အံ့ဖွယ် လွှမ်းမိုးမှု။
Vol. 54 Ch. 749
ဤမြင်ကွင်းကြောင့် လုံးဝ အံသြသွား ခဲ့သည်။ ယင်းမှာ စီနီယာ အစ်ကို ဝူရှောင်ရှင်း နှင့် ယှဉ်နိုင်ခြင်း မရှိ သော်လည်း၊ အထင် ကြီးဖွယ် စွမ်းဆောင်မှု ပေပင်။။
အလယ် အလတ် ယင်-ယန် အဆင့်ချင်း အတူတူ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲ လေးကောင်ဖြင့်၊ တိုက်ခိုက်ရန် သတ္တိ မရှိချေ။
အထွတ် အထိပ် ယင်-ယန် အဆင့် ၌သာ ရှိသော မုရုံချင်း ပင်လျှင်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၊ နတ်ဆိုး သားရဲ သုံးကောင် ကိုသာ၊ သတ်နိုင်သည်။
ဂျီဝူယီ၏ နည်းစနစ်မှာ၊ သတ်ဖြတ်ခြင်း အရှိန်အဝါကို သန့်စင်ပြီး ဓားရေးနှင့် ပေါင်းစပ် ထားခြင်း ဖြစ်သည်။
တနည်းအားဖြင့် ဆိုသော်၊ သတ်ရန် မွေးဖွားလာခြင်း ဖြစ်၏။ များများ သတ်လေ၊ အရှိန်အဝါ ပို၍ သိပ်သည်းလာ လေဖြစ်သည်။
ထို့အပြင် ပတ်ဝန်း ကျင်ရှိ၊ မိစ္ဆာ အငွေ့အသက် များကိုလည်း ဝါးမြို နိုင်သည်။ ဤသည်မှာ အနားရှိ လမ်းလွဲ ကျင့်ကြံ သူများ ကိုပင်၊ ထိတ်လန့် သွားစေ၏။
သို့သော် တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၊ နတ်ဆိုး သားရဲ ကိုးကောင်ကို တစ်ချိန် တည်းဖြင့်၊ တိုက်ခိုက် နေသော တစ်ဖက် လူနှင့် နှိုင်းယှဉ် ပါက၊ ရယ်စရာ ကောင်းနေ ပေသည်။
ထိုအရာက သူ့အား ရှက်ရွံ့ ထူပူ လာစေ၏။
“ ချေး ပဲ ... ၊ ဒီကောင် ဘယ်လို လုပ်နေ တာလဲ။ ”
တုံ့ဆိုင်းသော မျက်ဝန်း များဖြင့်၊ ညာလက်သီးကို ဆုပ်ထား မိသည်။ လွန်ခဲ့သော နှစ်ဝက် ခန့်က၊ မြောက်ပင်လယ်တွင်၊ သူကောင်းသားနှင့် စတင် ခဲ့၏။
သွေးတောင်ပံ ခန်းမ၏ အကြီးအကဲ သုံးဦးကို သတ်ပစ်ကာ၊ ပန်းသင်္ချိုင်း ဟူသော အမည်အား၊ တည်ဆောက် ယူသည်။
အဆုံးတွင် ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ တစ်ဦး မှပင်၊ ကိုယ်တိုင် ကိုယ်ကျ လှုပ်ရှား ခဲ့ရ၏။
ထို့ကြောင့် လွန်ခဲ့သည့် ခြောက်လ အတွင်း၊ ပြင်းပြင်း ထန်ထန် ကျင့်ကြံပြီး၊ ခန္ဓာ ကိုယ်အား သတ်ဖြတ်ခြင်း အရှိန် အဝါဖြင့်၊ သန့်စင်သည်။
သွေးစွန်းသော ဧည့်ခံပွဲ မတိုင်မီ၊ ထို အရှက်တရားမှ ကင်းစင် ချင်၏။ သို့သော် ခြောက်လ ကြာပြီးနောက်၊ လင်းယွန် ကျောသာ ကြည့်နိုင် တော့ပေသည်။
ဂျီဝူယီ နှင့်အတူ အခြားသော ပါရမီရှင်များ မှလည်း၊ လင်းယွန် အပေါ်၊ သတိထား မိလာ ကြ၏။
“ မဟာ ပေါက်ကွဲမှု ... ။ ”
လင်းယွန် မှာမူ တိုက်ပွဲ အတွင်း၊ အလုံးစုံ နစ်မြုပ် နေကာ၊ ပတ်ဝန်း ကျင်အား မေ့လျော့၊ သွားသည်။
သူ၏ ဓားရေးမှာ လက်ရှိတွင်၊ ကြီးစိုး လွန်းသော သဘာဝကို ပြသ နေပေ၏။ လွှဲယမ်း လိုက်ချိန်၌ ကြယ်တစ်စင်း ကဲ့သို့၊ လင်းလက် တောက်ပ သွားသည်။
“ ပုံ ဖော်စမ်း ... ၊ ပုံ ဖော်စမ်း ... ၊ ပုံ ဖော်စမ်း ... ။ ”
ကြီးစိုးသော သခင့်ဓားကို သူ့ဓား အရှိန်အဝါနှင့် ပေါင်းစပ်ရန်၊ ထူးခြားသည့် နည်းလမ်းဖြင့်၊ ကြိုးစား နေခြင်း ဖြစ်သည်။
ဓား ရည်ရွယ်ချက်က မြည်သံ ပြုလျက်၊ လေထဲ တောက်ပ လာခဲ့၏။ ဖျော့တော့သော လျှပ်စီးကြောင်း များက၊ နေရာ အနှံ့ ဖြစ်ပေါ် လာလေသည်။
သည့်နောက် နတ်ဆိုး သားရဲ၊ (၁၀) ကောင်အား၊ ဓားရောင်ဝါ များဖြင့် ဖုံးအုပ်ပစ် လိုက်၏။
“ ပို မြန်ရမယ်၊ ပို မြန်ရမယ်၊ ဒီထက် ပိုမြန် ရမယ်။ ”
လှုပ်ရှားမှု အရှိန် အဟုန်အား၊ ကန့်သတ်ချက်သို့ တွန်းထုတ် လိုက်ပြီး၊ တီးတိုး ရေရွတ် လေ၏။
ထို့နောက် ကြီးစိုးသော ဓားရေးမှာ၊ ပျော့ပျောင်း လာပြီး၊ ကြည့်မိ သူတိုင်းကို ကွဲပြား သည့် ‘ရသ’များ၊ ပေးစွမ်း လာချေပြီ။
ဓားရောင်ဝါတွင် ပိတ်မိ နေသော နတ်ဆိုး သားရဲများ အပေါ်၊ ပို၍ အလေး အနက် ထားလာ သဖြင့်၊ မူလ စွမ်းအင်မှာ ရုန်းကြွလာ တော့သည်။
“ အိုး ... အံဩ စရာဘဲ၊ ဒီလူရဲ့ ဓား ရည်ရွယ်ချက်က တကယ်ကို ထူးဆန်းတယ်၊ အရမ်း မြန်ပြီး၊ ကြောက်စရာ ကောင်းပေမယ့်၊ ဓားလွှဲ လိုက်တဲ့ အချိန်မှာ၊ စွမ်းအင် အတက် အကျ လှိုင်းတောင် မရှိဘူး။ ”
“ အမှန်ပဲ၊ ဒီ ခံစားချက်က၊ တောင်ကြီး တစ်လုံး ရေကန်ထဲ ပြုတ်ကျလာ သလို ခံစား ရတယ်၊ ဒါပေမယ့် တုန်ခါမှု လေးတောင် မရှိဘူး။ ”
“ စိတ်ဝင်စားဖို့ ကောင်းတာက … ၊ သူ့ရဲ့ ဓားရေးပဲ၊ ဒီနည်းစနစ် အပေါ်၊ ကောင်းကောင်း နားလည် နေတယ်၊ ... ”
“ ... ဓားရောင်ဝါ ကလည်း အံဩစရာ ကောင်းလောက်အောင် တည်ငြိမ် နေတယ်၊ ဒါကြောင့် မလွတ်မြောက် နိုင်တာပဲ၊ ... ”
“ ... သားရဲ (၁၀) ကောင်လုံး၊ ပိတ်မိ နေတာတောင်၊ ဘာလို့ မပေါက်ကွဲ ရသေး တာလဲ၊ ဒီလို ဖိအား မျိုးကို သူ့ခန္ဓာက၊ ဘယ်လိုများ ခံနိုင်နေ ရတာလဲ။ ”
ဓားနက်မြို့တွင် ဓားသမား များစွာ ရှိသဖြင့်၊ လင်းယွန် ဓားရေးနှင့် ပတ်သက်သော တစ်စုံ တစ်ခုကို သဘာဝ အတိုင်း၊ သတိပြု မိကြသည်။
“ သူ့ ဓားရေးကို ... ၊ ကောင်းကောင်း ထိန်းချုပ် နိုင်တယ်၊ အံ့ဩ စရာပဲ၊ မယုံ နိုင်ဘူး။ ”
“ ကြည့်စမ်း ... ၊ နှေးနေပုံ ရပေမယ့်၊ ကြောက်စရာ ကောင်းလောက်အောင် လျင်မြန် နေတယ်၊ ... ”
“ ... ဓား တစ်ချက်က၊ အချက် တစ်ရာနဲ့ ရင်ဆိုင် နေရ သလို၊ ဓားတာအို အပေါ် တကယ် ခရီးရောက် နေတာပဲ၊ သူ ဘယ်သူလဲ။ ”
“ အခုထိ ... ၊ နည်းစနစ် တွေကို နားလည်အောင် ကြိုးစား နေတုန်းလား၊ ပေါက်ကွဲ သွားမှာ မကြောက် ဖူးလား။ ”
လူတိုင်းက အတွေး များနှင့်၊ နစ်မြုပ် နေဆဲဖြစ်သော လင်းယွန်ထံ လှည့်ကြည့်လာ ကြသည်။
နောက်ဆုံး ပေါက်ကွဲ ချိန်၌၊ မည်မျှ အစွမ်းထက် မည်ကို တွေးဆ၍ မရ သဖြင့်၊ ကျောရိုး တစ်လျှောက် အေးစက်သွား ကုန်သည်။
“ ငါ မြန်နိုင် သမျှ ... ၊ မြန်ရမယ်။ ”
သခင့်ဓားမှာ သိမ်မွေ့ နေသည်ဟု၊ ထင်ရ သော်လည်း ပို၍ပင် အားကောင်း လာကြောင်း၊ လင်းယွန်က သိသည်။
ထို့ကြောင့် စိတ်ထဲ၌ ရွှင်မြူး သွား၏။ သားရဲ ဒီရေသည် သူ့ အတွက် တကယ့် အခွင့်အရေး ပေပင်။
ဓား နည်းစနစ် အပေါ် ပို၍ နက်နဲလာ၊ သည်သာ မက၊ ဓားတာအို တွင်လည်း ပို၍ ခရီးရောက် လာ ခဲ့၏။ ထိုခံစားချက်ကို ဖော်ပြ နိုင်စရာ စကားလုံး မရှိချေ။
တစ်ချိန်တည်း မှာပင် မုရုံချင်းကို ကာကွယ်ရန်၊ ရပ်နေသော လောင်ဟွာက လင်းယွန်အား သတိထား မိသွားသည်။
မြင်လိုက် ရသော ဓားရေးကြောင့်၊ ချက်ချင်း တုန်လှုပ် လာပြီး၊
“ ဒီဓားရေးက ... ၊ တောင်တုန် မိစ္ဆာ မျောက်ဝံကို တိုက်ခိုက် ခဲ့တဲ့ ဓားရေးပဲ။ ”
ဤဓားပညာသည် ကြီးစိုးသည် ဟုသာ ပြောနိုင်သော အခြားသူ များနှင့် မတူဘဲ၊ မည်မျှ အစွမ်းထက် သည်ကို၊ ကိုယ်တိုင် တွေ့မြင်ထား ဖူးပေသည်။
သူ ကြည့်နေစဉ်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၊ နတ်ဆိုး သားရဲ (၁၀)ကောင်၌၊ ဒဏ်ရာများ ဖုံးလွှမ်း သွား၏။
ဤသည်မှာ ဓားကို ခန္ဓာ ကိုယ်ဖြင့်၊ ထိန်းချုပ်ရန် ကြိုးစား နေသော ရူးသွပ်ခြင်း မျိုး ဖြစ်ပေသည်။
ထိုအတွေးကြောင့် ရုတ်တရက် အသက်ရှူ ကြပ်လာပြီး၊ နှလုံးသား တစ်ခုလုံး တုန်ယင် အေးစက် သွား တော့၏။
“ ဟိတ် ... ။ ”
ရုတ်တရက် အမည်းရောင် တိမ်တိုက် များထံ၊ ရွှေကျီးကန်း တစ်ကောင် ကဲ့သို့ ပျံတက် သွားပြီးနောက်၊ လင်းယွန်က ဓားဖြင့် ခုတ်ချ လိုက်သည်။
အဆုံးတွင် သခင့်ဓားအား မထိန်းနိုင် တော့ပေ။ နောက်ဆုံး ဓားကို ထုတ်လွှတ်ရန်၊ အချိန် ကျလာပြီ ဖြစ်သည်။
သခင့်ဓားကို ကန့်သတ်ချက် အထိ တွန်းထုတ် လိုက်ကာ၊ ဆန္ဒရှိ သ၍ လွှတ်ချ လိုက်မိ၏။
ဓား အလင်းများ ဖြာကျ လာပြီး၊ နတ်ဆိုးသားရဲ (၁၀)ကို အပိုင်းပိုင်း ချေမွှပစ် တော့သည်။
ဓားအလင်း များက၊ မြေပြင်ပေါ် ဆက်လက် ကျဆင်း သွားပြီး၊ ရွှေသားလွှာ သဖွယ် ဖုံးလွှမ်း ကုန်၏။
ရပ်ကြည့် နေမိသူ အားလုံး၊ ရင်ဘတ် ထဲမှ နှလုံးသားများ ခုန်ထွက် လုနီးပါး၊ ထိတ်လန့် သွားသည်။
မပေါက်ကွဲ ခင်၌၊ မည်မျှ အစွမ်းထက် နိုင်မည်ကို အမျိုးမျိုး စိတ်ကူး နေမိ ကြသည်။
သို့ရာတွင်၊ နတ်ဆိုး သားရဲ (၁၀) ကောင်အား၊ ချက်ချင်း သတ်ပစ် နိုင်သည် အထိ၊ အစွမ်းထက် နေလိမ့် မည်ဟု၊ မထင် ခဲ့ပေ။
အကျိုး ဆက်မှာ ဝူရှောင်ရှင်း၏ စွမ်းဆောင်မှုထက်၊ မည်သည့်နည်း နှင့်မျှ၊ နိမ့်ကျခြင်း မရှိ ခဲ့ချေ။
ဂျီဝူယီ တစ်ယောက် နှလုံးသား တစ်ခုလုံး အေးခဲ သွားသည်။ စက္ကန့်ပိုင်း အတွင်း၊ သူ သတ်ထားသော အရည် အတွက်ထက်၊ နှစ်ဆ သာလွန် သွားခဲ့၏။
“ သခင်လောင်၊ ဒီလူက ဓား မဟာမိတ် အဖွဲ့က၊ ပါရမီရှင် တစ်ယောက်လား။ ”
မုရုံချင်းက မျက်ဝန်းများ မှေးစင်းလျက် မေးလိုက်သည်။ သက်ရောက်မှု အလွန် ကြီးမား သဖြင့်၊ သူ့ အာရုံကို ဖမ်းစား နိုင်ခဲ့သည်။
ပွင့်ပွင့် လင်းလင်း ဆိုရပါမူ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၊ နတ်ဆိုး သားရဲ (၁၀)ကောင်၊ အသတ်ခံ ရသည့် မြင်ကွင်း ကြောင့်၊ ကောင်းစွာ တုန်လှုပ် မိ၏။
ထို့ကြောင့် ၎င်း ဓားသမားမှာ၊ ဓား မဟာမိတ်၏ ပါရမီရှင် တစ်ဦး ဖြစ်မည်လော ဟု၊ သံသယ ဝင်လာ မိခြင်း ဖြစ်သည်။
“ မဟုတ်ဘူး ... ၊ အဲဒီလူ နာမည်က လင်းယွန်တဲ့၊ ငါ သူ့ကို ဖိတ်ခေါ် ပေမယ့်၊ အငြင်း ခံလိုက် ရတယ်။ ”
လောင်ဟွာက နှမျော တသသော လေသံဖြင့်၊ နှုတ်ခမ်းအား လျှာနှင့် သပ်ကာ ပြန်ဖြေ လိုက်သည်။
“ လင်း ယွန် လား ... ။ ”
တစ်ဖက် လူ၏ အမည်ကို၊ ကြားလိုက် ရသည်နှင့်၊ မုရုံချင်း မျက်ဝန်း များ၌၊ သတ်ပစ် လိုသော ဆန္ဒများ၊ ထွက်ပေါ် လာသည်။
ဒိုဂျိုဓား ဂိုဏ်းမှ သူ့ အတွက် ပြင်ဆင် ထားသော ဓားဧကရာဇ် ဆေးပင်ကို၊ ဖျက်ဆီးခဲ့ သူမှာ၊ သည်လူ ဖြစ်ကြောင်း သတိရ သွား၏။
( ငါ ဒီမှာ ရှိမှန်း သိရက်နဲ့ ... ၊ လာဝံ့ တာလား၊ ငါ့ကို လုံးဝ ဂရုစိုက်ပုံ မရဘူး။ )
“ ဓား မဟာမိတ် အဖွဲ့ကို၊ ငြင်းပယ် လိုက်တဲ့ အတွက်၊ သူ သေရမယ်။ ”
“ မ လုပ် နဲ့ ... ။ ”
လောင်ဟွာက လျင်မြန်စွာ ဟန့်တား လိုက်သော်လည်း၊ မုရုံချင်း၏ အမုန်းတရား ဇာစ်မြစ်ကို သူ မသိ ခဲ့ချေ။
နောက်ဆုံးတွင် ရှန်ရှင်းဓား၏ ကျွမ်းကျင် ပိုင်နိုင်မှုကို ရယူရန်၊ ရည်မှန်း ထားသော ရတနာ တစ်ပါးအား၊ ဖျက်ဆီးပစ် ခဲ့လေသည်။
ရွေ့လျားမှု နည်းစနစ်ကို၊ ကန့်သတ်ချက် အထိ ထုတ်ဖော် လိုက်ပြီး၊ လင်းယွန်ထံ ပြေးဝင် လိုက်၏။
သူ့ ဓားမှာ အားကောင်းပြီး၊ လမ်းကြောင်း ပေါ်ရှိ နတ်ဆိုး သားရဲ များကို ဖြတ်ကျော် သွားခဲ့ သည်။
“ မဆိုးဘူး၊ ဒီဓားကို -အံ့ဖွယ် လွှမ်းမိုးခြင်း- လို့ ခေါ်ရမယ်။ ”
မြေပြင် ပေါ်၊ ပြန်လည် ဆင်းသက်ပြီး၊ လေကို ရှူရှိုက် လိုက်သည်။ ၎င်းမှာ သခင့်ဓား၏ ပုံစံ လေးခုကို ပေါင်းစပ် ပြီးနောက်၊ တွေ့ရှိမှု အသစ် ဖြစ်၏။
အနာဂတ်တွင် ပုံစံ ကိုးခုအား ပေါင်းစပ် နိုင်ပါက၊ ပို၍ ပြင်းထန်သော ဓားရေး တစ်ရပ် ဖြစ်လာ ပေမည်။
ဤအခိုက်၌ အေးစက် လွန်းသည့်၊ ဓား အရှိန်အဝါ တစ်ခု၊ သူ့ထံ ဦးတည်လာ သည်ကို ရုတ်တရက် ခံစား လိုက်ရ၏။
“ အိုး သေပြီ ... ။ ”
“ မုရုံချင်းက သူ့ကို သတ်ချင် နေတာပဲ။ ”
ယင်းသို့ လင်းယွန်အား သတ်ရန်၊ ကြိုးစား လာမည်ဟု မထင်ထား သောကြောင့်၊ လူတိုင်း စိတ်လှုပ်ရှား လာသည်။
ထို့အပြင် မုရုံချင်း လှုပ်ရှား လာသော အချိန်အခါမှာ၊ များစွာ ကောင်းမွန် လှပြီး၊ အသက် မသေဆုံး သည့်တိုင်၊ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိ နိုင်ပေမည်။
သို့သော် လင်းယွန်က ရုတ်တရက် လှည့်ကြည့်ပြီး၊ ပန်းသင်္ချိုင်း ဓားဖြင့် လှမ်းထိုး လိုက်သည်။
“ ရွှပ် ... ။ ”
ဆည်းဆာ အလင်းဓား၏ ဓားရေး တစ်ရပ် လုံးကို ပေါင်းစပ်ထား သဖြင့်၊ သဘာဝ ဖြစ်စဉ် များစွာကို ထွက်ပေါ် လာစေ၏။
ယင်းမှာ သခင့်ဓားနှင့် လုံးဝ ကွဲပြားသော မြင်ကွင်း တစ်ခု ဖြစ်လာ စေသည်။
“ လင်းယွန် ... မင်း ဓားကို ရပ် ... ။ ”
ဤမြင်ကွင်းကို မြင်လိုက် ရသော လောင်ဟွာ တစ်ယောက်၊ ထိတ်လန့် တုန်လှုပ် သွားပြီး၊ ချက်ချင်း အော်ဟစ် ဟန့်တား လာလေသည်။
ပန်းသင်္ချိုင်း ဓားက မုရုံချင်း၏ အရှိန် အဝါကို၊ ဖောက်ထွင်း ဝင်ရောက်ကာ၊ ရင်ဘတ်၌ ရပ်တန့် သွားခဲ့၏။
“ ဖုန်း ..... ။ ”
ဓားရောင်ခြည် ပေါက်ကွဲ မှုကြောင့်၊ သွေးအန်လျက် မုရုံချင်း တစ်ယောက် ပြန်လည် လွင့်စင် သွားသည်။
ပျံသန်း လာစဉ် ကထက်၊ နှစ်ဆခန့် ပိုမြန်သော အဟုန်ဖြင့်၊ လောင်ဟွာ ခြေရင်းသို့ ပြုတ်ကျ လာခဲ့သည်။
“ အား ... ။ ”
လွင့်စဉ်ပြီး နောက်တွင်ပင် ဓားရောင်ခြည်များ သူ့ ခန္ဓာကိုယ် အနှံ့၊ ဆက်လက် ပေါက်ကွဲ နေသဖြင့်၊ နာကျင်စွာ လူးလှိမ့် နေတော့သည်။
“ ကျေးဇူး တင်ပါတယ်။ ”
မုရုံချင်း ဒဏ်ရာကို တစ်ချက် စစ်ဆေး ကြည့်ပြီးနောက်၊ လောင်ဟွာက လင်းယွန်ထံ ကျေးဇူးတင် စကား ဆိုသည်။
သို့သော် လင်းယွန်မှ သူ့အား၊ တစ်ချက်သာ ပြန်ကြည့် လေသည်။ ထိုအကြည့်က ကျောရိုး တစ်လျှောက် ကိုပင်၊ အေးစိမ့် သွားစေ၏။
“ ..... ။ ”
ဤအခိုက် အတန့်တွင်၊ မိစ္ဆာ အငွေ့ အသက်များ ကောင်းကင်ပေါ် ပျံတက် လာပြီး၊ ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင်သူ အချို့ကို၊ သွေးများ ပန်းထွက် လာစေ၏။
အုပ်စိုးရှင် အဆင့်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ်၊ နတ်ဆိုး သားရဲ တစ်ကောင်မှ၊ ဟန့်တား မှုကို ကျော်ဖြတ်ပြီး၊ ဒုတိယတန်း စစ်မြေပြင်သို့၊ ကျွံဝင် လာခဲ့ခြင်း ဖြစ်သည်။
ဤသားရဲ သည်သာ၊ မြို့ထဲသို့ ရောက်ရှိ သွားပါက၊ အမှန်တကယ် သွေးလွှမ်း တော့ပေ မည်။ ၎င်းထံ လှမ်းကြည့် မိသော လောင်ဟွာမှာ၊ ချက်ချင်း မျက်လုံးပြူ သွားရ၏။
“ ဂါး ..... ။ ”
အဘယ့်ကြောင့် ဆိုသော်၊ ရင်ဘတ်ကို တဗုန်းဗုန်း ရိုက်လျက်၊ အော်ဟစ် နေခဲ့သော အဆိုပါ နတ်ဆိုး သားရဲ ကြီးမှာ၊ တောင်တုန် မိစ္ဆာ မျောက်ဝံ၊ ဖြစ်နေ ခြင်းကြောင့် ပေပင်။
***