ဓား၊ နှလုံးသားနှင့် ချီ။
Vol. 54 Ch. 748
မူလ စွမ်းအင်နှင့် မိစ္ဆာ အငွေ့ အသက်များ ကောင်းကင်၌ ရောယှက် နေ၏။
သေဆုံးသွား သော လူ ကျင့်ကြံသူ များနှင့်၊ နတ်ဆိုး သားရဲ များ၏ သွေးရနံ့ များ၊ လေထုထဲ ထုံမွှန်း လာသည်။
လူသား ကျင့်ကြံသူ များမှာ၊ အသက်နှင့် သေခြင်း ဆိုင်ရာ၊ အတွေ့ အကြုံများ ရယူရန် လာခဲ့ ကြခြင်း ဖြစ်သည်။
ထို့ပြင် လူသား မျိုးနွယ် အတွက်၊ တိုက်ပွဲဝင် နေသူ များလည်း ရှိလေသည်။ ဓားနက်မြို့သာ ပျက်စီး သွားပါက၊ အရိုး ပင်လယ် အဖြစ်သို့ ပြောင်းလဲ သွားမည် ဖြစ်၏။
စစ်မြေပြင် တစ်လျှောက် ဖရိုဖရဲ ဖြစ်နေခဲ့ သော်လည်း၊ ထူးခြားသော တိုက်ပွဲစည်း တစ်ခု ရှိနေ ချေပြီ။
မြို့ခံ ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင် ပညာရှင် များက၊ ဝူရှောင်ရှင်းတို့ ကဲ့သို့သော ပါရမီရှင် များနှင့် အတူ၊ အုပ်စိုးရှင် သားရဲ များကို၊ ရှေ့ဆုံးမှ ရင်ဆိုင် နေသည်။
သူတို့ ထံမှ လာသော လှိုင်း များမှာ၊ ကြောက်စရာ အကောင်းဆုံး ဖြစ်ပြီး၊ အကြွင်း အကျန် စွမ်းအင် များနှင့်ပင်၊ ခရမ်းရောင် နန်းတော် ကျွမ်းကျင်သူ များကို သေကြေ ပျက်စီး စေနိုင်၏။
၎င်းနောက်တွင် လင်းယွန်နှင့် ဂျီဝူယီတို့ ကဲ့သို့သော လူငယ် များက၊ သာမန် တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၊ နတ်ဆိုး သားရဲ များကို၊ တိုက်ခိုက် နေသည်။
သူတို့ နောက်၌၊ ယင်-ယန် အဆင့် နတ်ဆိုး သားရဲ များကို၊ ကိုင်တွယ် ဖြေရှင်း နေသော အထက် တန်းစား များ ရှိလေသည်။
အဆုံးတွင် မြို့စောင့်တပ်၏ ဖွဲ့စည်းမှု ရှိနေပြီး၊ ကျွံဝင် လာသော နတ်ဆိုး သားရဲ များကို၊ ဟန့်တား သန်ဖြတ် နေချေ၏။
နက်နဲ နယ်မြေ နတ်ဆိုး သားရဲ အကောင်ရေမှာ၊ အခြားသော နယ်ပယ် သားရဲ များထက် များပြားလွန်း သောကြောင့်၊ ၎င်းတို့ အတွက် မလွယ်ကူ ခဲ့ချေ။
အနည်းဆုံး အကောင်ရေ သိန်းဂဏန်းခန့် ရှိပေ၏။ ထိုကဲ့သို့ ကွဲပြား နေသော စစ်မြေပြင် လေးခုတွင်၊ အတောက်ပ ဆုံးသော သူများမှာ၊ ဝူရှောင်ရှင်းတို့ ဖြစ်သည်။
သို့သော် သူတို့မှာ ဝေးလွန်း သောကြောင့်၊ လင်းယွန်တို့၏ တိုက်ပွဲ မြေပြင် ကိုသာ၊ လူတိုင်း လှမ်းမြင် နိုင်သည်။
ထိုအဆင့်တွင် အငယ်တန်း ပါရမီရှင်များ၊ ဂိုဏ်းအသီး သီး၏ အကြီး အကဲများ၊ လေလွင့် ကျင့်ကြံသူ များနှင့်၊ တိုက်ပွဲ ဝင်နေသော လမ်းလွဲ ကျင့်ကြံသူ များလည်း၊ ရှိနေ ပေ၏။
သူတို့ အားလုံး တစ်နေရာ တည်း၌၊ စုဝေးပြီး အတူ တကွ ရန်သူကို ရင်ဆိုင်သော ဖြစ်စဉ်မျိုး မရှိခဲ့ ဖူးချေ။
ယခုမူ လက်တွဲရန် မှတပါး အခြား မရှိ တော့ချေ။ လမ်းလွဲ ကျင့်ကြံသူများ အချင်းချင်း သည်ပင်၊ ပြိုင်ဆိုင်မှုမှာ ပြင်းထန် ပေ၏။
ဓားဆွဲ ထားသော လင်းယွန်မှာ၊ နာမည် ဂုဏ်သတင်း အတွက် တိုက်ပွဲဝင် နေသော အခြား ပါရမီရှင် များနှင့် မတူ ခဲ့ချေ။
ဒေါသအား ထိန်းချုပ်ရန် သူ၏ ဓား၊ နှလုံးသားနှင့် ချီ တို့ကို ပေါင်းစည်း နိုင်အောင်၊ ဤသားရဲ ဒီရေတွင်၊ လေ့ကျင့် နေ ခဲ့သည်။
“ ကောင်းကင်က တိမ်တိုက် များကို ဖြိုခွင်းမယ်။ ”
နတ်ဆိုး သားရဲ အရေ အတွက်မှာ များပြား လွန်းသဖြင့်၊ သူ၏ လှုပ်ရှားမှု များကို ကန့်သတ် ခံထား ရသည်။
ထို့ကြောင့် လရောင် ရေစင် ဓား၏ အပြင်းထန် ဆုံးသော လှုပ်ရှားမှုအား၊ အသုံး ပြုရန် မှတပါး အခြား မရှိ ခဲ့ချေ။
ငွေရောင် ဓားမုန်တိုင်း ကိုးခု ထွက်ပေါ် လာကာ၊ လမ်းကြောင်း ပေါ်ရှိ နတ်ဆိုး သားရဲ များကို၊ အပိုင်းပိုင်း ဖြတ်တောက် သွားခဲ့၏။
ယင်-ယန် အဆင့် အောက်ရှိ သားရဲများ သာမက၊ မျိုဆက်သွေး နှိုးထ တော့မည့် သားရဲ များကိုပင်၊ ရှင်းထုတ် နိုင်ခဲ့သည်။
“ အလယ် အလတ် ယင်-ယန် အဆင့်က တကယ့်ကို ကွဲပြားပါ ပေတယ်။ ”
လက်ရှိ သူ၏ ခွန်အားမှာ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၊ စီနီယာများ ထက်ပင်၊ ယုတ်လျော့ခြင်း မရှိချေ။
မှော်မိစ္ဆာ ကျားသစ်က၊ ခိုးဝင် တိုက်ခိုက် လာသဖြင့် လှည့် မကြည့်ဘဲ၊ ဓားကို လွှဲကာ၊ နှစ်ပိုင်း ဖြတ်ပစ် လိုက်သည်။
“ သေ စမ်း ... ။ ”
တစ်ချိန်တည်း မှာပင်၊ ဂျီဝူယီက ကြက်သွေးရောင် ဓား အရှိန် အဝါများ ထုတ်လွှတ်လျက်၊ နတ်ဆိုး သားရဲ များထံ၊ ချက်ချင်း ပြေးဝင် သွားခဲ့သည်။
သူ့ ရောင်ဝါက၊ သေဆုံး သွားသော နတ်ဆိုးသားရဲ များ၏၊ မိစ္ဆာ ရောင်ဝါ ကိုပင်၊ သန့်စင် နိုင်လေသည်။
သူတို့ နှစ်ဦး အပြင်၊ အခြားသော ပါရမီရှင်များ မှာလည်း၊ တောက်ပစွာ ထွန်းလင်း နေ၏။
သားရဲ များမှာ၊ ယင်-ယန် အဆင့်ရှိ၊ အထက်တန်းစား များကို လက်တွေ့ အားဖြင့်၊ တွန်းလှန် နိုင်စွမ်း မရှိဘဲ၊ အလွယ် တကူ သတ်ဖြတ်ခြင်း ခံနေ ရသည်။
ယင်းသည် ရက်စက် ကြမ်းကြုတ်သော သတ်ဖြတ်မှုများ ဖြစ်ပြီး၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ သားရဲ များအား၊ မျက်စိ ကျလာ စေ၏။
“ အချိန် ကောင်းပဲ ... ။ ”
တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၊ မိုးကြိုး စပါးအုံး မြွေက၊ သူ့ထံ ဦးတည် တိုးဝင် လာသဖြင့်၊ ဂျီဝူယီ တစ်ယောက် စိတ်လှုပ်ရှား သွားသည်။
“ ဝှစ် ... ။ ”
ထို့နောက် ဓားရောင်ခြည်များ ပျံထွက် သွားပြီး၊ မိုးကြိုး စပါးအုံး မြွေကို ဆိုးရွားသော ဒဏ်ရာများ၊ ပေးစွမ်း လိုက်၏။
အေးစက်သော အငွေ့ အသက် နှင့်အတူ၊ မိုးကြိုး စပါးအုံး မြွေ၏ သွေးများ မြေပြင် အနှံ့ ပြန့်ကျဲ လာသည်။
ကျန်ရှိသော ကြက်သွေးရောင် ဓားရောင်ခြည် များက၊ မြေပြင်ပေါ် ကျရောက် လာပြီး၊ လျှိုမြောင် များစွာ ဖြစ်ပေါ် လာစေ၏။
“ ဝုန်း ... ။ ”
ဓားရောင်ခြည် လမ်း၌ ရပ်နေ မိသော ယင်ယန် အဆင့်၊ နတ်ဆိုး သားရဲများ အားလုံး သွေးမြူ အဖြစ်၊ ပြောင်းလဲခြင်း ခံလိုက် ရ၏။
ဂျီဝူယီ၏ ဓားရေးမှာ လွန်ခဲ့သော နှစ်ဝက် ကထက် ပို၍ ကြောက်စရာ ကောင်းလာသည်။ သူက လင်းယွန်ထံ ရွှတ် နောက်နောက် အမူ အရာဖြင့် ကြည့်ပြီး၊ ရယ်မော လိုက်တော့၏။
“ ဟား ... ဟား ဟား။ ”
လင်းယွန်က တစ်ချက်သာ ပြန်လှည့် ကြည့်ပြီး၊ လျစ်လျူရှု သွားသည်။ သူ့၌ ကိုယ်ပိုင် အတွေး အမြင်များ ရှိကာ၊ တစ်ဖက် လူ၏ စိန်ခေါ်မှု အပေါ်၊ စိတ်မဝင် စားမိချေ။
“ ဖျက်ဆီးခြင်း နဂါး လက်ဝါး ... ။ ”
အခြား တစ်ဖက်တွင်၊ အထက်တန်းစား လူငယ် တစ်ဦးမှ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၊ နတ်ဆိုး သားရဲ တစ်ကောင်နှင့် ရင်ဆိုင် နေ၏။
ကျင့်ကြံမှု အရ၊ ဂျီဝူယီနှင့် လင်းယွန် တို့ထက်ပင် မြင့်မားကာ၊ အထွတ်အထိပ် ယင်-ယန် အဆင့်၌ ဖြစ်သည်။
ထိုလူငယ်မှာ မုရုံချင်း ဖြစ်ပြီး၊ လူတိုင်းဖြင့် မရင်းနှီး ကြသော်လည်း၊ ဓားနက်မြို့ ကျင့်ကြံသူ များက၊ သူ့အား ကောင်းစွာ သိပေ၏၊
‘သွေးနီရောင် ဒိုဂျိုဓား ဂိုဏ်း’၏၊ သခင်လေး တစ်ဦး ဖြစ်ပြီး၊ ဓားနက်မြို့၌ အသန်မာဆုံးသော ပါရမီရှင် တစ်ဦး ဖြစ်သည်။
မိုးကြိုး စီရင်စု တစ်ခွင်တွင်၊ ဓား စွမ်းရည်ကြောင့် ကျော်ကြား ခဲ့၏။ နာမည် ဂုဏ်သတင်း အရ၊ ချူးမူယန်နှင့် ချန်စီယုထက် များစွာ သာလွန် ပေသည်။
သူ့လက် ထဲရှိ ဓားမှာ၊ ပြတ်သား လျင်မြန်သော နဂါး တစ်ကောင် ကဲ့သို့ လေထုကို ထိုးခွဲ နေ၏။
ဤတိုက်ခိုက်မှုသည် နတ်ဆိုး သားရဲ ကောင်ကို ပျံသန်း စေပြီး၊ မြေပြင် ပေါ်၌ ကြီးမားသော ချိုင့်ဝှမ်းကြီး တစ်ခု ဖြစ်ပေါ် လာစေသည်။
“ မုရုံချင်း က ... ၊ မုရုံချင်း ပါပဲ။ ”
၎င်း၏ ထက်မြက်သော ဓားရေးကို ကြည့်ကာ၊ နဂါး တမန်တော်က ပြုံးလိုက်သည်။ ဓားမဟာမိတ် အဖွဲ့ရှိ လူငယ်များ ထဲတွင်၊ ဤလူငယ်မှာ အရည် အချင်း အရှိဆုံး ဖြစ်၏။
ထို့ကြောင့် အနားတွင် ရပ်ကာ၊ သူ့အား ကာကွယ် ပေးနေ မိခြင်း ဖြစ်သည်။ ရုတ်တရက် လင်းယွန်အား သတိရ သွားပြီး၊ လှည့်လည် ကြည့်ရှုမိ တော့၏။
သို့သော် အမှောင် ကျင့်ကြံသူ အချို့နှင့် ဂိုဏ်း၏ အကြီးအကဲ များမှ လွဲ၍၊ မည်သူမျှ မတွေ့ရ ချေ။
ဂျီဝူယီနှင့် မုရုံချင်းတို့ သာလျှင်၊ လူအုပ် ထဲ၌ တောက်ပ နေချေ၏။
“ ငါ သူ့ကို ... ၊ အလွန် အကြူး သုံးသပ် နေခဲ့ မိတာ များလား။ ”
လူတိုင်းက သည်တိုက်ပွဲကို အချိန် အတော်ကြာ စောင့်မျှော် နေခဲ့ခြင်း ဖြစ်သဖြင့်၊ လင်းယွန်ကို မတွေ့ခြင်း အပေါ်၊ ပြုံးကာ ရေရွတ် လိုက်မိသည်။
ဆိုလို သည်မှာ စွမ်းဆောင်ရည် အရ၊ တစ်ဖက် လူမှာ မျက်စိထဲ ဖမ်းစား နိုင်သော အနေ အထားမျိုး၊ မဟုတ် ခဲ့ချေ။
ထိုအချိန်တွင် ကြက်သွေးရောင် အလင်း တိုင်များ ကောင်းကင်သို့ ထိုးတက် လာပြီး၊ လူအုပ်၏ အာရုံကို ဆွဲငင် လာသည်။
အလင်းတိုင်မှာ ကိုးတိုင် တိတိ ရှိပြီး၊ မြွေဟောက် တစ်ကောင် အဖြစ် ပြောင်းလဲ သွားကာ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နတ်ဆိုး သားရဲထံ၊ ကျရောက် သွား၏။
မီတာ ရာဂဏန်းခန့် မြင့်သော၊ လေထု အလယ်မှ ပျံသန်း လာသည့်၊ နတ်ဆိုး သားရဲ တစ်ကောင်ကို၊ ချက်ချင်း ပြုတ်ကျလာ စေသည်။
လက်သီး တစ်ချက်ဖြင့် အုပ်စိုးရှင် အဆင့်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲကို၊ သတ်ပစ် လိုက်လေပြီ။
“ ဒါက တိမ်နဂါး အဆင့်က၊ ထိပ်တန်း ပါရမီရှင် တွေရဲ့ စွမ်းအားလား။ ”
အနည်းငယ် ကြောက်စရာ ကောင်းလွန် ပေ၏။
“ တိမ်နဂါး အဆင့် (၁၇) ဆိုတာ၊ သာမာန် ပါရမီရှင် တစ်ဦး ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ ရှောင်းစီယီနဲ့ မတွေ့ ခဲ့ရင် သူ့ အဆင့်က ပိုတောင် မြင့်မား နိုင်ပါတယ်။ ”
“ ကောင်းကင် ဝိညာဉ် နယ်ပယ်က၊ ကျွမ်းကျင်သူ တေွတောင်၊ အုပ်စိုးရှင် အဆင့် တစ်ပိုင်း ကောင်းကင် ဝိညာဉ်၊ နတ်ဆိုး သားရဲ တွေကို၊ ဒဏ်ရာ ကြီးကြီး မားမား ရအောင် မစွမ်းဆောင် နိုင်ဘူး။ ”
ဝူရှောင်ရှင်း၏ စွမ်းရည်မှာ၊ မီးမောင်း ထိုးပြထား သကဲ့သို့ တောက်ပပြီး၊ လူအုပ်ကို ထိတ်လန့် စေလေသည်။
ယင်းကြောင့် ချင်းယန်၊ ဇောင်ဖန်နှင့် ရှီယု တို့၏ မျက်နှာများ ပျက်ယွင်း သွား၏။
“ သတ် ... ။ ”
“ အရိုင်း အစိုင်း ကောင်တွေေကို သတ် ... ။ ”
“ ဓားနက်မြို့ကို ကာကွယ်ပါ။ ”
တိုက်ပွဲ မြေပြင် အနှံ့၊ ပို၍ ဝရုန်း သုန်းကား နိုင်လာ၏။ ပွက်ပွက်ဆူ နေသည့် လေထု အောက်တွင်၊ ဆည်းဆာ အလင်း ဓားကို အသုံး ပြု၍၊ သခင့်ဓားအား နှလုံးသားဖြင့်၊ လင်းယွန်မှ ညှိယူ နေဆဲ ဖြစ်သည်။
မိုးကြိုး၊ အလင်းခွဲ ဖြတ်ခြင်းနှင့်၊ မဟာ ပေါက်ကွဲမှု တို့ကို၊ အဆက် မပြတ် ထုတ်ဖော် လိုက်၏။
၎င်းမှာ ရက်စက် ပြင်းထန် လွန်းသော ဓားရေး တစ်ရပ် ဖြစ်သော်လည်း၊ သူ့ လက်တွင် နူးညံ့ သိမ်မွေ့ နေပေသည်။
ကျန်ပါရမီရှင် များနှင့် ယှဉ်ရ ပါက၊ လင်းယွန်ထံ တိုးဝင် လာသည့်၊ နတ်ဆိုး သားရဲ များ အားလုံး၊ ကြောက်မက်ဖွယ် သေခြင်းဖြင့် ရင်ဆိုင် နေရ၏။
အချိန်ကြာ လာသည်နှင့် အမျှ၊ တိုးဝင် လာသော နတ်ဆိုး သားရဲ အရေ အတွက်မှာ၊ ပို၍ များလာ ခဲ့သည်။
“ သေ စမ်း ... ၊ ကြက်သွေးရောင် သုတ်သင်ရေး ဓား။ ”
ဂျီဝူယီက အပြင်းထန် ဆုံးသော ဓားချက်ကို ထုတ်ဖော်လျက်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲအား၊ အပိုင်းပိုင်း လှီးဖြတ် လိုက်၏။
ထို့နောက် နတ်ဆိုး သားရဲ ထံမှ ထွက်လာသော ရောင်ဝါကို ဝါးမြို သန့်စင် ပစ် လိုက်သည်။
“ ဒါက စတုတ္ထ မြောက်ပဲ။ ”
တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၊ နတ်ဆိုး သားရဲ လေးကောင် မြောက်အား၊ သတ်ပစ် နိုင်ခဲ့ပြီ ဖြစ်သည်။
ထိုအရေ အတွက်ကို မုရုံချင်း တစ်ယောက်သာ ယှဉ်နိုင်၏။ အကြီးအကဲ များနှင့်၊ လမ်းလွဲ ကျင့်ကြံသူ များမှ၊ ယှဉ်နိုင်ဖွယ် အကြောင်း မရှိပေ။
သို့သော် ဂျီဝူယီက လင်းယွန်ကို ရုတ်တရက် သတိရ သွားသည်။
တစ်လူ၏ ဓားနည်းစနစ်နှင့်၊ ဓား ရည်ရွယ်ချက် တို့မှာ၊ အားကောင်းသည် မှန်သော်လည်း၊ သူ့အား လိုက်မမီ နိုင်ဟု ယုံကြည်သည်။
ထို့သို့ ယုံကြည်မှု မရှိ ပါက၊ ယှဉ်ပြိုင်ရန် စိန်ခေါ် မိမည် မဟုတ်ချေ။
ရုတ်တရက် သူ့ဘေးရှိ အထက်တန်းစား တစ်ဦးက၊ ထိတ်လန့် တကြားဖြင့် ဦးတည်ရာ တစ်ရပ်ထံ၊ ပါးစပ် ဟောင်းလောင်းနှင့် ငေးကြည့် နေလေသည်။
“ ဘာ ဖြစ် လို့ လဲ ... ။ ”
လူငယ်၏ ဦးတည် ရာထံ၊ လည်ပြန် လှည့်ကြည့် လိုက်မိ ချိန်၌၊ မယုံဖွယ် မြင်ကွင်း တစ်ခုက၊ အသင့် စောင့်ကြို နေခဲ့သည်။
လင်းယွန် ဟူသော သဂေါင့်သား (သူကောင်းသား) မှာ၊ နတ်ဆိုး သားရဲ (၉)နှင့်၊ တစ်ပြိုင် နက်တည်း ရင်ဆိုင် နေပေ၏။
ထိုသားရဲများ အားလုံးသည်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေရောက်၊ နတ်ဆိုး သားရဲများ ဖြစ်နေ ချေပြီ။
“ ဒါ က ... ။ ”
***