← Chapters

ဓားသမား နှလုံးသား။

Vol. 53 Ch. 742

ဓားသမား နှလုံးသား။

Vol. 53 Ch. 742

ကြောက်စရာသော ရောင်ဝါနှင့် အတူ၊ မြို့ရိုးထံ ပြေးဝင် နေသည့် မျောက်ဝံ သားရဲ တစ်ကောင်အား တွေ့လိုက် ရသည်။

သူ့မျက်လုံး များတွင် မီးလျှံများ တောက်လောင် နေပြီး၊ ပြေးလျက်မှ ပေါက်ကွဲ စွမ်းအား များဖြင့် ပြည့်နှက် နေသော ရင်ဘတ်ကို၊ တဗုန်းဗုန်း ထုရိုက်ကာ၊ အော်ဟစ် လာလေသည်။

“ တောင်တုန် မိစ္ဆာ မျောက်ဝံ ... ။ ”

လောင်ဟွာက လင်းယွန် အနားသို့ လှမ်းတက် လာပြီး၊

“ ဒါက အုပ်စိုးရှင် အဆင့်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆို သားရဲပဲ၊ အဲ့ဒီ အဖိုးကြီးက သူ့ကို ရင်ဆိုင် နိုင်မှာ မဟုတ်ဘူး။ ”

ကြီးမားသော မျောက်ဝံ ကြီးနှင့်၊ နှိုင်းယှဉ် ရသော် လူသား ကျင့်ကြံ သူများမှာ၊ ပုရွက်ဆိတ် သဖွယ် သေးငယ် လွန်းလေသည်။

ခြေ တစ်လှမ်းချင်း စီက၊ မြေပြင်ကို တုန်ခါ စေသော ထိုမြင်ကွင်းကို ကြည့်ပြီး၊ မြို့ရိုး ပေါ်ရှိ ကျင့်ကြံသူ များမှာ၊ ဒူးများ ညွှတ်ကျ သွားသည်။

မိစ္ဆာ မျောက်ဝံကြီး နှင့်အတူ၊ မင်ရေ မြို့ထံ ဦးတည် လိုက်လာ နေသော နတ်ဆိုး သားရဲ များစွာလည်း ရှိလေသည်။

၎င်းတို့ ထံမှ ကြောက်စရာ ကောင်းသော အဆိုးမြင် ခံစားချက် များက၊ အဖိုးအို၏ အရှိန် အဝါ အကာ အကွယ် အတွင်း၊ စိမ့်ဝင် လာတော့၏။

ဤသားရဲကို မတားဆီး နိုင်ပါက၊ မြို့အား လက်လွှတ် ရတော့မည် ဖြစ်သဖြင့်၊ အဖိုးအို မျက်နှာမှာ လေးနက်သော အမူ အရာကို ထုတ်ဖော် လာသည်။

ထို့နောက် မျက်ဝန်းများ မှေးစင်း သွားပြီး၊ မြို့ရိုး ပေါ်မှ ခုန်ချကာ နတ်ဆိုး သားရဲ များထံ ရွေ့လျားလာ ခဲ့သည်။

သူ၏ ရွေ့လျားမှု နည်းစနစ်မှာ၊ အလွန် လျင်မြန်လှ သဖြင့်၊ လျှပ်စီးကြောင်း အဖြစ်သာ မြင်နိုင် ပေသည်။

မျက်စိ တစ်မှိတ် အတွင်း၊ နတ်ဆိုး သားရဲ များစွာကို သတ်လျက်၊ ရှေ့သို့သာ တိုးဝင်ကာ မိစ္ဆာ မျောက်ဝံဖြင့်၊ ရင်ဆိုင် လိုက်သည်။

သူ၏ အရွယ် အစားမှာ၊ မျောက်ဝံထက် သိသိ သာသာ သေးငယ် သော်လည်း၊ အရှိန် အဝါ အရ၊ နိမ့်ကျခြင်း မရှိချေ။

“ ကြယ်တာရာ ဖျက်ဆီခြင်း ... ။ ”

လှံအား ဆင့်ခေါ်လျက်၊ အရှိန် အဝါကို လုံးလုံး လျားလျား ထုတ်လွှတ် လိုက်သည်။ ခွန်အား အပြည့် အဝ ထုတ်ဖော် လိုက်သဖြင့်၊ ကောင်းကင်၌ အလင်းများ တောက်ပ လာ၏။

ထိုအလင်း များက လှံဖျား စုရုံး လာပြီး၊ သူ့မျက်နှာအား ရောင်ပြန်ဟပ် သွားလေသည်။ ယင်းကို ကြည့်ခြင်းဖြင့်၊ ထိုအဖိုးအိုမှာ အထွတ် အထိပ် ခွန်အားကို အသုံးပြု တော့မည် ဖြစ်ကြောင်း၊ နားလည် နိုင်သည်။

တောင်တုန် မိစ္ဆာ မျောက်ဝံ အနေဖြင့်၊ အဘိုးအို၏ တိုက်ခိုက်မှုကို၊ ရှောင်တိမ်း နိုင်မည် မဟုတ်ဟု၊ ယုံကြည် လိုက်မိသည်။

ထိုအချိန်တွင် မိစ္ဆာ မျောက်ဝံ၏ လက်၌၊ မီတာ သုံးရာခန့် ရှိသော ကျောက်တိုင် တစ်တိုင် ဖြစ်ပေါ် လာကာ၊ အဖိုးအိုထံ ဦးတည် ရိုက်ချ လိုက်လေသည်။

လှံစွမ်းအား ဖျက်ဆီး ခံလိုက်ရ ပြီးနောက်၊ သွေး အန်လျက် အဖိုးအို လွင့်စဉ် သွားသည်။

မြေပြင်ပေါ် ရောက်သည်နှင့်၊ အဖိုးအို၏ ခြေထောက်အား နတ်ဆိုး သားရဲ တစ်ကောင်က ချက်ချင်း ကိုက်ဆွဲ လာ၏။

မလှုပ်ရှား နိုင်ခင်၊ မြောက်များ စွာသော နတ်ဆိုး သားရဲများ ဝိုင်းအုံလျက်၊ ကိုက်သတ် ပစ်ခြင်း ခံလိုက် ရတော့သည်။

“ အား ..... ။ ”

အဘိုးအို၏ နာကျင်စွာ အော်ဟစ် လိုက်သံက၊ ကောင်းကင်၌ ပဲ့တင်ထပ် သွားလေ သည်။

တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ် အဖိုးအို၏ အဆုံး သတ်ကို၊ လူတိုင်း ထိတ်လန့် တကြား လှည့်ကြည့် လာမိ ကြသည်။

“ ဂါး ... .. ။ ”

တောင်တုန် မိစ္ဆာ မျောက်ဝံက၊ ရင်ဘတ်အား တဗုန်းဗုန်း ထုကာ၊ ကောင်းကင်ပေါ် မော့လျက်၊ ဟစ်ကြွေးသံ ပြုလိုက် တော့သည်။

“ သေ သွား တာ လား ... ။ ”

တာဝန်ခံ အဘိုးအိုအား ဤမျှ မြန်မြန် သတ်နိုင် လိမ့်မည်ဟု မမျှော်လင့် ထားသဖြင့်၊ လူတိုင်း မျက်နှာ ပျက်ယွင်း သွားကုန်သည်။

အဘိုးအို မရှိ တော့ပြီ ဖြစ်ရာ၊ နတ်ဆိုး သားရဲများက မြို့ရိုးအား အတား အဆီး မရှိ၊ ဖြိုဖျက် ပစ်တော့သည်။

“ ဝုန်း ... ။ ”

အုတ်တံတိုင်း ကြီးက၊ ကျင့်ကြံ သူများ အလယ်သို့၊ တဝုန်းဝုန်း ပြိုကျ လာကာ၊ တိုက်ပွဲ ရလာဒ်အား ချက်ချင်း ထွက်ပေါ် လာစေ၏။

ထို့နောက်တွင် မြို့ရိုး ပေါ်မှ စောင့်ကြပ် နေသည့် ကျင့်ကြံသူ များက၊ မြို့ကို သားရဲများ လက်၌ ထားရစ်ကာ၊ ထွက်ပြေး ကုန်ကြသည်။

တိုက်ခိုက်ရန် အင်အား မရှိသည့််၊ ရွာသား များမှာ ငရဲပွက် သကဲ့သို့ နာကျင်စွာ အော်ဟစ် သံနှင့် အတူ၊ သေကြေ ပျက်စီး ရလေသည်။

သူတို့၌ ရွေးချယ်စရာ မရှိ သဖြင့်၊ နတ်ဆိုး သားရဲ များ၏ ရက်စွာ သတ်ဖြတ် ခြင်းကို၊ လည်စင်းခံ ကြတော့၏။

“ အဲဒီ အဖိုးကြီးက တောင်တုန် မိစ္ဆာ မျောက်ဝံကို လျှော့တွက်ခဲ့ တာပဲ၊ အုပ်စိုးရှင် အရှိန်အဝါတွေ အောက်မှာ၊ ဘုရင် အဆင့် အရှိန်အဝါကို ကွယ်ဝှက် ထားတယ်။ ”

လောင်ဟွာက သက်ပြင်းချ လိုက်သည်။ ကပ်ဘေး တစ်ခုတွင် လူ တစ်ဦး တစ်ယောက်၏ ခွန်အားမှာ၊ အမှန် တကယ်ပင် အရေး မပါ လှချေ။

အဘိုးအို သေဆုံးမှုသည် လင်းယွန် အကြောက်ဆုံး အရာ ဖြစ်၏။ နတ်ဆိုး သားရဲ များစွာက၊ မြို့အား အလွယ်တကူ အစိတ်စိတ် အမွှာမွှာ ခွဲပစ်ပေ တော့မည်။

“ သွား ရ အောင်၊ ဒီနေရာကို နတ်ဆိုး သားရဲတွေ မပိတ် နိုင်ခင် ငါတို့ ထွက်သွား ရမယ်၊ ဓားနက်မြို့က လွဲပြီး ဘယ်နေရာမှ မလုံခြုံ တော့ဘူး။ ”

လောင်ဟွာက လင်းယွန်ကို ထွက်သွားရန်၊ ဖျောင်းဖျ လိုက်သည်။ သို့သော် သူလှည့်ကြည့် လိုက်ချိန်၌ လင်းယွန် တစ်ယောက် တောင်တုန် မိစ္ဆာ မျောက်ဝံထံ ဦးတည် နေသည်ကို၊ တွေ့လိုက် ရ၏။

“ မင်း ... ဘာလုပ်ဖို့ ကြိုးစား နေတာလဲ ... ။ ”

ဤမြင်ကွင်းက လောင်ဟွာကို ထိတ်လန့် သွားစေသည်။

“ ငါ့ သူငယ်ချင်း တွေကို ကယ်ရမယ်။ ”

တောင်တုန် မိစ္ဆာ မျောက်ဝံက၊ ကျန် သားရဲ များကို ဦးဆောင် လာစဉ်၊ ဇိုယန်နှင့် ဖန်းယီ တို့ ပိတ်မိ သွားကြောင်း၊ မြင်လိုက် ရသည်။

လူစိမ်းများ အတွက် အသက်ကို ပေးရန် ဆန္ဒ မရှိ သော်လည်း၊ သူငယ်ချင်းများ အပေါ်မူ နှမျော မိမည် မဟုတ်ချေ။

ပရမ်းပတာ အခြေ အနေများ ကြားတွင်၊ တောင်တုန် မိစ္ဆာ မျောက်ဝံထံ ဦးတည်လျက် အလင်းတန်း အသွင် ပြေးဝင် နေမိသည်။

“ မ လုပ်နဲ့ ... ငါ မသေချင် သေးဘူး။ ”

တောင်တုန် မိစ္ဆာ မျောက်ဝံက ခရမ်းရောင် နန်းတော် နယ်မြေ ကျင့်ကြံသူ တစ်ဦးကို ဖမ်းမိ သွား သဖြင့်၊ အော်ဟစ် ရုန်းကန်သံ ထွက်ပေါ် လာ၏။

“ ဝုန်း ..... ။ ”

ထိုသူကို မြေပြင်သို့ ကိုင်ပေါက် လိုက်ပြီး၊ ကျောက်တိုင်ဖြင့် အသားပြား ဖြစ်အောင် ရိုက်ချ လေသည်။

ဖြစ်ပေါ် လာသော လှိုင်းများ အတွင်း၊ ဇိုယန်နှင့် ဖန်းယီတို့ လွင့်စဉ် သွားသည်ကို လှမ်းမြင် လိုက်ရသည်။

ထို့ကြောင့် ခြေလှမ်း ကိုးလှမ်း လှမ်းတက်ကာ၊ ရွှေကျီးကန်း တောင်ပံကို ဖွင့်လိုက်သည်။

နောက်ဆက်တွဲ ပုံရိပ် တိုင်းက၊ ပြေးလမ်း ပေါ်ရှိ နတ်ဆိုး သားရဲ တိုင်းကို သွေးမြူ အဖြစ်၊ သတ်ဖြတ် သွားတော့၏။

“ လင်း ယွန် ... ။ ”

အသက် ဆုံးရှုံး လုနီးပါး အခြေ အနေတွင်၊ အလင်းတန်း အသွင် ပြေးဝင်လာ နေသော ပုံရိပ် တစ်ရိပ်ကို မြင်လိုက်ရ သဖြင့်၊ ဖန်းယီမှာ ဝမ်းသာ သွားသည်။

လင်းယွန်က ခေါင်းညိတ်လျက်၊ ပတ်ဝန်း ကျင်အား ဦးစွာ စစ်ဆေး လိုက်၏။ တောင်တုန် မိစ္ဆာ မျောက်ဝံ မှလွဲ၍၊ အခြားသော နတ်ဆိုး သားရဲ များမှာ၊ အန္တရာယ် မပေး နိုင်ချေ။

အခြေ အနေက သူ တွေးထင်ထား သကဲ့သို့၊ ဆိုးရွားခြင်း မရှိကြောင်း သိလိုက် ရသည်။

“ အရင် သွား ရအောင်၊ မြို့ထဲမှာ ကျန်နေတဲ့ လူတိုင်းကို ခေါ်ပြီး ပြေးပါ၊ ဒီမိစ္ဆာ မျောက်ဝံကို ငါ ထိန်းထားမယ်။ ”

လင်းယွန်က သူ့ ဆုံးဖြတ် ချက်ကို ချက်ချင်း ထုတ်ပြော လာသည်။

“ မင်း ဘာတွေ ပြောနေ တာလဲ၊ ငါတို့ အတူတူ ထွက်သွားမယ်၊ ဒီမြို့ကို ပေးလိုက် ရပြီ။ ”

ဖန်းယီက ပြန်အော် လာ၏။ ထို့ကြောင့် သူ့အား ဆွဲထုတ် သွားရန်၊ ဇိုယန်အား လင်းယွန် မှ ခေါင်းညိတ် ပြလိုက်သည်။

“ ငါ့ ကို လွှတ် စမ်း ... ၊ ဒီကောင် နေခဲ့ရင် သေလိမ့်မယ်။ ”

ဇိုယန်၏ ချုပ်နှောင်မှုမှ လွတ်မြောက်ရန် ကြိုးစား လျက်ဖြင့်၊ ဖန်းယီ တစ်ယောက် ဒေါသ တကြီး အော်ဟစ် လိုက်သည်။

သို့သော် ဇိုယန်က သူ့အား လက်တစ်ဖက် တည်းနှင့်၊ အလွယ်တကူ ချုပ်ထိန်း ခေါ်ဆောင် သွားလေသည်။

ဖန်းယီ မသိ လိုက် သည်မှာ၊ သူ သိခဲ့ ဖူးသော လူတိုင်း၊ သူ့ ထက်သာ သာလွန်သည့် ခွန်အားမျိုး ရှိနေခြင်း ကိုပင်။

“ သူ့ကို ထားခဲ့ လိုက်၊ ဒီကောင်က ဓားသမားမို့ လွယ်လွယ်နဲ့ စိတ်ပြောင်းမှာ မဟုတ်ဘူး။ ”

ဇိုယန်က မင်ရေ မြို့ကို တစ်ချက် ပြန်ကြည့်ကာ၊ တိုးထွက် နိုင်မည့် လမ်းကြောင်း အား အမြန် ရှာဖွေ လိုက်၏။

ခရမ်းရောင် နန်းတော် သိုင်းသမားများ ဆုတ်ခွာ ကုန်သဖြင့်၊ နေရာ အနှံ့ ပိတ်ဆို့ခံ ထား ရပြီ ဖြစ်သည်။

အားနည်းသော နေရာကို ရှာနိုင် ပါက၊ အသေ အပျောက် နည်းနည်းဖြင့်၊ ထွက်ခွာ နိုင်မည် ဖြစ်၏။

သို့သော် ယင်းမှာ လင်းယွန်မှ တောင်တုန် မိစ္ဆာ မျောက်ဝံကို ထိန်းထား နိုင်ခြင်း၊ ရှိ-မရှိပေါ် မူတည် လေသည်။

လူတိုင်းက လွတ်မြောက်ရန် အတွက်၊ ဇိုယန်နှင့် ပေါင်းကာ ကြိုးစား နေချိန်တွင်၊ မျောက်ဝံ၏ တိုက်ခိုက် မှုက၊ လင်းယွန်ပေါ် ပြိုကျ လာသည်။

“ ဂါး ... ။ ”

ဤတိုက်ခိုက်မှုသည် အလွန် ပြင်းထန်လှ သဖြင့် မြေပြင် ပေါ်၌ ကြီးမားသော ချိုင့်ဝှမ်းကြီး တစ်ခု၊ ဖြစ်ပေါ် သွား၏။

လင်းယွန်က ရှန်ရှင်းဓားကို ထုတ်ဖော် လိုက်ပြီး၊ အဝတ် အစားများ လေထဲ တဖျပ်ဖျပ် ခတ်နေသော အသွင်ဖြင့်၊ ဝင်ရောက် လာသော လှိုင်းလုံး များအား၊ ဖျက်ဆီးပစ် လိုက်သည်။

တောင်တုန် မိစ္ဆာ မျောက်ဝံက သူ့ကို စိုက်ကြည့်ပြီး၊ ကြီးမားသော ဖိအားများ ပို့လွှတ် လာသည်။

ယင်းကြောင့် ထိုဖိအားကို ရင်ဆိုင်ရန်၊ ဓားရည်ရွယ်ချက်အား ကန့်သတ်ချက် အထိ တွန်းထုတ် လိုက်၏။

ရုတ်တရက် ပြီးပြည့် စုံသော ရှန်ရှင်းဓား ရည်ရွယ် ချက်၏ ပိတ်ဆို့မှုများ အနည်းငယ် ပြေလျော့ လာကြောင်း၊ သူ ခံစား လိုက်ရသည်။

“ မင်း မလာနဲ့ ငါ လာမယ် ... ။ ”

တောင်တုန် မိစ္ဆာ မျောက်ဝံထံ ပြေးဝင် နေသော၊ လင်းယွန် ပတ်ပတ် လည်၌၊ အလင်း မှုန်များ ရစ်သိုင်း လာတော့၏။

“ သူ ... ၊ ရူးသွား တာလား ... ။ ”

ထိုမြင်ကွင်းကို ကြည့်ပြီး၊ လောင်ဟွာ၏ နှလုံးသားမှာ ခုန်ထွက် မတက် လှုပ်ခါသွား လေသည်။

***

All Chapters