ထူးချွန်သော ပါရမီရှင် များ။
Vol. 54 Ch. 746
လင်းယွန်က တည်ငြိမ်မှုအား ထိန်းထား နိုင်ခဲ့ သော်လည်း၊ မြို့ထဲရှိ ကျင့်ကြံသူ များမှာမူ၊ အံသြဝမ်းသာ ကုန်ကြ၏။
ထိုပါရမီ ရှင်များ အချိန်မီ ရောက်ရှိ လာခဲ့ သဖြင့်၊ သားရဲ ဒီရေကို တိုက်ထုတ် ရာ၌ များစွာ အထောက်အကူ ရချေပြီ။
ဤသည်မှာ သာမန် လူများ အတွက်၊ ကပ်ဘေး တစ်ခု ဖြစ်သော်လည်း၊ ပါရမီရှင်များ အတွက်မူ၊ အကောင်းဆုံး အခွင့်အရေး ဖြစ်၏။
ပုံမှန် အခြေ အနေ များ၌၊ ဤသို့ အစွမ်းထက်သော သားရဲများ ရှာတွေ့ ရန်ပင်၊ ဖြစ်နိုင်မည် မဟုတ်ပေ။
“ အို့ ဒီမှာ ... ၊ လူတွေ အများကြီး ရောက်နေတာပဲ၊ ကြည့်စမ်း အဲဒီလူက တိမ်နဂါး အဆင့် (၂၃)မှာ ရှိတဲ့၊ ယန် နန်းတော်ရဲ့ ချင်းယန်၊ ... ”
“ ... မြင့်မြတ်သော ယန် ကျင့်ကြံခြင်း၊ နည်းစနစ်ကို ဒဿမ အဆင့်ထိ ရောက်နေ ပြီလို့ ငါကြား ထားတယ်။ ”
“ တိမ်နဂါး အဆင့် သုံးဆယ် အတွင်း၊ အဆင့် သတ်မှတ်ခံ ခဲ့ရတဲ့၊ မရဏ မိုးကြိုး ဂိုဏ်းက ဇောင်ဖန်လည်း ပါတယ်။ ”
“ ဟိုမှာ ... ၊ ထိပ်တန်း အယောက် သုံးဆယ် အတွင်းက နောက်ထပ်၊ ပါရမီရှင် တစ်ဦး ဖြစ်တဲ့၊ ရှီယု မဟုတ်လား၊ ... ”
“ ... အဲဒီ တုန်းက၊ သူ့ ခွန်အားက တုန်လှုပ် ခြောက်ခြား စရာ ကောင်းလွန်းလို့၊ အကြီးအကဲ တွေတောင် အထင်ကြီး ကြတယ်။ ”
“ ...... ”
ပါရမီရှင် များစွာ ရှိသော်လည်း၊ ချင်းယန်၊ ဇောင်ဖန်နှင့်၊ ရှီယုတို့ သည်သာ လူတိုင်း၏ အာရုံကို ရရှိ လေသည်။
အတွင်း အဆင့်ကို၊ ထိပ်ဆုံး (၁၀)ဦးနှင့်၊ ၎င်းအောက် အဆင့် (၃၀) ဟူ၍ နှစ်ဆင့် ထပ်မံ ခွဲခြား ထားလေသည်။
(၃၀)အောက် အဆင့် တိမ်နဂါး များကို၊ မည်သူ ကမျှ အာရုံ စိုက်ခြင်း မရှိချေ။ ဤအဆင့် များတွင် နှိုင်းယှဉ်၍ မရသော ဟွာဟချက် တစ်ခု ရှိသည်။
၎င်းတို့ မဆိုနှင့်၊ အဆင့် (၁၁)၌ ရှိသော တိမ်နဂါး တစ်ဦး သည်ပင်၊ ဒဿမ အဆင့် ပါရမီရှင် တစ်ဦးအား၊ အကြိမ် နှစ်ဆယ် အထိသာ ရင်ဆိုင် နိုင်မည် ဖြစ်သည်။
ဒဿမ အဆင့် ပါရမီရှင် အတွက်မူ၊ နဝမ အဆင့်ဖြင့်၊ ရင်ဆိုင် ရပါက ဤမျှလောက် ကွာဟမှု ကြီးမားမည် မဟုတ်ချေ။
“ ဓားနက်မြို့မှာ ကျွမ်းကျင်သူ တွေနဲ့ တွေ့ဆုံရ လိမ့်မယ်လို့ ထင်ခဲ့တာ၊ ဘယ်လောက် တောင် စိတ်ပျက်စရာ ကောင်းလိုက်လဲ။ ”
အသက် နှစ်ဆယ်သာ ရှိသေးသော ရှီယုက၊ မြို့ရိုး ပေါ်တွင် စုဝေး နေသော ပါရမီရှင် များကို ကြည့်ပြီး၊ ပြုံးကာ ဆိုလိုက်သည်။
သူ့ အပြုံးမှာ နွေးထွေး သော်လည်း၊ မျက်ဝန်းများတွင် မာန တရားများ တဖျပ်ဖျပ် တောက်ပ နေ၏။
ချင်းယန်က ခေါင်းညိတ်လျက် ပြုံးကာ၊
“ မိုးကြိုး စီရင်စုမှာ အထင်ကရ မြို့တော် ခုနစ်ခု ရှိတယ် ဆိုတာ၊ လွဲမှားတဲ့ အယူ အဆ တစ်ခု ပါပဲ၊ ... ”
“ ... တကယ့် ပါရမီရှင်တွေ အားလုံးက၊ မိုးကြိုး စီရင်စု မြို့တော်မှာ စုဝေး နေတယ်၊ သားရဲ ဒီရေ အထွတ် အထိပ် ရောက်မှသာ၊ သူတို့ လာကြ လိမ့်မယ်။ ”
ဤစကား များသည် အခြားသော ပါရမီရှင်များ ကြားနိုင်သည် အထိ၊ ကျယ်လောင် လှပေ၏။
ယင်းကြောင့် ဓားနက်မြို့၏ အထက် တန်းစား ကျင့်ကြံသူ များမှာ၊ ကျေနပ်ခြင်း မရှိ သော်လည်း၊ မည်သူမျှ ချေပရန် သတ္တိ မရှိ ခဲ့ပေ။
ထို့နောက် ကောင်းကင် တောင်ကုန်း မြို့တော်ကို၊ နင်းခြေ သွားသော ဓားသမား အကြောင်း၊ ပြောဆို လာဝံ့ ကြ၏။
သို့သော် ယင်းမှာ ချင်းယန် တို့နှင့် ယှဉ်ပါက အရေး မပါ တော့ချေ။ ၎င်းတို့၏ ခွန်အား အရ၊ ထိုခုနစ် ဦးကို လက်တစ်ဖက် တည်းဖြင့်၊ ချေမှုန်း နိုင်လေသည်။
သည်လူများမှာ အစွမ်းထက် လွန်းပြီး၊ လေးနှစ်ကုန် လွန်ပြီးနောက်၊ မည်မျှ သန်မာ လာမည်ကို၊ တွေးဆ လာကြ၏။
“ သူတို့ မလာလည်း ကိစ္စ မရှိ ပါဘူး၊ နောက်ဆုံးတော့ သွေးစွန်းသော ဧည့်ခံပွဲမှာ ဆုံကြမှာ ပါပဲ၊ ဘုရင် သုံးပါးနဲ့ အထက်တန်းစား ခုနစ်ပါး ပေါ်လာ မလား ဆိုတာ ကိုသာ ငါတို့ အာရုံစိုက် သင့်တယ်။ ”
ဇောင်ဖန် ပြောလိုက်သည့် အခိုက်တွင်၊ ချင်းယန်နှင့် ရှီယု၏ မျက်နှာ ပေါ်ရှိ အပြုံးများ ပျောက်ကွယ် သွွားတော့၏။
ချက်ချင်းပင် မောက်မာသော အသွင်များ လွင့်ပါး သွားသည်။ အားလုံး အမြင်၌၊ သူတို့မှာ သန်မာကောင်း သန်မာနိုင် သော်လည်း၊ ထိုဘီလူး များအား၊ ယှဉ်နိုင်စရာ အကြောင်း မရှိချေ။
တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီးတွင် ၎င်းတို့ ထွက်ပေါ် လာခြင်း မရှိသည်မှာ၊ အချိန် အတော် ကြာပြီ ဖြစ်၏။
အထူး သဖြင့် ဘုရင် သုံးပါးမှာ၊ လေးနှစ် ကုန်လွန် ပြီးနောက်၊ လူတိုင်း အတွက် ခွန်အား မဲ့လာစေ နိုင်သည်။
အခြားသော ပါရမီရှင်များ အနေနှင့်၊ သူတို့ အရှိန် အဝါမှာ ချင်းယန်တို့ သုံးဦးအား မယှဉ်နိုင် သဖြင့်၊ အနည်းငယ် မည်းမှောင် နေပေသည်။
အခွင့် အရေး ရပါက၊ ထိပ်တန်း (၃၀) ဟူသော၊ သဂေါင့်သား (သူကောင်းသား) တို့၏ ခွန်အား အပေါ် စမ်းသပ်ရန်၊ တေးမှတ် ထားလိုက် ကြသည်။
သို့သော် ဘုရင် သုံးပါးနှင့်၊ အထက် တန်းစား ခုနစ်ပါးတို့ ရောက်ရှိလာ မည်ဟု၊ ကြားလိုက်ရ ချိန်၌၊ ကူကယ်ရာမဲ့ ကုန် ကြသည်။
၎င်းတို့ ဆယ်ဦးသည် ချင်းယန် တို့နှင့် မတူဘဲ၊ မျက်နှာ မြင်ဖူး ရန်ပင် မလွယ်ကူ သဖြင့်၊ စိတ်လှုပ်ရှား လာသည်မှာ၊ သဘာဝ ပေပင်။
အဆိုပါ (၁၀) ဦး၏ ဂုဏ် သတင်းကို၊ သူတို့၏ စီနီယာ အစ်ကိုများ ထံမှ၊ ကြားသိ ထားဖူး ချေ၏။
တောင်ပိုင် ရှေးခေတ် နယ်မြေ ကြီးမှ အချိန် အတော်ကြာ၊ ပျောက်ကွယ် နေခဲ့ကြ သော်လည်း၊ ဂုဏ် သတင်းမှာ ယုတ်လျော့ သွားခြင်း မရှိချေ။
ထို့ကြောင့် ၎င်းတို့ ထွက်ပေါ် လာချိန်၌ မည်သို့ လှိုင်းထန် လာမည်ကို၊ တွေးကြည့် နိုင် လေသည်။
ထိုသတင်းစကား များကို ကြားသိ လိုက်ရသော လင်းယွန်မှာ၊ ထိတ်လန့် ခြင်းငှာ ဆိုဖွယ် မရှိချေ။
ဘုရင် (၃)ပါးနှင့် အထက် တန်းစား (၇) ပါးတို့၏ အမည် များကို ထုတ်ဖော်ပြော ရန်ပင်၊ လူတိုင်းက စိုးရွံ့ နေကြသည်။
ရုတ်တရက် တိမ်တိုက်များ အတွင်းမှ၊ ထက်ရှသော ဓားရည်ရွယ်ချက် တောက်ပစွာ ဖြာထွက် လာ၏။
ထိုဓားသည် အနက်ရောင် တိမ်တိုက်များ ကိုပင်၊ ဖြိုခွဲပစ် နိုင်သည် ဟူသော ခံစားချက်ကို ပေးစွမ်း လေသည်။
“ ဝူ ရှောင် ရှင်း ... ။ ”
တိမ်ညိုများ ထက်ခြမ်းကွဲ သွားကာ၊ သွေးခန်းမ ဝတ်ရုံကို ဆင်မြန်း ထားသော ပုံရိပ် နှစ်ရိပ် ဆင်းသက် လာ၏။
ဤလူငယ် နှစ်ဦး အနက် တစ်ဦးမှာ၊ ဝူရှေောင်ရှင်း ဖြစ်ပြီး၊ တိမ်နဂါး အဆင့် (၁၇)၌၊ ရပ်တည် ထား၏။ ထိပ်ဆုံး (၁၀) နေရာသို့၊ ရောက်လု နီးပါး အခွင့် အရေးမျိုး ရှိခဲ့ဖူး လေသည်။
သို့သော် ကံ မကောင်း စွာဖြင့်၊ ကြီးမားသော ကွာဟချက် အပေါ် ဖြတ်ကျော် နိုင်ခြင်း မရှိ ခဲ့ချေ။
သွေးစွန်းသော ဧည့်ခံပွဲတွင်၊ အထက် တန်းစား တစ်ဦး ဖြစ်သည့်၊ ‘ရှောင်းဇီယီ’ထံ မရှုံး နိမ့်မီ အချိန်ထိ၊ လူများစွာကို သတ်ပစ် ခဲ့သည်။
သို့မဟုတ်ပါက ထိပ်ဆုံး ဆယ်ယောက်ထံ သေချာပေါက် ဝင်ရောက် နိုင်၏။ ရှီယု မျက်ဝန်း များ ရုတ်တရက် ကျဉ်းမြောင်း သွားပြီး၊
“ ရက်စက်တဲ့ လူ ရောက်လာပြီ။ ”
-ဟု ပြုံးကာ ဆိုလိုက်သည်။
သွေးစွန်းသော ဧည့်ခံပွဲ အတွင်း၊ တစ်ဖက်လူ ကြီးစိုး နေချိန်၌၊ သူ့ အသက်မှာ (၁၆)နှစ် မျှသာ ရှိပေ သေး၏။
လေးနှစ် ကုန်လွန် သွားပြီနောက်၊ စိတ်လှုပ်ရှား မှုမှာ ထိုသို့ မဟုတ်နိုင် တော့ချေ။
ဇောင်ဖန် သည်လည်း၊ ဤလူကို ရှုံးနိမ့်ခဲ့ ဖူးသောကြောင့်၊ ဂရုတစိုက် စစ်ဆေး နေမိ သည်။
ထိုနောက် ဝူရှောင်ရှင်းက သူ့ ဘေးရှိ ဂျူနီယာအား ခေါင်းညိတ် ပြကာ၊ မြို့တံခါးပေါ် ဆင်းသက် လိုက်သည်။
ထိုဂျူနီယာမှာ၊ သားသတ် သမားဟု ခေါ်တွင်သော ဂျီဝူယီ ဖြစ်ကြောင်း၊ လင်းယွန် မှတ်မိ လိုက်၏။
တစ်ဖက် လူ၌ ဤမျှ ကြောက်မက်ဖွယ် စီနီယာ တစ်ယောက် ရှိနေ လိမ့်မည်ဟု မထင် ထားမိပေ။
ဝူရှောင်ရှင်း ထံမှ အကြည့်ကို လွှဲကာ၊ ဂျီဝူယီအား ပြန်လည် စစ်ဆေး နေမိသည်။ နောက်ဆုံးတွင် မြောက်ပင်လယ်မှ ထွက်ခွာ လာသည်မှာ၊ နှစ်ဝက်မျှ ရှိပြီ ဖြစ်၏။
ခြောက်လ ကုန်လွန် ပြီးနောက်၊ သားသတ်သမားက ပို၍ အားကောင်း လာသည်။
သူ၏ သွေးဆာ နေသော အငွေ့ အသက်များမှာ၊ စီနီယာ အစ်ကို ဖြစ်သည့် ဝူရှောင်ရှင်းထက် နိမ့်ကျ ခြင်း မရှိှချေ။
“ စိတ်ဝင် စားစရာပဲ ... ။ ”
ခြောက်လ အတွင်း ဂျီဝူယီသာ တိုးတက်မှု မရှိခဲ့ ပါလျှင်၊ စိတ်ပျက် မိမည် ဖြစ်သည်။ အရှုံး၌ နစ်မျော သွားခြင်း မရှိ သောကြောင့်၊ ဝမ်းသာ သွားမိ၏။
မထွက် ခွာခင် ကျေနပ်စွာ ပြုံးရယ် သွားသော လင်းယွန်၏ အငွေ့ အသက်ကို ဂျီဝူယီ ခံစား လိုက်ရသည်။
အမျိုး မျိုးသော အရှိန်အဝါများ အကြား၊ သူ့ထံ ဦးတည် နေသည့် သတ်ဖြတ် လိုခြင်း ဆန္ဒ တစ်စုံကို၊ ထင်ရှားစွာ ခံစား မိ၏။
ထိုဆန္ဒ၏ ဦးတည်ရာ ဆီသို့၊ ချက်ချင်း လှမ်းကြည့် လိုက်သော်လည်း၊ မထင်မရှား ပြုံး နေသည့် နှုတ်ခမ်း တစ်စုံ ကိုသာ၊ လှမ်းမြင်လိုက် ရသဖြင့်၊ မျက်မှောင်ကြုတ် သွားမိသည်။
“ ဘယ် သူ လဲ ... ။ ”
ဝူရှောင်ရှင်းက အေးစက် တင်းမာသော လေသံဖြင့်၊ ဂျီဝူယီနှင့်အတူ လူအုပ်ထံ တစ်ချက် လှမ်းကြည့်ကာ၊ မေးသည်။
“ အင်ပါရီယန် သင်္ချိုင်းမှာ ... ၊ ငါ့ကို အနိုင်ယူ ခဲ့တဲ့သူ ဖြစ်မယ် ထင်တယ်။ ”
ဂျီဝူယီက မသေချာသော အတွေး အချို့ဖြင့်၊ သူ့အစ်ကိုအား ပြန်ဖြေ လာ၏။
“ သူ့ကို သတ်ဖို့ ...၊ ငါ ကူညီမယ်။ ”
“ မလို ပါဘူး၊ သွေးစွန်းသော ဧည်ခံပွဲမှာ၊ ငါကိုယ်တိုင် ရိုက်သတ်မယ်။ ”
ဂျီဝူယီက ခေါင်းယမ်းကာ၊ ချက်ချင်း ငြင်းဆန် လိုက်သည်။
“ ကောင်း တယ်၊ မင်း ဒီလို ပြောပြီ ဆိုမှတော့ ... ၊ ငါ မင်းကို မကူညီ တော့ဘူး၊ မင်းရဲ့ သွေးဆာ နေတဲ့ ဓားကို ကျွေးမွေးဖို့ ... ”
“ ... မင်းကိုယ်တိုင် သတ်ရမယ်၊ စိတ်မပူနဲ့ မင်း သဘော မတူတဲ့ အတွက်၊ ငါ သူ့ကို ထိမှာ မဟုတ်ဘူး။ ”
ဝူရှောင်ရှင်းက ထူးဆန်းသော အပြုံးဖြင့်၊ ကတိပေး လိုက်သည်။
စီနီယာ အစ်ကို၏၊ ထူးခြားသော စိတ်နေ စိတ်ထားကို နားလည် ထားသဖြင့်၊ ဂျီဝူယီက စကား ထပ်မဆို တော့ချေ။
သူတို့ နှစ်ဦး၏ သွေးဆာ နေသော အငွေ့ အသက် များက၊ တခြားလူ များကို စိတ်မသက် မသာ ဖြစ်စေ၏။
ထို့ကြောင့် လူတိုင်းက အနားမှ ဆုတ်ခွာ ကုန်ကြသည်။ သွေးခန်းမသည် ဂိုဏ်း တစ်ဂိုဏ်း ဖြစ်သော်လည်း၊ ဂိုဏ်းသားများ အားလုံးမှာ၊ သတ်ဖြတ်ခြင်း အမှု၌ မွေ့လျော် ကြပေ၏။
၎င်းတို့မှာ အစွမ်းထက် သော်လည်း၊ အမှောင် လမ်းစဉ် ကျင့်ကြံသူ များနှင့် တူသဖြင့်၊ မည်သူမှ သူတို့ကို မကြိုက် ကြချေ။
ချင်းယန်၊ ရှီယုနှင့် ဇောင်ဖန်တို့ သည်သာ ထိုအငွေေ့ အသက်အား အရှိန်အဝါဖြင့်၊ ပြန်လည် ရင်ဆိုင် နိုင်ခဲ့ ကြ၏။
“ ဝူရှောင်ရှင်း ... ၊ မင်းကို ဒီမှာ တွေ့ရ လိမ့်မယ်လို့၊ ငါ ဘယ်တုန်း ကမှ မထင်ခဲ့ မိဘူး၊ ရူး သွားပြီ လို့ပဲ ထင်ထားတာ။ ”
ချင်းယန်က ပြုံးစိစိဖြင့် လှောင်ပြောင် လိုက်၏။ ထိုအချိန်က ‘ရှောင်းဇီယီ’ လက်တွင် ရှုံးနိမ့်ခဲ့ သဖြင့်၊ နာကျင်ဖွယ် ထိုးနှက်ချက် တစ်ရပ် ဖြစ်ခဲ့သည်။
အမှောင် ကျင့်ကြံသူ များမှာ၊ ယေဘူယျ အားဖြင့်၊ ညစ်နွမ်းသော နှလုံးသား ရှိပြီး၊ သတိ မထား နိုင်ပါက ရူးသွပ် သွားမည် ဖြစ်၏။
ထို့ကြောင့် ရှုံးနိမ့် ခြင်းကို လက်မခံ နိုင်ဘဲ၊ ရှောင်းစီယီအား သတ်ရန် အရူးတစ်ယောက် ကဲ့သို့၊ တုန့်ပြန် ပြုမူ ခဲ့သည်။
ရှောင်းစီယီမှာ အထက် တန်းစား ခုနစ်ပါး အနက်၊ တစ်ပါး တည်းသော အမျိုးသမီး တစ်ဦး အဖြစ်၊ မောက်မာ လှပေသည်။
ထို့ကြောင့် အရှုံး သမား ဝူရှောင်ရှင်းအား လှည့်ပင် မကြည့် ခဲ့ချေ။ သွေးစွန်းသော ဧည့်ခံပွဲ ပြီးနောက်၊ ဝူရှောင်ရှင်း တစ်ယောက် ရူးသွပ် သွားကာ၊ သူတောင်းစား တစ်ဦး ကဲ့သို့ လှည့်လည် နေတော့သည်။
သူ့ဂိုဏ်းမှ အကြီးအကဲ များက ပြန်လည် တွေ့ရှိ ခဲ့ပြီး၊ ဖမ်းယူ ပိတ်လှောင် ထားရကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။
ထို့ကြောင့် သူ ပေါ်လာ သည်မှာ အံ့သြစရာ ဖြစ်ပြီး၊ လူတိုင်းကို စိတ်ဝင်စား လာစေ၏။ ဝူရှောင်ရှင်းက ချင်းယန်ကို စေ့စေ့ ကြည့်ကာ၊ စကား မဆိုဘဲ၊ မျက်နှာလွှဲ သွားခဲ့သည်။
ထိုအကြည့် အရ၊ ချင်းယန်၊ ဇောင်ဖန်နှင့် ရှီယု တို့မှာ၊ တစ်ဖက် လူသည် ယခင် ကထက် ပို၍ သန်မာ လာကြောင်း၊ နားလည် လိုက်၏။
“ ဝူရှောင်ရှင်း ... ၊ ဒီနှစ် သွေးစွန်းသော ဧည့်ခံပွဲမှာ၊ မင်း ငါနဲ့ မတွေ့တာ ပိုကောင်းမယ်။ ”
ဇောင်ဖန်က အေးစက်စွာ ဆိုသည်။ လွန်ခဲ့သော လေးနှစ်က ရှုံးနိမ့်မှုနှင့် ပတ်သက်၍ သူ့၌ ဒေါသများ ကျန်ရှိနေ သေး၏။
သို့သော် ဝူရှောင်ရှင်း အစား၊ ဂျီဝူယီက ဇောင်ဖန်ထံ ပြန်လှည့် ကြည့်လာပြီး၊
“ မင်းက ငါ့ စီနီယာ အစ်ကို အနိုင်ယူ ချင်နေတာလား၊ ငါ့ အစ်ကိုက သားရဲ ဘုရင်ကို သတ်ဖို့၊ ဒီကို ရောက်လာ တာပဲ၊ မင်းရော ဒီလို သတ္တိမျိုး ရှိလား။ ”
သားရဲ ဘုရင်သည် ကောင်းကင် ဝိညာဉ် နယ်မြေ သားရဲ ဖြစ်သဖြင့်၊ ချင်းယန်၊ ရှှီယုနှင့် ဇောင်ဖန် တို့မှာ၊ ပါးစပ်များ ပိတ်ကျ သွား၏။
ဝူရှောင်ရှင်းက ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ကာ၊
“ လူစုခွဲ ရအောင်၊ ဒီကောင် တွေက မိုင်တစ်ရာ အကွာ ကနေ၊ ငါတို့ အားလုံးကို စောင့်ကြည့် နေတယ်။ ”
-ဟု ဆိုလိုက်၏။
“ ဒါကို ... မင်းတို့က ဒီမှာ ရပ်ပြီး၊ အခွင့်အရေး ပေးနေ တာလား၊ ဘယ်လို လူပြက် တွေလဲ၊ ညီလေး သွားရအောင်။ ”
ထို့နောက် ဝူရှောင်ရှင်းက သူတို့ အားလုံး အပေါ်၊ အထင်သေး ဟန်ဖြင့် နှာခေါင်းရှုံ့လျက်၊ မြို့ရိုး ပေါ်မှ ခုန်ချကာ၊ ထွက်ခွာ သွား တော့သည်။
***