← Chapters

အဆင့် ချိုးဖြတ်ခြင်း။

Vol. 54 Ch. 745

အဆင့် ချိုးဖြတ်ခြင်း။

Vol. 54 Ch. 745

“ သနားစရာ တဲ့လား ... ။ ”

လင်းယွန်က ပြုံးကာ သံယောင်လိုက် ရေရွတ် ခဲ့သော်လည်း၊ လောင်ဟွာမှ ထပ်မဆို တော့ချေ။

“ သွား ရ အောင်၊ ဓားနက်မြို့ကို နီးလာ တာနဲ့၊ နတ်ဆိုး သားရဲ တွေက၊ ပိုအားကောင်း လာတယ်၊ ဂရုစိုက် ... ။ ”

တောအုပ် အတွင်းမှ ပြေးဝင် လာသည့် နတ်ဆိုး သားရဲ များထံ တစ်ချက် ကြည့်ပြီး၊ လောင်ဟွာက ဆိုသည်။ ဤသည်မှာ ချဲ့ကား နေခြင်း မဟုတ် ချေ။

မင်ရေ မြို့တွင် တောင်တုန် မိစ္ဆာ မျောက်ဝံမှ လွဲ၍၊ အခြားသော သားရဲများ အပေါ်၊ လရောင် ရေစင်ဓား ကိုသာ အသုံးပြု ခဲ့ရသည်။

ယခုမူ သခင့်ဓား ကိုပင် အသုံးပြု လာရပြီ ဖြစ်သည်။ တစ်ဖက်တွင် လောင်ဟွာမှ၊ မူလ စွမ်းအင်များ ထုတ်ဖော်လျက်၊ သားရဲ များကို ‘မြူ’အဖြစ် ပြောင်းလဲ နေပြီ ဖြစ်သည်။

အဝေးမှ ကြည့်ပါက၊ လှည့်ပတ် ပျံသန်း နေသော နဂါး တစ်ကောင်နှင့် တူပြီး၊ မင်ရေ မြို့တွင် ပြသ ခဲ့သော ခွန်အား များထက် ပို၍ အားကောင်း နေ၏။

ဆိုလို သည်မှာ ဓားမဟာမိတ် အဖွဲ့သည် အမှန်ပင် အားကောင်းသော အဖွဲ့အစည်း တစ်ခု ဖြစ်နိုင် လေသည်။

သို့သော် သည်လူနှင့် နက်နက် ရှိုင်းရှိုင်း ဆက်ဆံဖို့ ရန်လည်း ရည်ရွယ်ချက် မရှိ သဖြင့်၊ ထို့ထက် ပို၍ စိတ်မဝင်စား တော့ပေ။

အာရုံ ပျံ့လွင့် နေစဉ် မှာပင်၊ အခြားသော နတ်ဆိုး သားရဲ တစ်အုပ်က လင်းယွန်ထံ ပြေးဝင် လာသည်။

ဓားကို ဆွဲထုတ်လိုက် သည်နှင့်၊ ကြောက်မက်ဖွယ် ကောင်းသော အလင်းများ ထွက်ပေါ် လာပြီး၊

“ မိုးကြိုး ... ။ ”

နတ်ဆိုး သားရဲ တိုင်းကို သွေးမြူ အဖြစ် ပြောင်းလဲ ပစ်လိုက် တော့သည်။

ကျန်ရှိ နေသော သားရဲ တစ်ကောင်က မကြောက် မလန့်ဖြင့်၊ လင်းယွန်ထံ ပြေးဝင် လာပြန်၏။

နောက်တစ်ကြိမ် ဓားကို မြှောက်ကာ၊ ထိုသားရဲကောင် လည်းပင်အား ခုတ်ပိုင်း ချလိုက် တော့သည်။

ထက်ရှသော ဓားရည်ရွယ်ချက်က၊ ထူထဲသော အရည်ပြားကို ချက်ချင်း လှီးဖြတ် သွား၏။

သို့သော် ပန်းသင်္ချိုင်း ဓားမှာ၊ လက်မဝက် ခန့်သာ နစ်ဝင် သွားပြီး၊ ရှေ့မဆက် နိုင်ခဲ့ချေ။ မည်မျှပင် ကြိုးစား အားစိုက် စေကာမူ၊ ရွေ့လျား နိုင်ခြင်း မရှိ သဖြင့်၊ အံ့အားသင့် သွားသည်။

ဤသည်မှာ ယင်-ယန် အဆင့် ကေျာက်ဝက်ဝံ သားရဲ တစ်ကောင် ဖြစ်ပြီး၊ သတိ လက်လွတ် ဖြစ်နေ ချိန်၌၊ ချက်ချင်း တိုက်ခိုက် လာခြင်း ဖြစ်သည်။

အရှိန် အဝါ အရ တစ်ပိုင်း ကောင်းကင် ဝိညာဉ် အဆင့်သို့ မကြာ သေးမီမှ တက်ရောက် ထားနိုင်ကြောင်း၊ သိရှိ နိုင်၏။

မိုးကြိုး ဓားချက် အောက်တွင် ရှင်သန် နိုင်ခဲ့သည့် အတွက် ဤသားရဲမှာ၊ လွယ်ကူမည် မဟုတ်ကြောင်း၊ ပြောနိုင်သည်။

“ ဟိတ် ... ။ ”

လှုပ်ရှားမှုကို ကန့်သတ် ချက်သို့ တွန်းပို့ လိုက်ပြီး၊ ကျောက်မိစ္ဆာ ဝက်ဝံထံ ဒေါသ တကြီး၊ ပြေးဝင် လိုက်သည်။

ကျောက်မိစ္ဆာ ဝက်ဝံက နောက်ဆက်တွဲ ပုံရိပ် များစွာကို ဖျက်ဆီး ပစ်ပြီး၊ လင်းယွန်၏ ရင်ဘတ်ထံ လှမ်းကုတ် လာ၏။

နဂါး အမှတ် အသား နှင့်အတူ၊ လျင်မြန်စွာ ဆုတ်ခွာ နိုင်ခြင်း မရှိပါက၊ နှလုံးသား တစ်ခုလုံး၊ ချက်ချင်း ဆုပ်ဖြဲ ခံရမည် ဖြစ်သည်။

သို့သော် ၎င်းခွန်အားမှာ၊ တောင်တုန် မိစ္ဆာ မျောက်ဝံနှင့် ယှဉ်နိုင်ခြင်း မရှှိ သဖြင့်၊ ပေါ့ပေါ့ ပါးပါး ရှောင်တိမ်း နိုင်ခဲ့သည်။

တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲ တစ်ကောင်ကို၊ တစ်ကြိမ်မျှ မသတ်ဖူး သောကြောင့်၊ ဤဝက်ဝံ အပေါ် စမ်းကြည့်ချင် လာမိသည်။

မသတ်နိုင် လျှင်ပင် အလွယ် တကူ ဆုတ်ခွာသွား နိုင်မည်ဟု ယုံကြည်၏။ ဆုံးဖြတ်ချက် ချပြီး၊ ဓားသုတ္တန်အား ဖြန့်ထုတ် လိုက်ချိန်တွင်၊ ငွေရောင် ဓားစွမ်းအင်မှာ၊ ခန္ဓာ ကိုယ်မှ တိုးထွက် လာသည်။

ထိုအချိန်တွင် ကျောက်မိစ္ဆာ ဝက်ဝံ၏၊ တိုက်ခိုက်မှု ဒါဇင်ပေါင်း များစွာ ပြိုကျ လာခဲ့ သဖြင့်၊ အလျင် အမြန် ခုခံ ရှောင်တိမ်း လိုက်ရ သည်။

ကျောက်မိစ္ဆာ ဝက်ဝံမှာ၊ ကြီးမား လှသော်လည်း၊ လျင်မြန်စွာ ရွေ့လျား နိုင်သည်။ ထို့ကြောင့် လင်းယွန်၏ နောက်ဆက်တွဲ ပုံရိပ် များကို၊ ဖျက်ဆီး ပစ်တော့၏။

မျက်လုံး တစ်မှိတ် အတွင်း မှာပင်၊ သူ၏ ဓားရောင်ဝါများ ပြိုကျလာ သဖြင့်၊ အံ့အားသင့် သွား ရသည်။

နောက်ဆုံးတွင် ဓားအရှိန် အဝါသာ ဖျက်ဆီးခြင်း ခံလိုက်ရ ပါက၊ လွယ်လင့် အကူ သတ်ဖြတ်ခြင်း ခံရနိုင် ပေမည်။

“ မကောင်း တော့ဘူး ... ။ ”

ကျောက်မိစ္ဆာ ဝက်ဝံမှာ ကြီးမား လှပြီး၊ ၎င်း၏ လက်သည်း များမှ၊ အနက်ရောင် အခိုး အငွေ့များ တိုးထွက် လာကာ၊ ဓားရောင်ဝါကို အမှန် တကယ် ဖျက်ဆီး လာတော့သည်။

“ သခင့်ဓား— အရုဏ်ဦး ... ။ ”

ပန်းသင်္ချိုင်း ဓားမှ ငွေရောင် အလင်းတန်းများ ကောင်းကင်ပေါ် ပျံတက် သွားသည်။

ထိုအချိန် မှာပင် အမှောင် ထုကို ဖြတ်ကာ၊ တောက်လောင် နေသော မီးလုံးကြီး တစ်လုံး ကောင်းကင်မှ ဆင်းသက် လာ၏။

ဓားရောင်ခြည်နှင့် ထိုမီးလုံးတို့၊ တိုက်မိ သွားပြီး၊ ပေါက်ကွဲ မှုများ ဆက်တိုက် ဖြစ်ပေါ် လာကာ၊ မီတာ ရာဂဏန်း အကွာသို့ လင်းယွန် အား၊ တွန်းထုတ် လာတော့သည်။

နှုတ်ခမ်း ထောင့်စွန်းမှ သွေးစများ သုတ်လျက်၊ လင်းယွန်က ပြုံးလိုက်သည်။

“ စိတ်ဝင်စားဖို့ ကောင်းတယ်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ်ကို ငါ တကယ် လျှော့တွက် မိခဲ့တာပဲ။ ”

ဤမတိုင်မီ ခွန်အားကို အနည်းငယ် မြှင့်တင်ထား နိုင်သော ကြောင့်သာ မဟုတ် ပါက၊ တိုက်ခိုက်မှု တစ်ခု တည်းဖြင့် ရှုံးနိမ့် သွားမည် ဖြစ်သည်။

တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ် ခွန်အားမှာ၊ ဤမျှ ထိတ်လန့်ဖွယ်ကြောင်း မသိ ခဲ့သဖြင့်၊ အသက်ပင် ပေးဆပ် ရနိုင်သည်။

တောင်တုန် မိစ္ဆာ မျောက်ဝံနှင့်၊ ကျောက် မိစ္ဆာ ဝက်ဝံ တို့မှာ၊ တူညီသော နယ်ပယ်၌ ရှိချေ သည်။

ချင်ရို့ယူမှာ တောင်တုန် မိစ္ဆာ မျောက်ဝံ သားရဲ အဆင့်၌ ရှိပြီး၊ ကျောက်မိစ္ဆာ ဝက်ဝံ မှာမူ ထို့ထက် ပို၍ အားနည်း ပေ၏။

ထို့ကြောင့် ဤသားရဲ ဒီရေသည်၊ သူ့ အတွက် ကြီးမားသော အခွင့် အရေး တစ်ရပ် ဖြစ်လေသည်။

“ တစ်ပိုင်း ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်၊ ဘယ်လောက် အစွမ်း ထက်လဲ ဆိုတာ ... ကြည့် ရအောင်။ ”

သွေးများ ပွက်ပွက် ဆူလာပြီ၊ ဓား အရှိန်အဝါအား ထုတ်လွှတ် လိုက် တော့သည်။

ဓားသမား အချင်း ချင်းသာ မြင်နိုင်သော ပိုးစုန်းကြူး များက ထင်ရှားစွာ သိုင်းခြုံ လာ တော့၏။

ဓားသမား ထံမှ၊ အန္တရာယ် အငွေ့အသက် များ ခံစား လာရ သဖြင့်၊ ကျောက်မိစ္ဆာ ဝက်ဝံက အနက်ရောင် အခိုး အငွေ့ များကို၊ သိပ်သည်း စေလိုက်သည်။

ထို့နောက် ဉက္ကာပျံ တစ်စင်းကဲ့သို့ ပေါက်ကွဲလျက် ပြေးဝင် လာတော့၏။

“ မင်း လာတာ အချိန် ကောင်းပဲ။ ”

လင်းယွန် မျက်ဝန်း များတွင် တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် လာပြီး၊ ပိုးစုန်းကြူး များကို၊ ပန်းသင်္ချိုင်း ဓားထံ လောင်းထည့် လိုက်သည်။

၎င်းတို့မှာ တောက်ပလွန်း သဖြင့်၊ အရာရာကို လောင်ကျွမ်း ပစ်တော့မည် ကဲ့သို့ ရုန်းကြွ လာတော့၏။

ထို့နောက် အနက်ရောင် မြူများအား ထိုးခွဲကာ၊ ကောင်းကင်၌ စူးရှသော အလင်းများ အဖြစ်၊ ဖြာကျ လာသည်။

ကျောက်မိစ္ဆာ ဝက်ဝံ၏ ရင်ဘတ်မှာ၊ ဓားအလင်း ထံမှ ဆုတ်ဖြဲခြင်း ခံလိုက်ရ သဖြင့်၊ သွေးများ ပန်းထွက် ကုန်၏။

ထို့နောက် လွင့်စဉ်လျက် မြေပြင်ပေါ် လဲကျ သွားတော့၏။

သို့သော် ချက်ချင်းပင် ပြန်ခုန်ထ လာပြီး၊ မီးတောက်များ ဆင့်ခေါ်ကာ၊ လင်းယွန်ထံ လှံ တစ်စင်း အသွင်၊ ပြောင်းလဲ ပစ်လွှတ် လာသည်။

“ ခုတ် ... ။ ”

တစ်ပိုင်း ဝိညာဉ်ရေး ဓားဖြင့်၊ အားဖြည့် ထားသော၊ ပန်းသင်္ချိုင်း ဓားမှာ အနက်ရောင် မီးလှံကို ချေမှုန်း ပစ်လိုက်၏။

သည့်နောက် လေးနက်သော ခြေလှမ်း ခုနစ်လှမ်းကို၊ ထုတ်ဖော်ကာ ကျောက်မိစ္ဆာ ဝက်ဝံထံ၊ ဓားဖြင့် ထိုးသွင်း လိုက်၏။

အနက်ရောင် မီးတောက်များ ပေါက်ကွဲ ကုန်ပြီး၊ မြေပြင်၌ ကြီးမားသော ချိုင့်ဝှမ်းကြီး တစ်ခု ဖြစ်ပေါ် လာသည်။

ပန်းသင်္ချိုင်း ဓားက ကျောက်မိစ္ဆာ ဝက်ဝံ ရင်ဘတ်ကို၊ ထိုးဖောက် သွားခဲ့သည်။ ထိုအချိန် မှာပင် လက်တစ်ဖက်က သူ့အား ဖမ်းချုပ်ပြီး၊ လည်ပင်းကို ကိုက်ရန် ငုံ့ကိုင်း လာ၏။

ဤအရေးကို မြင်သဖြင့်၊ ဓားအား ပြန်ဆွဲ ယူကာ၊ နဂါး ရူရ်များ နှင့်အတူ၊ ညာလက်သီး အတွင်းသို့၊ မူလ စွမ်းအင်များ လောင်းထည့် လိုက်သည်။

နဂါး ဟောက်သံများ ညာလက်သီးမှ ပဲ့တင်ထပ် လာချိန်၌၊ ကျောက်မိစ္ဆာ ဝက်ဝံ အပေါ်၊ မိုးကြိုးများ ပစ်ချ လာတော့သည်။ မိုးကြိုး တစ်စင်းသည် လက်သီး တစ်ချက် ဖြစ်၏။

အနက်ရောင် မြူများ ပြန့်ကျဲလျက်၊ ကျောက်မိစ္ဆာ ဝက်ဝံမှာ မီတာ ရာဂဏန်း အကွာသို့ လွင့်စဉ် သွားသည်။ သို့သော် လင်းယွန်မှ ရပ်တန့်ရန် ဆန္ဒ ရှိပုံ မရချေ။

“ ဝှစ် ... ။ ”

ပန်းသင်္ချိုင်း ဓားကို ဆုပ်ကိုင်လျက်၊ မျက်ဝန်း များက အေးစက်စွာ တောက်ပလာပြီး၊ ကျောက် မိစ္ဆာ ဝက်ဝံ၏ ရင်ဘတ်ထံ၊ ဦးတည် ထိုးသွင်း လိုက်တော့ သည်။

ယင်းကြောင့် ကျောက်မိစ္ဆာ ဝက်ဝံက လက်သည်း များဖြင့်၊ လင်းယွန် ရင်ဘတ်အား လှမ်းကုပ် လာပြန်၏။

သို့သော် လက်သည်းက၊ လင်းယွန်၏ ဝတ်ရုံစ ကိုသာ ဆွဲကုပ် နိုင်ခဲ့ပြီး၊ ဓားနှင့် ထိုး သွင်းခြင်း ခံလိုက် ရလေသည်။

အရှိန် ပြင်းလွန်း သဖြင့်၊ ကျောက်မိစ္ဆာ ဝက်ဝံမှာ နောက်ပြန် လွင့်စဉ်လျက်၊ မြေပြင်ပေါ် ပက်လက်လန် ကျသွား၏။

ဓားအား လက် ဝှေ့ယမ်းကာ၊ ပြန်လည် ခေါ်ယူ လိုက်၏။ လက်ထဲ ပြန်ရောက် သည်နှင့်၊ ဓား တစ်လက်လုံး တုန်ခါလျက်၊ နက်ရှိုင်းသော ဆက်နွယ်မှုကို ပေးစွမ်း လာသည်။

“ မဟာ ပေါက်ကွဲမှု ... ။ ”

ကျောက်မိစ္ဆာ ဝက်ဝံ ပြန်ထ မလာ နိုင်ခင်၊ လျှပ်စီးများ တဖျစ်ဖျစ် မြည်နေသော အလင်း စက်လုံးကြီး တစ်လုံး၊ ကောင်းကင်မှ ဆင်းသက် လာတော့သည်။

ထိုစက်လုံးက ကျောက်မိစ္ဆာ ဝက်ဝံ၏ ဦးခေါင်း ပေါ်သို့ ကျရောက် သွားပြီး၊ အပိုင်းပိုင်း ခွဲပစ် လိုက် တော့၏။

မာကျော လွန်းသော ကျောက်မိစ္ဆာ ဝက်ဝံ၏ ခုခံ ကာကွယ်မှု အလွှာကို တစ်ချက် တည်းဖြင့်၊ ဖြိုချ နိုင်ခဲ့သည်။

ကျောက်မိစ္ဆာ ဝက်ဝံ၏ အသက်မဲ့ ခန္ဓာကိုယ်ထံမှ၊ အနက်ရောင် အခိုး အငွေ့များ ပန်းထွက် လာတော့၏။

ရုတ်တရက် စိတ်ဖြေလျှော့ သွားပြီး၊ ပူနွေးသော စီးကြောင်း တစ်ခု ခရမ်းရောင် နန်းတော် အတွင်း၊ ဝင်ရောက် လာသည်။

ငွေရောင် မူလ စွမ်းအင် များက၊ ပြဒါး ကဲ့သို့ လင်းလက် တောက်ပ နေပြီး၊ ယခင်ထက် ပို၍ သိပ်သည်း လာ၏။

ထိုသို့ အတွင်းပိုင်း အသွင် ပြောင်းလဲမှု များကြောင့်၊ ပြင်ပ ခန္ဓာ ကိုယ်မှ၊ ငွေရောင် အလင်းများ ဖြာထွက် လာလေသည်။

“ အဆင့် ချိုးဖြတ် လိုက်တာလား။ ”

အလယ် အလတ် ယင်-ယန် အဆင့်သို့ ရောက်ရှိ သွားပြီ ဖြစ်သည်။ ကနဦး အဆင့်နှင့် နှိုင်းယှဉ် ပါက၊ မူလ စွမ်းအင်များ အသွင်ပြောင်း သွားခဲ့၏။

တိုက်ပွဲ အလယ်တွင် အောင်မြင်မှု ရယူနိုင် ခဲ့ပါက၊ ဝက်ဝံကို သတ်ရန် တစ်ပိုင်း ဝိညာဉ်ရေး ဓားအား၊ အသုံး ပြုစရာ လို တော့မည် မဟုတ်ချေ။

ဤအခိုက် အတန့်တွင်၊ သားရဲ ဟောက်သံ များက၊ မိုင်ရာ ဂဏန်း အကွာမှ ကျယ်လောင်စွာ မြည်ဟည်း လာ၏။

အသံလှိုင်း များက လေထု အပေါ်၊ သက်ရောက်လျက်၊ ကောင်းကင်၌ အနက်ရောင် တိမ်တိုက်များ၊ ပို၍ သိပ်သည်း စေလေသည်။

တောင်တုန် မိစ္ဆာ မျောက်ဝံနှင့် ယှဉ်နိုင်သော ကြောက်မက်ဖွယ် အငွေ့ အသက် များပင် ပါရှိ နေ၏။

ထိုထက် ပို၍ ကြမ်းကြုတ်သော နတ်ဆိုး သားရဲ တစ်ကောင်ပင် ပါရှိ နိုင်သည်။ ၎င်းအရှိန် အဝါ အောက်တွင်၊ ကောင်းကင်ရှိ တိမ်ညိုများ လျင်မြန်စွာ၊ စုရုံး လာခြင်း ဖြစ်၏။

“ သားရဲ ဘုရင် ရောက်လာပြီ ထင်တယ်။ ”

လင်းယွန် မျက်နှာ ပြောင်းလဲ သွားသည်။ ဤသည်မှာ ကောင်းကင် ဝိညာဉ် နယ်မြေကို ယှဉ်နိုင်သော၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲ ဖြစ်ကြောင်း၊ လောင်ဟွာက ဆို၏။

အကယ် ၍သာ ၎င်းဖြင့် ရင်ဆိုင် ရပါက၊ လင်းယွန် တစ်ယောက် ဆယ်ကြိမ် အတွင်း အသတ်ခံ ရမည်မှာ၊ သေချာ သည်။

ဤမတိုင်မီ ခွန်အား မျိုးဖြင့် ဆိုသော်၊ ချက်ချင်း အသတ် ခံရ နိုင်၏။ ယင်းမှာ သားရဲ ဒီရေ၏ ကြောက်မက်ဖွယ် ကောင်းသော၊ လှိုင်း အစ မျှသာ ဖြစ်ချေပြီ။

အချိန်ကြာ လာသည်နှင့် အမျှ၊ သားရဲ ဒီရေ အတွင်း၊ ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲ များပင် ပေါ်ထွန်း လာနိုင် ပေမည်။

“ ငါတို့ မြို့ထဲကို ... ၊ အရင် ဝင်ရအောင်။ ”

လင်းယွန်က မဆိုင်း မတွဘဲ၊ ဓားနက်မြို့ ထံသို့ ဦးတည် ပြေးသွား ခဲ့သည်။ ရုတ်တရက် မြို့ရိုး ထံသို့ ကောင်းကင်မှ ပုံရိပ်များစွာ ဆင်းသက် လာ၏။

ထိုပုံရိပ် များမှာ၊ ကြောက်မက်ဖွယ် တိုက်ပွဲဝင် ဆန္ဒ များကို ထုတ်လွှတ် ထားသော လူငယ်များ ဖြစ်သည်။

ယင်းကို သတိ ထားမိ လိုက်သော လင်းယွန်က၊ ချက်ချင်း ရပ်တန့် လိုက်၏။

၎င်းလူငယ် များမှာ၊ အရှိန်အဝါအား ပြန်လည် ရုတ်သိမ်းရန် ဆန္ဒ မရှိသည့် အသွင် အရ၊ သားရဲ ဘုရင် အတွက် ရောက်ရှိ လာခြင်း ဖြစ်ကြောင်း၊ နားလည် လာမိသည်။

“ ဒါ ... ထူးချွန်တဲ့ တိမ်နဂါး တွေလား ... ။ ”

မျက်လုံးများ မှေးစင်း သွားပြီး၊ လင်းယွန် တစ်ယောက်၊ စိတ်လှုပ်ရှား စွာဖြင့် ရေရွတ်လိုက် တော့သည်။

***

All Chapters