်၊ ပါးစပ်ပွင့် သွားပြီး၊ နောက်သို့ ပြန်လည် လွင့်စဉ် သွားစဉ်၊ ရနံ့များ သင့်ပျံ နေသည့် မှော်ဆေးလုံး တစ်လုံး ပျံသန်း လာတော့သည်။
ဤသည်မှာ လျှို့ဝှက် နယ်မြေမှ၊ လင်းယွန် ရရှိခဲ့သော ဆေးလုံး တစ်လုံး ဖြစ်သဖြင့်၊ အလွန် အဖိုး တန်ကြောင်း၊ အထူး ပြောစရာ မရှိချေ။
ပါးစပ် ထဲသို့ ဝင်ရောက် သွားသည်နှင့်၊ ရရှိ ထားသော ဒဏ်ရာ (၅၀%) ပြန်လည် သက်သာ လာပြီး၊ ကျင့်ကြံမှုပင် တိုးတက် လာတော့၏။
လင်းယွန်မှာ မရိုး ရှင်းကြောင်း သူ သိထား သော်လည်း၊ ဤမျှ အဖိုး တန်သော ဆေးလုံးကို အလွယ်တကူ ပေးအပ် လာမည်ဟု၊ မထင်ထား မိချေ။
ဤအခိုက် အတန့်ကို အခွင့်ကောင်း ယူကာ၊ အမဲလိုက် ခွေးကြီးက ကျောပေါ်ရှိ အမွေး များမှ မီးလျှံ များဖြင့်၊ ပစ်လွှတ် လာတော့သည်။
ထိုမီးတောက် များနှင့် အတူ၊ အမွေး ဆူးချွန်များ ထွက်လာ ချိန်တွင်၊ ခွေးကြီး အရွယ် အစားမှာ၊ ကျုံ့ဝင် သွား၏။ ဤတိုက်ခိုက်မှုသည် သူ့အား များစွာ အားအင် ကုန်ခမ်း စေကြောင်း၊ သိသာ ပေသည်။
ယင်းကြောင့် သတိ လက်လွတ် အဖြစ် မခံ ဝံ့ဘဲ၊ ဓားကို လွှဲကာ မီးတောက် နေသော အမွေး ဆူးချွန် များကို အမှုန့် ဖြစ်အောင်၊ ပြောင်းလဲ ပစ်လိုက်၏။
မီးတောက် အမွေး ဆူးချွန် များတွင် အစွမ်း ထက်သော အဆိပ်များ ပါရှိကြောင်း သိသဖြင့်၊ သတိထား နေခဲ့ခြင်း ဖြစ်သည်။
ချောင်းမြောင်း နေသည့်၊ နတ်ဆိုး သားရဲ များစွာက၊ အလုပ်ရှုပ် နေသော လင်းယွန်ကို ကြည့်ကာ၊ ထိုအခွင့် အရေးအား ရယူရန်၊ မျက်လုံးများ လင်းလာသည်။
ထို့ကြောင့် မျက်ကွယ် အရပ်မှ နေ၍၊ လင်းယွန်ထံ ဝင်ရောက် လာ၏။ သို့သော် လောင်းဟို ရုတ်တရက် ရောက်ရှိ လာပြီး၊ ဓားအလင်း များဖြင့်၊ ပက်ထုတ် ပစ်လိုက် တော့သည်။
“ နောက်ဆုံးတော့ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲ တစ်ကောင်က၊ ဒုက္ခ ပေးနိုင် တုန်းပါပဲ။ ”
“ မင်း ... ဒီမှာ ရှိရှိ မရှိရှိ၊ ငါ့ အတွက် မထူး ပါဘူး။ ”
လင်းယွန်က ဂရုမစိုက် ဟန်ဖြင့် တုန့်ပြန် လိုက်သည်။
“ ဘာ ပြော တယ် ... ။ ”
တစ်ဖက် လူမှ သွယ်ဝိုက်ပြီး၊ ထွက်သွားရန် ပြောနေ သောကြောင့်၊ လောင်းဟို တစ်ယောက် စိတ်ပျက် လာသည်။
သူက ရက်စက်စွာ ပြုံးလိုက်ပြီး၊ အမဲလိုက် ခွေးကြီးထံ ဦးတည်ကာ၊
“ ငါကို လျှော့တွက် နေပုံပဲ ... ၊ ဒါဆို ဆက်ပြီး လက်သည်းဝှက် နေလို့ မရ တော့ဘူး၊ ... ”
“ ည အလင်း ဓားရောင်ခြည် ... ။ ”
-ဟု အော်ဟစ်လျက် ရှန်ရှင်းဓားကို ထုတ်ဖော်ကာ၊ ဓားအလင်း များဖြင့် ပစ်ထုတ် လိုက်တော့သည်။
“ ကိန် ... ကိန် ကိန် ။ ”
ဤတိုက်ခိုက်မှုမှာ အမဲလိုက် ခွေးကြီးအား၊ မီတာ များစွာ လွင့်စဉ်လျက် ပေါက်ကွဲ စေဆုံး သွားစေ၏။ လင်းယွန် သည်ပင် အံ့အားသင့် သွားရသည်။
လောင်ဟွာ အသက် အရွယ် အရ၊ ရှန်ရှင်းဓားကို ဆုပ်ကိုင် နိုင်သည်မှာ မထူးဆန်း သော်လည်း၊ ဓားရေး ထုတ်ဖော် လိုက်ချိန်တွင်၊ ရှေးဟောင်း အငွေ့ အသက်များ ပါရှိကြောင်း၊ သတိထား မိလိုက် သည်။
လင်းယွန်မှ မည်သို့ တုန့်ပြန် လာမည်ကို၊ သိချင် စိတ်ဖြင့် လောင်ဟွာက ခိုးကြည့် လိုက်၏။ သို့သော် တစ်ဖက်လူမှာ တည်ငြိမ် နေဆဲ ဖြစ်သည်။
ယင်းတုန့်ပြန် မှုက၊ ခွန်အားကို ပြသရန် သူ့စိတ်ကူးအား လွှတ်ချလိုက် ရပြီး၊ ကူကယ် ရာမဲ့စွာ ပြုံးလာ မိစေ၏။
ကံဆိုးသော နတ်ဆိုး သားရဲ များက၊ လောင်ဟွာနှင့် လင်းယွန် ထံသို့ ပြေးဝင်လာ မိကြသည်။
သူတို့ နှစ်ဦး၏ တိုက်ခိုက်မှု များသည်၊ နတ်ဆိုး သားရဲ တိုင်းကို ချက်ချင်း သတ်ပစ်နိုင် သည်အထိ၊ အစွမ်းထက် လှပေ၏။
အဖိုးတန် သားရဲ အမြုတေ များမှာ၊ အပိုင်း အစများ အဖြစ် ကွဲထွက် ကုန်တော့သည်။
တစ်ပိုင်း ကောင်းကင် ဝိညာဉ် နတ်ဆိုး သားရဲ သေဆုံးသွား ပြီးနောက်၊ ကျန်နတ်ဆိုး သားရဲ များကို ကိုင်တွယ်ရန်၊ ပိုမို လွယ်ကူ လာချေသည်။
“ ငါ မင်းကို ဖုံးကွယ် မထားတော့ ပါဘူး၊ ငါက ဓား မဟာမိတ် အဖွဲ့ အတွက်၊ ထူးချွန်တဲ့ ဓားသမား တွေကို၊ ရှာဖွေဖို့ ... ”
“ ... တာဝန်ယူ ထားရတဲ့၊ နဂါး တမန်တော် ပါပဲ၊ ငါတို့ရဲ့ အခြေခံ အုတ်မြစ်က ဓားနက်မြို့မှာ တကယ် ရှိတယ်။ ”
ခန္ဓာကိုယ်အား သပ်ရပ်အောင် ပြန်လည်၊ ပြုပြင် လိုက်ပြီးနောက် လောင်ဟွာက ရှင်းပြ လာသည်။
လင်းယွန်မှာ ပြတ်သားသူ တစ်ယောက် ဖြစ်ကြောင်း၊ သတိပြု မိလာ သဖြင့်၊ ဆက်လက် ဖုံးကွယ် ထားမည် ဆိုပါက၊ အနှောင့် အယှက် ပေးရာ ရောက်ပေမည်။
“ ဓား မဟာမိတ်။ ”
“ ဟုတ်တယ် ... ဓား မဟာမိတ် ဆိုတာ၊ ဓားသမား တွေကို ကူညီဖို့ စုဖွဲ့ ထားတဲ့ အဖွဲ့ အစည်းတစ်ခု ပါပဲ၊ အဖွဲ့ဝင် တိုင်းက ဘယ်ဂိုဏ်း ကိုမဆို ဝင်ခွင့် ရှိပါတယ်။ ”
လောင်ဟွာက ပြုံးကာ ရှင်းပြ လိုက်သော်လည်း၊
“ ငါ စိတ်မဝင် စားဘူး။ ”
-ဟု လင်းယွန်မှ ချက်ချင်း တုန့်ပြန် လာသည်။
“ အလျင် မလို ပါဘူး၊ မင်းက ဓားသမားမို့ စိတ်ဝင်စား လာလိမ့် မယ်လို့ ငါ ယုံကြည်တယ်၊ သန်မာဖို့ ဆိုရင် ဒီအခွင့် အရေးကို လက်မလွှတ် သင့်ဘူး၊ ... ”
“ ... ငါရဲ့ ဓား ရည်ရွယ်ချက်ကို၊ ဒီမဟာမိတ် အဖွဲ့ကြောင့် ရခဲ့ တာပဲ၊ ပြီးတော့ အဖွဲ့မှာ မင်း စိတ်ဝင်စား စရာ၊ ရှေးဟောင်း ဓားပညာ ရပ်တွေ အများကြီး ရှိတယ်။ ”
လောင်ဟွာက စိတ်ရှည် လက်ရှည်ဖြင့်၊ ထပ်မံ စည်းရုံးသည်။ ဤတစ်ကြိမ် ကျောက်စိမ်း အရိုင်းတုံး၊ တစ်တုံးကို ရှာတွေ့ ခဲ့ကြောင်း နားလည် ထားသည်။
“ ဂါး ..... ။ ”
ထိုအချိန်တွင် ကျယ်လောင်သော သားရဲ ဟောက်သံ တစ်သံ၊ ထွက်ပေါ် လာကာ၊ မီတာ ထောင်ဂဏန်း အထိ အနက်ရောင် မြူများ၊ ချက်ချင်း ပျံ့နှံ့ သွား တော့သည်။
ယင်းကို မော့ကြည့်ပြီး၊ လောင်းဟန် တစ်ယောက် သက်ပြင်း တစ်ချက် ချလိုက်ကာ၊ မျက်လုံးများ မှေးကျဉ်း လျက်ဖြင့်၊
“ ငါတို့ မြို့ကို မကာကွယ် နိုင်တော့ဖူး ထင်တယ်။ ”
-ဟု ညည်းတွား လေတော့သည်။
***