စိတ်ပျက် စရာ။
Vol. 53 Ch. 744
စကား စမြည် ပြောဆို ပြီးနောက်၊ ပြန်လည် ကျင့်ကြံမှု စတင် လိုက်ကြ တော့သည်။
သားရဲ ဒီရေ တက်သည်မှာ၊ နှစ်ရက်မျှ ရှိပြီဖြစ်ပြီး၊ ဤအတော အတွင်း မည်သူမျှ ကောင်းမွန်စွာ အနားယူ ရခြင်း မရှိ ခဲ့ချေ။
လင်းယွန် သည်ပင် မောဟိုက် နေ၏။ ရုပ်ခန္ဓာ သည်သာ မက၊ စိတ်ဝိညာဉ်ပင် နွမ်းလျ လာခဲ့သည်။
အဆုံးတွင် မည်သူ မဆို၊ ဤမျှ အချိန် အကြာကြီး၊ သတ်ဖြတ်ခြင်း အမှုကို ပြုနိုင်မည် မဟုတ်ချေ။
တင်ပါး အောက်တွင် ပွင့်နေသော ခရမ်းရောင် ပန်းတစ်ပွင့် နှင့်အတူ၊ ဝိညာဉ် စွမ်းအင် များကို စုပ်ယူ နေခဲ့သည်။
သစ်တော အတွင်း တိတ်ဆိတ်ခြင်း သည်သာ ကြီးစိုး နေပြီး၊ လင်းယွန် ထံမှ ရှေးဟောင်း အရှိန်အဝါ အချို့ ယိုစိမ့် လာ၏။
ပန်းပွင့် ပေါ်၌ တောက်ပ နေသော၊ ဓားရည်ရွယ်ချက်ထံ လောင်ဟွာက ခိုးကြည့် လိုက်သည်။
ထိုအလင်းမှုန် များမှာ၊ သားရဲ ဒီရေ တိုက်ပွဲ ကွင်းပြင်၌ မြင်ခဲ့ ရသည့် အချိန် ကထက်၊ ပို၍ သိပ်သည်း လာခဲ့သည်။
“ သူ ပိုသန်မာ လာတာလား … ။ ”
တစ်စုံ တစ်ယောက် အနေဖြင့်၊ သတ်ဖြတ်ခြင်း အမှုကို ပြုကာ၊ ဓားရည်ရွယ် ချက်အား ကျင့်ကြံနိုင် ပေသည်လော။
အထက်ပါ မေးခွန်း နှင့် အတူ၊ လောင်ဟွာ တစ်ယောက် စိတ်ရှုပ်ထွေး သွားသည်။ သတ်ဖြတ်ခြင်း ဟူသည်၊ ဒေါသကို ပေါက်ပွား လာစေ သဖြင့်၊ ခိုင်မာသည့် နှလုံးသားမျိုး ရယူရန် မဖြစ် နိုင်ချေ။
ထိုသို့ ဆိုပါလျှင်၊ မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ များကို အမဲလိုက် ရုံဖြင့်၊ ရှန်ရှင်းဓားအား လူတိုင်း နားလည် လာကြ ပေလိမ့်မည် ။
ဤသည်မှာ မဖြစ် နိုင်သော အရာ ဖြစ်၏။ သို့သော် လောင်ဟွာ၏ ထိတ်လန့် နေသော အတွေး များကို မသိဘဲ၊ မူလ စွမ်းအင်နှင့် လုံးဝ ခြားနားသော ‘ချီ’ စွမ်းအင်အား၊ လင်းယွန်မှ ကျင့်ကြံ နေခဲ့သည်။
ဓားရည်ရွယ်ချက် ကဲ့သို့ပင်၊ ယင်းအား မမြင် နိုင်ချေ။ နားလည် နိုင်စွမ်း မြင့်မားခြင်း မရှိပါက၊ ၎င်းကို ရှာတွေ့ နိုင်မည် မဟုတ်ပေ။
တစ်ဖက် လူ၏ လက်ရှိ အသွင်သည်၊ ဓားမဟာ မိတ်တွင် လောင်ဟွာ မြင်ဖူးသော ထိုအဖိုးကြီး များနှင့် တူ၏။
ယင်းကို ရုတ်တရက် သတိ ထားမိသွား သော အခါ၊ လောင်းဟွာ တစ်ယောက် မထိတ် လန့်ဘဲ မနေနိုင် တော့ချေ။
“ ဝိညာဉ်ရေး ဓား ... မဖြစ် နိုင်တာ၊ ဒါ ... ဒါကို သူ ဘယ်လိုလုပ် နားလည် နိုင်မှာလဲ။ ”
ကောင်းကင် ဝိညာဉ် နယ်မြေ အောက်တွင်၊ ဝိညာဉ်ရေး ဓားအား ဆုပ်ကိုင် နိုင်မည့်၊ ပါရမီရှင် မျိုး မတွေ့ဖူး ခဲ့သည်မှာ အမှန် ပေပင်။
တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌၊ ထိုအဆင့် ဓားရည်ရွယ်ချက် စွဲကိုင်ထား နိုင်သူ အရေ အတွက်မှာ၊ လက်ချိုးရေ ၍ပင် ရသည်။
လေးနာရီ ကုန်လွန် ပြီးနောက်၊ ကောင်းကင်၌ အလင်းရောင်များ ဝင်ရောက် လာပြီး၊ အနည်းငယ် တက်ကြွသော မျက်နှာ များဖြင့် နိုးလာ ကြသည်။
အချိန်သိပ် မရခဲ့ သဖြင့်၊ အထွတ် အထိပ် ခွန်အားမျိုး ပြန်မရ သေးချေ။ ထိုထဲတွင် လောင်ဟွာမှာ အဆိုးဆုံး ဖြစ်သည်။
လင်းယွန်က မျက်လုံးများ ဖြည်းညှင်းစွာ ဖွင့်လျက်၊ စူးရှသော အလင်းတန်း များကို ထုတ်လွှတ် လိုက်၏။
သူ၏ ပိတ်ဆို့ မှုများ ပြေလျော့ နေပြီး၊ အလယ် အလတ် ယင်-ယန် အဆင့်သို့ အချိန် မရွေး ဝင်ရောက် မည့်ပုံ၊ ပြသ လာသည်။
ကနဦး ယင်-ယန် အဆင့်၏ ပိတ်ဆို့မှုကို ကြုံရသည်မှာ မကြာ သေးသဖြင့်၊ ဤတိုးတက် မှု အပေါ်၊ အနည်းငယ် အံ့ဩမိသည်။
သည်မျှ မြန်မြန် ဆန်ဆန် အောင်မြင်မှု ထပ်ရလိမ့် ဦးမည်ဟု မထင်ထား သည်မှာ အမှန် ပေပင်။
“ လင်းယွန် ... ၊ ငါနဲ့ ဖန်းယီက၊ ဓားနက်မြို့ကို မလိုက်တော့ဘူး၊ ငါတို့ မဟာချင် အင်ပါယာမှာ ပြန်ဆုံ ကြမယ်။ ”
ဇိုယန်က လျှောက်လှမ်း လာလျက်မှ၊ ဆိုသည်။ ယင်းသည် ရုတ်တရက် ပြောင်းလဲ လာသော ဆုံးဖြတ်ချက် ဖြစ်သဖြင့်၊
“ ဒီတစ်ကြိမ် သားရဲ ဒီရေက၊ နှစ်တစ်ထောင် အတွင်းမှာ အပြင်းထန် ဆုံးပဲ၊ ကြီးမားတဲ့ အခွင့် အရေးတွေ ရှိတယ်၊ ... ”
“ ... နှစ်ရက် အတွင်း ငါရဲ့၊ ပိတ်ဆို့မှုတွေ ပြေလျော့ သွားပြီ၊ ဒီလို အခွင့်အရေး မျိုးတွေကို၊ လက်လွှတ် မခံ သင့်ဘူး။ ”
ထိုစကားကို ကြားသော အခါ၊ ဇိုယန်နှင့် ဖန်းယီတို့ နှစ်ယောက် စလုံး အံ့သြ သွားကြပြီး၊ အထူးသဖြင့် ဖန်းယီက လင်ယွန်အား၊ သဘာဝ မကျစွာ ပြန်ကြည့်၏။
လောင်ဟွာ မှာမူ ဘေးမှ နေ၍၊ သူတို့ စကားဝိုင်း အပေါ် တည်ငြိမ်စွာ စောင့်ကြည့်နေ ခဲ့သည်။
တောင်တုန် မိစ္ဆာ မျောက်ဝံ ကိုပင် တိုက်ခိုက်ခဲ့ သဖြင့်၊ လင်းယွန် စကားအား၊ အံ့ဩစရာဟု မထင် တော့ချေ။
တစ်ဖက်တွင် ဇိုယန်နှင့် ဖန်းယီ တို့မှာ၊ ဓားနက်မြို့ မဆိုနှင့်၊ မင်ရေမြို့ ၌ပင် သူတို့ကိုယ် သူတို့၊ ကာကွယ် နိုင်ရုံ မျှသာ ရှိသည်။ အဆုံးတွင် လင်းယွန် အပေါ် တစ်ချိန်လုံး မှီခို နေ၍ မရချေ။
ဇိုယန်က ဖန်းယီနှင့် အကြည့်ချင်း ဖလှယ် လိုက်ကာ၊
‘မလို တော့ဘူး၊’ -ဟု တုန့်ပြန်၏။
“ မှန်တယ်၊ မင်း ငါတို့ အတွက် စိတ်ပူ နေစရာ မလိုတော့ ပါဘူး။ ”
ထိုမှသာ ဖန်းယီ သည်လည်း၊ အယောင်ယောင် အမှား မှားဖြင့် ပြုံးလိုက်ပြီး၊
“ မင်းကို ချင် အင်ပါယာမှာ၊ ငါတို့ စောင့်နေမယ်၊ ငါက အဖြည့်ခံ ဖြစ်လည်း၊ သွေးစွန်းသော ဧည့်ခံပွဲကို၊ ငါတို့ အတူ တက်ပြီး၊ လူတိုင်းကို စင်ပေါ် ကနေ၊ မင်း ကန်ချမဲ့ မြင်ကွင်းမျိုး ငါ ကြည့်မယ်။ ”
-ဟု ဆိုလာ လေသည်။
လင်းယွန်က မည်သို့မျှ မတုန့်ပြန် တော့ဘဲ၊ ဇိုယန်ကို ပြန်ကြည့်ကာ၊
“ ဒါဆို ဓားနန်းတော်မှာ ငါ့ကို စောင့်ပါ၊ ငါ့နာမည် ပြောရုံနဲ့၊ မင်းကို ကြိုဆို ပါလိမ့်မယ်။ ”
“ ကောင်းပြီ ... ၊ ဓားနန်းတော်မှာ ငါစောင့် နေမယ်။ ”
ဇိုယန်က ရှားရှား ပါးပါး အပြုံး တစ်ပွင့် ထုတ်ဖော် ပြသ လာပြီး၊ ခေါင်းညိတ် ကတိပေး လိုက်သည်။
မကြာခင် နှစ်ယောက်သား နှုတ်ဆက် ထွက်ခွာသွား သဖြင့်၊ လောင်ဟွာက ပြုံးလျက် မေးစေ့အား ပွတ်သပ် လိုက်၏။
“ သူတို့က၊ အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်၊ မင်းကို ဒုက္ခ မပေးချင် တော့လို့ ထွက်သွားဖို့ ရွေးချယ်ခဲ့ ပုံပဲ။ ”
“ မ ဟုတ် ဘူး ... ။ ”
လင်းယွန်က ခေါင်းယမ်း လိုက်ပြီး၊
“ သူတို့ရဲ့ နှလုံးသား နောက်ကို၊ ငါက ဆက်ပြီး လိုက်စေချင် ခဲ့တာပါ၊ ဒါပေမယ့် သူတို့က ဆန္ဒ မရှိ ကြဘူး။ ”
စကား များမှာ၊ အကြမ်းဖျင်း တူညီကြ သော်လည်း၊ လောင်ဟွာ လေသံတွင်၊ မလိုလား ခြင်းများ ရှိသည်။
ဆန့်ကျင်ဘက် အနေနှင့်၊ သူတို့ နှစ်ဦးအား သားရဲ ဒီရေကို ဖြတ်ကျော်ကာ၊ ပို၍ သန်မာလာ စေရန်၊ လင်းယွန်မှ ဆန္ဒရှိ နေခဲ့၏။
လောင်ဟွာက ကိုးရိုးကားရား နိုင်စွာ ပြုံးလျက်၊ လှည့် မကြည့်ဘဲ ထွက်ခွာ သွားသည့် လင်းယွန် နောက်သို့၊ လိုက်ပါ သွားတော့၏။
“ မင်း ငါတို့ မဟာမိတ် အဖွဲ့ကို တကယ် စိတ်မဝင်စား ဖူးလား၊ မင်းရဲ့ အရည် အချင်းတွေ အတွက် နှမျော စရာပဲ၊ ဓား မဟာမိတ် အဖွဲ့က ဒီလောက် မရိုး ရှင်းဖူး ဆိုတာ၊ ငါ အာမခံတယ်၊ ... ”
“ ... တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခုလုံးမှာ၊ အလင်း အမှောင် လမင်း ကမ္ဘာကို ရင်ဆိုင် ရဲတာ ဆိုလို့၊ ငါတို့ပဲ ရှိတယ်။ ”
လောင်ဟွာက လင်းယွန်ကို လက်လွှတ် ချင်ပုံ မရချေ။
“ မင်း ဂိုဏ်းကနေ ထွက်လာဖို့ မလိုပါဘူး၊ တစ်နေ့ တောင်ပိုင်း ရှေးဟောင်း နယ်မြေက၊ ထွက်သွား ခဲ့ရင် တောင်မှ၊ ဓား မဟာမိတ် အဖွဲ့က မင်းကို လမ်းပြ နိုင်ဦး မှာပါ။ ”
“ ဓား မဟာမိတ် အဖွဲ့က၊ အလင်း အမှောင် လမင်း ကမ္ဘာနဲ့၊ တကယ် ယှဉ်နိုင် တာလား။ ”
လင်းယွန်က စိတ်ဝင် တစား ပြန်မေး မိသည်။
“ အလင်း အမှောင် လမင်း ကမ္ဘာ ဆိုတာ၊ ဓားဂိုဏ်း ပျက်သုန်းတဲ့ အချိန်မှာ၊ ပေါ်လာတဲ့ လျှို့ဝှက် အင်အားစု တစ်စုပဲ၊ ... ”
“ ... ငါတို့မှာ နောက်ခံ အချို့ ရှိတယ် ဆိုပေမယ့်၊ ဂိုဏ်းတစ်ခု မဟုတ် တာကြောင့် ယှဉ်ကြည့်လို့ မရဘူး၊ ... ”
“ ... ဒါပေမယ့်၊ မင်းက အလင်း အမှောင် လမင်း ကမ္ဘာရဲ့၊ ဂိုဏ်း တပည့် ဆိုရင်တောင် ငါတို့နဲ့ ပူးပေါင်းလို့ ရပါတယ်။ ”
တစ်ဖက် လူမှ အနည်းငယ် စိတ်ဝင် စားကြောင်း ပြသလာ သဖြင့်၊ လောင်ဟွာက ရှင်းပြ လိုက်သည်။
“ ငါ စိတ်မဝင် စားဘူး။ ”
လင်းယွန်မှာ အလင်း အမှောင် လမင်း ကမ္ဘာကို သိချင် သဖြင့်၊ အကြောင်း ပြချက် တစ်ခု အဖြစ်၊ စူးစမ်း ခဲ့ခြင်း ဖြစ်သည်။
“ လင်းယွန်၊ ဒီသားရဲ ဒီရေဟာ ရှားပါးတဲ့ အခွင့် အရေးပဲ၊ ဒီပွဲကို ငါတို့ မဟာမိတ် အဖွဲ့က၊ ထက်မြက်တဲ့ ဓားသမားတွေ စုရုံးလာ ကြ လိမ့်မယ်။ ”
အား မလျော့ဘဲ၊ ဆက်လက် စည်းရုံးခဲ့ သော်လည်း၊ တစ်ဖက်လူ ထံမှ၊ တုံ့ပြန်မှု တစ်စုံ တစ်ရာ မရ ခဲ့ပေ။
လင်းယွန်၏ နှလုံးသားကို ကျောက်တုံး များဖြင့် ပြုလုပ်ထား သည်ဟု မယုံနိုင် သဖြင့်၊ အကြောင်း အရာ ပြောင်းရန်၊ စိတ်ကူး ရသွား သည်။
“ ခေတ်သစ် ရောက်လာတာ ကိုရော ... ၊ မင်း သိလား။ ”
“ အင်း ... ငါ သိ တယ်။ ”
ဤတစ်ကြိမ်၌ လင်းယွန်က ခေါင်းညိတ်ကာ တုန့်ပြန် လေသည်။
“ … ”
ထို့ကြောင့် ရုတ်တရက် စကားလုံးများ ပျောက်ဆုံး သွားပြီး၊ လင်းယွန်ကို ထူးဆန်းစွာ ပြန်ကြည့် လိုက်သည်။
“ ဟား ဟား ဟား၊ မင်း သိနေ တာလည်း ကောင်းပါတယ်။ ”
အဆုံးတွင် ကိုးရိုးကားရား နိုင်သော အပြုံးမှာ၊ ထပ်မံ ဖြစ်ပေါ် လာသည်။ တောအုပ်မှ ထွက်လိုက် သည်နှင့်၊ အပြစ်များ ဆေးကြော သန့်စင်ထား သကဲ့သို့၊ မြို့ပျက်များ စီးကြို နေခဲ့၏။
ဓား ရည်ရွယ်ချက် တိုးတက်လာ သောကြောင့်၊ အဆိုးမြင် စိတ်များကို စုပ်ယူ နေသည့် ဝိညာဉ် များအား၊ ပို၍ ရှင်းလင်းစွာ တွေ့မြင် လာရသည်။
“ ဓား ... ။ ”
ရုတ်တရက် ယင်-ယန် အဆင့် နတ်ဆိုး သားရဲများ ဝင်ရောက် လာသဖြင့်၊ ပန်းသင်္ချိုင်း ဓားအား ဆင့်ခေါ်ကာ၊ တိုက်ခိုက် လိုက်ရသည်။
“ မိုး ကြိုး ... ။ ”
နတ်ဆိုး သားရဲ များက၊ ထိုတိုက်ခိုက် မှုကြောင့် အန္တရာယ် အငွေ့ အသက်ကို ခံစားခဲ့ရ သော်လည်း၊ ဆုတ်ခွာရန် နောက်ကျ သွားတော့ သည်။
ပန်းသင်္ချိုင်းဓား ထံမှ အလင်းများ တိုးထွက် လာကာ၊ ယင်-ယန် အဆင့် နတ်ဆိုး သားရဲ(၁၀) ကောင်အား၊ ချက်ချင်း သေဆုံး သွားစေ၏။
ထိုမြင်ကွင်းကို ကြည့်ပြီး၊ လောင်ဟွာ၏ မျက်ဝန်းများ တောက်ပ လာကာ၊
“ ဒီ ဓားရေးက ဘာလဲ၊ တောင်တုန် မိစ္ဆာ မျောက်ဝံနဲ့ တိုက်ခိုက် တုန်းက မင်း သုံးတာကို ငါ မြင်လိုက်တယ်။ ”
“ ဒါက ... သခင့်ဓားပါ၊ သာမန် နတ်ဆိုး သားရဲ တွေနဲ့ ရင်ဆိုင်တဲ့ အခါ၊ ငါ မသုံးဘူး၊ လရောင် ရေစင် ဓားကိုပဲ သုံးတယ်။ ”
လောင်ဟွာနှင့် စကားပြော ရခြင်း အပေါ်၊ ငြီးငွေ့ နေပြီ ဖြစ်သော်လည်း၊ တည်ငြိမ် စွာဖြင့် ပြန်ဖြေပေး မိ နေဆဲ ဖြစ်သည်။
ထိုအဖြေကြောင့် လောင်ဟွာ၏ အပြုံးများ ပို၍ တောက်ပ လာပြီး၊
“ ဒါ ဓားဂိုဏ်းရဲ့ ... ၊ ကြောက်စရာ အကောင်းဆုံး ဓားရေး နည်းစနစ်တွေ ထဲက၊ တစ်ခု မဟုတ်လား။ ”
“ ဖြစ် ကောင်း၊ ဖြစ် နိုင် ပါ တယ်။ ”
လင်းယွန်က ဝေဝါးစွာ ပြန်ဖြေသည်။ ဤသည်မှာ ဓားဂိုဏ်း၏ အပြင်းထန် ဆုံးသော နည်းစနစ်များ ထဲမှ တစ်ခု ဖြစ်ကြောင်း၊ မည်သူ့ ကိုမျှ သူ မပြောခဲ့ ဖူးချေ။
ဓားဂိုဏ်း အမွေ အနှစ်ကို၊ ဆက်ခံထား သည်ဟူသော ကောင်းကင်ဓား ဂိုဏ်း၌ ပင်လျှင်၊ ဤဓားရေး မရှိကြောင်း သူ သိသည်။
ဓားနက်မြို့သို့ သွားသော ခရီး စဉ်တွင်၊ အေးချမ်းခြင်း မရှိ သဖြင့်၊ ဖန်းယီနှင့် ဇိုယန် အပေါ် စိတ်ပူ သွားမိသည်။
သို့သော် သူတို့က ထွက်ခွာ သွားရန်၊ စိတ်ပိုင်းဖြတ် ထားပြီး ဖြစ်ရာ၊ ဒုက္ခ အများကြီး ထပ်ကြုံရ တော့မည် မဟုတ်ချေ။
ငါးရက် အကြာတွင်၊ သားရဲ ဒီရေကြောင့် ပတ်ဝန်းကျင်ရှိ မြို့များ အားလုံး ဖြိုဖျက် ခံလိုက် ရပြီး၊ အနက်ရောင် မြူများသာ ဖုံးအုပ် လာတော့၏။
ဓားနက်မြို့ ဟူသည် ဓားသမားများ ရှင်သန်ရာ၊ ခမ်းနား ထည်ဝါသော မြို့ကြီး တစ်မြို့ ဖြစ်၏။
မြို့ထံမှ ပေးစွမ်းသော အငွေ့ အသက် သည်ပင်၊ မြေပြင်တွင် ထိုးစိုက် ထားသော ဧရာမ ဓားကြီး တစ်လက် ကဲ့သို့၊ ခံစားရ စေ၏။
ဓားသမား များစွာ၊ ထိုနေရာ၌ စုရုံး လာသောကြောင့်၊ ဤမြို့၏ လေထု ထဲတွင် ဓားရည်ရွယ်ချက်များ ပျံ့နှံ့ နေပေ သည်။
ခရမ်းရောင် နန်းတော် ကျင့်ကြံသူ များကို နေရာတိုင်း၌ တွေ့နိုင်၏။ အခြား မြို့ကြီး များမှ ထူးချွန်သူ များနှင့်၊ ကျွမ်းကျင်သူ များစွာ တို့က၊ သားရဲ ဒီရေကို ရင်ဆိုင်ရန်၊ စိတ်စော နေကြ သည်။
“ ဖီးနစ် တောင်ပံ မြို့က၊ ကျွမ်းကျင်သူတွေ ရောက်လာပြီ။ ”
“ နေမြို့တော် ရဲ့ ပါရမီရှင် တွေလည်း ဒီမှာပဲ။ ”
“ လမြို့တော် လည်း ဒီမှာ ... ။ ”
“ ....... ”
“ ထူးဆန်းတယ် မြို့တိုင်းရဲ့ ပါရမီရှင် အားလုံး နီးပါး ဒီကို လာတယ်၊ မိုးကြိုး စီရင်စု မြို့တော်ရဲ့ ပါရမီရှင်တွေ မလာ သေးဘူး၊ ဒါနဲ့ ကောင်းကင် တောင်ကုန်း မြို့က ပါရမီရှင် တွေရော ငါ မတွေ့ ပါလား။ ”
“ ဘယ်လိုလုပ် တွေ့မှာလဲ၊ ကောင်းကင် တောင်ကုန်း မြို့က ပါရမီရှင်တွေ အကုန်လုံး အသတ်ခံ လိုက်ရပြီ။ ”
“ ဘာ ... ဒါက မဖြစ် နိုင်တာ ... ။ ”
ဤသတင်းမှာ ပြန့်ပွားပုံ မရ သေးချေ။ ထို့ကြောင့် အမှန်တရားကို ကြားသော်လည်း၊ မည်သူမျှ မယုံကြည် ကြခြင်း ဖြစ်သည်။
မြို့နှင့် မိုင်ငါးရာ ဝေးသော အရပ်၌၊ လင်းယွန် မရောက် ခင်ကပင်၊ ဂုဏ် သတင်းမှာ၊ ဓားနက်မြို့သို့ ရောက်ရှိနေ သည်ကို၊ လောင်ဟွာမှ မသိချေ။
“ မင်း ... ငါတို့ရဲ့ တကယ် စိတ်မဝင်စား ဖူးလား၊ ဓားနက်မြို့မှာ ဓား မဟာမိတ် အဖွဲ့ရဲ့ အုတ်မြစ် ရှိတယ်၊ လာကြည့် ရုံနဲ့ အကျိုး မယုတ် ပါဘူး။ ”
လောင်ဟွာက စိတ်ပျက်ခြင်း မရှိဘဲ၊ ဆွဲဆောင် နေပြန်သည်။
“ ဟင့်အင်း၊ ကျေးဇူး ... ။ ”
လင်းယွန် အဖြေက၊ မပြောင်းလဲ ခဲ့ချေ။ ပါရမီ ရှင်များ စုဝေး ခဲ့သော်၊ ပဋိပက္ခများ ဖြစ်လာ မည်မှာ သေချာ၏။
တစ်ပိုင်း ဝိညာဉ်ရေးဓား ရည်ရွယ်ချက် အပေါ်၊ ကောင်းစွာ ထိန်းချုပ် နိုင်သည့် အဆင့်၌ မရှိသေး သဖြင့်၊ မတော်တဆ မှုများ ရှိလာ နိုင်ပေမည်။
“ ဘယ်လိုတောင် ... ၊ သနားစရာ ကောင်းလိုက်လဲ။ ”
လင်းယွန်ထံ အလေး အနက် စိုက်ကြည့်ကာ ညည်းတွား လိုက်သည်။ ဓားမဟာမိတ် အဖွဲ့ကို လျှော့တွက် နေသဖြင့်၊ ပါရမီရှင် များနှင့် ဖိအား ပေးရန် ရည်ရွယ် ခဲ့သည်။
သို့သော် တစ်ဖက် လူမှ၊ ထိုအခွင့် အရေးကို သူ့အား မပေး သဖြင့်၊ စိတ်ပျက်စွာ ခေါင်းယမ်း လိုက်မိ တော့သည်။
***