← Chapters

တစ်ပိုင်း ဝိညာဉ်ရေး ဓားရည်ရွယ်ချက်။

Vol. 54 Ch. 743

တစ်ပိုင်း ဝိညာဉ်ရေး ဓားရည်ရွယ်ချက်။

Vol. 54 Ch. 743

လင်းယွန်၏ ရဲရင့်သော လုပ်ရပ် အပေါ်၊ ပရမ်းပတာ အခြေ အနေ များကြောင့် လူတိုင်း သတိပြု မိခြင်း မရှိပေ။

လောင်ဟွာမှ လွဲ၍ ကျန်သူများ အားလုံးသည် နတ်ဆိုး သားရဲများ လက်၌၊ အခက်ကြုံ နေရ၏။

ဓားကိုင်လျက် လှည့်ပတ် နေသော လင်းယွန်ကို မြင်ချိန်၌၊ မိစ္ဆာ မျောက်ဝံမှာ၊ ဒေါသဖြင့်၊ လက်လွှဲပြီး ချက်ချင်း ရိုက်ထုတ် လိုက်သည်။ လေထု ထဲ၌ မီးခိုး ငွေ့များ ကဲ့သို့ အနက်ရောင် မြူများ ပျံ့လွင့် လာ၏။

တောင်တုန် မျောက်ဝံ၏ နှာခေါင်းမှ ကျောက်တိုင် အသွင် အနက်ရောင် လေများ မှုတ်ထုတ် လာသဖြင့်၊ အသက်ရှူရ ခက်ခဲ သွားစေသည်။

သို့သော် ထိုစွမ်းအားကို မထုတ် လွှတ်မီ၊ နောက်ဆက်တွဲ ပုံရိပ်များ နှင့်အတူ၊ ပန်းသင်္ချိုင်း ဓား ထံမှ လရောင် ကဲ့သို့၊ အလင်းများ လေထဲ ဖြာကျ လာ၏။

ဤတစ်ကြိမ်တွင် လရောင် ရေစင် ဓား၏၊ လရောင် အလင်း ပြန်ခြင်းကို အသုံးပြု လိုက်ခြင်း ဖြစ်သည်။

တောင်တုန် မိစ္ဆာ မျောက်ဝံက မတုံ့ပြန် နိုင်ခင်၊ အလင်းများ ကြားမှ ဓား တစ်လက် နထင်ထံ၊ တိုးဝင် လာတော့၏။

သို့သော် ဓားမှာ ကျောက်ဆောင် ကြီးနှင့် တိုက်မိ သကဲ့သို့၊ လက်မောင်းကို ထုံကျဉ်သွား စေ၏။ သွေးများ စီးကျ လာပြီး၊ မျောက်ဝံ မျက်နှာကို ဖုံးလွှမ်း သွားသည်။

အရေပြား အတွင်း သုံးလက်မ ခန့်သာ ပြတ်ရှ သွားပြီး၊ မျောက်ဝံနှင့် နီးကပ်မှန်း သတိ ထားမိ လာကာ၊ လင်းယွန်မှ အမြန် နောက်ဆုတ် လိုက်သည်။

တောင်တုန် မိစ္ဆာ မျောက်ဝံ၏ မျက်လုံး များရှိ၊ မီးတောက် များမှ အပူဒဏ် ကိုပင် သူ ခံစား နိုင်၏။

အနည်း ငယ်သော နာကျင်မှု ကိုပင်၊ ထိုမျောက်ဝံက သည်းမခံ နိုင်ဟန်ဖြင့်၊ ရူးသွပ် မတက် ဒေါသ တကြီး အော်ဟစ် တော့သည်။

ခရမ်းရောင် နန်းတော် အတွင်း၌ ပန်းပွင့် လာကာ၊ မူလ စွမ်းအင်များ စတင် ပြောင်းလဲ လာသည်။

လေထု အလယ် ဟန်ချက် ငြိမ်အောင် မထိန်းနိုင် မီတွင်၊ ကျောက်တိုင်မှာ တောင်ကြီး တစ်လုံး ကဲ့သို့ ပျံတက် လာပြန်၏။

ထို့ကြောင့် သွေးစ ကိုပင်၊ မသုတ်အား တော့ဘဲ၊ ဝင်လာသည့် ကျောက်တိုင်ကို ဓားဖြင့် ဓားလွယ်ခုတ် ခုခံ လိုက်ရသည်။

ဓားက ကျောက်တိုင် အတွင်း၊ လက်မဝက်ခန့် နစ်ဝင်သွား ပြီးနောက်၊ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာကာ၊ ကျောက်မှုန်များ အဖြစ် ပြိုကျ ကုန်၏။

သို့သော် ထိုစက္ကန့်ပိုင်း အတွင်း၊ ကျောက်တိုင်တွင် ပါရှိသော ကြောက်စရာ စွမ်းအား တစ်ခု ပေါက်ကွဲ လာကာ၊ ထိမှန် သဖြင့်၊ အဝေးသို့ လွင့်ပျံ သွားရသည်။

လွင့်ပျံ နေစဉ်၊ လက်ချောင်း များကို တောက်ထုတ်လျက်၊ မိစ္ဆာ မျောက်ဝံအား ဆက်မလိုက် လာစေရန် ကြိုးစား လိုက်သည်။

ပန်း တစ်ပွင့် နောက်ကျော၌ ပွင့်လာပြီး၊ နတ်ဘုရား ပုံရိပ်ယောင် ဓားကို အားဖြည့်ပေး တော့၏။

“ နှလုံးသား ချိတ်ဆက်မှု၊ ဝိညာဉ်ရေး ဓား။ ”

ခရမ်းရောင် ဓားရောင်ခြည်သည်၊ အမှောင် ထုအား လင်းလျက်၊ တောင်တုန် မိစ္ဆာ မျောက်ဝံ လည်ပင်းထံ၊ တိုးဝင် သွားသည်။

ကြီးမားသော သက်ရောက် မှုကြောင့်၊ တောင်တုန် မိစ္ဆာ မျောက်ဝံကို ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်သွား စေသည်။

ခြေလှမ်း တိုင်းမှာ၊ မြေပြင်ကို ပြင်းစွာ တုန်လှုပ် စေပြီး၊ ပတ်ဝန်းကျင်ရှိ နတ်ဆိုး သားရဲ များစွာကို နင်းသတ် မိ၏။

“ တိမ်မြူ ကင်းသော လမင်း။ ”

တိုက်ခိုက်မှု အောင်မြင် သွားသော်လည်း၊ အဟုန်ကို မရပ်တန့် ခဲ့ပေ။ ဓား ရောင်ခြည်ကို ပိုက်ကွန် တစ်ခု သဖွယ် ယှက်လုပ်ပြီး၊ နှစ်ကြိမ် တိုင်တိုင် ထိုးခုတ် ချလိုက်သည်။

“ အနန္တ နှင်းလွင်ပြင်။ ”

“ ကောင်းကင်က တိမ်တိုက် များကို ဖြိုခွဲမယ်။ ”

ကြောက်မက်ဖွယ် ကောင်းသော လှုပ်ရှားမှု များက၊ တောင်တုန် မိစ္ဆာ မျောက်ဝံထံ ပြေးဝင် သွားသည်။

လေဝဲဓားကို အသုံး ပြုစဉ် ကကဲ့ သို့ပင်၊ လရောင် ရေစင် ဓားအား ချောမွေ့စွာ အသုံးပြု နိုင်ခဲ့သည်။

မိုးပြာရောင် ကောင်းကင် ဂိုဏ်းမှ ထွက်ခွာလာ ပြီးနောက်၊ ထိုဓားရေးကို အသုံး ပြုခြင်း မရှိခဲ့ သော်လည်း၊ နက်ရှိုင်းစွာ သတိရ နေမိဆဲ ဖြစ်သည်။

အရပ် မျက်နှာ အသီးသီးမှ၊ အလစ် ဝင်ရောက် တိုက်ခိုက် လာသော၊ သားရဲများ အားလုံး အပိုင်းပိုင်း ကွဲထွက် သွားခဲ့၏။

“ ကွာဟချက် ရှိနေတုန်း ပါလား။ ”

နတ်ဆိုး သားရဲများ ကြား၌ စွတ်ကြောင်း ပေါ်လာသည် အထိ၊ သတ်ဖြတ် နေခဲ့သော၊ ဇိုယန်ထံ၊ လင်းယွန်က တစ်ချက် လှည့်ကြည့် လိုက်သည်။

“ ဂါး ... ။ ”

သို့သော် ဒေါသတကြီး ဟောက်သံ တစ်သံ ထွက်ပေါ် လာသဖြင့်၊ လက်ရှိ တိုက်ပွဲထံ အာရုံ ပြန်စိုက် လိုက်ရ၏။

ရရှိ ထားသော ဒဏ်ရာ များမှ၊ တောင်တုန် မိစ္ဆာ မျောက်ဝံမှာ၊ ပြန်လည် ကောင်းမွန် လာခဲ့ သည်။

ထို့ကြောင့် လင်းယွန်ကို ငုံ့ကြည့်ပြီး၊ ထိတ်လန့်ဖွယ် တစ်ပိုင်း ကောင်းကင် ဝိညာဉ် အရှိန်အဝါအား၊ ထုတ်လွှတ် လိုက်တော့သည်။

“ တကယ် အရေး ထူတဲ့ ကောင်ပဲ။ ”

ခေါင်းယမ်းပြီး ဓားတစ်ချက် ပစ်သွင်းကာ၊ နောက်ပြန်ဆုတ် လိုက်၏။ လမ်း တစ်လျှောက် ပိတ်ဆို့ လာသော နတ်ဆိုး သားရဲ များကို တိုက်ခိုက် သတ်ဖြတ် လာခဲ့သည်။

တောင်တုန် မိစ္ဆာ မျောက်ဝံမှာ၊ အလွန် ဒေါသ ဖြစ်လာပြီး၊ ခြေတစ်လှမ်း တည်းဖြင့်၊ လင်းယွန်ရှေ့ ဆင်းသက် လာကာ၊ ကေျာက်တိုင် နောက်တစ်တိုင်ကို ဆင့်ခေါ်လျက်၊ ရိုက်ချ လာလေသည်။

“ သခင့်ဓား— မိုးကြိုး ... ။ ”

လင်းယွန်က ခန္ဓာကိုယ် အနည်းငယ် တိမ်းရှောင် လိုက်ပြီး၊ ကျောက်စာတိုင်ထံ မျက်နှာမူ လိုက်သည်။

မိစ္ဆာ မျောက်ဝံနှင့် ယှဉ်ပါလျှင်၊ သေးငယ် လှသော်လည်း၊ သူ့ ထံမှ ထွက်သော ဓား အရှိန် အဝါမှာ အားနည်းခြင်း မရှိချေ။

ဓားနှင့် ကျောက်တိုင်၊ နောက်တစ်ကြိမ် ထိပ်တိုက် တွေ့ သွား၏။ တောင်တုန် မိစ္ဆာ မျောက်ဝံမှ မလှုပ်ရှား နိုင်ခင်၊ လင်းယွန်က သူ့လက်အား မြှောက်ကာ၊ နောက်ထပ် ဓားချက် တစ်ချက် ထုတ်ဖော် လိုက်သည်။

“ ဟိတ် ... ။ ”

ဤတစ်ကြိမ် သခင့်ဓား၏ အလင်းခွဲ ဖြတ်ခြင်း ဖြစ်သည်။ ဓား ဆင်းသက်လာ ချိန်၌၊ အတောင်ပံ တစ်စုံ အသွင်၊ အလင်းများ ဖြာကျ လာ၏။

ကျောက်စာတိုင်ကို မြှောက်လျက် ခုခံ ကာကွယ်ရန် ပြင်နေသော မိစ္ဆာ မျောက်ဝံမှာ၊ ၎င်းကို မြင်သည်နှင့်၊ ထိတ်လန့် တုန်လှုပ် သွားသည်။

ပန်းသင်္ချိုင်း ဓားသည် ကျောက်စာ တိုင်နှင့် နောက်တစ်ကြိမ် တိုက်မိ သွားပြီး၊ တောင်တုန် မိစ္ဆာ မျောက်ဝံအား၊ နောက်သို့ တွန်းပို့ ခဲ့သည်။

“ သခင့်ဓား— မဟာ ပေါက်ကွဲမှု ။ ”

ယင်းမှာ အဆုံးသတ် မဟုတ်ချေ။ လင်းယွန်က ဓားချက် များကို ဆက်လက် ထုတ်ဖော် နေဆဲ ဖြစ်သည်။

သည်တစ်ကြိမ်တွင် တောင်တုန် မိစ္ဆာ မျောက်ဝံမှာ၊ ဓားကို ထိပ်တိုက် ရင်ဆိုင်ခြင်း မရှိ တော့ဘဲ၊ မီတာ ရာဂဏန်း အကွာသို့၊ အလျင် အမြန် ခုန်ဆုတ် သွားခဲ့သည်။

ထို့နောက် အနက်ရောင် မီးတောက်ကို ဆင့်ခေါ် လိုက်ပြီး၊ ပြန့်ကျဲ သွားသော အဆိုးမြင် အရှိန် အဝါအား ပြန်လည် စုစည်း လိုက်၏။

မြေပြင်အား နင်းမိ သည်နှင့်၊ ရှေ့သို့ ချက်ချင်း ပြန်ခုန်ဝင် လာကာ ကျောက်တိုင်ဖြင့် အုပ်မိုး ရိုက်ချ လိုက်သည်။

ဤရိုက်ချက်က လင်းယွန်၏ ဓား အရှိန်အဝါကို ပြိုကျ သွားစေကာ၊ ကျိုးပြတ် သွားသော စွန် တစ်ကောင် ကဲ့သို့ ကောင်းကင်မှ ပြုတ်ကျ လာစေသည်။

သို့သော် မိစ္ဆာ မျောက်ဝံက ကျေနပ်ပုံ မရ ခဲ့ချေ။ ရင်ဘတ်အား ထုရိုက်ကာ၊ ဒေါသတကြီး အော်ဟစ် လိုက်သည်။

တစ်ဖက်တွင် အရှိန်အဝါ ကွဲကြေသွား သော်လည်း၊ အလင်းမှုန် များက ပိုးစုန်းကြူးများ အသွင်၊ မိစ္ဆာ မျောက်ဝံထံ ဝန်းရံလာ လေသည်။

ထိုပိုးစုန်းကြူး များက တောင်တုန် မိစ္ဆာ မျောက်ဝံအား ချက်ချင်း ဖုံးအုပ်ပြီး၊ ပေါက်ကွဲမှု အကြီးစား ဖြစ်ပေါ် လာကာ၊ ဒဏ်ရာနှင့် လဲကျ သွားစေ၏။

“ ဂါး ... ။ ”

ဓားမုန်တိုင်း အတွင်း သက်ဆင်းမိ သကဲ့သို့၊ နာကျင် လွန်းသဖြင့်၊ ညည်းတွားသံ များပင် ပြု လာရသည်။

“ ဒီ မျောက် ဝံ … ”

မိစ္ဆာ မျောက်ဝံတွင် တိုက်ပွဲဝင် ဆန္ဒများ လောင်ကျွမ်း နေဆဲ ဖြစ်ကြောင်း သိလိုက် ရပြီး၊ ကူကယ်ရာ မဲ့သော အမူ အရာဖြင့်၊ သူ့ ရင်ဘတ်ထံ ပြန်လည် အုပ်ကိုင် လိုက်မိသည်။

“ နဂါး လေး ... ”

ရုတ်တရက် နဂါးသွေး မြင်းကို ခေါ်ကာ ထွက်ပြေးမည် အပြုတွင်၊ အနားတွင် မရှိမှန်း သတိရ သွား၏။

အန္တရာယ် ကြုံချိန်တိုင်း၊ သူ့အား ခေါ်ထုတ်သွား သဖြင့်၊ အယောင်ယောင် အမှား မှားနှင့်၊ အလို အလျောက် အော်ခေါ် မိခြင်း ဖြစ်သည်။

တောင်တုန် မိစ္ဆာ မျောက်ဝံ ပြန်မထ နိုင်ခင်တွင်၊ မှော် ဆေးလုံးများ ပါးစပ်ထဲ ပစ် ထည့်ပြီး၊ နောက်လှည့်ကာ ပြေးထွက် လာခဲ့ သည်။

အချိန် အတော်ကြာ မှသာလျှင်၊ တောင်တုန် မိစ္ဆာ မျောက်ဝံက ဖြည်းဖြည်းချင်း ထရပ် လာခဲ့ ၏။

ထိုအချိန်တွင် မင်ရေမြို့ ထံမှ မီးညွှန့်များ တလူလူ ထွက်လာ တော့၏။ အဆိုပါ မီးညွှန့် များထဲတွင် တိမ်များထံ ထိုးတက် နေသည့်၊ အပျက် သဘော ဆောင်သော ခံစားချက် များကို၊ ဝိုးတဝါး လှမ်းမြင် လိုက်ရသည်။

သည့်နောက် ထိုအဆိုးမြင် ခံစားချက် များက၊ တိမ်တိုက် များကို၊ လောဘကြီးစွာ ဝါးမြို လိုက်လေသည်။

“ ဒါ က … ။ ”

ဤမြင်ကွင်းကို မြင်လိုက် ရသော အခါ၊ လင်းယွန် တစ်ယောက် မျက်ခုံး နှစ်ဖက် ထိလု မတက်၊ တွန့်ချိုးယူ လိုက်၏။

နတ်ဆိုး သားရဲ များမှ၊ လူ့ အသက် ပေါင်းများစွာကို သတ်ဖြတ် ခြင်းမျိုး မြင်ဖူး သော်လည်း၊ ယင်းဖြစ်စဉ် မျိုးနှင့် တစ်ကြိမ်ပင် မကြုံခဲ့ ဖူးချေ။

ယင်းမှာ အမှောင်ခေတ်၌ မကောင်း ဆိုးရွားများ အတွက်၊ ယဇ်ပူဇော်မှု တစ်ခုနှင့် တူပေ၏။

မြို့ပျက်သွား ချိန်တိုင်း၊ ဖြစ်ပေါ်လာ တက်သော သဘာဝ ဖြစ်စဉ်မျိုး ဟုတ်-မဟုတ် သူ သေချာ မသိချေ။

သတိ မထားမိ ခဲ့ခြင်းလည်း ဖြစ်နိုင် ပေမည်၊။ ခဏ အကြာတွင် အရှိန် အဝါများ ပြန်လည် စုစည်းလာ နိုင်ပြီး၊ ရှန်ရှင်းဓား၏ ပိတ်ဆို့မှု အချို့ပင်၊ ပြေလျော့ လာတော့၏။

ဝိညာဉ်ရေး ဓားရည်ရွယ်ချက် အဆင့်သို့ မရောက်ရှိ သေးသော်လည်း၊ ယခင် ကထက် အနည်းဆုံး (၅၀%)ခန့် ပိုမို အားကောင်း လာသည်။

ဆိုလို သည်မှာ တစ်ပိုင်း ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် အဆင့်သို့ တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်၏။

“ ဒီလို မြိုပျက်တဲ့ ဖြစ်စဉ်ကို ဂရုစိုက် ရမှာ၊ ငါ့ အလုပ် မဟုတ်ဘူး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှာ၊ ဒါကို သတိထား မိတဲ့ ကျွမ်းကျင် သူတွေ ရှိရ မယ်လို့၊ ယုံကြည်တယ်။ ”

အပျက် သဘော ဆောင်သည့် ဖြစ်စဉ်ပေါ်၊ ကျရောက် နေသည့် အကြည့် များကို ရုတ်သိမ်း လိုက်ပြီး၊ ဆက်လက် ပြေးလွှား လိုက်တော့ သည်။

“ ဝှစ် ... ။ ”

လေးနာရီ ကုန်လွန် ပြီးနောက်၊ အရုဏ်တက် တော့မည့် အချိန်တွင်၊ ဇိုယန်နှင့် ထွက်ပြေး နေသော လူအုပ်ထံ လိုက်မှီ လာသည်။

အရှိန် အဝါများ ရောထွေး နေသော်လည်း၊ တစ်ပိုင်း ဝိညာဉ်ရေး ဓားရည်ရွယ်ချက်ကို အသုံး ပြုကာ၊ လူအုပ်အား အလွယ်တကူ ခွဲထုတ် နိုင်ခဲ့၏။

ဇိုယန်နှင့် ဖန်းယီ ရှေ့တွင်၊ မီးပုံ တစ်ပုံ ဖိုလျက် ရှိ၏။ သူတို့က ဓားနက် မြို့သို့ ဦးတည် သွားသော လူအုပ်နောက် မလိုက်ခဲ့ ကြပေ။ ဤနေရာ၌ လင်းယွန်ကို စောင့်ရန် ဆုံဖြတ် ထားလေသည်။

ခြေသံကြောင့် ရုတ်တရက် ခေါင်းမော့ ကြည့်လိုက်ရာ၊ လင်းယွန် လျှောက်လှမ်း လာနေ သည်ကို၊ မြင်လိုက် ရ၏။

“ လင်း ယွန် ... ။ ”

“ မင်း ဒဏ်ရာ ရလာလား ... ။ ”

ဇိုယန်နှင့် ဖန်းယီက စိုးရိမ်စွာ လှမ်းမေး လာသည်။

“ အဆင်ပြေ ပါတယ်၊ ငါ သေဦးမှာ မဟုတ် သေးဘူး။ ”

လင်းယွန်က ဓား သေတ္တာကို ဖြတ်ချ လိုက်ပြီး၊ မီးပုံဘေး ဝင်ထိုင်လျက်၊ ပေါ့ပေါ့ ပါးပါး ပြန်ဖြေ လာ၏။

တောင်တုန် မိစ္ဆာ မျောက်ဝံ လက်မှ၊ ဒဏ်ရာ ကင်းကင်းဖြင့် ပြန်လာ နိုင်သော လင်းယွန်ကို ကြည့်ပြီး၊ နှစ်ဦးသား ထိတ်လန့် သွားသည်။

ထိုတိုက်ပွဲ မြင်ကွင်းမှာ၊ ထိတ်လန့်စရာ ကောင်းလွန်း သဖြင့်၊ သူတို့ နှစ်ဦးကို အချိန် အနည်းငယ် တိတ်ဆိတ် သွားစေ၏။

လွန်ခဲ့သည့် ခြောက်လ အတွင်း၊ လင်းယွန် တစ်ယောက် မည်သို့သော အတွေ့ အကြုံများ ရရှိခဲ့ မည်ကို၊ တွေးဆ လာမိသည်။

ရုတ်တရက် လောင်ဟွာက အပြုံး တစ်ပွင့်နှင့် အတူ၊ အမှောင် ထဲမှ တိုးထွက် လာ၏။

“ ကြောက်စရာ ကောင်းလွန်းတယ်၊ အုပ်စိုးရှင် အဆင့် နတ်ဆိုး သားရဲ တစ်ကောင် ကိုတောင် နှိမ်နင်း နိုင်ခဲ့တဲ့ ... ၊ ဒါက ဘယ်လို ဓားရေး မျိုးလဲ။ ”

“ ဘယ်သူလဲ ... ၊ မင်း သူ့ကို သိလား။ ”

အသက် လေးဆယ် အရွယ် မျက်နှာစိမ်း တစ်ဦး ဖြစ် သဖြင့်၊ ဖန်းယီက စူးစမ်း ဟန်ဖြင့်၊ လင်းယွန်အား မေးလိုက် သည်။

“ အင်း ... ငါ သိတယ်၊ သူက ဓား မဟာမိတ် အဖွဲ့ရဲ့၊ နဂါး တမန်ပဲ။ ”

လင်းယွန်မှ ပွင့်ပွင့် လင်းလင်း ပြန်ဖြေ လိုက်သဖြင့်၊ လောင်ဟွာ မျက်နှာမှာ အေးခဲသွား တော့သည်။ တစ်ဖက် လူမှ၊ ဤမျှ ရိုးသား လိမ့်မည်ဟု သူ မမျှော်လင့် ခဲ့ပေ။

ဓား မဟာမိတ်သည် လျှို့ဝှက် အဖွဲ့အစည်း တစ်ခု မဟုတ် သော်လည်း၊ လူတိုင်း လွယ်လင့် တကူ သိသင့်သော၊ အရာမျိုး မဟုတ်ချေ။

“ ဝိုး .. ငါ ကြားဖူးတယ်၊ သမိုင်းကြောင်း ကြီးမားတဲ့ အခြေခံ အုတ်မြစ် ရှိတယ်၊ ဒါနဲ့ နဂါး တမန်တော်က ဘာလုပ် ရတာလဲ။ ”

ဖန်းယီက ထပ်မေးသည်။

“ ပါရမီရှင် တွေကို အရင်း အမြစ် တွေနဲ့ ကမ်းလှမ်းပြီး၊ မဟာမိတ် အဖွဲ့ထဲ ဆွဲဆောင် ရမယ့် တာဝန်ပဲ။ ”

ထိုအဖြေကြောင့် ဖန်းယီ မျက်လုံးများ တောက်ပ လာကာ၊ လောင်ဟွာထံ ပြန်ကြည့် လိုက်၏။

“ ဟိတ်လူ ... ငါ့ ကို ဘယ်လို ထင်လဲ၊ ငါနာမည်က ဖန်းယီပါ၊ လူရိုင်း မျိုးဆက်သွေး နိုးထပြီး၊ အထင် ကြီးစရာ ကောင်းတဲ့ နားလည် နိုင်စွမ်းလည်း ရှိပါတယ်။ ”

“ ငါတို့က ဓားသမား ကိုပဲ စိတ်ဝင်စားတယ်။ ”

လောင်ဟွာက အဆင် မပြေသော အပြုံးဖြင့် ငြင်းပယ် လိုက်သည်။

“ ဟဲ ဟဲ ၊ ဓားလား ငါ ပြောင်းလို့ ရတယ်၊ လက်နက်မဲ့ နည်းစနစ် တွေကို လေ့ကျင့်တယ် ဆိုပေမယ့်၊ ... ”

“ ... တစ်ချိန်က လက်နက်တွေ ကိုင်ခဲ့ဖူး ပါတယ်၊ အနာဂတ်မှာ ငါက ဓားသမား မဖြစ်နိုင် ဖူးလို့ ဘယ်သူ ပြောနိုင် မှာလဲ။ ”

ဖန်းယီက လောင်ဟွာအား အလွတ် ပေးရန် စိတ်ကူး မရှိချေ။ ယင်းကို အခွင့်ကောင်း ယူပြီး၊ လင်းယွန်နှင့် ဇိုယန်တို့ နှစ်ဦးက၊ လစ်ထွက် လာခဲ့ ကြသည်။

“ မင်းမှာ ... ၊ ဘာဆက် လုပ်ဖို့ ရည်ရွယ် ထားလဲ။ ”

ဇိုယန်က လင်းယွန်နှင့် အတူ၊ ပခုံးချင်း ယှဉ်လျှောက် လျက်မှ မေးသည်။

“ ငါ ဓားနက်မြို့ကို သွားပြီး၊ တိမ်နဂါး တွေကို ကြည့်ဦးမယ်၊ သားရဲ ဒီရေ ပြီးရင်တော့၊ မဟာချင် အင်ပါယာကို ပြန်မယ်။ ”

ဤသည်မှာ လတ်တလော အစီစဉ် မျှသာ ဖြစ်၏။ အချိန် ရသော် သူ မပြန်ခင်၊ နဂါးပျောက် တောင်စောင်းကို သွားချင် သေးသည်။

ထိုနေရာ၌ ထာဝရ တည်နေသော ဓားတစ်လက် ရှိ၏။ ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင်ရန်၊ ယင်းမှာ အခွင့်အရေး တစ်ရပ်၊ ဖြစ်ကောင်း ဖြစ်နိုင်မည်။

“ မဟာချင် အင်ပါယာ … အင်း ငါလည်း ပြန်ကြည့် ချင်သား၊ ဒါပေမယ့် ငါက ဂိုဏ်းရဲ့ သစ္စာဖောက် တစ်ယောက် ဖြစ်နေတာ စိတ်ပျက် စရာ ပါပဲ။ ”

ဇိုယန်က ကူကယ်ရာ မဲ့စွာ ပြုံးလိုက်သည်။ ရှေးဟောင်း တာအို ဂိုဏ်းကို စွန့်ခွာမိ သဖြင့်၊ ဝမ်ရန်းဘိုက သူ့အား လွှတ်ပေးမည် မဟုတ်ချေ။

“ ဒါဆို ... ၊ ဓားနန်းတော်ကို လာခဲ့ ... ။ ”

လင်းယွန်က ပြန်လည် ဖိတ်ခေါ် လိုက်သည်။

“ အဆင် မပြေ နိုင်ပါဘူး ... ။ ”

ဇိုယန်က ခေါင်းယမ်းကာ ဆို၏။ ဓားနန်းတော်နှင့် ရှေးဟောင်း တာအို ဂိုဏ်းမှာ၊ ကမ္ဘာ မကြေသော ရန်ဘက်များ ဖြစ်ချေပြီ။

“ ဒါက အဆင် မပြေနိုင် ပေမယ့်၊ မင်းက ငါ့ သူငယ်ချင်းပဲ။ ”

လင်းယွန် စကားကြောင့်၊ ဇိုယန် တစ်ယောက် အနည်းငယ် အံ့အားသင့်် သွားပြီး၊ နောက်ဆုံး၌ အပြုံး တစ်ပွင့် နှင့်အတူ၊

“ ကောင်း ပြီ ... ။ ”

-ဟု ဆိုလိုက် တော့သည်။

***

All Chapters